𝐘𝐞𝐞𝐧 - 𝐘𝐨𝐮𝐭𝐡 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤
Open in Telegram
Yeen ဟာဆိုရင်တော့ Online Class တွေကို အခမဲ့သင်ကြားပေးနေတဲ့ Org ပဲဖြစ်ပါတယ် ကျောင်းအပ်ရန် @YeenAdm Since 10.10.2024
Show more1 627
Subscribers
-224 hours
No data7 days
-130 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+5
in 0 channels
August '26
+40
in 0 channels
Get PRO
July '26
+15
in 0 channels
Get PRO
June '26
+21
in 0 channels
Get PRO
May '26
+21
in 0 channels
Get PRO
April '26
+13
in 0 channels
Get PRO
March '26
+22
in 0 channels
Get PRO
February '26
+6
in 0 channels
Get PRO
January '26
+34
in 0 channels
Get PRO
December '25
+23
in 0 channels
Get PRO
November '25
+61
in 2 channels
Get PRO
October '25
+39
in 0 channels
Get PRO
September '25
+193
in 2 channels
Get PRO
August '25
+1 431
in 4 channels
Get PRO
July '250
in 3 channels
Get PRO
June '250
in 0 channels
Get PRO
May '250
in 4 channels
Get PRO
April '250
in 2 channels
Get PRO
March '250
in 14 channels
Get PRO
February '25
+4
in 4 channels
Get PRO
January '25
+83
in 0 channels
Get PRO
December '24
+273
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 09 September | 0 | |||
| 08 September | +1 | |||
| 07 September | +1 | |||
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | +2 | |||
| 03 September | +1 | |||
| 02 September | 0 | |||
| 01 September | 0 |
Channel Posts
စလုံး စလုံး ဖိုးစလုံး"
"အခုအထိ စောင့်နေတုန်း"
"စောင့်နေတုန်းမှာ သူပြန်လာ"
"ဖိတ်စာကလေး ကိုင်လို့ပါ"
"ဖိတ်စာလေးကို ပြုံးလို့ပေး"
"သူနဲ့ ကျွန်တော်နဲ့ တစ်သက်လုံးဝေး"
"သူနဲ့တင် တစ်သက်လုံး ဝေးတာ မဟုတ်ဘူး..."
"စာမေးပွဲ အဖြေနဲ့လည်း ငါနဲ့ တစ်သက်လုံး ဝေးသွားခဲ့တယ်..." 😭🤣
#StudySmartNotHard
#YeenOrganization
| 2 | ✨ Happy September 1! 🌾✨
ကံကောင်းခြင်းတွေပဲ အမြဲ ကြုံရပါစေ...💝
လသစ်တစ်လရဲ့ ပထမဆုံးနေ့ရက်လေးမှာ YEEN Family ရဲ့ ကျောင်းသား/သူများ၊ Volunteers များ နှင့် အသိုင်းအဝိုင်းတစ်ခုလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
စက်တင်ဘာလဟာ သစ်လွင်တဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်အသစ်တွေကို စတင်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါ။ လွန်ခဲ့တဲ့ လတွေမှာ ပင်ပန်းခဲ့တာတွေ၊ အဆင်မပြေခဲ့တာတွေကို အတိတ်မှာ ထားခဲ့ပြီး ဒီစက်တင်ဘာလမှာတော့ -
🌱 စာတွေကို ပိုမို ကြိုးစားနိုင်ကြပါစေ၊
🌱 ဘာသာစကား လေ့လာမှုတွေမှာ တိုးတက်မှုအသစ်တွေ ရရှိကြပါစေ၊
🌱 ကိုယ်တိုင်လိုချင်တဲ့ ပန်းတိုင်တွေဆီ တစ်လှမ်းချင်းစီ ပိုမို နီးကပ်လာကြပါစေ။
လမ်းခုလတ်မှာ အခက်အခဲလေးတွေ ကြုံလာခဲ့ရင်တောင် စိတ်မလျှော့ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်သွားကြရအောင်နော်။ YEEN မိသားစုကလည်း yeenerေလးတို့ရဲ့ သင်ယူမှုခရီးစဉ်မှာ အမြဲတမ်း ပံ့ပိုးပေးသွားမှာပါ။
💬 ဒီစက်တင်ဘာလမှာ အကောင်အထည်ဖော်ချင်တဲ့ ကိုယ်ပိုင် ပန်းတိုင်လေးတွေကိုလည်း Comment မှာ မျှဝေခဲ့ကြပါဦးနော်! 👇
May this month bring you peace, success, and endless opportunities. 🌟
YEEN Students Hub မှ နွေးထွေးစွာဖြင့်... 💙
#StudySmartNotHard
#YeenOrganization | 256 |
| 3 | "YEEN ရဲ့ Zoom Classထဲမှာ တွေ့ရတတ်တဲ့ ကျောင်းသား ၅ မျိုး"
1. The Silent Ninja (တစ္ဆေအမျိုးအစား) 🥷
* Group ထဲမှာ ရှိမှန်းတောင် မသိရဘူး။ တစ်ခါမှ စာမပို့ဘူး။ ဒါပေမဲ့ စာမေးပွဲနီးရင်တော့ "PDF လေး ပို့ပေးပါဦး" ဆိုပြီး ဇာတ်လိုက်ကျော်ကြီးလို ပေါ်လာတတ်သူ။
2. The Mic Master (မိုက်ဖွင့်ကျန်ခဲ့သူ) 🎙️
* Class ထဲမှာ Mic Mute ဖို့ အမြဲမေ့သူ။ အိမ်က ဟင်းကြော်သံ၊ ခွေးဟောင်သံနဲ့ မေမေ ဆဲသံတွေကို တစ်တန်းလုံးကို ပညာဒါန ပြုနေသူ။
3. The "Yes Teacher" Guy 🙋♂️
* ဆရာ/မ ဘာမေးမေး "Yes, Teacher! Understood!" ချည်းပဲ။ တကယ်တမ်း မေးခွန်းပြန်မေးရင် ရုတ်တရက် အင်တာနက် လိုင်းကျသွားသူ။
4. The Assignment Warrior (နောက်ဆုံးမိနစ် သူရဲကောင်း) ⏳
* ည ၁၁:၅၉ မှာ Assignment တင်ရမယ်ဆိုရင် ၁၁:၅၈ မှ စရေးပြီး အသင်းပြိုင်ပြေးသလို Submit လုပ်သူ။
5. The Helpful Volunteer (စေတနာရှင်လေး) 😇
* ဘာမေးမေး အမြဲ ကူညီပေးတယ်၊ လိုသမျှ Note အကုန်လိုက်ပို့ပေးတယ်။ Group ရဲ့ အသက်ရှူပေါက်လေး! (အာဘွား 😘)
ကဲ.......yeenerတို့ကရော ဘယ်ထဲကလဲ😒
#StudentLife
#StudySmartNotHard
#YeenOrganization | 300 |
| 4 | Online Class မစခင် စိတ်ကူး:
"ဒီနေ့တော့ Note တွေ သေချာလိုက်မှတ်မယ်၊ Speaking လည်း မိုက်ဖွင့်ပြီး အသေအချာ လေ့ကျင့်မယ်!" 🤓✍️
Class စပြီး ၁၅ မိနစ်အကြာ:
(Camera Off, Mic Off, စောင်ခြုံထဲ ရောက်ပြီး ခေါင်းစဉ်တောင် ဘာမှန်းမသိတော့ဘူး) 😴🛌
#YeenOrganization | 228 |
| 5 | စာစလုပ်တော့မယ်ဆိုတာနဲ့...
ဟိုဟာလုပ်ဖို့ သတိရ၊ ဒီဟာလုပ်ဖို့ သတိရ၊
ဗိုက်လေးက ဆာလာသလိုလို၊ အိပ်ချင်လာသလိုလိုနဲ့၊
ဖုန်းလေး ပြန်ကိုင်လိုက်တော့မှ... မျက်လုံးက Flash မီး လင်းသွားသလို ပွင့်သွားတယ်! 👀💡
ဒါဟာ ငါတို့ရဲ့ အပြစ် မဟုတ်ပါဘူး... စာအုပ်ရဲ့ အပြစ်ပါ!
စာအုပ်ကို ဖွင့်လိုက်တာနဲ့ -
တစ်နှစ်လုံး မရှင်းခဲ့တဲ့ အခန်းထောင့်က ပင့်ကူအိမ်တွေကို အချိန်ပေးပြီး ရှင်းထုတ်ချင်လာတယ်။ 🧹
စာမကြည့်ခင်တုန်းက ဗိုက်မဆာဘူး၊ စာကြည့်တော့မှ ရေခဲသေတ္တာထဲက ဘာမှမရှိတာကို သွားသွားကြည့်ချင်လာတယ်။ ခြေထောက်က အလိုလို ရေခဲသေတ္တာဆီ လျှောက်သွားတာ! 🧊
"ငါ ကြီးလာရင် ဘာလုပ်မလဲ" ဆိုတဲ့ ဘဝရဲ့ ဒဿနိကဗေဒ မေးခွန်းကြီးတွေကို စာအုပ်ရှေ့မှာပဲ အဖြေရှာမိတော့တာပါပဲ။ 💭
ပြီးရင် ဖုန်းလေး ပြန်မကောက်ခင် ကိုယ့်ကိုယ်ကိုယ် ပြန်ချော့တယ် -
"ကဲ... ဒီနေ့တော့ စိတ်မပါသေးလို့ ခဏနားလိုက်ဦးမယ်၊ မနက်ဖြန် မနက် ၅ နာရီထပြီး မှန်မှန်ကန်ကန် စာလုပ်တော့မယ်!"
(နောက်တစ်နေ့ မနက် ၁၀ နာရီရောက်မှ နိုးတာတော့ ထုံးစံပေါ့နော်...) 😭💀
💬 Yeenerေလးတို့ရော စာကြည့်ခါနီးရင် ဘယ်အချက်ကို အဖြစ်ဆုံးလဲ? Comment မှာ လာပြောသွားကြပါဦးနော်~ 👇
#FunTime
#StudentLife
#StudyHumor
#LearnEnglish #StudySmartNotHard
#YeenOrganization | 259 |
| 6 | ဆရာမ : "မနက်ဖြန် Exam အတွက် အဆင်သင့် ဖြစ်ကြပြီလား?"
မိမိတို့ရဲ့ စိတ်ဓာတ်အခြေအနေ:
• မျက်လုံး : 10%
• စာအုပ် : Chapter 1 ပဲ ပြီးသေးတယ်
• ဦးနှောက် : "I believe I can fly" သီချင်း ဖွင့်ထားတယ် 🎶
• ယုံကြည်မှု : 100% (ကျရှုံးဖို့!) 😎
စာမေးပွဲ မတိုင်ခင်ညဆိုရင် အမြဲတမ်း စာမျက်နှာ ၁၀၀ ကို ၁ နာရီအတွင်း အလွတ်ရအောင် လုပ်နိုင်တဲ့ "Superpower" အလိုလို ဝင်လာတတ်ပါတယ်။ စာအုပ်ကို ကြည့်လိုက်၊ ခေါင်းမော့လိုက်၊ အမေ ကြည့်နေရင် စာကို အသံကျယ်ကျယ် ရွတ်ပြလိုက်နဲ့ပေါ့။
အဆိုးဆုံးက စာမေးပွဲခန်းထဲ ရောက်တဲ့အခါ -
မေးခွန်းစာရွက်ကို ကြည့်လိုက်တယ်...
"ဟာ... ဒီစာကြောင်းကို ငါ မနေ့ညက ဖတ်ခဲ့တာပဲ!"
ဒါပေမဲ့... အဖြေက ဘာလဲဆိုတာ ဦးနှောက်ထဲမှာ 404 Error: Data Not Found ဖြစ်နေတာပါပဲ။ 💀📝
ကဲ... စာဖတ်ရတာ ပင်ပန်းနေတဲ့ Yeener လေးတို့လည်း ခဏလောက် ပြုံးလိုက်ရရင် စာအုပ်လေး ပြန်လှန်ပြီး အားတင်းထားကြရအောင်နော်! 💪✨
#YeenOrganization | 249 |
| 7 | ဝင်လို့ရပါပြီရှင့် 💝
Join - https://us06web.zoom.us/j/84663043576?pwd=tmAKuLw2UIRb8EoyPvCoTtlOOP8emQ.1 | 280 |
| 8 | ဟိတ် !! အိပ်ကြပြီလား?
ဒီ webinar လေးကမနက်ဖြန်နော် 🙄
ခုထိ Registration မတင်ရသေးရင် လာတင်လိုက်နော်👊
#YeenOrganization | 318 |
| 9 | No text... | 397 |
| 10 | HELLOooo
အကြင်နာတို့ yeeners တို့ အတိတ်၊ ပစ္စုပ်၊ အနာဂတ်မှာ တိုင်ပတ်နေကြတုန်းလား?!
Situationship လေးထဲက မခုန်ထွက်နိုင်သေးရင်တောင် ကိုယ့်ရဲ့အခြေအနေတွေကို ဘိုဆန်ဆန် ရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့ Yeeners လေးတို့အတွက် 12 Tenses in English Webinar လေး ယူဆောင်လာပါပြီရှင်။ ✨
ෆ Present Tenses တွေဖြစ်တဲ့
1. Present Simple
2. Present Continuous
3. Present Perfect
4. Present Perfect Continuous
♡ Past Tenses တွေဖြစ်တဲ့
5. Past Simple
6. Past Continuous
7. Past Perfect
8. Past Perfect Continuous
✧ Future Tenses တွေဖြစ်တဲ့
9. Future Simple
10. Future Continuous
11. Future Perfect
12. Future Perfect Continuous
« ဒီ Tense တွေအကြောင်းကို တစ်နေ့တည်း တစ်ချိန်တည်းမှာ လေ့လာနိုင်မယ့်အပြင် တီချယ်က activity လေးပါ လုပ်ခိုင်းဦးမှာမို့ yeeners တို့အတွက် အထူးအခွင့်အရေးပါပဲနော်။ 😉
» ဒီ 12 main verb tenses ကို သေချာရသွားရင်ဝောာ့ ကိုယ့်ရဲ့အချိန်တွေ action တွေကို သေချာဖော်ပြနိုင်မှာမို့ English စာကို စတင်လေ့လာနေတဲ့ Beginner Yeeners လေးတို့ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 😚
သူတို့ပဲလားဆိုတော့...
» နိုး!!! English စာကို natural ကျကျ စကားပြောချင်တယ် writing နဲ့ speaking ပိုင်းမှာ tense တွေမှားမှားသုံးနေတယ်၊ ရောနေပါသေးတယ်ဆိုတဲ့ GED, IELTS, TOEFL, Cambridge exams ပြင်ဆင်နေတဲ့ Yeeners တွေနဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသားကျောင်းသူတွေ အားလုံးအတွက် ပြုလုပ်ပေးတဲ့ webinar လေးပါရှင်... 🤩
📍Webinar Details 📍
Teacher Name: Tr. Tilly
Webinar Topic: 12 Tenses
Date: 29.8.2026 (Saturday)
Time: 9 a.m. – 10 a.m.
Participant Limit: Unlimited
Fee: Free (အချစ်တွေပဲ ယူခဲ့ပါရှင်!)
ကဲ... Fee ကလည်း ဖရီး၊ အချိန်ကလည်း အများကြီးပေးစရာမလို၊ ပေါ့ပေါ့ပါးပါး တီချယ်နဲ့အတူ activity လေးတွေလုပ်ရင်း Tenses 12 ခုလုံးကို ရှင်းရှင်း လင်းလင်းရသွားချင်ရင်တော့ Registration Deadline မကျော်ခင် အခုချက်ချင်းပဲ သွားရောက်စာရင်းပေးကြရအောင်နော်!!!
❣️For Registration: @YeenAdm
❗️Registration Deadline: 28.8.2026, Friday (12 p.m.)
💚 yeeners လေးတို့အတွက် Free Class တွေ၊ Knowledge sharing session တွေ၊ စိတ်ဝင်စားစရာ Content တွေကို ဆက်လက် မျှဝေနေမှာဖြစ်လို့ အောက်မှာဖော်ပြထားတဲ့ Yeen Org ရဲ့ Social Media လေးတွေကိုလည်း Like & Follow လေး လုပ်ပေးခဲ့ကြပါဦးနော်။
Facebook Page:
https://www.facebook.com/share/1AqYpcYWcV/
Telegram Channel:
https://t.me/YeenOrg
TikTok Page:
https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv
#Content_by_zaint
#Graphic_by_Potay
#Yeen_Organization
#12_Tenses_Webinar | 438 |
| 11 | 💬 "ကျောင်းသားလေးတွေရဲ့ ရင်ထဲကလာတဲ့ အဖိုးတန် Feedback လေးများ..." 💌✨
"အစက Social Studies ကို ကြောက်ပြီး စာတွေအများကြီးမို့ စိတ်မဝင်စားခဲ့ပေမဲ့ အခုတော့ တီချယ်ရဲ့ စနစ်တကျ သင်ကြားပေးမှုနဲ့ အတူ စိတ်ဝင်စားလာပါပြီ" ဆိုတဲ့ စကားလေးတွေက တီချယ်တို့အတွက် အမောပြေ ခွန်အားလေးတွေပါပဲ။ 🌸🤍
စနစ်တကျ လေ့ကျင့်ပေးမယ့် GED Social Studies Class လေးမှာ အတူတူ လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! 🚀
GED
#SocialStudies
#Feedback
#GEDMyanmar
#YeenOrganization | 355 |
| 12 | ⏰ "ခဏလေး... မနက်ဖြန်မှ ဆိုပြီး အချိန်ဆွဲမနေနဲ့တော့နော်!"
Yeen Organization ရဲ့ Batch - 6 (100% FREE) ဘာသာစကားအတန်းများ စာရင်းပေးသွင်းဖို့ နောက်ဆုံးရက် နီးကပ်လို့ လာပါပြီ! ⏳✨
မင်းမှာ သင်ယူချင်စိတ်တစ်ခုတည်း ရှိရုံနဲ့ -
✅ English
✅ Korean
✅ Japanese
စတဲ့ ဘာသာစကားတွေကို No Fees, No Deposit နဲ့ စနစ်တကျ သင်ယူခွင့် ရမှာပါနော်! 💖
📌 အတန်းလျှောက်ထားနိုင်မည့် နောက်ဆုံးရက်: 28-8-2026 (Friday)
(ကျောင်းသားတစ်ယောက်လျှင် အတန်း ၂ ခုအထိ တက်ရောက်ခွင့်ရှိပါသည်)
👉 လူမပြည့်ခင် အခုပဲ Admin ထံ အမြန်ဆုံးလာရောက်အပ်နှံလိုက်တော့နော်
💌 Register Here: @YeenAdm
——————————
📲 Yeen Organization Social Media Links:
FB: https://www.facebook.com/share/1AqYpcYWcV/
TG: https://t.me/YeenOrg
TikTok: https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv
Batch_6
#StudentsCalling
#Languages
#YeenOrganization | 561 |
| 13 | စာရဂါထာ
စာဆိုတာ ပကာသန
စာဆိုတာ ပကာသန
စာဆိုတာ ပကာသန
လုပ်လဲမရ မလုပ်လဲမရ
အမျှအမျှအမျှ
#crd
#yee@YeenOrg | 509 |
| 14 | No text... | 612 |
| 15 | No text... | 1 |
| 16 | ဟေး.....ဟေး👋
မင်းက 2026နှစ်စမှာ "new year,new me"လို့ ကြွေးကြော်ခဲ့သူမို့လား? 😌👀
အခုတော့...
သင်တန်းကြေးတွေကများ၊ ကြိုးစားရတာငြီးငွေ့ပြီး “နောက်နှစ်မှပဲ ကြိုးစားပါတော့မယ်” ဖြစ်သွားပြီလား? 🫠
မင်းမှာ သင်ယူချင်စိတ်ရှိနေသရွေ့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အခွင့်ရေးကောင်းတွေတွေ့တဲ့အခါ လက်မလွှတ်ဘဲ အမိအရဖမ်းဆုပ်ထားနိုင်ဖို့ပဲ အရေးကြီးပါတယ်။ 👊
Yeen Organization ကနေ မင်းလိုဇွဲကောင်းတဲ့သူအတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်ရေးတစ်ခုကို ယူဆောင်လာပါပြီ။ 🎁💞
Yeeners; ဘယ်လို အခွင့်အရေးမျိုးလဲ? 🤔
Yeen admin; Yeen Organizationမှ လူငယ်တွေအတွက် မဖြစ်မနေ သင်ယူထားသင့်တဲ့ ဘာသာစကားပညာဒါနအတန်း 100% free အနေနဲ့ 2025ခုနှစ် ဖေဖော်ဝါရီလ 18ရက်မှ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခု 2026ခုနှစ် သြဂုတ်လမှာ Batch - 6 အဖြစ် ထပ်မံရောက်ရှိလာပြီဖြစ်ပါတယ်။ 😍🥳
Yeeners; ဘာအတန်းတွေ သင်ပေးမှာလဲ? 🧐
Yeen admin; အင်္ဂလိပ်၊ကိုရီးယား၊ဂျပန် စတဲ့ဘာသာစကားအတန်းတွေကို levelအမျိုးမျိုးနဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာပါ။ 😎✌
Yeeners; သင်တန်းတက်ရောက်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ? 🥺
Yeen admin; ဘာမှမလိုဘူး အချစ်တွေပဲ လိုတယ်။(စတာ...စတာ 😆) No deposit, no feesပါ။ သင်ယူချင်စိတ်အပြည့်အဝရှိပြီး အတန်းပုံမှန်တက်ရပါမယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေလိုက်နာရပါမယ်။ 💗
Yeeners; ဘယ်နေ့အထိ လက်ခံပေးသွားမှာလဲ? 🗓
Yeen admin; 28-8-2026(Friday) အထိ လက်ခံပေးသွားမှာမို့ @YeenAdm မှာ အပြေးလေးလာရောက်စာရင်းပေးသွင်းလိုက်တော့နော်။ 😉
⚠️ စာကိုသေချာလိုက်နိုင်စေဖို့ ကျောင်းသားတစ်ယောက်ကို အတန်း 2 ခုအထိပဲ ကျောင်းဘက်မှ တက်ရောက်ခွင့်ပေးထားပါတယ်နော်။
💌 Register - @YeenAdm
🌱 Yeen Organization ကနေ ဘာသာစကားအတန်းတွေအပြင် ဗဟုသုတရစရာ content တွေ၊ ပြိုင်ပွဲတွေနဲ့ Knowledge Sharing အစီအစဉ်လေးတွေကိုလည်း မျှဝေပေးနေပါတယ်။ 💗 Yeen နဲ့အတူ အခွင့်အရေးကောင်းတွေကို လက်မလွှတ်ချင်ဘူးဆိုရင် အောက်က Social Media channel လေးတွေကို Follow လုပ်ထားလိုက်နော်။ 👀✨
Facebook https://www.facebook.com/share/1AqYpcYWcV/
Telegram channel https://t.me/YeenOrg
Tik Tok : https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv
#Batch_6 #StudentsCalling #Languages
#Content_by_ဆု
#Graphic_by_Potay
#YeenOrganization | 580 |
| 17 | 🌧️ "ပင်ပန်းနေပြီလား...? ခဏလောက် အနားယူလိုက်ပါ၊ ဒါပေမဲ့ လုံးဝ လက်မလျှော့လိုက်ပါနဲ့။"
စာအုပ်ရှေ့မှာ ထိုင်ရင်း မျက်လုံးတွေ ညောင်းညာလာတဲ့အခါ၊ "ငါ ဘာလို့ ဒီလောက်တောင် ပင်ပန်းခံနေရတာလဲ" ဆိုပြီး မေးခွန်းထုတ်မိတဲ့ ညတွေ ရှိခဲ့ဖူးတယ် မဟုတ်လား?
အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါ - "မင်း ပင်ပန်းနေတာဟာ မင်း ကြိုးစားနေလို့ပါ။"
အိပ်ချင်တာကို အောင့်အီးပြီး၊ ဆော့ချင်တာကို အောင့်ထားပြီး၊ စာအုပ်ကို မလွတ်တမ်း ကိုင်ထားရတာဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း အခု ပင်ပန်းခံလိုက်ရတဲ့ နာရီအနည်းငယ်ဟာ... နောင်တစ်ချိန် မင်း အောင်မြင်မှု သီးပွင့်လာတဲ့အခါ "ငါ အဲ့ဒီတုန်းက အားတင်းပြီး ကြိုးစားခဲ့လို့ တော်သေးတာပေါ့" ဆိုတဲ့ ဂုဏ်ယူမှုအဖြစ် ပြောင်းလဲသွားမှာပါ။
💡 တစ်ခုတော့ သတိရပါ -
• စာကြည့်ရတာ ပင်ပန်းလာရင် "နားပိုင်ခွင့်" ရှိပါတယ်။
• စာအုပ်ကို ခေတ္တပိတ်၊ ရေသောက်၊ အသက်ရှူ လေ့ကျင့်ခန်းလုပ်၊ သီချင်းလေး နားထောင်ပြီး စိတ်ကို အနားပေးလိုက်ပါ။
• ဒါပေမဲ့ အနားယူတာဟာ "လက်လျှော့တာ " မဟုတ်ပါဘူး။ စိတ်ဓာတ် အားပြန်ပြည့်တာနဲ့ ပြန်လည် ထကြွရမှာပါ။
ဒီနေ့ မင်း စာတစ်ကြောင်းချင်းစီ ဖတ်နေရတာဟာ... မနက်ဖြန် မင်း ဖြစ်ချင်တဲ့ "အိပ်မက်ဘဝ" ဆီကို တဖြည်းဖြည်း တက်နေတဲ့ လှေကားထစ်တွေပါပဲ။
အတန်းထဲမှာ၊ စာမေးပွဲမှာ၊ ဘဝမှာ မင်းဟာ ဒီထက်မက တောက်ပနိုင်တဲ့သူပါ။ အားတင်းထားပါနော်! မင်း သေချာပေါက် လုပ်နိုင်ပါတယ်! 💪✨
#YeenOrganization | 383 |
| 18 | 🔥 "Don't stop when you're tired. Stop when you're DONE."
(ပင်ပန်းလို့ မရပ်လိုက်ပါနဲ့၊ ပြီးဆုံးသွားမှ ရပ်လိုက်ပါ။)
၁။ ဒီနေ့ မင်းပေးလိုက်ရတဲ့ ပင်ပန်းမှုဟာ... နောင်တစ်ချိန် မင်းလိုချင်တဲ့ လွတ်လပ်မှုနဲ့ အောင်မြင်မှုကို ဝယ်ယူမယ့် စာရွက်စာတမ်းတွေပါပဲ။
၂။ သူများတွေ အိပ်ပျော်နေချိန်၊ ဆော့ကစားနေချိန်မှာ... မင်း စာအုပ်ရှေ့မှာ အားတင်းထိုင်နေရတဲ့ အချိန်တိုင်းဟာ မင်းကို လူထူးလူချွန် ဖြစ်စေမယ့် တိတ်ဆိတ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။
၃။ အနာဂတ်က "မင်း" က... အခုလက်ရှိ ကြိုးစားပေးနေတဲ့ "မင်း" ကို အများကြီး ကျေးဇူးတင်နေမှာပါ။
ခေါင်းကို မော့၊ အသက်ကို ပြင်းပြင်းရှူ၊ မျက်နှာလေး သစ်လိုက်ပါ။
မင်းရဲ့ ကြိုးစားမှုတွေဟာ ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး! 🚀✨
#YeenOrganization | 387 |
| 19 | 📚 "Grammar ဆိုတာ အလွတ်ကျက်စရာ မဟုတ်ပါဘူး... အဆောက်အအုံတစ်ခုလို တည်ဆောက်ရတာပါ!"
တော်တော်များများက English Grammar လို့ ကြားလိုက်တာနဲ့ စည်းကမ်းတွေ အများကြီးမို့လို့ ခေါင်းရှုပ်ပြီး ကြောက်သွားတတ်ကြပါတယ်။
အမှန်တော့ Grammar ဆိုတာ အိမ်ရဲ့အဆောက်အအုံ ဆောက်သလိုပါပဲ။ အုတ်မြစ်ခိုင်ရင် ကျန်တာတွေက အလိုလို လွယ်ကူသွားပါတယ်။ ဒီနေ့မှာတော့ Grammar ရဲ့ အဓိက အုတ်မြစ် (၃) ခုကို ရှင်းလင်းစွာ မျှဝေပေးလိုက်ပါတယ်နော်~ 👇
🧱 ၁။ Parts of Speech (စကားလုံး အမျိုးအစားများ)
အိမ်တစ်အိမ် ဆောက်ဖို့ အုတ်ခဲ၊ သဲ၊ ဘိလပ်မြေ လိုသလိုပဲ... စာကြောင်းတစ်ကြောင်း ဆောက်ဖို့ စကားလုံး အမျိုးအစားတွေ လိုအပ်ပါတယ်။ အဓိက (၃) ခုကို အရင်မှတ်ပါ -
• Noun (နာမ်)
: လူ၊ နေရာ၊ အရာဝတ္ထု နာမည်များ (ဥပမာ - Student, Yangon, Book)
• Verb (ကိရိယာ)
: လှုပ်ရှားမှု/ပြုလုပ်မှုများ (ဥပမာ - Eat, Read, Speak)
• Adjective (နာမဝိသေသန)
: Noun ရဲ့ အခြေအနေကို ဖော်ပြပေးသူ (ဥပမာ - Beautiful, Smart, Big)
🏗️ ၂။ Basic Sentence Structure (ဝါကျ တည်ဆောက်ပုံ)
အင်္ဂလိပ်စာမှာ ဝါကျတစ်ကြောင်း ဖြစ်ဖို့ အခြေခံ ပုံသေနည်း (၁) ခုတည်း ရှိပါတယ်
👉 S + V + O (Subject + Verb + Object)
• Subject (ပြုလုပ်သူ)
: ဘယ်သူက လုပ်တာလဲ? (ဥပမာ - I)
• Verb (ပြုလုပ်ချက်)
: ဘာလုပ်တာလဲ? (ဥပမာ - learn)
• Object (ခံရသူ/အရာ)
: ဘာကို လုပ်တာလဲ? (ဥပမာ - English)
• ➡️ Sentence: "I learn English." (ကျွန်တော် အင်္ဂလိပ်စာ သင်ယူသည်။)
⏰ ၃။ Tenses (အချိန်ကာလများ)
Tenses ဆိုတာ တခြားမဟုတ်ပါဘူး... "ဒီအလုပ်ကို ဘယ်အချိန်မှာ လုပ်တာလဲ" ဆိုတဲ့ အချိန်ကို ဖော်ပြတာပါ။ အခြေခံ (၃) မျိုးပဲ ရှိပါတယ် -
• Present (လက်ရှိ): နေ့စဉ်လုပ်နေကျ အရာများ
➡️ I eat rice. (ငါ ထမင်းစားတယ်။)
• Past (အတိတ်): ပြီးသွားခဲ့တဲ့ အရာများ
➡️ I ate rice. (ငါ ထမင်းစားခဲ့တယ်။)
• Future (အနာဂတ်): လုပ်ဆောင်ဦးမည့် အရာများ
➡️ I will eat rice. (ငါ ထမင်းစားမယ်။)
💡 Takeaway:
Grammar ကို စည်းကမ်းစနစ်အဖြစ် မမြင်ဘဲ "ကိုယ့်စိတ်ထဲက အကြောင်းအရာကို တခြားသူ နားလည်အောင် စနစ်တကျ စီစဉ်တဲ့ ကိရိယာ" တစ်ခုအဖြစ် မြင်ကြည့်ပါ။
ဒီ အဓိက (၃) ချက် (Parts of Speech, S+V+O, Tenses) ကို ပိုင်နိုင်သွားရင် Grammar ရဲ့ ၅၀% ကို သင် နားလည်သွားပါပြီ! 🚀
💚 Study Smart, Not Hard!
အခုလို အင်္ဂလိပ်စာ အခြေခံ သဘောတရားတွေကို လွယ်ကူစွာ လေ့လာနိုင်ဖို့ YEEN ရဲ့ Ch လေး ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော် 😉
#LearnEnglish
#GrammarBasics #EnglishGrammar
#StudySmart
#YeenOrganization | 483 |
| 20 | 🌸 Japanese N5 Grammar Class လေး အတန်းတစ်ဝက် ရောက်ရှိလို့ လာခဲ့ပါပြီ! 🌸
စာသင်နှစ် ခရီးတစ်ဝက် ရောက်လာချိန်မှာ သင်တန်းသား/သူ လေးတွေဆီက ရရှိလာတဲ့ ရင်ထဲက Feedback လေးတွေကို ဖတ်ရင်း တီချယ်တို့ အဖွဲ့သားများပါ အရမ်းကို ပီတိဖြစ်ရပါတယ်နော်... 💖✨
"စာရှင်းပြတာတွေ နားလည်ရလွယ်တယ်"
"ဥပမာလေးတွေ၊ ဗဟုသုတလေးတွေပါ ထည့်ပြောပြပေးလို့ အဆင်ပြေတယ်"
"အိမ်စာစနစ်ကြောင့် စာမပျက်ဘဲ ပိုလုပ်ဖြစ်လာတယ်" ဆိုတဲ့ စကားလေးတွေက တီချယ်တို့အတွက် အကြီးမားဆုံး ခွန်အားပါပဲ။ 🥰
အတန်းမပြီးသေးပေမဲ့ အခုလို စာတွေကို ပိုင်ပိုင်နိုင်နိုင် နားလည်နေကြပြီမို့လို့ ကျန်ရှိတဲ့ အပိုင်းတွေကိုလည်း အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဆက်လက် သင်ကြားပေးသွားပါမယ်နော်~ ✨
JapaneseN5
#N5Grammar #StudentFeedback #YeenOrganization #LearnJapanese #MidtermReview | 447 |
