en
Feedback
𝐘𝐞𝐞𝐧 - 𝐘𝐨𝐮𝐭𝐡 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤

𝐘𝐞𝐞𝐧 - 𝐘𝐨𝐮𝐭𝐡 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤

Open in Telegram

Yeen ဟာဆိုရင်တော့ Online Class တွေကို အခမဲ့သင်ကြားပေးနေတဲ့ Org ပဲဖြစ်ပါတယ် ကျောင်းအပ်ရန် @YeenAdm Since 10.10.2024

Show more
1 627
Subscribers
-224 hours
No data7 days
-130 days
Posts Archive
🔔 Friendly Reminder for GED Learners! 🔔 Yeeners တို့ရေ... မကြာမီ စတင်တော့မယ့် GED Social Studies Preparation Class လေး စတင်ဖို့အတွက် ရက်ပိုင်းပဲ လိုပါတော့တယ်နော်! ⏰✨ "Social Studies မှာ ပါတဲ့ စာပိုဒ်အရှည်ကြီးတွေကို မဖတ်ချင်ဘူး" "US History နဲ့ Civics အပိုင်းတွေကို နားမလည်မှာ စိုးရိမ်တယ်" ဆိုတဲ့သူတွေအတွက် - ဒီအတန်းထဲမှာ စာအလွတ်ကျက်စရာမလိုဘဲ Logic & Passage Techniquesတွေနဲ့ အမှတ်ကောင်းကောင်းရအောင် စနစ်တကျ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ 🎯
📌 အတန်းစတင်မည့်ရက်: 15.8.20206 📌 သင်တန်းချိန်: 9:00-10:30AM
မကြာခင် အတန်းစတော့မှာမို့လို့ တက်ရောက်ဖို့ စိတ်ကူးထားတဲ့သူများ အချိန်မီ နေရာဦးထားကြဖို့ သတိပေးလိုက်ပါတယ်နော်~ 😉 📩 သင်တန်းအပ်နှံရန် အခုပဲ ဆက်သွယ်လိုက်ပါ: @YeenAdm #GED #GEDSocialStudies #GEDPrep #Reminder #YeenOrganization

🌧️ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ ရေဘေးသင့်ပြည်သူများအတွက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါစို့ 🌧️ လက်ရှိ လေးမျက်နှာမြို့နယ်မှာ ရေမြင့်တက်မှုကြောင့် အိမ်ထောင်စုများစွာ ဒုက္ခရောက်နေကြပြီး အောက်ပါ အရေးပေါ် ပစ္စည်းများ အဓိက လိုအပ်နေပါတယ် - 🔹 သောက်သုံးရေနှင့် အစားအသောက်များ 🔹 အရေးပေါ် ဆေးဝါးများနှင့် အမျိုးသမီးသုံး ပစ္စည်းများ 🔹 မီးစက် / အလင်းရောင် ရရှိရေး ပစ္စည်းများ ကျွန်မတို့ Yeen Org မှ ရရှိလာတဲ့ အလှူငွေများကို လေးမျက်နှာမြို့ ရေဘေးကူညီရေး အဖွဲ့များဆီသို့ တိုက်ရိုက် ရောက်ရှိအောင် စနစ်တကျ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ 🤝 💰 ပါဝင်လှူဒါန်းနိုင်မည့် အကောင့်များ - • KBZ Pay: [09799229195] [Han Thiri Zaw] • Wave Pay: [09799229195] [San San Maw ] "နွေးထွေးတဲ့ စေတနာ သေးသေးလေးတွေ စုပေါင်းလိုက်ရင် ရေဘေးသင့် ပြည်သူတွေအတွက် ကြီးမားတဲ့ အားအင်တစ်ခု ဖြစ်သွားနိုင်ပါတယ်။" ✨ လှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏 📩 အသေးစိတ် စုံစမ်းရန်/လှူဒါန်းရန်: @YeenAdm #Lemyethna #FloodRelief #MyanmarFloods #DonateForLemyethna #YeenOrganization

Hello" ❗️New Class is Coming ❗️ GED လေ့လာနေတဲ့ Yeeners တို့အတွက် new class လေးရောက်ရှိလို့လာပါပြီ။ Social Studies ကို ကြောက်တယ်၊ မရင်းနှီးတဲ့ topics တွေမို့ ဘယ်ကနေစလုပ်ရမှန်း မသိပါဘူးဆိုတဲ့ Yeeners တို့အတွက် သင်ခန်းစာတွေ နားလည်အောင်၊ practice တွေ ပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးမယ့် special class ဖြစ်တာကြောင့် class info လေး တစ်ချက်ကြည့်လိုက်ရအောင်နော်။ ✨ 📍Class Information 📍
Teacher - Tr. Ei Subject - GED Social Studies Platform - Zoom/Google Meet Level Test - Pre-test (English Reading/Comprehension အခြေခံကို စစ်ဆေးရန် စာပိုဒ်အတိုလေးများဖြင့် အကဲဖြတ်ပါမည်။) သင်ကြားပေးမည့် Level - Social Studies (Preparation) Fee - Free Duration - 3 Months Start Date - 15.8.2026 Day & Time - Monday & Thursday (9:00-10:30 AM) (အချိန်ညှိနိုင်သည်။)
💞 ဘယ်လိုသင်ကြားပေးမှာလဲဆိုတော့...💞 → GED Social Studies ကို McGraw-Hill စာအုပ်နဲ့ ၂ လ အတွင်း သင်ရိုးအပြတ်သင်ကြားပြီး ကျန် ၁ လကို စာတွေပြန်နွှေး‌‌ပေးသွားမှာပါ။ ✨ → Lesson အတွက် လိုအပ်မယ့် ဝေါဟာရတွေကို ကြိုတင်ပေးထားပြီး စာပိုဒ်တိုလေးတွေနဲ့ Reading Comprehension ကို တစ်ခါတည်း လေ့ကျင့်သွားမှာမို့ အရမ်းကိုမိုက်နေပါပြီနော်။ 🤩 → အရေးကြီးတဲ့ တရားရုံး Case တွေ၊ သမိုင်းဝင်စာတမ်းတွေအကြောင်းကို အတန်းထဲမှာ ဆွေးနွေးပြီး Exam Format ကိုပါ ရင်းနှီးအောင်လေ့ကျင့်ပေးသွားမှာမို့ ကျောင်းသားတွေအတွက် အများကြီးအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ် !! → ဒါတင်ပဲလားဆိုတော့... Daily, Weekly နဲ့ Monthly Test တွေနဲ့ စနစ်တကျ practice question တွေကို လေ့ကျင့်ပေးဦးမှာမို့ အမှတ်လှလှလေးတွေရဖို့ အထူးအခွင့်အရေးပါပဲနော်။ (◕⁠ᴗ⁠◕✿) ✧⁠ Yeeners တို့ရေ 3 Months အတွင်း စာတွေလည်းရ လေ့ကျင့်ခန်းတွေလည်း များများလုပ်ချင်တယ်ဆိုရင်တော့ လမ်းပျောက်မနေဘဲ လမ်းလေးပေါက်သွားပြီမို့ အခုပဲအတန်းလေးလာအပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 😉 ❣️အတန်းအပ်ရန် - @YeenAdm yeeners လေးတို့အတွက် Free Class တွေ၊ Knowledge sharing session တွေ၊ စိတ်ဝင်စားစရာ Content တွေကို ဆက်လက် မျှဝေနေမှာဖြစ်လို့ အောက်မှာဖော်ပြထားတဲ့ Yeen Org ရဲ့ Social Media လေးတွေကိုလည်း Like & Follow လေး လုပ်ပေးခဲ့ကြပါဦးနော်။ 💚
Facebook Page: https://www.facebook.com/share/1AqYpcYWcV/ Telegram Channel: https://t.me/YeenOrg TikTok Page: https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv
#Content_by_zaint #Graphic_by_HninEi #Yeen_Organization #GED_Social_Studies

🎓 Congratulations to KB514 - Korean Basic Class Batch! 🎓 Tr. Alice ရဲ့ မေတ္တာအပြည့်နဲ့ စနစ်တကျ သင်ကြားပေးခဲ့မှုများကြောင့်
+1
🎓 Congratulations to KB514 - Korean Basic Class Batch! 🎓 Tr. Alice ရဲ့ မေတ္တာအပြည့်နဲ့ စနစ်တကျ သင်ကြားပေးခဲ့မှုများကြောင့် KB514 - Korean Basic Class လေးကို မကြာသေးမီကပဲ အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ကြပါပြီ! 🥳✨ စတင်လေ့လာစဉ်ကတည်းက သင်တန်းဆင်းချိန်အထိ အခက်အခဲများကို ကျော်ဖြတ်ပြီး မဆုတ်မနစ် ကြိုးစားခဲ့ကြတဲ့ KB514 ရဲ့ သင်တန်းသား/သူ တိုင်းအတွက် Yeen Organization မှ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဗျာ။ 💖 စကားလုံးအသစ်တွေကို တက်ကြွစွာ လေ့လာခဲ့ကြတဲ့ ဒီအလေ့အကျင့်လေးအတိုင်း ရှေ့ဆက်မယ့် စာမေးပွဲတွေ၊ ဘာသာစကား လေ့လာမှုတွေမှာလည်း ထူးချွန်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်! 🌟 👉 ရှေ့ဆက်ဖွင့်လှစ်မယ့် Korean Classes များကိုလည်း စောင့်မျှော်ပေးကြပါဦးနော် 😉 #KoreanBasicClass #TrAlice #YeenOrganization #KoreanClass #StudyKorean

ဟိတ်" "Volunteer လာလျှောက်ရင် ဘာတွေရလာမှာလဲ ? ဘာတွေဖြစ်လာနိုင်မှာလဲ ?" ဆိုတာ Yeeners လေးတို့ သိချင်ကြလား ⁉️ ဒါဆိုရင်တော့ တိုးတိုးလေးကပ်ပြီး ပြောပြမယ်နော်။ 🤫 ෆ Yeen မှာ volunteer လာလုပ်ရင်...ෆ » အများကို အကျိုးပြုနိုင်တဲ့အတွက် meaningful ဖြစ်တဲ့ ခံစားချက်ကို ရရှိမယ်။ » ကိုယ့်ရဲ့အရည်အချင်းတွေကို လက်တွေ့မှာ အသုံးချလို့ရမယ်။ » လေ့လာထားသမျှ၊ တတ်မြောက်ထားသမျှကို ပြန်လည်လေ့ကျင့်ပြီးသားဖြစ်လို့ ပိုမိုကျွမ်းကျင်လာမယ်။ » ကိုယ်တာဝန်ယူမယ့် Position အလိုက် အတွေ့အကြုံတွေ ရလာမယ်။ » အတွေ့အကြုံတွေရရှိလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (confidence) လည်း ပိုမိုတည်ဆောက်လာနိုင်မယ်။ » လူအများနဲ့ အတူတကွ အလုပ်လုပ်ရင်း ကိုယ့်ရဲ့ communication skill ကိုပါ တိုးတက်စေနိုင်မယ်။ » volunteer အဖြစ် (၆) လပြည့်‌မြောက်တာနဲ့ Certificate & Recommendation Letter လေးကို ရရှိဦးမှာမို့ Scholarship၊ Internship၊ University လျှောက်တဲ့အခါ portfolio ထဲ ထည့်သွင်းဖော်ပြသွားနိုင်မှာပဲဖြစ်ပါတယ်။ ကဲ...ကိုယ့်ရဲ့အရည်အချင်းတွေကို တိုးတက်အောင်လုပ်ရင်း အများကိုပါ အကူအညီပြုချင်ပါတယ်ဆိုရင်တော့ Yeen Org က volunteer တွေ ခေါ်ယူနေပြီမို့ လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✨ Contact us : Telegram - @YeenAdm Facebook - Youth Education Empowerment Network Page Messenger ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်ရှင်။ 💚 #Content_by_zaint #Graphic_by_HninEi #Yeen_Organization #volunteer_calling

🎀 Happy National Girlfriend Day! (August 1st) 🎀 ဒီနေ့ ဩဂုတ်လ (၁) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကိုယ့်ရဲ့ ချစ်စရာကောင်းလှတဲ့ Girlfriend တွေကို မေတ္တာတွေ၊ တန်ဖိုးထားမှုတွေကို ဖော်ထုတ်ပြသကြတဲ့ "National Girlfriend Day" ပဲ ဖြစ်ပါတယ်နော်! 💖 ကိုယ့်ဘေးမှာ အမြဲရှိပေးပြီး ပျော်ရွှင်မှုတွေ ပေးစွမ်းနေတဲ့ ကောင်မလေးကို ဒီနေ့မှာ အချစ်တွေ ပိုပြလိုက်ရအောင်~ ✨ 💖 Happy Girlfriend Day to all the amazing girls out there! သင်တို့အားလုံးဟာ တန်ဖိုးရှိပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ထိုက်တန်သူများ ဖြစ်ကြပါတယ်။ ✨ NationalGirlfriendDay #GirlfriendDay #SweetCaptions #LearnEnglish #EnglishVocabulary #LoveQuotes #YeenOrganization

အဟမ်း... အဟမ်းးးးးးး 😉✨ Yeener လေးတို့ရေ... ခဏလောက် အာရုံစိုက်ပေးကြပါဦးနော်~ 📢 Inbox မှာလည်း ခဏခဏ လာမေးကြတယ်၊ "ဘယ်တော့ ဖွင့်မှာလဲ" ဆိုပြီးတော့လည်း အမြဲမျှော်နေကြတဲ့ Class လေး ကတော့... မကြာမီအချိန်အတွင်းမှာ ရောက်ရှိလို့ လာတော့မှာပဲ ဖြစ်ပါတယ်။ 🥳🎉 ကဲ... Yeener လေးတို့ ရင်ထဲမှာ စောင့်မျှော်နေကြတဲ့ ဒီ Class လေးက ဘာ Class လေး ဖြစ်မလဲ? 🤔💭 #YeenOrganization

Knock Knock !! Ready To make an impact? We are welcoming new volunteers! ✨ ကိုယ်ရဲ့အရည်အချင်းတွေကို လက်တွေ့မှာ အကျိုးရှိရှိအသုံးချချင်တဲ့ Yeeners လေးတို့အတွက် ကိုယ်တတ်‌မြောက်ထားတဲ့ skill တစ်ခုကို ပြန်‌နွှေးရင်း အများကိုပါ အသိပညာတွေ မျှဝေချင်တယ်ဆိုရင်တော့ Yeen Organization ကနေ Teacher Volunteer တွေ ခေါ်နေပါပြီ။ ခေါ်ယူမယ့် Teacher Position တွေကတော့ Japanese, Korean, Chinese, English teacher တွေနဲ့ GED teacher လေးတွေပဲ ဖြစ်ပါတယ်။ စာတွေသင်ရင်း... experience တွေရမယ်၊ communication skill လည်း တိုးတက်လာမယ်၊ "protege effect" အတိုင်း တစ်ခြားသူကိုမျှဝေခြင်းကနေ ကိုယ့်ရဲ့အသိပညာတွေပါ တိုးပွားလာစေမှာမို့ စိတ်ပါဝင်စားတယ် စိတ်အားထက်သန်တယ်ဆိုရင်တော့ လက်မနှေးဘဲ အမြန်လေးလျှောက်ထားလိုက်ကြရအောင်နော်။
• Duration - 6 months • ခြောက်လပြည့်ရင်တော့ Certificate & Recommendation letter လေးကို ပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။ • Deadline - (10.8.2026) နေ့အထိပဲ လက်ခံသွားမှာမို့ အခုပဲလာရောက်လျှောက်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Contact us : Telegram - @YeenAdm Facebook - Youth Education Empowerment Network Page Messenger ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်ရှင်။ #Graphic_by_HninEi #Content_by_Zaint #Volunteer_Calling #YeenOrganization

စဉ်းစားမရလို့ ကူစဉ်းစားကြပါအုံး ဘုရားက ခုလိုရက်ကြီးခါကြီးမှ သွားလို့ရကြတာလားဟင် အိမ်ပြန်ရောက်ရင်လဲ ဒါလေးဝင်ဖြေသွားကြပါအုံး🫤 https://t.me/YeenOrg/722 ဒီချိန်ရောက်မှတော့ ဘယ်မှမသွားတော့ဘူးမလား🫪 #YeenOrganization

Hello Hello Any Volunteer !? စာတွေရေးရတာကြိုက်တယ် ကိုယ့်ရဲ့ အသိပညာဗဟုသုတတွေကို content လေးတွေကတစ်ဆင့် မျှဝေပေးချင်ဆိုတဲ့ Yeeners လေးတို့ ရှိလား ?? » ဒါဆိုရင်တော့ Yeen Organization ကနေ ကိုယ့်ရဲ့အရေးအသားစွမ်းရည်နဲ့ idea တွေကို ဖော်ထုတ်ဖို့ Content Writer လေးတွေ ခေါ်ယူနေပါကြောင်း သတင်းကောင်းလေး ပါးပါရစေ။ 😉 » Content တွေနဲ့လိုက်ဖက်အောင် ဆွဲမယ် ပြင်မယ် ကိုယ့်ရဲ့ creativity ကို အသုံးချချင်တယ်ဆိုတဲ့ yeeners လေး‌တို့ အတွက်တော့ Graphic Designer Position မှာ သွားရောက်လျှောက်ထားလိုက်တော့နော်! » Resource တွေကို ရှာချင်တယ်။အသစ်အသစ်တွေကို up to date တင်ပြချင်ပါတယ်ဆိုတဲ့ yeeners တို့ကတော့ Yeen Org မှာ Researcher လေးလာလုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✨
• Duration - 6 months • ခြောက်လပြည့်ရင်တော့ Certificate & Recommendation letter လေးကို ပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။ • Deadline - (10.8.2026) နေ့အထိပဲ လက်ခံသွားမှာမို့ အမြန်ဆုံးနည်းနဲ့ လာရောက် လျှောက်ထားလိုက်ကြရအောင်နော်။
Contact us: Telegram - @YeenAdm Facebook - Youth Education Empowerment Network Page Messenger ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်ရှင်။ #Graphic_by_HninEi #Content_by_Zaint #Volunteer_Calling #YeenOrganization

Happy Waso Full Moon Day! 🌕 ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ "ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)" ဖြစ်သလို၊ စိတ်ကိုအေးချမ်းစေမယ့် မိုးရာသီကာလရဲ့ အစဦးလည်း ဖြစ်ပါတယ်။ 🌧️✨ ဒီထူးခြားတဲ့နေ့လေးမှာ Yeen Family တစ်ယောက်ချင်းစီတိုင်း စိတ်ရွှင်လန်း၊ ကိုယ်ကျန်းမာပြီး ရင်ထဲမှာ အေးချမ်းမှုတွေ ပြည့်နှက်နေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 🙏🤍 #YeenOrganization

Yeener က ကျောင်းသားလေးတွေဘယ်ပျောက်နေကြပါလိမ့် သက်ဆိုင်ရာ တီချယ်နဲ့သွားတိုင်ပြီး စာမေးခိုင်းပြစ်မယ် နေအုံး🤨

🧠 Grammar Quiz Time with YEEN! 🧠 Yeener‌ေလးတို့ရေ... ဒီနေ့မှာတော့ အသုံးအလွန်များပြီး အမြဲမှားတတ်ကြတဲ့ Grammar Quiz လေးတစ်ခု
🧠 Grammar Quiz Time with YEEN! 🧠 Yeener‌ေလးတို့ရေ... ဒီနေ့မှာတော့ အသုံးအလွန်များပြီး အမြဲမှားတတ်ကြတဲ့ Grammar Quiz လေးတစ်ခုကို တူတူဖြေကြည့်ရအောင်။ 👇 "သူမက သူမရဲ့ သားလေး အောင်မြင်မှုအတွက် တကယ်ကို ဂုဏ်ယူနေတာပါ။" ဆိုတဲ့ စာကြောင်းကို အင်္ဂလိပ်လို ရေးမယ်ဆိုရင် အောက်က သုံးခုထဲက ဘယ်တစ်ခုက အဖြေမှန်ဖြစ်မလဲ? 🤔 ❓ Question: "She is very proud __ her son's success." ရွေးချယ်စရာ (၃) ခု- 1. She is very proud with her son's success. 2.She is very proud of her son's success. 3. She is very proud about her son's success. 👇 အဖြေမှန်ကို မန့်သွားကြပါဦးနော်! (အဖြေမှန်နဲ့ ရှင်းလင်းချက်ကို မနက်ဖြန်ညနေမှာ Comment မှာ လာတင်ပေးပါမယ်ရှင် 😉) 💚 အင်္ဂလိပ်စာ ဗဟုသုတတွေကို နေ့စဉ်လေ့လာဖို့ Yeen Organization ကို Follow လုပ်ထားပါဦးနော်~ Study Smart, Not Hard! ✨ YeenOrganization #GrammarQuiz #LearnEnglish #EnglishQuiz #DailyEnglish

• "စတင်ခြင်းမရှိရင် ပြီးဆုံးခြင်းဆိုတာလည်း မရှိဘူး။" • "ဒီနေ့ မင်းမလုပ်ရင် မနက်ဖြန်မှာ မင်းထက် ကြိုးစားတဲ့သူရဲ့ နောက်ကွယ်ကနေပဲ ငေးကြည့်နေရလိမ့်မယ်။" • "ပျင်းစိတ်ကို အနိုင်ယူတဲ့ တစ်မိနစ်တိုင်းဟာ မင်းကို လူထူးလူချွန် ဖြစ်စေတယ်။" ကဲ... အသက်ကို ပြင်းပြင်းရှူလိုက်ပါ။ ဖုန်းကို ခေတ္တချထားပြီး စာအုပ်ကို ဖွင့်လိုက်ရအောင်နော်။ မင်း သေချာပေါက် လုပ်နိုင်ပါတယ်! ✊🔥 #YeenOrganization

စာရောလုပ်ဖြစ်ကြရဲ့လား 😒 အိမ်ကမေးရင် လုပ်ပါတယ်" နဲ့ စာလုပ်သလိုလိုနဲ့ ရည်းစားလေးနဲ့ စာခိုးပို့နေကြတာမလား"🫤 မှန်မှန်လိမ်ကြစမ်း🫤 #YeenOrganization

"အခု မင်း စာအုပ်ကို ပိတ်ပြီး ဖုန်းပွတ်နေတဲ့အချိန်မှာ... တခြားတစ်ယောက်ကတော့ သူ့ရဲ့ အိပ်မက်တွေဆီကို စာတစ်လုံးချင်းစီနဲ့ လျှောက်လှမ်းနေပြီ။ မင်းရဲ့ အနာဂတ်က ဘယ်သူ့အပေါ်မှာမှ မူတည်မနေဘူး။ အခု မင်းလုပ်နေတဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်နေတာ။ 'နောင်မှ လုပ်လိုက်မယ်' ဆိုတဲ့ စကားလုံးက မင်းကို အောင်မြင်မှုနဲ့ တစ်နေ့တခြား ဝေးရာကိုပဲ တွန်းပို့လိမ့်မယ်။ ဒီနေ့ မင်း ပင်ပန်းရတဲ့ နာရီအနည်းငယ်ဟာ... နောင်တစ်ချိန် မင်းလိုချင်တဲ့ ဘဝကို ရောက်တဲ့အခါ 'ငါ အဲ့တုန်းက ကြိုးစားခဲ့လို့ တော်သေးတာပေါ့' ဆိုတဲ့ ဂုဏ်ယူဝံ့ကြွားမှုအဖြစ် ပြောင်းလဲသွားမှာပါ။ မင်းရဲ့ အနာဂတ်မှာရှိနေတဲ့ 'မင်းကိုယ်တိုင်' က အခုလက်ရှိ 'မင်း' ကို ကြိုးစားပေးဖို့ တောင်းဆိုနေပါတယ်။" #Knowledge_Sharing #Moti #YeenOrganization