Some Things Stay ( ပြန်ပြင်ချင်တဲ့အမှတ်တရများ )
📈 Analytical overview of Telegram channel Some Things Stay ( ပြန်ပြင်ချင်တဲ့အမှတ်တရများ )
Channel Some Things Stay ( ပြန်ပြင်ချင်တဲ့အမှတ်တရများ ) (@mmsubthaiseries) in the Burmese language segment is an active participant. Currently, the community unites 20 247 subscribers, ranking 14 335 in the Movies category and 6 978 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 20 247 subscribers.
According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 1 106 over the last 30 days and by 11 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 0.72%. Within the first 24 hours after publication, content typically collects 0.53% reactions from the total number of subscribers.
- Post reach: On average, each post receives 146 views. Within the first day, a publication typically gains 107 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 1.
📝 Description and content policy
Channel description not provided.
Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.
BL GL လောကလို့ပြောလိုက်တာနဲ့ မသိတဲ့သူရှားတဲ့ Alpha Beta Omega ရယ်ဆိုပြီး လူသားမျိုးနွယ်တွေရှိတဲ့ Omegaverse (ABO World) လို့ အသိများတဲ့ universe တစ်ခုနဲ့ ဇာတ်အိမ်တည်တဲ့ကားဆိုတာ ရက်ချိုးရေရင်တောင် တစ်ဖက်မပြည့်တဲ့ထိ ခပ်ရှားရှားရယ်ပါ ဒီတစ်ခါမှာတော့ ABO World ကိုအခြေခံ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဖတ်ဆာ ရတ်တနာထာရင် အဖြစ် Oat Pasakorn နာခွန် ထေဝါထီတီရတ် အဖြစ် Boat Yongyut အယ်ဖာ ဘီတာ အိုမီဂါဆိုတဲ့ ABO လောကကြီးအကြောင်း ဘာတစ်ခုမှ မသိဘဲ ရိုးရိုးရှင်းရှင်းလေး ကြီးပြင်းလာခဲ့တဲ့ကောင်လေး ဖတ်ဆာ ဩဇာအာဏာကြီးမားတဲ့ မျိုးရိုးကနေ ဆင်းသက်လာတဲ့ ရေခဲတုံးကြီးလို အေးစက်စက် အမွေဆက်ခံသူ အဆင့်မြင့်အယ်ဖာ နာခွန် တစ်ညမှာတော့ ဖတ်ဆာရဲ့အေးချမ်းနေတဲ့ ဘဝလေးက နာခွန်ကြောင့် ရုတ်တရက် ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့တယ် အကြောင်းကတော့က သူ့ကိုမထင်မှတ်ဘဲ အမှတ်အသားပေးလိုက်မိရာကနေ ဘယ်တော့မှ ဖြတ်တောက်လို့မရတဲ့ Bond တစ်ခုဖြစ်သွားခဲ့လို့ပါပဲ ဒီလိုနဲ့ လုံးဝကို ရေစက်မပါဖူးတဲ့ သူစိမ်းနှစ်ယောက်က ဘယ်သူမှ လွန်ဆန်လို့မရတဲ့ Bond ရဲ့စည်းမျဉ်းတွေအောက်မှာ အတူနေထိုင်ဖို့ အကြောင်းဖန်လာခဲ့ရပါတယ် နီးကပ်လာလေလေ.. ရစ်ပတ်နှောင်တွယ်မှုတွေက ပိုနက်ရှိုင်းလာလေလေမို့ ဒီ Bond ကလည်း ခိုင်မာလာတာနဲ့အမျှ ရုန်းထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ ပိုပြီးကြက်သီးထဖို့ကောင်းတာက သူတို့နှစ်ယောက်က ဖူးစာဖက်ဆိုတဲ့ Fated Mates တွေ ဖြစ်နေခဲ့တာပါ သူတို့ရဲ့ Bond သာ လုံးဝအသက်ဝင်သွားပြီဆိုရင် အားလုံးသိတဲ့အတိုင်း တစ်ယောက်က အသက်ဆုံးရှုံးသွားခဲ့ရင် ကျန်တဲ့တစ်ယောက်ကပါ ဘာမှခုခံခွင့်မရှိဘဲ အလိုလို လိုက်သေရမယ့်အထိ ကံကြမ္မာက သေအတူရှင်မကွာဖြစ်သွားကြမှာပါ ဒါပေမယ့် မထင်မှတ်ထားတဲ့ အမှတ်အသားလေးကနေ Bond ချည်နှောင်မိတဲ့အထိ ချစ်သွားကြပါလေသတည်း ဆိုပြီး အဆုံးသတ်သွားမယ့် ရိုးရှင်းတဲ့သာမန်အချစ် နတ်သမီးပုံပြင်ဇာတ်လမ်းမျိုးတော့ ဟုတ်မနေခဲ့ပါဘူး အမှတ်မထင်ကနေ စခဲ့ပြီး အသက် နှလုံးသားနဲ့ ကံကြမ္မာတွေအားလုံးထိပါ ပုံအောပြီး လောင်းကြေးထပ်ရမယ့် အချစ်နဲ့ နှောင်ကြိုးတစ်ခုအကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ရှားပါး Omegaverse ဇာတ်လမ်းလေးကို အခုပဲ စောင့်ကြည့်လိုက်တော့နော်#Knot #thaiseries #2026series #mmsub #BL #blackhole
ဆန်ဆူအက်အဖြစ် Aof Chanapol Sataya နူနာအဖြစ် PP Phatchaya Phiansamoe ဘုန်းဘုန်းဆူအာအဖြစ် Tide Ekkapun Bunluerit ချန်ဆူအက်ဟာ လူမိုက်ဂိုဏ်းတခုက ခိုးယူသွားတဲ့တန်ဖိုးကြီးစိန်တလုံးအား ပြန်လည်ရယူရန်အတွက် တာဝန်ပေးခိုင်းစေခံခဲ့သူဖြစ်ပြီးတော့ အဲဒီစစ်ဆင်ရေးကို ဆောင်ရွက်နေစဉ်အတွင်းမှာပဲ မတော်တဆမှုဖြစ်ခါ တောင်အောက်ကိုပြုတ်ကျသွားပြီး တောင်ခြေမှာရှိတဲ့ဦးဇင်းတပါးဖြစ်သူ ဘုန်းဘုန်းဆူအာရဲ့ ကယ်တင်ပေးတာကိုခံထားခဲ့ရပါတယ် ချန်ဆူအက်ဟာ မတော်တဆမှုဖြစ်ထားတာကြောင့်အတိတ်မေ့နေခဲ့ပြီးတော့ သူကိုယ်တိုင်ကရဲဆိုတာကိုပါမေ့နေခဲ့ကာ လူမိုက်ဂိုဏ်းများကလည်း သူတို့ခိုးယူလာတဲ့စိန်ကိုပြန်ယူရန်အတွက် ချန်တူအက်ကို အန္တရာယ်လာပေးကပါတော့တယ် ထိုအချိန်မှာပဲ ရဲတပ်ဖွဲ့ကလည်း စိန်တုံးပြန်လည်ရယူရန်စစ်ဆင်ရေးတာဝန်ပေးခံလိုက်ရတဲ့ ချန်ဆူအက်တယောက်ပြန်မလာတဲ့အတွက် စိန်တုံးကို လူမိုက်ဂိုဏ်းဆီကနေရယူကာ အပိုင်သိမ်းသွားပြီလို့ထင်မှတ်နေကြပါတယ် ချန်ဆူအက်ကို လူမိုက်ဂိုဏ်းတခုက ခဏခဏတိုက်ခိုက်နေကြသဖြင့် စုံထောက်ဖြစ်သူ နူနာနဲ့တိုင်ပင်ကြတာ ရဲစခန်းကိုပဲ တိုင်ကြားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုမျိုး ချန်ဆူအက်ကိုမယုံကြည်တဲ့ရဲဌာနဟာ ဖမ်းဆီးကာစစ်ဆေးမေးပြန်ပါတော့တယ် အဖမ်းခံရလိုက်တဲ့အခါမှာ နူနာမှ ပြန်လည်လွတ်အောင်အောင်ကူညီပေးလိုက်သဖြင့် လွတ်လာကြသော်လည်း ချန်ဆူအက်နဲ့ နူနာအပြင် ဆရာတော်ဆူအာကိုပါ တန်ဖိုးကြီးစိန်ကိုခိုးယူတယ်လို့ မတရားစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခံလိုက်ပါတော့တယ် သူတို့သုံးယောက် မတရားဖမ်းဆီးခံရမည့်ဘေးမှ လွတ်မြောက်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုများကြားမှ ထွက်ပြေးတိမ်းရှောင်ကြပုံတွေ အပြစ်မရှိကြောင်းသက်သေပြရန်အတွက် အန္တရာယ်များအကြားမှ သက် သေများကို ရှာဖွေကြပုံ နောက်ကွယ်မှ ကြိုးကိုင်နေသည့် အာဏာရှိသူများနှင့် ရာဇဝတ်ဂိုဏ်းများကို ရင်ဆိုင်ကြပုံတွေကို ဟာသနှောကြည့်ရှုရမှာမလို့ တနင်္လာနေ့မှသောကြာနေ့အထိ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်#ManOfVirtue #thaiseries #2026series #mmsub #blackhole
မင်းသားNadechပါဝင်ထားပြီး အက်ရှင်ဒရာမာကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ထိုင်းဇာတ်လမ်းတွဲသစ်လေး ဖြစ်ပါတယ်.. အို့ အဖြစ် Nadech Kugimiya ဒုမ် အဖြစ် James Ma ဖွန် အဖြစ် Amanda Chalisa Obdam ချမ့် အဖြစ် Aong Sittan Supakriangkrai ဇာတ်လမ်းအကျဉ်း မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ နောက်ကွယ်က သြဇာကြီးမားတဲ့ 'အို့' ဆိုတဲ့ လူရဲ့ ရာဇဝတ်မှုတွေထဲကို လျှို့ဝှက်စုံစမ်းဖို့အတွက် လက်ဝှေ့သမား 'ဒုမ်' တစ်ယောက် သူလျိုအဖြစ် ဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပါတယ်.. စုံစမ်းစစ်ဆေးမှုတွေ ပိုမိုပြင်းထန်လာတဲ့အခါမှာတော့ 'ဒုမ်'ရဲ့ ဇနီးဖြစ်သူ ရဲအရာရှိမလေး 'ဖွန်' က သူမရဲ့ခင်ပွန်းကို ကယ်တင်နိုင်ဖို့အတွက် 'အို့' ရဲ့ အန္တရာယ်များလှတဲ့ ဒုစရိုက်ကမ္ဘာထဲကို ကိုယ်တိုင်ဝင်ရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်.. ဒါပေမယ့် မထင်မှတ်ဘဲ အန္တရာယ်ဇုန်ထဲမှာ 'ဖွန်' တွေ့လိုက်ရတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်သွားခဲ့တဲ့ သူမရဲ့အချစ်ဦး 'အို့' ပဲ ဖြစ်နေခဲ့ပါတယ်.. အတိတ်က သံယောဇဉ်တွေကို ပြန်လည်နိုးထစေချင်တဲ့ အချစ်ဦး 'အို့' နဲ့ သူမကို ချစ်ခင်ယုယပေးတဲ့ ခင်ပွန်းဖြစ်သူ 'ဒုမ်' တို့နှစ်ယောက်ကြား စစ်မှန်တဲ့အချစ်နဲ့ သစ္စာဖောက်မှုတွေ ရောထွေးလာတဲ့အခါမှာ 'ဖွန်' တစ်ယောက် အခက်တွေ့တဲ့ ရွေးချယ်မှုကို ရင်ဆိုင်ရပါတော့တယ်.. တစ်ဖက်မှာလည်း အာဏာကို မက်မောပြီး မည်သူ့ကိုမဆို ရှင်းပစ်ဖို့ ပြင်ဆင်နေတဲ့ ရဲအရာရှိ 'ချမ့်' ကလည်း နောက်ကွယ်မှာ ချောင်းမြောင်းနေတဲ့အခါ... လျှို့ဝှက်ချက်တွေ ပေါ်လာပြီး အသက်နဲ့ရင်းရမယ့် စိန်ခေါ်မှုတွေကြားထဲက သူတို့သုံးယောက်ရဲ့ ကံကြမ္မာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။#Brothers #thaiseries #2026series #mmsub #blackhole
One31 ရုပ်သံလိုင်းမှ ထုတ်လွှင့်သော ရုံးတွင်းဟာသ (Office Sitcom) အမျိုးအစားဖြစ်ပြီး၊ ဒေဝါလီခံရလုနီးပါးဖြစ်နေသည့် ‘Brief Here Bangkok’ ကြော်ငြာအေဂျင်စီတစ်ခုအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းသူများကို အလုပ်ထုတ်မည်ဟု သူဌေးဖြစ်သူက ကြေညာလိုက်ရာမှ စတင်ကာ ဝန်ထမ်းများဖြစ်ကြသည့် တင်တင် (Pueak Pongsatorn)၊ ချို (Bo Thanakorn)၊ ပလုမ်း (Art Marut) နှင့် အိုင့် (DJ Aoi) တို့အပါအဝင် အသက်အရွယ်စုံ၊ စရိုက်စုံလင်လှသည့် လုပ်ဖော်ကိုင်ဖက်တစ်စု ရာထူးတည်မြဲရေးနှင့် ခေါင်းမာလှသော ဖောက်သည်များကို ရင်ဆိုင်ရင်း ရုံးတွင်းအလွဲလွဲအချော်ချော် အားပြိုင်မှုများကို ဟာသနှောကာ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ အခက်အခဲများကြားက အရှုံးမပေးဘဲ အတူတကွ ရုန်းကန်ပုံနှင့် မတူကွဲပြားသည့် မျိုးဆက်သစ်/ဟောင်းကြား အပေးအယူမျှတစွာ သင်ယူရုန်းကန်ရပုံတို့ကို ခံစားရစေမည့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါသည်။#UnderTheWorkingDesk #thaiseries #2026series #mmsub #blackhole
M.R. "နာ့ရီရတ်" ဟာ မိဘတွေ စီစဉ်ပေးတဲ့ "အထီထတ်နာရန်ကွန်" နဲ့ လက်ထပ်ရမယ့်ကိစ္စကို အစပိုင်းမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမယ့် သူမ လျှို့ဝှက်စုံစမ်းနေတဲ့ ဘိန်းမှောင်ခိုဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ "အထီထတ်နာရန်ကွန်" ဖြစ်နေမလားဆိုတဲ့ သံသယကြောင့် အနီးကပ်စောင့်ကြည့်ပြီး အထောက်အထားရှာဖို့ ဒီလက်ထပ်ပွဲကို ဟန်ဆောင်လက်ခံလိုက်ပါတယ်။ အမှုမှန်ပေါ်ပေါက်တာနဲ့ ဒီလက်ထပ်ပွဲကို ချက်ချင်းဖျက်သိမ်းဖို့ ရည်ရွယ်ထားပေမယ့်၊ တကယ်တမ်း အတူနေထိုင်ပြီး အနီးကပ်ထိတွေ့လာရတဲ့အခါမှာတော့ "နာ့ရီရတ်”တစ်ယောက် သူမရဲ့ မူလရည်ရွယ်ချက်တွေ သွေဖည်ပြီး အသီတတ်အပေါ် တကယ်ပဲ မေတ္တာသက်ဝင် ချစ်မိသွားတဲ့အခါ... သူမရဲ့ သံသယတွေကရော မှန်ကန်နေမလား၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ စုံထောက်ဇာတ်လမ်းလေး ဘယ်လို ဆက်လက် အသက်ဝင်လာမလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးကို ကြည့်လိုက်ရအောင်!!#DearEnemy #thaiseries #2026series #mmsub #blackhole
နာမည်ကြီး Love Destiny ဇာတ်လမ်းကို အခြေခံပြီး ဘီအယ်ဗားရှင်းအနေနဲ့ အသစ်ပုံဖော်ထားတဲ့ဇာတ်လမ်းလေး ကဲ့ဝို/ ဂရိတ် အဖြစ် Leng Thanaphon ဒေ့ အဖြစ် August Vachiravit ရူအန် အဖြစ် Na Naphat ဝပ် အဖြစ် Vin Tanapon ၂၀၂၅ ခုနှစ်က အမြဲတမ်း တက်တက်ကြွကြွရှိပြီး သူတစ်ပါးကို ကူညီဖို့ ဝန်မလေးတဲ့ ခေတ်ပညာတတ် ခွဲစိတ်ဆရာဝန်လေး ဂရိတ် မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး သတိရလာတဲ့အခါမှာတော့ သူဟာ အယုဒ္ဓယခေတ်က ကဲ့ဝို ဆိုတဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲကို ရောက်နေခဲ့ပါတယ် ပိုဆိုးတာက အဲဒီ ကဲ့ဝိုဆိုတာ အယုဒ္ဓယတစ်ခွင်လုံးက လူတွေ ဝိုင်းရွံ၊ ဝိုင်းမုန်းထားတဲ့ နာမည်ပျက်နဲ့ ပြဿနာကောင်ကြီး ဖြစ်နေတာပါပဲ အထူးသဖြင့် သခင်လေးဒေ့ကတော့ သူ့ကို မျက်မုန်းအကျိုးဆုံးပေါ့ ပစ္စုပ္ပန်ကိုပြန်ဖို့ ဘယ်လိုမှ နည်းလမ်းရှာမရတဲ့အဆုံးမှာတော့ ဂရိတ်က ကဲ့ဝိုရဲ့ခန္ဓာကိုယ်နဲ့ပဲ အယုဒ္ဓယခေတ်မှာ ဆက်လက်ရှင်သန်ဖို့ ဆုံးဖြတ်လိုက်ပါတယ် သူတတ်ကျွမ်းထားတဲ့ အနာဂတ်က ခေတ်မီဆေးပညာတွေ ဆန်းသစ်တဲ့ ဟင်းချက်နည်းတွေ ကိုယ်ခံပညာတွေအပြင် သမိုင်းဗဟုသုတတွေကိုပါ အသုံးချပြီး အယုဒ္ဓယပြည်သူတွေကို ကူညီပေးရင်း သူ့ရဲ့ပင်ကိုယ် စိတ်ထားကောင်းလေးအတိုင်း နေထိုင်ပါတော့တယ် ဒီလိုနဲ့ လူတိုင်းက ဝိုင်းမုန်းကြတဲ့ လူဆိုးကြီးကနေ အားလုံးရဲ့ အချစ်တော်လေး ဖြစ်လာတဲ့အခါ… သူ့ကို အမုန်းဆုံးဖြစ်တဲ့ ဒေ့တစ်ယောက်လည်း တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ကဲ့ဝိုရဲ့ တောက်ပတဲ့ဘက်ခြမ်းတေကို တဖြည်းဖြည်း မြင်တွေ့လာရပြီး အမုန်းတွေကနေ အချစ်အဖြစ် ဘယ်လိုတွေ ကူးပြောင်းသွားမလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို့ အခုပဲ ကြည့်လိုက်တော့နော်...#LoveDestiny #thaiseries #2026series #BL #blackhole
ဒီ Season မှာတော့ လေယာဉ်မယ်နဲ့ လေယာဉ်မှူးတွေရဲ့ အလုပ်ခွင်နောက်ကွယ်က ရုန်းကန်မှုတွေကို ပိုပြီး အသားပေးရိုက်ကူးထားပါတယ်။ Season 1 ရဲ့ အဆက်အတိုင်း ဇာတ်ကောင်တွေကြားက မပြတ်နိုင်သေးတဲ့ သံယောဇဉ်တွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့အတူ အသစ်တိုးလာတဲ့ ဇာတ်ကောင်တွေကြောင့် အချစ်ရေးက ပိုပြီး ရှုပ်ထွေးလာတာကို တွေ့ရမှာပါ။ ❤️🩹 အဓိကကတော့ အပြိုင်အဆိုင်များတဲ့ လေကြောင်းလိုင်းလောကထဲမှာ ကိုယ့်ရဲ့ Career ကို ထိန်းသိမ်းရင်း တစ်ဖက်ကလည်း ခံစားချက်နဲ့ အလုပ်ကြား ဗျာများရပုံတွေကို Drama အလန်းစား ပုံဖော်ထားတာဖြစ်ပါတယ်။ Season 1 ထက်စာရင် ဇာတ်အိမ်က ပိုလေးပင်လာပြီး အလှည့်အပြောင်းတွေ ပိုများလာလို့ ကြည့်ရတာ တော်တော်လေး စွဲဖို့ကောင်းပါတယ်ဗျာ။ 🎬🍿#JetLag #thaiseries #2026series #mmsub
မင်းသားNadechပါဝင်ထားပြီး အက်ရှင်ဒရာမာကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ထိုင်းဇာတ်လမ်းတွဲသစ်လေး ဖြစ်ပါတယ်.. အို့ အဖြစ် Nadech Kugimiya ဒုမ် အဖြစ် James Ma ဖွန် အဖြစ် Amanda Chalisa Obdam ချမ့် အဖြစ် Aong Sittan Supakriangkrai ဇာတ်လမ်းအကျဉ်း မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ နောက်ကွယ်က သြဇာကြီးမားတဲ့ 'အို့' ဆိုတဲ့ လူရဲ့ ရာဇဝတ်မှုတွေထဲကို လျှို့ဝှက်စုံစမ်းဖို့အတွက် လက်ဝှေ့သမား 'ဒုမ်' တစ်ယောက် သူလျိုအဖြစ် ဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပါတယ်.. စုံစမ်းစစ်ဆေးမှုတွေ ပိုမိုပြင်းထန်လာတဲ့အခါမှာတော့ 'ဒုမ်'ရဲ့ ဇနီးဖြစ်သူ ရဲအရာရှိမလေး 'ဖွန်' က သူမရဲ့ခင်ပွန်းကို ကယ်တင်နိုင်ဖို့အတွက် 'အို့' ရဲ့ အန္တရာယ်များလှတဲ့ ဒုစရိုက်ကမ္ဘာထဲကို ကိုယ်တိုင်ဝင်ရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်.. ဒါပေမယ့် မထင်မှတ်ဘဲ အန္တရာယ်ဇုန်ထဲမှာ 'ဖွန်' တွေ့လိုက်ရတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်သွားခဲ့တဲ့ သူမရဲ့အချစ်ဦး 'အို့' ပဲ ဖြစ်နေခဲ့ပါတယ်.. အတိတ်က သံယောဇဉ်တွေကို ပြန်လည်နိုးထစေချင်တဲ့ အချစ်ဦး 'အို့' နဲ့ သူမကို ချစ်ခင်ယုယပေးတဲ့ ခင်ပွန်းဖြစ်သူ 'ဒုမ်' တို့နှစ်ယောက်ကြား စစ်မှန်တဲ့အချစ်နဲ့ သစ္စာဖောက်မှုတွေ ရောထွေးလာတဲ့အခါမှာ 'ဖွန်' တစ်ယောက် အခက်တွေ့တဲ့ ရွေးချယ်မှုကို ရင်ဆိုင်ရပါတော့တယ်.. တစ်ဖက်မှာလည်း အာဏာကို မက်မောပြီး မည်သူ့ကိုမဆို ရှင်းပစ်ဖို့ ပြင်ဆင်နေတဲ့ ရဲအရာရှိ 'ချမ့်' ကလည်း နောက်ကွယ်မှာ ချောင်းမြောင်းနေတဲ့အခါ... လျှို့ဝှက်ချက်တွေ ပေါ်လာပြီး အသက်နဲ့ရင်းရမယ့် စိန်ခေါ်မှုတွေကြားထဲက သူတို့သုံးယောက်ရဲ့ ကံကြမ္မာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။#Brothers #thaiseries #2026series #mmsub #blackhole
M.R. "နာ့ရီရတ်" ဟာ မိဘတွေ စီစဉ်ပေးတဲ့ "အထီထတ်နာရန်ကွန်" နဲ့ လက်ထပ်ရမယ့်ကိစ္စကို အစပိုင်းမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမယ့် သူမ လျှို့ဝှက်စုံစမ်းနေတဲ့ ဘိန်းမှောင်ခိုဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ "အထီထတ်နာရန်ကွန်" ဖြစ်နေမလားဆိုတဲ့ သံသယကြောင့် အနီးကပ်စောင့်ကြည့်ပြီး အထောက်အထားရှာဖို့ ဒီလက်ထပ်ပွဲကို ဟန်ဆောင်လက်ခံလိုက်ပါတယ်။ အမှုမှန်ပေါ်ပေါက်တာနဲ့ ဒီလက်ထပ်ပွဲကို ချက်ချင်းဖျက်သိမ်းဖို့ ရည်ရွယ်ထားပေမယ့်၊ တကယ်တမ်း အတူနေထိုင်ပြီး အနီးကပ်ထိတွေ့လာရတဲ့အခါမှာတော့ "နာ့ရီရတ်”တစ်ယောက် သူမရဲ့ မူလရည်ရွယ်ချက်တွေ သွေဖည်ပြီး အသီတတ်အပေါ် တကယ်ပဲ မေတ္တာသက်ဝင် ချစ်မိသွားတဲ့အခါ... သူမရဲ့ သံသယတွေကရော မှန်ကန်နေမလား၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ စုံထောက်ဇာတ်လမ်းလေး ဘယ်လို ဆက်လက် အသက်ဝင်လာမလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးကို ကြည့်လိုက်ရအောင်!!#DearEnemy #thaiseries #2026series #mmsub #blackhole
ဆန်ဆူအက်အဖြစ် Aof Chanapol Sataya နူနာအဖြစ် PP Phatchaya Phiansamoe ဘုန်းဘုန်းဆူအာအဖြစ် Tide Ekkapun Bunluerit ချန်ဆူအက်ဟာ လူမိုက်ဂိုဏ်းတခုက ခိုးယူသွားတဲ့တန်ဖိုးကြီးစိန်တလုံးအား ပြန်လည်ရယူရန်အတွက် တာဝန်ပေးခိုင်းစေခံခဲ့သူဖြစ်ပြီးတော့ အဲဒီစစ်ဆင်ရေးကို ဆောင်ရွက်နေစဉ်အတွင်းမှာပဲ မတော်တဆမှုဖြစ်ခါ တောင်အောက်ကိုပြုတ်ကျသွားပြီး တောင်ခြေမှာရှိတဲ့ဦးဇင်းတပါးဖြစ်သူ ဘုန်းဘုန်းဆူအာရဲ့ ကယ်တင်ပေးတာကိုခံထားခဲ့ရပါတယ် ချန်ဆူအက်ဟာ မတော်တဆမှုဖြစ်ထားတာကြောင့်အတိတ်မေ့နေခဲ့ပြီးတော့ သူကိုယ်တိုင်ကရဲဆိုတာကိုပါမေ့နေခဲ့ကာ လူမိုက်ဂိုဏ်းများကလည်း သူတို့ခိုးယူလာတဲ့စိန်ကိုပြန်ယူရန်အတွက် ချန်တူအက်ကို အန္တရာယ်လာပေးကပါတော့တယ် ထိုအချိန်မှာပဲ ရဲတပ်ဖွဲ့ကလည်း စိန်တုံးပြန်လည်ရယူရန်စစ်ဆင်ရေးတာဝန်ပေးခံလိုက်ရတဲ့ ချန်ဆူအက်တယောက်ပြန်မလာတဲ့အတွက် စိန်တုံးကို လူမိုက်ဂိုဏ်းဆီကနေရယူကာ အပိုင်သိမ်းသွားပြီလို့ထင်မှတ်နေကြပါတယ် ချန်ဆူအက်ကို လူမိုက်ဂိုဏ်းတခုက ခဏခဏတိုက်ခိုက်နေကြသဖြင့် စုံထောက်ဖြစ်သူ နူနာနဲ့တိုင်ပင်ကြတာ ရဲစခန်းကိုပဲ တိုင်ကြားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုမျိုး ချန်ဆူအက်ကိုမယုံကြည်တဲ့ရဲဌာနဟာ ဖမ်းဆီးကာစစ်ဆေးမေးပြန်ပါတော့တယ် အဖမ်းခံရလိုက်တဲ့အခါမှာ နူနာမှ ပြန်လည်လွတ်အောင်အောင်ကူညီပေးလိုက်သဖြင့် လွတ်လာကြသော်လည်း ချန်ဆူအက်နဲ့ နူနာအပြင် ဆရာတော်ဆူအာကိုပါ တန်ဖိုးကြီးစိန်ကိုခိုးယူတယ်လို့ မတရားစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခံလိုက်ပါတော့တယ် သူတို့သုံးယောက် မတရားဖမ်းဆီးခံရမည့်ဘေးမှ လွတ်မြောက်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုများကြားမှ ထွက်ပြေးတိမ်းရှောင်ကြပုံတွေ အပြစ်မရှိကြောင်းသက်သေပြရန်အတွက် အန္တရာယ်များအကြားမှ သက် သေများကို ရှာဖွေကြပုံ နောက်ကွယ်မှ ကြိုးကိုင်နေသည့် အာဏာရှိသူများနှင့် ရာဇဝတ်ဂိုဏ်းများကို ရင်ဆိုင်ကြပုံတွေကို ဟာသနှောကြည့်ရှုရမှာမလို့ တနင်္လာနေ့မှသောကြာနေ့အထိ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်#ManOfVirtue #thaiseries #2026series #mmsub #blackhole
အထက်တန်းစား လူ့အဖွဲ့အစည်းရဲ့ ခမ်းနားလှပတဲ့ မျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားတဲ့ အမှောင်ဖုံးတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ။ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ Sky Castle Korea ဗာရှင်းကို ထိုင်းဗာရှင်းနဲ့ပြန်လည်ရိုက်ပြပုံဖော်ထားပါတယ်။ "နံပါတ်တစ်" ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတည်းအတွက်နဲ့ သားသမီးတွေရဲ့ ပျော်ရွှင်မှု၊ မိသားစုရဲ့ နွေးထွေးမှုတွေကို ပဓာနမထားတော့ဘဲ အပြိုင်အဆိုင် ရုန်းကန်နေကြရတဲ့ မိဘတွေရဲ့ အတ္တစိတ်ကို ပုံဖော်ရ်ုက်ကူးထားပါတယ်။ငွေကြေးနဲ့ အာဏာသုံးပြီး ဘဝလမ်းကြောင်းကို အတင်းအကျပ် ဖန်တီးပေးဖို့ ကြိုးစားရင်းကနေ မိဘရဲ့ မေတ္တာကနေ သားသမီးတွေအတွက် အဆိပ်အတောက် ဖြစ်စေတဲ့ ဖိအားတွေအဖြစ် ပြောင်းလဲစေခဲ့တယ်။ သာယာနာပျော်ဖွယ်ကောင်းတဲ့ အိမ်ကြီးတွေထဲမှာ ဖုံးကွယ်ထားတဲ့ တင်းမာမှုတွေ၊ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တွေဟာ တစ်စစီ ပေါက်ကွဲထွက်လာတဲ့ အခါ... အဲဒီနောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ထိတ်လန့်စရာ အပြောင်းအလဲကြီးတွေကို ကြုံတွေ့ခံစားရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို အပတ်စဉ် Monday နဲ့ Tuesday နေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ🙋🏻♂️#SkyCastle #thaiseries #2026series #mmsub #blackhole
ဘူလန်အဖြစ် Bint Sireethorn ဖင်းအဖြစ် Puinoon Warangsiri GL ပရိသတ်တွေအတွက် ရိုးရိုး Romance တွေ ရိုးအီနေပြီဆိုရင်တော့ အောက်လမ်းပညာ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အချစ်ကို ရောမွှေထားတဲ့ ဝီတီဗီကနေ အသစ်စက်စက် ထွက်ရှိလာမဲ့ GL series သစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးကတော့ Star hunter entertainment ရဲ့ တတိယ GL စီးရီးလေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ Love senior အတွဲလေးဖြစ်တဲ့ Anda-Lookkaew လည်း ပါဝင်သွားမှာပါ။ ဇာတ်လမ်းအစမှာတော့ အရာရာကို လက်တွေ့ကျကျ စဉ်းစားတတ်ပြီး ယုတ္တိဗေဒကိုသာ ယုံကြည်တဲ့ ရဲမေမလေး တစ်ယောက်ဟာ မထင်မှတ်ဘဲ အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရှေးဟောင်းယုံကြည်မှုတွေ၊ ဂါထာမန္တန် အစီအရင်တွေကို လက်ကိုင်ထားတဲ့ ဆရာတစ်ယောက်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်ယောက်က အထောက်အထားနဲ့ ဥပဒေကို ယုံကြည်သူ၊ နောက်တစ်ယောက်က မမြင်ရတဲ့ နာမ်လောကနဲ့ အောက်လမ်းပညာတွေကို ယုံကြည်သူ... ရေနဲ့မီးလို လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ရှေးဟောင်းစာပေတွေ၊ လျှို့ဝှက်သင်္ကေတတွေနဲ့ ပြည့်နှက်နေတဲ့ အမှုကြီးရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါ... အမှုက တဖြည်းဖြည်း နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကလည်း နောက်ဆုတ်လို့မရအောင် ရစ်ပတ်လာပါတော့တယ်။ တရားခံကို ရှာဖွေရင်း ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာရဲ့ ဆွဲဆောင်မှုအောက်မှာ သူတို့နှစ်ယောက် ဘယ်လို ရှေ့ဆက်ကြမလဲ။ နာမည်ကြီး ဝတ္ထု "Formidable Eyes" ကို အခြေခံရိုက်ကူးထားပြီး Mystic ဖြစ်တဲ့ အငွေ့အသက်တွေ၊ Occult ပညာရပ်တွေကြားထဲကနေ ပေါက်ဖွားလာမယ့် ဇာတ်လမ်းလေးမို့ Thriller နဲ့ Romance ကို ချိန်သားကိုက် ပေါင်းစပ်ထားတဲ့ Vibe မျိုးကို ခံစားရမှာ အသေအချာပါပဲ။ ဇာတ်အိမ်ခိုင်ခိုင်မာမာ ဆွဲခေါ်သွားမယ့် စီးရီးလေးဖြစ်လို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။#KhomKhlang #thaiseries #2026series #mmsub #GL #blackhole
ဖစ်ဆစ် အဖြစ် Krit Ngamtanakijja ဖူအန်အဖြစ် Phop Pongphop ဒင်အဖြစ် Pao Pichitchai စတားအဖြစ် Tonkla Saharat အော့အဖြစ် NJ Deeprompt ချေမီ အဖြစ် Chok Ditheechok ကျောင်းသားခြောက်ယောက်ဟာ ချစ်ခြင်းမေတ္တာမသင်မနေရသင်တန်းကိုတက်ရောက်ကြပြီး နှလုံးသားရော မိမိကိုယ်ပါ ရင့်ကျက်ကြီးပြင်းမလာသည်အထိ ထင်မှတ်မထားဘဲ ပိုမိုနီးကပ်လာသောအချစ် အမှီလိုက်နိုင်ရန် အပြေးလိုက်ရမဲ့အချစ် ကတိဟောင်းတစ်ခုကို သယ်ဆောင်ပြီး ပြန်လည်ရောက်ရှိလာသောအချစ် စတဲ့သင်ခန်းစာတွေကို လေ့လာသင်ယူဖြတ်ကျော်ရမှာဖြစ်ပါတယ် သင်ခန်းစာ ၁ : ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေရသော်လည်း သူငယ်ချင်းနဲ့အခြားတစ်ယောက်ကို အောင်သွယ်တော်အဖြစ် ပါဝင်ကူညီပေးခဲ့ရသော အထက်တန်းကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်း သင်ခန်းစာ ၂ : ကျောင်းရဲ့ချစ်စရာအကောင်းဆုံးဂျူနီယာစတားရဲ့နှလုံးသားနှင့် LINE ID ကို အပိုင်ရအောင်လုပ်ရမဲ့ စီနီယာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌရဲ့အချစ်ဇာတ်လမ်း သင်ခန်းစာ ၃: ကိုယ့်အစ်ကိုရဲ့အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေမိပြီး ကတိဟောင်းတစ်ခုကို ဖက်တွယ်ထားနေမိတော့ ဂျူနီယာကျောင်းသားလေးတစ်ယောက်ရဲ့ ဆက်စောင့်ရမလား လက်လွှတ်လိုက်ရမလားဆိုတဲ့အချစ်ဇာတ်လမ်း အချစ်ဇာတ်လမ်း ၃ ခုကိုမှ ဟာသ အချစ် အလွမ်းတွေနဲ့ အပိုင်း ၁၅ ပိုင်းကြီးတောင်ကြည့်ရမှာဖြစ်လို့ Bl ဖန်တွေအနေနဲ့လက်လွှတ်မခံဘဲနဲ့ တနင်္ဂနွေညတိုင်း လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်#Lovex3 #thaiseries #2026series #mmsub #BL #blackhole
နာနာ အဖြစ် Cartoon Kittaya Iemnopmanee ဝီးနပ် အဖြစ် Ing Tanatcha Devahastin ဥရောပမှာ Fashion ပညာသင်ကြားနေတဲ့ နာနာ ဟာ မမျှော်လင့်ဘဲ အိမ်ကို အမြန်ပြန်လာခဲ့ရပါတယ်။ အကြောင်းကတော့ သူမရဲ့ဖခင်ပိုင် Golf Course လုပ်ငန်းဟာ အကြီးအကျယ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။ ဒါပေမယ့် နာနာ အတွက် ပိုခက်ခဲတာက Golf ဆိုတာကို လုံးဝမသိတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ အဲဒီအချိန်မှာ သူမတွေ့ဆုံရသူကတော့ Golf Course ရဲ့ Resident Golf Pro ဖြစ်တဲ့ ဝီးက တစ်ချိန်က အရည်အချင်းအလွန်ကောင်းတဲ့ Golf Pro တစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုတော့ တင်းကျပ်ပြီး စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်အဖြစ် ရှိနေသူပါ။ နာနာ ရဲ့ Golf အကြောင်းမသိမှုတွေက ပရိုဝီး ကို စိတ်ပျက်စေပေမယ့် Golf Course ကို အကျပ်အတည်းကနေ ကယ်တင်ဖို့အတွက် နှစ်ယောက်သား အတူတကွပူးပေါင်းရပါတော့တယ်။ အချင်းချင်းမတည့်တဲ့ စကားများမှုတွေကြားကနေ တဖြည်းဖြည်းနဲ့ နားလည်မှုတွေ ပေါ်လာပြီး... မမျှော်လင့်ထားတဲ့ ချစ်ခြင်းတစ်ခုလည်း စတင်လာပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့လမ်းမှာ အတားအဆီးတစ်ခု ရှိနေပါတယ်။ ပြိုင်ဘက် Golf Course က အရည်အချင်းမြင့် Golf Pro တစ်ယောက်ဖြစ်တဲ့ ပရိုဂျင်ရဲ့ ပါဝင်လာမှုကြောင့် နာနာနဲ့ ဝီးတို့ရဲ့ အစီအစဉ်တွေ ပိုမိုရှုပ်ထွေးလာသလို နာနာ ရဲ့ဖခင်ရဲ့ Secretary ဖြစ်ပြီး သူမရဲ့ အနီးကပ်လက်ရုံးတစ်ယောက်အဖြစ် ကူညီပေးဖို့ ရောက်လာတဲ့ ဘယ် နဲ့လည်း မကြာခဏ စကားများမှုတွေ ဖြစ်လာပါတော့တယ်။ Golf Course တစ်ခုကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်... သူမကို Golf သင်ပေးရင်း နှလုံးသားပါ ပြောင်းလဲလာတဲ့ Golf Pro တစ်ယောက်... ပြီးတော့ သူတို့နှစ်ယောက်ကြားကို ဝင်ရောက်လာမယ့် ပြိုင်ဘက်တစ်ယောက်... အချစ်နဲ့ ပြိုင်ဆိုင်မှုကြားမှာ Nana နဲ့ ဝီး တို့ရဲ့ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲ? Golf ကွင်းပေါ်က စတင်ခဲ့တဲ့ ဆုံတွေ့မှုတစ်ခုက အချစ်ဇာတ်လမ်းတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ... ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း တင်ဆက်ပေးတော့မှာမလို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဉီးရှင်။#FairwayOfLove #thaiseries #2026series #mmsub #GL #blackhole
ကိုယ့်ရဲ့ ရင်ဘတ်ထဲက မေတ္တာတရားကို အချိန်အကြာကြီး မြတ်နိုးတန်ဖိုးထားခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ကိုယ်ချစ်ရတဲ့သူက သူ့အစ်ကိုနဲ့ လက်ထပ်သွားလို့ အရှုံးနဲ့ရင်ဆိုင်ကာ တောင်ပိုင်းကျွန်းငယ်လေးဆီ အထီးကျန်ဆန်ဆန် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ "ဆမ်" (Sam)... အဲဒီလို ခံစားချက်ဒဏ်ရာတွေနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် ပြန်ုကုစားဖို့ ကြိုးစားနေချိန်မှာပဲ သူ့ရဲ့ခေါင်းမာပြီး အလုပ်ခိုင်းရခက်တဲ့ ညီဖြစ်သူကို အိမ်ပြန်ခေါ်လာဖို့ တာဝန်ပေးခြင်းခံရတဲ့ ထက်မြက်ပြီး လက်တွေ့ကျတဲ့ လက်ထောက်လူငယ်လေး "ဂျမ်" (Jam) အဲဒီကျွန်းပေါ်ကို ရောက်ရှိလာပါတော့တယ်။ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားမှာ ဘယ်တော့မှ ပထမနေရာကို မရဘဲ အမြဲတမ်း တတိယလူ (သို့မဟုတ်) နောက်ကျကျန်ရစ်သူ ဖြစ်ခဲ့ရတဲ့ နာကျင်မှုတွေ ကို ကိုင်စွဲထားတဲ့ ဆမ်ရဲ့ဘဝထဲကို ဂျမ်တစ်ယောက် ဝင်ရောက်လာပြီးနောက်မှာတော့... တာဝန်နဲ့စေလွှတ်ခံရတဲ့ ခရီးစဉ်လေးကနေ အစပြုလို့ တစ်ယောက်နဲ့တစ်ယောက် မထင်မှတ်ဘဲ ရင်ခုန်သံချင်း ထပ်တူကျလာပြီး အနာတရဖြစ်နေတဲ့ နှလုံးသားနှစ်စုံ အချင်းချင်း နှစ်သိမ့်ကုစားပေးကြမယ့် ရင်နာစရာကောင်းသလို ရိုမန့်ဆန်လွန်းတဲ့ အချစ်ခရီးလမ်းအစပဲ ဖြစ်ပါတယ်#YourThird #thaiseries #2026series #mmsub #BL #blackhole
ဆန်း အဖြစ် Ping Krittanun Aunchananun ဘေး အဖြစ် Teshow Promsakha Na Sakonnakhon ဇာတ်လမ်းအကျဉ်း ဆန်း ဟာ ကျောင်းမှာအရာရာ ပြီးပြည့်စုံလွန်းတဲ့ တင်းနစ်အားကစားသမားတစ်ယောက် ဖြစ်ပြီး၊ ဘေး ကတော့ အနုပညာလိုင်းဘက်မှာ အပျော်တမ်းနေတတ်တဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အဖေတွေဖြစ်ကြတဲ့ ချွန် နဲ့ ဘီ တို့ဟာ ဒင်မ်ဆန်း ဆိုင်ကြီး နှစ်ဆိုင်ကို အပြိုင်အဆိုင် ဖွင့်လှစ်ထားကြပြီး မိသားစုချင်း မတည့်ကြသူတွေပါ။ ဆန်း ရဲ့ မိသားစုက ရှေးရိုးရာ "Sming Phon Fai" ဆိုင်ကို ပိုင်ဆိုင်ပြီး ဘေး ရဲ့ မိသားစုကတော့ "Merlion" ဆိုင်ကို ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဘေး က ဆန်း ကို မကျေနပ်လို့ တင်းနစ်လက်ရွေးစင်ရွေးပွဲမှာ ဝင်ရောက်နှောင့်ယှက်ခဲ့ရာကနေ ဆန်း ဟာဒဏ်ရာရရှိသွားပြီး ပွဲမှာရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပြဿနာကြောင့် ကျောင်းအုပ်ကြီးက နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ဖို့ အမိန့်ထုတ်ခဲ့သလို၊ သူတို့ရဲ့ အဖေနှစ်ယောက်ကလည်း ပြိုင်ပွဲမှာ ရှုံးတဲ့သူရဲ့ ဒင်မ်ဆန်း ဆိုင်ကို အပြီးပိတ်ရမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ပြိုင်ပွဲနေ့ ရောက်ရှိလာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆန်း နဲ့ ဘေး တို့ဟာ ကျောင်းကိုယ်စားပြု အမျိုးသားစုံတွဲ အဖြစ် ပူးပေါင်းယှဉ်ပြိုင်ကြဖို့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီအချက်ကို သူတို့ရဲ့ အဖေတွေကို လျှို့ဝှက်ထားခဲ့ကြပြီး အတူတကွ လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်။ အတူတူ လေ့ကျင့်ရင်း နားလည်မှုတွေတိုးကာ တစ်ယောက်ကိုတစ်ယောက် စိတ်ဖွင့်ပြလာကြတဲ့အခါ ဆန်း နဲ့ ဘေး တို့ဟာ သီးသန့်ကတိတစ်ခု ပြုလုပ်ခဲ့ကြပါတယ်.... "အကယ်၍ သူတို့စုံတွဲချန်ပီယံဆု ရရှိခဲ့ရင်အဖေတွေက သူတို့နှစ်ယောက် တွဲတာကိုခွင့်ပြုရမည်၊ အကယ်၍ ရှုံးနိမ့်ခဲ့ရင် တစ်ယောက်နဲ့တစ်ယောက်ဘဝမှာ နောက်ထပ် ဘယ်တော့မှ မတွေ့ကြတော့ကြေး" ဆိုပြီး ဖြစ်ပါတယ်။ မိသားစုအကြွေးနဲ့ ကိုယ်ပိုင်အချစ်ရေးကြားမှာ ဆန်း နဲ့ ဘေး တို့ ကွင်းထက်မှာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမယ့် Sports Romance ဇာတ်လမ်းလေးကို အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးတော့မှာဖြစ်လို့စောင့်ကြည့်လိုက်ကြရအောင်ရှင့်#MatchPoint #thaiseries #2026series #mmsub #BL #blackhole
ဝင်းအဖြစ် Guitar Sarin ခီတာအဖြစ် Putter Phubase ပေါင်ပေ့အဖြစ် Ittoei Jidapa Pholrojpanya တေးဂီတနဲ့ လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ပုံဖော်ထားတဲ့ Musical ကားဆန်ဆန်ကြည့်ရမဲ့ Fill the Beat (2026) ထိုင်း BL ဇာတ်ကားလေးကတော့ထွက်ရှိလာပြီပဲဖြစ်ပါတယ် အကနဲ့ တေးဂီတကို ရူးသွပ်ကြပြီး ကိုယ်ပိုင်အကအဖွဲ့တည်ထောင်ပြီး အောင်မြင်မှုကိုရှာဖွေနေကြတဲ့ ထိုင်းလူငယ်တစုအကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ခီတာက နိုင်ငံခြားမှာပညာတော်သင်သွားချင်နေတဲ့ ဂီတသီအိုရီကျောင်းသားတယောက်ဖြစ်ပြီးတော့ သူ့အမေကနေ ခီတာကျင့်သားရရန်အတွက် ဂီတတူရိယာအဟောင်းပြိုင်ဆိုင်ဖွင့်ထားပြီး ဂန္ဓဝင်ဂီတကိုကြိုက်တတ်တဲ့ အဘိုးနဲ့နေဖို့ ပို့ခံထားရတဲ့သူဖြစ်ပါတယ် ခီတာက အစီအစဉ်ကိုဗျူဟာကျကျဆွဲနိုင်သူ "ဝင်း" ငယ်ငယ်ကတည်းကပေါင်းဖူးခဲ့ကြတဲ့ စာဂျပိုး တိတ်ဆိတ်ဆိတ်နေတတ်သူဖြစ်ပေမဲ့ နာမည်ကြီး TikTok အကောင့်ပိုင်ရှင်ဖြစ်တဲ့ "ပေါင်ပေ့"တို့နဲ့ပေါင်းမိသွားကာ ဂီတပြိုင်ပွဲတခုကို ဝင်ပြိုင်ရန်အတွက် "SHHH" တီးတိုင်းတခုကိုဖွဲ့စည်းခဲ့ကြပါတော့တယ် ခေတ်သစ်လူငယ်များနဲ့လူကြီးတွေရဲ့ ဂီတအပေါ်ခံယူချက်ကွာခြားပုံ ဂီတအမျိုးအစားကြိုက်နှစ်သက်ပုံကွာခြားမှုတွေကို ရင်ဆိုင်ရမဲ့အပြင် မိဘများရဲ့ဖိအားပေးမှုတွေ ကုန်တိုက်ဆောက်လုပ်ကြမဲ့စီးပွားရေးသမားများရဲ့ခြိမ်းခြောက်မှုများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကိုတော့ တနင်္ဂနွေနေ့တိုင်း လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်#FilltheBeat #thaiseries #2026series #mmsub #BL #blackhole