Dear Enemy ( နှလုံးသားရဲ့မြူမှုန်တိုင်းမှာ )
📈 Analytical overview of Telegram channel Dear Enemy ( နှလုံးသားရဲ့မြူမှုန်တိုင်းမှာ )
Channel Dear Enemy ( နှလုံးသားရဲ့မြူမှုန်တိုင်းမှာ ) (@thaiseries_m) in the Burmese language segment is an active participant. Currently, the community unites 18 558 subscribers, ranking 15 533 in the Movies category and 7 500 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 18 558 subscribers.
According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 1 137 over the last 30 days and by 28 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 2.58%. Within the first 24 hours after publication, content typically collects 0.75% reactions from the total number of subscribers.
- Post reach: On average, each post receives 479 views. Within the first day, a publication typically gains 139 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 1.
📝 Description and content policy
Channel description not provided.
Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 08 September | 0 | |||
| 07 September | +28 | |||
| 06 September | +36 | |||
| 05 September | +14 | |||
| 04 September | +39 | |||
| 03 September | +68 | |||
| 02 September | +31 | |||
| 01 September | +43 |
ခယ်ဒါရွန် အဖြစ် Tubtim Anyarin Terathananpat နစ်ချန် အဖြစ် New Wongsakorn Paramatthakorn ဇာတ်လမ်းအကျဉ်း ဂျင်လာ ဆိုတဲ့ သတင်းထောက်မလေးဟာ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းရဲ့ အမွေခံဖြစ်သူ ခယ်ဒါရွန် ဆိုတဲ့ အမျိုးသမီးကို အင်တာဗျူးဖို့ သွားခဲ့ရင်း သူ့ဘဝဟာ မမျှော်လင့်တဲ့အပြောင်းအလဲကြီးဖြစ်ခဲ့တယ် ပြင်ပလူတွေအမြင်မှာတော့ ခယ်ဒါရွန် ဟာ ဂုဏ်သရေရှိပြီး ပညာအရည်အချင်း အဆင့်အတန်းမြင့်မားကာ အလုပ်အကိုင်ရှိပြီး နစ်ချန် လို့ခေါ်တဲ့ ချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ပါရှိတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ဒါပေမဲ့ စီမံကိန်းတစ်ခုကို သွားကြည့်ရင်း ရဟတ်ယာဉ်မတော်တဆမှု ဖြစ်သွားတဲ့အခါမှာတော့ အရာအားလုံး ပြောင်းပြန်ဖြစ်သွားပါတော့တယ် ဂျင်လာ သတိရလာတဲ့အချိန်မှာ မထင်မှတ်ဘဲ ခယ်ဒါရွန် ရဲ့ ခန္ဓာကိုယ်ဖြစ်နေတာကို သိလိုက်ရတယ် စိတ်ဝိညာဉ်ချင်းလဲတာမျိုး မဟုတ်ဘဲ ခယ်ဒါရွန် ရဲ့ယောက်ျားဖြစ်သူ နစ်ချန် ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတစ်ခုကြောင့် ဖြစ်ပါတယ် ဂျင်လာ က ဒီလိုဟန်ဆောင်ဖို့ သဘောမတူချင်ပေမဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နေတဲ့ သူ့အဒေါ်ရဲ့ လုံခြုံရေးအတွက်ကြောင့် ခယ်ဒါရွန် ရဲ့ အဘိုးမကွယ်လွန်ခင်အထိ ခယ်ဒါရွန် အဖြစ် ဟန်ဆောင်နေပေးဖို့ သဘောတူလိုက်ရတယ် ဒီလိုနဲ့ ဟန်ဆောင်နေထိုင်ရင်းနဲ့မှ... အပြင်ပန်းမှာ သဘောကောင်းပါတယ်ဆိုတဲ့ ခယ်ဒါရွန် ရဲ့ နောက်ကွယ်က တုန်လှုပ်စရာ လျှို့ဝှက်ချက်တွေကို ဂျင်လာ တစ်ယောက် စပြီး သိလာရပါတော့တယ် ဇာတ်လမ်းလေးက လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ကြည့်ရကျိုး နပ်မယ့်ကားလေးကားလေးဖြစ်တဲ့အတွက် အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူအားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်#TheHiddenShadow #thaiseries #2026series #mmsub #blackhole
| 2 | Your Third (2026)
မင်းရဲ့ တတိယလူ (၂၀၂၆)
Ep-7
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ကိုယ့်ရဲ့ ရင်ဘတ်ထဲက မေတ္တာတရားကို အချိန်အကြာကြီး မြတ်နိုးတန်ဖိုးထားခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ကိုယ်ချစ်ရတဲ့သူက သူ့အစ်ကိုနဲ့ လက်ထပ်သွားလို့ အရှုံးနဲ့ရင်ဆိုင်ကာ တောင်ပိုင်းကျွန်းငယ်လေးဆီ အထီးကျန်ဆန်ဆန် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ "ဆမ်" (Sam)... အဲဒီလို ခံစားချက်ဒဏ်ရာတွေနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် ပြန်ုကုစားဖို့ ကြိုးစားနေချိန်မှာပဲ သူ့ရဲ့ခေါင်းမာပြီး အလုပ်ခိုင်းရခက်တဲ့ ညီဖြစ်သူကို အိမ်ပြန်ခေါ်လာဖို့ တာဝန်ပေးခြင်းခံရတဲ့ ထက်မြက်ပြီး လက်တွေ့ကျတဲ့ လက်ထောက်လူငယ်လေး "ဂျမ်" (Jam) အဲဒီကျွန်းပေါ်ကို ရောက်ရှိလာပါတော့တယ်။
တစ်စုံတစ်ယောက်ရဲ့ နှလုံးသားမှာ ဘယ်တော့မှ ပထမနေရာကို မရဘဲ အမြဲတမ်း တတိယလူ (သို့မဟုတ်) နောက်ကျကျန်ရစ်သူ ဖြစ်ခဲ့ရတဲ့ နာကျင်မှုတွေ ကို ကိုင်စွဲထားတဲ့ ဆမ်ရဲ့ဘဝထဲကို ဂျမ်တစ်ယောက် ဝင်ရောက်လာပြီးနောက်မှာတော့... တာဝန်နဲ့စေလွှတ်ခံရတဲ့ ခရီးစဉ်လေးကနေ အစပြုလို့ တစ်ယောက်နဲ့တစ်ယောက် မထင်မှတ်ဘဲ ရင်ခုန်သံချင်း ထပ်တူကျလာပြီး အနာတရဖြစ်နေတဲ့ နှလုံးသားနှစ်စုံ အချင်းချင်း နှစ်သိမ့်ကုစားပေးကြမယ့် ရင်နာစရာကောင်းသလို ရိုမန့်ဆန်လွန်းတဲ့ အချစ်ခရီးလမ်းအစပဲ ဖြစ်ပါတယ်
#YourThird #thaiseries #2026series #mmsub #BL #blackhole | 35 |
| 3 | Lovex3 (2026)
ရင်ခုန်သံအထပ်ထပ် (၂၀၂၆)
Ep-4,15
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဖစ်ဆစ် အဖြစ် Krit Ngamtanakijja
ဖူအန်အဖြစ် Phop Pongphop
ဒင်အဖြစ် Pao Pichitchai
စတားအဖြစ် Tonkla Saharat
အော့အဖြစ် NJ Deeprompt
ချေမီ အဖြစ် Chok Ditheechok
ကျောင်းသားခြောက်ယောက်ဟာ ချစ်ခြင်းမေတ္တာမသင်မနေရသင်တန်းကိုတက်ရောက်ကြပြီး နှလုံးသားရော မိမိကိုယ်ပါ ရင့်ကျက်ကြီးပြင်းမလာသည်အထိ ထင်မှတ်မထားဘဲ ပိုမိုနီးကပ်လာသောအချစ် အမှီလိုက်နိုင်ရန် အပြေးလိုက်ရမဲ့အချစ် ကတိဟောင်းတစ်ခုကို သယ်ဆောင်ပြီး ပြန်လည်ရောက်ရှိလာသောအချစ် စတဲ့သင်ခန်းစာတွေကို လေ့လာသင်ယူဖြတ်ကျော်ရမှာဖြစ်ပါတယ်
သင်ခန်းစာ ၁ : ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေရသော်လည်း သူငယ်ချင်းနဲ့အခြားတစ်ယောက်ကို အောင်သွယ်တော်အဖြစ် ပါဝင်ကူညီပေးခဲ့ရသော အထက်တန်းကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်း
သင်ခန်းစာ ၂ : ကျောင်းရဲ့ချစ်စရာအကောင်းဆုံးဂျူနီယာစတားရဲ့နှလုံးသားနှင့် LINE ID ကို အပိုင်ရအောင်လုပ်ရမဲ့ စီနီယာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌရဲ့အချစ်ဇာတ်လမ်း
သင်ခန်းစာ ၃: ကိုယ့်အစ်ကိုရဲ့အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေမိပြီး ကတိဟောင်းတစ်ခုကို ဖက်တွယ်ထားနေမိတော့ ဂျူနီယာကျောင်းသားလေးတစ်ယောက်ရဲ့ ဆက်စောင့်ရမလား လက်လွှတ်လိုက်ရမလားဆိုတဲ့အချစ်ဇာတ်လမ်း
အချစ်ဇာတ်လမ်း ၃ ခုကိုမှ ဟာသ အချစ် အလွမ်းတွေနဲ့ အပိုင်း ၁၅ ပိုင်းကြီးတောင်ကြည့်ရမှာဖြစ်လို့ Bl ဖန်တွေအနေနဲ့လက်လွှတ်မခံဘဲနဲ့ တနင်္ဂနွေညတိုင်း လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်
#Lovex3 #thaiseries #2026series #mmsub #BL #blackhole | 25 |
| 4 | Keaw Pisdan (2026)
အံ့ဖွယ်ဖန်လုံးတော် (၂၀၂၆)
Ep-28
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
#KeawPisdan #thaiseries #2026series #mmsub #blackhole | 24 |
| 5 | Fill The Beat (2026)
နှလုံးသားရဲ့ စည်းချက်သံ (၂၀၂၆)
Ep-9
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဝင်းအဖြစ် Guitar Sarin
ခီတာအဖြစ် Putter Phubase
ပေါင်ပေ့အဖြစ် Ittoei Jidapa Pholrojpanya
တေးဂီတနဲ့ လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ပုံဖော်ထားတဲ့ Musical ကားဆန်ဆန်ကြည့်ရမဲ့ Fill the Beat (2026) ထိုင်း BL ဇာတ်ကားလေးကတော့ထွက်ရှိလာပြီပဲဖြစ်ပါတယ်
အကနဲ့ တေးဂီတကို ရူးသွပ်ကြပြီး ကိုယ်ပိုင်အကအဖွဲ့တည်ထောင်ပြီး အောင်မြင်မှုကိုရှာဖွေနေကြတဲ့ ထိုင်းလူငယ်တစုအကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်
ခီတာက နိုင်ငံခြားမှာပညာတော်သင်သွားချင်နေတဲ့ ဂီတသီအိုရီကျောင်းသားတယောက်ဖြစ်ပြီးတော့ သူ့အမေကနေ ခီတာကျင့်သားရရန်အတွက် ဂီတတူရိယာအဟောင်းပြိုင်ဆိုင်ဖွင့်ထားပြီး ဂန္ဓဝင်ဂီတကိုကြိုက်တတ်တဲ့ အဘိုးနဲ့နေဖို့ ပို့ခံထားရတဲ့သူဖြစ်ပါတယ်
ခီတာက အစီအစဉ်ကိုဗျူဟာကျကျဆွဲနိုင်သူ "ဝင်း" ငယ်ငယ်ကတည်းကပေါင်းဖူးခဲ့ကြတဲ့ စာဂျပိုး တိတ်ဆိတ်ဆိတ်နေတတ်သူဖြစ်ပေမဲ့ နာမည်ကြီး TikTok အကောင့်ပိုင်ရှင်ဖြစ်တဲ့ "ပေါင်ပေ့"တို့နဲ့ပေါင်းမိသွားကာ ဂီတပြိုင်ပွဲတခုကို ဝင်ပြိုင်ရန်အတွက် "SHHH" တီးတိုင်းတခုကိုဖွဲ့စည်းခဲ့ကြပါတော့တယ်
ခေတ်သစ်လူငယ်များနဲ့လူကြီးတွေရဲ့ ဂီတအပေါ်ခံယူချက်ကွာခြားပုံ ဂီတအမျိုးအစားကြိုက်နှစ်သက်ပုံကွာခြားမှုတွေကို ရင်ဆိုင်ရမဲ့အပြင် မိဘများရဲ့ဖိအားပေးမှုတွေ ကုန်တိုက်ဆောက်လုပ်ကြမဲ့စီးပွားရေးသမားများရဲ့ခြိမ်းခြောက်မှုများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကိုတော့ တနင်္ဂနွေနေ့တိုင်း လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်
#FilltheBeat #thaiseries #2026series #mmsub #BL #blackhole | 22 |
| 6 | Match Point (2026)
ချစ်ခြင်းရဲ့ ဆုံမှတ် (၂၀၂၆)
Ep-7
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဆန်း အဖြစ် Ping Krittanun Aunchananun
ဘေး အဖြစ် Teshow Promsakha Na Sakonnakhon
ဇာတ်လမ်းအကျဉ်း
ဆန်း ဟာ ကျောင်းမှာအရာရာ ပြီးပြည့်စုံလွန်းတဲ့ တင်းနစ်အားကစားသမားတစ်ယောက် ဖြစ်ပြီး၊ ဘေး ကတော့ အနုပညာလိုင်းဘက်မှာ အပျော်တမ်းနေတတ်တဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အဖေတွေဖြစ်ကြတဲ့ ချွန် နဲ့ ဘီ တို့ဟာ ဒင်မ်ဆန်း ဆိုင်ကြီး နှစ်ဆိုင်ကို အပြိုင်အဆိုင် ဖွင့်လှစ်ထားကြပြီး မိသားစုချင်း မတည့်ကြသူတွေပါ။ ဆန်း ရဲ့ မိသားစုက ရှေးရိုးရာ "Sming Phon Fai" ဆိုင်ကို ပိုင်ဆိုင်ပြီး ဘေး ရဲ့ မိသားစုကတော့ "Merlion" ဆိုင်ကို ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။
တစ်ရက်မှာတော့ ဘေး က ဆန်း ကို မကျေနပ်လို့ တင်းနစ်လက်ရွေးစင်ရွေးပွဲမှာ ဝင်ရောက်နှောင့်ယှက်ခဲ့ရာကနေ ဆန်း ဟာဒဏ်ရာရရှိသွားပြီး ပွဲမှာရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပြဿနာကြောင့် ကျောင်းအုပ်ကြီးက နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ဖို့ အမိန့်ထုတ်ခဲ့သလို၊ သူတို့ရဲ့ အဖေနှစ်ယောက်ကလည်း ပြိုင်ပွဲမှာ ရှုံးတဲ့သူရဲ့ ဒင်မ်ဆန်း ဆိုင်ကို အပြီးပိတ်ရမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ပြိုင်ပွဲနေ့ ရောက်ရှိလာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆန်း နဲ့ ဘေး တို့ဟာ ကျောင်းကိုယ်စားပြု အမျိုးသားစုံတွဲ အဖြစ် ပူးပေါင်းယှဉ်ပြိုင်ကြဖို့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီအချက်ကို သူတို့ရဲ့ အဖေတွေကို လျှို့ဝှက်ထားခဲ့ကြပြီး အတူတကွ လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်။
အတူတူ လေ့ကျင့်ရင်း နားလည်မှုတွေတိုးကာ တစ်ယောက်ကိုတစ်ယောက် စိတ်ဖွင့်ပြလာကြတဲ့အခါ ဆန်း နဲ့ ဘေး တို့ဟာ သီးသန့်ကတိတစ်ခု ပြုလုပ်ခဲ့ကြပါတယ်....
"အကယ်၍ သူတို့စုံတွဲချန်ပီယံဆု ရရှိခဲ့ရင်အဖေတွေက သူတို့နှစ်ယောက် တွဲတာကိုခွင့်ပြုရမည်၊ အကယ်၍ ရှုံးနိမ့်ခဲ့ရင် တစ်ယောက်နဲ့တစ်ယောက်ဘဝမှာ နောက်ထပ် ဘယ်တော့မှ မတွေ့ကြတော့ကြေး" ဆိုပြီး ဖြစ်ပါတယ်။
မိသားစုအကြွေးနဲ့ ကိုယ်ပိုင်အချစ်ရေးကြားမှာ ဆန်း နဲ့ ဘေး တို့ ကွင်းထက်မှာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမယ့် Sports Romance ဇာတ်လမ်းလေးကို အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးတော့မှာဖြစ်လို့စောင့်ကြည့်လိုက်ကြရအောင်ရှင့်
#MatchPoint #thaiseries #2026series #mmsub #BL #blackhole | 21 |
| 7 | Fairway of Love (2026)
ဂေါ့ဖ်ကွင်းထဲက အချစ်ပွဲ (၂၀၂၆)
Ep-1
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
နာနာ အဖြစ် Cartoon Kittaya Iemnopmanee
ဝီးနပ် အဖြစ် Ing Tanatcha Devahastin
ဥရောပမှာ Fashion ပညာသင်ကြားနေတဲ့ နာနာ ဟာ မမျှော်လင့်ဘဲ အိမ်ကို အမြန်ပြန်လာခဲ့ရပါတယ်။ အကြောင်းကတော့ သူမရဲ့ဖခင်ပိုင် Golf Course လုပ်ငန်းဟာ အကြီးအကျယ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။
ဒါပေမယ့် နာနာ အတွက် ပိုခက်ခဲတာက Golf ဆိုတာကို လုံးဝမသိတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။
အဲဒီအချိန်မှာ သူမတွေ့ဆုံရသူကတော့ Golf Course ရဲ့ Resident Golf Pro ဖြစ်တဲ့ ဝီးက တစ်ချိန်က အရည်အချင်းအလွန်ကောင်းတဲ့ Golf Pro တစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုတော့ တင်းကျပ်ပြီး စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်အဖြစ် ရှိနေသူပါ။
နာနာ ရဲ့ Golf အကြောင်းမသိမှုတွေက ပရိုဝီး ကို စိတ်ပျက်စေပေမယ့် Golf Course ကို အကျပ်အတည်းကနေ ကယ်တင်ဖို့အတွက် နှစ်ယောက်သား အတူတကွပူးပေါင်းရပါတော့တယ်။
အချင်းချင်းမတည့်တဲ့ စကားများမှုတွေကြားကနေ တဖြည်းဖြည်းနဲ့ နားလည်မှုတွေ ပေါ်လာပြီး... မမျှော်လင့်ထားတဲ့ ချစ်ခြင်းတစ်ခုလည်း စတင်လာပါတယ်။
ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့လမ်းမှာ အတားအဆီးတစ်ခု ရှိနေပါတယ်။
ပြိုင်ဘက် Golf Course က အရည်အချင်းမြင့် Golf Pro တစ်ယောက်ဖြစ်တဲ့
ပရိုဂျင်ရဲ့ ပါဝင်လာမှုကြောင့် နာနာနဲ့ ဝီးတို့ရဲ့ အစီအစဉ်တွေ ပိုမိုရှုပ်ထွေးလာသလို နာနာ ရဲ့ဖခင်ရဲ့ Secretary ဖြစ်ပြီး သူမရဲ့ အနီးကပ်လက်ရုံးတစ်ယောက်အဖြစ် ကူညီပေးဖို့ ရောက်လာတဲ့ ဘယ် နဲ့လည်း မကြာခဏ စကားများမှုတွေ ဖြစ်လာပါတော့တယ်။
Golf Course တစ်ခုကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်...
သူမကို Golf သင်ပေးရင်း နှလုံးသားပါ ပြောင်းလဲလာတဲ့ Golf Pro တစ်ယောက်...
ပြီးတော့ သူတို့နှစ်ယောက်ကြားကို ဝင်ရောက်လာမယ့် ပြိုင်ဘက်တစ်ယောက်...
အချစ်နဲ့ ပြိုင်ဆိုင်မှုကြားမှာ Nana နဲ့ ဝီး တို့ရဲ့ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲ?
Golf ကွင်းပေါ်က စတင်ခဲ့တဲ့ ဆုံတွေ့မှုတစ်ခုက အချစ်ဇာတ်လမ်းတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ... ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း တင်ဆက်ပေးတော့မှာမလို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဉီးရှင်။
#FairwayOfLove #thaiseries #2026series #mmsub #GL #blackhole | 25 |
| 8 | You Maniac (2026)
ရူးမတတ် ချစ်စနက် (၂၀၂၆)
Ep-2
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ယူတို့မောင်လေး williamest ရဲ့ဇာတ်ကားသစ်လေးလာပြီဗျို့
ဒင် အဖြစ် William Jakrapatr Kaewpanpong
မော့ အဖြစ် Est Supha Sangaworawong
ဇာတ်လမ်းအကျဉ်း
ဒင် ဟာ ကြည့်ကောင်း၊ စမတ်ကျပြီး ပါတီပွဲတွေနဲ့ အပျော်အပါးကိုပဲ မက်သူဖြစ်တာကြောင့် ဘယ်သူနဲ့မှ အတည်မတွဲဘဲ လွတ်လွတ်လပ်လပ် နေတတ်သူပါ။
တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူ တန် က ပန် ဆိုတဲ့ကောင်လေးကို လိုက်ချင်ပေမဲ့ ပန် က အနုပညာရှင် မော့ ကို စိတ်ဝင်စားနေတာကြောင့် ဒင် ဆီမှာ အကူအညီလာတောင်းခဲ့ပါတယ်။
တန် ရဲ့တောင်းဆိုမှုကြောင့် ဒင် ဟာ ပန် နားကနေ မို့ ထွက်သွားအောင် မော့ ကို သွားရောက်မြှူဆွယ်ပေးဖို့ တာဝန်ယူလိုက်ပါတယ်။
စစချင်းမှာ သာမန်စနောက် မြှူဆွယ်ရုံပဲလို့ ထင်ထားပေမဲ့ သူ့ကို လုံးဝဂရုမစိုက်ဘဲ အေးစက်လွန်းတဲ့ မော့ ရဲ့ တုံ့ပြန်မှုတွေကြောင့် ဒင် ရဲ့ အနိုင်လိုချင်စိတ်တွေ နိုးထလာခဲ့ပါတယ်။
မော့ ရဲ့ စိတ်ကို ရအောင်ယူဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရင်းကနေ နောက်ဆုံးမှာတော့ အနိုင်လိုချင်ရုံ သာမန်စိန်ခေါ်မှု မဟုတ်တော့ဘဲ မို့ အပေါ် တကယ်ကို ရူးရူးမူးမူး ချစ်မိသွားတဲ့အခါ...
သံယောဇဉ်ကနေ အချစ်စစ်ကိုပြောင်းလဲသွားတဲ့ ပေါ့ပေါ့ပါးပါးရိုမန့်ကားလေးကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုန်းရှင့်
#YouManiac #thaiseries #2026series #mmsub #BL #blackhole | 43 |
| 9 | Mr FanBoy (2026)
မင်းရဲ့ ဖန်ဘွိုင် (၂၀၂၆)
Ep-2
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဝမ်က မင်းသား နိုင်းရဲ့ ရူးရူးမူးမူး Fanboy လေးပေါ့။ နိုင်းကို လိုက်ပုံရိုက်ရင်းနဲ့ နိုင်းနဲ့ တွဲရိုက်နေတဲ့ မင်းသား သီးဒ်နဲ့ ငြိပြီး Sasaeng လို့ အထင်လွဲခံလိုက်ရတာ။
ဒါပေမဲ့ ဘုရားပေးချင်တော့ ဝမ်က နိုင်းနဲ့ သီးဒ်တို့ တွဲရိုက်မယ့် BL ကားမှာ အရံမင်းသားအဖြစ် အရွေးခံရပြီး သရုပ်ဆောင်လောကထဲ ရောက်သွားရော။
ရိုက်ကူးရေးမှာ အစက မတည့်ဘဲ မျက်နှာကြည့်မရတဲ့ သီးဒ်က ဝမ် ဒုက္ခရောက်တိုင်း ဝင်ဝင်ကူညီပေးရင်းနဲ့ အနီးကပ် ရှိလာတယ်။ အဲဒီအချိန်မှာပဲ သူ အသေရူးရတဲ့ Idol နိုင်းရဲ့ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေကိုလည်း သိသွားရတယ်။
အဲဒီတော့ ဝမ်တစ်ယောက် သူအားပေးတဲ့ Idol နဲ့ ဘေးနားမှာ အမြဲရှိပေးတဲ့ သီးဒ်တို့ကြားထဲမှာ ခံစားချက်တွေ ရှုပ်ထွေးပြီး သရုပ်ဆောင်လောကရဲ့ ဒုက္ခတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ကြည့်ရမှာပါ။
#MrFanBoy #thaiseries #2026series #mmsub #BL #blackhole | 36 |
| 10 | The Hidden Shadow (2026)
လရောင်တံတိုင်း (၂၀၂၆)
Ep-21
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ခယ်ဒါရွန် အဖြစ် Tubtim Anyarin Terathananpat
နစ်ချန် အဖြစ် New Wongsakorn Paramatthakorn
ဇာတ်လမ်းအကျဉ်း
ဂျင်လာ ဆိုတဲ့ သတင်းထောက်မလေးဟာ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းရဲ့ အမွေခံဖြစ်သူ ခယ်ဒါရွန် ဆိုတဲ့ အမျိုးသမီးကို အင်တာဗျူးဖို့ သွားခဲ့ရင်း သူ့ဘဝဟာ မမျှော်လင့်တဲ့အပြောင်းအလဲကြီးဖြစ်ခဲ့တယ်
ပြင်ပလူတွေအမြင်မှာတော့ ခယ်ဒါရွန် ဟာ ဂုဏ်သရေရှိပြီး ပညာအရည်အချင်း အဆင့်အတန်းမြင့်မားကာ အလုပ်အကိုင်ရှိပြီး နစ်ချန် လို့ခေါ်တဲ့ ချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ပါရှိတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပေါ့
ဒါပေမဲ့ စီမံကိန်းတစ်ခုကို သွားကြည့်ရင်း ရဟတ်ယာဉ်မတော်တဆမှု ဖြစ်သွားတဲ့အခါမှာတော့ အရာအားလုံး ပြောင်းပြန်ဖြစ်သွားပါတော့တယ်
ဂျင်လာ သတိရလာတဲ့အချိန်မှာ မထင်မှတ်ဘဲ ခယ်ဒါရွန် ရဲ့ ခန္ဓာကိုယ်ဖြစ်နေတာကို သိလိုက်ရတယ် စိတ်ဝိညာဉ်ချင်းလဲတာမျိုး မဟုတ်ဘဲ ခယ်ဒါရွန် ရဲ့ယောက်ျားဖြစ်သူ နစ်ချန် ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတစ်ခုကြောင့် ဖြစ်ပါတယ်
ဂျင်လာ က ဒီလိုဟန်ဆောင်ဖို့ သဘောမတူချင်ပေမဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နေတဲ့ သူ့အဒေါ်ရဲ့ လုံခြုံရေးအတွက်ကြောင့် ခယ်ဒါရွန် ရဲ့ အဘိုးမကွယ်လွန်ခင်အထိ ခယ်ဒါရွန် အဖြစ် ဟန်ဆောင်နေပေးဖို့ သဘောတူလိုက်ရတယ်
ဒီလိုနဲ့ ဟန်ဆောင်နေထိုင်ရင်းနဲ့မှ... အပြင်ပန်းမှာ သဘောကောင်းပါတယ်ဆိုတဲ့ ခယ်ဒါရွန် ရဲ့ နောက်ကွယ်က တုန်လှုပ်စရာ လျှို့ဝှက်ချက်တွေကို ဂျင်လာ တစ်ယောက် စပြီး သိလာရပါတော့တယ်
ဇာတ်လမ်းလေးက လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ကြည့်ရကျိုး နပ်မယ့်ကားလေးကားလေးဖြစ်တဲ့အတွက် အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူအားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်
#TheHiddenShadow #thaiseries #2026series #mmsub #blackhole | 25 |
| 11 | Keaw Pisdan (2026)
အံ့ဖွယ်ဖန်လုံးတော် (၂၀၂၆)
Ep-27
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
#KeawPisdan #thaiseries #2026series #mmsub #blackhole | 24 |
| 12 | Juliet and Juliet (2026)
မေတ္တာဖွဲ့ ဂျူလီယက် (၂၀၂၆)
Ep-1
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
မိသားစုအမုန်းတရားတွေကြားထဲက တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်က ဘယ်လို နိဂုံးချုပ်သွားမှာလဲ..
ဘလူး အဖြစ် Nepjune Nutkitta Poonsukwattana
တိုကီယို အဖြစ် MingMing Kanyakorn Namboonruang
ဇာတ်လမ်းအကျဉ်း
မျိုးရိုးစဉ်ဆက် တာဝန်နဲ့ ဂုဏ်သိက္ခာတွေကို ဦးထိပ်ထားရတဲ့ "မွန်ချိုင်တကွန်" မိသားစုရဲ့ တစ်ဦးတည်းသော သမီးလေး "ဘလူး" တစ်ယောက် နယ်မြို့လေးတစ်မြို့မှာရှိတဲ့ ခရစ်ယာန်ကျောင်းတစ်ခုဆီကို ပြောင်းရွှေ့လာခဲ့ချိန်မှာတော့ သူ့ရဲ့ အေးစက်လှတဲ့ ကမ္ဘာငယ်လေး စတင်လှုပ်ခတ်သွားခဲ့ပါတော့တယ်...
ဒီကျောင်းမှာပဲ "ခုန်ပူရင်"မိသားစုရဲ့ ဩဇာကြီးမားလှတဲ့ "စီအာပို" ရဲ့ သမီးဖြစ်သူ "တိုကီယို" နဲ့ စတင်ဆုံတွေ့ခဲ့ရပြီး မထင်မှတ်ထားတဲ့ သံယောဇဉ်တွေ ငြိတွယ်မိလာခဲ့ကြပါတယ်
ဒါပေမယ့် ဒီချစ်ခြင်းမေတ္တာရဲ့ နောက်ကွယ်မှာတော့ နှစ်ပေါင်းများစွာ တင်းမာနေခဲ့တဲ့ မိသားစုနှစ်စုကြားက အာဏာလုပွဲနဲ့ အငြိုးအတေး အမုန်းတရားတွေက သွေးအေးအေးနဲ့ စောင့်ကြိုနေခဲ့တာ ဖြစ်ပါတယ်...
ရှေးရိုးစွဲ နယ်ပယ်ကြီးရဲ့ တားမြစ်ပိတ်ပင်မှုတွေကြားမှာ အချစ်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ချင်ကြတဲ့ "ဘလူး" နဲ့ "တိုကီယို" တို့ရဲ့ ပတ်သက်မှုက မိသားစုနှစ်စုရဲ့ နံပါတ်တစ် ရန်သူတော်ကြီး ဖြစ်လာတဲ့အခါ...
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို သိရှိသွားပြီး ဖြိုခွင်းဖို့ ကြိုးစားလာတဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ ဖိအားအပြင်..တစ်ဖက်မှာလည်း အကျိုးစီးပွားအတွက် အကွက်ရွှေ့နေတဲ့ အာဏာပိုင်တွေကြားမှာ..သူတို့နှစ်ယောက်ရဲ့ အရှုံးမပေးမယ့် ချစ်ခြင်းမေတ္တာတွေကသာ မျော်လင့်ချက် အလင်းရောင်ဖြစ်နေခဲ့ပါတယ် ..
အဲအတွက် "ရိုမီယိုနဲ့ ဂျူးလီယက်လိုမျိုး အလွမ်းဇာတ်သိမ်းသွားမလား" ဒါမှမဟုတ် "မိသားစုအမုန်းတရားတွေကို ချစ်ခြင်းမေတ္တာက အနိုင်ယူသွားနိုင်မလား" ဆိုတာကိုတော့ အတူတူကြည့်လိုက်ရအောင်။
#JulietandJuliet #thaiseries #2026series #mmsub #GL #blackhole | 24 |
| 13 | Gelboys S2 (2026)
ဂျယ်ဘွိုင်းစ် (၂၀၂၆)
Ep-5
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
#Gelboys #thaiseries #2026series #mmsub #BL #blackhole | 27 |
| 14 | Still Water (2026)
ရေပြင်နှင့်အလောင်းတစ်ရာ (၂၀၂၆)
Ep-5,6,7 ( The End )
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
တိတ်ဆိတ်အေးချမ်းနေတဲ့ ဝါရီဖာ့ဆို့ပ် မြို့ငယ်လေးမှာ အရာအားလုံးက ပုံမှန်အတိုင်းပဲ ထင်ရပေမယ့်… အဲဒီအေးချမ်းမှုရဲ့အောက်မှာတော့ ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက်အမှောင်တွေ ဖုံးကွယ်နေပါတယ်
လွန်ခဲ့တဲ့နှစ်တွေက အမျိုးသမီးတစ်ဦး ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကနေစပြီး မထင်မှတ်ထားတဲ့ လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ် ဖြစ်ရပ်တိုင်းက အတိတ်နဲ့ နည်းနည်းချင်းစီ ဆက်နွယ်နေပြီး ဖုံးကွယ်ထားခဲ့တဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားလာကြတဲ့အခါ…
ဘယ်သူက တရားခံလဲ...
ဘယ်သူက အမှန်တရားကို ဖုံးကွယ်ထားတာလဲ...
နှစ်တွေကြာအောင် မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်က ဘာလဲ....
အေးချမ်းနေတဲ့ ရေပြင်အောက်မှာ ဘာတွေရှိနေမှန်း မသိနိုင်သလို…
ဒီဇာတ်လမ်းတစ်လျှောက်မှာလည်း လျှို့ဝှက်ချက်၊ လူသတ်မှုနဲ့ အတိတ်ရဲ့အမှန်တရား တွေကို တဖြည်းဖြည်းချင်း ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို အတူတူဆက်ကြည့်ကြလိုက်ရအောင်
#StillWater #thaiseries #2026series #mmsub #GL #blackhole | 54 |
| 15 | Man Of Virtue (2026)
သူတော်ကောင်းနှင့်လျှို့ဝှက်မစ်ရှင် (၂၀၂၆)
Ep-25
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဆန်ဆူအက်အဖြစ် Aof Chanapol Sataya
နူနာအဖြစ် PP Phatchaya Phiansamoe
ဘုန်းဘုန်းဆူအာအဖြစ် Tide Ekkapun Bunluerit
ချန်ဆူအက်ဟာ လူမိုက်ဂိုဏ်းတခုက ခိုးယူသွားတဲ့တန်ဖိုးကြီးစိန်တလုံးအား ပြန်လည်ရယူရန်အတွက် တာဝန်ပေးခိုင်းစေခံခဲ့သူဖြစ်ပြီးတော့ အဲဒီစစ်ဆင်ရေးကို ဆောင်ရွက်နေစဉ်အတွင်းမှာပဲ မတော်တဆမှုဖြစ်ခါ တောင်အောက်ကိုပြုတ်ကျသွားပြီး တောင်ခြေမှာရှိတဲ့ဦးဇင်းတပါးဖြစ်သူ ဘုန်းဘုန်းဆူအာရဲ့ ကယ်တင်ပေးတာကိုခံထားခဲ့ရပါတယ်
ချန်ဆူအက်ဟာ မတော်တဆမှုဖြစ်ထားတာကြောင့်အတိတ်မေ့နေခဲ့ပြီးတော့ သူကိုယ်တိုင်ကရဲဆိုတာကိုပါမေ့နေခဲ့ကာ လူမိုက်ဂိုဏ်းများကလည်း သူတို့ခိုးယူလာတဲ့စိန်ကိုပြန်ယူရန်အတွက် ချန်တူအက်ကို အန္တရာယ်လာပေးကပါတော့တယ် ထိုအချိန်မှာပဲ ရဲတပ်ဖွဲ့ကလည်း စိန်တုံးပြန်လည်ရယူရန်စစ်ဆင်ရေးတာဝန်ပေးခံလိုက်ရတဲ့ ချန်ဆူအက်တယောက်ပြန်မလာတဲ့အတွက် စိန်တုံးကို လူမိုက်ဂိုဏ်းဆီကနေရယူကာ အပိုင်သိမ်းသွားပြီလို့ထင်မှတ်နေကြပါတယ်
ချန်ဆူအက်ကို လူမိုက်ဂိုဏ်းတခုက ခဏခဏတိုက်ခိုက်နေကြသဖြင့် စုံထောက်ဖြစ်သူ နူနာနဲ့တိုင်ပင်ကြတာ ရဲစခန်းကိုပဲ တိုင်ကြားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုမျိုး ချန်ဆူအက်ကိုမယုံကြည်တဲ့ရဲဌာနဟာ ဖမ်းဆီးကာစစ်ဆေးမေးပြန်ပါတော့တယ်
အဖမ်းခံရလိုက်တဲ့အခါမှာ နူနာမှ ပြန်လည်လွတ်အောင်အောင်ကူညီပေးလိုက်သဖြင့် လွတ်လာကြသော်လည်း ချန်ဆူအက်နဲ့ နူနာအပြင် ဆရာတော်ဆူအာကိုပါ တန်ဖိုးကြီးစိန်ကိုခိုးယူတယ်လို့ မတရားစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခံလိုက်ပါတော့တယ်
သူတို့သုံးယောက် မတရားဖမ်းဆီးခံရမည့်ဘေးမှ လွတ်မြောက်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုများကြားမှ ထွက်ပြေးတိမ်းရှောင်ကြပုံတွေ အပြစ်မရှိကြောင်းသက်သေပြရန်အတွက် အန္တရာယ်များအကြားမှ သက် သေများကို ရှာဖွေကြပုံ နောက်ကွယ်မှ ကြိုးကိုင်နေသည့် အာဏာရှိသူများနှင့် ရာဇဝတ်ဂိုဏ်းများကို ရင်ဆိုင်ကြပုံတွေကို ဟာသနှောကြည့်ရှုရမှာမလို့ တနင်္လာနေ့မှသောကြာနေ့အထိ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
#ManOfVirtue #thaiseries #2026series #mmsub #blackhole | 58 |
| 16 | Cookie Jarring (2026)
အချစ်အလွမ်းပြေ (၂၀၂၆)
Ep-1
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဂျစ် ဆိုတဲ့ ဇနီးသည်က သူ့ရဲ့ခင်ပွန်းဖြစ်သူ ခွန်ခေါ ကို သစ္စာရှိပြီး နွေးထွေးတဲ့မိသားစုဘဝလေးကို အတူတူ တည်ဆောက်ခဲ့ကြတယ်လို့ ယုံကြည်ထားခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူဟာ သူတို့နှစ်ယောက် ပေါင်းသင်းလာတဲ့အချိန်တွေတစ်လျှောက်လုံးမှာ အမျိုးသမီးအများကြီးနဲ့ တိတ်တဆိတ် ဖောက်ပြန်ပျော်ပါးနေခဲ့တယ်ဆိုတဲ့ အမှန်တရားကြီးကို သိလိုက်ရတဲ့အခါမှာတော့ အလွန်အမင်း ထိတ်လန့်ဝမ်းနည်းသွားခဲ့ရပါတယ်။
သွားစရာနေရာလည်း မရှိတော့သလို သမီးလေးအတွက်ပါ စဉ်းစားပြီး သစ္စာဖောက်ထားတဲ့ ခင်ပွန်းသည်နဲ့ပဲ ဆက်ပြီး မဖြစ်မနေ နေထိုင်နေရချိန်မှာမှ ခွန်ခေါ က အိုင့် ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ထပ်ပြီး ဆုံတွေ့သွားပါတယ်။ အဲဒီမိန်းကလေးကို အရမ်းကြီး စွဲလမ်းသွားပြီး ဇနီးရှိနေလျက်နဲ့ကို နောက်ထပ် လက်ထပ်ပွဲတစ်ခုအထိပါ ကြံစည်လုပ်ဆောင်လာတဲ့အခါမှာတော့ ဂျစ်တစ်ယောက် ဘယ်လောက်အထိ သည်းခံနိုင်ဦးမလဲ၊ ပြီးတော့ ဝင်လာတဲ့မိန်းကလေးကော သူ့မှာ မိန်းမနဲ့ ကလေးရှိနေမှန်း သိသွားတဲ့အခါ ဘယ်လိုဆက်လုပ်မလဲဆိုတာတွေကို အတူတူ ကြည့်လိုက်ရအောင်နော်
#CookieJarring #thaiseries #2026series #mmsub #blackhole | 38 |
| 17 | Dont Be Too Emotional ( 2026)
နှလုံးသားကို အရှုံးမပေးနဲ့ (၂၀၂၆)
Ep-11
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
မှော်ဆန်ဆန် လျှို့ဝှက်ချက်တွေ ဖုံးလွှမ်းနေတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ အရိပ်မှောင်ထဲမှာ... လူတွေလိုချင်တဲ့ အလိုရမ္မတ်မှန်သမျှကို ကြီးမားတဲ့ ပေးဆပ်မှုတစ်ခုခုနဲ့ လဲလှယ်ပြီး ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းရှိသူ၊ ဆွဲဆောင်မှုပြင်းပြီး နားလည်ရခက်တဲ့ လူငယ်လေး ဂျိန်း ပတ်ထရစ် (Jane Patrick) ရှိနေပါတယ်။ လူတိုင်းက သူ့ကို အန္တရာယ်ကောင်လို ကြောက်ရွံ့ပြီး ဝေးဝေးကရှောင်ကြပေမဲ့၊ မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့ ချဉ်းကပ်လာခဲ့သူကတော့ ချောမောထက်မြက်တဲ့ ဘောလုံးသမားလေး ဂျင်နာလီ (Jennalee) ပဲ ဖြစ်ပါတယ်။
အများအမြင်မှာ အေးစက်လှတဲ့ ဂျိန်း ပတ်ထရစ် ရဲ့ ရင်ထဲက နူးညံ့မှုကို တစ်ဦးတည်းသောသူအဖြစ် မြင်တွေ့ခွင့်ရလာတဲ့ ဂျင်နာလီ တစ်ယောက် သူတို့နှစ်ဦးကြားက သံယောဇဉ် နက်ရှိုင်းလာတာနဲ့အမျှ... အသက်ရှူမှားလောက်မယ့် စုန်းပြာပုဏ္ဏားဆန်တဲ့ အချစ်၊ အမုန်း၊ အန္တရာယ်တွေကြားထဲ တားဆီးမရဘဲ တိုးဝင်မိရင်း ကြီးမားတဲ့ သဘာဝလွန် လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်သွားကြမယ့် အချစ်မိုးမှောင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
#DontBeTooEmotional #thaiseries #2026series #mmsub #BL #blackhole | 34 |
| 18 | An Affair Of Life (2026)
မုန်တိုင်းထန်သောဘဝခရီး (၂၀၂၆)
Ep-9,10
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ထိုင်းစီးရီး An Affair of Life ဇာတ်လမ်းကတော့ မိသားစုဘဝ၊ အချစ်ရေး၊ မျှော်လင့်ချက်ပျက်ဆုံးရမှုတွေနဲ့ ခက်ခဲတဲ့ဘဝစမ်းသပ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ကြေကွဲစရာနဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို အဓိကထား ရိုက်ကူးထားပြီး၊ ဘဝရဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့လာရတဲ့အခါ လူသားတွေရဲ့ ခံစားချက်၊ ရုန်းကန်မှုနဲ့ အချိန်တန်ရင် အရာရာဟာ နောက်ကြောင်းပြန်လှည့်လို့မရဘဲ အကုန်လွန်မြောက်သွားတတ်တယ်ဆိုတဲ့ သဘောတရားကို ပုံဖော်တင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
#AnAffairOfLife #thaiseries #2026series #mmsub #blackhole | 30 |
| 19 | Make It Right (2026)
အချစ်လမ်းစ (၂၀၂၆)
Ep-8
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
အဆင်လည်းငမ်းရင်း ဆယ်ကျော်သက်ဘဝလေးကိုအဝအပြည့်ခံစားရမဲ့ဇာတ်ကားကောင်းလေးလာပါပြီ..
Main Role တွေအနေနဲ့
ဖျူး အဖြစ် Boongkee Surasee Manoonpanich
ထီ အဖြစ် Prommy Poonyawee Suwanvaree
ဖရိန်း အဖြစ် Shane Thanatpong Thaveesapmanee
ဘွတ် အဖြစ် PeemKrit Krittapas Panitpongsathorn
ဒါ့အပြင် Support Role တွေရော Guest Role တွေရောအများကြီးပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်း
ဖျူး ဟာ သူ့ရည်းစား ဂျင် ဖောက်ပြန်နေတာကို မြင်လိုက်ရပြီးနောက် နှလုံးသားကွဲအက်ကာ စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီလိုနဲ့ စိတ်ညစ်ညစ်နဲ့ အရက်မူးနေတဲ့ ညတစ်ညမှာ ကျောင်းက နာမည်ကြီးပြီး ရုပ်ချောတဲ့ ကောင်လေး ထီ နဲ့ မထင်မှတ်ဘဲအတူရှိခဲ့ကြပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကသူငယ်ချင်းအဆင့်ထက် ပိုသွားခဲ့ပါတယ်။
ထီ က ဖျူး အပေါ် တကယ်မြတ်နိုးတဲ့ အချစ်တွေ ရှိလာခဲ့ပေမဲ့ ဖျူး ကတော့ အတိတ်က ရည်းစားဟောင်းကို အပြတ်မဖြတ်နိုင်သေးဘဲ ဝေခွဲမရဖြစ်နေတာကြောင့် သူတို့နှစ်ယောက်ကြားမှာ သံသယနဲ့ နာကျင်မှုတွေ ရှိလာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ လူဆိုးလေး ဖရိန်း က စံပြကျောင်းသားနဲ့ အတန်းခေါင်းဆောင်ဖြစ်တဲ့ ဘွတ် ရဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အမှားတစ်ခုကနေ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးပြီး ဖုံးကွယ်ထားစရာမလိုတဲ့ စစ်မှန်တဲ့အချစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။
အခြားတစ်ဖက်မှာလည်း ဖျူး ကို အမြဲအားကျအတုယူရတဲ့ ညီလေး ရော့ထန် နဲ့ ကျောင်းရဲ့ အကအဖွဲ့ခေါင်းဆောင် နိုင်း တို့ဟာ အပြန်အလှန် ရန်ဖြစ်စနောက်ရာကနေ ရိုးသားဖြူစင်တဲ့ အချစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသလို ဖျူး ရဲ့ သူငယ်ချင်း လွတ်မို ကလည်း အခြားကျောင်းက အကအဖွဲ့ခေါင်းဆောင်ကောင်လေး ယော့ နဲ့ ရေမြေခြား ချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပန်းခြံလေးထဲမှာ ပျိုးထောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ဖျူး ရဲ့ အစ်မဖြစ်သူ ဖင်း ကလည်း သူမအပေါ် ရိုးရိုးသားသားနဲ့ အချစ်ကို ဖွင့်ပြောလာတဲ့ ညီမလေး ရိုင်မိုင် ကြောင့် နှလုံးသား တံခါးပွင့်သွားခဲ့ပါတယ်
ဒီလိုဆယ်ကျော်သက်အရွယ်ရဲ့ ချစ်ခြင်း မုန်းခြင်း သဝန်တိုမှုတွေ နာကျင်မှုတွေကိုအဆင်တွေလည်းငမ်းရင်း အပြည့်အဝခံစားရမဲ့ဇာတ်ကားလေးကို တင်ဆက်ပေးနေပြီဖြစ်လို့အခုပဲ ကြည့်ရှုလိုက်ရအောင်ဗျို့
#MakeItRight #thaiseries #2026series #mmsub #BL #blackhole | 31 |
| 20 | Class Crush Crisis (2026)
အတန်းထဲက အချစ်ပြဿနာ (၂၀၂၆)
Ep-7
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
လီအစ်အဖြစ် Yujeen Aeiyapol Lekpittaya
ဖတ်တာအဖြစ်
Yugene Yannawat Intarapaen
လီအစ်ရဲ့ အကြီးမားဆုံး အိမ်မက်ကတော့ အမိုက်စား Indie Rock အဆိုတော်တယောက်ဖြစ်လာဖို့ပါ ဒါပေမဲ့ စာမကြိုးစားဘဲ ဂီတကိုပဲရူးသွပ်နေခဲ့တာကြောင့် အမေဖြစ်သူက သူ့ကို တနိုင်ငံလုံးရဲ့စည်းကမ်းအကြီးဆုံးကျောင်းတွေထဲကတကျောင်းကို ပို့လိုက်ပါတော့တယ် အဲဒီကျောင်းဟာ ဒီနှစ်မှကျောင်းသားတွေကို ပထမဆုံးအကြိမ် စတင်လက်ခံတာ ဖြစ်နေခဲ့ပါတယ်
မိန်းကလေးတွေနဲ့ ပြည့်နှက်နေတဲ့ ကျောင်းသစ်ကြီးမှာ ပထမဆုံးအကြိမ် တက်ရောက်ရတဲ့ လီအစ်ဟာ အချစ်ရေးကိစ္စတွေကြောင့် သူငယ်ချင်းသံယောဇဉ်ကို ဖျက်စီးမိမှာစိုးပြီး အချစ်ရေးနဲ့ ပတ်သက်ရင် ပြဿနာမတက်စေဖို့အတွက် "ကျောင်းမှာ ဘယ်တော့မှ ရည်းစားမထားရ" ဆိုတဲ့ စည်းမျဉ်းတစ်ခုကို ချမှတ်ထားပါတယ်
ဒါပေမဲ့ ကျောင်းရောက်ပြီးမကြာခင်မှာပဲ စာဂျပိုး ဖတ်တာနဲ့ အဆောင်တခန်းတည်းအတူနေရကာ တယောက်နဲ့တယောက်အဆင်မပြေတွေဖြစ်ခဲ့ကြပါတယ် ဒါပေမဲ့လည်း မတည့်အတူနေမမြင်ချောင်းကြည့်ဆိုတဲ့စကားအတိုင်း တယောက်နဲ့တယောက် မတူညီတဲ့စရိုက်တွေကြောင့် စကားများမှုတွေရှိခဲ့ပေမဲ့ အိုးချင်းထားအိုးချင်းထိဆိုသလို တခန်းတည်းတူတူနေထိုင်လာကြရင်းနဲ့မှ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်ဟာ မသိမသာတွယ်လာခဲ့ကြပါတယ်
ဒီလိုနဲ့ ရင်းနှီးမှုတွေ တိုးလာချိန်မှာတော့ လီအစ်တစ်ယောက် သူကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ဆက်ထိန်းထားနိုင်မလား ဒါမှမဟုတ် နှလုံးသားရဲ့ စိန်ခေါ်မှုကိုပဲ လက်ခံလိုက်မလားဆိုတာကို ဟာသဆန်ဆန် ရိုမန်တစ်ဆန်ဆန် ကြည့်ရှုရမယ့် ကျောင်းသားအချစ်ဇာတ်လမ်းလေးမလို့ သောကြာနေ့ညတိုင်း Ash Channel မှာလာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်
#ClassCrushCrisis #thaiseries #2026series #mmsub #BL #blackhole | 29 |
