en
Feedback
Dan's Diary

Dan's Diary

Open in Telegram

skincare enthusiast | skincare hoarder | skin expert

Show more
2 454
Subscribers
No data24 hours
-77 days
-4730 days
Posts Archive
purito က serum နှစ်ခုအသစ်ထပ်ထွက်တယ်တော်တော်လှပါတယ်🫠 ခရမ်းရောင် retinol retinal 2000 NAD+ serum လေးက retinoids ဖန်တွေဆို reti
purito က serum နှစ်ခုအသစ်ထပ်ထွက်တယ်တော်တော်လှပါတယ်🫠 ခရမ်းရောင် retinol retinal 2000 NAD+ serum လေးက retinoids ဖန်တွေဆို retinol 0.1% နဲ့ retinal 0.1% နဲ့ NAD+ ရောထားတာလေးမလို့သဘောကျကျမယ်၊ မပြင်းမပျော့ပမာဏလေး။ multi PDRN collagen EGF serum လေးကတော့ပန်းရောင်လေးနဲ့အရမ်းလှတာပဲအပြင်မှာအလှဆုံးပဲ၊ shake ကြည့်တာအရည်လေးလဲကျဲတယ်။ နှစ်ခုစလုံးက bi-phase formula နဲ့မလို့အရှေ့က azelaic acid 10 kojic tea tree serum နဲ့ txa 6 niacinamide 10 retinal serum နဲ့ပုံစံအတူတူပဲ။

ရေဆေးချရအလွယ်ဆုံး morning cleanser များ ဆေးချရခက်ပြီးချွဲချွဲကြီးဖြစ်နေတာမပြောင်သလို greasy feeling ဖြစ်တာကိုမကြိုက်တဲ့သူတွေအတွက်ဒီထဲက morning gentle cleanser လေးတွေကိုအတော်ကြိုက်မှာပါ။ residue မချန်သလောက်ကိုမှဆေးချရလွယ်ပြီးအမြှုပ်လဲထလို့သစ်ရတာအတော်ကောင်းပါတယ်။ deep cleansing foam တွေလိုလုံးဝပြောင်ရှင်းပြီးမချန်တာတော့မဟုတ်ဘူးနော်မချန်ရင် pH balanced cleanser တွေမဟုတ်တော့လို့ပါ။ အိအိလေးတော့ကျန်ကြပါတယ်။ အားလုံးက moisturizing level နည်းပြီး cleansing power သင့်တာကြောင့်စိုစိုအိအိ moisturizing cleanser တွေနဲ့မှပြေတဲ့ dry to very dry skin တွေကလွဲရင် skin condition အကုန်လုံးကိုသုံးနိုင်ပါတယ်။ အနည်းငယ်ထပ်ခွဲရရင်တော့ isntree, round lab, b.lab, hyggee နဲ့ mediheal တို့က ​acne-prone lovely ပိုဖြစ်ပြီး scinic နဲ့ beauty of joseon ကတော့ရိုးရိုးရှင်းရှင်း cleansing အသားပေးလေးမလို့ gentle cleansing ကိုပဲဦးစားပေးတဲ့သူတွေပိုသဘောကျကြမှာပါ။ စာကြွင်း : ဆပ်ပြာပါသော product များသည်ရေ ငန်တာ၊ ထုံးပါတာ၊ နောက်တာ၊ chlorine ပါတာများအပေါ်မူတည်ပြီးပြောင်စင်အောင်ဆေးချတဲ့နေရာမှာအနည်းငယ်ကွာခြားနိုင်ပါသည်။ #dansdiary #dansmorningcleanser #danscleanser

photo content
+6

korean sunscreen လို့ပြောလိုက်တာနဲ့လှည့်ကြည့်စရာမလိုအောင်စိတ်ချရတာက SPF-expert kolmar ကထုတ်တဲ့ sunscreen တွေပါ။ kolmar ကလုံးဝကိုနာမည်ပျက်မရှိတဲ့အပြင် sunscreen ဆိုနာမည်ကြီး k beauty brand တိုင်းကသူ့စီမှာထုတ်ကြတာများပြီး SPF ရဲ့တိကျမှန်ကန်မှု (SPF integrity) အတွက်တစ်ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုခံထားရပြီး korea ရဲ့ SPF မှာ no.1 လို့သတ်မှတ်ခံထားရတဲ့ s-tier ထုတ်လုပ်သူပါ။ ပုံပါအတိုင်းနာမည်ကြီးပါတယ်ဆိုတဲ့ boj, round lab, skin 1004 အပြင်နာမည်ကြီးပါတယ်ဆိုတဲ့ brand တိုင်းကသူ့စီမှာပဲထုတ်ကြတဲ့အထိကိုသူရဲ့ branding ကမြင့်ပါတယ်။ kolmar ပဲလားဆိုရင်တော့မဟုတ်ပါဘူး။ တခြား cosmax, cosmecca, coreana, hankook, etc... တို့လိုနာမည်မြင်တာနဲ့စိတ်ချရတဲ့ top-tire ထုတ်လုပ်သူတွေလဲအများကြီးရှိပါသေးတယ်။ ဒါက k-beauty ရဲ့တင်းကျပ်တဲ့စည်းမျဉ်းတွေ၊ ကြီးမားတဲ့ k-beauty impact နဲ့သူတို့တည်ဆောက်ထားတဲ့ branding တွေကြောင့်ယုံကြည်စိတ်ချရမှုပါ။ ပုံကတော့ dan" ဆီမှာရှိတဲ့ kolmar ကထုတ်တဲ့ sunscreen တချို့ကိုမြင်သာအောင်ပြတာပါ။ kolmar လက်ရာ sunscreen တွေက k-beauty junkies တွေနဲ့မလွတ်ကိုမလွတ်တာဖြစ်လို့ပုံထဲကသူ့လက်ရာထဲဘာလေးအကြိုက်ဆုံးလဲ?👀 #dansdiary #dansoriginallabnotes #onlyondansdiary #dansuvprotection #danssunscreen

photo content

summer special အနေနဲ့ဒီထဲက lotion တစ်ခုခုသိချင်တာလေးတွေရှိရင်ပြောခဲ့နော်။ အများဆုံးတစ်ခုကို dan" ဖောက်သုံးပြီးပြန်လာပြောပါ့မယ
summer special အနေနဲ့ဒီထဲက lotion တစ်ခုခုသိချင်တာလေးတွေရှိရင်ပြောခဲ့နော်။ အများဆုံးတစ်ခုကို dan" ဖောက်သုံးပြီးပြန်လာပြောပါ့မယ်။ တစ်ခုပဲနော်တစ်ခုပဲ။ အားလုံးစမ်းပေးပါဆိုတာတွေမရပါ🤪

နေလောင်တာအမြန်ဆုံးသက်သာဖို့ intensive body care routine လေးပါ။ နေလောင်ထားတဲ့သူတွေအနေနဲ့သက်သာဖို့ကပထမတစ်ပတ်မှာနေထပ်မလောင်အောင်ကာကွယ်ဖို့ morning lotion (spf lotion) ကိုသေချာလိမ်းဖို့ကအဓိကဖြစ်ပြီးနေလောင်ထားတဲ့အသားအရေကိုပြန်လည်ကုသဖို့အတွက် night lotion (nourishing) လေးကိုညဘက်သေချာလူးပေးတာက skin ကိုအမြန်ဆုံးနေလောင်တာကသက်သာပြီးအသားအရေကိုမြန်မြန်ပြန်နူးညံ့စေမှာပါ။ step 1 နဲ့ step 2 ကိုတစ်ပတ်အရင်သုံးပါ။ တစ်ပတ်ကျော်လာပြီဆိုရင်တော့ညဘက်မှာ step 3 (night lotion : whitening) လိမ်းပြီး step 2 (night lotion : nourishing) ကိုထပ်လိမ်းကာ skin tone whitening အတွက်စပြီး treating လုပ်နိုင်ပါပြီ။ step 3 မလိမ်းတဲ့ရက်တစ်ပတ်နှစ်ကြိမ်လောက်ညမှာ step 4 (exfoliation) + step 2 သုံးပေးပြီးဆဲလ်သေတွေကိုနူးညံ့စွာဖယ်ပေးပြီး nourishing လုပ်တာကအသားအရေကိုအမြန်ဆုံးပြန်ညီလင်းပြီးပြန်နူးညံ့လာစေပါလိမ့်မယ်။ step 5 ကတော့အသားကိုမျက်နှာရောခန္ဓာကိုယ်ပါတစ်ကိုယ်လုံးမြန်မြန်ဖြူချင်တယ်မြန်မြန်ပြန်ညီချင်တယ်ဆိုတဲ့သူတွေအတွက်ဖြူပြီးလင်းစေတဲ့ glutathione 1200mg + vitamin c 100mg ပါတဲ့ korea ရဲ့ s-tier supplement brand ဖြစ်တဲ့ bb lab က supplement ပါ။ သူကမနက်နိုးနိုးချင်းသောက်ပေးရပါမယ်။ စာကြွင်း : step 1, 2, 3, 4, 5 မှာ 4 ကလွဲရင် dan" detailed review ရေးထားတာလေးတွေအားလုံးရှိလို့ရှာဖတ်လို့ရပါတယ်။ #dansdiary #dansbodycare #dansunburncare

photo content

အရည်အသွေးစိတ်ချရသော cleanser အမျိုးအစား 100 {thingyan edition} ဒီနေ့ကတော့ thingyan 100 edition ရဲ့နောက်ဆုံး edition ဖြစ်တဲ့ cleanser လေးတွေဖြစ်ပါတယ်။ cleanser တွေကတော့ dan" တတ်နိုင်သလောက် skin condition မျိုးစုံနဲ့အဆင်ပြေနိုင်တာလေးတွေကိုရွေးချယ်ထားပါတယ်။ ပုံ 2 နဲ့ 3 က salicylic acid ပါတဲ့ night cleanser လေးတွေရှာနေတဲ့သူတွေအတွက်ဖြစ်ပြီး၊ ပုံ 3 ကတော့ morning cleanser ရှာနေတဲ့သူတွေ၊ ပုံ 4 ကတော့ moisturizing cleanser ရှာနေတဲ့သူတွေ၊ ပုံ 5, 6, 7 ကတော့ရိုးရိုးရှင်းရှင်း cleansing အသားပေးကိုရှာနေတဲ့သူတွေအတွက်ဖြစ်ပြီး ပုံ 9 နဲ့ 10 ကတော့ double cleansing အတွက် 1st cleanser ကို water နဲ့ oil cleanser လေးတွေဖြစ်ပါတယ်။ no. အမည်းလေးတွေထဲကသိချင်တာရှိရင်မေးခဲ့နိုင်ပါတယ်။အစိမ်းလေးတွေကတော့ dan" မဖောက်ရသေးတာဖြစ်လို့သုံးပြီးမှသိရတဲ့ info တွေနဲ့ပတ်သက်ပြီးဘာမှမပြောပေးတတ်သေးလို့ပါ။ စာကြွင်း : ကိန်းဂဏန်း 100 အတိနှင့်ဖြစ်အောင်တင်သောကြောင့် dan" စီမှာရှိသမျှ cleanser များအားလုံးမပါဝင်ပါ။ #dansdiary #danscleanser #dansfacialfoam #danscleansingwater #dansguaranteecleanser

photo content
+9

စိတ်ချယုံကြည်ရတဲ့ moisturizer အမျိုးအစား 100 {thingyan edition} ဒီ moisturizer အမျိုးအစား 100 ကတော့အရည်အသွေးပြည့်မှီပြီးဘေးအန္တရာယ်ဖြစ်စေမယ့်ပါဝင်ပစ္စည်းတွေလုံးဝလုံးဝမပါတဲ့အမျိုးအစားတွေပဲဖြစ်ပါတယ်။ moisturizer တွေကတော့ကိုယ့်ရဲ့လက်ရှိ skin conditions (လက်ရှိ skin type + လက်ရှိ skin concern) တို့အပေါ်မူတည်ပြီးရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါမှသာသိသာကောင်းမွန်တဲ့ result ရမှာပါ။ တစ်ခုရှိတာကတော့ဒီ 100 ထဲမှာ no.အစိမ်းလေးတွေဟာ dan" မဖောက်ရသေးတာလေးတွေဖြစ်လို့ moisturizer ရဲ့ယုံကြည်စိတ်ချရမှုနဲ့ပါဝင်ပစ္စည်းရှင်းလင်းမှုတို့ကိုသာအရင်ကြည့်ပြီးမျက်စိအစာကျွေးလို့ရအောင်သာထည့်သွင်းထားတာဖြစ်ပါတယ်။ ဘယ်လိုပဲယုံကြည်စိတ်ချရပြီးပါဝင်ပစ္စည်းရှင်းလင်းပါစေမလိမ်းရသေးခင်အထိ actual result ဟာ proven data တွေနဲ့တူလားဆိုတာမသိရသေးလို့တိကျတဲ့အကြောင်းအရာတွေတော့မပါဝင်လို့အစိမ်းလေးတွေကို dan" ဘာမှမပြောပေးတတ်သေးပါဘူး။ no. အမည်းလေးတွေထဲကသိချင်တာလေးတွေရှိရင်တော့ dan" ကိုမေးခဲ့နိုင်ပါတယ်။ စာကြွင်း : 100 ကိန်းဂဏန်းနှင့်ကွက်တိဖြစ်အောင်တင်သောကြောင့် dan" စီရှိသမျှ moisturizer များအကုန်ပါဝင်ခြင်းမရှိပါ။ #dansdiary #dansmoisturizer #dansguaranteemoisturizer

photo content
+9

SPF စိတ်ချရသော sunscreen အမျိုးအစား 100 {thingyan edition} သင်္ကြန်နဲ့နွေရာသီအထူးအနေနဲ့နေပူပူမှာနေမလောင်အောင် SPF ပြည့် qualified sunscreen 100 အပြင် moisturizer 100 နဲ့ cleanser 100 ကိုသင်္ကြန်တွင်းကာလများမှာအပျင်းပြေကြည့်နိုင်အောင် dan" တင်သွားဖို့ရှိပါတယ်။ အရင်ကလဲ 100 စီတင်ဖူးပေမယ့်ဒီ version ကတော့ thingyan edition ဖြစ်ပြီးအရင်ကမပါတဲ့ sunscreen တွေအပြင်ဖောက်သုံးထားတဲ့ update တွေလဲအများကြီးဖြစ်သွားပါမယ်။ ပါဝင်တဲ့ sunscreen တွေအကုန်လုံးဟာ korea ရဲ့ 2021 nowcos ရဲ့ sunscreen ဂယက်အပြီးမှာပိုမိုတင်းကျပ်လာတဲ့စည်းမျဉ်းတွေနဲ့ထုတ်ထားတာတွေဖြစ်တဲ့အပြင်နာမည်ပျက်မရှိတဲ့ကမ္ဘာ့အဆင့်မှီထိပ်တန်းထုတ်လုပ်သူများစွာထုတ်ထားတဲ့ sunscreen တွေအများစုဖြစ်လို့ SPF အပိုင်းမှာမျက်စိမှိတ်ရွေးလို့ရနိုင်ပါတယ်။ ဒီ 100 ထဲကအသုံးမပြုရသေးတာလေးတွေကိုတော့ no. ကိုအစိမ်းရောင်နဲ့ပြထားပြီး အနီကိုတော့မကြိုက်တာမတည့်တာအဆင်မပြေတော့တာအတွက် dan" သုံးထားပါတယ်။ no. အမည်းလေးတွေကတော့သုံးပြီးသားဖြစ်လို့ no. ကိုပြောပြီးမေးမြန်းနိုင်ပါတယ်။ စာကြွင်း - 100 ကိန်းဂဏန်းအတိနှင့်တင်တာဖြစ်သောကြောင့် dan" စီမှာရှိသမျှ sunscreen များအကုန်ပါဝင်ခြင်းမရှိပါ။ #dansdiary #danssunscreen #dansuvprotection #dansguaranteesunscreen

photo content
+9

ဆိုတော့လူမှာစစ်ဆေးတဲ့ in-vivo test အရရလာမယ့် result ပေါ်မူတည်ပြီးနောက်ဆုံး batch ဟာ spf ကိန်းညွှန်းပြည့်တယ်ဆိုကျေနပ်စရာပေမယ့်လက်တွေ့ဖြစ်လာမယ်ဆိုပေမယ့် real world result တွေအရတော့တောက်လျှောက်တကယ်ကိုနေလောင်တာတွေအမြောက်အမြားတွေ့ရှိတာကြောင့် in-vivo test စစ်ဆေးထားတဲ့ latest version result နဲ့အရှေ့ version နှစ်ခုကြားမှာကွာဟမှုလေးတွေရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုဘာလို့ပြောရတာလဲဆိုရင်တော့ bao bao skin ကထုတ်တဲ့ sunscreen batch သုံးခုဟာဆိုရင်ပထမ 30ml နဲ့ဒုတိယ 50ml မှာ labelling မှားယွင်းနေခြင်းကြောင့်သုံးစွဲသုံးတိုင်းဟာသေချာအတည်ပြုမရခြင်းနဲ့နောက်ဆုံး batch မှာဆိုရင်လဲသူတို့ဖော်ပြထားတဲ့ thai FDA list ပုံထဲက inci list နဲ့မတူပဲ packaging မှာအနည်းငယ်ထပ်ပြောင်းလဲနေတာကြောင့်ပါ။ ယခင်အပိုင်း ၁ နဲ့ယခုအပိုင်း ၂ က dan" စီမှာရှိတဲ့ဗူးကိုအခြေခံကာအခုနောက်ဆုံးထွက်အသစ် version ရဲ့ info နဲ့ brand ကပေးပို့တဲ့ document တွေအပြင်ထိုင်းစက်ရုံကတာဝန်ရှိသူနဲ့ပါတိုက်ရိုက်သေချာအမြောက်အမြားပြောကြားပြီးနောက်သိပ္ပံရှူထောင့်ကနေလက်တွေ့ကျကျရလာတဲ့ final update လေးဖြစ်ပါတယ်။ အစထဲက brand founder နဲ့ရော sunscreen ကိုတစ်ဆင့်ထုတ်ပေးတဲ့ group နဲ့ရောချစ်ခြင်းမုန်းခြင်းမရှိပဲစားသုံးသူရှုထောင့် (consumer pov) ကနေသုံးသပ်ခံစားထောက်ပြခဲ့တာဖြစ်ပြီး brand ရဲ့ဖြေရှင်းမှုကိုစောင့်နေကြောင်းပြောထားခဲ့တာဖြစ်လို့အခုလိုသက်ဆိုင်ရာ brand ဖက်ကဂရုတစိုက် public မှာတာဝန်ယူဖြေရှင်းလာတာဟာကျေနပ်စရာကိစ္စပါပဲ။ user feedback အစစ်တွေလဲအမြောက်အမြားထွက်ပေါ်လာတာဖြစ်လို့ brand အနေနဲ့လဲအနာဂတ်မှာ branding ပိုကောင်းလာဖို့အများကြီး focus လုပ်သွားနိုင်ဖို့အထောက်အကူဖြစ်လိမ့်မယ်လို့ dan" မြင်မိပါတယ်။ latest version ရဲ့ in-vivo test ကတော့ 2-3 လအကြာ brand ဘက်က result ပြနိုင်ပါတယ်။ dan" ရဲ့ pov အခန်းကဏ္ဍကတော့ဒီမှာတင်ရပ်နားပါပြီ။ Your skintionary, Dan.

မနည်းမနောလာမေးကြတဲ့ bao bao skin watery sun essence ရဲ့အပိုင်း ၂ ဇာတ်သိမ်းပိုင်းဖြစ်ပါတယ်။ ပထမဆုံးကတော့သူ့တို့ရဲ့ first version ဗူးက dan" စီမှာရှိနေတဲ့ဟာပါ။ အရင်တစ်ခါပုံမှာတင်ခဲ့အတိုင်းပါပဲ။ အဲထဲမှာဆိုရင် ingredient 17 မျိုးနဲ့ physical filters တွေဗူးက inci မှာလုံးဝမပါဝင်ကြောင်းပြောခဲ့သလိုအဲလို 2 batch 50ml version အထိမှားတာကိုလဲ quality control ညံ့သွားပါတယ်လို့သူတို့ထုတ်တဲ့ထိုင်းစက်ရုံဘက်ကတာဝန်ရှိသူကသူတို့အမှားဖြစ်ကြောင်းအတိအလင်းလာဝန်ခံပြီးဖြစ်ပါတယ်။ နောက်တစ်ချက်က hybrid လို့ claimed လုပ်ထားပေမယ့် lastest batch ထိတိုင်သူတို့က SunCAT MTA ဆိုတဲ့ coating ကိုပဲသုံးပြီး physical filter အနည်းငယ်ပါတာကို hybrid-like မလို့ဆိုပြီးပြောတာဖြစ်ကြောင်းသိရပါတယ်။ လက်တွေ့မှာက SunCAT MTA ဆိုတာက uv filter ကိုအာနိသင်တည်ငြိမ်ကောင်းမွန်အောင် coating လုပ်ပေးတဲ့ delivery system သီးသန့်သာဖြစ်ပြီး physical uv filters တွေလို reflect လုပ်နိုင်ခြင်းလုံးဝမရှိပါဘူး။ ပြောကြားချက်အရဒီ sunscreen မှာက chemical filters သုံးခုကိုပဲ SunCAT MTA (water-dispersible microcapsule) ဆိုတဲ့ encapsuled coating ထဲကို chemical uv filter တွေ 20% ထည့်ပြီးအဓိကထုတ်ထားတာဖြစ်တယ်လို့သိရပြီး reflect ဖြစ်တဲ့ physical uv filters တွေကိုတာရှည်ခံဆေး (preservative) နောက်မှာ 0.1%-0.5% လောက်ပဲထည့်သွင်းအသုံးပြုထားတာကြောင့်အာနိသင်သိသာတဲ့ပမာဏ (therapeutic dose) မပါဝင်လို့ဖြည့်စွက်ဖို့ရောကာကွယ်ဖို့ရော ture hybrid sunscreen လို့ခေါ်ဖို့ရာ 100% ကွဲလွဲနေဆဲဖြစ်ပါတယ်။ တကယ်တော့ encapsulated chemical sunscreen ပဲဖြစ်သင့်ပေမယ့်ထိုင်းစက်ရုံဘက်ကဒါကိုကသူတို့ရဲ့ strategy လို့ပြောတာသိရပါတယ်။ နောက်တစ်ချက်က dan" စီကဗူးဟာသူတို့စစထွက်ထွက်ချင်း 12/2024 လောက်ထဲကဝယ်စမ်းထားတာဖြစ်ပြီးအဲတုန်းကနေအခု FDA မလျှောက်ခင် 1/2026 မတိုင်ခင်အထိ FDA မရှိလိုက်တာကြောင့် labelling မှားယွင်းခြင်းနဲ့ပတ်သတ်ပြီးတွေ့ကြုံရတယ်လို့မြင်ပါတယ်။ ပုံမှန်ဆို FDA ကိုပါဝင်ပစ္စည်းအတိအကျပေးပြီးအန္တရာယ်ရှိတဲ့ ingredient မပါမပါစစ်ဆေးဖို့အတွက်မဖြန့်ဖြူးခင်ကြိုလျှောက်တာနဲ့ဖြန့်ဖြူးပြီးရက်သတ္တပတ်ဝန်းကျင်မှာလျှောက်ပြီးရထားလိုက်တယ်သာဆိုရင် ingredient list က 50ml စပြောင်းတဲ့ဒုတိအသုတ်မှာထဲကမှန်သွားရင်ဒါမျိုးတွေဖြစ်ဖို့ chance ပိုနည်းသွားမှာအသေအချာပါပဲ။ နောက်တစ်ခုအနေနဲ့ကတော့ dan" ပထမဦးဆုံးမှာပြောခဲ့သလိုပဲ formulation အပိုင်းမှာလဲ skin-beneficial ingredient တွေအားလုံးဟာတာရှည်ခံဆေး (preservative) အနောက်မှာရှိနေဆဲဖြစ်လို့ 1% အောက်အနေနဲ့ပါကြောင်းကိုလဲ 1% စံညွှန်းအရ 100% အတည်ပြုပြီးဖြစ်ပါတယ်။ ဒီနေရာမှာထိုင်းစက်ရုံဘက်နဲ့ dan" စကားပြောပြီးထပ်တိုးအနေနဲ့အဆင်ပြေလာတာကတော့အရင်တုန်းကလို active human skin မှာမဟုတ်ပဲဓာတ်ခွဲခန်းမှာစစ်ဆေးတဲ့ texture အရကွဲလွဲမှုတွေရှိနိုင်တဲ့ဓာတ်ခွဲခန်းမှာစစ်ဆေးတဲ့ (in-vitro test) အစား lastest version ကဗူးကိုလူမှာစစ်ဆေးခြင်း (in-vivo test) ကိုလူအယောက် 15-20 ဝန်းကျင်နဲ့ japan ကတက္ကသိုလ်တစ်ခုမှာ 2-3လကြာအချိန်ယူစစ်ဆေးပေးလာမယ်လို့ဆိုပါတယ်။ latest version test အဖြေကကိန်းညွှန်းပြည့်မှီပါတယ်လို့ result ထွက်လာရင်တော့ laster version ဟာ SPF ကိန်းညွှန်းမှန်ကန်တယ်လို့သိရပါမယ်။ ဒီလိုဆိုရင်တော့ uv filters ပမာဏ SPF အပိုင်းကပြဿနာမဟုတ်ပဲ stability နဲ့ film formation နဲ့ဆိုင်တဲ့ ingredient 19 မျိုးနဲ့ formulation ကပြဿနာဆိုတာသိပ္ပံနည်းအရခိုင်မာမှုပိုရှိသွားပါလိမ့်မယ်။ ဒါကသုံးစွဲသူတွေနေလောင်မှုကြုံတွေ့ကြတယ်ဆိုတဲ့ကိစ္စရဲ့အဓိကအဖြေဖြစ်နိုင်ပါတယ်။ dan" က coverage နဲ့ inci ကြောင့်ဆက်မလိမ်းလိုက်ပေမယ့်သေချာလိမ်းလိုက်တဲ့သူတွေတော်တော်များများနေလောင်တာသိရပါတယ်။ အကြောင်းကတော့ test က spf ပြည့်ပါတယ်ဆိုခဲ့ရင် ingredient 19 မျိုးနဲ့ sunscreen ဟာ SPF 50 high-quality sunscreen တစ်ခုအတွက် stability နဲ့ film formation မှာလိုအပ်ချက်သိသိသာသာရှိတာကြောင့်မြန်မာနိုင်ငံလိုရာသီဥတုနဲ့ရွေ့လွယ်ပျက်လွယ်တာကြောင့်အသားပေါ်မှာ uv filter တွေမတင်ကျန်တာကြောင့် protection level ကျဆင်းပြီးနေလောင်တာတွေကြုံတွေ့ရတာကအဖြစ်နိုင်ဆုံးအချက်ဖြစ်သွားပါမယ်။ အခုလောလောဆယ်တော့လိမ်းပြီးနေလောင်သွားပါတယ်ဆိုတဲ့သူတွေအားလုံးတစ်ယောက်မကျန်ကိုတော့ bao bao skin ဘက်ကတာဝန်ယူပေးမယ်လို့လဲကြားမြင်သိရပါတယ်။ သုံးစွဲထားတဲ့အချက်အလက်တိကျမှန်ကန်ပြီးတကယ်ကြုံတွေ့ရတဲ့သက်သေပုံ before & after ရှိတယ်ဆိုသွားပြီးဖြေရှင်းမှုယူနိုင်ပါပြီ။ ဒါကထွက်လာတဲ့စစ်မှန်တဲ့ feedback တွေအရ brand ဘက်ကတာဝန်ယူမှုကောင်းကောင်းပေးလာတာဖြစ်ပါတယ်။ certified doctor တွေနဲ့အစအဆုံးတာဝန်ယူပေးမယ်လို့သိရပါတယ်။

ဒါကတော့ထိုင်းစက်ရုံဘက်က labelling ကမှားပါတယ်ဆိုတာကိုပြောထားတာပါ။ အဓိကတာဝန်ရှိတဲ့သူတွေနဲ့ dan" အားလုံးပြောပြီးသလိုအတိအကျအမှန်ကန်ဆုံးအဖြေကိုလဲတင်ပြီးကြောင်းသိစေချင်တာပါ။

bao bao skin watery sun essence အကြောင်းအရမ်းမေးလာကြတာများလို့သူ့ကိုက dan" စထွက်ထဲကယုံကြည်စိတ်ချရမှုလုံးဝလုံးဝမရှိလို့ဘယ်နားကိုမှမလိမ်းပါဘူး။ ပထမဆုံးသူက hybrid sunscreen လို့နာမည်ပြူးနေအောင်နာမည်တပ် အမြှုပ်ထွက်အောင်ပြောပြီးကြေညာနေပေမယ့် physical uv filters (or) hybrid-like uv filter တွေတစ်ခုမှမပါပါဘူး။ ပါတဲ့ uv filter သုံးခုစလုံးက pure classic chemical uv filter တွေကြီးပါပဲ။ ဒီမှာတင်အကြီးအကျယ်စလွဲနေပါပြီ။ နောက်တစ်ခုကဗူးမှာ encapsuled လို့ပြောထားပေမယ့် encapsulate ဖြစ်စေတဲ့ silica, cellulose, phosholioid, polymer ဘာ ingredient မှမပါပြန်ပါဘူး။ blue light လို့လဲထည့်ရေးထားပေမယ့် blue light အတွက် antioxidants ingredient တွေထွေထွေထူးထူးဘာတစ်ခုမှမပါပြန်ပါဘူး။ ဒါ့အပြင်တာရှည်ခံဆေး (preservative) တွေက 1% ပဲဂိတ်ဆုံးပါရတာဖြစမလို့ပါဝင်ပစ္စည်း (inci) list ရဲ့နောက်ဆုံးမှာရှိရမယ်ဆိုပေမယ့် ingredient 17 မျိုးပဲပါတာမှာအလယ် 8 နေရာမှာရောက်နေတာကြောင့် claim ingredient တွေများနေပြီး formulation ကလဲအတော်ကိုညံ့ဖျင်းပါတယ်။ ဒီမှာတင်ဒီ sunscreen ဟာစားသုံးသူကိုလိမ်ညာရောင်းနေခြင်း (consumer deception)၊ အညွှန်းနှင့်မကိုက်ညီခြင်း (mismatched labelling)၊ အညွန်းလိမ်ညာမှု (label fraud)၊ uv filters ပမာဏအနည်းငယ်သာပါပြီး SPF မပြည့်မှီခြင်း (board spectrum မဖြစ်ခြင်း)၊ ကိုယ်ဘာပစ္စည်းရောင်းနေမှန်းမသိပဲပစ္စည်းအလွန်အကျွံကြေညာနေခြင်း (over marketing) တို့တွေကြောင့်အရည်အသွေးမမှီဘူးဆိုတာ 100% သေချာနေပြီးသားဖြစ်ပါတယ်။ consumer right ကိုထိပါးတာကြောင့်ဥပဒေအရယူအရရေးယူလို့ပါရပါတယ်။ နောက်တစ်ခုက octinoxate, avobezone နဲ့ octocrylene တို့လို classic chemical uv filters တွေနဲ့ sunscreen တစ်ခုရဲ့ inci ဟာပုံထဲမှာပါတဲ့အတိုင်းဘယ်တုန်းကမှမရိုးရှင်းပါဘူး။ sunscreen အမျိုးအစား 100 ကျော်ထိတွေ့လာတဲ့အထဲ sunscreen ဆိုပြီး solvents, emulsifiers, stabilizers တွေသေချာမပါဒီလို ingredient 17 မျိုးနဲ့ဟောင်းလောင်းပေါက်ပါဝင်ပစ္စည်းစာရင်းနဲ့ sunscreen ကိုပထမဆုံးအံ့ဩစွာနဲ့မြင်ဖူးတာပါ။ lebelage လို SPF မှာညံ့ဖျင်းပါတယ်ဆိုတဲ့ brand က sunscreen တွေတောင်ဒီလို inci မဟုတ်ပါဘူး။ ဗူးမှာစာရိုက်တာတွေ၊ test စာရွက်ထုတ်တာတွေကလုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတာဒီမှာသေချာမျက်မြင်အမြင်ရဆုံးပါပဲ။ sunscreen တွေဟာ new gen uv filters တွေကိုသုံးထားတဲ့ s-tier formulation မဟုတ်ရင် uv filters တွေဟာ 100% ပမာဏမှာ 25% အထိပါတတ်ကြလို့ဘယ်လိုပဲ texture ကျဲပါစေ sunscreen တစ်ခုရဲ့ vibe နဲ့ coverage ကိုခံစားလို့ရနိုင်ပါတယ်။ ဒါကိုက korea, japan, us/uk တို့က spf ပြည့် qualified sunscreen တွေကိုပဲလိမ်းတဲ့သူတွေဆိုကောင်းကောင်းခံစားမိကြမှာပါ။ sunscreen တစ်ခုဖြစ်လာဖို့ uv filters တွေထည့်မွှေရုံနဲ့ပြီးတာမဟုတ်ပါဘူး။ အဲ uv filters တွေတည်ငြိမ်ဖို့ (stability) ၊ filters တွေညီညီညာညာပြန့်ပြူးဖို့ (uniform flim formation)၊ တစ်ခုနဲ့တစ်ခုအထောက်အပံ့ဖြစ်ဖို့ (stabilizing) ၊ broad spectrum ဖြစ်ဖို့ (UVA UVB protection)၊ နေရောင်ထဲမှာကြာရှည်ခံဖို့ (photostability)၊ လိမ်းရတာလွယ်ကူစေဖို့ (smoothness) တွေအပြင် လူမှာစမ်းသပ်ခြင်း (in-vivo test)၊ ဓာတ်ခွဲခန်းမှာစမ်းသပ်ခြင်း (in-vitro test)၊ SPF test နဲ့ PA test အစစ်အမှန်တွေဆိုပြီးစတဲ့စတဲ့အရာတွေရှိဖို့အများကြီးအများကြီးလိုပါတယ်။ ဒီနေရာကနေသိစေချင်တာကတော့ sunscreen ဆိုတာလိမ်းလို့ကောင်းတယ်ကျဲကျဲအေးအေးလေးမလို့၊ ဈေးပေါပြီးတည့်လို့ဆိုတိုင်းပြီးပြီးရောလိမ်းလို့ရတဲ့အရာမဟုတ်ပါဘူး။ အရေးကြီးတာကသူ့ရဲ့ performance နဲ့စိတ်ချယုံကြည်ရမှုပါ။ sunscreen ဆိုတာက သာမာန် skincare မဟုတ်ပဲနေလောင်ကာဖို့အပြင်အရေပြားကင်ဆာနဲ့အရေပြားရောဂါတွေပါကာကွယ်ဖို့ထုတ်ထားတဲ့ဆေးဝါး (drug) အဆင့်ဖြစ်လို့လိမ်းတဲ့ sunscreen ကနေမကာပေးနိုင်တဲ့ sunscreen ဖြစ်နေတာနဲ့သေချာကာကွယ်ပေးနိုင်တဲ့ 2 fingers method (or) 1.25ml ပမာဏလုံလုံလောက်လောက်မလူးဘူးဆိုငွေဖြုန်းအချိန်ဖြုန်းပြီးဝေဒနာယူတာပါပဲ။ ပြောရရင်တော့ဒီ sunscreen ကို review တင်တဲ့သူတွေဟာတတ်ကျွမ်းတဲ့သူတစ်ယောက်အနေနဲ့အလုပ်လုပ်နေတယ်ဆိုဖြတ်ခနဲကြည့်လိုက်ရင်တောင်သိနိုင်တာကိုမတတ်ကျွမ်းလို့မသိတာလား ဒါမမဟုတ် ပိုက်ဆံရ PR ရ လို့မမြင်ချင်ယောင်ဆောင်လိုက်တာလားဆိုတာအရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ထုတ်တဲ့သူနဲ့ရောင်းတဲ့သူတွေကတော့အစထဲကတတ်ကျွမ်းပြီးစေတနာနဲ့ကိုယ်ချင်းစာတရားနဲ့လုပ်နေကြတာတွေမဟုတ်ပဲပိုက်ဆံရရင်အကုန်လုပ်တာတွေမလို့သူတို့ကတော့စိတ်ဝင်စားအံဩစရာမရှိပါဘူး။ ဒါပေမယ့်စားသုံးသူကိုသိသိသာသာလိမ်ညာထားတဲ့ပစ္စည်းကိုမှ local ကသူပိုင်တဲ့ brand နဲ့ industry ထဲကသူအများစု review ပေးတဲ့အပြင်ဆက်တိုက်ကြေညာရောင်းချနေတာဖြစ်လို့အခုလိုကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့အတော်လေးစိတ်ဝင်စားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးတော့ထုံးစံအတိုင်းမသိပဲသုံးမိတဲ့သူတွေကပဲမြေစာပင်ဖြစ်ရတာကတော့ဖြစ်ရတာပါပဲ။

photo content

နွေရာသီမှာလိမ်းလို့အကောင်းဆုံး sunscreen 7 မျိုး☀️🏖️ {blog edition} reel လေးနဲ့တင်ပြီးသားပေမယ့်ဖတ်ရလွယ်၊ သိမ်းရလွယ်၊ ရှာရလွယ
+7
နွေရာသီမှာလိမ်းလို့အကောင်းဆုံး sunscreen 7 မျိုး☀️🏖️ {blog edition} reel လေးနဲ့တင်ပြီးသားပေမယ့်ဖတ်ရလွယ်၊ သိမ်းရလွယ်၊ ရှာရလွယ်၊ မျှဝေရလွယ်တဲ့ solid ဖြစ်တဲ့ blog version လေးလဲလိုအပ်တယ်လို့ dan" ယူဆလို့ဒီ blog version လေးကိုပါလာတင်တာပါ။ reel ကတော့ texture လေးတွေစမ်းပြတာ၊ နှုတ်နဲ့သေချာလေးပြောပြတာလေးတွေပါလို့ဒီ post ကိုအခုမှတွေ့ပြီး blog ကစာဖတ်ရတာထက် vlog (reel) ကြည့်ရတာပိုအားသန်ရင်တော့ reel လေးသွားကြည့်ဖို့အကြံပြုပါတယ်။ #dansdiary #dansuvprotection #dansunscreen