en
Feedback
Dan's Diary

Dan's Diary

Open in Telegram

skincare enthusiast | skincare hoarder | skin expert

Show more
2 454
Subscribers
No data24 hours
-77 days
-4730 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
August '26
August '260
in 0 channels
July '26
+7
in 0 channels
Get PRO
June '26
+3
in 0 channels
Get PRO
May '26
+19
in 0 channels
Get PRO
April '26
+42
in 0 channels
Get PRO
March '26
+25
in 0 channels
Get PRO
February '26
+26
in 0 channels
Get PRO
January '26
+24
in 0 channels
Get PRO
December '25
+30
in 0 channels
Get PRO
November '25
+36
in 0 channels
Get PRO
October '25
+25
in 0 channels
Get PRO
September '25
+28
in 0 channels
Get PRO
August '25
+24
in 0 channels
Get PRO
July '25
+36
in 0 channels
Get PRO
June '25
+50
in 0 channels
Get PRO
May '25
+60
in 0 channels
Get PRO
April '25
+65
in 1 channels
Get PRO
March '25
+49
in 0 channels
Get PRO
February '25
+72
in 0 channels
Get PRO
January '25
+57
in 0 channels
Get PRO
December '24
+129
in 0 channels
Get PRO
November '24
+129
in 0 channels
Get PRO
October '24
+90
in 0 channels
Get PRO
September '24
+2 371
in 0 channels
Date
Subscriber Growth
Mentions
Channels
07 August0
06 August0
05 August0
04 August0
03 August0
02 August0
01 August0
Channel Posts
photo content

2
9, May, 2026 မှစပြီး telegram channel နဲ့ chat ကို data များ support လုပ်ခြင်းကို dan" အပြီးရပ်နားသွားတော့မှာပါ။ dan" ကိုတိုက်ရိုက်မေးပြီးသိချင်တာတွေကို website, fb page cb နဲ့ comment အပြင် tiktok comment တွေမှာအရင်အတိုင်းဖတ်ရှုမေးမြန်းပြောဆိုစနောက်လို့ရနေမှာဖြစ်ပါတယ်။ နောက်ပြီး skin consultation ကိုလဲ dan" upgrade လုပ်ထားလို့အဲတာလေးကိုလဲဦးဆုံး telegram က danies တွေကိုမိတ်ဆက်ချင်ပါတယ်။ telegram ကိုဆက်ပြီး data support မလုပ်တော့တဲ့အကြောင်းအရင်းကတော့ dan" social channel တွေများလာတာကို personal life မှာလဲအလုပ်တွေတအားများလာလို့ balance ဖြစ်အောင် manage နိုင်နိုင်နင်းနင်းမလုပ်နိုင်တော့တာကြောင့်ပါ။ ကျန်တဲ့နေရာတွေကနေအရင်အတိုင်းဆက်ပြီး glow2gether ကြမယ်နော်။ channel နဲ့ chat ကိုကတော့ဒီအတိုင်းပဲဆက်ထားထားမှာဖြစ်လို့ချင်းချင်းမေးမြန်းတိုင်ပင်တာတွေ၊ စာဖတ်တာလေးတွေကအရင်အတိုင်းလုပ်လို့ရနေဦးမှာဖြစ်ပါတယ်။ အောက်ကတော့ " Dan's Your Skintionary Skin Solution " စီတန်းရောက်စေတဲ့ QR code လေးဖြစ်ပါတယ်။ skin နဲ့ကိုက်တဲ့ product တွေကိုဖတ်ဖို့မေးချင်တဲ့သူတွေအနေနဲ့အဲတာလေးကိုဖြေပြီး၊ ဖြေပြီးကြောင်း ss လေး fb page cb ကိုပို့ထားလို့ရပါတယ်။
1 062
3
ဝက်ခြံထွက်တတ်တဲ့သူဆို i'm from ရဲ့ mugwort essence က must try product ပါ။ ဘယ်လောက်ကြာကြာလုံးဝရိုးသွားခြင်းမရှိဘူး။ အခုလိုနွေပ
ဝက်ခြံထွက်တတ်တဲ့သူဆို i'm from ရဲ့ mugwort essence က must try product ပါ။ ဘယ်လောက်ကြာကြာလုံးဝရိုးသွားခြင်းမရှိဘူး။ အခုလိုနွေပူပူမှာထွက်တဲ့ heat bumps နီနီဖုလေးတွေအတွက်ဆို holy grail ပဲ။ result ကအရမ်းကောင်းလို့အခုချိန်ထိကို i'm from ရဲ့လူကြိုက်အများ၊ နာမည်အကြီးဆုံး၊ လူသိအများဆုံး product ဖြစ်လို့ acne-prone တွေအတွက်မပြတ်ဆောင်ထားလို့အကောင်းဆုံး product ထဲပါပါတယ်။ dan" ကိုယ်တိုင်လဲအဖုကအမြဲထွက်လေ့ရှိသူမလို့မပြတ်ကိုဆောင်ထားဖြစ်တယ်။ အခု i'm from က rebranding လုပ်နေပြီမလို့နဂိုဖန်ပုလင်းကနေပုံထဲကကော်ဗူးထူထူလေးကိုပြောင်းသွားပြီ။ အစကတော့ rebranding ဗူးကိုပုံပဲမြင်တုန်းကဖန်ပုလင်း lover မလို့ဗူးအသစ်ကိုရုပ်ဆိုးသွားပြီလို့ထင်ပေမယ့်တကယ်အပြင်မှာမြင်မှပဲပုံစံအသစ်လေးနဲ့လဲတစ်မျိုးမိုက်ပြီးလှတာပဲဟဆိုပြီးဖြစ်သွားတော့တယ်😆
1 004
4
skin1004 ​၏ ampoule များအကြောင်းအတိုအထွာ skin1004 ရဲ့ ampoule တွေက beginner, teenager နဲ့ sensitive & reactive skin တွေ frien+5
skin1004 ​၏ ampoule များအကြောင်းအတိုအထွာ skin1004 ရဲ့ ampoule တွေက beginner, teenager နဲ့ sensitive & reactive skin တွေ friendly ဖြစ်ပြီးခပ်ပျော့ပျော့နဲ့နူးနူးညံ့ညံ့အထိအတွေ့ကိုပေးတဲ့ jumbo size ampoule တွေပါ။ ampoule တွေက skin condition အလိုက်ရွေးချယ်စရာတွေရှိပြီးနူးညံ့တဲ့ result ကြောင့် mild stage treating နဲ့ barrier soothing နဲ့ redness relief တို့အတွက်ပိုသင့်တော်ပါတယ်။ moderate နဲ့ severe stage များအတွက် treating လုပ်ဖို့အတွက်တော့ဒီ ampoule တွေကထိရောက်မှုအင်မတန်ကိုနည်းမှာပါ။ skin1004 ampoule တွေကအရင်ထဲကဈေးသက်သာပြီးသုံးပျော်တာဖြစ်ပြီး 100ml ကို 35k လောက်ကနေအခု 100ml ကို 65k ပတ်ချာလည်ဖြစ်သည့်တိုင်သူ့ concept, vibe, target audience နဲ့ခေတ်ကာလအရတန်နေသေးတယ်လို့ dan" တို့ပြောလို့ရပါတယ်။ အခုကတော့သူ့ရဲ့ viral ampoule 6 ခုအကြောင်းကို short note လေး dan" လာပြောပြတာပါ။ အသေးစိတ်တော့မဟုတ်လို့သိချင်တာရှိရင်မေးခဲ့နိုင်ပါတယ်။ #dansdiary #dans_skin1004_ampoule
1 067
5
ဒီ cosrx ရဲ့ salicylic acid daily gentle cleanser ကညတိုင်းသစ်လို့ရတဲ့ night cleanser ပါ။ ဘယ်ကဘယ်လိုအသိမှားကြသလဲမသိပေမယ့်ညတိုင်းသစ်မရဘူး၊ ရက်ခြားပဲသစ်ကြတယ်ဆိုပြီးတွေ့နေကြလို့ညတိုင်းသစ်လို့အဆင်ပြေပါတယ်။ ဒီမျက်နှာသစ်ဆေးမှာက gentle ပြောပေမယ့်မ gentle ပဲတအားပြောင်ပြီး pH level 9 လောက်ရှိနေတာကသာအားနည်းချက်ပါ။ ဒါကိုကညဘက်မှာ moisturizer သေချာပြန်လိမ်းနိုင်ရင်အဆင်ပြေပါတယ်။ ပါတဲ့ BHA (salicylic acid) ကလဲ 0.5% ထဲမလို့ cleanser တစ်ခုအနေနဲ့မပြောပတဲ့ပမာဏပါ။ 1-2 မိနစ်လောက်သစ်ပြီးရေဆေးချရတာမလို့စိတ်ပူဖို့လုံးဝမလိုပါဘူး။ မလုပ်သင့်တာကတော့အရမ်းပြောင်လို့မနက်ခင်း morning cleanser အနေနဲ့သာမသုံးသင့်တာပါ။ မနက်မှာကညကလိမ်းတဲ့ skincare အကြွင်းအကျန်နဲ့အဆီအနည်းငယ်အပြင်ဘာမှသိပ်မရှိလို့ pH balanced morning cleanser လေးတွေနဲ့ဆိုရပါပြီ။ မနက်ခင်းကိုအရမ်းပြောင် pH level အရမ်းမြင့်ပြီးတအားခြောက်တဲ့မျက်နှာသစ်ဆေးနဲ့သစ်ရင် အဆီပိုထွက်စေလို့အဆီပိုပြန်တာ၊ oil နဲ့ water balanced မဖြစ်တော့ပဲအသားခြောက်တင်းတာကနေနောက်ဆက်တွဲတွေဖြစ်တဲ့ ဆားဝက်ခြံ၊ အဆီဖု၊ အဆီခဲ၊ အဆီမျှင်၊ ဝက်ခြံမျိုးစုံ၊ ချွေးပေါက်ကျယ်တာနဲ့ dehydrated skin ဖြစ်တာမျိုးတွေဖြစ်လို့ပါ။ ဒီ cosrx ရဲ့ cleanser ရဲအသေးစိတ်ကတော့ dan" ရေးဖူးလို့ဖတ်ချင်ရင်ရှာဖတ်လို့ရပါတယ်၊ ဒါက short touch လေးမလို့ပါ။
879
6
No text...
742
7
cosrx snail essence ဈေးအရမ်းတက်သွားလို့ဆင်တူတာမျိုးကိုဈေးပိုသက်သာပြီးကောင်းတာဘာအစားထိုးသုံးလို့ရမလဲမေးကြလို့ jumiso snail ess
cosrx snail essence ဈေးအရမ်းတက်သွားလို့ဆင်တူတာမျိုးကိုဈေးပိုသက်သာပြီးကောင်းတာဘာအစားထိုးသုံးလို့ရမလဲမေးကြလို့ jumiso snail essence ကိုတစ်ခါလောက်သုံးကြည့်ဖို့ recommend ပါတယ်။ snail mucin 95% ပါပြီး texture ပို lightweight ဖြစ်ပြီးလိမ်းလို့ပိုကောင်းပါတယ်။ ပမာဏ 140ml တောင်ပါတဲ့အပြင် formulation အပိုင်းလဲပိုကောင်းပါတယ်။ clean beauty ပဲဖြစ်ပြီး single ingredient based ပါပဲ။ ပြောရရင်လူသိနည်းပြီးအရမ်းကောင်းတဲ့ hidden gem snail essence ပါ။ cosrx နဲ့အနည်းငယ်ကွာတာကတော့ jumiso က texture ပိုကျဲလို့ hydration level ပဲအနည်းငယ်ကွာပါမယ်။ jumiso ကပို lightweight ဖြစ်ပြီး formulation ပိုင်းမှာပို advanced ဖြစ်လို့ healing နဲ့ repairing အပိုင်းမှာသိသိသာသာပိုသိသာလို့ personally dan" အတွက်တော့ယှဉ်လိုက်ရင် jumiso ကိုပိုကြိုက်ပါတယ်။ budget အပိုင်းကိုကြည့်ရင်လဲပိုသက်သာပြီးပါတဲ့ ml ကလဲ cosrx တစ်ဝက်နီးနီးပိုပါလို့ပိုသိသာပြီးပိုသုံးပျော်လို့ပါ။
891
8
ကောင်းတဲ့ skincare အများစုကဘာလို့စျေးကြီးပြီး၊ မကောင်းတဲ့ skincare အများစုကဘာလို့စျေးပေါရတာလဲဆိုတဲ့အကြောင်းအရာကိုသိချင်တဲ့သူတွေဒါလေးကိုဖတ်စေချင်ပါတယ်။ skincare တစ်ခုမှာအဓိကအချက်လေးချက်ရှိပါတယ်။ အဲတာတွေကတော့ ပါဝင်ပစ္စည်းသန့်စင်မှုနဲ့ကောင်းမွန်မှု (ingredient purity & quality)၊ ထုတ်ယူပုံနည်းစနစ် (extraction method)၊ အသားအရေထဲပို့ဆောင်တဲ့နည်းလမ်း (delivery system) နဲ့ အချိတ်အဆက်အာနိသင် (synergetic effect) တို့ဖြစ်ပါတယ်။ ဒါတွေကဘယ်လိုရှိတယ်ဘာကြောင့်အရေးကြီးတယ်ဆိုတာကိုတစ်ခုစီ dan" ထပ်ပြောပြပါ့မယ်။ ingredient purity & quality •••••••••••••••••••••••••• ingredient တွေမှာသန့်စင်မှုနဲ့ quality တွေကွာပါတယ်။ ဥပမာ niacinamide grade B ကသန့်စင်မှု 50% ပဲရှိပြီးအာနိသင် 50% ပဲသိသာပေမယ့် grade A niacinamide ဆို 90% အထိသန့်စင်ပြီးအာနိသင်ပိုသိသာပါတယ်။ ဒါကိုမှ A အထက် permium 99.99% purity ကိုမှ made in နိုင်ငံတွေပေါ်မူတည်ပြီးဈေးနှုန်းနဲ့ result တွေကထပ်ကွာပါတယ်။ ဒါကြောင့် niacinamide 10% ပါတယ်ဆိုတိုင်း 10% အာနိသင်ရပြီးသိသာတာမျိုးကောင်းတာမျိုးမဟုတ်တာပါ။ extraction method ••••••••••••••••••• extraction method က ingredient purity & quality ထက်ပိုပြီးစကားပြောပါတယ်။ အထူးသဖြင့် botanical ingredient တွေဖြစ်တဲ့ cica, tea tree, mugwort, etc... စတဲ့နေရာအတွက်အရမ်းအရေးပါပါတယ်။ botanical ingredient တွေကိုထည့်သွင်းထုတ်လုပ်မယ်ဆိုရင်ဘယ်လို မြေ၊ လေ၊ ကောင်းမွန်တဲ့နေရာမှာစိုက်ထားတာလဲ၊ ဘယ်လိုနည်းစနစ်တွေနဲ့ ingredient တွေရဲ့ core benefits တွေကိုမပျက်ဆီးအောင်နည်းပညာတွေနဲ့ထုတ်ယူထားတာလဲပေါ်မူတည်ပြီး result နဲ့ဈေးနှုန်းတွေကအရမ်းကွာပါတယ်။ ဒါကြောင့် k beauty တွေမှာဆိုဘယ်လိုနေရာမှာစိုက်ပါတယ်၊ ဘယ်နှစ်ရက်သားမှာရိတ်သိမ်းပြီး၊ ဘယ်လိုနည်းစနစ်နဲ့ထုတ်ယူထားပါတယ်ဆိုတာကိုအသေးစိတ်ပြောပြလာတာပါ။ delivery system •••••••••••••••• delivery system ကတော့အားလုံးထဲမှာအရေးအကြီးဆုံးပါပဲ။ အရှေ့က ingredient purity & quality တွေ၊ extraction method တွေဘယ်လိုပဲအကောင်းသုံးထားသုံးထား delivery system မကောင်းရင် reult ကကွာပါတယ်။ ဥပမာ- nia 10% ပါပေမယ့် delivery system မကောင်းရင် 2% ပါတာလောက်ကိုအကျိုးမရှိတာဖြစ်ပါတယ်။ delivery system ဆိုတာကတော့ပါတဲ့ key ingredient တွေကိုအသားထဲရောက်အောင်ဘယ်လိုအကောင်းဆုံးပို့မလဲဆိုတဲ့နည်းပညာပါ။ encapsulation နဲ့လား၊ exosome နဲ့လား၊ bi-phase formula ingredient quality ကိုထိန်းထားတာလားစသဖြင့်တွေပါ။ synergetic effect ••••••••••••••••• synergetic effect ဆိုတာကတော့ ingredient တွေပူးတွဲအချိတ်အဆက်နဲ့ skin ပေါ်မှာအာနိသင်ကိုပိုကောင်းပို result ထိမိအောင်လုပ်တာပါ။ ဥပမာ- niacinamide ကသူ့သီးသန့်ဆိုလင်းတယ်ဆိုပေမယ့် tranexamic acid တို့ arbutin တို့နဲ့တွဲလိုက်မယ်ဆိုပိုပြီး brightening အာနိသင်ကပြည့်စုံသွားတာမျိုးကိုခေါ်ပါတယ်။ ဒါက skincare တွေမှာအရမ်းအရေးကြီးတယ်မဟုတ်ပေမယ့်တစ်စိတ်တစ်ပိုင်းအရေးပါပါတယ်။ •••••••• အထက်ကအချက်လေးချက်ကြောင့် skincare ကောင်းတွေ၊ brand consistency ရှိတဲ့ brand တွေကဈေးနှုန်းတစ်ခုရှိနေရတာပါ။ ဒီနေရာမှာ price to performance ထက်နာမည်နဲ့ feeling ကိုရောင်းတဲ့ luxury brand တွေမပါပါဘူး။ ဈေးပေါပြီးပါတဲ့ % တူတယ်အာနိသင်မသိသာဘူးဆိုတဲ့ brand တချို့ကတော့ပြောခဲ့တဲ့အချက်လေးချက်ကိုခိုထားပြီး budget skincare ဆိုတဲ့နေရာမှာမျက်နှာပန်းလှပြီးလှည့်စားလို့ကောင်းအောင်နေရာဝင်ယူထားကြတာတွေများလို့ပါ။ တကယ်တော့ budget save ဖြစ်တယ်မခေါ်ပါဘူး။ budget save ဖြစ်တယ်ဆိုတာနည်းနည်းသုံးနည်းနည်းသိသာတာ၊ price to performance ညီတာနဲ့ တစ်မျိုးထဲပေမယ့်သုံးလိုက်လို့သိသိသာသာသက်သာသွားတာကိုခေါ်ပါတယ်။ ပမာဏများများပါပြီးဝယ်ရတဲ့ဈေးသက်သာတာကို budget save ဖြစ်တယ်မခေါ်ပါဘူး။ ဒီလေးချက်ကိုပြောပြရတဲ့အကြောင်းကတော့ budget save ဖြစ်တဲ့ skincare တွေပိုရှာလာတဲ့နောက်မှာသူများ 50000 ပေးပြီးတစ်ဗူးသုံးလို့သိသာနေချိန်မှာကိုယ်က 25000 ကိုငါးဗူးလောက်သုံးလဲမသိသာတာတွေနောက်ပိုင်းပိုဖြစ်နိုင်လို့ပါ။ စာကြွင်း - ဒါကဈေးအပေါ်မူတည်ပြီးခွဲခြားဖို့ပြောပြတာမဟုတ်ပဲ formulation နဲ့ brand consistency အပေါ်အခြေခံပြီး result တွေကွာတာကိုသိစေချင်တာဖြစ်ပါတယ်။ ဈေးကြီးတိုင်းအားလုံးကောင်းပြီးနဲ့ဈေးပေါတိုင်းအားလုံးမကောင်းဘူးဆိုတာမျိုးကိုပြောခြင်းမဟုတ်ပဲအများစုအကြောင်းသာဖြစ်ပါတယ်။ #dansdiary #dansknowledgentips #dansoriginallabnotes #onlyondansdiary #danscheapvsfix
929
9
No text...
835
10
ဒီ lotion နှစ်ခုကတကယ်တော့ဟိုတစ်ခါဖောက်ခိုင်းတာများတဲ့အထဲ voting များတဲ့ nivea စဖောက်တာမှာ nivea နဲ့ကီးမကိုက်လို့ eucerin ထပ်ဖောက်ရင်း eucerin ပါထပ်ကီးမကိုက်လို့တစ်ဖြတ်သူတို့နှစ်ခုအကြောင်းလေးလာပြောပြတာပါ။ nivea ရဲ့ intensive moisture body milk ကnourishing lotion category ထဲက product တစ်ခုအနေနဲ့ formulation ထဲမှာ alcohol content ပါဝင်မှုကအတော်လေးများပါတယ်။ alcohol ပါဝင်မှုများတာကြောင့် lightweight texture ရပြီး application လုပ်တဲ့အချိန်မှာစိမ့်ဝင်လွယ်ပေမယ့် scrub တိုက်ပြီးချိန်မှာလိမ်းရင်စပ်ဖျဉ်းဖျဉ်းဖြစ်ပါတယ်။ moisturization အပိုင်းမှာစစချင်းလိမ်းတဲ့အချိန်မှာတော့ hydrating feel တစ်ခုရှိပေမယ့် alcohol content များပြီး long-term occlusivity နဲ့ hydration retention အပိုင်းမှာ weak ဖြစ်တာကြောင့် dry to very dry skin type တွေအတွက် moisturization လုံလောက်မှာမဟုတ်သလို၊ air-conditioned environment ထဲမှာနေတဲ့သူတွေ၊ sensitive & reactive skin type တွေ၊ skin barrier damage ဖြစ်ထားချိန်တွေအတွက်ဒီ formulation ဟာ ideal option မဟုတ်ပါဘူး။ အနံ့အနေနဲ့ကလဲ alcohol note နဲ့ brand signature scent ပေါင်းစပ်ထားတာကြောင့်အနံ့ပိုင်းမှာတချို့တွေအတွက်ပြဿနာရှိနိုင်ပါတယ်။ dan" ရဲ့ personal experience ကတော့သူ့အနံ့ကအတော်လေးအဆင်မပြေပါဘူး။ ဒါကြောင့်ဒီ nivea intensive moisture body milk ကသူ claim လုပ်ထားသလို intensive moisture ဆိုတာထက် lightweight body lotion for normal, non-sensitive skin in humid climates အတွက်ပဲပိုအဆင်ပြေပြီး barrier repair သို့မဟုတ် intensive aftercare lotion အနေနဲ့တော့သုံးလို့အဆင်မပြေပါဘူး။ ••••••• eucerin ရဲ့ spotless brightening skin tone perfecting body lotion ပါ။ ဒီမှာပါဝင်တဲ့ patented ingredient ဖြစ်တဲ့ thiamidol ဟာ tyrosinase inhibition mechanism နဲ့ hyperpigmentation ကိုကောင်းကောင်း target လုပ်နိုင်တဲ့ effective brightening ingredient ဖြစ်ပြီးအရမ်းကောင်းတဲ့ ingredient ပါ။ dan" နဲ့ဒီ lotion ရဲ့ပြဿနာကတော့ formulation ထဲမှာ alcohol content ပါဝင်မှုများနေတာပါ။ အဲတာက dan" အတွက် sensory experience မှာအဆင်မပြေတာပါပဲ။ alcohol ပါတာများပေမယ့် texture က fast-absorbing မဖြစ်ဘဲနည်းနည်း effort ပေးပြီး blend လုပ်ရတယ်။ အနံ့ကဆေးနံ့လိုမျိုးရှိပြီးမပြင်းပေမယ့်အနံ့စွဲလို့ scent-sensitive ဖြစ်တဲ့သူတွေဒါလေးကိုလဲသတိထားဖို့လိုပါမယ်။ dan" personally အဲအနံ့ကိုမကြိုက်ပါဘူး။ cosmetic elegance အပိုင်းအရ price point နဲ့ compare လုပ်မယ်ဆိုရင် sensory experience (texture, finish, scent) အပိုင်းမှာ refinement ပိုလုပ်ဖို့လိုအပ်တယ်လို့ dan" မြင်ပါတယ်။ ဒါပေမယ့် alcohol tolerance ရှိပြီး၊ fragrance မရွေးတဲ့သူတွေ၊ texture မရွေးတဲ့သူတွေအတွက်တော့ SPF lotion နဲ့သေချာပုံမှန်လူးမယ်ဆိုသူ့ရဲ့ patented ingredient (thiamidol) ကြောင့်သိသာတဲ့ result ကိုရနိုင်ချေရှိပါတယ်။ dan" လေ့လာကြည့်တော့ eucerin ရဲ့ thaimidol product တွေအားလုံးမှာ alcohol ကို penetration enhancement အတွက်ပမာဏများများသုံးထားတာတွေ့ရလို့နောက်ပိုင်း formulation improvement ရှိလာမှပဲ dan" thiamidol ပါတာတွေကိုစမ်းရဖို့လမ်းမြင်ပါတယ်။ ••••••• ဒီနှစ်ခုစလုံးမှာတူတာကတော့ alcohol content ပါဝင်မှုအတော်လေးများတာပါ။ သိတဲ့အတိုင်း internet ပေါ်မှာကစိုတယ်ဖြူတယ်အပြင်ကျန်တဲ့ data ကမရှိတာကတော့အဓိကပြဿနာပါ။ dan" 2025 နှစ်လယ်လောက်ထဲက alcohol အရမ်းများပြီးအနံ့ပြင်း moisture retention balanced မဖြစ်တဲ့ product တွေကို skin နဲ့ olfactory system က reactivity မြင့်လာတာကြောင့်ဒီနှစ်ခုနဲ့အဆင်မပြေတာကတစ်ပိုင်းပါပါတယ်။ skincare products တွေမှာ visible result ရဖို့အတွက် consistency က အရေးကြီးဆုံးဖြစ်လို့၊ အဲဒီ consistency ကို texture, scent, overall formulation elegance တို့က တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ daily application ကို encourage မလုပ်နိုင်တဲ့ product တွေဟာ long-term result ရဖို့မဖြစ်နိုင်လို့ဒီနှစ်ခုစလုံးဟာ dan" အတွက် personal preference နဲ့ skin compatibility အရ long-term လိမ်းလို့မရနိုင်တဲ့ product တွေဖြစ်ရတာပါပဲ။ အချုပ်အနေနဲ့ ဒီ review ဟာ personal experience, formulation analysis နဲ့ dermatological reasoning အပေါ်အခြေခံထားခြင်းဖြစ်ပြီး product suitability က individual skin types, tolerance နဲ့ preference ပေါ်မူတည်ပြီးကွဲပြားနိုင်လို့ the choice remains individual ပါ။ #dans_nivea_intensive_moisture_body_milk_review #dans_eucerin_spotless_brightening_skin_tone_perfecting_body_lotion_review
1 076
11
No text...
777
12
dan" နှစ်ဗူးဖောက်လိမ်းဖြစ်ပါတယ်။ အခြေအနေကတော့မြင်တဲ့အတိုင်းပါပဲ။ နောက်ရက်ကျအသေးစိတ်လာပြောပြပါ့မယ်🥹
dan" နှစ်ဗူးဖောက်လိမ်းဖြစ်ပါတယ်။ အခြေအနေကတော့မြင်တဲ့အတိုင်းပါပဲ။ နောက်ရက်ကျအသေးစိတ်လာပြောပြပါ့မယ်🥹
873
13
နေလောင်တာသက်သာဖို့နဲ့နွေရာသီမှာသုံးလို့အကောင်းဆုံး scrub ဆိုဒီမန်ကျည်း scrub လေးကို dan" recommend လုပ်ပါတယ်။ အဓိကကတော့သူ့ရဲ့အရမ်းသုံးရတာအရသာရှိတဲ့မန်ကျည်းနှစ်လိုစေးစေးပိုင်ပိုင်နူးညံ့တဲ့ texture နဲ့နွေရာသီနဲ့အလိုက်ဆုံးရင်အေးအပူကျစိတ်ကြည်တဲ့သဘာဝမန်ကျည်းရနံ့တို့ကဒီ scrub ကိုထူးခြားစေတဲ့အချက်တွေပါ။ အထူးသဖြင့်ဆိုမန်ကျည်းအနံ့ကအရမ်းကို refreshing ဖြစ်ပြီးအသားမှာလဲစွဲပြီးအတော်မွှေးပါတယ်။ အနံ့စွဲပြီးမွှေးတာမှအခန်းထဲအထိကိုအနံ့ပါလာတဲ့အထိကိုမွှေးပါတယ်။ သုံးပြီးသွားရင်အသားခြောက်တာမျိုးမဖြစ်ပဲ skin လေးက soft & smooth ဖြစ်တယ်။ texture ကလဲဆီများတဲ့ texture မျိုးမဟုတ်လို့ချွဲကျိကျိမပြောင်တာမျိုးလဲမဖြစ်ပါဘူး။ after shower ရော before shower ပါသုံးလို့အဆင်ပြေတယ်။ dan" ကတော့သူ့အနံ့ကိုအသားမှာစွဲတာကြိုက်လို့ after shower မှာသုံးပါတယ်။ ဒီ scrub ကမန်ကျည်းမှုန့်ကိုအခြေခံထားလို့သူ့ထဲမှာပါတဲ့ physical exfoliation အတွက် ကင်ပွန်း၊ ကော်ဖီ၊ ပယင်း တို့အပြင်မန်ကျည်းမှုန့်မှာပါတဲ့ natural AHA (tartaric acid) က exfoliation အတွက်တစ်စိတ်တစ်ပိုင်းကနေပံ့ပိုးပေးလို့တိုက်ပြီး 3-5 mins လောက်ထားတာကအာနိသင်ကိုပိုကောင်းစေပါတယ်။ ဒီ scrub မှာအားနည်းချက်တစ်ခုရှိတာကတော့ဗူးရဲ့ဟိုးအောက်ချေမှာသကြားပွင့်ကြီးကြီးအနည်းငယ်ကအနည်ထိုင်နေတာပါ။ သကြားပွင့်ကြီးကြီးတွေကသူ့ရဲ့ texture စေးစေးပိုင်ပိုင်ကြောင့်အသားပေါ်မနာပေမယ့် dan" အဲသကြားပွင့်အကြီးကြီးတွေပါတာကိုတော့မကြိုက်လို့အဲနည်းနည်းအနည်ထိုင်နေတဲ့အလွှာပါးလေးကိုအဲတိုင်းပဲထားပြီးသုံးပါတယ်။ ကျန်တာကတော့အသားပေါ်မှာ strong မဖြစ်ပဲသင့်တင့်တဲ့ dual exfoliation effect နဲ့နွေနဲ့အရမ်းလိုက်တဲ့ aromatherapy လေးကိုပေးနိုင်လို့အရမ်းကြိုက်လို့ dan" အခုသုံးနေတာနှစ်ဗူးမြောက်ရှိပါပြီ။ ဒီ scrub ရဲ့ပါတဲ့ပမာဏ၊ အာနိသင်၊ texture နဲ့ vibe ကဈေး 18k နဲ့အတော်ကိုတန်ပါတယ်။ စာကြွင်း : မန်ကျည်းရနံ့မကြိုက်ပါကလုံးဝမဝယ်သင့်ပါ။ နေလောင်ပြီးတစ်ပတ်ဆယ်ရက်အကြာမှ scrub များအားစတင်အသုံးပြုသင့်ပြီးအသုံးပြုပြီးပါက after care သေချာလုပ်ပေးရန်လိုအပ်ပါသည်။ local scrub အများစုသည်တာရှည်ခံများအများအပြားပါဝင်လေ့မရှိသောကြောင့်ရေအများအပြားဝင်ခြင်းမဖြစ်အောင်အထူးဂရုစိုက်ပါရန်နှင့်ဖွင့်ဖောက်ပြီးပါကအမြန်ဆုံးကုန်အောင်သုံးသင့်ပါသည်။ #dansdiary #dansbodycare #dansbodyscrub #dans_maturekbeauty_tamarind_scrub_review
920
14
+2
No text...
894
15
အဆီပြန်ပြီးအသားခြောက်တယ်ဆိုတဲ့ oily dehydrated တွေအတွက်အကောင်းဆုံး cellular hydration moisturizer ပါ။ ဒီကောင်လေးကသာမာန် hydration moisturizer မျိုးမဟုတ်ပဲမျက်နှာမှာရှိတဲ့ရေဓာတ်ဝင်တဲ့လမ်းကြောင်း protein (aquaporin-3) လေးတွေကိုလှုံ့ဆော်ပေးတဲ့ moisturizer မျိုးပါ။ ဒါကြောင့်သူ့ကို cellular hydration moisturizer လို့ dan" ခေါ်တာပါ။ သူ့မှာက aquaporin ဆိုတဲ့သဘာဝအတိုင်းအသားအရေမှာရှိတဲ့ water channel လေးတွေကိုပြန်လည်ကောင်းမွန်ပြုပြင်ဖို့နဲ့တိုးပွားဖို့လှုံ့ဆော်မှုကိုဖြစ်စေတဲ့ gluceryl glucoside 10% က key ingredient အနေနဲ့ပါဝင်ပါတယ်။ ဒါကြောင့်သူကအပေါ်မှာအဆီပြန်နေပြီးအသားအတွင်းမှာတင်းကျပ်ကျပ်နဲ့ခြောက်တင်းတင်းဖြစ်နေတဲ့သူတွေအတွက်အသင့်တော်ဆုံး cellular hydration moisturizer ပါ။ ဘယ်လို hydrator တွေသုံးသုံး၊ ဘယ်လို moisturizer ထူထူတွေလိမ်းလိမ်းခြောက်တင်းတင်းနဲ့ tightness feeling ကမပျောက်သွားဘူးဆိုရင်မျက်နှာက aquaporin လေးတွေ damaged ဖြစ်ထားလို့အစိုဓာတ်ရသင့်သလောက်မရတာမျိုးဖြစ်တတ်လို့အခုလို stimulate ဖြစ်စေတာလေးကိုသုံးတာကအသားအရေဟိုးအတွင်းထဲထိလိုအပ်တဲ့ hydration ကိုသိသိသာသာပြန်ရစေပါတယ်။ dan" ကဒီကောင်ကိုပုံစံနှစ်မျိုးနဲ့သုံးပါတယ်။ moisturizer ကျဲကျဲလေးအနေနဲ့လဲလူးသလို၊ strong active ingredient တွေသုံးတဲ့ညတွေမှာ treatment step (hydrator) လိုအနေနဲ့လည်းပိုထူတဲ့ moistruizer အရှေ့ကနေလူးပါတယ်။ texture က gel cream လေးဖြစ်လို့လူးရတာအရမ်းပေါ့ပါးပြီး GG 10% အပြင် birch sap water 74.9%, squalane 1%, နဲ့ LMW hyaluronic acid 0.1% လဲပါသေးလို့ hydration အပြင် light barrier care အတွက်ပါကောင်းပါတယ်။ ချုံပြောရရင်တော့အဆီပြန်ပြီးအသားခြောက်တင်းတင်းဖြစ်နေတဲ့ oily dehydrated skin တွေ၊ hydration မလုံလောက်လို့အဆီပိုတွေတအားထွက်လာပြီးချွေးပေါက်ကျယ်အဆီဖုအဆီခဲဆားဝက်ခြံနဲ့ဝက်ခြံတွေဖြစ်လာတဲ့သူတွေပိုပြီးကြိုက်မယ့် cell အဆင့်ထိရေဓာတ်ဖြည့်ပေးနိုင်တဲ့ hydration moisturizer ပါ။ ပါတဲ့ ingredient တွေကလဲအရမ်းကောင်းပြီးရှားသလိုပါတဲ့ ml ကလဲများပြီးဈေးကလဲအရမ်းသက်သာလို့အတော်ကိုသုံးပျော်ပြီးထိရောက်တဲ့ moisturizer လေးပါပဲ။ {𝐃𝐚𝐧'𝐬 𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲} •••••••••••••••••••••••••• ▫️𝐏𝐞𝐫𝐢𝐨𝐝 𝐀𝐟𝐭𝐞𝐫 𝐎𝐩𝐞𝐧𝐢𝐧𝐠 : 12M ▫️𝐍𝐞𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭 | 𝐏𝐫𝐢𝐜𝐞 : 70ml | 32k ▫️𝐅𝐮𝐧𝐠𝐚𝐥 𝐀𝐜𝐧𝐞 𝐒𝐚𝐟𝐞 | 𝐏𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐒𝐚𝐟𝐞 : no | yes ▫️𝐒𝐜𝐞𝐧𝐭 | 𝐓𝐞𝐱𝐭𝐮𝐫𝐞 | 𝐌𝐚𝐝𝐞 𝐈𝐧 : none | gel cream | korea ▫️𝐀𝐩𝐩𝐫𝐨𝐱𝐢𝐦𝐚𝐭𝐞 𝐓𝐢𝐦𝐞 𝐅𝐨𝐫 𝐕𝐢𝐬𝐢𝐛𝐥𝐞 𝐑𝐞𝐬𝐮𝐥𝐭𝐬 : 2-4weeks ▫️𝐅𝐫𝐞𝐞 𝐅𝐫𝐨𝐦 𝐀𝐥𝐜𝐨𝐡𝐨𝐥𝐬, 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐎𝐢𝐥𝐬, 𝐒𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐀𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐂𝐨𝐥𝐨𝐮𝐫𝐚𝐧𝐭𝐬 ? : no, yes, no, yes, yes ▫️𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐒𝐤𝐢𝐧 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 : normal to sensitive & reactive > combination to oily > oily to super oily > combination to slightly dry + dehydrated > cell hydration > pore care > pH balancing > light barrier care 📆 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 𝐎𝐟 𝐔𝐬𝐞 : 5 | 1 | 2026 🚨 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 𝐀𝐥𝐞𝐫𝐭 : birch sap water 74.9%, glyceryl glucoside 10%, squalane 1%, hydrolyzed hyaluronic acid, behenyl alcohol, betain သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေချာဖတ်ရှုလေ့လာပြီးကိုက်ညီကြောင်းကိုယ်တိုင်အတည်ပြုပြီးမှသာဝယ်ယူသုံးစွဲပါရန်နှင့်ပစ္စည်းအသစ်စမ်းတိုင်း “patch test" လုပ်ရန်မမေ့ပါနှင့်။ ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။ #dansdiary #dansmoisturizer #dans_dermafactory_aquaporin_hydrating_cream_review
920
16
No text...
699
17
purito seoul ရယ်လို့အခုလို rebranding လုပ်ပြီးနာမည်မကြီးခင်လူသိမများခင် 2022 လောက်ထဲက dan" တအားကိုကြိုက်တဲ့ oat in calming gel cream ပါ။ ဒီ oat gel ကမြန်မာနိုင်ငံနဲ့တအားကိုလိုက်ဖက်တဲ့ gel texture အေးအေးလေးနဲ့ဖြစ်ပြီးလိမ်းလိုက်ရင် skin ကို soothing, light hydration နဲ့ light barrier care အာနိသင်လေးတွေကိုပေးစွမ်းနိုင်လို့မြန်မာနိုင်ငံအတွက် holy grail moisturizer ပါပဲ။ ဒီ moisturizer ကိုထူးခြားစေတာကတော်ရုံဘယ် k beauty brand မှာမှမရှိတဲ့ oat seed water ကို 77% လောက်ထိသုံးထားတာပါပဲ။ ပြီးရင် oat seed water ရဲ့အနံ့သင်းသင်းလေးလဲပါလို့လိမ်းရတာလဲအတော် comfort ဖြစ်တယ်။ dan" တော့ကြိုက်ပေမယ့်သူ့အနံ့ကိုမကြိုက်တဲ့သူဆိုရင်တော့နည်းနည်းအီလည်လည်ဖြစ်မယ်ထင်တယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ soothing နဲ့ barrier support ဖြစ်တဲ့အပြင် acne-prone, sensitive & reactive skin တို့အပြင် eczema, psoriasis နဲ့ rosacea တို့အတွက်ပါသင့်တော်တဲ့ moistruizer ပါ။ fungal acne လဲ safe ဖြစ်တာမလို့ fungal acne တကယ်ရှိတဲ့သူတွေအတွက်ရှားရှားပါးပါး moisturizer တွေထဲကတစ်ခုလို့ကိုပြောရမှာပါ။ dan" ingredient တွေထဲ oat ကိုအတော်ကြိုက်ပါတယ်။ oat seed water မှာက HA ထက်အဆ 20 ရေဓာတ်ပိုထိန်းနိုင်တဲ့ beta-glucan, နီရမ်းယားယံတာတွေသက်သာစေတဲ့ avenanthramides နဲ့ barrier care အတွက် lipids နဲ့ fatty acids လေးတွေပါလို့အပြင်၊ စားတဲ့ rolled oat flake ပုံစံလေးတွေနဲ့ oat spray ကိုပါသဘောကျလို့ပါ (oat spray ဆိုတာကတော့ပုံထဲက rolled oat မဖြစ်ခင်သဘာဝအုတ်ဂျုံအနှံခြောက် ချွန်ချွန်အကိုင်းလေးတွေပါ) ချုံပြောရရင်လိမ်းရတဲ့ feeling, ပါဝင်တဲ့ပမာဏ, ဈေးနှုန်း, အာနိသင်, branding စတဲ့စတဲ့အကုန်လုံးကကောင်းမွန်တာဖြစ်လို့စီကာပတ်ကုံးဘာမှပြောစရာကိုမရှိတဲ့အထိကိုကောင်းပါတယ်။ 🛒 : Purito Seoul Exclusive by TSO {𝐃𝐚𝐧'𝐬 𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲} •••••••••••••••••••••••••• ▫️𝐏𝐞𝐫𝐢𝐨𝐝 𝐀𝐟𝐭𝐞𝐫 𝐎𝐩𝐞𝐧𝐢𝐧𝐠 : 12M ▫️𝐍𝐞𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭 | 𝐏𝐫𝐢𝐜𝐞 : 100ml | 49.5k ▫️𝐅𝐮𝐧𝐠𝐚𝐥 𝐀𝐜𝐧𝐞 𝐒𝐚𝐟𝐞 | 𝐏𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐒𝐚𝐟𝐞 : yes | yes ▫️𝐒𝐜𝐞𝐧𝐭 | 𝐓𝐞𝐱𝐭𝐮𝐫𝐞 | 𝐌𝐚𝐝𝐞 𝐈𝐧 : oat | gel | korea ▫️𝐀𝐩𝐩𝐫𝐨𝐱𝐢𝐦𝐚𝐭𝐞 𝐓𝐢𝐦𝐞 𝐅𝐨𝐫 𝐕𝐢𝐬𝐢𝐛𝐥𝐞 𝐑𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks ▫️𝐅𝐫𝐞𝐞 𝐅𝐫𝐨𝐦 𝐀𝐥𝐜𝐨𝐡𝐨𝐥𝐬, 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐎𝐢𝐥𝐬, 𝐒𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐀𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐂𝐨𝐥𝐨𝐮𝐫𝐚𝐧𝐭𝐬 ? : 5-free ▫️𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐒𝐤𝐢𝐧 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 : normal to sensitive & reactive > combination to oily > oily to super oily > combination to slightly dry + soothing > light barrier care > hydration > acne-prone friendly 📆 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 𝐎𝐟 𝐔𝐬𝐞 : 23 | 2 | 2023 🚨 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 𝐀𝐥𝐞𝐫𝐭 : oat seed water 77%, squalane, panthenol, beta-glucan သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေချာဖတ်ရှုလေ့လာပြီးကိုက်ညီကြောင်းကိုယ်တိုင်အတည်ပြုပြီးမှသာဝယ်ယူသုံးစွဲပါရန်နှင့်ပစ္စည်းအသစ်စမ်းတိုင်း “patch test" လုပ်ရန်မမေ့ပါနှင့်။ ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။ #dansdiary #dansmoisturizer #dans_purito_seoul_oat_in_calming_gel_cream_review
856
18
+2
No text...
761
19
နောက်ပိုင်း social channel တွေများလာလို့ dan" တစ်ယောက်ထဲပဲဒါတွေကိုကိုင်တာမလို့သေချာတိုက်ရိုက်မေးခိင်တာလေးတွေ ရှိရင် page cb ကနေပဲနောက်မေးပေးနော်။ telegram channel chat ဆို dan" ဝင်လာရင်ဘာမှသိပ်အလျင်မမှီလို့ရယ်သိပ်ပြီး၊ နောက်ပြီး fb cmt box ကတော့သိတဲ့အတိုင်း dan" 2 ရက်ကြာရင်အဲ post အဟောင်းကို reply မလုပ်တော့တာမလို့သိချင်တာလေးတွေကြီးကြီးမားမားရှိရင်တိုက်ရိုက်ပဲလာမေးလိုက်ကြနော် ကလေးတို့။
758
20
နွေရာသီမှာလိမ်းလို့အကောင်းဆုံး moisturzier 10 မျိုး ☀️🏖️ နွေရာသီမှာလိမ်းလို့အကောင်းဆုံး moistruizer 10 မျိုးရဲ့ vlog version+9
နွေရာသီမှာလိမ်းလို့အကောင်းဆုံး moisturzier 10 မျိုး ☀️🏖️ နွေရာသီမှာလိမ်းလို့အကောင်းဆုံး moistruizer 10 မျိုးရဲ့ vlog version အပြီး blog version လေးပါ။ သိမ်းရလွယ်ဖတ်ရလွယ်ရှာရလွယ်တဲ့ပုံပေါ်စာတိုရေးထားတာလေးတွေမလို့တစ်မျိုးလေးသဘောကျကြမယ်လို့ထင်ပါတယ်။ texture လေးတွေကြည့်ချင်တဲ့သူတွေ၊ စကားနဲ့ပြောပြတာကိုပိုသဘောကျတဲ့သူတွေကတော့ vlog version (reel) လေးကိုကြည့်တာပိုသဘောကျကြမှာမလို့ reel လေးကြည့်တာကပိုအဆင်ပြေမှာပါ။ ဆယ်မျိုးထဲမှာ scrub house, oxecure, dr.ceuracle နဲ့ fiorese လေးတွေကတော့ detailed review ရှိလို့အသေးစိတ်ဖတ်လို့ရနိုင်ပါတယ်။ ကျန်တဲ့ 6 မျိုးထဲကတချို့ကိုလဲ dan" နောက်ရက်တွေမှာ detailed review လေးတွေဖတ်ပြီးနွေအမှီလေးကိုက်ညီ​၏မကိုက်ညီ​၏ချိန်ဆလို့ရအောင်ရက်ဆက် launch လုပ်ဖို့လဲစီစဉ်ထားပါတယ်။ #dansdiary #dansmoisturizer
768