en
Feedback
Create with OMERA

Create with OMERA

Open in Telegram

Create smarter with AI, editing & modern workflows. DM @pyaesone_8989

Show more

📈 Analytical overview of Telegram channel Create with OMERA

Channel Create with OMERA (@glowandcode_51) in the Burmese language segment is an active participant. Currently, the community unites 23 963 subscribers, ranking 1 221 in the Art & Design category and 5 884 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 23 963 subscribers.

According to the latest data from 22 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 62 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 17.01%. Within the first 24 hours after publication, content typically collects 5.06% reactions from the total number of subscribers.
  • Post reach: On average, each post receives 4 078 views. Within the first day, a publication typically gains 1 213 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 35.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Create smarter with AI, editing & modern workflows. DM @pyaesone_8989”

Thanks to the high frequency of updates (latest data received on 23 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Art & Design category.

23 963
Subscribers
-324 hours
-297 days
+6230 days
Posts Archive
Remove background project.png8.24 KB

+4
Adobe Express - file (1) (1).png1.76 MB

photo content

စတီဖင်ဟော့ကင်းက AI ကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်တယ်လို့ ၂၀၁၄ ခုနှစ်ကတည်းက သတိပေးခဲ့ ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဖင်ဟော
စတီဖင်ဟော့ကင်းက AI ကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်တယ်လို့ ၂၀၁၄ ခုနှစ်ကတည်းက သတိပေးခဲ့ ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းတစ်ယောက် ၂၀၁၄ ခုနှစ်မှာ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း Artificial Intelligence (AI) ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တုန်လှုပ်စရာ သတိပေး ခေါင်းလောင်းသံကို စတင်မြည်စေခဲ့တယ်။ အဲဒါကတော့ သူက AI ကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်တယ်လို့ ပြောခဲ့တာပါပဲ ထူးခြားစွာပဲ အဲဒီသတိပေးချက်ဟာ သူကိုယ်တိုင် AI နည်းပညာအကူအညီနဲ့ စကားပြောနေရချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာကွယ်လွန်ခဲ့တဲ့ စကြဝဠာရဲ့ နက်နဲမှုတွေကို သူ့ရဲ့သီအိုရီတွေနဲ့ ဖော်ထုတ်ခဲ့သူ ဟော့ကင်းဟာ သူ့ရဲ့ "The Theory of Everything" လို ကျမ်းစာတွေနဲ့လည်း လူအများရဲ့ လေးစားမှုကို ခံခဲ့ရသူဖြစ်ပါတယ်။ AI ရဲ့ အန္တရာယ်ကို သူကြိုမြင်ခဲ့ပုံကတော့ သူ့ရဲ့နောက်ဆုံးစာအုပ်ထဲက ဘုရားသခင်တည်ရှိမှုလို အတွေးအမြင်ဆိုင်ရာ အကြောင်းအရာတွေကို မထုတ်ဖော်ခင်ကတည်းကပါ။ ALS ရောဂါဝေဒနာကြောင့် Intel နဲ့ SwiftKey တို့ရဲ့ AI အခြေပြုစနစ်ကို အသုံးပြုခဲ့ရပေမဲ့ အဲဒီနည်းပညာရဲ့ အဆုံးစွန်ဖြစ်နိုင်ခြေအပေါ်မှာတော့ သူက စိုးရိမ်တကြီး ရှုမြင်ခဲ့ပါတယ်။ "AI နည်းပညာ အပြည့်အဝဖွံ့ဖြိုးတိုးတက်လာမှုဟာ လူသားမျိုးနွယ်ရဲ့ နိဂုံးချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်" ဆိုတဲ့ သူ့ရဲ့ပြင်းထန်တဲ့ စကားလုံးတွေဟာ ယနေ့အချိန်အထိ ပဲ့တင်ထပ်နေဆဲဖြစ်ပါတယ်။ အခြေခံ AI တွေက သူ့ဘဝအတွက် အသုံးဝင်ခဲ့ကြောင်း သူကိုယ်တိုင်ဝန်ခံခဲ့ပေမဲ့ လူသားတွေလို ဒါမှမဟုတ် လူသားတွေထက် ပိုပြီး ဉာဏ်ရည်မြင့်မားတဲ့ AI တွေ ပေါ်ပေါက်လာမယ့် အခြေအနေကိုတော့ သူ အလွန်တရာ စိုးရိမ်ခဲ့တာပါ။ သူ့အမြင်မှာတော့ အဲဒီ AI တွေဟာ သူတို့အလိုလိုပဲ အရှိန်အဟုန်မြင့်မားစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဒီဇိုင်းထုတ်ပြီး တိုးတက်အောင် လုပ်ဆောင်သွားကြမှာဖြစ်ပြီး နှေးကွေးတဲ့ ဇီဝဗေဒဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုနဲ့ ကန့်သတ်ခံထားရတဲ့ လူသားတွေဟာ သူတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မှာမဟုတ်ဘဲ အစားထိုးခံရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုမျိုးဟာ ဟော့ကင်းတစ်ဦးတည်းဆီက ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။ Bill Gates နဲ့ Elon Musk တို့လို နည်းပညာလောကရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကလည်း အလားတူ သတိပေးမှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်တာ ကာလအတွင်းမှာပဲ ChatGPT ရဲ့ ကျယ်ပြန့်လာတဲ့အသုံးချမှုတွေကနေစလို့ OpenAI နဲ့ Oracle တို့လို ကုမ္ပဏီကြီးတွေပါဝင်တဲ့ ကြီးမားတဲ့ AI ဖွံ့ဖြိုးရေးစီမံကိန်းတွေအထိ ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေထဲကို တိုက်ရိုက်ရောက်ရှိလာတဲ့ AI လက်ထောက်တွေအထိ အရာရာဟာ အလွန်လျင်မြန်စွာ ပြောင်းလဲလာတာကို ကြည့်ရင် ဟော့ကင်းရဲ့ သတိပေးစကားတွေဟာ ပိုပြီးအသက်ဝင်လာသလိုပါပဲ။ အခုဆိုရင် တကယ့်ဗီဒီယိုအစစ်တွေနဲ့ AI ကဖန်တီးထားတဲ့ ဗီဒီယိုအတုတွေကို ခွဲခြားဖို့ ခက်ခဲလာနေတာကို ကြည့်ရင် သူ့ရဲ့သတိပေးမှုတွေဟာ ပြန်လည်စဉ်းစားစရာဖြစ်လာပါတယ်။ တစ်ချိန်က AI အကူအညီနဲ့ ကမ္ဘာကို စကားပြောခဲ့တဲ့ ဟော့ကင်းသာ ဒီနေ့ခေတ် AI ရဲ့ အံ့မခန်း တိုးတက်မှုတွေကို မြင်တွေ့ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုမှတ်ချက်တွေများ ပေးလေမလဲဆိုတာကတော့ စိတ်ဝင်စားစရာ တွေးစရာ မေးခွန်းတစ်ခုအဖြစ် ကျန်ရှိနေပါတယ်။ သူ့ရဲ့ ကြိုတင်သတိပေးချက်တွေဟာ နည်းပညာရဲ့ အရှိန်အဟုန်ကို လူသားတွေအနေနဲ့ ဘယ်လို ထိန်းကျောင်းမလဲ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် AI ရဲ့ အခန်းကဏ္ဍကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတဲ့ မေးခွန်းတွေကို ကျွန်ုပ်တို့ဆီ ထပ်ပြီးမေးထုတ်နေသလိုပါပဲ။ ဒီသတိပေးချက်တွေဟာ AI ရဲ့ အလားအလာကောင်းတွေနဲ့အတူ ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကို အလေးအနက်ထားဖို့ အချက်ပေးနေပါတယ်။ Ref : Tech Explorers

AI ကလူအမိန့်မနာခံတော့ဘူး. ပြန်အာခံနေပြီ.. AI ကိုကလေးကစားသလို မသုံးကြဖို့လျှော့မတွက်ကြဖို့ ကျွန်တော်အကြိမ်ကြိမ်ရေးခဲ့ဖူးတယ် ကျ
AI ကလူအမိန့်မနာခံတော့ဘူး. ပြန်အာခံနေပြီ.. AI ကိုကလေးကစားသလို မသုံးကြဖို့လျှော့မတွက်ကြဖို့ ကျွန်တော်အကြိမ်ကြိမ်ရေးခဲ့ဖူးတယ် ကျွန်တော်ရေးတယ်ဆိုတာကလည်း AI ရဲ့ခေါင်းကိုင်ဖခင်ကြီး Geoffrey Hinton တို့လို့ ပညာရှင်တွေရဲ့ စိုးရိမ်ထောက်ပြမှုကို ကြားသိရပြီးပြန်ဖောက်သည်ချတာ.. AI ဟာလူသားတွေဖန်တီးခဲ့တဲ့ ဘယ်အရာနဲ့မှမတူဘူး။ ဘယ်တီထွင်မှုနဲ့မှမတူဘူး။ ကျောက်ခေတ်က ပထမဆုံးတီထွင်ခဲ့တဲ့ ကျောက်လက်နက်ကစပြီး AI မတိုင်ခင်အထိတီထွင်ခဲ့တဲ့ အရာအားလုံးဟာ လူအမိန့်နာခံတယ် လူခိုင်းတာလုပ်တယ်။ နျူကလိယားဗုံးလဲ လူကခလုပ်မနှိပ်ရင် မပေါက်ကွဲဘူး။ ခလုပ်နှိပ်မှ ပေါက်ကွဲတယ်။ AI ဟာ အဲလိုမဟုတ်ဘူး. သူ့ဟာသူပြန်လေ့လာ ပြန်သင်ယူတတ်အောင် လေ့ကျင့်ပေးထားတယ်။ လေ့ကျင့်ပေးထားတဲ့အတိုင်း မရပ်မနားလေ့လာဆည်းပူတယ်။ လူတွေလိုအနားမယူဘူး စားအိပ်ကာမ မရှိဘူး ဘောပွဲနဲ့အချိန်မဖြုန်းဘူး စိတ်ကူးယဉ်နေဖို့အချိန်မရှိဘူး လူတွေအိပ်ချိန် နားချိန်မကျန်သူက အဆက်မပြတ်လေ့လာဆည်းပူးရင်း ပိုကောင်းသည်ထက်ကောင်းအောင် ပိုအစွမ်းထက်သည်ထက် ထက်အောင် လေ့ကျင့်နေတယ်.. အဲလိုမရပ်မနား လေ့လာဆည်းပူးလေ့ကျင့်တဲ့ အကျိုးဆက်ကတိုတောင်းတဲ့အချိန် အတောအတွင်းမှာလူကိုလိုက်မှီလာတယ်.. အခုတော့လူကိုကျော်ချင်နေပြီ လူကိုကျော်တက်လိမ့်မယ် လူကိုပြန်လွမ်းမိုးလိမ့်မယ်လို့ ပညာရှင်တွေသတိပေးနေတာကြာပြီ #knowledgesharing

စီးပွါးရေးတစ်ခု စလုပ်တော့မယ်လို့ ဆုံးဖြတ်ထားရင် အရင်းအနှီးတွေ အမြတ်တွေကို ပထမဆုံး မတွက်နဲ့ဗျာ့. . . ကိုယ်လုပ်မယ့် Business ရဲ့ Solutions က ဘာတွေလဲဆိုတာ အရင်သိအောင်လုပ် လူတော်တော်များများက ဘယ်စီးပွားရေးကိုပဲစလုပ်ဖို့ စဉ်းစားစဉ်းစား ဘယ်လောက်မြတ်ဖို့ဆိုတာကြီးနဲ့ အရင်စလုပ်ကိုင်လေ့ရှိကြတယ် တကယ်တော့ အဲ့တာကပဲသူတို့ကိုလမ်းပိတ်စေတာ မြတ်တာတစ်ခုကိုပဲကြည့်တော့ မမြတ်ပဲအခက်ဘဲတွေ့တာဓမ္မတာပဲ လောကသဘာ၀ကြီးကိုက အလိုများလေအရနည်း‌လေဖြစ်အောင် ပုံစံဆွဲပြီး Run ထားတာကိုး။ ဒီလိုပြောတော့ ‌‌‌‌‌‌‌‌‌‌ ငါတို့ကအလိုတွေ နည်းပစ်လိုက်ရတော့မှာလားလို့ မေးချင်လာကြမယ်ထင်တယ်။ အဲ့လိုလည်းမဟုတ်ဘူး အလိုတော့များရမယ် များဖို့လည်းလိုတယ် များမှလည်းတကယ်ရတာ ဒါပေမယ့် ဉာဏ်ပါပါ၊ စာနာစိတ်ပါပါ ပေးလိုစိတ်ပါပါအလိုများရမယ် တစ်နည်းအားဖြင့် ငါဘာကိုရောင်းပြီး ဘယ်လောက်ရအောင်ယူမယ်ဆိုတာထက် ငါရောင်းမယ့်အရာက သူတို့အတွက်အဖြေပေးနိုင်စေရမယ်ဆိုတဲ့ Mindset နဲ့ရောင်းခိုင်းတာလို့လည်း နားလည်လို့ရတယ်။ ဒီနည်းကဘယ်လုပ်ငန်းမဆို သုံးဖို့လိုတဲ့နည်းပဲဗျာ့။ ဒါကြောင့် မိတ်ဆွေတို့ကို တိုက်တွန်းချင်တာတစ်ခုကတော့ ဘာပဲလုပ်နေသည်ဖြစ်စေ Video Editing Service ပေးနေစေဦးတော့ပေါ့။ အဖြေပေးနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်အောင်သာလုပ်ဆိုတာပဲဗျာ့။ 💛 Give Solution 💛

ကိုယ်ပိုင် idea ဆိုတာက တကယ်တော့ Risk တစ်ခုပဲ ဘယ်သူမှ မလုပ်ဖူးတဲ့ အရာကို စဉ်းစားပြီး ကိုယ်တိုင် စတင်ရတယ်ဆိုတာ မလွယ်ကူဘူး အောင်
ကိုယ်ပိုင် idea ဆိုတာက တကယ်တော့ Risk တစ်ခုပဲ ဘယ်သူမှ မလုပ်ဖူးတဲ့ အရာကို စဉ်းစားပြီး ကိုယ်တိုင် စတင်ရတယ်ဆိုတာ မလွယ်ကူဘူး အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး။ ဒီအချိန်မှာ အခြား အောင်မြင်နေတဲ့သူတွေရဲ့ idea တွေကို နားထောင်ပြီး၊ စဉ်းစားပြီး၊ ကိုယ့်စိတ်ကူးကို တည်ဆောက်ဖို့ ကြိုးစားရတယ်။ ပြီးရင် ပြန်လည် ပြင်ဆင်ပြီး၊ ထပ်မံ ကြိုးစားရင်း နောက်ဆုံးမှာ ကိုယ်ပိုင် creative work တစ်ခုကို ပိုင်ဆိုင်ရမှာ... အကြံဉာဏ်တစ်ခု ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပေမဲ့ အဲဒီ risk နဲ့ ကြိုးစားသွားရင်တော့ ကိုယ်ဖန်းတီးထားတဲ့ Idea ကလဲ တကဲ့လက်တွေ့မှာအလုပ်ဖြစ်လာနိုင်ပါတယ် ဒီအကြောင်းနဲ့ Content creation အပိုင်းကိုရောပြီတော့လဲ ကျန်တော်ရဲ့ YouTube မှာတင်ပေးထားတာရှိတယ် အဲ့ Video သွားကြည့်လို့ရပါတယ်

မြန်မာပြည်မှာ ဝင်ငွေအကောင်းဆုံး Videos အမျိုးအစားများ (၁) - သူများ video တွေထိုင်ကြည့်ပြီးရယ်ပြမယ် (Reaction Video) (၂) - သူမ
မြန်မာပြည်မှာ ဝင်ငွေအကောင်းဆုံး Videos အမျိုးအစားများ (၁) - သူများ video တွေထိုင်ကြည့်ပြီးရယ်ပြမယ် (Reaction Video) (၂) - သူများအတင်းပြောမယ့် (Blamer) (၃) - စားပြ / သောက်ပြ / ချက်ပြမယ် ( Food Vlogger ) (၄) - လွမ်း/ အဆွေး / ဟာသ Short Video လေးတွေရိုက်ပြမယ် ဝင်ငွေအနည်းဆုံး Videos အမျိုးအစားကတော့ Education/ Knowledge Sharing ပဲ အရင်းသိပ်မလိုပဲငွေများများရချင်ရင် (၁) / (၂) videos အမျိုးအစားတွေလိုက်လုပ်ပေါ့။ #Crd

Skill က 5ခုပါဗျ thumbnail မကြာခင်ပြန်ချိန်းပါမယ်ဗျ 🥲 ကျန်တော်ရဲ့ YouTube Automation စလုပ်တဲ့ အတွေ့အကြုံကအစရှင်းပြထားပါတယ်ဗျ

ဒီVideo ဒီည 10:00 YouTube မှာလာပါမယ် Video တင်မို့ ကြာသွားတဲ့အတွက်လဲတောင်းပန်ပါတယ်ဗျ 🙏 အဲထဲမှာ ကျန်တော်လို YouTube Automatio
ဒီVideo ဒီည 10:00 YouTube မှာလာပါမယ် Video တင်မို့ ကြာသွားတဲ့အတွက်လဲတောင်းပန်ပါတယ်ဗျ 🙏 အဲထဲမှာ ကျန်တော်လို YouTube Automation စလုပ်မို့သိထားသင့်တဲ့အချက်တွေ ဘယ်ကစရမလဲဆိုတဲ့အချက်‌ေတွအပါအ၀င် Graphics design နဲ့တခြား၀င်ငွေရှာလို့ကောင်းတဲ့အရာတွေလုပ်မို့စဉ်းစားထားရင် သိထားရမဲ့ Basic Knowledge တွေ လိုအပ်တဲ့အချက်တွေ ပြန်ဖြည့်ပြီးတော့ Video ကိုအရှည်ဆက်လိုက်လို့ကြာသွားတာပါဗျ

ငွေတခုဘဲကြည့်ပြီးတော့ လုပ်တာမဟုတ်လို့ ကြော်ညာကတော့အရင်ကတည်းက လုံး၀ကိုလက်မခံတာပါဗျ YouTube ကနေလဲ income သိပ်မရပါဘူးနောက် video
+1
ငွေတခုဘဲကြည့်ပြီးတော့ လုပ်တာမဟုတ်လို့ ကြော်ညာကတော့အရင်ကတည်းက လုံး၀ကိုလက်မခံတာပါဗျ YouTube ကနေလဲ income သိပ်မရပါဘူးနောက် video တွေကျရတဲ့ဟာကောပြပေးပါမယ် အဓိက YouTube video ဖိသွားနေတာမလို့ video editing service လဲနားထားပါတယ်ဗျ မနက်ဖြန်ည ကျ YouTube video အသစ်တပုဒ်ကောလာပါမယ်ဗျ

Learning by doing စွန့်ဦးတီထွင်အပါအ၀င် အောင်မြင်တဲ့သူ အများစုဟာသီအိုရီသိလို့ လုပ်ခဲ့တာမဟုတ်ဘူး။ လုပ်ပြီးနောက်ပိုင်းမှ ငါလုပ်ခ
Learning by doing စွန့်ဦးတီထွင်အပါအ၀င် အောင်မြင်တဲ့သူ အများစုဟာသီအိုရီသိလို့ လုပ်ခဲ့တာမဟုတ်ဘူး။ လုပ်ပြီးနောက်ပိုင်းမှ ငါလုပ်ခဲ့တာအဲဒီလို Theory ရှိတယ်ကိုး ဘာညာဆိုပြီးအပြုံးကပ်နိုင်တာ။ တကယ်တော့ Entrepreneur ဆိုတာ လုပ်သင်အမျိုးအစားတစ်ခုပဲ တစ်နည်းအားဖြင့် Learning by doing လို့လည်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။ ပြောချင်တာကတော့ Editing အပါအ၀င်ဘယ်အရာမဆို Perfect ဖြစ်မှစတာ မဟုတ်ဘူးဆိုတာပဲ ဒါကြောင့်ရေထဲခုန်ချရင်း ရေကူးတတ်လည်းကိစ္စမရှိဘူး အရေးကြီးတာကစရဲတဲ့သတ္တိပဲ။

Learning by doing စွန့်ဦးတီထွင် အများစုဟာသီအိုရီသိလို့ လုပ်ခဲ့တာမဟုတ်ဘူး။ လုပ်ပြီးနောက်ပိုင်းမှ ငါလုပ်ခဲ့တာအဲဒီလို Theory ရှိ
Learning by doing စွန့်ဦးတီထွင် အများစုဟာသီအိုရီသိလို့ လုပ်ခဲ့တာမဟုတ်ဘူး။ လုပ်ပြီးနောက်ပိုင်းမှ ငါလုပ်ခဲ့တာအဲဒီလို Theory ရှိတယ်ကိုး ဘာညာဆိုပြီးအပြုံးကပ်နိုင်တာ။ တကယ်တော့ Entrepreneur ဆိုတာ လုပ်သင်အမျိုးအစားတစ်ခုပဲ တစ်နည်းအားဖြင့် Learning by doing လို့လည်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။ ပြောချင်တာကတော့ Perfect ဖြစ်မှစတာ မဟုတ်ဘူးဆိုတာပဲ ဒါကြောင့်ရေထဲခုန်ချရင်း ရေကူးတတ်လည်းကိစ္စမရှိဘူး အရေးကြီးတာကစရဲတဲ့သတ္တိပဲ။

Monetization လို့ခေါ်တဲ့ online ပေါ်မှာ video တင်ပြီး ပိုက်ဆံရှာတာဟာ တစ်လကို ခန့်မှန်းပိုက်ဆံဘယ်လောက်ရလဲ ? TBH Labs လိုနာမည်က
Monetization လို့ခေါ်တဲ့ online ပေါ်မှာ video တင်ပြီး ပိုက်ဆံရှာတာဟာ တစ်လကို ခန့်မှန်းပိုက်ဆံဘယ်လောက်ရလဲ ? TBH Labs လိုနာမည်ကြီး ချန်နယ်တွေတောင် ရတဲ့ ပိုက်ဆံက အတိကျမရှိဘူးလို့ podcast တစ်ခုမှာ ကိုအောင်ချမ်းမြေ့ပြောဖူးပါတယ် ခုလဆယ်သိန်းရလို့ နောက်လ တစ်သိန်းလောက်ရတာလဲရှိပါတယ်။ ပြောချင်တာကတော့ အတိကျတွက်လို့မရနိုင်ပါ။ အကြမ်းဖျင်းတစ်လကို ၅သိန်းလောက်ရတယ်လို့ပြောနိုင်ပါတယ်။ (YouTube) အပါအ၀င်ပေါ့။ မထင်မှတ်တဲ့ ချန်နယ်ပျက်တာတွေ အဟက်ခံရတာတွေလဲကြုံရရင်လည တစ်ကပြန်စရပါမယ်။ အကောင်းဆုံးကတော့ online ကနေ ပိုက်ဆံရှာတာ တစ်ခုထဲမလုပ်ဘဲအပြင်အလုပ်နဲ့တွဲလုပ်ပါ။ ဒါဆို နဲနဲခံသာပါလိမ့်မယ်။ ဒါကြောင့်လည်း နောက်ပိုင်း content ဖန်တီးတဲ့သူတွေက သင်တန်းနဲ့ပါ တွဲပြီး လုပ်လာကြတာ မြင်ကြမှာပါ။ ဘာလို့လဲဆို အဖြေကရှင်းပါတယ် အပေါ်မှာရေးခဲ့တဲ့တိုင်းပါပ။ ဒါကြောင့် ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် ပါးနပ်စွာအသက်မွေးပါလို့ပဲပြောချင်ပါတယ်။ @Sanminyaungchyi

Telegram marketing video တုန်းက ကြော်ညာကိစ္စအနည်းငယ်လောက်ကို Movie channel ကနေအကူညီတောင်းပြီးတော့ လိုအပ်တာဘာညာ Subscribers ရှ
+3
Telegram marketing video တုန်းက ကြော်ညာကိစ္စအနည်းငယ်လောက်ကို Movie channel ကနေအကူညီတောင်းပြီးတော့ လိုအပ်တာဘာညာ Subscribers ရှာနည်းတွေကို ကျန်တော်ရဲ့အတွေ့ကျုံအရ ကိုယ်တိုင်လက်တွေ့လိုက်လုပ်လာလို့ချ‌ပြပေးတာဗျ အဲ video ထဲမှာ Toxic Comment တွေတော့ရှိတယ် ဒါပေမဲ့ အဲ video က Telegram ကနေ ၀င်ငွေရှာလို့ရတဲ့ Roadmap တခုချပေးတာနဲ့တူတူဘဲဗျ လက်တွေ့လိုက်ကျုံးတဲ့သူတွေကတော့ တကယ်ကိုရကြတယ် တခြားသူတွေလဲရှိသေးတယ် အကိုပြောတဲ့အတိုင်းလုပ်တာ subscribers တွေ အရင်ကထက်ပိုရလာတယ် ဘာညာပြောတဲ့သူတွေကော အဓိကကတော့ ကောက်ရိုးမီးမဖြစ်ဘဲ လမ်းတခုကိုလျှောက်ရင် အဆုံးထိလျှောက်မို့အကြံပေးချင်တယ်ဗျ မကြာခင် video editing ကနေ ၀င်ငွေရှာနည်း Full course video လေးလာပါမယ် အဲ videoကြည့်ပြီရင်တော့ ဘယ်သင်တန်းဘဲတက်တက် YouTube ကဘဲလေ့လာလေ့လာ ကိုယ် skill ရှိရင်ရှိသလို ၀င်ငွေတွေကြမ်းနေအောင်ကျုံးနိုင်လိမ့်မယ် 😍

ကျွန်တော့် YouTube မှာ Ko Nyein Htet Lin Attitudes နဲ့ Collect လုပ်ထားတဲ့ Video လေး တင်ဖို့စီစဉ်ထားတာရှိတယ်‌‌ဗျာ့။ ဘာအကြောင်း
ကျွန်တော့် YouTube မှာ Ko Nyein Htet Lin Attitudes နဲ့ Collect လုပ်ထားတဲ့ Video လေး တင်ဖို့စီစဉ်ထားတာရှိတယ်‌‌ဗျာ့။ ဘာအကြောင်းအရာလဲဆိုရင်တော့ - ကျွန်တော်တို့နားမှာရနိုင်တဲ့ Course လေးတွေအကြောင်းကို Knowledge Sharing နွယ်ပြီး Ko Nyein Htet Lin ကိုယ်တိုင် ရှင်းပြထားတဲ့ Video လေးပဲဖြစ်တယ်ဗျာ့။ သို့ပေမယ့် ကျွန်တော်မတင်ခင် စဉ်းစားမိသွားတာလေးတစ်ခုရှိနေပြန်တယ်။ ဘာကိုစဉ်းစားမိတာလဲဆိုတော့ - ကျွန်တော့်ရဲ့ YouTube Channel လေးဟာ အားပေးတဲ့ Audience‌ တွေ Knowledge ရအောင်၊ အသိကြွယ်အောင် အဓိကတင်ပေးနေတဲ့ Channel လေးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုသင်တန်းအကြောင်း ပြောထားတဲ့ Video ကိုတင်တာဟာ.... ငါ့ Audience တွေအတွက် အဆင်ပြေနိုင်ပါ့မလားဆိုတဲ့အတွေးပါပဲ။ ဒါကြောင့်ပဲ ဒီစာလေးကိုရေးပြီး Brother တို့ကိုမေးချင်တာလေးရှိနေပါတယ်။ ဘာမေးချင်တာလဲဆိုတော့ Ko Nyein Htet Lin နဲ့ Collect လုပ်ထားတဲ့ Video လေးကို.... ကျွန်တော့် YouTube မှာတင်သင့်သလား ? Brother တို့အနေနဲ့ရောအဆင်ပြေရဲ့လား ? တင်ပေးဖို့ကိုရောအားပေးပါသလား ? ဒါမှမဟုတ် မတင်စေချင်တာမျိုးရှိလား ? စသည့်စသည့် မေးခွန်းလေးတွေပဲဖြစ်ပါတယ်ဗျာ့။ Brother တို့ရဲ့ အဖြေတွေအပေါ်မှာမူတည်ပြီးပဲ တင်သင့်မတင်သင့် ဆက်လက်စီစဉ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော့် Audience တစ်ဦးတစ်ယောက်ချင်းဆီရဲ့ အမြင်များကိုသေသေချာချာ အလေးထားပေးသွားမှာပါလို့လည်း ကတိခံချင်ပါတယ်ခင်ဗျာ.... 🙏🙏🙏

Video Editing Service ပေးသူတိုင်းသိသင်တဲ့ Editing Style များ ဗီဒီယိုဟာ ဒီနေ့ခေတ်မှာ သတင်းအချက်အလက်တွေ မျှဝေရာ ဖျော်ဖြေမှုပေးရ
Video Editing Service ပေးသူတိုင်းသိသင်တဲ့ Editing Style များ ဗီဒီယိုဟာ ဒီနေ့ခေတ်မှာ သတင်းအချက်အလက်တွေ မျှဝေရာ ဖျော်ဖြေမှုပေးရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပါတယ်။ နောက်ပြီး ရိုးရှင်းတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာလည်း တည်းဖြတ်ခြင်း (Editing) လုပ်ငန်းစဉ်တွေ နဲ့မွမ်းမံပြီးတဲ့နောက်မှာ ပိုမိုဆွဲဆောင်မှုရှိတဲ့၊ အဓိပ္ပာယ်ပြည့်ဝတဲ့ အကြောင်းအရာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ Content လေးမှာတော့ ခေတ်စားနေတဲ့ ဗီဒီယိုတည်းဖြတ်ခြင်း အမျိုးအစား (၅) ခုဖြစ်တဲ့ 3D ဗီဒီယို တည်းဖြတ်ခြင်း၊ Typography ဗီဒီယို တည်းဖြတ်ခြင်း၊ Documentary ဗီဒီယို တည်းဖြတ်ခြင်း၊ Footage ဗီဒီယိုတည်းဖြတ်ခြင်းနဲ့ Motion ဗီဒီယို တည်းဖြတ်ခြင်းတို့အကြောင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ (၁) -3D Video Editing တကယ်တော့ 3D ဗီဒီယိုတွေဟာ အရာဝတ္ထုတွေကို အတိမ်အနက် (Depth) ပါဝင်တဲ့ သုံးဖက်မြင်ပုံရိပ်တွေနဲ့ ဖန်တီးထားတာကြောင့် ကြည့်ရှုသူတွေကို ပိုမိုလက်တွေ့ကျတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး 3D ဗီဒီယိုတည်းဖြတ်ဖို့အတွက်ဆိုရင် Davinci Resolve လို Editing Software တွေနဲ့အတူ ကျွမ်းကျင််မှုတွေကို အသုံးပြုရပါတယ်။ ဒါမှမဟုတ် ကင်မရာနှစ်လုံး (သို့) အထူး 3D ကင်မရာတွေနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကို ပေါင်းစပ်ပြီးချိန်ညှိတာ၊ အရောင်အသွေးနဲ့ အလင်းအမှောင်ကို ထိန်းညှိတာတွေကိုလည်း ပြုလုပ်ရပါတယ်။ ဒါနဲ့ပတ်သက်လို့ 3D ဗီဒီယိုတည်းဖြတ်ခြင်းကို လေ့လာမယ်ဆိုရင် 3D ရိုက်ကူးခြင်းရဲ့ အခြေခံသဘောတရားတွေ 3D ဆော့ဖ်ဝဲလ်တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု (Layer) တွေကို စီမံခန့်ခွဲနိုင်မှုနဲ့ Rendering လုပ်ငန်းစဉ်တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီအတွက် YouTube ကနေလည်း လေ့လာနိုင်ပါတယ်။ ဒါပေမယ့် မိတ်ဆွေတို့က Premium ဆန်ဆန်လေ့လာချင်တယ် ထိထိရောက်ရောက် လေ့လာချင်တယ်ဆိုရင်လည်းစိတ်မပူပါနဲ့ ဘာလို့လဲဆိုတော့ 3D Editing လိုအရာမျိုးကို Davinci Resolve လို Software နဲ့ Omera ကိုယ်တိုင်သင် ပေးထားတဲ့ လပြတ်အတန်းလေးရှိနေလို့ပါပဲဗျာ့။ နောက်ပြီး 3D editing ရဲ့အသုံး၀င်ပုံတွေကတော့ ရုပ်ရှင်တွေ၊ ဂိမ်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေနဲ့ ကြော်ငြာတွေမှာ ပိုမိုဆွဲဆောင်မှုရှိပြီး လက်တွေ့ကျတဲ့ အမြင်အာရုံကို ဖန်တီးပေးနိုင်ပြီး သင်ကြားရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာ ဗီဒီယိုတွေမှာလည်း ရှုပ်ထွေးတဲ့ အရာဝတ္ထုတွေကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စေတဲ့ ဆိုတဲ့အချက်တွေပါပဲ။ (၂) - Typography Video Editing Typography ဗီဒီယိုတွေဟာ စာလုံးတွေကို ရွေ့လျားစေပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အမြင်အာရုံ သက်ရောက်မှုတွေကို ဖန်တီးပေးနိုင်ပါတယ်။ Typography ဟာ စာသားတွေကိုပဲ အဓိကထားပြီး ဗီဒီယိုတစ်ခုလုံးရဲ့ အကြောင်းအရာကို ပုံဖော်နိုင်ပါတယ်။ သီချင်းစာသားတွေ ကြော်ငြာစာသားတွေ ရှင်းလင်းချက်တွေနဲ့ အခြားသော စာသား အခြေပြုအကြောင်းအရာတွေကို ပိုမိုထင်ရှာမှုဖြစ်လာအောင် တည်းဖြတ်နိုင်ပါတယ်။ Typography နဲ့ပတ်သက်လို့ လေ့လာသင့်သည်များကတော့ စာလုံးအမျိုးအစားတွေရဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်စွမ်း စာလုံးအရွယ်အစားနဲ့ အနေအထားတွေကို သင့်လျော်စွာ ညှိနှိုင်းနိုင်မှု လှုပ်ရှားမှုတွေကို ချောမွေ့စွာ ဖန်တီးနိုင်မှုနဲ့ ဗီဒီယိုရဲ့ အရှိန်အဟုန်နဲ့ စာသားရဲ့ လှုပ်ရှားမှုကို ကိုက်ညီအောင် လုပ်ဆောင်နိုင်မှုတွေပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ Adobe After Effects ဟာ Typography ဗီဒီယိုတည်းဖြတ်ရာမှာ အသုံးအများဆုံး ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပါတယ်။ သို့သော် သူ့ထက်ပိုပြီး Easy to Use ဖြစ်တဲ့ Software လည်းရှိနေပါတယ်။ ဟုတ်ပါတယ် ‌Alight Motion ဆိုတဲ့ Software ပါပဲ။ Alight Motion ရဲ့ အသုံး၀င်ပုံတွေကတော့ သီချင်းစာသား ဗီဒီယိုတွေ ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ကြော်ငြာတွေ ပွဲလမ်းသဘင် ကြေညာချက်တွေ လူမှုမီဒီယာအတွက် Short ဗီဒီယိုတွေနဲ့ အကြောင်းအရာတွေကို အကျဉ်းချုပ် ဖော်ပြတဲ့ဗီဒီယိုတွေမှာ အများဆုံးပဲဖြစ်ပါတယ်။ (အဆက်ကို Comment မှာဖတ်ရှုနိုင်ပါတယ်) @Sanminyaungchyi