Create with OMERA
前往频道在 Telegram
📈 Telegram 频道 Create with OMERA 的分析概览
频道 Create with OMERA (@glowandcode_51) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 23 996 名订阅者,在 艺术与设计 类别中位列第 1 229,并在 缅甸 地区排名第 5 888 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 23 996 名订阅者。
根据 18 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 55,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 14.01%。内容发布后 24 小时内通常能获得 4.31% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 3 362 次浏览,首日通常累积 1 035 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 33。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Create smarter with AI, editing & modern workflows.
DM @pyaesone_8989”
凭借高频更新(最新数据采集于 19 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 艺术与设计 类别中的关键影响点。
23 996
订阅者
无数据24 小时
-187 天
+5530 天
帖子存档
23 996
စတီဖင်ဟော့ကင်းက
AI ကြောင့် လူသားတွေ
မျိုးတုန်းသွားနိုင်တယ်လို့
၂၀၁၄ ခုနှစ်ကတည်းက သတိပေးခဲ့
ကမ္ဘာကျော်
ရူပဗေဒပညာရှင်
စတီဖင်ဟော့ကင်းတစ်ယောက်
၂၀၁၄ ခုနှစ်မှာ BBC နဲ့ ပြုလုပ်ခဲ့တဲ့
အင်တာဗျူးတစ်ခုအတွင်း
Artificial Intelligence (AI) ရဲ့
အနာဂတ်နဲ့ ပတ်သက်ပြီး
တုန်လှုပ်စရာ သတိပေး
ခေါင်းလောင်းသံကို စတင်မြည်စေခဲ့တယ်။
အဲဒါကတော့
သူက AI ကြောင့် လူသားတွေ
မျိုးတုန်းသွားနိုင်တယ်လို့ ပြောခဲ့တာပါပဲ
ထူးခြားစွာပဲ
အဲဒီသတိပေးချက်ဟာ
သူကိုယ်တိုင် AI နည်းပညာအကူအညီနဲ့
စကားပြောနေရချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။
၂၀၁၈ ခုနှစ်မှာကွယ်လွန်ခဲ့တဲ့
စကြဝဠာရဲ့ နက်နဲမှုတွေကို
သူ့ရဲ့သီအိုရီတွေနဲ့ ဖော်ထုတ်ခဲ့သူ
ဟော့ကင်းဟာ သူ့ရဲ့
"The Theory of Everything" လို
ကျမ်းစာတွေနဲ့လည်း
လူအများရဲ့ လေးစားမှုကို ခံခဲ့ရသူဖြစ်ပါတယ်။
AI ရဲ့ အန္တရာယ်ကို
သူကြိုမြင်ခဲ့ပုံကတော့
သူ့ရဲ့နောက်ဆုံးစာအုပ်ထဲက
ဘုရားသခင်တည်ရှိမှုလို
အတွေးအမြင်ဆိုင်ရာ
အကြောင်းအရာတွေကို
မထုတ်ဖော်ခင်ကတည်းကပါ။
ALS ရောဂါဝေဒနာကြောင့်
Intel နဲ့ SwiftKey တို့ရဲ့
AI အခြေပြုစနစ်ကို အသုံးပြုခဲ့ရပေမဲ့
အဲဒီနည်းပညာရဲ့
အဆုံးစွန်ဖြစ်နိုင်ခြေအပေါ်မှာတော့
သူက စိုးရိမ်တကြီး ရှုမြင်ခဲ့ပါတယ်။
"AI နည်းပညာ
အပြည့်အဝဖွံ့ဖြိုးတိုးတက်လာမှုဟာ
လူသားမျိုးနွယ်ရဲ့ နိဂုံးချုပ်ခြင်းကို
ဖြစ်ပေါ်စေနိုင်တယ်" ဆိုတဲ့
သူ့ရဲ့ပြင်းထန်တဲ့ စကားလုံးတွေဟာ
ယနေ့အချိန်အထိ ပဲ့တင်ထပ်နေဆဲဖြစ်ပါတယ်။
အခြေခံ AI တွေက
သူ့ဘဝအတွက် အသုံးဝင်ခဲ့ကြောင်း
သူကိုယ်တိုင်ဝန်ခံခဲ့ပေမဲ့
လူသားတွေလို ဒါမှမဟုတ်
လူသားတွေထက် ပိုပြီး
ဉာဏ်ရည်မြင့်မားတဲ့ AI တွေ
ပေါ်ပေါက်လာမယ့်
အခြေအနေကိုတော့
သူ အလွန်တရာ စိုးရိမ်ခဲ့တာပါ။
သူ့အမြင်မှာတော့
အဲဒီ AI တွေဟာ သူတို့အလိုလိုပဲ
အရှိန်အဟုန်မြင့်မားစွာနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဒီဇိုင်းထုတ်ပြီး
တိုးတက်အောင် လုပ်ဆောင်သွားကြမှာဖြစ်ပြီး
နှေးကွေးတဲ့ ဇီဝဗေဒဆိုင်ရာ
ဆင့်ကဲပြောင်းလဲမှုနဲ့
ကန့်သတ်ခံထားရတဲ့ လူသားတွေဟာ
သူတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မှာမဟုတ်ဘဲ
အစားထိုးခံရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ဒီလိုစိုးရိမ်ပူပန်မှုမျိုးဟာ
ဟော့ကင်းတစ်ဦးတည်းဆီက
ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။
Bill Gates နဲ့
Elon Musk တို့လို
နည်းပညာလောကရဲ့
ထိပ်သီးပုဂ္ဂိုလ်တွေကလည်း
အလားတူ သတိပေးမှုတွေ
ပြုလုပ်ခဲ့ကြဖူးပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်တာ
ကာလအတွင်းမှာပဲ ChatGPT ရဲ့
ကျယ်ပြန့်လာတဲ့အသုံးချမှုတွေကနေစလို့
OpenAI နဲ့ Oracle တို့လို
ကုမ္ပဏီကြီးတွေပါဝင်တဲ့
ကြီးမားတဲ့ AI ဖွံ့ဖြိုးရေးစီမံကိန်းတွေအထိ
ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေထဲကို
တိုက်ရိုက်ရောက်ရှိလာတဲ့
AI လက်ထောက်တွေအထိ
အရာရာဟာ အလွန်လျင်မြန်စွာ
ပြောင်းလဲလာတာကို ကြည့်ရင်
ဟော့ကင်းရဲ့ သတိပေးစကားတွေဟာ
ပိုပြီးအသက်ဝင်လာသလိုပါပဲ။
အခုဆိုရင်
တကယ့်ဗီဒီယိုအစစ်တွေနဲ့
AI ကဖန်တီးထားတဲ့
ဗီဒီယိုအတုတွေကို ခွဲခြားဖို့
ခက်ခဲလာနေတာကို ကြည့်ရင်
သူ့ရဲ့သတိပေးမှုတွေဟာ
ပြန်လည်စဉ်းစားစရာဖြစ်လာပါတယ်။
တစ်ချိန်က
AI အကူအညီနဲ့ ကမ္ဘာကို
စကားပြောခဲ့တဲ့ ဟော့ကင်းသာ
ဒီနေ့ခေတ် AI ရဲ့ အံ့မခန်း
တိုးတက်မှုတွေကို
မြင်တွေ့ခွင့်ရခဲ့မယ်ဆိုရင်
ဘယ်လိုမှတ်ချက်တွေများ
ပေးလေမလဲဆိုတာကတော့
စိတ်ဝင်စားစရာ တွေးစရာ
မေးခွန်းတစ်ခုအဖြစ် ကျန်ရှိနေပါတယ်။
သူ့ရဲ့ ကြိုတင်သတိပေးချက်တွေဟာ
နည်းပညာရဲ့ အရှိန်အဟုန်ကို
လူသားတွေအနေနဲ့
ဘယ်လို ထိန်းကျောင်းမလဲ
လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက်
AI ရဲ့ အခန်းကဏ္ဍကို
ဘယ်လိုပုံဖော်ကြမလဲ ဆိုတဲ့
မေးခွန်းတွေကို ကျွန်ုပ်တို့ဆီ
ထပ်ပြီးမေးထုတ်နေသလိုပါပဲ။
ဒီသတိပေးချက်တွေဟာ
AI ရဲ့ အလားအလာကောင်းတွေနဲ့အတူ
ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကို
အလေးအနက်ထားဖို့ အချက်ပေးနေပါတယ်။
Ref : Tech Explorers
23 996
AI ကလူအမိန့်မနာခံတော့ဘူး.
ပြန်အာခံနေပြီ..
AI ကိုကလေးကစားသလို
မသုံးကြဖို့လျှော့မတွက်ကြဖို့
ကျွန်တော်အကြိမ်ကြိမ်ရေးခဲ့ဖူးတယ်
ကျွန်တော်ရေးတယ်ဆိုတာကလည်း
AI ရဲ့ခေါင်းကိုင်ဖခင်ကြီး
Geoffrey Hinton တို့လို့
ပညာရှင်တွေရဲ့ စိုးရိမ်ထောက်ပြမှုကို
ကြားသိရပြီးပြန်ဖောက်သည်ချတာ..
AI ဟာလူသားတွေဖန်တီးခဲ့တဲ့
ဘယ်အရာနဲ့မှမတူဘူး။
ဘယ်တီထွင်မှုနဲ့မှမတူဘူး။
ကျောက်ခေတ်က
ပထမဆုံးတီထွင်ခဲ့တဲ့
ကျောက်လက်နက်ကစပြီး
AI မတိုင်ခင်အထိတီထွင်ခဲ့တဲ့
အရာအားလုံးဟာ လူအမိန့်နာခံတယ်
လူခိုင်းတာလုပ်တယ်။
နျူကလိယားဗုံးလဲ
လူကခလုပ်မနှိပ်ရင် မပေါက်ကွဲဘူး။
ခလုပ်နှိပ်မှ ပေါက်ကွဲတယ်။
AI ဟာ အဲလိုမဟုတ်ဘူး.
သူ့ဟာသူပြန်လေ့လာ
ပြန်သင်ယူတတ်အောင်
လေ့ကျင့်ပေးထားတယ်။
လေ့ကျင့်ပေးထားတဲ့အတိုင်း
မရပ်မနားလေ့လာဆည်းပူတယ်။
လူတွေလိုအနားမယူဘူး
စားအိပ်ကာမ မရှိဘူး
ဘောပွဲနဲ့အချိန်မဖြုန်းဘူး
စိတ်ကူးယဉ်နေဖို့အချိန်မရှိဘူး
လူတွေအိပ်ချိန်
နားချိန်မကျန်သူက
အဆက်မပြတ်လေ့လာဆည်းပူးရင်း
ပိုကောင်းသည်ထက်ကောင်းအောင်
ပိုအစွမ်းထက်သည်ထက်
ထက်အောင် လေ့ကျင့်နေတယ်..
အဲလိုမရပ်မနား
လေ့လာဆည်းပူးလေ့ကျင့်တဲ့
အကျိုးဆက်ကတိုတောင်းတဲ့အချိန်
အတောအတွင်းမှာလူကိုလိုက်မှီလာတယ်..
အခုတော့လူကိုကျော်ချင်နေပြီ
လူကိုကျော်တက်လိမ့်မယ်
လူကိုပြန်လွမ်းမိုးလိမ့်မယ်လို့
ပညာရှင်တွေသတိပေးနေတာကြာပြီ
#knowledgesharing
23 996
စီးပွါးရေးတစ်ခု
စလုပ်တော့မယ်လို့ ဆုံးဖြတ်ထားရင်
အရင်းအနှီးတွေ အမြတ်တွေကို
ပထမဆုံး မတွက်နဲ့ဗျာ့. . .
ကိုယ်လုပ်မယ့်
Business ရဲ့ Solutions က
ဘာတွေလဲဆိုတာ အရင်သိအောင်လုပ်
လူတော်တော်များများက
ဘယ်စီးပွားရေးကိုပဲစလုပ်ဖို့ စဉ်းစားစဉ်းစား
ဘယ်လောက်မြတ်ဖို့ဆိုတာကြီးနဲ့
အရင်စလုပ်ကိုင်လေ့ရှိကြတယ်
တကယ်တော့
အဲ့တာကပဲသူတို့ကိုလမ်းပိတ်စေတာ
မြတ်တာတစ်ခုကိုပဲကြည့်တော့
မမြတ်ပဲအခက်ဘဲတွေ့တာဓမ္မတာပဲ
လောကသဘာ၀ကြီးကိုက
အလိုများလေအရနည်းလေဖြစ်အောင်
ပုံစံဆွဲပြီး Run ထားတာကိုး။
ဒီလိုပြောတော့
ငါတို့ကအလိုတွေ
နည်းပစ်လိုက်ရတော့မှာလားလို့
မေးချင်လာကြမယ်ထင်တယ်။
အဲ့လိုလည်းမဟုတ်ဘူး
အလိုတော့များရမယ်
များဖို့လည်းလိုတယ်
များမှလည်းတကယ်ရတာ
ဒါပေမယ့်
ဉာဏ်ပါပါ၊ စာနာစိတ်ပါပါ
ပေးလိုစိတ်ပါပါအလိုများရမယ်
တစ်နည်းအားဖြင့်
ငါဘာကိုရောင်းပြီး
ဘယ်လောက်ရအောင်ယူမယ်ဆိုတာထက်
ငါရောင်းမယ့်အရာက
သူတို့အတွက်အဖြေပေးနိုင်စေရမယ်ဆိုတဲ့
Mindset နဲ့ရောင်းခိုင်းတာလို့လည်း
နားလည်လို့ရတယ်။
ဒီနည်းကဘယ်လုပ်ငန်းမဆို
သုံးဖို့လိုတဲ့နည်းပဲဗျာ့။
ဒါကြောင့်
မိတ်ဆွေတို့ကို
တိုက်တွန်းချင်တာတစ်ခုကတော့
ဘာပဲလုပ်နေသည်ဖြစ်စေ
Video Editing Service
ပေးနေစေဦးတော့ပေါ့။
အဖြေပေးနိုင်တဲ့
လုပ်ငန်းတစ်ခုဖြစ်အောင်သာလုပ်ဆိုတာပဲဗျာ့။
💛 Give Solution 💛
23 996
ကိုယ်ပိုင် idea ဆိုတာက တကယ်တော့ Risk တစ်ခုပဲ ဘယ်သူမှ မလုပ်ဖူးတဲ့ အရာကို စဉ်းစားပြီး ကိုယ်တိုင် စတင်ရတယ်ဆိုတာ မလွယ်ကူဘူး အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး။
ဒီအချိန်မှာ အခြား အောင်မြင်နေတဲ့သူတွေရဲ့ idea တွေကို နားထောင်ပြီး၊ စဉ်းစားပြီး၊ ကိုယ့်စိတ်ကူးကို တည်ဆောက်ဖို့ ကြိုးစားရတယ်။ ပြီးရင် ပြန်လည် ပြင်ဆင်ပြီး၊ ထပ်မံ ကြိုးစားရင်း နောက်ဆုံးမှာ ကိုယ်ပိုင် creative work တစ်ခုကို ပိုင်ဆိုင်ရမှာ...
အကြံဉာဏ်တစ်ခု ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပေမဲ့ အဲဒီ risk နဲ့ ကြိုးစားသွားရင်တော့ ကိုယ်ဖန်းတီးထားတဲ့ Idea ကလဲ တကဲ့လက်တွေ့မှာအလုပ်ဖြစ်လာနိုင်ပါတယ်
ဒီအကြောင်းနဲ့ Content creation အပိုင်းကိုရောပြီတော့လဲ ကျန်တော်ရဲ့ YouTube မှာတင်ပေးထားတာရှိတယ် အဲ့ Video သွားကြည့်လို့ရပါတယ်
23 996
မြန်မာပြည်မှာ
ဝင်ငွေအကောင်းဆုံး Videos အမျိုးအစားများ
(၁) - သူများ video တွေထိုင်ကြည့်ပြီးရယ်ပြမယ် (Reaction Video)
(၂) - သူများအတင်းပြောမယ့် (Blamer)
(၃) - စားပြ / သောက်ပြ / ချက်ပြမယ် ( Food Vlogger )
(၄) - လွမ်း/ အဆွေး / ဟာသ Short Video လေးတွေရိုက်ပြမယ်
ဝင်ငွေအနည်းဆုံး
Videos အမျိုးအစားကတော့
Education/ Knowledge Sharing ပဲ
အရင်းသိပ်မလိုပဲငွေများများရချင်ရင်
(၁) / (၂) videos အမျိုးအစားတွေလိုက်လုပ်ပေါ့။
#Crd
23 996
Skill က 5ခုပါဗျ thumbnail မကြာခင်ပြန်ချိန်းပါမယ်ဗျ 🥲 ကျန်တော်ရဲ့ YouTube Automation စလုပ်တဲ့ အတွေ့အကြုံကအစရှင်းပြထားပါတယ်ဗျ
23 996
ဒီVideo ဒီည 10:00 YouTube မှာလာပါမယ်
Video တင်မို့ ကြာသွားတဲ့အတွက်လဲတောင်းပန်ပါတယ်ဗျ 🙏
အဲထဲမှာ ကျန်တော်လို YouTube Automation စလုပ်မို့သိထားသင့်တဲ့အချက်တွေ ဘယ်ကစရမလဲဆိုတဲ့အချက်ေတွအပါအ၀င် Graphics design နဲ့တခြား၀င်ငွေရှာလို့ကောင်းတဲ့အရာတွေလုပ်မို့စဉ်းစားထားရင် သိထားရမဲ့ Basic Knowledge တွေ လိုအပ်တဲ့အချက်တွေ ပြန်ဖြည့်ပြီးတော့ Video ကိုအရှည်ဆက်လိုက်လို့ကြာသွားတာပါဗျ
23 996
+1
ငွေတခုဘဲကြည့်ပြီးတော့ လုပ်တာမဟုတ်လို့
ကြော်ညာကတော့အရင်ကတည်းက လုံး၀ကိုလက်မခံတာပါဗျ YouTube ကနေလဲ income သိပ်မရပါဘူးနောက် video တွေကျရတဲ့ဟာကောပြပေးပါမယ် အဓိက YouTube video ဖိသွားနေတာမလို့ video editing service လဲနားထားပါတယ်ဗျ
မနက်ဖြန်ည ကျ YouTube video အသစ်တပုဒ်ကောလာပါမယ်ဗျ
23 996
Learning by doing
စွန့်ဦးတီထွင်အပါအ၀င်
အောင်မြင်တဲ့သူ
အများစုဟာသီအိုရီသိလို့
လုပ်ခဲ့တာမဟုတ်ဘူး။
လုပ်ပြီးနောက်ပိုင်းမှ
ငါလုပ်ခဲ့တာအဲဒီလို
Theory ရှိတယ်ကိုး
ဘာညာဆိုပြီးအပြုံးကပ်နိုင်တာ။
တကယ်တော့
Entrepreneur ဆိုတာ
လုပ်သင်အမျိုးအစားတစ်ခုပဲ
တစ်နည်းအားဖြင့်
Learning by doing
လို့လည်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။
ပြောချင်တာကတော့
Editing အပါအ၀င်ဘယ်အရာမဆို
Perfect ဖြစ်မှစတာ
မဟုတ်ဘူးဆိုတာပဲ
ဒါကြောင့်ရေထဲခုန်ချရင်း
ရေကူးတတ်လည်းကိစ္စမရှိဘူး
အရေးကြီးတာကစရဲတဲ့သတ္တိပဲ။
23 996
Learning by doing
စွန့်ဦးတီထွင်
အများစုဟာသီအိုရီသိလို့
လုပ်ခဲ့တာမဟုတ်ဘူး။
လုပ်ပြီးနောက်ပိုင်းမှ
ငါလုပ်ခဲ့တာအဲဒီလို
Theory ရှိတယ်ကိုး
ဘာညာဆိုပြီးအပြုံးကပ်နိုင်တာ။
တကယ်တော့
Entrepreneur ဆိုတာ
လုပ်သင်အမျိုးအစားတစ်ခုပဲ
တစ်နည်းအားဖြင့်
Learning by doing
လို့လည်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။
ပြောချင်တာကတော့
Perfect ဖြစ်မှစတာ
မဟုတ်ဘူးဆိုတာပဲ
ဒါကြောင့်ရေထဲခုန်ချရင်း
ရေကူးတတ်လည်းကိစ္စမရှိဘူး
အရေးကြီးတာကစရဲတဲ့သတ္တိပဲ။
23 996
Monetization လို့ခေါ်တဲ့
online ပေါ်မှာ video တင်ပြီး
ပိုက်ဆံရှာတာဟာ တစ်လကို
ခန့်မှန်းပိုက်ဆံဘယ်လောက်ရလဲ ?
TBH Labs လိုနာမည်ကြီး
ချန်နယ်တွေတောင် ရတဲ့
ပိုက်ဆံက အတိကျမရှိဘူးလို့
podcast တစ်ခုမှာ
ကိုအောင်ချမ်းမြေ့ပြောဖူးပါတယ်
ခုလဆယ်သိန်းရလို့
နောက်လ တစ်သိန်းလောက်ရတာလဲရှိပါတယ်။
ပြောချင်တာကတော့
အတိကျတွက်လို့မရနိုင်ပါ။
အကြမ်းဖျင်းတစ်လကို
၅သိန်းလောက်ရတယ်လို့ပြောနိုင်ပါတယ်။
(YouTube) အပါအ၀င်ပေါ့။
မထင်မှတ်တဲ့
ချန်နယ်ပျက်တာတွေ
အဟက်ခံရတာတွေလဲကြုံရရင်လည
တစ်ကပြန်စရပါမယ်။
အကောင်းဆုံးကတော့
online ကနေ ပိုက်ဆံရှာတာ
တစ်ခုထဲမလုပ်ဘဲအပြင်အလုပ်နဲ့တွဲလုပ်ပါ။
ဒါဆို နဲနဲခံသာပါလိမ့်မယ်။
ဒါကြောင့်လည်း
နောက်ပိုင်း content ဖန်တီးတဲ့သူတွေက
သင်တန်းနဲ့ပါ တွဲပြီး
လုပ်လာကြတာ မြင်ကြမှာပါ။
ဘာလို့လဲဆို
အဖြေကရှင်းပါတယ်
အပေါ်မှာရေးခဲ့တဲ့တိုင်းပါပ။
ဒါကြောင့်
ဘယ်အလုပ်ကိုပဲဖြစ်ဖြစ်
ပါးနပ်စွာအသက်မွေးပါလို့ပဲပြောချင်ပါတယ်။
@Sanminyaungchyi
23 996
+3
Telegram marketing video တုန်းက
ကြော်ညာကိစ္စအနည်းငယ်လောက်ကို Movie channel ကနေအကူညီတောင်းပြီးတော့ လိုအပ်တာဘာညာ Subscribers ရှာနည်းတွေကို ကျန်တော်ရဲ့အတွေ့ကျုံအရ ကိုယ်တိုင်လက်တွေ့လိုက်လုပ်လာလို့ချပြပေးတာဗျ
အဲ video ထဲမှာ Toxic Comment တွေတော့ရှိတယ် ဒါပေမဲ့ အဲ video က
Telegram ကနေ ၀င်ငွေရှာလို့ရတဲ့ Roadmap တခုချပေးတာနဲ့တူတူဘဲဗျ
လက်တွေ့လိုက်ကျုံးတဲ့သူတွေကတော့ တကယ်ကိုရကြတယ် တခြားသူတွေလဲရှိသေးတယ်
အကိုပြောတဲ့အတိုင်းလုပ်တာ subscribers တွေ အရင်ကထက်ပိုရလာတယ် ဘာညာပြောတဲ့သူတွေကော
အဓိကကတော့ ကောက်ရိုးမီးမဖြစ်ဘဲ လမ်းတခုကိုလျှောက်ရင် အဆုံးထိလျှောက်မို့အကြံပေးချင်တယ်ဗျ
မကြာခင် video editing ကနေ ၀င်ငွေရှာနည်း Full course video လေးလာပါမယ် အဲ videoကြည့်ပြီရင်တော့ ဘယ်သင်တန်းဘဲတက်တက် YouTube ကဘဲလေ့လာလေ့လာ ကိုယ် skill ရှိရင်ရှိသလို ၀င်ငွေတွေကြမ်းနေအောင်ကျုံးနိုင်လိမ့်မယ် 😍
23 996
ကျွန်တော့် YouTube မှာ
Ko Nyein Htet Lin Attitudes နဲ့
Collect လုပ်ထားတဲ့ Video လေး
တင်ဖို့စီစဉ်ထားတာရှိတယ်ဗျာ့။
ဘာအကြောင်းအရာလဲဆိုရင်တော့ -
ကျွန်တော်တို့နားမှာရနိုင်တဲ့
Course လေးတွေအကြောင်းကို
Knowledge Sharing နွယ်ပြီး
Ko Nyein Htet Lin ကိုယ်တိုင်
ရှင်းပြထားတဲ့ Video လေးပဲဖြစ်တယ်ဗျာ့။
သို့ပေမယ့်
ကျွန်တော်မတင်ခင်
စဉ်းစားမိသွားတာလေးတစ်ခုရှိနေပြန်တယ်။
ဘာကိုစဉ်းစားမိတာလဲဆိုတော့ -
ကျွန်တော့်ရဲ့
YouTube Channel လေးဟာ
အားပေးတဲ့ Audience တွေ
Knowledge ရအောင်၊ အသိကြွယ်အောင်
အဓိကတင်ပေးနေတဲ့ Channel လေးဖြစ်ပါတယ်။
ဒါကြောင့်
ဒီလိုသင်တန်းအကြောင်း
ပြောထားတဲ့ Video ကိုတင်တာဟာ....
ငါ့ Audience တွေအတွက်
အဆင်ပြေနိုင်ပါ့မလားဆိုတဲ့အတွေးပါပဲ။
ဒါကြောင့်ပဲ
ဒီစာလေးကိုရေးပြီး
Brother တို့ကိုမေးချင်တာလေးရှိနေပါတယ်။
ဘာမေးချင်တာလဲဆိုတော့
Ko Nyein Htet Lin နဲ့
Collect လုပ်ထားတဲ့ Video လေးကို....
ကျွန်တော့် YouTube မှာတင်သင့်သလား ?
Brother တို့အနေနဲ့ရောအဆင်ပြေရဲ့လား ?
တင်ပေးဖို့ကိုရောအားပေးပါသလား ?
ဒါမှမဟုတ် မတင်စေချင်တာမျိုးရှိလား ?
စသည့်စသည့်
မေးခွန်းလေးတွေပဲဖြစ်ပါတယ်ဗျာ့။
Brother တို့ရဲ့
အဖြေတွေအပေါ်မှာမူတည်ပြီးပဲ
တင်သင့်မတင်သင့်
ဆက်လက်စီစဉ်သွားမှာဖြစ်ပါတယ်။
နောက်ပြီး
ကျွန်တော့် Audience
တစ်ဦးတစ်ယောက်ချင်းဆီရဲ့
အမြင်များကိုသေသေချာချာ
အလေးထားပေးသွားမှာပါလို့လည်း
ကတိခံချင်ပါတယ်ခင်ဗျာ.... 🙏🙏🙏
23 996
Video Editing Service ပေးသူတိုင်းသိသင်တဲ့ Editing Style များ
ဗီဒီယိုဟာ ဒီနေ့ခေတ်မှာ
သတင်းအချက်အလက်တွေ မျှဝေရာ
ဖျော်ဖြေမှုပေးရာမှာ အဓိကကျတဲ့
အခန်းကဏ္ဍကနေ ပါဝင်လာနေပါတယ်။
နောက်ပြီး ရိုးရှင်းတဲ့
ဗီဒီယိုဖိုင်တစ်ခုဟာလည်း
တည်းဖြတ်ခြင်း (Editing) လုပ်ငန်းစဉ်တွေ
နဲ့မွမ်းမံပြီးတဲ့နောက်မှာ
ပိုမိုဆွဲဆောင်မှုရှိတဲ့၊ အဓိပ္ပာယ်ပြည့်ဝတဲ့
အကြောင်းအရာတစ်ခုအဖြစ်
ပြောင်းလဲသွားနိုင်ပါတယ်။
ဒါကြောင့်
ဒီနေ့ Content လေးမှာတော့
ခေတ်စားနေတဲ့ ဗီဒီယိုတည်းဖြတ်ခြင်း
အမျိုးအစား (၅) ခုဖြစ်တဲ့ 3D ဗီဒီယို
တည်းဖြတ်ခြင်း၊ Typography ဗီဒီယို
တည်းဖြတ်ခြင်း၊ Documentary ဗီဒီယို
တည်းဖြတ်ခြင်း၊ Footage
ဗီဒီယိုတည်းဖြတ်ခြင်းနဲ့ Motion ဗီဒီယို
တည်းဖြတ်ခြင်းတို့အကြောင်းကို
ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
(၁) -3D Video Editing
တကယ်တော့
3D ဗီဒီယိုတွေဟာ
အရာဝတ္ထုတွေကို
အတိမ်အနက် (Depth) ပါဝင်တဲ့
သုံးဖက်မြင်ပုံရိပ်တွေနဲ့
ဖန်တီးထားတာကြောင့်
ကြည့်ရှုသူတွေကို ပိုမိုလက်တွေ့ကျတဲ့
ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။
နောက်ပြီး
3D ဗီဒီယိုတည်းဖြတ်ဖို့အတွက်ဆိုရင်
Davinci Resolve လို Editing
Software တွေနဲ့အတူ
ကျွမ်းကျင််မှုတွေကို အသုံးပြုရပါတယ်။
ဒါမှမဟုတ်
ကင်မရာနှစ်လုံး (သို့)
အထူး 3D ကင်မရာတွေနဲ့
ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကို
ပေါင်းစပ်ပြီးချိန်ညှိတာ၊ အရောင်အသွေးနဲ့
အလင်းအမှောင်ကို ထိန်းညှိတာတွေကိုလည်း
ပြုလုပ်ရပါတယ်။
ဒါနဲ့ပတ်သက်လို့
3D ဗီဒီယိုတည်းဖြတ်ခြင်းကို
လေ့လာမယ်ဆိုရင် 3D ရိုက်ကူးခြင်းရဲ့
အခြေခံသဘောတရားတွေ
3D ဆော့ဖ်ဝဲလ်တွေကို
ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု
(Layer) တွေကို စီမံခန့်ခွဲနိုင်မှုနဲ့
Rendering လုပ်ငန်းစဉ်တွေကို
နားလည်ထားဖို့ လိုအပ်ပါတယ်။
ဒီအတွက်
YouTube ကနေလည်း လေ့လာနိုင်ပါတယ်။
ဒါပေမယ့် မိတ်ဆွေတို့က
Premium ဆန်ဆန်လေ့လာချင်တယ်
ထိထိရောက်ရောက်
လေ့လာချင်တယ်ဆိုရင်လည်းစိတ်မပူပါနဲ့
ဘာလို့လဲဆိုတော့
3D Editing လိုအရာမျိုးကို
Davinci Resolve လို Software နဲ့
Omera ကိုယ်တိုင်သင် ပေးထားတဲ့
လပြတ်အတန်းလေးရှိနေလို့ပါပဲဗျာ့။
နောက်ပြီး
3D editing ရဲ့အသုံး၀င်ပုံတွေကတော့
ရုပ်ရှင်တွေ၊ ဂိမ်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေနဲ့
ကြော်ငြာတွေမှာ ပိုမိုဆွဲဆောင်မှုရှိပြီး
လက်တွေ့ကျတဲ့ အမြင်အာရုံကို
ဖန်တီးပေးနိုင်ပြီး သင်ကြားရေးနဲ့
လေ့ကျင့်ရေးဆိုင်ရာ ဗီဒီယိုတွေမှာလည်း
ရှုပ်ထွေးတဲ့ အရာဝတ္ထုတွေကို
ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စေတဲ့
ဆိုတဲ့အချက်တွေပါပဲ။
(၂) - Typography Video Editing
Typography ဗီဒီယိုတွေဟာ
စာလုံးတွေကို ရွေ့လျားစေပြီး
စိတ်ဝင်စားဖွယ်ကောင်းတဲ့ အမြင်အာရုံ
သက်ရောက်မှုတွေကို ဖန်တီးပေးနိုင်ပါတယ်။
Typography ဟာ
စာသားတွေကိုပဲ
အဓိကထားပြီး ဗီဒီယိုတစ်ခုလုံးရဲ့
အကြောင်းအရာကို ပုံဖော်နိုင်ပါတယ်။
သီချင်းစာသားတွေ
ကြော်ငြာစာသားတွေ
ရှင်းလင်းချက်တွေနဲ့
အခြားသော စာသား
အခြေပြုအကြောင်းအရာတွေကို
ပိုမိုထင်ရှာမှုဖြစ်လာအောင်
တည်းဖြတ်နိုင်ပါတယ်။
Typography နဲ့ပတ်သက်လို့
လေ့လာသင့်သည်များကတော့
စာလုံးအမျိုးအစားတွေရဲ့
စိတ်ခံစားချက်ကို ဖော်ပြနိုင်စွမ်း
စာလုံးအရွယ်အစားနဲ့
အနေအထားတွေကို
သင့်လျော်စွာ ညှိနှိုင်းနိုင်မှု
လှုပ်ရှားမှုတွေကို ချောမွေ့စွာ
ဖန်တီးနိုင်မှုနဲ့ ဗီဒီယိုရဲ့ အရှိန်အဟုန်နဲ့
စာသားရဲ့ လှုပ်ရှားမှုကို ကိုက်ညီအောင်
လုပ်ဆောင်နိုင်မှုတွေပဲဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့
Adobe After Effects ဟာ
Typography ဗီဒီယိုတည်းဖြတ်ရာမှာ
အသုံးအများဆုံး ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပါတယ်။
သို့သော် သူ့ထက်ပိုပြီး
Easy to Use ဖြစ်တဲ့
Software လည်းရှိနေပါတယ်။
ဟုတ်ပါတယ်
Alight Motion ဆိုတဲ့ Software ပါပဲ။
Alight Motion ရဲ့
အသုံး၀င်ပုံတွေကတော့
သီချင်းစာသား ဗီဒီယိုတွေ
ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ကြော်ငြာတွေ
ပွဲလမ်းသဘင် ကြေညာချက်တွေ
လူမှုမီဒီယာအတွက်
Short ဗီဒီယိုတွေနဲ့ အကြောင်းအရာတွေကို
အကျဉ်းချုပ် ဖော်ပြတဲ့ဗီဒီယိုတွေမှာ
အများဆုံးပဲဖြစ်ပါတယ်။
(အဆက်ကို Comment မှာဖတ်ရှုနိုင်ပါတယ်)
@Sanminyaungchyi
23 996
သင်တန်းအကြောင်းနားပြီတော့ Editing တွက်လိုအပ်တာဘဲ ဉီးစားပေးတင်မို့ စဉ်းစားထားပေမဲ့ ကျန်တော်ရဲ့ Live course နောက်ဆုံးအသုတ် မလို့ ဒီ post ကိုတင်လိုက်တာပါဗျ
ကျန်တော်နဲ့ ဒါရိုက် Editing လေ့လာလို့ရမဲ့အခွင့်အရေး
Davinci Resolve Basic to Advance
ဘယ်ထိလဲဆိုတော့ ကျန်တော်ရဲ့ YouTube video ထဲက editing ထိပိုင်အောင် live နဲ့ပြပေးပါတယ်
ပြောရမယ်ဆို အဲ video ကိုဘယ်လိုကိုင်ထားလဲဆိုတာပါ အသေးစိတ်အကုန်ရှင်းပြပေးပါတယ်
ဒီတသုတ်က နောက်ဆုံးပါ Live Course ကထပ်မလာတော့ပါဘူး
ပြီတော့ လူဉီးရေအကန့်သတ်ရှိပါတယ်ဗျ
Course ကြေးက Thai B 3500 (မြန်မာငွေနဲ့ဆို 500k ကပ်ပါတယ်ဗျ)
နောက်ဆုံး live Course မလို့ လျော့ဈေး 350k(3သိန်းခွဲကျပ်တိတိနဲ့ရပါမယ်ဗျ ) 10ယောက်ထဲကမှ ပထမဆုံးလာတဲ့သူ 5ယောက်ကတော့ 300kနဲ့ရပါမယ်ဗျ
အသေးစိတ်သိချင်တာရှိရင် @Pyaesone_8989
ကိုလာမေးလို့ရပါတယ်ဗျ
现已上线!2025 年 Telegram 研究 — 年度关键洞察 
