en
Feedback
Create with OMERA

Create with OMERA

Open in Telegram

Create smarter with AI, editing & modern workflows. DM @pyaesone_8989

Show more

📈 Analytical overview of Telegram channel Create with OMERA

Channel Create with OMERA (@glowandcode_51) in the Burmese language segment is an active participant. Currently, the community unites 23 999 subscribers, ranking 1 233 in the Art & Design category and 5 891 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 23 999 subscribers.

According to the latest data from 15 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 25 over the last 30 days and by -5 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 18.00%. Within the first 24 hours after publication, content typically collects 5.27% reactions from the total number of subscribers.
  • Post reach: On average, each post receives 4 321 views. Within the first day, a publication typically gains 1 265 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 31.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Create smarter with AI, editing & modern workflows. DM @pyaesone_8989”

Thanks to the high frequency of updates (latest data received on 16 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Art & Design category.

23 999
Subscribers
-524 hours
-257 days
+2530 days
Posts Archive
💖350k +(100kတန် Course Free)💖 2+1 ကို💖 150k‌💖 လျှော့ဈေးနဲ့25ရက်နေ့ နောက်ဆုံးနော် ညီကိုတို့💖

Repost from Create with OMERA
. နှစ်သစ်ကူးလျှော့ဈေးအနေနဲ့✅ 📱Davinci Resolve Basic to Advance Course ကို 350k to 150k လျှော့ဈေး (ဒါ့အပြင် 100k တန် Tiktok Automation + Ai course 🎁 gift )
Davinci Resolve Course ထဲပါမဲ့အကြောင်းအရာ 💖Audio edit နည်း 💖Davinci Resolve Basic  💖Davinci Resolve 3d editing  💖Spline / Key frame အကြောင်း  💖3d edit with 3d model  💖3d edit with usdz 3d model  💖Blender + Davinci တွဲသုံးနည်း  ect... Lesson video update ကတော့အမြဲတမ်း ရှိနေမှာ ဖြစ်နေမှာပါဗျ။
ဒါတွေအပြင်
💖YouTube channel တစ်ခုစထောင် နည်း 💖Monetization ရရှိအောင်  လုပ်ဆောင်ရမယ့်အချက်တွေနဲ့ 💖မြန်မာနိုင်ငံက‌နေ Tryမယ့်သူ‌တွေအတွက်Service ဘယ်လိုအပ်ရလဲဆိုတဲ့  အကြောင်းအရာတွေအထိ ပါပါမယ်
ဒါတွေအပြင် 100k တန် Gift ထဲမှာ
Japan Region Tiktok အကောင့်ဖွင့်နည်း
Tiktok Psychology ,hook အကြောင်းပိုပြီ တော့ Details ကျကျလေးပါမယ်
ပြီတော့ ကျန်တော်ကိုယ်တိုင် Tiktok မှာ 9ရက်အတွင်း Follower 12k ရအောင်ဘယ်လိုလုပ်ခဲ့လဲ ဆိုတဲ့အကြောင်းရာတွေအပါအ၀င်
💖Ai movie Recap 💖Copy paste Content 💖Ai content Writing 💖Ai Design & Image Generation 💖Ai video Creation 💖 Aligh Motion Basic Course
ဆိုတော့ 450k တန်ဖိုးရှိတဲ့ Package + High quality editing skill တွေကို 350k+100k 150k✅ ထဲနဲ့ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ DM သာလာခဲ့ပါဗျာ 😜

💖350k +(100kတန် Course Free)💖 2+1 ကို💖 150k‌💖 လျှော့ဈေးနဲ့25ရက်နေ့ နောက်ဆုံးနော် ညီကိုတို့💖

ChatGPT က မကောင်းတာလား? ကိုယ်ရေးတဲ့ Prompt က လိုနေတာလား? 💖 ChatGPT ကို ခိုင်းလိုက်တိုင်း ကိုယ်လိုချင်တာနဲ့ တောင်ရောက်မြောက်ရ
ChatGPT က မကောင်းတာလား? ကိုယ်ရေးတဲ့ Prompt က လိုနေတာလား? 💖 ChatGPT ကို ခိုင်းလိုက်တိုင်း ကိုယ်လိုချင်တာနဲ့ တောင်ရောက်မြောက်ရောက် လွဲနေတယ်ဆိုရင်တော့ "ChatGPT က သိပ်မမိုက်ပါဘူးကွာ" လို့ မပြောခင် ဒီအချက်လေးတွေကို အရင် Check ကြည့်လိုက်ပါဗျ။ 💖 တကယ်တမ်း အဖြေကောင်းမထွက်လာတာက ကိုယ့်လူတို့ရေးလိုက်တဲ့ Prompt မှာ ဒီအမှား (7) ခု ပါနေလို့ ဖြစ်နိုင်ပါတယ်ဗျ။ လူတွေ အလုပ်မိဆုံး Prompting အမှား (၇) ခု 💖 Context မပေးဘဲ ခိုင်းတာ - ရှေ့နောက် ဘာမှမပြောပြဘဲ "ဒါကို Review လုပ်ပေး" ဆိုပြီး ဖိုင်တစ်ဖိုင် ပစ်ပေးလိုက်သလိုမျိုးပေါ့။ (သူက ဗေဒင်ဆရာမှ မဟုတ်တာနော်) 💖 ဝါးတားတား ခိုင်းတာ - "Startups အကြောင်း ရေးပေး" လောက်ပဲ ပြောတာမျိုး။ (ဘယ် Startup လဲ? ဘာအကြောင်းလဲ? မရေရာဘူးလေ) 💖 Google လို သွားသုံးနေတာ - AI ကို အလုပ်သေချာလုပ်ပေးဖို့ Instruction ပေးရမယ့်အစား Google မှာ ရှာသလိုမျိုး မေးခွန်းတွေပဲ မေးနေတာ။ 💖 တိုလီမိုလီတွေ အများကြီး ပြုံခိုင်းတာ - တစ်ခါတည်းနဲ့ အလုပ် ၁၅ ခုလောက်ကို Prompt တစ်ကြောင်းတည်းမှာ ပြုံခိုင်းလိုက်တာမျိုး။ (AI လည်း ခေါင်းမူးသွားမှာပေါ့) 💖 တစ်ခါတည်းနဲ့ အပြီးထင်နေတာ - ပထမဆုံးအကြိမ် ခိုင်းတာနဲ့ Perfect ဖြစ်မယ်လို့ ထင်တာ။ (ပြန်ပြင်ခိုင်းဖို့ မေ့နေတတ်ကြတာဗျ) 💖Style မပြောပြတာ - ကိုယ်လိုချင်တဲ့ Tone (လေသံ)၊ Format (ပုံစံ) ကို မသတ်မှတ်ပေးတော့ သူရေးချင်တာတွေ လျှောက်ရေးပေးလာရော။ 💖 Example မပြတာ - "ဒီလိုပုံစံမျိုး လိုချင်တာကွာ" ဆိုပြီး နမူနာ (Sample) မပေးမိတာ။ ✅ ဒါဆို Pro တွေလို Prompt ကောင်းကောင်း ဘယ်လိုရေးမလဲ? Formula က ရိုးရိုးလေးပါဗျ။ 💖Role & Task: သူ့ကို ဘယ်နေရာကနေ (ဥပမာ- Marketing Expert တစ်ယောက်အနေနဲ့) ဘာလုပ်ပေးရမလဲဆိုတာ တိတိကျကျ ခိုင်းပါ။ 💖 Examples: ကိုယ်လိုချင်တဲ့ အဖြေပုံစံ (Reference) ကို ပြပေးပါ။ 💖 Iterate: ထွက်လာတဲ့အဖြေကို တန်းမယူဘဲ "ဒါလေး ပြန်ပြင်ပေး၊ ဒီနေရာလေး လိုနေတယ်" ဆိုပြီး Feedback ပေးရင်း ရလဒ်ကောင်းထွက်အောင် ယူပါ။ AI ဆိုတာ ကိုယ့်အစား အလုပ်လုပ်ပေးမယ့်အရာ မဟုတ်ဘဲ ကိုယ်နဲ့တွဲပြီး အလုပ်လုပ်ရမယ့် Partner ပါ။ "AI + Human" ပေါင်းလိုက်မှ ရလဒ်ကောင်းတွေ ထွက်လာမှာပါဗျ။ ဆိုတော့... နောက်တစ်ခါ ChatGPT သုံးရင် ဒီနည်းလမ်းလေးတွေအတိုင်း စမ်းကြည့်လိုက်ကြပါဗျ!

⛈"Gen Z တွေကို AI နဲ့ အနီးစပ်ဆုံး Generation လို့ တင်စားကြပေမဲ့၊ တကယ်တမ်းကျတော့ AI ကြောင့် အထိနာဆုံး လူတန်းစား ဖြစ်လာနိုင်တယ်
⛈"Gen Z တွေကို AI နဲ့ အနီးစပ်ဆုံး Generation လို့ တင်စားကြပေမဲ့၊ တကယ်တမ်းကျတော့ AI ကြောင့် အထိနာဆုံး လူတန်းစား ဖြစ်လာနိုင်တယ်ဆိုတာ သတိထားမိကြရဲ့လား?" ဒီစကားကို ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး အလုပ်အကိုင်ရှာဖွေရေးအဖွဲ့ကြီးဖြစ်တဲ့ GOODWILL ရဲ့ CEO - Steve Preston ကိုယ်တိုင်က ပြောထားတာဗျ။ သူသတိ‌ပေးထားတာအရဆိုရင် ကျွန်တော်တို့ လူငယ်တွေရဲ့ future jobတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အနေအထားတစ်ခုကို ရောက်နေပြီလို့ ဆိုရပါမယ်။ ဘာကြောင့်လဲ? ဘာတွေပြင်ဆင်ရမလဲ? Steve Preston ရဲ့ ​ပြောစကားအရဆိုရင်​တော့.. ⚠️ Entry Level အလုပ်​တွေ မြန်မြန်​ပျောက်သွားမယ်။ ဥပမာ- နိုင်ငံခြားမှာဆိုရင်​တော့ Call Center ​တွေ၊ Tele Sales ​တွေ၊ Data Entry လို  ​နေရာမျိုး​တွေကို AI က ယူလိုက်​တော့မယ်တဲ့။ AI ​တွေက မြန်မာလိုကျွမ်းကျင်​နေပြီဆို​တော့ ကျွန်​တော်တို့ဆီမှာ​ရော ဖြစ်လာနိုင်တာပဲဗျ။ ⚠️ ဘွဲ့ရထားရုံနဲ့ မလုံ​လောက်​တော့ဘူး အရင်က ဘွဲ့တစ်ခုရရင် အလုပ်ရဖို့ ​သေချာသ​လောက်ရှိ​ပေမဲ့ အခု​တော့ ဘွဲ့ရထား​လည်း Junior Level အလုပ်​တွေကို AI က လုပ်နိုင်​နေပြီဆို​တော့ AI ​​လောက်မှ မလုပ်နိုင်ရင် ​နေရာမရနိုင်​တော့ဘူး။ မြန်မာမှာဆိုလည်း အလုပ်​တွေက cost ​​​တွေ ​လျှော့ချင်​တော့ လူတစ်​ယောက်ခန့်မယ့်အစား AI Tool တစ်ခုပဲ ဝယ်သုံးဖို့ စဥ်းစားလာကြပြီ။ ဆို​တော့ ကျွန်​တော်တို့ ဘာလုပ်ကြမလဲ? Steve Preston က​တော့ လမ်း​ပျောက်​နေတဲ့ လူငယ်​တွေအတွက် ဒီ(၃)ခုကို လုပ်ဖို့ ​ပြောထားတယ်ဗျ။ 💖(1) Digital Skill ​တွေ ကျွမ်းကျင်​အောင်လုပ် ရိုးရိုး Computer သုံးတတ်ရုံ၊ Social Media သုံးတတ်ရုံနဲ့မရ​တော့ဘူး။ Excel တို့ Google Docs တို့လို office took ​တွေ Collaboration Tools ​တွေနဲ့ တခြားအ​ရေးပါတဲ့ Digital Tools ​တွေ ကျွမ်းကျင်​အောင် လုပ်ထားဖို့ပါဗျ။ 💖(2) AI Literacy - AI ကို ကျွမ်းကျင်​အောင်လုပ် ChatGPT တို့ Gemini တို့ကို ​မေးခွန်း​မေးတတ်ရုံ​လောက်နဲ့ မရ​တော့ဘူး။ ကိုယ့်အလုပ်​တွေမှာ AI ကို assistant လို သုံးနိုင်ပြီး အလုပ်​တွေကိုအရင်ကထက် ပိုပြီး​အောင်လုပ်နိုင်မှ သူများထက် သာ​နေမှာဖြစ်ပါတယ်။ AI သုံးတတ်လား ကျွမ်းကျင်လားဆိုတာက ​မေးခွန်းတစ်ခု option တစ်ခုမဟုတ်​တော့ဘဲ လိုအပ်ချက်ဖြစ်လာပြီဗျ။ 💖(3) အသစ် အသစ်​တွေကို သင်ယူဖို့မပျင်းပါနဲ့ (Especially Tech Skills) Degree မလိုတဲ့ ဒါ​ပေမဲ့ Skill လိုတဲ့ နယ်ပယ်အသစ်​တွေရှာ​ဖွေပါ။ အဲ့ဒီ Skill ​တွေကို ကျွမ်းကျင်​အောင်လုပ်ပါ။ ကျွန်​တော်တို့ ​ပြော​နေကြတဲ့ Prompt Engineering, AI Video Creation စတဲ့ High-value Skill ​တွေ​ပေါ့။ ~~ ဆို​တော့ ကိုယ့်လူတို့အ​နေနဲ့ ဒီအပြောင်းအလဲကို Crisis လို့ မြင်ပြီး ကြောက်နေမလား? ဒါမှမဟုတ် အခွင့်အရေးတစ်ခုအနေနဲ့ ယူပြီး ကိုယ့် Skill ကို အားလုံးထက်သာအောင် Reinvent လုပ်မလား? အဖြေက ရှင်းပါတယ်။ ပြင်ဆင်ထားတဲ့သူအတွက် အခွင့်အရေးဖြစ်ပြီး၊ ဘာမှမလုပ်တဲ့သူအတွက်တော့ လမ်း​မရှိ​တော့သလို ဖြစ်သွားမှာပါ။ ⚡️Gen Z တွေကို First AI-Native Generation (AI နဲ့ ကြီးပြင်းလာသူ) လို့ ခေါ်ကြ​ပေမဲ့ First AI-Displaced Generation (AI ကြောင့် နေရာပျောက်တဲ့သူ) ​တော့ မဖြစ်ချင်ဘူးဗျာ။ ဆိုတော့... ကိုယ့်လူတို့ရော AI ခေတ်မှာ အလုပ်မပျောက်အောင် ဘာတွေ ပြင်ဆင်နေကြပြီလဲ❔

👍Content တွေသာ ဆက်တိုက်တင်နေတာ.. တင်လိုက်ရင် View က ထင်သလောက်တက်မလာလို့ စိတ်ဓာတ်ကျနေပြီလား ကိုယ့်လူတို့? ကျွန်တော်တို့ Conte
👍Content တွေသာ ဆက်တိုက်တင်နေတာ.. တင်လိုက်ရင် View က ထင်သလောက်တက်မလာလို့ စိတ်ဓာတ်ကျနေပြီလား ကိုယ့်လူတို့? ကျွန်တော်တို့ Content Creator တွေအတွက် အသက်က Video အစ First 3 seconds or 5 seconds ပဲဗျ။ Scroll လုပ်နေတာတွေ ရပ်သွားအောင် မတားနိုင်ရင်တော့ နောက်မှာ ကိုယ်ဘယ်လောက်ကောင်းတာတွေ ပြောပြော ဘယ်သူမှ ဆက်ကြည့်မှာ မဟုတ်တော့ဘူး။ ဆိုတော့.. လူတွေ Video ဆုံးတဲ့ထိ ဆွဲခေါ်သွားနိုင်မယ့် ဒီ Hook (၃) မျိုးကို လက်တွေ့သာ ယူသုံးကြည့်ပါဗျ။ 💖(1) The Negative Hook (အမှားထောက်ပြတဲ့ နည်း) လူ့သဘာဝဆိုတာက အမှန်တရားထက် "ငါတစ်ခုခု မှားလုပ်မိနေပြီလား" ဆိုတာကို ပိုစိတ်ပူတတ်ကြတယ်ဗျ။ ဒါကို အသုံးချနိုင်ရမယ်။ ဥပမာ - "မနက်စာကို ဒီလိုစားနေတုန်းလား၊ ရပ်လိုက်ပါတော့!" (Health/Fitness) ဥပမာ - "ဖုန်းဝယ်တော့မယ်ဆိုရင် ဒီအချက် (၃) ချက် မသိဘဲ လုံးဝမဝယ်ပါနဲ့" (Tech Review) ဒီလိုမျိုး "Stop/Don’t" ဆိုတဲ့ စကားလုံးတွေက လူတွေကို ဆက်ကြည့်ချင်တဲ့စိတ် ဖြစ်စေတယ်ဗျ။ 💖(2) The Result First Hook (ရလဒ်အရင်ပြတဲ့ နည်း) Introduction တွေ အကြာကြီးပေးနေတဲ့ခေတ် မဟုတ်တော့ဘူးဗျ။ အကောင်းဆုံး အခန်းကို အရှေ့ဆုံးကနေ အရင်ပြလိုက်။ ဥပမာ - Vlog ရိုက်တယ်ဆိုရင် ခရီးစဉ်တစ်ခုလုံးရဲ့ အလှဆုံး၊ အလန်းဆုံး View ကို စက္ကန့်ပိုင်းအရင်ပြပြီးမှ "ဒီနေရာကို ဘယ်လိုသွားလဲ ပြောပြမယ်" ဆိုပြီး စတာမျိုးပေါ့။ ဥပမာ - ဟင်းချက်နည်းဆိုရင်လည်း ပန်းကန်ထဲအသင့်ပြင်ထားတဲ့ စားချင်စရာဖြစ်နေတဲ့ပုံစံကို အရင်ပြ၊ ပြီးမှ ချက်နည်းကို ဆက်ပြတာမျိုးပေါ့။ 💖(3) The Specific Problem Hook (ပြဿနာကို တိုက်ရိုက်ပြောတဲ့ နည်း) ဒါကတော့ ကိုယ့် Target Audience ခံစားနေရတဲ့ ပြဿနာကို ဒဲ့ပြောလိုက်တာမျိုးပေါ့။ ဥပမာ - "Page တော့ထောင်ထားတယ်၊ Content Idea တွေကတော့ ခန်းခြောက်နေပြီလား?" ဥပမာ - "ဘွဲ့သာရသွားတယ်၊ အင်္ဂလိပ်လို မပြောရဲသေးဘူးလား?" ကိုယ့်ပြဿနာကို သူသိနေပါလားဆိုတဲ့ ခံစားချက်က Video ကို ဆက်ကြည့်ဖြစ်အောင် တွန်းပို့ပေးပါလိမ့်မယ်ဗျ။ ဆိုတော့ ကိုယ့်လူတို့ ဒီ (၃) ချက်ထဲက ကိုယ်နဲ့ အဆင်ပြေမယ့် တစ်ချက်ကို ရွေးပြီး နောက်video‌တွေမှာ ချက်ချင်း စမ်းသုံးကြည့်လိုက်တော့ဗျာ။ ဖန်တီးရတာ ပင်ပန်းပေမယ့် ရလဒ်ကောင်းတွေ ထွက်လာဖို့ အားပေးနေပါတယ်ဗျ။ 😘

📺Content တွေများပြီး လည်ထွက်နေပြီလား? ဒါဆို Quality Game ပြောင်းကစားပါဗျ။ 📱Video Editor တစ်ယောက်အနေနဲ့ နေ့တိုင်း Content တွ
📺Content တွေများပြီး လည်ထွက်နေပြီလား? ဒါဆို Quality Game ပြောင်းကစားပါဗျ။ 📱Video Editor တစ်ယောက်အနေနဲ့ နေ့တိုင်း Content တွေ၊ Project တွေ ဒလဟော ဖန်တီးနေရလို့ တခါတလေ Burn out ဖြစ်ပြီး လည်ထွက်သွားတာမျိုး ကြုံဖူးကြတယ်မလား။ အခုခေတ်က Content တွေ အရမ်းများလာတော့ ကိုယ်ကပါ လိုက်ပြီး အများကြီး တင်နိုင်မှ ဖြစ်မယ်လို့ ထင်နေကြတာ။ တကယ်တမ်းကျတော့ အဲ့ဒီအတွေးက မှားပါတယ်ဗျ။ အဓိက လိုရင်းက "ဘယ်လောက်များများ တင်နိုင်လဲ" ဆိုတာထက် "ကြည့်တဲ့သူ့ စိတ်ထဲ ဘယ်လောက်ထိ ရောက်သွားလဲ" ဆိုတာက ပိုအရေးကြီးတာပါ။ Video ၁၀ ပုဒ် လိုလိုမယ်မယ် တင်လိုက်တာထက်၊ ကြည့်တဲ့သူ ရင်ထဲထိသွားမယ့် Video ၁ ပုဒ်က ပိုပြီး Impact ရှိတယ်၊ ပိုပြီး တန်ဖိုးရှိပါတယ်ဗျာ။ ဒါကြောင့် ကိုယ့်ရဲ့ Editing Game ကို မြှင့်ချင်ရင် ဒီအချက် (၃) ချက်ကို စမ်းကြည့်စေချင်တယ်ဗျ။ 💖(1) ကိုယ့်ရဲ့ Content တွေကို ပြန်စစ်ဆေးတာ Timeline ပေါ်မှာ Edit နေရင်း ကိုယ့်ကိုယ်ကို ပြန်မေးပါ။ "ငါ ဒီ Video မှာ ဘာတန်ဖိုးပေးနေတာလဲ?" ဒါမှမဟုတ် ရိုးရိုးကြီး Noise တစ်ခု ထပ်တိုးလိုက်တာပဲလား ဆိုတာကိုပေါ့။ 💖(2) Impact ဖြစ်ဖို့ ဦးစားပေးတာ Editor ကောင်းတစ်ယောက်ဟာ Effect တွေအများကြီး သုံးတတ်ရုံနဲ့ မပြီးပါဘူး။ ကြည့်တဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားချက်ကို ထိတွေ့နိုင်ဖို့က ပိုအရေးကြီးပါတယ်။ Storytelling ကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်မှ ကိုယ့်လူတို့ရဲ့ content က ပိုကောင်းလာမှာဗျ။ 💖(3) Viewer တွေနဲ့ connection လုပ်တာ Engagement ဆိုတာ Like နဲ့ Share အရေအတွက်သက်သက် မဟုတ်ပါဘူး။ ကိုယ့် Video အောက်မှာ လာရေးတဲ့ Comment တွေကို ဖတ်ပါ၊ စကားပြန်ပြောပါ။ သူတို့တွေရဲ့ အမြင်တွေနဲ့ သူတို့ဘာကြိုက်လဲဆိုတာလည်း နားထောင်ကြည့်မှ နောက်ထပ်လုပ်မဲ့ content တွေက ပိုမိုက်လာမှာဗျ။ ဆိုတော့ ကိုယ့်လူတို့အနေနဲ့ကော Content တွေ ဖန်တီးတဲ့အခါ အရေအတွက် (Quantity) ကို ဦးစားပေးလား၊ အရည်အသွေး (Quality) ကို ဦးစားပေးလား?
.

Editor ဖြစ်ချင်တာ PC မရှိလို့ မစရသေးဘူးဆိုရင် ဒီစာကို ဆုံးအောင်ဖတ်ကြည့်ပါဗျ! ဆိုတော့... ကျွန်တော့်ကို တချို့ညီ၊ ညီမတွေ မေးလေ့
Editor ဖြစ်ချင်တာ PC မရှိလို့ မစရသေးဘူးဆိုရင် ဒီစာကို ဆုံးအောင်ဖတ်ကြည့်ပါဗျ! ဆိုတော့... ကျွန်တော့်ကို တချို့ညီ၊ ညီမတွေ မေးလေ့ရှိတာတစ်ခုက "အစ်ကို... ကျွန်တော့်မှာ PC မရှိသေးဘူး၊ ဖုန်းနဲ့ပဲ စလို့ရမလား" တဲ့။ အဖြေက - ရပါတယ်၊ ဒါပေမဲ့ စနစ်တကျတော့ သွားဖို့လိုမယ်ဗျ။ Video Editing ဆိုတာ Software တစ်ခုတည်းကို ကျွမ်းကျင်တာ မဟုတ်ဘူး၊ Storytelling ကိုလည်း ကျွမ်းကျင်ဖို့ လိုတာပါ။ ဒါကြောင့် ကိုယ့်လူတို့ လမ်းမပျောက်ရအောင် အဆင့် (၃) ဆင့် ခွဲပြီး လမ်းညွှန်ပေးပါမယ်ဗျ။ 💖Step 1: ဖုန်းထဲမှာ အခြေခံ အရင်ပိုင်အောင်လုပ် (The Basics) PC မရှိလို့ စိတ်မပူနဲ့။ CapCut တို့ Alight Motion တို့ဆိုတာ အခုခေတ်မှာ တော်တော်ကို Powerful ဖြစ်နေပါပြီ။ ဒီအဆင့်မှာ Effect တွေ အများကြီးသုံးဖို့ထက် ဒါတွေကို အရင်လေ့ကျင့်ပါ။ ● Cuts & Trims: ဘယ်နေရာမှာ ဖြတ်ရင် ကြည့်ကောင်းလဲ? ● Music Sync: သီချင်းရဲ့ Beat နဲ့ Video ကို ဘယ်လိုကိုက်အောင် ညှိမလဲ? ဒါတွေက ဖုန်းနဲ့လုပ်လုပ်၊ PC နဲ့လုပ်လုပ် သဘောတရားက အတူတူပဲဗျ။ Tool မရွေးဘူး၊ Skill က အဓိကပဲ။ 💖Step 2: PC ရောက်ရင် Industry Standard ကို ပြောင်းသုံး (Level Upလုပ်တာ) နောက်ပိုင်း ကိုယ့်လူတို့ PC ဝယ်နိုင်ပြီ၊ ဒါမှမဟုတ် အလုပ်ခွင်ဝင်တော့မယ်ဆိုရင်တော့ Adobe Premiere Pro (သို့) DaVinci Resolve ကို ပြောင်းကိုင်ဖို့ တိုက်တွန်းချင်တယ်။ ဘာလို့လဲဆိုတော့ Client အကြီးကြီးတွေနဲ့ အလုပ်လုပ်တဲ့အခါ၊ ဖိုင်တွေအများကြီးနဲ့ ရှုပ်လာတဲ့အခါ ဖုန်းနဲ့က မနိုင်တော့ဘူး။ Color Grading တွေ၊ Sound Design တွေ သေချာလုပ်ဖို့အတွက် PC Software တွေက မဖြစ်မနေ လိုလာလိမ့်မယ်။ Motion Graphic ဘက်ကို သွားချင်ရင်တော့ After Effects ပေါ့။ 💖 Step 3: AI ကို ကြောက်စရာမလို၊ အသုံးချပါ (The AI Advantage) အခုဆို AI Video Tool တွေ ခေတ်စားလာပြီ။ ဒါကို ကိုယ့်ရဲ့ Assistant လို့ မြင်ကြည့်ဗျာ။ Script ရေးတာ၊ စာတန်းထိုးတာ (Captioning)၊ အသံရှင်းတာလိုမျိုး အချိန်ကုန်တဲ့ အလုပ်တွေကို AI နဲ့ ခိုင်းလိုက်။ ပြီးမှ ကိုယ်က Editor တစ်ယောက်ရဲ့ Creativity နဲ့ Emotion ကို ပေါင်းထည့်လိုက်။ ဒါဆိုရင် ကိုယ်က သူများထက် ခြေလှမ်းသာနေပြီ။ 💡 လက်တွေ့လေ့ကျင့်ချင်သူတွေအတွက် Pro Tip: သင်တန်းတွေ လိုက်တက်နေရုံနဲ့ မတတ်ဘူးဗျ။ "Copycat Method" ကို သုံးပါ။ YouTube မှာ ကိုယ်ကြိုက်တဲ့ Video တစ်ပုဒ်ကို ဒေါင်း၊ ပြီးရင် သူဖြတ်ထားတဲ့အတိုင်း တစ်ပုံစံတည်းတူအောင် လိုက်ဖြတ်ကြည့်။ ဥပမာ-သူဘယ်နားမှာ သီချင်းအမြူးတွေထည့်လဲ၊ ဘယ်နားမှာ အသံတိတ်လိုက်လဲ ဆိုတာကို လက်တွေ့လိုက်လုပ်ကြည့်တာက အထိရောက်ဆုံး နည်းလမ်းပဲ။ Editing ဆိုတာ ချက်ချင်းကြီး ဆရာတစ်ဆူ ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ပဲ CapCut လေးဖွင့်ပြီး Clip နှစ်ခုကို ဆက်ကြည့်လိုက်ပါ။ အဲဒါ အစပဲဗျ။ ကဲ... ကိုယ့်လူတို့ရော လောလောဆယ် ဖုန်းနဲ့ Edit နေတာလား၊ PC နဲ့လား? ကိုယ်သုံးနေတဲ့ Software လေးတွေ Comment မှာ မန့်ခဲ့လို့ရတယ်ဗျ။

ဒီ Content မှာ အဓိကအနေနဲ့ Movie recap/ Movie reup ကိုပြထားပေမဲ့ ကျန်တော်အရင် partner လုပ်တဲ့ AIO ထဲက Lesson တွေအကုန်ပါ၀င်ပါတယ
+1
ဒီ Content မှာ အဓိကအနေနဲ့ Movie recap/ Movie reup ကိုပြထားပေမဲ့ ကျန်တော်အရင် partner လုပ်တဲ့ AIO ထဲက Lesson တွေအကုန်ပါ၀င်ပါတယ်ခင်ဗျ ကျန်တော်ဘက်က content ရေးတဲ့အချိန် main အသစ်ပါလာတဲ့ Lesson တွေကိုအဓိကအနေနဲ့ချဲ့ပြလို့သာ တောသီးဖမ်းတယ်လိုမျိုးဖြစ်နေတာပါ ဒီ course ထဲမှာ Content writing Script writing Video editing (Basic) Motion graphic 3d edit Video editing (Advance) Graphic design (Basic) Graphic design (Advance) Tiktok automation YouTube Full Course Tiktok Boosting ကျန်တော်ကိုယ်တိုင်သီသန့်ပြပေးတဲ့ Davinci pc Course ကလွဲအကုန်ပါပါတယ်ခင်ဗျ (ဒါတောင် Basic 10ပုဒ်ပါပါတယ်) သီသန့် joinနေရင် တခုကို 50k နဲ့ ပိုကုန်တာဖြစ်တဲ့အတွက် All in one ကို 100k နဲ့ဈေးလျှော့ပေးထားတာပါ ပြီးတော့ Davinci Resolve Course မှာလဲ 300k ဆိုတာ pc course တွေရဲ့ Update ပေါက်ဈေးပါဗျ / Foreign Course တွေဆိုရင် $150_300ကြားကိုပေါက်ပါတယ် ဒါပေမဲ့ တက်တဲ့သူတွေအတွက်အဆင်ပြေအောင် Tiktok automation / YouTube full course/ Movie recap တွေ အကုန်ပါပေါင်းပေးထားပါတယ် Course နှစ်ခုကိုပေါင်းပြီးတော့မှ pc course joinတဲ့သူ‌တွေအနေနဲ့ တခြား ထက်လေ့လာချင်ရင် အပိုမပေးရအောင် 150k နဲ့ Davinci Resolve Course ကိုလုပ်ပေးထားတာပါ ကျန်တာကတော့ ကိုယ့်လူတို့မြင်ချင်သလိုမြင်လို့ရပါတယ်ခင်ဗျ (ဘလိန်းတယ်ဆိုလဲစာအဆုံးထိဖတ်ကြပါခင်ဗျ)😢

၂၀၂၆ မှာ ဘွဲ့မလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ ဝင်ငွေလမ်းကြောင်းဖောက်ချင်တဲ့သူတွေအတွက် (Beginner Guide) အခုခေတ်မှာ "အွန်လိုင်းက ပိ
၂၀၂၆ မှာ ဘွဲ့မလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ ဝင်ငွေလမ်းကြောင်းဖောက်ချင်တဲ့သူတွေအတွက် (Beginner Guide) အခုခေတ်မှာ "အွန်လိုင်းက ပိုက်ဆံရှာမယ်" လို့ပြောလိုက်ရင် လူတိုင်းစိတ်ဝင်စားတယ်မလားဗျ။ ဒါပေမဲ့ လက်တွေ့ကျတော့... "ငါ့မှာ computerမရှိဘူး" "အင်္ဂလိပ်စာ မကျွမ်းဘူး" "Video Edit တာ ဘာမှနားမလည်ဘူး" ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ တုန့်ဆိုင်းနေတတ်ကြတယ်ဗျ။ တကယ်တမ်း အွန်လိုင်းမှာ ဝင်ငွေအကြမ်းဆုံးရနေတဲ့ သူတွေက Content Creator တွေပါ။ ကိုယ်ပိုင် Productမရှိရင်တောင် Content ကောင်းရင် ဝင်ငွေက လမ်းကြောင်းပေါင်းစုံက ဝင်နိုင်ပါတယ်ဗျ။ အခုလက်ရှိ Trend ဖြစ်နေတာကတော့ Facebook တို့ TikTok တို့မှာတွေ့နေရတဲ့ Movie Recapတွေ Movie News တွေ Movie Review တွေနဲ့ Audiobook တွေပါပဲ။ လူတွေက ရုပ်ရှင်တစ်ကားလုံးထိုင်ကြည့်ဖို့ အချိန်မရှိကြတော့ဘူး။ ဒါကြောင့် ၄/၅/၁၀ မိနစ်စာ Recap လေးတွေကို ကြိုက်ကြတယ်။ ဒီလို Content မျိုးလုပ်နိုင်ရင် YouTube, Facebook, TikTok ဘယ်နေရာတင်တင် View တွေ သိန်းချီတက်ပြီး Monetization ကနေ ဝင်ငွေရနိုင်တယ်ဗျ။ ဒါပေမဲ့ ဒီနေရာမှာ အခက်အခဲရှိတာက Copyright နဲ့ ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းပညာပဲဗျ။ Copyright မမိအောင် ဘယ်လိုရှောင်ရမလဲ? ဘယ်လို Edit ရမလဲ? Channel ကို ဘယ်လိုgrowလုပ်မလဲ? ဒါတွေက YouTube ပေါ်မှာ လိုက်ရှာရုံနဲ့ ပြည့်ပြည့်စုံစုံမရနိုင်ပါဘူး။ 🔥 ဒါကြောင့် လမ်းမမှားဘဲ အချိန်တိုအတွင်း ထိထိရောက်ရောက် လုပ်တတ်ချင်သူတွေအတွက် ဒီ "All-in-One Creator Course" လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသင်တန်းက Zero ကနေ Pro အထိ၊ Telegram ကနေ YouTube အထိ အကုန်ပါတဲ့ အပြည့်စုံဆုံး Course တစ်ခုပါ။ ဘာတွေသင်ပေးမှာလဲဆိုရင် - ✅ Telegram Mastery: Channel ထောင်နည်းကနေ Copyright လွတ်အောင် Movie တင်နည်း၊ Download/Upload နည်းလမ်းအစုံနဲ့ ဝင်ငွေရှာနည်း A to Z။ ✅ Movie Recap & News: ဝင်ငွေအကြမ်းဆုံးရနိုင်တဲ့ Movie Recap တွေကို Information ရှာနည်း၊ Script ရေးနည်း၊ No-sub ဖိုင်ရှာနည်းကနေ Fair Use Policy နဲ့အညီ Copyright ရှောင်ပြီး Edit လုပ်နည်းအထိ ပါမယ်။ (AI သုံးပြီး Recap လုပ်နည်းတောင် ပါသေးတယ်ဗျ)။ ✅ Audiobook & Branding: ကိုယ်ပိုင် Audiobook လုပ်နည်း၊ Logo ဆွဲနည်း၊ Intro/Outro ဖန်တီးနည်း၊ Sound wave ထည့်နည်းတွေ သင်ပေးမယ်။ ✅ Bonus Skills: ဒါတင်မကဘူး... Graphic Design, 3D Editing, Motion Graphic, DaVinci Resolve (Basic), Script & Content Writing, TikTok Boosting နဲ့ MLBB KOL lesson တွေအထိ လက်ဆောင်အနေနဲ့ထပ်သင်ပေးမှာ။ 💰 ဈေးနှုန်းကရော? ပုံမှန် Package ဈေး 180,000 ကျပ် ကိုမှ အခု နှစ်သစ်ကူး Promotion အနေနဲ့ 100,000 (15ရက်‌နေ့နောက်ဆုံး) ကျပ် တည်းနဲ့ ရမှာပါ။ (Review ပြန်ကြည့်ဖို့ အတွေ့အကြုံရှိတဲ့ Admin တွေကလည်း နားမလည်တာရှိရင် ဖြေပေးဖို့ အသင့်ရှိနေမှာပါဗျ)။ Content Creation ဆိုတာ ရေရှည်သွားရတဲ့ ခရီးတစ်ခုပါ။ ဒီသင်တန်းမှာပါတဲ့ Skill တွေက Movie Review တစ်ခုတည်းအတွက် မဟုတ်ဘူးဗျ။ Video Editing နဲ့ Graphic Design ဆိုတာ ဒီဘက်ခေတ်ရဲ့ "High-Income Skills" တွေပါပဲ။ ဒီ Skill တွေကိုပိုင်နိုင်သွားရင် - • ကိုယ်ပိုင် Channel ထောင်မလား? • Business Owner တွေအတွက် Freelance လုပ်ပေးမလား? • Company တွေမှာ Content Writer/ Editor ဝင်လုပ်မလား? အခွင့်အလမ်းက အများကြီးရှိတယ်ဗျ။ အရေးကြီးတာက "စလုပ်ဖို့" ပါပဲ။ ဘယ်ကစရမှန်းမသိ ဖြစ်နေရင်တော့ လမ်းပြပေးမဲ့သူ၊ မေးလို့ရမဲ့သူရှိတဲ့ သင်တန်းကောင်းတစ်ခုက သင့်ရဲ့ အချိန်တွေအများကြီးကို သက်သာစေမှာပါ။ ဆိုတော့ 2026 ကို Skill အသစ်တွေ၊ ဝင်ငွေလမ်းကြောင်းအသစ်တွေနဲ့ ပြောင်းလဲချင်တယ်ဆိုရင်တော့ @Pyaesone_8989 ကိုဆက်သွယ်လိုက်ပါဗျ။

🥶 Video Editing ဆိုတာ "ဖြတ်၊ညှပ်၊ကပ်" သက်သက်ပဲလား? ဆိုတော့...လူတော်တော်များများက Video Editor တွေကို clip လေးတွေဖြတ်၊ သီချင်
🥶 Video Editing ဆိုတာ "ဖြတ်၊ညှပ်၊ကပ်" သက်သက်ပဲလား? ဆိုတော့...လူတော်တော်များများက Video Editor တွေကို clip လေးတွေဖြတ်၊ သီချင်းတွေဆက်ပြီးရင် ပြီးသွားတာပဲလို့ ထင်တတ်ကြတယ်ဗျ။ တကယ်က ကျွန်တော်တို့ Editorတွေဆိုတာ ကြည့်တဲ့သူတွေကို ခံစားချက်ပေးနိုင်အောင်လည်း လုပ်ရတဲ့သူတွေဗျ။ Timelien ထဲမှာ ကြည့်လိုက်ရင်တော့ ရှုပ်ပွနေပေမဲ့ တကယ်တမ်း အဲ့ဒီအရှုပ်တွေကနေ Art(အနုပညာ)၊ Psychology(စိတ်ပညာ) နဲ့ Strategy(နည်းဗျူဟာ) တွေ ပေါင်းစပ်ပြီး video ကောင်းတစ်ပုဒ်ရအောင် ဖန်တီးရတာဗျ။ 👑 ဒီနေ့ ကိုယ့်လူတို့သိထားသင့်တယ်လို့ထင်တဲ့ Pro Editor တွေရဲ့ Secret (4)ခုကို ပြောပြပေးမယ်။ ✅(1) The Invisible Cut ရှင်းရှင်းပြောရရင် တကယ်ကောင်းတဲ့ Edit တစ်ခုဆိုတာ Edit လုပ်ထားမှန်းတောင် မသိသာစေရဘူးဆိုတာပဲဗျ။ ဥပမာ- J-Cut လိုမျိုးပေါ့ ရုပ်မပေါ်ခင် အသံအရင်ကြားရတာမျိုး။ အဲ့နေရာမှာ ကြည့်တဲ့သူက ဒီနေရာကြီးက ဖြတ်ထားတာကြီးလို့ သတိထားမိလိုက်တာနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှု Immersion ပြတ်တောက်သွားတယ်ဗျ။ ✅(2) Engineering Silence Beginner တွေက နေရာလပ်မရှိအောက် သီချင်းတွေ၊ Sound Effect တွေ ထည့်တတ်ကြတယ်။ တကယ်တော့ silent ဖြစ်သွားတဲ့ ငြိမ်သက်သွားတဲ့ scene တွေက ကြည့်တဲ့သူကို စိတ်လှုပ်ရှား ရင်တထိတ်ထိတ်ဖြစ်စေတာဗျ။ ဥပမာ-အရေးကြီးတဲ့ စကားတစ်ခွန်းမပြောခင် Music ကို ရပ်လိုက်တာမျိုးပေါ့။ အသံထည့်တာပဲမဟုတ်ဘူး၊ အသံဖျောက်တာကလည်း Editing ပဲဗျ။ ✅(3) The Kuleshov Effect ဒါကတော့ Editing ရဲ့ psychology ပိုင်းနဲ့ပတ်သက်တဲ့ကျောရိုးပဲဗျ။ မျက်နှာအမူအရာ မပြောင်းတဲ့ လူတစ်ယောက်ရဲ့ shot တစ်ခုကိုပဲ သုံးထားရင်တောင်၊ အဲ့နောက်မှ အစားအစာတစ်ခုခုကိုပြရင် ဗိုက်ဆာနေတယ်လို့ထင်ရနိုင်ပြီး အခေါင်း(coffin) ပုံကိုပြထားရင်တော့ ဝမ်းနည်းနေတယ်လို့ ခံစားရနိုင်တယ်။ ကျွန်တော်တို့ ပြလိုက်တဲ့ Context ပေါ်မူတည်ပြီးပဲ အဓိပ္ပါယ်ကပြောင်းသွားတာဗျ။ ✅(4) Pacing is Retention GenZ ခေတ်မို့လို့ မြန်မှရမယ်မထင်နဲ့နော် မြန်သင့်တဲ့နေရာ မြန်၊ နှေးသင့်တဲ့နေရာ နှေးပြီး Rhythm ကို ထိန်းနိုင်မှ Proကျတာဗျ။ Cut မြန်ရင် ရင်တုန်စေတယ် Adrenaline တက်စေတယ်ပေါ့ဗျာ။ Shot ရှည်ရှည်သုံးရင်တော့ Trust ကို တည်ဆောက်ပေးတယ်ဗျ။ Video တစ်ခုဖန်တီးတဲ့အခါ ဒီအချက်ကို အရေးမထားရင် Rhythm မမှန်တဲ့အတွက် Video က ကြည့်ရတာ Cheap ဖြစ်သွားတတ်တယ်ဗျ။ ဆိုတော့ ကျွန်တော်တို့က Post-production သမားတွေတင်မဟုတ်ဘူးဗျ။ ရှုပ်ယှက်ခတ်နေတဲ့ Footage တွေကို ကြည့်တဲ့သူတွေရင်ထဲရောက်သွားစေမဲ့ videoကောင်းတစ်ပုဒ်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Strategist တွေ Storyteller တွေပဲဗျ။ 😜 ကိုယ့်လူတို့ရော Video တစ်ပုဒ်ကို watch time များအောင် retention ကောင်းအောင် သုံးနေကျ ကိုယ်ပိုင် secret လေးတွေရှိကြလားဗျ?

PPT (Power point ) ဆွဲပေးတဲ့သူရှိရင် DM တချက်လောက် ခ😜 @Pyaesone_8989

အခု​ခေတ်က ရုံးသွား၊ ရုံးပြန် ကားပိတ်ခံ၊ သူများခိုင်းတာလုပ်ပြီး လစာနည်းနည်း​လေးနဲ့ ​​ကျေနပ်​နေရမဲ့ခေတ် မဟုတ်​တော့ဘူးဗျ။ ဆို​တေ
အခု​ခေတ်က ရုံးသွား၊ ရုံးပြန် ကားပိတ်ခံ၊ သူများခိုင်းတာလုပ်ပြီး လစာနည်းနည်း​လေးနဲ့ ​​ကျေနပ်​နေရမဲ့ခေတ် မဟုတ်​တော့ဘူးဗျ။ ဆို​တော့ ကိုယ့်လူတို့အ​နေနဲ့ အပြင်သွားအလုပ်​တွေလုပ်ရတာ ငြီး​ငွေ့​နေပြီဆိုရင် အိမ်က​နေပဲ ကိုယ်ပိုင် Online income ရှာလို့ရ​တဲ့ လမ်း​တွေအများကြီးရှိ​နေပြီ။ အခု​ခေတ်က အိမ်မှာ​နေရင်း Online က ပိုက်ဆံရှာမယ်ဆိုတာ စိတ်ကူးယဥ်​နေတာမဟုတ်​တော့ဘူးဆိုတာ လူတိုင်းသိကြမှာပါဗျ​။ မြန်မာနိုင်ငံက​နေပဲ အိမ်မှာ​နေရင်း နိုင်ငံခြားက Client ​တွေဆီက​နေ Dollar နဲ့ဝင်​ငွေယူ​နေတဲ့ လူငယ်​တွေလည်း အများကြီးရှိ​နေပြီဗျ။ ⛔️ ဒါ​ပေမဲ့ ဖုန်း​လေးပွတ်ပြီး ဂိမ်း​ဆော့၊ ​ကြော်ငြာ​တွေကြည့်ရုံနဲ့ ပိုက်ဆံရမယ်ဆိုတာ​မျိုး​တွေ​​တော့ ​ခေါင်းထဲကထုတ်လိုက်ပါ။ ဒါ​ပေမဲ့ ကိုယ့်မှာ Skill မရှိဘဲနဲ့​တော့ ဘာမှလုပ်လို့မရဘူးဗျ။ ဆို​တော့ ဝင်​ငွေအ​ကောင်းဆုံးနဲ့ market က လိုအပ်​​နေတဲ့ Skill ​တွေကို​ပြောပြ​ပေးပါမယ်။ (1) Video Editing Facebook, Instagram Reels ​တွေ TikTok ​တွေကို ကြည့်လိုက်ဗျာ။ စာဖတ်ရမှာပျင်းတဲ့ ဒီဘက်​ခေတ်မှာ Video Content ​တွေက ​နေရာတိုင်းမှာရှိ​နေတယ်။ လုပ်ငန်းတိုင်းကလည်း Video content ​တွေ လုပ်​နေကြတယ်။ YouTuber ​တွေ၊ TikTok Cele ​တွေနဲ့ လုပ်ငန်းရှင်​တွေက သူတို့ video ​တွေအတွက် အရည်ချင်းရှိတဲ့ Editor ​တွေလိုအပ်လာပြီ။ ဆို​တော့ Video Editing သာ ကျွမ်းကျွမ်းကျင်ကျင်တတ်ထားရင် ကိုယ်​ပေးနိုင်သ​လောက် အိမ်က​နေပဲ ​ဝင်​ငွေ​ကောင်း​ကောင်းရှာလို့ရပြီ။ (2) Graphic Design Logo Design, Social Media Post Design,  Packaging Design စသဖြင့် ဘယ်လုပ်ငန်းမဆို Ads အတွက် Design လိုကို လိုအပ်ပါတယ်။ ဆို​တော့ ကိုယ်က အ​ရောင်​တွေ၊ ပုံ​​တွေနဲ့၊ design ​တွေဖန်တီးရတာကြိုက်တယ်ဆိုရင် ကျွမ်းကျင်​အောင်လုပ်ပြီး ဝင်​ငွေ​ကောင်း​ကောင်းရှာလို့ရပါတယ်ဗျ။ Template ​တွေ Ebook ​တွေလို Digital Product ​တွေ ဖန်တီးပြီး​လည်း ရောင်းလို့ရတယ်ဗျ။ (3) Content Writing, Script Writing နဲ့ AI Mastery စာရေးတာ AI ရှိနေပြီပဲ၊ လူလိုဦးမလား လို့ မေးစရာရှိတယ်ဆို​ပေမဲ့...အဖြေက လိုပါတယ် ဗျ။ AI က ကူညီပေးနိုင်ပေမယ့် လူရဲ့ စိတ်ခံစားမှု (Emotion) နဲ့ ဖန်တီးနိုင်စွမ်း (Creativity) နဲ့ဆိုင်တာ​တွေအတွက်​တော့ လိုအပ်​နေတုန်းပါပဲဗျ။ ဒါပေမဲ့ AI Tools တွေကိုပါ ကျွမ်းကျင်ထားမယ်ဆိုရင်တော့ ကိုယ့်လူက သာမန် Writer မဟုတ်တော့ဘူး။ စာတစ်ပုဒ်ရေးဖို့၊ Video Script တစ်ပုဒ်ရေးဖို့ အချိန်ကုန်သက်သာပြီး Quality ပိုကောင်းတာတွေ ဖန်တီးနိုင်မှာပါ။ ဒါက​တော့ လူတိုင်းမလုပ်နိုင်​သေးတဲ့ Skill တစ်ခုပဲဗျ။ ဒါဆို ဘယ်ကစကြမလဲ? ကိုယ့်လူတို့အနေနဲ့ လုပ်ရမှာက ရိုးရှင်းပါတယ်။ ● Skill ဖြည့်ပါ - ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခု (Video လား၊ Design လား၊ Writing လား) ကို ရွေးပြီး တကယ်တတ်အောင် အရင်သင်ပါ။ (Youtube က ကြည့်သင်မလား၊ သင်တန်းတက်မလား သဘောပါ)။ ● Portfolio တည်ဆောက်ပါ - ကိုယ်လုပ်တတ်တာကို လူသိအောင် နမူနာတွေ လုပ်ပြပါ။ ● Income ရှာပါ - Local မှာ အိမ်မှာ​နေရင်း အချိန်ပိုင်းပဲလုပ်မလား၊ Freelance ပဲလုပ်မလား။ ဒါမှမဟုတ် Fiverr/Upwork လို နိုင်ငံခြား Platform တွေကနေ စမလား။ လမ်းစတွေ အများကြီးရှိတယ်။ အဓိကက "စဖို့" ပါပဲ။ အချိန်မဆွဲပါနဲ့။ ⚠️ ကိုယ့်လူတို့အ​နေနဲ့ ဘယ်ကစရမှန်းမသိ လမ်း​ပျောက်​နေတယ်ဆိုရင်​တော့ ကျွန်​တော့်ဆီမှာ Video Editing, Graphic Design, Content Writing, Script Writing အပြင် AI အသုံးချ Skill ​တွေအတွက် လက်​တွေ့ကျကျ သင်​ပေးထားတဲ့ ​အတန်း​တွေရှိပါတယ်။ စုံစမ်းချင်ရင် လမ်းပျောက်နေရင် @pyaesone_8989 ကို ဆက်သွယ်လို့ရပါတယ်။

⚠️ AI ခေတ်မှာ One-Man Army ဖြစ်ဖို့လိုအပ်နေပါပြီ AI ကို သုံးတတ်ပြီလား? လို့မေးရင် အားလုံးက "သုံးတတ်တာပေါ့" လို့ ဖြေကြလိမ့်မယ်
⚠️ AI ခေတ်မှာ One-Man Army ဖြစ်ဖို့လိုအပ်နေပါပြီ AI ကို သုံးတတ်ပြီလား? လို့မေးရင် အားလုံးက "သုံးတတ်တာပေါ့" လို့ ဖြေကြလိမ့်မယ်။ ဒါပေမဲ့ "AI သုံးပြီး ဝင်ငွေလမ်းကြောင်း (Income Stream) တစ်ခု တည်ဆောက်ထားပြီလား?" လို့မေးရင်တော့ ခေါင်းကုတ်သွားမဲ့သူတွေ များနေဦးမယ်ထင်တယ်ဗျ။ ၂၀၂၆ ရောက်နေပြီဗျာ။ Prompt လေးရိုက်ပြီး စာလေးဘာလေး ထွက်လာရုံလောက်နဲ့တော့ AI ကျွမ်းကျင်တဲ့သူလို့ ပြောလို့မရတော့ဘူး။ အခုခေတ်က Integrationခေတ် ဖြစ်သွားပြီ။ ‼️ အရင်က Video Content တစ်ခုဖန်တီးဖို့ဆိုရင် Script ရေးမယ့်သူ၊ Voice Over ပြောမယ့်သူ၊ Video Edit မယ့်သူ၊ Thumbnail Design ဆွဲမယ့်သူ ဆိုပြီး လူတွေအများကြီးလိုတယ်။ ✅ အခုတော့ အဲ့ဒါတွေအကုန်လုံးကို AI Tools တွေပေါင်းပြီး တစ်ယောက်တည်းနဲ့ One-Man Agency ပုံစံ လုပ်လို့ရသွားပြီဗျ။ ဒီနေရာမှာ လူငယ်တွေ အများဆုံးမှားနေတာက Skill တစ်ခုတည်းမှာပဲ အချိန်ကုန်နေတာဗျ။ ● စာရေးတာပဲ လုပ်တတ်ပြီး ပုံမထုတ်တတ်ရင် အဆင်မပြေဘူး။ ● ပုံထုတ်တတ်ပြန်တော့လည်း Video မဖန်တီးနိုင်ရင် နောက်ကျကျန်ခဲ့ရော။ ● Video လုပ်တတ်ပြန်တော့လည်း ကိုယ်မအားတဲ့အချိန် အလုပ်လုပ်ပေးမဲ့ Automation/AI Agent တွေအကြောင်း နားမလည်ရင် Scale up လုပ်ဖို့ ခက်ပြန်ရော။ ဒါကြောင့် အခုအချိန်မှာ အကောင်းဆုံး Strategy က "Full-Stack AI Creator" တစ်ယောက်ဖြစ်အောင် လုပ်တာပါပဲ။ 🤔 စဉ်းစားကြည့်ဗျာ... (1) ကိုယ်ပိုင် Youtube Channel/Page ထောင်မလား? AI Movie Recap တွေ၊ Storytelling Video တွေ ဖန်တီးလို့ရမယ်။ (2) Freelance လုပ်မလား? AI Content Writing + Design တွဲပြီး Package နဲ့ ရောင်းလို့ရမယ်။ (3) အချိန်ကုန်သက်သာချင်လား? AI Agent တွေကို ခိုင်းပြီး ကိုယ်အိပ်နေချိန်တောင် အလုပ်လုပ်ခိုင်းထားလို့ရမယ်။ Tools တွေနောက်ကိုပဲ ပြေးမလိုက်ပါနဲ့။ Tools တွေကို ဘယ်လိုပေါင်းစပ်ပြီး ရလဒ်ထွက်အောင် လုပ်မလဲဆိုတဲ့ Workflow ကိုပဲ အရင်လေ့လာပါဗျ။ အဲ့ဒါကမှ ကိုယ့်ရဲ့ တကယ်စစ်မှန်တဲ့ Value ဖြစ်မှာဗျ။ ⛔️AI Tools တွေ အများကြီးကိုသိတယ်ဆိုပေမဲ့၊ ဒါတွေအကုန်လုံးကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း လိုက်စမ်းရင်း အချိန်မကုန်ချင်ဘူး၊ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ လေ့လာပြီး လက်တွေ့ အသုံးချချင်တယ်ဆိုရင်တော့... ကျွန်တော်ရဲ့ TikTok Automation သင်တန်းမှာ ဝင်ပြီးစနစ်တကျသင်ယူလို့ရပါတယ်ဗျ။ ဒီသင်တန်းမှာက သဘောတရားတွေပဲ ပြောနေမှာမဟုတ်ဘဲ လက်တွေ့ Income ဝင်နိုင်မဲ့ လမ်းကြောင်း ၅ ခုကို သေချာသင်ပေးသွားမှာပါ။ 💖 AI Movie Recap (လူကြိုက်များတဲ့ ရုပ်ရှင်အနှစ်ချုပ် လုပ်နည်း) 💖 AI Content Writing (လူရေးသလို သဘာဝကျကျ ရေးနည်း) 😀 AI Design & Image Gen (Creative ဖြစ်တဲ့ ပုံတွေ ဖန်တီးနည်း) 💖 AI Video Creation (မျက်နှာပြစရာမလိုဘဲ Video ဖန်တီးနည်း) 😀 AI Agent & Automation (ကိုယ့်ရဲ့အလုပ်တွေကို AI သုံးပြီး Auto လည်ပတ်နည်း) စတာတွေအပြင် 💖 AI Prompt Engineering 💖 TikTok Full Course 💖 YouTube Full Course 💖 Alight Motion Basic Skill တစ်ခုချင်းစီ လိုက်သင်နေစရာမလိုဘဲ တစ်နေရာတည်းမှာ All-in-one ရနိုင်ဖို့ စီစဉ်ပေးထားပါတယ်ဗျ။ ဆိုတော့ ၂၀၂၆ မှာ သူများထက် ခြေတစ်လှမ်းသာနေဖို့ အခုပဲ စာရင်းပေးသွင်းပြီး သင်ယူလို့ရပါပြီဗျ။ @pyaesone_8989

⬆️Video Editor ဘဝ အစမှာ အမြဲလွဲကြတဲ့ အလွဲ(၃)ခု⬆️ Video Editing စလုပ်တုန်းက ကျွန်တော်လည်း အများနည်းတူပဲဗျ။ Visual လှရင်၊ Effec
⬆️Video Editor ဘဝ အစမှာ အမြဲလွဲကြတဲ့ အလွဲ(၃)ခု⬆️ Video Editing စလုပ်တုန်းက ကျွန်တော်လည်း အများနည်းတူပဲဗျ။ Visual လှရင်၊ Effect တွေ ကြမ်းရင် Video ကောင်းပြီလို့ ထင်ခဲ့တာပေါ့။ တကယ်တမ်းကျတော့ Video တစ်ပုဒ်ကောင်းဖို့ဆိုတာ ရုပ်ထွက်လှရုံနဲ့မပြီးဘဲ ကြည့်တဲ့သူကို Feeling တစ်ခုခု Value တစ်ခုခုပေးနိုင်ဖို့က ပိုအရေးကြီးတယ်ဆိုတာ နောက်ပိုင်းမှကောင်းကောင်းသဘောပေါက်လာတာ။ 😁 ဆိုတော့ ကိုယ့်လူတို့ရော Edit လုပ်ရင်း ဒီအမှားတွေ လုပ်မိနေသေးလား တစ်ချက် Check ကြည့်ရအောင်... ✅(1) Over-editing Effect တွေ၊ Transition တွေ၊ Filter တွေကို ပြွန်သိပ်ထည့်လိုက်ရင် မိုက်မယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကိုယ်ပြချင်တဲ့ Story ကိုယ်ပေးချင်တဲ့ message ပျောက်ပြီး confuse ဖြစ်သွားတတ်ပါတယ်။ Less is More ဆိုတာ Editor တွေအတွက်တော့ ရွှေစကားပဲဗျ။ ✅(2) Pacing ကို မေ့နေတတ်တာ ကျွန်တော်တို့ အစတုန်းကတော့ clip တစ်ခုနဲ့တစ်ခုကြား နည်းနည်းလေးမှ ဟ နေတာမကြိုက်ဘူး။ Dead Air ဖြစ်မှာကြောက်လို့ Jump Cut တွေ တောက်လျှောက်သုံး၊ စကားပြောသံတွေကြားက လေယူလေသိမ်းတွေကိုပါ လိုက်ဖြတ်... နောက်ဆုံး ကြည့်တဲ့သူက ဘာမှန်းမသိလိုက်ဘဲ Video က ပြီးသွားရော။ ဆိုတော့ Video တစ်ပုဒ်လုံး မြန်နေစရာမလိုဘူးဗျ။ တစ်ခါတလေကျရင် ငြိမ်ကျသွားတဲ့ အချိန်လေးတွေ၊ ခံစားချက်ပြရမယ့်အချိန်လေးတွေက စကားပြောတာထက် ပိုပြီးထိရောက်နေတတ်တယ်။ ရုပ်ရှင်တွေမှာ စကားမပြောဘဲ တိတ်သွားတဲ့ scene လေးတွေက ဘယ်လောက် impact ရှိလဲ သတိထားမိကြတယ်မလားဗျ။ ✅(3) Trend ထက် Clarity ကို ဦးစားပေးပါ Trending ဖြစ်နေတဲ့ Effect တွေ လိုက်သုံးတာ ကောင်းပေမဲ့ ကိုယ်ပြချင်တဲ့ အကြောင်းအရာက Clarity မရှိဘူးဆိုရင်တော့ အလကားပဲဗျ။ Trend ဆိုတာ ဒီနေ့ trend ပြီး နောက်နေ့ရိုးသွားမှာဆိုတော့ တကယ်ကောင်းမွန်တဲ့ Storytelling ကသာ ဘယ်တော့မှရိုးမသွားတာဗျ။ 👑 Bonus Tips Visual ထက် Sound Design ကို ပိုဂရုစိုက်ပါ။ ရုပ်ထွက်က 4K မဟုတ်ရင်တောင် ကြည့်လို့ရပေမဲ့ အသံက တိုးလိုက်ကျယ်လိုက် noise တွေဖြစ်နေလိုက်ဆိုရင်တော့ ဘယ်သူမှ ဆက်မကြည့်ချင်ကြတော့ဘူး။ Good Sound is 50% of the video ပါပဲဗျ။ ⚠️နောက်ဆုံးမှတ်ထားဖို့က...Editing ဆိုတာ အကုန် Perfection ဖြစ်နေဖို့ ကြိုးစားရတာမဟုတ်ဘဲ ကိုယ်ပေးချင်တဲ့ Message ရောက်ဖို့ Intention ဖန်တီးရတာပဲဗျ။ ကိုယ့်လူတို့ရော Editor ဘဝအစမှာ ဘာတွေလွဲခဲ့ဖူးလဲ? 💖

💫Facebook မှာContent တွေဖန်တီးပြီး Income ရှာချင်ပေမယ့် content idea မရှိလို့ ရှေ့မရောက်ဘူးဖြစ်နေတဲ့သူများအတွက်💯 သူများ Video တွေက Views တွေ Millionထိ ရနေတဲ့အချိန်မှာ ကိုယ်ဖန်တီးထားတဲ့ video က views 10,20က မတတ်ဘူးဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ content typeက လူကြိုက်မများတာ မဟုတ်ပါဘူး။ ကိုယ်အသုံးပြုနေတဲ့ content strategyနဲ့ content idea ကို ပြောင်းလဲဖို့ လိုအပ်နေတာပါ💡။ 💢Page ၊Channel တွေ Runပြီး Reseller လုပ် မယ့်တဲ့သူတွေ 💢Own content တွေဖန်တီးပြီး creator လုပ် မယ့်သူတွေ 🔥Pageမှာ ရှိတဲ့ Policy Copyrightအကြောင်း🔥 💢ကိုယ်ရဲ့ Business Page အတွက် Content တွေပေါက်ဖို့ လိုအပ်နေတဲ့သူတွေ Content ideas ကို Life Time လေ့လာလို့ရမယ့် Course တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 💫သင်တန်းကနေ ဘယ်လို Content ideas ‌တွေကို ရရှိနိုင်လဲဆိုတော့... 💡Gaming Content 💡Cele Content 💡Trend Based Content 💡movie recap Content 💡Motivation Content 💡Series Content 💡B roll Content 💡Relaxation Content တွေကို Video Edit ပါတစ်ခါတည်းလုပ်နိုင်အောင် သင်ပေးမှာဖြစ်ပါတယ်ဗျ။ 🎯 နောက်ထက် Facebook ရဲ့ ငွေဝင်ပေါက်တွေဖြစ်တဲ့ 1.Facebook Acc ဖြင့် Passive Income ရှာနည်း 2.Id Comfirm Accကနေ Passive Incomeရှာနည်း 3.FaceBook Pageမှ Passive Income ရှာနည်း 4.Page Runနည်း ဖြင့် Passive Income ရှာနည်း 5.Page Collaboration ဖြင့် Passive Income ရှာနည်း 6.Pageတစ်ခုမှာ အရေးကြီးတဲ ငွေဝင်ပေါက်တစ်ခု ဖွင့်နည်း 7.Monetization Page Runပြီး Passive Income ရှာနည်း 8.Page အကြီး Groupအကြီးနဲ့ Passive Income တည်ဆောက်နည်း 9.Facebook Accကနေ ဝင်ပေါက် တည်ဆောက်နည်း 10.CopyContentဖြင့် Passive Income တည်ဆောက်နည်း 11.RSC မှ တစ်ဆင့် Passive Income တည်ဆောက်နည်း 12.Groupအကြီးဖြင့် Passive Income တည်ဆောက်နည်း 13.AccအများကြီးသုံးပြီးPassive Income တည်ဆောက်နည်း။ 🔗Video Editing မှာဆိုရင်တော့ 🎬Motion edit 3D Edit 🎬Graphic Design နဲ့ 🎬Colour Grading ကို စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။ 📌Ideas Class တက်တာနဲ့ Editing ကို Free သင်ခွင့်ရမှာဆိုတော့ video editing မလုပ်နိုင်သေးတဲ့သူလေးတွေလဲ Creator Intensity ထဲကို စတင်ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ 💁ဒါတင်မကသေးဘူးနော် FOC အနေနဲ့ Tiktok marketingမှာ အသုံးပြုကြတဲ့ (3)Secondhook video packge ကိုလဲ ပေးမှာဖြစ်ပါတယ်။ နောက်ထပ် Facebook ရဲ့ အလုပ်လုပ်ပုံ ကို အ​ခြေ ခံ ကျကျ သင်ယူနိုင်မှာ ဖြစ်ပြီး Facebook မှာ ဝင်ငွေတစ်ခုနဲ့ ရပ်တည်နိုင်ဖို့ အတွေးခေါ်ပိုင်းတွေကို တစ်ပါထဲ ထည့်ပေးထားမှာ ဖြစ်ပါတယ် 👉Video Course ဖြစ်တာကြောင့် ကိုယ်အားတဲ့ အချိန်လေးတွေမှာ လေ့လာနိုင်မှာ ဖြစ်သလို သင်တန်းမှာ Member Chatလဲလုပ်ပေးထားလို့ ကိုယ်သိချင်တာတွေ၊ နားမလည်တာတွေကို အချိန်မရွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်ဗျ။ ✅လက်တွေ့လိုက်လုပ်ရမယ့် သင်ခန်းစာတွေ ဖြစ်တာကြောင့် အမှန်တကယ် ကြိုးစားကြတဲ့ သူတွေအနေနဲ့ (၃)လအတွင်း အနေအထားတစ်ခု အထိ ရောက်ဖို့ အာမခံပါတယ်ဗျ။ ဒီလိုအာမခံချက် အပြည့်အဝပေးထားပြီး သင်ခန်းစာတွေကို တစ်သတ်တာ လေ့လာခွင့်ရမယ့် Content ideas Courseသင်တန်း ကြေးကို (300000)ကျပ် သတ်မှတ်ထားပါတယ်" 📱သင်တန်းနဲ့ပတ်သက်လို့ အသေးစိတ်သိချင်သူများအနေ နဲ့ 🖇09670502857 Viber ကိုဆက်သွယ်စုံစမ်းနိုင်သလို 🌐 @snap105 Telegram Acc မှာ လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

AI ကြောင့် "လူတွေ အလုပ်ပြုတ်တော့မှာ" ဆိုပြီး စိုးရိမ်နေကြသေးလား။ 2026 မှာတော့ တချို့လူတွေက မစိုးရိမ်ကြတော့ဘူးဗျ။ ဒါဆို သူတို့
AI ကြောင့် "လူတွေ အလုပ်ပြုတ်တော့မှာ" ဆိုပြီး စိုးရိမ်နေကြသေးလား။ 2026 မှာတော့ တချို့လူတွေက မစိုးရိမ်ကြတော့ဘူးဗျ။ ဒါဆို သူတို့က ဘာလို့မစိုးရိမ်ကြတော့တာလဲ? လုပ်ငန်းခွင်ထဲမှာ၊ Freelance လောကကမှာ လူနှစ်မျိုးကွဲထွက်သွားတယ်။ တစ်မျိုးက AI ကိုပဲ အတုခိုး၊ Copy-Paste လုပ်ဖို့လောက်ပဲ သုံးတဲ့သူတွေ။ နောက်တစ်မျိုးက AI ကို ကိုယ့်ရဲ့ Assistant/Partner လို သုံးပြီး သူများ ၅နာရီလောက်လုပ်ရတဲ့အလုပ်ကို ၁နာရီလောက်နဲ့ အပြီးဖြတ်နိုင်တဲ့သူတွေ။ ကိုယ့်လူတို့ရော ဘယ်လိုလူဖြစ်ချင်လဲ? ဒီနေ့တော့ Theory တွေ၊ Prompt အရှည်ကြီးတွေ ရိုက်ထည့်နည်းတွေမလိုဘဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အလုပ်လုပ်ရင်း တွေ့ရှိထားတဲ့ AI ကိုအသုံးချပြီး Level တက်နိုင်မဲ့ နည်းလမ်း ၃ခုကို ပြောပြပါမယ်။ 1. Learning မှာ One-way မသွားဘဲ Personal Tutor လို သုံးတာ အရင်ကဆို တစ်ခုခုလေ့လာချင်ရင် Google ခေါက်၊ Blog တွေဖတ်၊ YouTube ကြည့်တာနဲ့တင် အချိန်ကုန်တယ်။ ▪︎ အခုကတော့ ဥပမာ- English စာလေ့လာချင်တယ်ဆိုပါစို့။ "Explain Past Tense" လို့ ရိုက်မရှာတော့ဘူး။ ကိုယ်မပိုင်တဲ့ စာပိုဒ်တစ်ခုကို AI ထဲ ပစ်ထည့်။ "ဒီစာပိုဒ်မှာ ငါ့ရဲ့ Grammar အမှားတွေကို ထောက်ပြပေး၊ ပြီးရင် ငါ့ level နဲ့ ကိုက်မဲ့ လေ့ကျင့်ခန်း ၅ပုဒ်ထုတ်ပေး" ဆိုပြီး ခိုင်းလိုက်တယ်။ ▪︎ Coding လေ့လာနေတဲ့သူတွေဆိုရင်လည်း "ငါ့ Code က ဘာလို့ Error တက်နေတာလဲ၊ ဘယ်လို Logic နဲ့ ပြင်သင့်လဲ" ဆိုပြီး မေးတဲ့အကျင့်လေးလုပ်ပါ။ ကိုယ့်အတွက် သီးသန့်ငှားထားတဲ့ ဆရာတစ်ယောက်လိုပဲ မရှင်းမချင်းမေးလို့ရတယ်။ ဒါက Skill တစ်ခုကို မြန်မြန်တတ်ဖို့ အကောင်းဆုံး Shortcut ပဲဗျ။ 2. Career မှာ First Draft ကို AI သုံးပြီးလုပ်ကြည့်တာ 📥အဆက် 📥

AI ​ကြောင့် "လူ​တွေ အလုပ်ပြုတ်​တော့မှာ" ဆိုပြီး ​စိုးရိမ်​နေကြ​သေးလား။ 2026 မှာ​တော့ တချို့​လူတွေက မစိုးရိမ်ကြ​တော့ဘူးဗျ။ ဒါဆို သူတို့က ဘာလို့မစိုးရိမ်ကြ​တော့တာလဲ? လုပ်ငန်းခွင်ထဲမှာ၊ Freelance ​လောကကမှာ လူနှစ်မျိုးကွဲထွက်သွားတယ်။ တစ်မျိုးက AI ကိုပဲ အတုခိုး၊ Copy-Paste လုပ်ဖို့​လောက်ပဲ သုံးတဲ့သူ​တွေ။ ​နောက်တစ်မျိုးက AI ကို ကိုယ့်ရဲ့ Assistant/Partner လို သုံးပြီး သူများ ၅နာရီ​လောက်လုပ်ရတဲ့အလုပ်ကို ၁နာရီ​လောက်နဲ့ အပြီးဖြတ်နိုင်တဲ့သူ​တွေ။ ကိုယ့်လူတို့​ရော ဘယ်လိုလူဖြစ်ချင်လဲ? ဒီ​နေ့​တော့ Theory ​တွေ၊ Prompt အရှည်ကြီး​တွေ ရိုက်ထည့်နည်း​တွေမလိုဘဲ ကျွန်​​တော်ကိုယ်တိုင် လက်​တွေ့အလုပ်လုပ်ရင်း ​တွေ့ရှိထားတဲ့ AI ကိုအသုံးချပြီး Level တက်နိုင်မဲ့ နည်းလမ်း ၃ခုကို ​ပြောပြပါမယ်။ 1. Learning မှာ One-way မသွားဘဲ Personal Tutor လို သုံးတာ အရင်ကဆို တစ်ခုခု​လေ့လာချင်ရင် Google ​​ခေါက်၊ Blog ​တွေဖတ်၊ YouTube ကြည့်တာနဲ့တင် အချိန်ကုန်တယ်။ ▪︎ အခုက​​တော့ ဥပမာ- English စာ​လေ့လာချင်တယ်ဆိုပါစို့။ "Explain Past Tense" လို့ ရိုက်မရှာ​တော့ဘူး။ ကိုယ်မပိုင်တဲ့ စာပိုဒ်တစ်ခုကို AI ထဲ ပစ်ထည့်။ "ဒီစာပိုဒ်မှာ ငါ့ရဲ့ Grammar အမှား​တွေကို ​ထောက်ပြ​ပေး၊ ပြီးရင် ငါ့ level နဲ့ ကိုက်မဲ့ ​လေ့ကျင့်ခန်း ၅ပုဒ်ထုတ်​ပေး" ဆိုပြီး ခိုင်းလိုက်တယ်။ ▪︎ Coding ​လေ့လာ​နေတဲ့သူ​တွေဆိုရင်လည်း "ငါ့ Code က ဘာလို့ Error တက်​နေတာလဲ၊ ဘယ်လို Logic နဲ့ ပြင်သင့်လဲ" ဆိုပြီး ​မေးတဲ့အကျင့်​လေးလုပ်ပါ။ ကိုယ့်အတွက် သီးသန့်ငှားထားတဲ့ ဆရာတစ်​ယောက်လိုပဲ မရှင်းမချင်း​မေးလို့ရတယ်။ ဒါက Skill တစ်ခုကို မြန်မြန်တတ်ဖို့ အ​ကောင်းဆုံး Shortcut ပဲဗျ။ 2. Career မှာ First Draft ကို AI သုံးပြီးလုပ်ကြည့်တာ လက်​တွေ့မှာ အလုပ်တစ်ခုလုပ်​မယ်ဆိုရင် ခက်ခဲ​နေတာက "စ" ရတာဗျ။ Email တစ်​စောင်​ရေးဖို့ Content တစ်ပုဒ်​ရေးဖို့၊ Video တစ်ခုဖန်တီးကြည့်ဖို့ ​ခေါင်းပူ​နေရတဲ့အချိန်က အကြာဆုံးပဲ။ ▪︎ ဥပမာ- Freelancer တစ်​ယောက်ဆိုရင် Client ဆီ အလုပ်အပ်ဖို့ စာ​ရေးရမယ်ထား ကိုယ့်ထည့်ချင်တဲ့ အချက်​ ၄-၅ ချက်​လောက်ကို AI ကို ​ပေးလိုက်။ "ငါက ဒီအ​ကြောင်းအရာကို ​ရေးချင်တာ၊ ဒီအချက်​တွေထည့်ချင်တယ်၊ ဒါကို Professional ဆန်ဆန် Draft တစ်ခု​​ရေး​ပေး" လို့ ခိုင်းလိုက်။ ဒါ​ပေမဲ့ သူ​ပေးတာကို Copy-Paste လုံးဝမလုပ်နဲ့။ ဒါက​တော့ လူပျင်းနည်းဗျ။ သူ​ပေးတဲ့ Draft ကို Reference ယူပြီး ကိုယ့် Style နဲ့ ပြန်ပြင်လိုက်ပါ။ ၁နာရီကြာမယ့် အလုပ်က ၁၀မိနစ်နဲ့ ပြီးသွားပါလိမ့်မယ်ဗျ။ 3. Skill အသစ်​တွေကို Micro-Learning လုပ်တာ အရင်က Skill တစ်ခုတတ်ချင်ရင် သင်တန်းတစ်ခုလုံးသွားတက်ရတယ်။ အခုက​တော့ လိုအပ်တာကို လိုအပ်သလို သင်လို့ရတဲ့​ခေတ်ဖြစ်သွားပြီဗျ။ ▪︎ Excel မှာ Formula တစ်ခုလိုချင်တာလား။ Photoshop မှာ ​နောက်ခံ Background ဖျက်တာ​လောက်ပဲ သိချင်တာလား။ AI ကို "Photoshop မှာ ​နောက်ခံ Background ဖျက်နည်း အလွယ်ဆုံး ၃နည်း​ပြောပြလို့" ​​မေးပြီး ချက်ချင်းလက်​တွေ့လုပ်။ ဒီလို ပြဿနာအ​သေး​လေး​တွေကို ​ဖြေရှင်းရင်း စုလာရင် Skill ​တစ်ခုဖြစ်လာ​ရော။ အဲ့ဒီ Skill နဲ့ Freelance လုပ်ပြီး ဝင်​ငွေရှာလို့ရလာမယ်။ အကုန်သိ၊အကုန်တတ် ဆရာကြီး​တွေထက် ပြဿနာတစ်ခုကို မြန်မြန်​ဖြေရှင်း​ပေးနိုင်တဲ့သူကပဲ income ပိုရနိုင်တယ်ဗျ။

⚠️ 2026 ရောက်နေပြီ ဖုန်းတစ်လုံးရှိရုံနဲ့ Content Creator လုပ်လို့ရတဲ့ခေတ်ဆိုပေမယ့် clip တွေ ဆက်တတ်ရုံနဲ့တော့ Editor ဖြစ်မလာပါ
⚠️ 2026 ရောက်နေပြီ ဖုန်းတစ်လုံးရှိရုံနဲ့ Content Creator လုပ်လို့ရတဲ့ခေတ်ဆိုပေမယ့် clip တွေ ဆက်တတ်ရုံနဲ့တော့ Editor ဖြစ်မလာပါဘူး။ CapCut ပဲသုံးသုံး၊ Premiere Pro နဲ့ DaVinci Resolve ပဲကိုင်ကိုင် Tool က အဲ့လောက်အဓိကမကျပါဘူး။ ကိုယ့် video ကောင်းမကောင်းဆိုတာ Editor ရဲ့ Sense ပေါ်မှာ အများကြီးမူတည်ပါတယ်။ Beginner တွေအနေနဲ့ မကြာခဏလုပ်မိနေကြတဲ့ ဒီအမှားလေးတွေကိုပြင်လိုက်မယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကိုယ့်လူတို့ video တွေကရှယ်ဖြစ်လာမှာအသေချာပဲဗျ။ 1. Effect နဲ့ Transition တွေကို အန်ထွက်နေအောင်သုံးတာ ⛔ အထူးသဖြင့် CapCut တို့ Alight Motion တို့ စသုံးတဲ့သူတွေမှာ တွေ့ရတတ်တယ်။ တွေ့တဲ့ Effect တိုင်း၊ ရှိသမျှ Transition တိုင်းလျှောက်ထည့်ထားရင် Video က Cheap ဖြစ်သွားတတ်ပါတယ်။ 💖ဆိုတော့ ProEditor တွေက ရိုးရှင်းတဲ့ Cut (Standard Cut) တွေကိုပဲ 90%လောက်သုံးကြတာပါ။ Effect ဆိုတာက လိုအပ်မှသုံးတာ ပိုကောင်းပါတယ်။ Clean & Simple ဖြစ်တာကမှ ကိုယ့် video ကို cool ဖြစ်စေပြီး High Level တစ်ခုလိုခံစားရစေမှာပါ။ 2. Music သံက စကားသံကိုဖုံးနေတာ။ဒါမှမဟုတ် အတူတူဖြစ်နေတာ ⛔️B-roll တွေမှာ သီချင်းသံကျယ်တာ ပြဿနာမရှိပေမဲ့၊ စကားပြောတဲ့အခါတော့ သီချင်းသံက စကားသံထက်လျှော့ထားတာကောင်းပါတယ်။ မဟုတ်ရင်တော့ ကြည့်တဲ့သူက စကားသံကို အားစိုက်ပြီးနားထောင်နေရရင် ကိုယ့် video ကို scroll လုပ်သွားပါလိမ့်မယ်။ 💖 ဆိုတော့ Background Music ကို -15dB/-20dBလောက်ထိ လျှော့ထားသင့်ပါတယ်။ CapCut မှာ ဆိုရင်လည်း Volume ကို 10-15လောက်ထိပဲထားမှ အဆင်ပြေပါလိမ့်မယ်။ But ကိုယ့် Video ရဲ့ voiceover အနေအထားထက် အတတ်နိုင်ဆုံး လျှော့ပြီးချိန်ပေးတာကောင်းပါတယ်။ 3. Dead Air တွေကို နှမြောပြီး မဖြတ်တာ 💖စကားမပြောဘဲစဥ်းစားနေတဲ့အချိန်တွေ၊ "အာ...အမ်..."နဲ့ လုပ်နေတာတွေကို ဖြတ်ထုတ်မပစ်ဘဲထားတာက video ကို quality/value လျော့သွားစေတတ်ပါတယ်။ 💖 ဆိုတော့ Jump Cut ပဲ သုံးသုံး၊ Zoom in/Zoom out လေးနဲ့ပဲ cut cut လိုရင်းမရောက်ဘဲ အီလေးဆွဲနေတာတွေကို သေချာလေးသာဖြတ်ပစ်ပါ။ Video က တိုလေ၊ လိုရင်းရောက်လေ ပိုကောင်းလေ။ ကြည့်တဲ့သူကလည်း ဆက်ကြည့်ချင်လေပဲဗျ။ 4. Device ကိုပဲ အပြစ်တင်ပြီး ဘာမှမလုပ်ဘဲနေတာ 💖Video Edit တာတော့ ကျွမ်းကျင်ချင်ပါရဲ့ Professional ကြီးဖြစ်ချင်ပါရဲ့ ငါ့မှာ PC မရှိလို့ DaVinci မသုံးနိုင်ဘူး၊ After Effects မသုံးနိုင်ဘူးဆိုပြီး ဘာမှမလုပ်ဘဲမနေပါနဲ့။ 💖ဒီခေတ်က Storytelling ကောင်းရင် CapCut နဲ့ edit ထားတဲ့ video ကလည်း Viral ဖြစ်နိုင်ပါတယ်။ Tool က အဓိကမဟုတ်ဘူးဗျ ကိုယ့်ရဲ့ Creativitu နဲ့ လက်တွေ့လုပ်နိုင်စွမ်း၊ ရှိတာလေးနဲ့ သေချာအသုံးချနိုင်စွမ်းကသာ အဓိကပါ။ ဆိုတော့ အရင်ဆုံး ရှိတာလေးနဲ့ပဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးပါဗျ။ 💖 Editing ဆိုတာလည်း Feeling ပဲဗျ။ နည်းပညာထက် စိတ်ရှည်မှုက ပိုလိုပါတယ်။ အခုပြောပြခဲ့တဲ့ အမှားလေးတွေကိုသာ ရှောင်ပြီး ပုံမှန်လေးသာ လေ့လာရင်း လေ့ကျင့်သွားမယ်ဆိုရင် ကိုယ့်လူတို့ video editing skill က အများကြီး upgrade ဖြစ်လာမှာအသေချာပါပဲ။ ဆိုတော့ Keep Creating ပါ!😜