Create with OMERA
前往频道在 Telegram
📈 Telegram 频道 Create with OMERA 的分析概览
频道 Create with OMERA (@glowandcode_51) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 23 999 名订阅者,在 艺术与设计 类别中位列第 1 233,并在 缅甸 地区排名第 5 891 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 23 999 名订阅者。
根据 15 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 25,过去 24 小时变化为 -5,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 18.00%。内容发布后 24 小时内通常能获得 5.27% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 4 321 次浏览,首日通常累积 1 265 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 31。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Create smarter with AI, editing & modern workflows.
DM @pyaesone_8989”
凭借高频更新(最新数据采集于 16 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 艺术与设计 类别中的关键影响点。
23 999
订阅者
-524 小时
-257 天
+2530 天
帖子存档
23 997
💖350k +(100kတန် Course Free)💖
2+1 ကို💖 150k💖 လျှော့ဈေးနဲ့25ရက်နေ့
နောက်ဆုံးနော် ညီကိုတို့💖
23 997
Repost from Create with OMERA
.
နှစ်သစ်ကူးလျှော့ဈေးအနေနဲ့✅
📱Davinci Resolve Basic to Advance Course ကို 350k to 150k လျှော့ဈေး (ဒါ့အပြင် 100k တန် Tiktok Automation + Ai course 🎁 gift )
350k+100k 150k✅ ထဲနဲ့ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ DM သာလာခဲ့ပါဗျာ 😜
Davinci Resolve Course ထဲပါမဲ့အကြောင်းအရာ 💖Audio edit နည်း 💖Davinci Resolve Basic 💖Davinci Resolve 3d editing 💖Spline / Key frame အကြောင်း 💖3d edit with 3d model 💖3d edit with usdz 3d model 💖Blender + Davinci တွဲသုံးနည်း ect... Lesson video update ကတော့အမြဲတမ်း ရှိနေမှာ ဖြစ်နေမှာပါဗျ။ဒါတွေအပြင်
💖YouTube channel တစ်ခုစထောင် နည်း 💖Monetization ရရှိအောင် လုပ်ဆောင်ရမယ့်အချက်တွေနဲ့ 💖မြန်မာနိုင်ငံကနေ Tryမယ့်သူတွေအတွက်Service ဘယ်လိုအပ်ရလဲဆိုတဲ့ အကြောင်းအရာတွေအထိ ပါပါမယ်ဒါတွေအပြင် 100k တန် Gift ထဲမှာ
Japan Region Tiktok အကောင့်ဖွင့်နည်း
Tiktok Psychology ,hook အကြောင်းပိုပြီ တော့ Details ကျကျလေးပါမယ်
ပြီတော့ ကျန်တော်ကိုယ်တိုင် Tiktok မှာ 9ရက်အတွင်း Follower 12k ရအောင်ဘယ်လိုလုပ်ခဲ့လဲ ဆိုတဲ့အကြောင်းရာတွေအပါအ၀င်
💖Ai movie Recap 💖Copy paste Content 💖Ai content Writing 💖Ai Design & Image Generation 💖Ai video Creation 💖 Aligh Motion Basic Courseဆိုတော့ 450k တန်ဖိုးရှိတဲ့ Package + High quality editing skill တွေကို
23 997
💖350k +(100kတန် Course Free)💖
2+1 ကို💖 150k💖 လျှော့ဈေးနဲ့25ရက်နေ့
နောက်ဆုံးနော် ညီကိုတို့💖
23 997
ChatGPT က မကောင်းတာလား? ကိုယ်ရေးတဲ့ Prompt က လိုနေတာလား? 💖
ChatGPT ကို ခိုင်းလိုက်တိုင်း ကိုယ်လိုချင်တာနဲ့ တောင်ရောက်မြောက်ရောက် လွဲနေတယ်ဆိုရင်တော့ "ChatGPT က သိပ်မမိုက်ပါဘူးကွာ" လို့ မပြောခင် ဒီအချက်လေးတွေကို အရင် Check ကြည့်လိုက်ပါဗျ။ 💖
တကယ်တမ်း အဖြေကောင်းမထွက်လာတာက ကိုယ့်လူတို့ရေးလိုက်တဲ့ Prompt မှာ ဒီအမှား (7) ခု ပါနေလို့ ဖြစ်နိုင်ပါတယ်ဗျ။
လူတွေ အလုပ်မိဆုံး Prompting အမှား (၇) ခု
💖 Context မပေးဘဲ ခိုင်းတာ - ရှေ့နောက် ဘာမှမပြောပြဘဲ "ဒါကို Review လုပ်ပေး" ဆိုပြီး ဖိုင်တစ်ဖိုင် ပစ်ပေးလိုက်သလိုမျိုးပေါ့။ (သူက ဗေဒင်ဆရာမှ မဟုတ်တာနော်)
💖 ဝါးတားတား ခိုင်းတာ - "Startups အကြောင်း ရေးပေး" လောက်ပဲ ပြောတာမျိုး။ (ဘယ် Startup လဲ? ဘာအကြောင်းလဲ? မရေရာဘူးလေ)
💖 Google လို သွားသုံးနေတာ - AI ကို အလုပ်သေချာလုပ်ပေးဖို့ Instruction ပေးရမယ့်အစား Google မှာ ရှာသလိုမျိုး မေးခွန်းတွေပဲ မေးနေတာ။
💖 တိုလီမိုလီတွေ အများကြီး ပြုံခိုင်းတာ - တစ်ခါတည်းနဲ့ အလုပ် ၁၅ ခုလောက်ကို Prompt တစ်ကြောင်းတည်းမှာ ပြုံခိုင်းလိုက်တာမျိုး။ (AI လည်း ခေါင်းမူးသွားမှာပေါ့)
💖 တစ်ခါတည်းနဲ့ အပြီးထင်နေတာ - ပထမဆုံးအကြိမ် ခိုင်းတာနဲ့ Perfect ဖြစ်မယ်လို့ ထင်တာ။ (ပြန်ပြင်ခိုင်းဖို့ မေ့နေတတ်ကြတာဗျ)
💖Style မပြောပြတာ - ကိုယ်လိုချင်တဲ့ Tone (လေသံ)၊ Format (ပုံစံ) ကို မသတ်မှတ်ပေးတော့ သူရေးချင်တာတွေ လျှောက်ရေးပေးလာရော။
💖 Example မပြတာ - "ဒီလိုပုံစံမျိုး လိုချင်တာကွာ" ဆိုပြီး နမူနာ (Sample) မပေးမိတာ။
✅ ဒါဆို Pro တွေလို Prompt ကောင်းကောင်း ဘယ်လိုရေးမလဲ?
Formula က ရိုးရိုးလေးပါဗျ။
💖Role & Task: သူ့ကို ဘယ်နေရာကနေ (ဥပမာ- Marketing Expert တစ်ယောက်အနေနဲ့) ဘာလုပ်ပေးရမလဲဆိုတာ တိတိကျကျ ခိုင်းပါ။
💖 Examples: ကိုယ်လိုချင်တဲ့ အဖြေပုံစံ (Reference) ကို ပြပေးပါ။
💖 Iterate: ထွက်လာတဲ့အဖြေကို တန်းမယူဘဲ "ဒါလေး ပြန်ပြင်ပေး၊ ဒီနေရာလေး လိုနေတယ်" ဆိုပြီး Feedback ပေးရင်း ရလဒ်ကောင်းထွက်အောင် ယူပါ။
AI ဆိုတာ ကိုယ့်အစား အလုပ်လုပ်ပေးမယ့်အရာ မဟုတ်ဘဲ ကိုယ်နဲ့တွဲပြီး အလုပ်လုပ်ရမယ့် Partner ပါ။ "AI + Human" ပေါင်းလိုက်မှ ရလဒ်ကောင်းတွေ ထွက်လာမှာပါဗျ။
ဆိုတော့... နောက်တစ်ခါ ChatGPT သုံးရင် ဒီနည်းလမ်းလေးတွေအတိုင်း စမ်းကြည့်လိုက်ကြပါဗျ!
23 997
⛈"Gen Z တွေကို AI နဲ့ အနီးစပ်ဆုံး Generation လို့ တင်စားကြပေမဲ့၊ တကယ်တမ်းကျတော့ AI ကြောင့် အထိနာဆုံး လူတန်းစား ဖြစ်လာနိုင်တယ်ဆိုတာ သတိထားမိကြရဲ့လား?"
ဒီစကားကို ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး အလုပ်အကိုင်ရှာဖွေရေးအဖွဲ့ကြီးဖြစ်တဲ့ GOODWILL ရဲ့ CEO - Steve Preston ကိုယ်တိုင်က ပြောထားတာဗျ။
သူသတိပေးထားတာအရဆိုရင် ကျွန်တော်တို့ လူငယ်တွေရဲ့ future jobတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အနေအထားတစ်ခုကို ရောက်နေပြီလို့ ဆိုရပါမယ်။ ဘာကြောင့်လဲ? ဘာတွေပြင်ဆင်ရမလဲ?
Steve Preston ရဲ့ ပြောစကားအရဆိုရင်တော့..
⚠️ Entry Level အလုပ်တွေ မြန်မြန်ပျောက်သွားမယ်။ ဥပမာ- နိုင်ငံခြားမှာဆိုရင်တော့ Call Center တွေ၊ Tele Sales တွေ၊ Data Entry လို နေရာမျိုးတွေကို AI က ယူလိုက်တော့မယ်တဲ့။ AI တွေက မြန်မာလိုကျွမ်းကျင်နေပြီဆိုတော့ ကျွန်တော်တို့ဆီမှာရော ဖြစ်လာနိုင်တာပဲဗျ။
⚠️ ဘွဲ့ရထားရုံနဲ့ မလုံလောက်တော့ဘူး
အရင်က ဘွဲ့တစ်ခုရရင် အလုပ်ရဖို့ သေချာသလောက်ရှိပေမဲ့ အခုတော့ ဘွဲ့ရထားလည်း Junior Level အလုပ်တွေကို AI က လုပ်နိုင်နေပြီဆိုတော့ AI လောက်မှ မလုပ်နိုင်ရင် နေရာမရနိုင်တော့ဘူး။ မြန်မာမှာဆိုလည်း အလုပ်တွေက cost တွေ လျှော့ချင်တော့ လူတစ်ယောက်ခန့်မယ့်အစား AI Tool တစ်ခုပဲ ဝယ်သုံးဖို့ စဥ်းစားလာကြပြီ။
ဆိုတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ?
Steve Preston ကတော့ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် ဒီ(၃)ခုကို လုပ်ဖို့ ပြောထားတယ်ဗျ။
💖(1) Digital Skill တွေ ကျွမ်းကျင်အောင်လုပ်
ရိုးရိုး Computer သုံးတတ်ရုံ၊ Social Media သုံးတတ်ရုံနဲ့မရတော့ဘူး။ Excel တို့ Google Docs တို့လို office took တွေ Collaboration Tools တွေနဲ့ တခြားအရေးပါတဲ့ Digital Tools တွေ ကျွမ်းကျင်အောင် လုပ်ထားဖို့ပါဗျ။
💖(2) AI Literacy - AI ကို ကျွမ်းကျင်အောင်လုပ်
ChatGPT တို့ Gemini တို့ကို မေးခွန်းမေးတတ်ရုံလောက်နဲ့ မရတော့ဘူး။ ကိုယ့်အလုပ်တွေမှာ AI ကို assistant လို သုံးနိုင်ပြီး အလုပ်တွေကိုအရင်ကထက် ပိုပြီးအောင်လုပ်နိုင်မှ သူများထက် သာနေမှာဖြစ်ပါတယ်။ AI သုံးတတ်လား ကျွမ်းကျင်လားဆိုတာက မေးခွန်းတစ်ခု option တစ်ခုမဟုတ်တော့ဘဲ လိုအပ်ချက်ဖြစ်လာပြီဗျ။
💖(3) အသစ် အသစ်တွေကို သင်ယူဖို့မပျင်းပါနဲ့ (Especially Tech Skills)
Degree မလိုတဲ့ ဒါပေမဲ့ Skill လိုတဲ့ နယ်ပယ်အသစ်တွေရှာဖွေပါ။ အဲ့ဒီ Skill တွေကို ကျွမ်းကျင်အောင်လုပ်ပါ။ ကျွန်တော်တို့ ပြောနေကြတဲ့ Prompt Engineering, AI Video Creation စတဲ့ High-value Skill တွေပေါ့။
~~
ဆိုတော့ ကိုယ့်လူတို့အနေနဲ့
ဒီအပြောင်းအလဲကို Crisis လို့ မြင်ပြီး ကြောက်နေမလား? ဒါမှမဟုတ် အခွင့်အရေးတစ်ခုအနေနဲ့ ယူပြီး ကိုယ့် Skill ကို အားလုံးထက်သာအောင် Reinvent လုပ်မလား?
အဖြေက ရှင်းပါတယ်။ ပြင်ဆင်ထားတဲ့သူအတွက် အခွင့်အရေးဖြစ်ပြီး၊ ဘာမှမလုပ်တဲ့သူအတွက်တော့ လမ်းမရှိတော့သလို ဖြစ်သွားမှာပါ။
⚡️Gen Z တွေကို First AI-Native Generation (AI နဲ့ ကြီးပြင်းလာသူ) လို့ ခေါ်ကြပေမဲ့ First AI-Displaced Generation (AI ကြောင့် နေရာပျောက်တဲ့သူ) တော့ မဖြစ်ချင်ဘူးဗျာ။
ဆိုတော့... ကိုယ့်လူတို့ရော AI ခေတ်မှာ အလုပ်မပျောက်အောင် ဘာတွေ ပြင်ဆင်နေကြပြီလဲ❔
23 997
👍Content တွေသာ ဆက်တိုက်တင်နေတာ.. တင်လိုက်ရင် View က ထင်သလောက်တက်မလာလို့ စိတ်ဓာတ်ကျနေပြီလား ကိုယ့်လူတို့?
ကျွန်တော်တို့ Content Creator တွေအတွက် အသက်က Video အစ First 3 seconds or 5 seconds ပဲဗျ။ Scroll လုပ်နေတာတွေ ရပ်သွားအောင် မတားနိုင်ရင်တော့ နောက်မှာ ကိုယ်ဘယ်လောက်ကောင်းတာတွေ ပြောပြော ဘယ်သူမှ ဆက်ကြည့်မှာ မဟုတ်တော့ဘူး။
ဆိုတော့.. လူတွေ Video ဆုံးတဲ့ထိ ဆွဲခေါ်သွားနိုင်မယ့် ဒီ Hook (၃) မျိုးကို လက်တွေ့သာ ယူသုံးကြည့်ပါဗျ။
💖(1) The Negative Hook (အမှားထောက်ပြတဲ့ နည်း)
လူ့သဘာဝဆိုတာက အမှန်တရားထက် "ငါတစ်ခုခု မှားလုပ်မိနေပြီလား" ဆိုတာကို ပိုစိတ်ပူတတ်ကြတယ်ဗျ။ ဒါကို အသုံးချနိုင်ရမယ်။
ဥပမာ - "မနက်စာကို ဒီလိုစားနေတုန်းလား၊ ရပ်လိုက်ပါတော့!" (Health/Fitness)
ဥပမာ - "ဖုန်းဝယ်တော့မယ်ဆိုရင် ဒီအချက် (၃) ချက် မသိဘဲ လုံးဝမဝယ်ပါနဲ့" (Tech Review)
ဒီလိုမျိုး "Stop/Don’t" ဆိုတဲ့ စကားလုံးတွေက လူတွေကို ဆက်ကြည့်ချင်တဲ့စိတ် ဖြစ်စေတယ်ဗျ။
💖(2) The Result First Hook (ရလဒ်အရင်ပြတဲ့ နည်း)
Introduction တွေ အကြာကြီးပေးနေတဲ့ခေတ် မဟုတ်တော့ဘူးဗျ။ အကောင်းဆုံး အခန်းကို အရှေ့ဆုံးကနေ အရင်ပြလိုက်။
ဥပမာ - Vlog ရိုက်တယ်ဆိုရင် ခရီးစဉ်တစ်ခုလုံးရဲ့ အလှဆုံး၊ အလန်းဆုံး View ကို စက္ကန့်ပိုင်းအရင်ပြပြီးမှ "ဒီနေရာကို ဘယ်လိုသွားလဲ ပြောပြမယ်" ဆိုပြီး စတာမျိုးပေါ့။
ဥပမာ - ဟင်းချက်နည်းဆိုရင်လည်း ပန်းကန်ထဲအသင့်ပြင်ထားတဲ့ စားချင်စရာဖြစ်နေတဲ့ပုံစံကို အရင်ပြ၊ ပြီးမှ ချက်နည်းကို ဆက်ပြတာမျိုးပေါ့။
💖(3) The Specific Problem Hook (ပြဿနာကို တိုက်ရိုက်ပြောတဲ့ နည်း)
ဒါကတော့ ကိုယ့် Target Audience ခံစားနေရတဲ့ ပြဿနာကို ဒဲ့ပြောလိုက်တာမျိုးပေါ့။
ဥပမာ - "Page တော့ထောင်ထားတယ်၊ Content Idea တွေကတော့ ခန်းခြောက်နေပြီလား?"
ဥပမာ - "ဘွဲ့သာရသွားတယ်၊ အင်္ဂလိပ်လို မပြောရဲသေးဘူးလား?"
ကိုယ့်ပြဿနာကို သူသိနေပါလားဆိုတဲ့ ခံစားချက်က Video ကို ဆက်ကြည့်ဖြစ်အောင် တွန်းပို့ပေးပါလိမ့်မယ်ဗျ။
ဆိုတော့ ကိုယ့်လူတို့ ဒီ (၃) ချက်ထဲက ကိုယ်နဲ့ အဆင်ပြေမယ့် တစ်ချက်ကို ရွေးပြီး နောက်videoတွေမှာ ချက်ချင်း စမ်းသုံးကြည့်လိုက်တော့ဗျာ။
ဖန်တီးရတာ ပင်ပန်းပေမယ့် ရလဒ်ကောင်းတွေ ထွက်လာဖို့ အားပေးနေပါတယ်ဗျ။ 😘
23 997
📺Content တွေများပြီး လည်ထွက်နေပြီလား? ဒါဆို Quality Game ပြောင်းကစားပါဗျ။
📱Video Editor တစ်ယောက်အနေနဲ့ နေ့တိုင်း Content တွေ၊ Project တွေ ဒလဟော ဖန်တီးနေရလို့ တခါတလေ Burn out ဖြစ်ပြီး လည်ထွက်သွားတာမျိုး ကြုံဖူးကြတယ်မလား။
အခုခေတ်က Content တွေ အရမ်းများလာတော့ ကိုယ်ကပါ လိုက်ပြီး အများကြီး တင်နိုင်မှ ဖြစ်မယ်လို့ ထင်နေကြတာ။ တကယ်တမ်းကျတော့ အဲ့ဒီအတွေးက မှားပါတယ်ဗျ။
အဓိက လိုရင်းက "ဘယ်လောက်များများ တင်နိုင်လဲ" ဆိုတာထက် "ကြည့်တဲ့သူ့ စိတ်ထဲ ဘယ်လောက်ထိ ရောက်သွားလဲ" ဆိုတာက ပိုအရေးကြီးတာပါ။ Video ၁၀ ပုဒ် လိုလိုမယ်မယ် တင်လိုက်တာထက်၊ ကြည့်တဲ့သူ ရင်ထဲထိသွားမယ့် Video ၁ ပုဒ်က ပိုပြီး Impact ရှိတယ်၊ ပိုပြီး တန်ဖိုးရှိပါတယ်ဗျာ။
ဒါကြောင့် ကိုယ့်ရဲ့ Editing Game ကို မြှင့်ချင်ရင် ဒီအချက် (၃) ချက်ကို စမ်းကြည့်စေချင်တယ်ဗျ။
💖(1) ကိုယ့်ရဲ့ Content တွေကို ပြန်စစ်ဆေးတာ
Timeline ပေါ်မှာ Edit နေရင်း ကိုယ့်ကိုယ်ကို ပြန်မေးပါ။ "ငါ ဒီ Video မှာ ဘာတန်ဖိုးပေးနေတာလဲ?" ဒါမှမဟုတ် ရိုးရိုးကြီး Noise တစ်ခု ထပ်တိုးလိုက်တာပဲလား ဆိုတာကိုပေါ့။
💖(2) Impact ဖြစ်ဖို့ ဦးစားပေးတာ
Editor ကောင်းတစ်ယောက်ဟာ Effect တွေအများကြီး သုံးတတ်ရုံနဲ့ မပြီးပါဘူး။ ကြည့်တဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားချက်ကို ထိတွေ့နိုင်ဖို့က ပိုအရေးကြီးပါတယ်။ Storytelling ကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်မှ ကိုယ့်လူတို့ရဲ့ content က ပိုကောင်းလာမှာဗျ။
💖(3) Viewer တွေနဲ့ connection လုပ်တာ
Engagement ဆိုတာ Like နဲ့ Share အရေအတွက်သက်သက် မဟုတ်ပါဘူး။ ကိုယ့် Video အောက်မှာ လာရေးတဲ့ Comment တွေကို ဖတ်ပါ၊ စကားပြန်ပြောပါ။ သူတို့တွေရဲ့ အမြင်တွေနဲ့ သူတို့ဘာကြိုက်လဲဆိုတာလည်း နားထောင်ကြည့်မှ နောက်ထပ်လုပ်မဲ့ content တွေက ပိုမိုက်လာမှာဗျ။
ဆိုတော့ ကိုယ့်လူတို့အနေနဲ့ကော Content တွေ ဖန်တီးတဲ့အခါ အရေအတွက် (Quantity) ကို ဦးစားပေးလား၊ အရည်အသွေး (Quality) ကို ဦးစားပေးလား?
.
23 997
Editor ဖြစ်ချင်တာ PC မရှိလို့ မစရသေးဘူးဆိုရင် ဒီစာကို ဆုံးအောင်ဖတ်ကြည့်ပါဗျ!
ဆိုတော့... ကျွန်တော့်ကို တချို့ညီ၊ ညီမတွေ မေးလေ့ရှိတာတစ်ခုက "အစ်ကို... ကျွန်တော့်မှာ PC မရှိသေးဘူး၊ ဖုန်းနဲ့ပဲ စလို့ရမလား" တဲ့။
အဖြေက - ရပါတယ်၊ ဒါပေမဲ့ စနစ်တကျတော့ သွားဖို့လိုမယ်ဗျ။
Video Editing ဆိုတာ Software တစ်ခုတည်းကို ကျွမ်းကျင်တာ မဟုတ်ဘူး၊ Storytelling ကိုလည်း ကျွမ်းကျင်ဖို့ လိုတာပါ။ ဒါကြောင့် ကိုယ့်လူတို့ လမ်းမပျောက်ရအောင် အဆင့် (၃) ဆင့် ခွဲပြီး လမ်းညွှန်ပေးပါမယ်ဗျ။
💖Step 1: ဖုန်းထဲမှာ အခြေခံ အရင်ပိုင်အောင်လုပ် (The Basics)
PC မရှိလို့ စိတ်မပူနဲ့။ CapCut တို့ Alight Motion တို့ဆိုတာ အခုခေတ်မှာ တော်တော်ကို Powerful ဖြစ်နေပါပြီ။ ဒီအဆင့်မှာ Effect တွေ အများကြီးသုံးဖို့ထက် ဒါတွေကို အရင်လေ့ကျင့်ပါ။
● Cuts & Trims: ဘယ်နေရာမှာ ဖြတ်ရင် ကြည့်ကောင်းလဲ?
● Music Sync: သီချင်းရဲ့ Beat နဲ့ Video ကို ဘယ်လိုကိုက်အောင် ညှိမလဲ?
ဒါတွေက ဖုန်းနဲ့လုပ်လုပ်၊ PC နဲ့လုပ်လုပ် သဘောတရားက အတူတူပဲဗျ။ Tool မရွေးဘူး၊ Skill က အဓိကပဲ။
💖Step 2: PC ရောက်ရင် Industry Standard ကို ပြောင်းသုံး (Level Upလုပ်တာ)
နောက်ပိုင်း ကိုယ့်လူတို့ PC ဝယ်နိုင်ပြီ၊ ဒါမှမဟုတ် အလုပ်ခွင်ဝင်တော့မယ်ဆိုရင်တော့ Adobe Premiere Pro (သို့) DaVinci Resolve ကို ပြောင်းကိုင်ဖို့ တိုက်တွန်းချင်တယ်။
ဘာလို့လဲဆိုတော့ Client အကြီးကြီးတွေနဲ့ အလုပ်လုပ်တဲ့အခါ၊ ဖိုင်တွေအများကြီးနဲ့ ရှုပ်လာတဲ့အခါ ဖုန်းနဲ့က မနိုင်တော့ဘူး။ Color Grading တွေ၊ Sound Design တွေ သေချာလုပ်ဖို့အတွက် PC Software တွေက မဖြစ်မနေ လိုလာလိမ့်မယ်။ Motion Graphic ဘက်ကို သွားချင်ရင်တော့ After Effects ပေါ့။
💖 Step 3: AI ကို ကြောက်စရာမလို၊ အသုံးချပါ (The AI Advantage)
အခုဆို AI Video Tool တွေ ခေတ်စားလာပြီ။ ဒါကို ကိုယ့်ရဲ့ Assistant လို့ မြင်ကြည့်ဗျာ။
Script ရေးတာ၊ စာတန်းထိုးတာ (Captioning)၊ အသံရှင်းတာလိုမျိုး အချိန်ကုန်တဲ့ အလုပ်တွေကို AI နဲ့ ခိုင်းလိုက်။ ပြီးမှ ကိုယ်က Editor တစ်ယောက်ရဲ့ Creativity နဲ့ Emotion ကို ပေါင်းထည့်လိုက်။ ဒါဆိုရင် ကိုယ်က သူများထက် ခြေလှမ်းသာနေပြီ။
💡 လက်တွေ့လေ့ကျင့်ချင်သူတွေအတွက် Pro Tip:
သင်တန်းတွေ လိုက်တက်နေရုံနဲ့ မတတ်ဘူးဗျ။ "Copycat Method" ကို သုံးပါ။
YouTube မှာ ကိုယ်ကြိုက်တဲ့ Video တစ်ပုဒ်ကို ဒေါင်း၊ ပြီးရင် သူဖြတ်ထားတဲ့အတိုင်း တစ်ပုံစံတည်းတူအောင် လိုက်ဖြတ်ကြည့်။ ဥပမာ-သူဘယ်နားမှာ သီချင်းအမြူးတွေထည့်လဲ၊ ဘယ်နားမှာ အသံတိတ်လိုက်လဲ ဆိုတာကို လက်တွေ့လိုက်လုပ်ကြည့်တာက အထိရောက်ဆုံး နည်းလမ်းပဲ။
Editing ဆိုတာ ချက်ချင်းကြီး ဆရာတစ်ဆူ ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ပဲ CapCut လေးဖွင့်ပြီး Clip နှစ်ခုကို ဆက်ကြည့်လိုက်ပါ။ အဲဒါ အစပဲဗျ။
ကဲ... ကိုယ့်လူတို့ရော လောလောဆယ် ဖုန်းနဲ့ Edit နေတာလား၊ PC နဲ့လား? ကိုယ်သုံးနေတဲ့ Software လေးတွေ Comment မှာ မန့်ခဲ့လို့ရတယ်ဗျ။
23 997
+1
ဒီ Content မှာ အဓိကအနေနဲ့ Movie recap/ Movie reup ကိုပြထားပေမဲ့
ကျန်တော်အရင် partner လုပ်တဲ့ AIO ထဲက Lesson တွေအကုန်ပါ၀င်ပါတယ်ခင်ဗျ
ကျန်တော်ဘက်က content ရေးတဲ့အချိန် main အသစ်ပါလာတဲ့ Lesson တွေကိုအဓိကအနေနဲ့ချဲ့ပြလို့သာ တောသီးဖမ်းတယ်လိုမျိုးဖြစ်နေတာပါ
ဒီ course ထဲမှာ
Content writing
Script writing
Video editing (Basic)
Motion graphic
3d edit
Video editing (Advance)
Graphic design (Basic)
Graphic design (Advance)
Tiktok automation
YouTube Full Course
Tiktok Boosting
ကျန်တော်ကိုယ်တိုင်သီသန့်ပြပေးတဲ့ Davinci pc Course ကလွဲအကုန်ပါပါတယ်ခင်ဗျ (ဒါတောင် Basic 10ပုဒ်ပါပါတယ်)
သီသန့် joinနေရင် တခုကို 50k နဲ့ ပိုကုန်တာဖြစ်တဲ့အတွက် All in one ကို 100k နဲ့ဈေးလျှော့ပေးထားတာပါ
ပြီးတော့ Davinci Resolve Course မှာလဲ
300k ဆိုတာ pc course တွေရဲ့ Update ပေါက်ဈေးပါဗျ / Foreign Course တွေဆိုရင်
$150_300ကြားကိုပေါက်ပါတယ်
ဒါပေမဲ့ တက်တဲ့သူတွေအတွက်အဆင်ပြေအောင်
Tiktok automation / YouTube full course/ Movie recap တွေ အကုန်ပါပေါင်းပေးထားပါတယ် Course နှစ်ခုကိုပေါင်းပြီးတော့မှ pc course joinတဲ့သူတွေအနေနဲ့ တခြား ထက်လေ့လာချင်ရင် အပိုမပေးရအောင် 150k နဲ့ Davinci Resolve Course ကိုလုပ်ပေးထားတာပါ
ကျန်တာကတော့ ကိုယ့်လူတို့မြင်ချင်သလိုမြင်လို့ရပါတယ်ခင်ဗျ (ဘလိန်းတယ်ဆိုလဲစာအဆုံးထိဖတ်ကြပါခင်ဗျ)😢
23 997
၂၀၂၆ မှာ ဘွဲ့မလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ ဝင်ငွေလမ်းကြောင်းဖောက်ချင်တဲ့သူတွေအတွက် (Beginner Guide)
အခုခေတ်မှာ "အွန်လိုင်းက ပိုက်ဆံရှာမယ်" လို့ပြောလိုက်ရင် လူတိုင်းစိတ်ဝင်စားတယ်မလားဗျ။ ဒါပေမဲ့ လက်တွေ့ကျတော့...
"ငါ့မှာ computerမရှိဘူး"
"အင်္ဂလိပ်စာ မကျွမ်းဘူး"
"Video Edit တာ ဘာမှနားမလည်ဘူး"
ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ တုန့်ဆိုင်းနေတတ်ကြတယ်ဗျ။
တကယ်တမ်း အွန်လိုင်းမှာ ဝင်ငွေအကြမ်းဆုံးရနေတဲ့ သူတွေက Content Creator တွေပါ။ ကိုယ်ပိုင် Productမရှိရင်တောင် Content ကောင်းရင် ဝင်ငွေက လမ်းကြောင်းပေါင်းစုံက ဝင်နိုင်ပါတယ်ဗျ။
အခုလက်ရှိ Trend ဖြစ်နေတာကတော့ Facebook တို့ TikTok တို့မှာတွေ့နေရတဲ့ Movie Recapတွေ Movie News တွေ Movie Review တွေနဲ့ Audiobook တွေပါပဲ။ လူတွေက ရုပ်ရှင်တစ်ကားလုံးထိုင်ကြည့်ဖို့ အချိန်မရှိကြတော့ဘူး။ ဒါကြောင့် ၄/၅/၁၀ မိနစ်စာ Recap လေးတွေကို ကြိုက်ကြတယ်။ ဒီလို Content မျိုးလုပ်နိုင်ရင် YouTube, Facebook, TikTok ဘယ်နေရာတင်တင် View တွေ သိန်းချီတက်ပြီး Monetization ကနေ ဝင်ငွေရနိုင်တယ်ဗျ။
ဒါပေမဲ့ ဒီနေရာမှာ အခက်အခဲရှိတာက Copyright နဲ့ ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းပညာပဲဗျ။ Copyright မမိအောင် ဘယ်လိုရှောင်ရမလဲ? ဘယ်လို Edit ရမလဲ? Channel ကို ဘယ်လိုgrowလုပ်မလဲ? ဒါတွေက YouTube ပေါ်မှာ လိုက်ရှာရုံနဲ့ ပြည့်ပြည့်စုံစုံမရနိုင်ပါဘူး။
🔥 ဒါကြောင့် လမ်းမမှားဘဲ အချိန်တိုအတွင်း ထိထိရောက်ရောက် လုပ်တတ်ချင်သူတွေအတွက် ဒီ "All-in-One Creator Course" လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီသင်တန်းက Zero ကနေ Pro အထိ၊ Telegram ကနေ YouTube အထိ အကုန်ပါတဲ့ အပြည့်စုံဆုံး Course တစ်ခုပါ။ ဘာတွေသင်ပေးမှာလဲဆိုရင် -
✅ Telegram Mastery: Channel ထောင်နည်းကနေ Copyright လွတ်အောင် Movie တင်နည်း၊ Download/Upload နည်းလမ်းအစုံနဲ့ ဝင်ငွေရှာနည်း A to Z။
✅ Movie Recap & News: ဝင်ငွေအကြမ်းဆုံးရနိုင်တဲ့ Movie Recap တွေကို Information ရှာနည်း၊ Script ရေးနည်း၊ No-sub ဖိုင်ရှာနည်းကနေ Fair Use Policy နဲ့အညီ Copyright ရှောင်ပြီး Edit လုပ်နည်းအထိ ပါမယ်။ (AI သုံးပြီး Recap လုပ်နည်းတောင် ပါသေးတယ်ဗျ)။
✅ Audiobook & Branding: ကိုယ်ပိုင် Audiobook လုပ်နည်း၊ Logo ဆွဲနည်း၊ Intro/Outro ဖန်တီးနည်း၊ Sound wave ထည့်နည်းတွေ သင်ပေးမယ်။
✅ Bonus Skills: ဒါတင်မကဘူး... Graphic Design, 3D Editing, Motion Graphic, DaVinci Resolve (Basic), Script & Content Writing, TikTok Boosting နဲ့ MLBB KOL lesson တွေအထိ လက်ဆောင်အနေနဲ့ထပ်သင်ပေးမှာ။
💰 ဈေးနှုန်းကရော?
ပုံမှန် Package ဈေး 180,000 ကျပ် ကိုမှ အခု နှစ်သစ်ကူး Promotion အနေနဲ့ 100,000 (15ရက်နေ့နောက်ဆုံး) ကျပ် တည်းနဲ့ ရမှာပါ။ (Review ပြန်ကြည့်ဖို့ အတွေ့အကြုံရှိတဲ့ Admin တွေကလည်း နားမလည်တာရှိရင် ဖြေပေးဖို့ အသင့်ရှိနေမှာပါဗျ)။
Content Creation ဆိုတာ ရေရှည်သွားရတဲ့ ခရီးတစ်ခုပါ။
ဒီသင်တန်းမှာပါတဲ့ Skill တွေက Movie Review တစ်ခုတည်းအတွက် မဟုတ်ဘူးဗျ။ Video Editing နဲ့ Graphic Design ဆိုတာ ဒီဘက်ခေတ်ရဲ့ "High-Income Skills" တွေပါပဲ။ ဒီ Skill တွေကိုပိုင်နိုင်သွားရင် -
• ကိုယ်ပိုင် Channel ထောင်မလား?
• Business Owner တွေအတွက် Freelance လုပ်ပေးမလား?
• Company တွေမှာ Content Writer/ Editor ဝင်လုပ်မလား?
အခွင့်အလမ်းက အများကြီးရှိတယ်ဗျ။
အရေးကြီးတာက "စလုပ်ဖို့" ပါပဲ။ ဘယ်ကစရမှန်းမသိ ဖြစ်နေရင်တော့ လမ်းပြပေးမဲ့သူ၊ မေးလို့ရမဲ့သူရှိတဲ့ သင်တန်းကောင်းတစ်ခုက သင့်ရဲ့ အချိန်တွေအများကြီးကို သက်သာစေမှာပါ။
ဆိုတော့ 2026 ကို Skill အသစ်တွေ၊ ဝင်ငွေလမ်းကြောင်းအသစ်တွေနဲ့ ပြောင်းလဲချင်တယ်ဆိုရင်တော့ @Pyaesone_8989 ကိုဆက်သွယ်လိုက်ပါဗျ။
23 997
🥶 Video Editing ဆိုတာ "ဖြတ်၊ညှပ်၊ကပ်" သက်သက်ပဲလား?
ဆိုတော့...လူတော်တော်များများက Video Editor တွေကို clip လေးတွေဖြတ်၊ သီချင်းတွေဆက်ပြီးရင် ပြီးသွားတာပဲလို့ ထင်တတ်ကြတယ်ဗျ။ တကယ်က ကျွန်တော်တို့ Editorတွေဆိုတာ ကြည့်တဲ့သူတွေကို ခံစားချက်ပေးနိုင်အောင်လည်း လုပ်ရတဲ့သူတွေဗျ။
Timelien ထဲမှာ ကြည့်လိုက်ရင်တော့ ရှုပ်ပွနေပေမဲ့ တကယ်တမ်း အဲ့ဒီအရှုပ်တွေကနေ Art(အနုပညာ)၊ Psychology(စိတ်ပညာ) နဲ့ Strategy(နည်းဗျူဟာ) တွေ ပေါင်းစပ်ပြီး video ကောင်းတစ်ပုဒ်ရအောင် ဖန်တီးရတာဗျ။
👑 ဒီနေ့ ကိုယ့်လူတို့သိထားသင့်တယ်လို့ထင်တဲ့ Pro Editor တွေရဲ့ Secret (4)ခုကို ပြောပြပေးမယ်။
✅(1) The Invisible Cut
ရှင်းရှင်းပြောရရင် တကယ်ကောင်းတဲ့ Edit တစ်ခုဆိုတာ Edit လုပ်ထားမှန်းတောင် မသိသာစေရဘူးဆိုတာပဲဗျ။ ဥပမာ- J-Cut လိုမျိုးပေါ့ ရုပ်မပေါ်ခင် အသံအရင်ကြားရတာမျိုး။ အဲ့နေရာမှာ ကြည့်တဲ့သူက ဒီနေရာကြီးက ဖြတ်ထားတာကြီးလို့ သတိထားမိလိုက်တာနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှု Immersion ပြတ်တောက်သွားတယ်ဗျ။
✅(2) Engineering Silence
Beginner တွေက နေရာလပ်မရှိအောက် သီချင်းတွေ၊ Sound Effect တွေ ထည့်တတ်ကြတယ်။ တကယ်တော့ silent ဖြစ်သွားတဲ့ ငြိမ်သက်သွားတဲ့ scene တွေက ကြည့်တဲ့သူကို စိတ်လှုပ်ရှား ရင်တထိတ်ထိတ်ဖြစ်စေတာဗျ။ ဥပမာ-အရေးကြီးတဲ့ စကားတစ်ခွန်းမပြောခင် Music ကို ရပ်လိုက်တာမျိုးပေါ့။ အသံထည့်တာပဲမဟုတ်ဘူး၊ အသံဖျောက်တာကလည်း Editing ပဲဗျ။
✅(3) The Kuleshov Effect
ဒါကတော့ Editing ရဲ့ psychology ပိုင်းနဲ့ပတ်သက်တဲ့ကျောရိုးပဲဗျ။ မျက်နှာအမူအရာ မပြောင်းတဲ့ လူတစ်ယောက်ရဲ့ shot တစ်ခုကိုပဲ သုံးထားရင်တောင်၊ အဲ့နောက်မှ အစားအစာတစ်ခုခုကိုပြရင် ဗိုက်ဆာနေတယ်လို့ထင်ရနိုင်ပြီး အခေါင်း(coffin) ပုံကိုပြထားရင်တော့ ဝမ်းနည်းနေတယ်လို့ ခံစားရနိုင်တယ်။ ကျွန်တော်တို့ ပြလိုက်တဲ့ Context ပေါ်မူတည်ပြီးပဲ အဓိပ္ပါယ်ကပြောင်းသွားတာဗျ။
✅(4) Pacing is Retention
GenZ ခေတ်မို့လို့ မြန်မှရမယ်မထင်နဲ့နော် မြန်သင့်တဲ့နေရာ မြန်၊ နှေးသင့်တဲ့နေရာ နှေးပြီး Rhythm ကို ထိန်းနိုင်မှ Proကျတာဗျ။ Cut မြန်ရင် ရင်တုန်စေတယ် Adrenaline တက်စေတယ်ပေါ့ဗျာ။ Shot ရှည်ရှည်သုံးရင်တော့ Trust ကို တည်ဆောက်ပေးတယ်ဗျ။ Video တစ်ခုဖန်တီးတဲ့အခါ ဒီအချက်ကို အရေးမထားရင် Rhythm မမှန်တဲ့အတွက် Video က ကြည့်ရတာ Cheap ဖြစ်သွားတတ်တယ်ဗျ။
ဆိုတော့ ကျွန်တော်တို့က Post-production သမားတွေတင်မဟုတ်ဘူးဗျ။ ရှုပ်ယှက်ခတ်နေတဲ့ Footage တွေကို ကြည့်တဲ့သူတွေရင်ထဲရောက်သွားစေမဲ့ videoကောင်းတစ်ပုဒ်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Strategist တွေ Storyteller တွေပဲဗျ။ 😜
ကိုယ့်လူတို့ရော Video တစ်ပုဒ်ကို watch time များအောင် retention ကောင်းအောင် သုံးနေကျ ကိုယ်ပိုင် secret လေးတွေရှိကြလားဗျ?
23 997
အခုခေတ်က ရုံးသွား၊ ရုံးပြန် ကားပိတ်ခံ၊ သူများခိုင်းတာလုပ်ပြီး လစာနည်းနည်းလေးနဲ့ ကျေနပ်နေရမဲ့ခေတ် မဟုတ်တော့ဘူးဗျ။
ဆိုတော့ ကိုယ့်လူတို့အနေနဲ့ အပြင်သွားအလုပ်တွေလုပ်ရတာ ငြီးငွေ့နေပြီဆိုရင် အိမ်ကနေပဲ ကိုယ်ပိုင် Online income ရှာလို့ရတဲ့ လမ်းတွေအများကြီးရှိနေပြီ။
အခုခေတ်က အိမ်မှာနေရင်း Online က ပိုက်ဆံရှာမယ်ဆိုတာ စိတ်ကူးယဥ်နေတာမဟုတ်တော့ဘူးဆိုတာ လူတိုင်းသိကြမှာပါဗျ။ မြန်မာနိုင်ငံကနေပဲ အိမ်မှာနေရင်း နိုင်ငံခြားက Client တွေဆီကနေ Dollar နဲ့ဝင်ငွေယူနေတဲ့ လူငယ်တွေလည်း အများကြီးရှိနေပြီဗျ။
⛔️ ဒါပေမဲ့ ဖုန်းလေးပွတ်ပြီး ဂိမ်းဆော့၊ ကြော်ငြာတွေကြည့်ရုံနဲ့ ပိုက်ဆံရမယ်ဆိုတာမျိုးတွေတော့ ခေါင်းထဲကထုတ်လိုက်ပါ။
ဒါပေမဲ့ ကိုယ့်မှာ Skill မရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရဘူးဗျ။ ဆိုတော့ ဝင်ငွေအကောင်းဆုံးနဲ့ market က လိုအပ်နေတဲ့ Skill တွေကိုပြောပြပေးပါမယ်။
(1) Video Editing
Facebook, Instagram Reels တွေ TikTok တွေကို ကြည့်လိုက်ဗျာ။ စာဖတ်ရမှာပျင်းတဲ့ ဒီဘက်ခေတ်မှာ Video Content တွေက နေရာတိုင်းမှာရှိနေတယ်။ လုပ်ငန်းတိုင်းကလည်း Video content တွေ လုပ်နေကြတယ်။ YouTuber တွေ၊ TikTok Cele တွေနဲ့ လုပ်ငန်းရှင်တွေက သူတို့ video တွေအတွက် အရည်ချင်းရှိတဲ့ Editor တွေလိုအပ်လာပြီ။
ဆိုတော့ Video Editing သာ ကျွမ်းကျွမ်းကျင်ကျင်တတ်ထားရင် ကိုယ်ပေးနိုင်သလောက် အိမ်ကနေပဲ ဝင်ငွေကောင်းကောင်းရှာလို့ရပြီ။
(2) Graphic Design
Logo Design, Social Media Post Design, Packaging Design စသဖြင့် ဘယ်လုပ်ငန်းမဆို Ads အတွက် Design လိုကို လိုအပ်ပါတယ်။ ဆိုတော့ ကိုယ်က အရောင်တွေ၊ ပုံတွေနဲ့၊ design တွေဖန်တီးရတာကြိုက်တယ်ဆိုရင် ကျွမ်းကျင်အောင်လုပ်ပြီး ဝင်ငွေကောင်းကောင်းရှာလို့ရပါတယ်ဗျ။ Template တွေ Ebook တွေလို Digital Product တွေ ဖန်တီးပြီးလည်း ရောင်းလို့ရတယ်ဗျ။
(3) Content Writing, Script Writing နဲ့ AI Mastery
စာရေးတာ AI ရှိနေပြီပဲ၊ လူလိုဦးမလား လို့ မေးစရာရှိတယ်ဆိုပေမဲ့...အဖြေက လိုပါတယ် ဗျ။ AI က ကူညီပေးနိုင်ပေမယ့် လူရဲ့ စိတ်ခံစားမှု (Emotion) နဲ့ ဖန်တီးနိုင်စွမ်း (Creativity) နဲ့ဆိုင်တာတွေအတွက်တော့ လိုအပ်နေတုန်းပါပဲဗျ။
ဒါပေမဲ့ AI Tools တွေကိုပါ ကျွမ်းကျင်ထားမယ်ဆိုရင်တော့ ကိုယ့်လူက သာမန် Writer မဟုတ်တော့ဘူး။ စာတစ်ပုဒ်ရေးဖို့၊ Video Script တစ်ပုဒ်ရေးဖို့ အချိန်ကုန်သက်သာပြီး Quality ပိုကောင်းတာတွေ ဖန်တီးနိုင်မှာပါ။ ဒါကတော့ လူတိုင်းမလုပ်နိုင်သေးတဲ့ Skill တစ်ခုပဲဗျ။
ဒါဆို ဘယ်ကစကြမလဲ?
ကိုယ့်လူတို့အနေနဲ့ လုပ်ရမှာက ရိုးရှင်းပါတယ်။
● Skill ဖြည့်ပါ - ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခု (Video လား၊ Design လား၊ Writing လား) ကို ရွေးပြီး တကယ်တတ်အောင် အရင်သင်ပါ။ (Youtube က ကြည့်သင်မလား၊ သင်တန်းတက်မလား သဘောပါ)။
● Portfolio တည်ဆောက်ပါ - ကိုယ်လုပ်တတ်တာကို လူသိအောင် နမူနာတွေ လုပ်ပြပါ။
● Income ရှာပါ - Local မှာ အိမ်မှာနေရင်း အချိန်ပိုင်းပဲလုပ်မလား၊ Freelance ပဲလုပ်မလား။ ဒါမှမဟုတ် Fiverr/Upwork လို နိုင်ငံခြား Platform တွေကနေ စမလား။ လမ်းစတွေ အများကြီးရှိတယ်။
အဓိကက "စဖို့" ပါပဲ။ အချိန်မဆွဲပါနဲ့။
⚠️ ကိုယ့်လူတို့အနေနဲ့ ဘယ်ကစရမှန်းမသိ လမ်းပျောက်နေတယ်ဆိုရင်တော့ ကျွန်တော့်ဆီမှာ Video Editing, Graphic Design, Content Writing, Script Writing အပြင် AI အသုံးချ Skill တွေအတွက် လက်တွေ့ကျကျ သင်ပေးထားတဲ့ အတန်းတွေရှိပါတယ်။
စုံစမ်းချင်ရင် လမ်းပျောက်နေရင်
@pyaesone_8989 ကို ဆက်သွယ်လို့ရပါတယ်။
23 997
⚠️ AI ခေတ်မှာ One-Man Army ဖြစ်ဖို့လိုအပ်နေပါပြီ
AI ကို သုံးတတ်ပြီလား? လို့မေးရင် အားလုံးက "သုံးတတ်တာပေါ့" လို့ ဖြေကြလိမ့်မယ်။ ဒါပေမဲ့ "AI သုံးပြီး ဝင်ငွေလမ်းကြောင်း (Income Stream) တစ်ခု တည်ဆောက်ထားပြီလား?" လို့မေးရင်တော့ ခေါင်းကုတ်သွားမဲ့သူတွေ များနေဦးမယ်ထင်တယ်ဗျ။
၂၀၂၆ ရောက်နေပြီဗျာ။ Prompt လေးရိုက်ပြီး စာလေးဘာလေး ထွက်လာရုံလောက်နဲ့တော့ AI ကျွမ်းကျင်တဲ့သူလို့ ပြောလို့မရတော့ဘူး။ အခုခေတ်က Integrationခေတ် ဖြစ်သွားပြီ။ ‼️
အရင်က Video Content တစ်ခုဖန်တီးဖို့ဆိုရင် Script ရေးမယ့်သူ၊ Voice Over ပြောမယ့်သူ၊ Video Edit မယ့်သူ၊ Thumbnail Design ဆွဲမယ့်သူ ဆိုပြီး လူတွေအများကြီးလိုတယ်။
✅ အခုတော့ အဲ့ဒါတွေအကုန်လုံးကို AI Tools တွေပေါင်းပြီး တစ်ယောက်တည်းနဲ့ One-Man Agency ပုံစံ လုပ်လို့ရသွားပြီဗျ။
ဒီနေရာမှာ လူငယ်တွေ အများဆုံးမှားနေတာက Skill တစ်ခုတည်းမှာပဲ အချိန်ကုန်နေတာဗျ။
● စာရေးတာပဲ လုပ်တတ်ပြီး ပုံမထုတ်တတ်ရင် အဆင်မပြေဘူး။
● ပုံထုတ်တတ်ပြန်တော့လည်း Video မဖန်တီးနိုင်ရင် နောက်ကျကျန်ခဲ့ရော။
● Video လုပ်တတ်ပြန်တော့လည်း ကိုယ်မအားတဲ့အချိန် အလုပ်လုပ်ပေးမဲ့ Automation/AI Agent တွေအကြောင်း နားမလည်ရင် Scale up လုပ်ဖို့ ခက်ပြန်ရော။
ဒါကြောင့် အခုအချိန်မှာ အကောင်းဆုံး Strategy က "Full-Stack AI Creator" တစ်ယောက်ဖြစ်အောင် လုပ်တာပါပဲ။
🤔 စဉ်းစားကြည့်ဗျာ...
(1) ကိုယ်ပိုင် Youtube Channel/Page ထောင်မလား? AI Movie Recap တွေ၊ Storytelling Video တွေ ဖန်တီးလို့ရမယ်။
(2) Freelance လုပ်မလား? AI Content Writing + Design တွဲပြီး Package နဲ့ ရောင်းလို့ရမယ်။
(3) အချိန်ကုန်သက်သာချင်လား? AI Agent တွေကို ခိုင်းပြီး ကိုယ်အိပ်နေချိန်တောင် အလုပ်လုပ်ခိုင်းထားလို့ရမယ်။
Tools တွေနောက်ကိုပဲ ပြေးမလိုက်ပါနဲ့။ Tools တွေကို ဘယ်လိုပေါင်းစပ်ပြီး ရလဒ်ထွက်အောင် လုပ်မလဲဆိုတဲ့ Workflow ကိုပဲ အရင်လေ့လာပါဗျ။ အဲ့ဒါကမှ ကိုယ့်ရဲ့ တကယ်စစ်မှန်တဲ့ Value ဖြစ်မှာဗျ။
⛔️AI Tools တွေ အများကြီးကိုသိတယ်ဆိုပေမဲ့၊ ဒါတွေအကုန်လုံးကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း လိုက်စမ်းရင်း အချိန်မကုန်ချင်ဘူး၊ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ လေ့လာပြီး လက်တွေ့ အသုံးချချင်တယ်ဆိုရင်တော့...
ကျွန်တော်ရဲ့ TikTok Automation သင်တန်းမှာ ဝင်ပြီးစနစ်တကျသင်ယူလို့ရပါတယ်ဗျ။ ဒီသင်တန်းမှာက သဘောတရားတွေပဲ ပြောနေမှာမဟုတ်ဘဲ လက်တွေ့ Income ဝင်နိုင်မဲ့ လမ်းကြောင်း ၅ ခုကို သေချာသင်ပေးသွားမှာပါ။
💖 AI Movie Recap (လူကြိုက်များတဲ့ ရုပ်ရှင်အနှစ်ချုပ် လုပ်နည်း)
💖 AI Content Writing (လူရေးသလို သဘာဝကျကျ ရေးနည်း)
😀 AI Design & Image Gen (Creative ဖြစ်တဲ့ ပုံတွေ ဖန်တီးနည်း)
💖 AI Video Creation (မျက်နှာပြစရာမလိုဘဲ Video ဖန်တီးနည်း)
😀 AI Agent & Automation (ကိုယ့်ရဲ့အလုပ်တွေကို AI သုံးပြီး Auto လည်ပတ်နည်း)
စတာတွေအပြင်
💖 AI Prompt Engineering
💖 TikTok Full Course
💖 YouTube Full Course
💖 Alight Motion Basic
Skill တစ်ခုချင်းစီ လိုက်သင်နေစရာမလိုဘဲ တစ်နေရာတည်းမှာ All-in-one ရနိုင်ဖို့ စီစဉ်ပေးထားပါတယ်ဗျ။
ဆိုတော့ ၂၀၂၆ မှာ သူများထက် ခြေတစ်လှမ်းသာနေဖို့ အခုပဲ စာရင်းပေးသွင်းပြီး သင်ယူလို့ရပါပြီဗျ။
@pyaesone_8989
23 997
⬆️Video Editor ဘဝ အစမှာ အမြဲလွဲကြတဲ့ အလွဲ(၃)ခု⬆️
Video Editing စလုပ်တုန်းက ကျွန်တော်လည်း အများနည်းတူပဲဗျ။ Visual လှရင်၊ Effect တွေ ကြမ်းရင် Video ကောင်းပြီလို့ ထင်ခဲ့တာပေါ့။
တကယ်တမ်းကျတော့ Video တစ်ပုဒ်ကောင်းဖို့ဆိုတာ ရုပ်ထွက်လှရုံနဲ့မပြီးဘဲ ကြည့်တဲ့သူကို Feeling တစ်ခုခု Value တစ်ခုခုပေးနိုင်ဖို့က ပိုအရေးကြီးတယ်ဆိုတာ နောက်ပိုင်းမှကောင်းကောင်းသဘောပေါက်လာတာ။ 😁
ဆိုတော့ ကိုယ့်လူတို့ရော Edit လုပ်ရင်း ဒီအမှားတွေ လုပ်မိနေသေးလား တစ်ချက် Check ကြည့်ရအောင်...
✅(1) Over-editing
Effect တွေ၊ Transition တွေ၊ Filter တွေကို ပြွန်သိပ်ထည့်လိုက်ရင် မိုက်မယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကိုယ်ပြချင်တဲ့ Story ကိုယ်ပေးချင်တဲ့ message ပျောက်ပြီး confuse ဖြစ်သွားတတ်ပါတယ်။ Less is More ဆိုတာ Editor တွေအတွက်တော့ ရွှေစကားပဲဗျ။
✅(2) Pacing ကို မေ့နေတတ်တာ
ကျွန်တော်တို့ အစတုန်းကတော့ clip တစ်ခုနဲ့တစ်ခုကြား နည်းနည်းလေးမှ ဟ နေတာမကြိုက်ဘူး။ Dead Air ဖြစ်မှာကြောက်လို့ Jump Cut တွေ တောက်လျှောက်သုံး၊ စကားပြောသံတွေကြားက လေယူလေသိမ်းတွေကိုပါ လိုက်ဖြတ်... နောက်ဆုံး ကြည့်တဲ့သူက ဘာမှန်းမသိလိုက်ဘဲ Video က ပြီးသွားရော။
ဆိုတော့ Video တစ်ပုဒ်လုံး မြန်နေစရာမလိုဘူးဗျ။
တစ်ခါတလေကျရင် ငြိမ်ကျသွားတဲ့ အချိန်လေးတွေ၊ ခံစားချက်ပြရမယ့်အချိန်လေးတွေက စကားပြောတာထက် ပိုပြီးထိရောက်နေတတ်တယ်။ ရုပ်ရှင်တွေမှာ စကားမပြောဘဲ တိတ်သွားတဲ့ scene လေးတွေက ဘယ်လောက် impact ရှိလဲ သတိထားမိကြတယ်မလားဗျ။
✅(3) Trend ထက် Clarity ကို ဦးစားပေးပါ
Trending ဖြစ်နေတဲ့ Effect တွေ လိုက်သုံးတာ ကောင်းပေမဲ့ ကိုယ်ပြချင်တဲ့ အကြောင်းအရာက Clarity မရှိဘူးဆိုရင်တော့ အလကားပဲဗျ။ Trend ဆိုတာ ဒီနေ့ trend ပြီး နောက်နေ့ရိုးသွားမှာဆိုတော့ တကယ်ကောင်းမွန်တဲ့ Storytelling ကသာ ဘယ်တော့မှရိုးမသွားတာဗျ။
👑 Bonus Tips
Visual ထက် Sound Design ကို ပိုဂရုစိုက်ပါ။ ရုပ်ထွက်က 4K မဟုတ်ရင်တောင် ကြည့်လို့ရပေမဲ့ အသံက တိုးလိုက်ကျယ်လိုက် noise တွေဖြစ်နေလိုက်ဆိုရင်တော့ ဘယ်သူမှ ဆက်မကြည့်ချင်ကြတော့ဘူး။ Good Sound is 50% of the video ပါပဲဗျ။
⚠️နောက်ဆုံးမှတ်ထားဖို့က...Editing ဆိုတာ အကုန် Perfection ဖြစ်နေဖို့ ကြိုးစားရတာမဟုတ်ဘဲ ကိုယ်ပေးချင်တဲ့ Message ရောက်ဖို့ Intention ဖန်တီးရတာပဲဗျ။
ကိုယ့်လူတို့ရော Editor ဘဝအစမှာ ဘာတွေလွဲခဲ့ဖူးလဲ? 💖
23 997
💫Facebook မှာContent တွေဖန်တီးပြီး Income ရှာချင်ပေမယ့် content idea မရှိလို့ ရှေ့မရောက်ဘူးဖြစ်နေတဲ့သူများအတွက်💯
သူများ Video တွေက Views တွေ Millionထိ
ရနေတဲ့အချိန်မှာ ကိုယ်ဖန်တီးထားတဲ့ video က views 10,20က မတတ်ဘူးဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ content typeက လူကြိုက်မများတာ မဟုတ်ပါဘူး။ ကိုယ်အသုံးပြုနေတဲ့ content strategyနဲ့ content idea ကို ပြောင်းလဲဖို့ လိုအပ်နေတာပါ💡။
💢Page ၊Channel တွေ Runပြီး Reseller လုပ်
မယ့်တဲ့သူတွေ
💢Own content တွေဖန်တီးပြီး creator လုပ်
မယ့်သူတွေ
🔥Pageမှာ ရှိတဲ့ Policy Copyrightအကြောင်း🔥
💢ကိုယ်ရဲ့ Business Page အတွက် Content
တွေပေါက်ဖို့ လိုအပ်နေတဲ့သူတွေ Content ideas ကို Life Time လေ့လာလို့ရမယ့် Course တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
💫သင်တန်းကနေ ဘယ်လို Content ideas တွေကို ရရှိနိုင်လဲဆိုတော့...
💡Gaming Content
💡Cele Content
💡Trend Based Content
💡movie recap Content
💡Motivation Content
💡Series Content
💡B roll Content
💡Relaxation Content တွေကို Video Edit ပါတစ်ခါတည်းလုပ်နိုင်အောင် သင်ပေးမှာဖြစ်ပါတယ်ဗျ။
🎯 နောက်ထက် Facebook ရဲ့ ငွေဝင်ပေါက်တွေဖြစ်တဲ့
1.Facebook Acc ဖြင့် Passive Income ရှာနည်း
2.Id Comfirm Accကနေ Passive Incomeရှာနည်း
3.FaceBook Pageမှ Passive Income ရှာနည်း
4.Page Runနည်း ဖြင့် Passive Income ရှာနည်း
5.Page Collaboration ဖြင့် Passive Income ရှာနည်း
6.Pageတစ်ခုမှာ အရေးကြီးတဲ ငွေဝင်ပေါက်တစ်ခု ဖွင့်နည်း
7.Monetization Page Runပြီး Passive Income ရှာနည်း
8.Page အကြီး Groupအကြီးနဲ့ Passive Income တည်ဆောက်နည်း
9.Facebook Accကနေ ဝင်ပေါက် တည်ဆောက်နည်း
10.CopyContentဖြင့် Passive Income တည်ဆောက်နည်း
11.RSC မှ တစ်ဆင့် Passive Income တည်ဆောက်နည်း
12.Groupအကြီးဖြင့် Passive Income တည်ဆောက်နည်း
13.AccအများကြီးသုံးပြီးPassive Income တည်ဆောက်နည်း။
🔗Video Editing မှာဆိုရင်တော့
🎬Motion edit 3D Edit
🎬Graphic Design နဲ့
🎬Colour Grading ကို စနစ်တကျ
သင်ကြားပေးမှာ ဖြစ်ပါတယ်။
📌Ideas Class တက်တာနဲ့ Editing ကို Free သင်ခွင့်ရမှာဆိုတော့ video editing မလုပ်နိုင်သေးတဲ့သူလေးတွေလဲ Creator Intensity ထဲကို စတင်ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု
ဖြစ်ပါတယ်။
💁ဒါတင်မကသေးဘူးနော် FOC အနေနဲ့ Tiktok marketingမှာ အသုံးပြုကြတဲ့ (3)Secondhook video packge ကိုလဲ ပေးမှာဖြစ်ပါတယ်။
နောက်ထပ် Facebook ရဲ့ အလုပ်လုပ်ပုံ ကို အခြေ ခံ ကျကျ သင်ယူနိုင်မှာ ဖြစ်ပြီး
Facebook မှာ ဝင်ငွေတစ်ခုနဲ့ ရပ်တည်နိုင်ဖို့ အတွေးခေါ်ပိုင်းတွေကို တစ်ပါထဲ ထည့်ပေးထားမှာ ဖြစ်ပါတယ်
👉Video Course ဖြစ်တာကြောင့် ကိုယ်အားတဲ့ အချိန်လေးတွေမှာ လေ့လာနိုင်မှာ ဖြစ်သလို သင်တန်းမှာ Member Chatလဲလုပ်ပေးထားလို့ ကိုယ်သိချင်တာတွေ၊ နားမလည်တာတွေကို အချိန်မရွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်ဗျ။
✅လက်တွေ့လိုက်လုပ်ရမယ့် သင်ခန်းစာတွေ
ဖြစ်တာကြောင့် အမှန်တကယ် ကြိုးစားကြတဲ့ သူတွေအနေနဲ့ (၃)လအတွင်း အနေအထားတစ်ခု
အထိ ရောက်ဖို့ အာမခံပါတယ်ဗျ။
ဒီလိုအာမခံချက် အပြည့်အဝပေးထားပြီး သင်ခန်းစာတွေကို တစ်သတ်တာ လေ့လာခွင့်ရမယ့် Content ideas Courseသင်တန်း ကြေးကို (300000)ကျပ် သတ်မှတ်ထားပါတယ်"
📱သင်တန်းနဲ့ပတ်သက်လို့ အသေးစိတ်သိချင်သူများအနေ နဲ့
🖇09670502857 Viber ကိုဆက်သွယ်စုံစမ်းနိုင်သလို
🌐 @snap105 Telegram Acc မှာ လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
23 997
AI ကြောင့် "လူတွေ အလုပ်ပြုတ်တော့မှာ" ဆိုပြီး စိုးရိမ်နေကြသေးလား။ 2026 မှာတော့ တချို့လူတွေက မစိုးရိမ်ကြတော့ဘူးဗျ။ ဒါဆို သူတို့က ဘာလို့မစိုးရိမ်ကြတော့တာလဲ?
လုပ်ငန်းခွင်ထဲမှာ၊ Freelance လောကကမှာ လူနှစ်မျိုးကွဲထွက်သွားတယ်။
တစ်မျိုးက AI ကိုပဲ အတုခိုး၊ Copy-Paste လုပ်ဖို့လောက်ပဲ သုံးတဲ့သူတွေ။ နောက်တစ်မျိုးက AI ကို ကိုယ့်ရဲ့ Assistant/Partner လို သုံးပြီး သူများ ၅နာရီလောက်လုပ်ရတဲ့အလုပ်ကို ၁နာရီလောက်နဲ့ အပြီးဖြတ်နိုင်တဲ့သူတွေ။ ကိုယ့်လူတို့ရော ဘယ်လိုလူဖြစ်ချင်လဲ?
ဒီနေ့တော့ Theory တွေ၊ Prompt အရှည်ကြီးတွေ ရိုက်ထည့်နည်းတွေမလိုဘဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အလုပ်လုပ်ရင်း တွေ့ရှိထားတဲ့ AI ကိုအသုံးချပြီး Level တက်နိုင်မဲ့ နည်းလမ်း ၃ခုကို ပြောပြပါမယ်။
1. Learning မှာ One-way မသွားဘဲ Personal Tutor လို သုံးတာ
အရင်ကဆို တစ်ခုခုလေ့လာချင်ရင် Google ခေါက်၊ Blog တွေဖတ်၊ YouTube ကြည့်တာနဲ့တင် အချိန်ကုန်တယ်။
▪︎ အခုကတော့ ဥပမာ- English စာလေ့လာချင်တယ်ဆိုပါစို့။ "Explain Past Tense" လို့ ရိုက်မရှာတော့ဘူး။
ကိုယ်မပိုင်တဲ့ စာပိုဒ်တစ်ခုကို AI ထဲ ပစ်ထည့်။ "ဒီစာပိုဒ်မှာ ငါ့ရဲ့ Grammar အမှားတွေကို ထောက်ပြပေး၊ ပြီးရင် ငါ့ level နဲ့ ကိုက်မဲ့ လေ့ကျင့်ခန်း ၅ပုဒ်ထုတ်ပေး" ဆိုပြီး ခိုင်းလိုက်တယ်။
▪︎ Coding လေ့လာနေတဲ့သူတွေဆိုရင်လည်း "ငါ့ Code က ဘာလို့ Error တက်နေတာလဲ၊ ဘယ်လို Logic နဲ့ ပြင်သင့်လဲ" ဆိုပြီး မေးတဲ့အကျင့်လေးလုပ်ပါ။ ကိုယ့်အတွက် သီးသန့်ငှားထားတဲ့ ဆရာတစ်ယောက်လိုပဲ မရှင်းမချင်းမေးလို့ရတယ်။ ဒါက Skill တစ်ခုကို မြန်မြန်တတ်ဖို့ အကောင်းဆုံး Shortcut ပဲဗျ။
2. Career မှာ First Draft ကို AI သုံးပြီးလုပ်ကြည့်တာ
📥အဆက် 📥
23 997
AI ကြောင့် "လူတွေ အလုပ်ပြုတ်တော့မှာ" ဆိုပြီး စိုးရိမ်နေကြသေးလား။ 2026 မှာတော့ တချို့လူတွေက မစိုးရိမ်ကြတော့ဘူးဗျ။ ဒါဆို သူတို့က ဘာလို့မစိုးရိမ်ကြတော့တာလဲ?
လုပ်ငန်းခွင်ထဲမှာ၊ Freelance လောကကမှာ လူနှစ်မျိုးကွဲထွက်သွားတယ်။
တစ်မျိုးက AI ကိုပဲ အတုခိုး၊ Copy-Paste လုပ်ဖို့လောက်ပဲ သုံးတဲ့သူတွေ။ နောက်တစ်မျိုးက AI ကို ကိုယ့်ရဲ့ Assistant/Partner လို သုံးပြီး သူများ ၅နာရီလောက်လုပ်ရတဲ့အလုပ်ကို ၁နာရီလောက်နဲ့ အပြီးဖြတ်နိုင်တဲ့သူတွေ။ ကိုယ့်လူတို့ရော ဘယ်လိုလူဖြစ်ချင်လဲ?
ဒီနေ့တော့ Theory တွေ၊ Prompt အရှည်ကြီးတွေ ရိုက်ထည့်နည်းတွေမလိုဘဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အလုပ်လုပ်ရင်း တွေ့ရှိထားတဲ့ AI ကိုအသုံးချပြီး Level တက်နိုင်မဲ့ နည်းလမ်း ၃ခုကို ပြောပြပါမယ်။
1. Learning မှာ One-way မသွားဘဲ Personal Tutor လို သုံးတာ
အရင်ကဆို တစ်ခုခုလေ့လာချင်ရင် Google ခေါက်၊ Blog တွေဖတ်၊ YouTube ကြည့်တာနဲ့တင် အချိန်ကုန်တယ်။
▪︎ အခုကတော့ ဥပမာ- English စာလေ့လာချင်တယ်ဆိုပါစို့။ "Explain Past Tense" လို့ ရိုက်မရှာတော့ဘူး။
ကိုယ်မပိုင်တဲ့ စာပိုဒ်တစ်ခုကို AI ထဲ ပစ်ထည့်။ "ဒီစာပိုဒ်မှာ ငါ့ရဲ့ Grammar အမှားတွေကို ထောက်ပြပေး၊ ပြီးရင် ငါ့ level နဲ့ ကိုက်မဲ့ လေ့ကျင့်ခန်း ၅ပုဒ်ထုတ်ပေး" ဆိုပြီး ခိုင်းလိုက်တယ်။
▪︎ Coding လေ့လာနေတဲ့သူတွေဆိုရင်လည်း "ငါ့ Code က ဘာလို့ Error တက်နေတာလဲ၊ ဘယ်လို Logic နဲ့ ပြင်သင့်လဲ" ဆိုပြီး မေးတဲ့အကျင့်လေးလုပ်ပါ။ ကိုယ့်အတွက် သီးသန့်ငှားထားတဲ့ ဆရာတစ်ယောက်လိုပဲ မရှင်းမချင်းမေးလို့ရတယ်။ ဒါက Skill တစ်ခုကို မြန်မြန်တတ်ဖို့ အကောင်းဆုံး Shortcut ပဲဗျ။
2. Career မှာ First Draft ကို AI သုံးပြီးလုပ်ကြည့်တာ
လက်တွေ့မှာ အလုပ်တစ်ခုလုပ်မယ်ဆိုရင် ခက်ခဲနေတာက "စ" ရတာဗျ။ Email တစ်စောင်ရေးဖို့ Content တစ်ပုဒ်ရေးဖို့၊ Video တစ်ခုဖန်တီးကြည့်ဖို့ ခေါင်းပူနေရတဲ့အချိန်က အကြာဆုံးပဲ။
▪︎ ဥပမာ- Freelancer တစ်ယောက်ဆိုရင် Client ဆီ အလုပ်အပ်ဖို့ စာရေးရမယ်ထား ကိုယ့်ထည့်ချင်တဲ့ အချက် ၄-၅ ချက်လောက်ကို AI ကို ပေးလိုက်။ "ငါက ဒီအကြောင်းအရာကို ရေးချင်တာ၊ ဒီအချက်တွေထည့်ချင်တယ်၊ ဒါကို Professional ဆန်ဆန် Draft တစ်ခုရေးပေး" လို့ ခိုင်းလိုက်။ ဒါပေမဲ့ သူပေးတာကို Copy-Paste လုံးဝမလုပ်နဲ့။ ဒါကတော့ လူပျင်းနည်းဗျ။ သူပေးတဲ့ Draft ကို Reference ယူပြီး ကိုယ့် Style နဲ့ ပြန်ပြင်လိုက်ပါ။ ၁နာရီကြာမယ့် အလုပ်က ၁၀မိနစ်နဲ့ ပြီးသွားပါလိမ့်မယ်ဗျ။
3. Skill အသစ်တွေကို Micro-Learning လုပ်တာ
အရင်က Skill တစ်ခုတတ်ချင်ရင် သင်တန်းတစ်ခုလုံးသွားတက်ရတယ်။ အခုကတော့ လိုအပ်တာကို လိုအပ်သလို သင်လို့ရတဲ့ခေတ်ဖြစ်သွားပြီဗျ။
▪︎ Excel မှာ Formula တစ်ခုလိုချင်တာလား။ Photoshop မှာ နောက်ခံ Background ဖျက်တာလောက်ပဲ သိချင်တာလား။
AI ကို "Photoshop မှာ နောက်ခံ Background ဖျက်နည်း အလွယ်ဆုံး ၃နည်းပြောပြလို့" မေးပြီး ချက်ချင်းလက်တွေ့လုပ်။ ဒီလို ပြဿနာအသေးလေးတွေကို ဖြေရှင်းရင်း စုလာရင် Skill တစ်ခုဖြစ်လာရော။ အဲ့ဒီ Skill နဲ့ Freelance လုပ်ပြီး ဝင်ငွေရှာလို့ရလာမယ်။
အကုန်သိ၊အကုန်တတ် ဆရာကြီးတွေထက် ပြဿနာတစ်ခုကို မြန်မြန်ဖြေရှင်းပေးနိုင်တဲ့သူကပဲ income ပိုရနိုင်တယ်ဗျ။
23 997
⚠️ 2026 ရောက်နေပြီ ဖုန်းတစ်လုံးရှိရုံနဲ့ Content Creator လုပ်လို့ရတဲ့ခေတ်ဆိုပေမယ့် clip တွေ ဆက်တတ်ရုံနဲ့တော့ Editor ဖြစ်မလာပါဘူး။
CapCut ပဲသုံးသုံး၊ Premiere Pro နဲ့ DaVinci Resolve ပဲကိုင်ကိုင် Tool က အဲ့လောက်အဓိကမကျပါဘူး။ ကိုယ့် video ကောင်းမကောင်းဆိုတာ Editor ရဲ့ Sense ပေါ်မှာ အများကြီးမူတည်ပါတယ်။ Beginner တွေအနေနဲ့ မကြာခဏလုပ်မိနေကြတဲ့ ဒီအမှားလေးတွေကိုပြင်လိုက်မယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကိုယ့်လူတို့ video တွေကရှယ်ဖြစ်လာမှာအသေချာပဲဗျ။
1. Effect နဲ့ Transition တွေကို အန်ထွက်နေအောင်သုံးတာ
⛔ အထူးသဖြင့် CapCut တို့ Alight Motion တို့ စသုံးတဲ့သူတွေမှာ တွေ့ရတတ်တယ်။ တွေ့တဲ့ Effect တိုင်း၊ ရှိသမျှ Transition တိုင်းလျှောက်ထည့်ထားရင် Video က Cheap ဖြစ်သွားတတ်ပါတယ်။
💖ဆိုတော့ ProEditor တွေက ရိုးရှင်းတဲ့ Cut (Standard Cut) တွေကိုပဲ 90%လောက်သုံးကြတာပါ။ Effect ဆိုတာက လိုအပ်မှသုံးတာ ပိုကောင်းပါတယ်။ Clean & Simple ဖြစ်တာကမှ ကိုယ့် video ကို cool ဖြစ်စေပြီး High Level တစ်ခုလိုခံစားရစေမှာပါ။
2. Music သံက စကားသံကိုဖုံးနေတာ။ဒါမှမဟုတ် အတူတူဖြစ်နေတာ
⛔️B-roll တွေမှာ သီချင်းသံကျယ်တာ ပြဿနာမရှိပေမဲ့၊ စကားပြောတဲ့အခါတော့ သီချင်းသံက စကားသံထက်လျှော့ထားတာကောင်းပါတယ်။ မဟုတ်ရင်တော့ ကြည့်တဲ့သူက စကားသံကို အားစိုက်ပြီးနားထောင်နေရရင် ကိုယ့် video ကို scroll လုပ်သွားပါလိမ့်မယ်။
💖 ဆိုတော့ Background Music ကို -15dB/-20dBလောက်ထိ လျှော့ထားသင့်ပါတယ်။ CapCut မှာ ဆိုရင်လည်း Volume ကို 10-15လောက်ထိပဲထားမှ အဆင်ပြေပါလိမ့်မယ်။ But ကိုယ့် Video ရဲ့ voiceover အနေအထားထက် အတတ်နိုင်ဆုံး လျှော့ပြီးချိန်ပေးတာကောင်းပါတယ်။
3. Dead Air တွေကို နှမြောပြီး မဖြတ်တာ
💖စကားမပြောဘဲစဥ်းစားနေတဲ့အချိန်တွေ၊ "အာ...အမ်..."နဲ့ လုပ်နေတာတွေကို ဖြတ်ထုတ်မပစ်ဘဲထားတာက video ကို quality/value လျော့သွားစေတတ်ပါတယ်။
💖 ဆိုတော့ Jump Cut ပဲ သုံးသုံး၊ Zoom in/Zoom out လေးနဲ့ပဲ cut cut လိုရင်းမရောက်ဘဲ အီလေးဆွဲနေတာတွေကို သေချာလေးသာဖြတ်ပစ်ပါ။ Video က တိုလေ၊ လိုရင်းရောက်လေ ပိုကောင်းလေ။ ကြည့်တဲ့သူကလည်း ဆက်ကြည့်ချင်လေပဲဗျ။
4. Device ကိုပဲ အပြစ်တင်ပြီး ဘာမှမလုပ်ဘဲနေတာ
💖Video Edit တာတော့ ကျွမ်းကျင်ချင်ပါရဲ့ Professional ကြီးဖြစ်ချင်ပါရဲ့ ငါ့မှာ PC မရှိလို့ DaVinci မသုံးနိုင်ဘူး၊ After Effects မသုံးနိုင်ဘူးဆိုပြီး ဘာမှမလုပ်ဘဲမနေပါနဲ့။
💖ဒီခေတ်က Storytelling ကောင်းရင် CapCut နဲ့ edit ထားတဲ့ video ကလည်း Viral ဖြစ်နိုင်ပါတယ်။ Tool က အဓိကမဟုတ်ဘူးဗျ ကိုယ့်ရဲ့ Creativitu နဲ့ လက်တွေ့လုပ်နိုင်စွမ်း၊ ရှိတာလေးနဲ့ သေချာအသုံးချနိုင်စွမ်းကသာ အဓိကပါ။ ဆိုတော့ အရင်ဆုံး ရှိတာလေးနဲ့ပဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးပါဗျ။
💖 Editing ဆိုတာလည်း Feeling ပဲဗျ။ နည်းပညာထက် စိတ်ရှည်မှုက ပိုလိုပါတယ်။ အခုပြောပြခဲ့တဲ့ အမှားလေးတွေကိုသာ ရှောင်ပြီး ပုံမှန်လေးသာ လေ့လာရင်း လေ့ကျင့်သွားမယ်ဆိုရင် ကိုယ့်လူတို့ video editing skill က အများကြီး upgrade ဖြစ်လာမှာအသေချာပါပဲ။
ဆိုတော့ Keep Creating ပါ!😜
现已上线!2025 年 Telegram 研究 — 年度关键洞察 
