1 219
Subscribers
-124 hours
-17 days
-830 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+1
in 0 channels
August '26
+6
in 0 channels
Get PRO
July '26
+9
in 0 channels
Get PRO
June '26
+5
in 0 channels
Get PRO
May '26
+9
in 0 channels
Get PRO
April '26
+6
in 0 channels
Get PRO
March '26
+8
in 0 channels
Get PRO
February '26
+26
in 0 channels
Get PRO
January '26
+12
in 0 channels
Get PRO
December '25
+7
in 0 channels
Get PRO
November '25
+18
in 0 channels
Get PRO
October '25
+11
in 0 channels
Get PRO
September '25
+55
in 0 channels
Get PRO
August '25
+49
in 0 channels
Get PRO
July '25
+528
in 0 channels
Get PRO
June '25
+32
in 1 channels
Get PRO
May '25
+175
in 0 channels
Get PRO
April '25
+67
in 1 channels
Get PRO
March '25
+18
in 1 channels
Get PRO
February '25
+36
in 1 channels
Get PRO
January '25
+265
in 0 channels
Get PRO
December '240
in 1 channels
Get PRO
November '24
+197
in 1 channels
| Date | Subscriber Growth | Mentions | Channels | |
| 10 September | 0 | |||
| 09 September | +1 | |||
| 08 September | 0 | |||
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | 0 | |||
| 02 September | 0 | |||
| 01 September | 0 |
Channel Posts
🔰 ကံကြောင့်ရလာတဲ့ အကျိုးခန္ဓာငါးပါးအပေါ်မှာ ကံသင်္ခါရ အကြောင်းလေးပါးနဲ့ စဥ်းစား ဆင်ခြင်မှ ရလာတဲ့အကျိုးခန္ဓာကြီးဟာ ကံဖြတ်ရင် အချိန်မရွေးသေရမှာကို သံသယမရှိတော့ပါ။
မမြဲတရားကိုမြင်မှ မြဲတယ်ထင်တဲ့ သဿတဒိဌိ စင်သွားတာပါ။
ကံကြောင့်ရလာတဲ့ သေမယ့် မသာကြီးကို နေ့စဉ် ပြုစုလုပ်ကိုင်ပေးနေရတဲ့ အရာတွေကိုမြင်အောင်ကြည့်နိုင်မှ ပြုပြင်ပေးရတာလည်း ဒုက္ခ၊ မပြုပြင်ပေးပြန်ရင်လည်း ဖောက်ပြန်မှုရဲ့နှိပ်စက်တဲ့ဒဏ် မခံစားနိုင်တဲ့ ဒုက္ခ၊ ဘယ်လောက်ပြုပြင်ပေးပေး သူပျက်သလောက်မပြုပြင်ပေးနိုင်တော့ အို နာ သေ မလွတ်တဲ့ ဒုက္ခ၊ ဒုက္ခ ဒုက္ခ တွေမြင်လာမှ ခန္ဓာရလာတယ်ဆိုတာ တကယ်တော့ ဒုက္ခ ခံဖို့ သက်သက်အတွက်ပါပဲလားလို့ ဆုံးဖြတ်ချက်ချနိုင်မှ ခန္ဓာအပေါ်မှာ သုခ ထင်နေတဲ့ အထင်မှား ပျောက်မှာပါ။
🔰 သေပြီးရင်လည်းမအေးသေးဘဲ ရှင်စဥ်မှာပြုခဲ့တဲ့ ကံ အကြောင်းကြောင့် နောက်ဘဝတစ်ခုပြန်ရအုံးမှာပါ။
ဘဝပြန်ရရင် ရလာတဲ့ဘဝခန္ဓာနဲ့ ကံကြွေးတွေကိုပေးဆပ်ရင်း အခုလိုပဲ ရလာတဲ့ခန္ဓာကြီးကို ကံသင်္ခါရ အကြောင်းလေးပါးနဲ့ပြုပြင်ရင်း မပြင်နိုင်တဲ့အဆုံး တခါ သေကြရအုံးမှာပါ။
ဒါတွေကိုမြင်မှ ပြတ်တယ် ဆဲတယ်အထင်
ဥစ္ဆေဒဒိဌိ စင်သွားတာပါ။
🔰 ခန္ဓာမှာဘာပေါ်ပေါ် ဓတ်ကြီးလေးပါး ဖောက်ပြန်နေတဲ့သဘော ရုပ်တရားရယ် ရုပ်ဖောက်ပြန်တဲ့အပေါ် လိုက်ညွှတ်ပြီး ခံစား မှတ်သား သိနေတဲ့ နာမ်ခန္ဓာလေးပါးရယ် ခန္ဓာငါးပါးဖြစ်ပျက်နေတာပဲရှိပါတယ်။
ရုပ်နာမ်သဘာဝ သူ့သဘောသူဆောင် ဖောက်ပြန်ပျက်စီးနေတာတွေဟာ ဘယ်တန်ခိုးရှင် ဖန်ဆင်းရှင်ကမှပြုလုပ်ထားတာမဟုတ် ကိုယ့်အတ္တနဲ့လုပ်ယူတာလဲမဟုတ် အသက် လိပ်ပြာ ဝိညာဥ်ကောင်လဲမရှိ သူ့သဘာဝတရားသက်သက်မျှသာဖြစ်တဲ့အတွက် ကိုယ်အတ္တနဲ့လွန်ဆန်လို့မရမှန်း ကိုယ်ဘာမှအတတ်နိုင်မှန်း လက်ခံသွားမှသဘာဝ အနတ္တ ကို မြင်တာပါ။
🔰 အနတ္တ ကိုမြင်မှ ကိုယ်နဲ့မဆိုင်မှန်းသိတဲ့အတွက် အတ္တနဲ့ ဆုပ်ကိုင်ထားသမျှ လွှတ်ချနိုင်သွားတာပါ။
အရှုခံ အရှုဥာဏ် ကွဲမှ ရုပ်နာမ် သင်္ခါရတရားတွေအပေါ် ဥပေက္ခာနဲ့ လစ်လျူရှုနေနိုင်မှာပါ။
ဒီအကြောင်းအရာတွေကို 9.9.2026 (၅၈)ကြိမ်မြောက် ဝိပဿနာ၁၀ရက်တရားစခန်း အဌမနေ့တရားမှာနာယူနိုင်ပါပြီရှင်။
Credit to ဓမ္မစစ် ယောဂီ
🌿✨️🙏✨️🌿
🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿
ဗုဒ္ဓအလိုကျ ဝိပဿနာ
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
.
Facebook live
https://www.facebook.com/share/18F94BRNbi/
YouTube live
https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7
Telegram live
https://t.me/AshinPyannaSekkaVideos
.
တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link
https://t.me/meditationroadmap
Viber Channel link
https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT
..
ဆရာတော် အရှင်ပညာစက္က Biography
https://www.facebook.com/share/p/17aq8JHGbT/
..
🌿🍀🙏🍀🌿
📍ကျမ၏ ရေးသားမှု့ များသည်...
တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက်
အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော်
ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။
🍀🏵✨️🙏✨️🏵🍀
| 2 | ✨️ #တီရဏပရိညာ - သဘာဝလက္ခဏာကို သိသည့်အဆင့်ကနေကျော်ပြီးတော့သာမညလက္ခဏာကို သိတဲ့အဆင့်ရောက်သွားပြီ။
✨️ #သာမညလက္ခဏာ - အများဆိုင်လက္ခဏာ
ပထဝီနဲ့လည်းဆိုင်တယ်, အာပေါနဲ့လည်းဆိုင် တယ်, တေဇောနဲ့လည်းဆိုင်တယ်။
🔰 ဖြစ်ပြီးရင် ပျက်စီးသွားတဲ့သဘော အနိစ္စ။
🔰 ထိုဖြစ်မှုပျက်မှုတွေက အမြဲ ဒုက္ခပေးနေသောကြောင့် ဒုက္ခ။
🔰 ကိုယ်ဘာမှမတတ်နိုင်သောကြောင့် အနတ္တ။
#အနိစ္စ၊ #ဒုက္ခ၊ #အနတ္တ ဆိုတဲ့
#ဒီအမှတ်အသားသုံးခုဟာ
#သာမညလက္ခဏာ။
🔰 ဒီသာမညလက္ခဏာကို မြင်ပြီဆိုတော့မှ ဝိပဿနာဉာဏ်တက် လာတာ၊
✨️အဲ့ဒီကျမှ ဝိပဿနာ စပြီးတော့ဖြစ်တာ✨️
ခုနတုန်းက သိစရာတွေကိုသိတာ။
#တီရဏပရိညာ ကျတော့ ဆုံးဖြတ်လာတယ်၊ မမြဲပါလား, ဆင်းရဲပါလား.,ကိုယ်မပိုင်ပါလားဆိုတာတွေကို သူကဆုံးဖြတ်ချက်ချလာနိုင် တယ်။ ဆုံးဖြတ်လာပြီ။
ဒီလိုသိတာက တီရဏပရိညာ ... ဝိပဿနာဉာဏ်စပြီး တော့ဖြစ်လာတယ်။
ဝိပဿနာဉာဏ်တွေထဲမှာ သမ္မာသနဉာဏ်နဲ့ဥဒယဗ္ဗယဉာဏ် နှစ်ခုကို တီရဏပရိညာ ဆုံးဖြတ်နိုင်တယ်။
မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အနတ္တသဘောတွေကို ဆင်ခြင်သုံးသပ်တာ သမ္မာသနဉာဏ်။
...
အစ်မ စံ က တရားတစ်ပုဒ် လုံး ကို ရေးထားတာမို့ အရှည်ကြီးပါ..
ဖတ်ရ လွယ် နားလည် လွယ်မယ့် နေရာလေးသာ ဖြတ်ကူး ထားတာပါ..
အရှည် ကို တရား ထဲမှာ နားလည်နိုင်ပါတယ်။
..
ညက တရား ပွဲ မှာ ယောဂီ တစ်ယောက် သူ အနတ္တ ဥာဏ် မြင်ပုံ လျှောက်တာ အင်မတန် ပီတိ ဖြစ်ရ ပါတယ်..
သူ ငိုငို ပြီး ပြောတာ ကျန်ယောဂီ များအားလုံး လည်း ပီတိ မျက်ရည် ကျကြ ပါတယ်။
ဆရာတော် ကိုယ်တိုင်သေချာ သာဓု ခေါ်ပါတယ်..
သူ ဘယ်လို ကြိုးစား အားထုတ်ခဲ့တာလည်း နားထောင်ကြည့်ပါ နော်..
..
နောက် မိဘ တွေ နေမကောင်း လို့ နောက်ဆုံး အချိန် မှာ သက်သာအောင် ဆေးထိုး ပေးတာ.. ပါဏာတိ ကံ မြောက်သွား လား စိုးရိမ် စိတ် ရှိသူ မေးမြန်း တာက လည်း အင်မတန် သနားစရာ ကောင်းလှပါတယ်..
သူ့ကို ဖြေပေးတဲ့ အဖြေ လည်း နားထောင်ကြည့် ပေးပါနော်
..
Day 8 - 8th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1797
Telegram Video -https://t.me/AshinPyannaSekkaVideos/1798
YouTube -https://youtu.be/hmbnOoPrCXY?is=2LsrGN3r-Q0PYUF1
Facebook -https://fb.watch/v/5wa2kCSho/?mibextid=wwXIfr
..
Day 8
တရားအနှစ်ချုပ်
🔰 ဥာတပရိညာ တီရဏပရိညာ ပဟာနပရိညာ ဆိုတာ ဥာဏ်စဥ်၁၆ပါး ကို အပိုင်းသုံးပိုင်းအနေနဲ့ ခွဲပြထားတာပါ။
🔰 ဥာတပရိညာဆိုတာ ဝိပဿနာလမ်းပေါ်ရောက်ဖို့ သိရမဲ့တရားတွေကို စာအသိ သုတအသိကနေ ဥာဏ်ပညာနဲ့ ခန္ဓာဥာဏ်ရောက် ပိုင်းပိုင်းခြားခြား သိတဲ့အသိဖြစ်အောင် လက်တွေ့ကိုယ်တိုင် လိုက်လုပ်ရတာပါ။
တရားစခန်း ပထမနေ့ကနေ ဆဌမမြောက်နေ့အထိက အခြေခံ ဥာတပရိညာအပိုင်းဖြစ်တဲ့ ရူပပရိစ္ဆေဒဥာဏ် နာမပရိစ္ဆေဒဥာဏ် နာမရူပပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ် သမ္မသနဥာဏ် အထိ ခန္ဓာဥာဏ်ရောက် လက်တွေ့ ကိုယ်တိုင်အားထုတ်တတ်အောင် တရားပြဆရာက လမ်းညွှန်ပြသပေးတာပါ။
🔰 တရားပြဆရာရဲ့တာဝန်က ယောဂီတွေကို ဝိပဿနာလမ်းပေါ်ရောက်အောင်တင်ပေတာပါ။
🔰 သမ္မသနဥာဏ်ရောက်မှ ဝိပဿနာဖြစ်ပြီး ဝိပဿနာလမ်းကြောင်းပေါ်ရောက်တာပါ။
ဝိပဿနာလမ်းပေါ်ရောက်ပြီဆိုမှ ရှေ့ဆက်လျှောက်လှမ်းသွားဖို့က ယောဂီရဲ့တာဝန်ဖြစ်သွားပါပြီ။
သမ္မသနဥာဏ်ကနေပဲ ခန္ဓာငါးပါးအပေါ်မှာ မဂ္ဂင် ၈ပါးဖြင့် အကြောင်းအကျိုးနဲ့ အထပ်ထပ်ဆင်ခြင်ရင်း အားကောင်းတဲ့ဝိပဿနာဖြစ်လာမှ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ အသိဥာဏ် အဆင့်ဆင့်ပြောင်းလဲသွားမှာပါ။
🔰 တရားရတယ်ဆိုတာ အသိ ပြောင်းသွားခြင်းပါ။
ပညတ် ပရမတ် ပိုင်ခြားသိလာမှ ပညတ်အပေါ်ကနေ အသိမှား အမှတ်မှား အယူမှား နေတာကို ပရမတ်အသိအစားထိုးပြီး အသိမှန် အမှတ်မှန် အယူမှန် ပြောင်းသွားတာပါ။
🔰 အမှောင် ပျောက်ချင်ရင် အလင်း အစားထိုးရသလို အသိမှား ပျောက်ချင်ရင် အသိမှန် အစားထိုးပေးရတာပါ။
တရားမှာ ဘာတစ်ခုမှ ပယ်ခြင်းသတ်ခြင်းမရှိပါ။
🔰 ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ အမည်ပညတ် ပရမတ်အနေနဲ့အရှိတရားက ရုပ်နှင့်နာမ် ခန္ဓာငါးပါး အပေါင်းအစုပါ။
ခေါင်း ခါး ခြေ လက် ဆိုတာ အမည်ပညတ် ပရမတ်အနေနဲ့အရှိတရားက ဓါတ်ကြီးလေးပါးအပေါင်းအစုပါ။
နာတယ် ကျဥ်တယ် ကိုက်တယ် ခဲတယ် ယားတယ် ဆိုတာ အမည်ပညတ် ပရမတ်အနေနဲ့အရှိတရားက ဓါတ်ကြီးလေးပါးဖောက်ပြန်နေတာပါ။
🔰 ယောက်ျား ဆိုတဲ့ ပညတ်အပေါ်ကနေ ယောက်ျားလေးကလည်း သူကိုယ်သူ ယောက်ျား လို့ ထင်နေတာပါ။
မိန်းကလေးကလည်း ထိုနည်း လည်းကောင်းပါပဲ။
ဥာတပရိညာ အကြောင်းကြောင့် ပညတ် ပရမတ် ကွဲနေတဲ့အတွက် တီရဏပရိညာက ရုပ် နှင့် နာမ် ခန္ဓာငါးပါးပဲရှိတယ်လ်ို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ယောက်ျား မိန်းမ လို့ထင်တဲ့ အထင်မှား ပျောက်သွားတာပါ။
🔰ဥာတပရိညာ နဲ့ တီရဏပရိညာ နှစ်ခုပေါင်း အကြောင်းကြောင့် ပဟာနပရိညာက ပယ်စရာရှိတာ ပယ်နိုင်တဲ့အဆင့် ဖြစ်လာတာပါ။
🔰 ပရိညာသုံးပါးက တစ်ခုနဲ့တစ်ခု အကြောင်းအကျိုးအနေနဲ့ ဆက်စပ်ဖြစ်နေကြတာပါ။
အကောင်း အဆိုး အနေနဲ့ ဖြစ်ပေါ်လာသမျှ အကျိုးတရားမှန်သမျှဟာ အကြောင်းကင်းပြီး ဖြစ်လာတယ်ဆိုတာ တစ်ခုမှမရှိပါ။
အကြောင်းအကျိုးတွေ အပြန်အလှန်ကျေးဇူးပြု စုပေါင်း စုပေါင်းလာမှ အရှိန် ပါလာပြီး အားကောင်းလာတာပါ။ | 18 |
| 3 | ✨️ ညက တရားပွဲ ပြီးပြီး ခြင်း အမေ message ပို့တယ်..
ဉာတပရိညာ ဆိုတာ နားမလည် လို့တဲ့ .
ဓမ္မစစ် ယောဂီ ရေးရင် မြန်မာ လို ပဲ ရေးပေးပါ တဲ့ တောင်းဆို တယ်။
သူ စူဠသောတာပန် ဖြစ်ချင် လို့ပါတဲ့။
ပရိညာ သုံးဖြာ လည်း မနည်း မှတ်နေရတယ်..
သမ္မသနဥာဏ် လည်း မေ့ပြီတဲ့..
✨️ အမေ..
အမေ့ ကို ဆရာတော် က အမေ့ အတွက် ကျင့်ကွက် ချပေးပြီးသား လို့ ..
အမေ လုပ်ကိုင်တိုင်း မှာ ရုပ် ပရမတ် သဘောလေးတွေ ပဲ သိပေး နေပါ လို့..
အဲ့ဒီ ကနေ.. မမြဲ တဲ့ သဘောတွေ မြင်လာလိမ့် မယ် ပြောတယ် လို့....
မမြဲ တဲ့ သဘော ဟာ ဆင်းရဲ တယ်ဆိုတာ လည်း ဥာဏ်ထဲ အလိုလို ပေါ်လာ လိမ့်မယ် တဲ့...
နောက်ဆုံး ဒီ သဘောတွေ ဟာ သူ့သဘော နဲ့ သူဖြစ်နေတာ ငါလုပ်ယူ လို့ မရ..
အတ္တ မဟုတ် တ့ အနတ္တ သဘော ပါ လား လို့ ဥာဏ် က အလိုလို ဆင်ခြင် ပါလိမ့် မယ် တဲ့. ...
အဲ့ဒါ ကြောင့် အများကြီး မစဥ်းစား ဘဲ ကိုယ် သိနေတဲ့ ရုပ်ပရမတ် လေးကို သာ ခံစား သိနဲ့ ရှုမှတ်ပါ...
ပရမတ် ကို သေချာ ခံစား ရှုမှတ်ချိန် မဂ္ဂင် ၈ ပါး ထိုက်နေပါတယ် လို့..
ပရိညာ တွေကဗဟုသုတ နားလည် ချင်ရင် ပါချုပ်ဆရာတော် ဟောထားတာ တော်တော်လေး ရှင်းတယ် နာကြည့်ပါ ဆိုပြီး ပို့ပေး လိုက်တယ်။..
ဒီမနက် နိုးနိုးခြင်း ပရိညာ ၃ဖြာ ကို ပြန် နားထောင်တာ ကောင်းလိုက်တာ..
အရင်က နားလည် တာထက် ပိုနား လည်လာ တယ်.။
နာကြည့် ပါ..
ကုယ်ရ ထားတဲ့ တရား မှန် မမှန်
ခန္ဓာ နဲ့ တိုက်စစ်ပါ...
မှတ်ကျောက်တင်ပါ...
🍀#ပရိညာ၃ဖြာဝိပဿနာ🍀
ပါချုပ် ဆရာတော်
https://t.me/meditationroadmap/12
YouTube
https://youtu.be/LKwfa7cJ3OI?si=BhOUARXW2PCMv0Y0
ပရိညာ ၃ ဖြာ အကြောင်း..
အစ်မစံ ရေးထားတာ ကျမ သဘောကျတဲ့ နေရာလေး ဖြတ်ကူးတင်ပေပါ့မယ်..
...
🔰 ဉာတ - သိရမဲ့တရားဆိုတာ ရုပ်နဲ့နာမ်ဟာ ကိုယ့်ခန္ဓာမှာသိရမဲ့တရား။
အဲ့ဒီသိရမဲ့တရားကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ဉာဏ်ကို ဉာတပရိညာ။
🔰 နှာသီးဖျားမှာ ထွက်လေ၊ဝင်လေလေး မှန်မှန်ရှူပြီး ကမ္မဋ္ဌာန်းနှလုံးသွင်းကြည့်လိုက်တဲ့ အခါ မှာရှူသွင်းလိုက်တဲ့လေလေး၊
ရှိုက်ထုတ်လိုက်တဲ့လေလေးက နှာသီးဖျားမှာလာထိတယ်၊ ထိတဲ့အခါ ထိမှန်း သိလိုက်တယ်၊ လေလေးကနွေးလျှင် နွေးတယ်လို့သိတယ်၊ အေးလျှင်လည်း အေးတယ်လို့သိတယ်။
ညက် ညောရင် ညက်ညောတယ်လို့သိတယ်။ ကြမ်းတမ်းလျှင်လည်း ကြမ်းတမ်းတယ်လို့သိတယ်။
🔰 အများကြီးမစဉ်း စားတောင် မှအဲ့ဒါလေးကိုဘဲ စဉ်းစားကြည့်လိုက်လိုက်၊
(လေ)လေးဟာ #ဝါယောဖောဋ္ဌဗ္ဗရုပ် ဖြစ်တယ်၊
လေလေးလာထိ တဲ့နေရာက #ကာယပသာဒဆိုတဲ့ရုပ်တရား၊
#ဝါယောဖောဋ္ဌဗ္ဗရုပ် နဲ့ #ကာယပသာဒ ဒီ နှစ် ခုဆုံတဲ့အခါ ထိမှန်းသိ လိုက်တဲ့ (#ကာယဝိညာဏ်စိတ်)လေးပေါ်လာတယ်။
🔰 ဒီလိုကွဲကွဲပြားပြား ကြည့်လိုက်တဲ့အခါ#သုံးမျိုး မတူတာကို သွားတွေ့တယ်။
#လေလေး နဲ့ #လေထိတဲ့နေရာလေးကရုပ်တရား၊ ထိမှန်းသိလိုက်တဲ့ #အသိစိတ်လေးကနာမ်တရား၊ ဘယ်နေရာကြည့်ကြည့် ဒီအခိုက်အတန့်လေးမှာ ကြည့်လိုက်တာနဲ့ဒီ သုံး ခုပဲရှိတယ်ဆိုတာ တွေ့ရ တယ်။ ✨️✨️
..
✨️ #ဉာတ - သိစရာရုပ် နဲ့နာမ်နဲ့ဝိပဿနာအာရုံကို ..
✨️ #ပရိညာ - ပိုင်းပိုင်းခြားခြားသိတယ်၊သိတယ်ဆိုတဲ့နေရာမှာ ဘယ်ရှုထောင့်ကသိ တာလဲလို့မေးလျှင် သဘာဝလက္ခဏာရှုဒေါင့်ကသိတယ်။ ✨️
..
လက္ခဏာ နှစ် မျိုးရှိတယ်ဆိုတာ မှတ်ဖို့လိုတယ်။
ဝိပဿနာဉာဏ်ရချင်ပြီဆိုလျှင်( #သဘာဝလက္ခဏာနဲ့သာမညလက္ခဏာ) နှစ်ခုကို မှတ်ရမယ်။
..
🔰 #သဘာဝလက္ခဏာ .. ပင်ကိုယ် ကိုယ်ပိုင်အသီးသီး လက္ခဏာအမှတ်အသားလေးတွေ/ သူများနဲ့မတူတဲ့သီးခြားအမှတ်အသားလေးတွေ( Individual Characteristics ကိုယ်ပိုင်အမှတ်အသားလေးတွေကို) သဘာဝ လက္ခဏာ
🔰ခက်မာတဲ့သဘော၊ *ပျော့ပြောင်းတဲ့သဘောကိုသိရင်( ပထဝီ)ကိုသိတယ်လို့ခေါ်တယ်။
🔰ပူတာ၊ အေး တာကိုသိရင် (တေဇော)ကိုသိတယ်လို့ခေါ်တယ်။
🔰လှုပ်ရှားတာ၊ တွန်းကန်တာကိုသိလျှင်(ဝါယော)ကိုသိတယ်လို့ ခေါ်တယ်။
🔰(အာပေါ) မှာ"စုစည်းတာနဲ့ယိုစီးတာ" နှစ် ခုရှိတယ်။
..
🔰 အခုလို သိရမဲ့အရာတွေကိုသိတာ (ဉာတပရိညာ)။
သဘာဝတရားရဲ့ ကိုယ်ပိုင်အမှတ်အ သားကိုသိတာ
( နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်) နှစ် ခုဟာ ဉာတပရိညာနဲ့သက်ဆိုင်တယ်။
..
🔰 သိစ ရာတွေ သိအောင်လုပ်ရမယ်၊ သိစရာတွေ သိအောင်လုပ်နေတာဟာ ဝိပဿနာအတွက်foundation ချနေ တာနဲ့တူတူပဲ။
အခြေမခိုင်ပဲအထက်တက်သွားလျှင် ပြိုကျမယ်။
🔰 ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ကိုယ့်သန္တာန်မှာ စိတ်နဲ့ အာရုံနဲ့လေ့ကျင့်ပေးလို့ဒီအသိဉာဏ်တွေ ထင်ထင်ရှားရှားရလာ ပြီ၊ဘယ်ဟာကိုကြည့်လိုက်၊ကြည့်လိုက် (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော)သဘောတွေပေါ်လာပြီ၊
ခန္ဓာကိုယ် ထဲမှာ၊ မိမိသန္တာန်မှာဖြစ်တဲ့သဘာဝတရားတွေကို သိလာပြီဆိုလျှင်ဒါ (သဘာဝလက္ခဏာ)ကိုသိတယ်လို့ခေါ် တယ်။
🔰 သဘာဝလက္ခဏာသိဖို့ရန်အတွက် ဝိပဿနာဉာဏ်တွေထဲမှာ အခြေခံဉာဏ်တွေက နာမရူပပရိစ္ဆေဒ ဉာဏ်နဲ့ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်တယ်။
🔰 ရုပ်နဲ့နာမ်နဲ့ကွဲကွဲပြားပြားသိတာ နာမရူပပရိစ္ဆေဒဉာဏ်။
🔰 ရုပ်နာမ်တွေရဲ့အကြောင်းပါ တွဲဖက်ပြီးတော့သိတာ ပစ္စယပရိဂ္ဂဟဉာဏ်။
🔰 ဒီဉာဏ် နှစ် ခုဟာ ဝိပဿနာမဖြစ်သေးဘူး။
ဝိပဿနာရဲ့ foundation ဘဲရှိသေးတာ။
ဒါကို #ဉာတပရိညာ လို့ခေါ်တာ။
🔰 နာမရူပပရိစ္ဆေဒ ဉာဏ်နဲ့ပစ္စယပရိဂ္ဂဟဉာဏ်၊ သိစရာတွေကို ပိုင်းပိုင်းခြားခြားသိတယ်။ | 10 |
| 4 | 🔰 ပထဝီတစ်လုံးသိဖို့ ကိုင်စမ်းတဲ့နေရာမှာ ဂရုစိုက်မှု သတိ ပါရတယ်။
🔰 အားထုတ်မှု ဝီရိယ=ဝါယာမ ပါရတယ်။
စူးစိုက်မှု သမာဓိ ပါရတယ်။
🔰 စူးစမ်းဆင်ခြင်သုံးသပ်မှု သင်္ကပ္ပ ပါရတယ်။
🔰 စဥ်းစား ဆင်ခြင်ဖို့ စကားလုံးပညတ်သုံးရတဲ့အတွက် ဝါစာ ပါရတယ်။
🔰 ပရမတ်ကိုသိဖို့ စဥ်းစား ဆင်ခြင်နေတဲ့အချိန်မှာ အကုသိုလ်ကင်းနေတဲ့အတွက် အလုပ်က သမ္မာကမ္မန္တ ဖြစ်နေပါတယ်။
🔰 သမ္မာကမ္မန္တ ဖြစ်နေတဲ့အချိန် အသက်မွေးမှုစင်ကြယ်နေတဲ့အတွက် သမ္မာအာဇီဝ ဖြစ်နေပါတယ်။
🔰 မဂ္ဂင်၈ပါးပြည့်စုံမှ သိမှုတစ်ခုဖြစ်တာပါ။
📍ပရမတ်အပေါ်မှာ စဥ်းစား ဆင်ခြင် သုံးသပ်နေမှ မဂ္ဂင်၈ပါးမှာ သမ္မာထည့်လို့ရတာပါ။
📍မဂ္ဂင်၈ပါးနဲ့ရှုမှ ပရမတ် ကို သိမြင်ရသလို ပရမတ်အပေါ်ကနေ ရှုမှလည်း မဂ္ဂင် ၈ပါး ထိုက်တာပါ။
🔰 ပရမတ်နဲ့မဂ္ဂင်၈ပါးက ယှဥ်တွဲဖြစ်နေတဲ့အတွက် တစ်ခုစီ ခွဲခြားလို့မရပါ။
ရုပ်ကိုမှီပြီး နာမ်တွေဖြစ်ရတာပါ။
လှုပ်ရှားမှုမှန်သမျှဟာ ရုပ်အကြောင်း နာမ်အကျိုး၊နာမ်အကြောင်း ရုပ်အကျိုး အကြောင်းအကျိုးအနေနဲ့ ရုပ်နှင့်နာမ်အပြန်အလှန်ကျေးဇူးပြု အလုပ် လုပ်နေကြတာပါ။
🔰 ခန္ဓာမှာဘာပေါ်ပေါ် ဓါတ်ကြီးလေးပါးဖောက်ပြန်နေတဲ့သဘော ရုပ်တရားရယ် ရုပ်ဖောက်ပြန်တဲ့အပေါ် နာမ်ကသွားညွှတ်ပြီး ခံစား မှတ်သား သိနေတဲ့ နာမ်တရားတွေရယ် ရုပ်နဲ့နာမ် ခန္ဓာငါးပါး ဖြစ်ပျက်နေတာပဲရှိပါတယ်။
ရုပ်နာမ်သဘာဝ သူသဘောသူဆောင် သူ့အလုပ်သူ လုပ်နေကြတာဟာ ဘယ်တန်ခိုးရှင် ဖန်ဆင်ရှင်မှပြုလုပ်ပေးနေတာမဟုတ်ကိုယ်အတ္တနဲ့ဖယ်ထုတ်လို့လည်းမရ အသက် လိပ်ပြာ ဝိညာဥ်ကောင်လည်းမရှိ ရုပ်နာမ်သဘာဝ သက်သက်မျှသာဖြစ်တဲ့အတွက် ကိုယ်နဲ့ဆိုင်သလား မဆိုင်ဘူးလား မြင်အောင်ကြည့်ရမှာပါ။
🔰 ကိုယ်နဲ့မဆိုင်မှန်းသိဖို့က သဘာဝ ကို မြင်ရမှာပါ။
သဘာဝ ကို မြင်မှ အနတ္တ ကို မြင်တာပါ။
🔰 အနတ္တ မြင်မှ ကိုယ်နဲ့မဆိုင်မှန်းသိတဲ့အတွက် သင်္ခါရုပေက္ခာဥာဏ်ကြောင့် ရုပ်နာမ် သင်္ခါရတရားတွေအပေါ် လစ်လျူရှုနေနိုင်မှာပါ။
🔰 အနတ္တ မြင်မှ အတ္တဒိဌိပြုတ်တဲ့အတွက် အတ္တနဲ့စွဲကိုင်ထားသမျှ လွှတ်ချနိုင်သွားတာပါ။
ဒီအကြောင်းအရာတွေကို 8.9.2026 (၅၈)ကြိမ်မြောက် ဝိပဿနာ၁၀ရက်တရားစခန်း သတ္တမနေ့တရားမှာနာယူနိုင်ပါပြီရှင်။
Credit to ဓမ္မစစ် ယောဂီ
🌿✨️🙏✨️🌿
🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿
ဗုဒ္ဓအလိုကျ ဝိပဿနာ
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
.
Facebook live
https://www.facebook.com/share/18F94BRNbi/
YouTube live
https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7
Telegram live
https://t.me/AshinPyannaSekkaVideos
.
တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link
https://t.me/meditationroadmap
Viber Channel link
https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT
..
ဆရာတော် အရှင်ပညာစက္က Biography
https://www.facebook.com/share/p/17aq8JHGbT/
..
🌿🍀🙏🍀🌿
📍ကျမ၏ ရေးသားမှု့ များသည်...
တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက်
အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော်
ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။
🍀🏵✨️🙏✨️🏵🍀 | 5 |
| 5 | ✨️ ည က သားကို အိမ်မက်တယ် သူချော်လဲ လို့ ပွေ့ပြီး ဆေးရုံသွားဖို့ လုပ်နေတာ..
သားက ၅ နှစ်- ၆ နှစ်အရွယ်လေး..
ရင်ခွင်ထဲ မှာ ပွေ့ ထားတော့ ..
အော်သားက အရင်လိုပါပဲလား ဆိုပြီးစိတ်ထဲ တွေးမိ..
✨️ မနက် အိပ်ယာနိုးတော့ ပြန်တွေးတော့ ဒါ သညာ အလုပ် လုပ်တာပဲ လို့ သိ လိုက်တယ်
အဲ့လို သိလိုက် ချိန် မှာ သား ငယ်ငယ်က ပုံလေး အပေါ် စွဲနေတာ က ပြုတ်ထွက်သွားတယ် .
အရင်လို အိမ်မက် ကို သတိရပြီး တနေကုန် သတိရနေတာ တွေးနေတာ မျိုး မရှိတော့
ဒီခံစားချက် လေးက ကောင်းလိုက်တာ ..
ဒါ ဘာဖြစ်သွားတာလဲ ပေါ့.
✨️သူငယ်ငယ်က ခနခန ဖျားတော့ အရမ်းစိတ်ပူပြီး ဆေးရုံသွားခဲ့ရတာတွေ ကို
သညာက မှတ်ထားတာ..
သူငယ်ငယ်က ချစ်စရာ ကောင်းတာလေး တွေ ကိုလည်း သညာ က မှတ်ထားတာ..
အခု သူက အသက်ကြီး လာပြီ
ငယ်ငယ်က လို ချစ်စရာ ကောင်းတဲ့ ပုံ မဟုတ်ပေမယ့် ငယ်ငယ်က ပုံ လေး မှန်းပြီး ချစ်ရတာ.. ဒါ ..သညာ ဝိပ္ပံလာသ ပဲ..
ငယ်ငယ်က ပုံ ကို တမ်းတ ပြီး
သတိရနေတာ..
သညာ အလိမ်ခံ နေရတာပဲ လို့ မြင်လာတယ်..
ဒီလို တွေးတာရော မှန် လား လို့ ဆရာတော် ကို ဖုန်းဆက်မေးတော့ မှ မသိတာတွေ အများကြီး ထပ်သိ လိုက်ရ လို့ သိတာလေးတွေ ရေးပေးလိုက်ပါတယ်..
အဓိက အချက်လေးတွေပဲ အကျဥ်းချုပ် ရေးပေး လိုက်ပါ့မယ်
...
🌟 အဓိကက သညာဝိပ္ပံလာသ ကို သေချာ ရှင်းလင်းစွာ သိရပါ့မယ်တဲ့..
🌟 အကုန်လုံးကို သညာဝိပ္ပံလာသ လို့ လုံးချ လို့ မရ ပါဘူးတဲ့..
🌟 မိဘ တွေ အနေနဲ့ ငယ်ငယ်က သားပုံ သမီးပုံ လေးတွေ စိတ်ထဲ ပြန်ပေါ်လာတာ က သဘာဝ ပါတဲ့..သညာ အလုပ် လုပ်လို့ ပြန်ပေါ်တာ..
🌟 အဲ့ဒီပြန်ပေါ်တဲ့ အပေါ်မှာ ငါ့သား ငါ့သမီး ဆိုပြီး ထပ်ထပ် တွေးနေတာ ,
ဥပါဒါန် ကပ်နေပြီ .
အဲ့ဒါက မှ သညာဝိပ္ပံလာသ ပါတဲ့.
🌟 ကိုယ်က အိမ်မက် ကို သတိရပြီး ဒါက သညာ အလုပ်လုပ် တာပဲ လို့ သိလိုက်ချိန် မှာ အစွဲပြုတ် ပြီး နေလို့ကောင်းသွား တာက သဘာဝ ကို ဥာဏ်က သိ လို့ ဥပါဒါန် ပြုတ်ပြီး ဥပက္ခာ ဖြစ်သွားတာပါ တဲ့..
🌟 တမင်ဖြုတ်တာ မဟုတ်ပါဘူး..
သဘာဝ ကိုသိတဲ့ ဥာဏ် က ဥပက္ခာ ပြုလိုက်တာ...။
🌟သဘာဝ ကိုရှု ဥပက္ခာပြု 🌟
ဆရာတော် အထပ်ထပ် ပြောတဲ့ စကား လေးပါ..
..
✨️ ထပ်သိရတာတွေက အတော်လေး အသေးစိတ်ပါတယ်..
ဆရာတော် အမေဆဲ ဥပမာ ကိုအထပ်ထပ် ရှင်းနေတုန်းက အဲ့ဒီ စိတ်သဘာဝ တွေ နားမလည် ခဲ့ ဘူး ။ ဥာဏ်လည်း မမီ ခဲ့ပါ..။
အခု မှ တဏှာ ဥပါဒါန် ဆိုတာကို ပညတ် စာလုံး နဲ့ ခံစားချက် နဲ့ ချိတ်ဆက် နား လည်တာ...
အရင်ကတော့ တဏှာ-ဥပါဒါန်-ကံ စာရွတ်ရွတ် တာ.. ခန္ဓာ နဲ့ နားမလည် ခဲ့ပါ..
အခု မှ ခံစားချက် နဲ့ ချိတ်ပြီး နားလည်တာ..
ဒီနေ့ 9.9 မှာ အသစ် တွေ ထပ်သိ ရလို့ ဆရာတော့် ဥာဏ်တော် ကို ရိုသေစွာ ကန်တော့ပါတယ် ဘုရား..
တပည့်တော် သိဖို့ အများကြီး အများကြီး ကျန်သေးတယ် ဆိုတာလည်း သေချာ နားလည်ပါပြီ။
ရိုသေစွာ ကန်တော့ ပါသည် ဘုရား..။
🍀🙏🍀🙏🍀🙏🍀
..
✨️ တရားတွေက လေးနက်တယ်..
သိစရာ တွေက အများကြီး အများကြီး ကျန်သေးတယ်..
ကိုယ်မရောက်သေးတဲ့ နေရာတွေ အတွက် လည်း စိတ်မပူ ပါနဲ့..
တရားစခန်း ၁၀ ရက်မှာသာ သေချာ လေ့ကျင့် ပြီး ပြောတဲ့ အတိုင်း အားထုတ်ပါ..
အာစိဏ္ဏကံ တရားများ ညစဥ်ဝင်ပါ..
အဲ့ဒါ ဆို တဖြည်းဖြည်း နဲ့ လွတ်မြောက် လာပါ လိမ့်မယ်..
....
Day 7 - 7th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1791
Telegram Video -https://t.me/AshinPyannaSekkaVideos/1792
YouTube -https://www.youtube.com/live/YS6xjplXO84?is=PxU-z8RF-vQshRvm
Facebook -https://fb.watch/v/53wUOV7qX/?mibextid=wwXIfr
..
Day 7
တရားအနှစ်ချုပ်
🔰 ဝိပဿနာအားထုတ်မည့်သူတစ်ယောက်ဟာ အခြေခံ ဥာတပရိညာအပိုင်းဖြစ်တဲ့ ရူပပရိစ္ဆေဒဥာဏ် နာမပရိစ္ဆေဒဥာဏ် နာမရူပပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ် သမ္မသနဥာဏ် ဥာဏ်စဥ်၅ဆင့်ကို ခန္ဓာဥာဏ်ရောက် ဥာဏ်ပညာနဲ့ ပိုင်းခြားသိတဲ့ အသိဖြစ်အောင် အရင် လုပ်ရမှာပါ။
🔰 သမ္မသနဥာဏ်ရောက်မှ ဝိပဿနာဖြစ်ပြီး ဝိပဿနာလမ်းကြောင်းပေါ် စရောက်တာပါ။
ဝိပဿနာလမ်းပေါ်ရောက်ပြီဆိုမှ ဒီ သမ္မသနဥာဏ်ကနေပဲ ခန္ဓာငါးပါးအပေါ်မှာ
မဂ္ဂင်၈ပါး နဲ့ ရှုရင်း သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ အသိဥာဏ် အဆင့်ဆင့် ဆိုက်ရောက်အောင် ကြိုးစားအားထုတ်သွားရမှာပါ။
🔰 တသံသရာလုံးမှာ ပညတ်ကိုပညတ်မှန်း အမှန်မသိတော့ ပညတ်အပေါ်ကနေ အသိမှား အမှတ်မှား အယူမှားပြီး လောဘ ဒေါသ မောဟ တစ်ပါး ပါး စိတ်မှာစွဲပြီးသေရတဲ့အတွက် မပါယ်ကျရတာပါ။
🔰 မြတ်စွာဘုရားပွင့်လာမှ ပရမတ်တရားတွေ ကို သိခွင့်ရတာပါ။
ပညတ်အပေါ်မှာ ရှုနေရင် ဝိပဿနာမဖြစ်ပါ။
ဝိပဿနာမဖြစ်ရင် အပါယ် မလွတ်ပါ။
ပရမတ်အနေနဲ့ အရှိတရားက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပါ။
နိဗ္ဗာန် ဖယ်ထားပြီး စိတ် စေတသိက် ရုပ် မှာ တရားရှာရမှာပါ။
ဝိပဿနာဆိုတာ ခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရားတွေအပေါ်မှာ မဂ္ဂင်၈ပါးဖြင့် အကြောင်းအကျိုးနဲ့ စဥ်းစား ဆင်ခြင် သုံးသပ်ရတဲ့ အလုပ်ပါ။
🔰 ဓါတ်ကြီးလေးပါးမှာ ပထဝီဓါတ်တစ်လုံးရဲ့ ပျော့သဘော မာသဘော ကို သိဖို့တောင်
မဂ္ဂင်၈ပါးနဲ့ရှုမှ သိမြင်ရတာပါ။
ပထဝီတစ်လုံးသိဖို့ နဖူးဆိုတဲ့နေရာလေးကို လက်ညှိုးလေးနဲ့ထောက်ပြီး ပျော့သလား မာသလား သိနိုင်ဖို့ သေချာခံစားပြီး ကိုင်စမ်းကြည့်မှ ပျော့သဘော မာသဘော ရှိတဲ့ ပထဝီကိုတွေ့တာပါ။ | 5 |
| 6 | ဒီမှာကိုယ်တကယ်လုပ်စရာရှိတာက…
🌷🪷‘ခန္ဓာ(၅)ပါး’ ဆိုတဲ့ ရုပ်နာမ်ပရမတ် အပေါ်မှာ
🌷🪷‘မဂ္ဂင်(၈)ပါး’ နဲ့ အကြောင်းအကျိးဆင်ခြင်နေပြီဆိုရင်…
ဘုရားဟောထားတဲ့ ‘ပိဋကတ်(၃)ပုံ’ က အကုန်လုံး ဒီမှာပဲ။
တရားကတော့နာထား။
နာပြီးရင်ဖယ်ထား။
စာလာ အဝင်မခံလိုက်နဲ့။
စာက ရှုမှတ်တဲ့အခါမြင်လာမယ့်ဟာကို ဘုရားက သဘောပေါက်အောင်ဟောထားတာ။
‘စိတ်’ ဘယ်နှစ်ချက်ဖြစ်တယ်။
‘ဝိပ္ပလ္လာသ’ ဘယ်လိုဖြစ်တယ်။
‘ရုပ်’ တွေက ဘယ်နှစ်ချက်ဖြစ်တယ်ဆိုတာတွေက ဖယ်ထား။
‘နာမ်ခန္ဓာလေးပါး’ ပဲသိရမယ်။
ရုပ်(၂၈)ပါးတို့၊ စိတ်(၈၉)ပါးတို့၊ (၁၂၁)ပါးတွေကိုလဲဖယ်ထား။
သတိပဋ္ဌာန်လေးပါးတွေ ဖယ်ထား။
အားလုံးဖယ်ထား။
ဘာပဲရှုရမလဲ။
✅‘ခန္ဓာ(၅)ပါး’ ဆိုတဲ့ ရုပ်နာမ်ပရမတ် အပေါ်မှာ
✅ ‘မဂ္ဂင်(၈)ပါး’ နဲ့ပဲတရားရှုရမယ်။
#ဆရာတော်အရှင်ပညာစက္က ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ 🙏
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
🌷🌷🌷🌷🌷🌷🌷
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၂)ရက်နေ့မှာစထားတဲ့ Zoom Online (၁၀)ရက်တရားစခန်းမှဖိတ်ခေါ်ပါတယ်ရှင့်။ 🙏
Facebook page - ဗုဒ္ဓအလိုကျ ဝိပဿနာ
Telegram Link - https://t.me/AshinPyannaSekkaVideos
YouTube link -https://youtube.com/@aashinpanyarhcakk?si=aMxrVTAh6kGXwesQ
🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် (၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀Thinzar July | 6 |
| 7 | ယောဂီတစ်ယောက်ရဲ့ အလုပ်က ဥာဏ်စဉ် (၁၆)ပါးမှာ (၅)ပါးဖြစ်တဲ့…
1. ရူပပရိစ္ဆေဒဉာဏ်
2. နာမပရိစ္ဆေဒဉာဏ်
3. နာမရူပပရိစ္ဆေဒဉာဏ်
4. ပစ္စယပရိဂ္ဂဟဉာဏ်
5. သမ္မသနဉာဏ် အထိ ကိုယ်တိုင်ရှုမှတ်ရမယ်။ မရှုနိုင်ရင် ဆရာကောင်းရှာပြီး ခန္ဓာဥာဏ်ရောက်အောင်ရှုပါ။ အဲ့တာမှ ဝိပဿနာဖြစ်တယ်။
ကျန်တဲ့ ဥာဏ်စဉ် (၁၁)ပါးက ဒီ ဥာဏ်စဉ်(၅)ပါးထိ ဖြစ်တဲ့ ‘သမ္မသနဥာဏ်’ ကို ရှုရင်းရှုရင်းနဲ့ ဥာဏ်စဉ်တွေ တဆင့် တဆင့်ရောက်သွားမှာ။
(၁၆)ပါးပြည့်ရင် မဂ်ဖိုလ်ဆိုက်သွားမယ်။
🌷‘သောတာပန်’ ဖြစ်အောင်ဘယ်လိုရှုမလဲ ဇဝေဇဝါဖြစ်စရာမလိုဘူး။
ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) ပဲ ရှုရမှာ။
ဒါဆို ‘သောတာပန်’ ဖြစ်ပြီးသွားပြီ။
🌷‘သကဒါဂါမ်’ ဖြစ်အောင် ဘာရှုရမလဲ။
ဘာမှမစဉ်စားနဲ့။
ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) ကိုပဲ ဆက်ရှုရင်း ‘သကဒါဂါမ်’ ဖြစ်မှာ။
‘သကဒါဂါမ်’ ဖြစ်ပြီးသွားပြီ။
🌷‘အနာဂါမ်’ဖြစ်အောင် ဘာရှုရမလဲ။
ဇဝေဇဝါဖြစ်စရာမလိုဘူး။
ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) ) ကိုပဲ ဆက်ရှုရင်း ‘အနာဂါမ်’ ဖြစ်မှာ။
🌷‘ရဟန္တာ’ ဖြစ်ဖို့လဲ ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) မှာပဲ ရှုရမှာ။
🌿🍀ဖြစ်ပေါ်လာတဲ့ အကျိုးတရားမှန်သမျှသည် အကြောင်းကင်းကြီးဖြစ်လာတာ တစ်ခုမှမရှိဘူးလို့ မြတ်စွာဘုရားက ဟောခဲ့တာ။
🌼‘သတိ’ ကအကြောင်း ‘ဝီရိယ’ ကအကျိုး။
🌼‘သတိ’ + ‘ဝီရိယ’ (၂)ခုပေါင်း အကြောင်းကြောင့် ‘သမာဓိ’ ကအကျိုး။
🌼‘သတိ’ + ‘ဝီရိယ’ + ‘သမာဓိ’ (၃)ခုပေါင်း အကြောင်းကြောင့် ‘ပညာ’ စဉ်စားဆင်ခြင်ဥာဏ် ‘သမ္မာသက္ကပ္ပ’ ဖြစ်လာတယ်။
🌼စဉ်းစားဆင်ခြင်ရင် စကားလုံးကပါမှရတာ ‘သမ္မာဝါစာ’။
🌼 ‘သမ္မာသက္ကပ္ပ’ နဲ့ ‘သမ္မာဝါစာ’ က အပြန်အလှန်ကျေးဇူးပြုနေတာ။
🌼အဲ့တာမှ ‘သမ္မာဒိဋ္ဌိ’ ဆိုတဲ့အမှန်ကိုမြင်လာတာ။
စုပေါင်း စုပေါင်းပြီးမှ အားကောင်းလာတာ။
🌿 ‘သမ္မာဒိဋ္ဌိ’ ဖြစ်လာဖို့ ‘သမ္မာသက္ကပ္ပ’ နဲ့ ‘သမ္မာဝါစာ’ ကထောက်ပံ့ပေးနေတာ။
🌿 ‘သမ္မာသက္ကပ္ပ’ နဲ့ ‘သမ္မာဝါစာ’ ဖြစ်လာဖို့က ‘သတိ၊ ဝီရိယ၊ သမာဓိ’ ကထောက်ပံ့ပေးနေတာ။
‘သမာဓိ’ ကနောက်လိုက်ပဲ။
‘ပညာ’ ကရှေ့ကသွားနေတာ။
‘ပရမတ်’ အပေါ်မှာဆင်ခြင်နေတဲ့အတွက် စိတ်စင်ကြယ်နေတယ်။
🌼‘သမ္မာအာဇီဝ’ ‘သမ္မာကမ္မန္တ’ လဲဖြစ်နေတယ်။
🌿‘သီလဝိသုဒ္ဓိ’ ဖြစ်တော့ … ‘စိတ္တာဝိသုဒ္ဓိ’ ဖြစ်တယ်။
🌿 ‘စိတ္တာဝိသုဒ္ဓိ’ ဖြစ်တော့ ‘ဒိဋ္ဌိဝိသုဒ္ဓိ’ ဖြစ်တယ်။
🌿မဂ္ဂင်(၈)ပါးနဲ့ ရှုနေတာဟာ ‘ဝိသုဒ္ဓိ(၇)ပါးထိုက်နေတယ်။
သီးသန့်မဟုတ်ပါဘူး။
အကြောင်းအကျိုးတွေပဲ။
🌿မဂ္ဂင်(၈)ပါးကလဲ တခုနဲ့တခု အပြန်အလှန်ကျေးဇူးပြုနေတာ။
တခုစီမဟုတ်ဘူး။
မြတ်စွာဘုရားရှင်က ဒီအမှောင်မိုက်ဖုံးနေပြီး ကိလေသာဗွက်ထဲမှာ နစ်မြုပ်နေတဲ့ သတ္တဝါတွေ လွတ်မြောက်နိုင်ဖို့အတွက်
‘ရုပ်’ တွေ ‘နာမ်’ တွေကွဲပြားအောင်
ငါဘယ်လိုတရားပြရမလဲဆိုတာကို သူရဲ့
‘သဗ္ဗေညုဥာဏ်တော်ကြီး’ နဲ့ စဉ်းစားခဲ့ရတာမဟုတ်လား။
ရိုးရိုးဥာဏ်မဟုတ်ဘူးနော်။
လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပေးဆပ်ပြီးမှရခဲ့တဲ့ ‘သဗ္ဗေညုဥာဏ်တော်ကြီး’ နဲ့ လမ်းကြောင်းချပြပေးခဲ့တာ။
‘ဝိပဿနာ’ လမ်းကြောင်းကြီးကို ချပြပေးခဲ့တယ်။
🪷⭐️💫မြတ်စွာဘုရားက ‘ရုပ်နာမ်ပရမတ်’ ကို မင်းတို့ မမြင်လို့မရဘူးလို့မှာခဲ့တာ။
🪷⭐️💫‘ရုပ်နာမ်ပရမတ်’ ကို ‘မဂ္ဂင်(၈)ပါး’ နဲ့ရှုခိုင်းခဲ့တာ။
‘ဝိပဿနာ’ အားထုတ်ရင် သိအောင်လို့….
ဗောဇ္ဈဉ်(၇)ပါးတို့
ဝိသုဒ္ဓိ(၇)ပါး
ပဋိစ္စသမုပါဒ်
ပဋ္ဌာန်း
သတိပဋ္ဌာန်(၄)ပါး စတာတွေကို ရှုမှတ်တဲ့အခါသိလာအောင်လို့ ကြိုပြီးဟောပြခဲ့တာ။
🪷⭐️🌷ကိုယ်လုပ်ရမယ့်အလုပ်က ‘ခန္ဓာ(၅)ပါး’ ဆိုတဲ့ ‘ရုပ်နာမ်ပရမတ်’ ပေါ်မှာ ရှုမှတ်နေဖို့ပဲ။
ဘယ်လမ်းကြောင်းအတိုင်းလဲဆိုတော့…
🪷🍀💫ဥာဏ်စဉ်(၁၆)ပါးအတိုင်းပဲ။
ဒီ သမ္မသနဥာဏ်မှာ အကြောင်းအကျိုး နဲ့ ဆင်ခြင်နေပြီဆိုကတည်းက…
🌷 ‘ခန္ဓာ့ပဋိစ္စသမုပါဒ်’ဆိုတာဒါပဲလို့ မြင်အောင်ပြခဲ့တာ။
🌷အပြန်အလှန်ကျေးဇူးပြုနေတဲ့သဘောက…‘ပဋ္ဌာန်း’ ဆိုတာဒါပဲလို့ မြင်အောင်ပြခဲ့တာ။
🌷ဝိသုဒ္ဓိ(၇)ပါး
🌷သတိပဋ္ဌာန်လေးပါး။ ဆိုတာဒါပဲလို့ မြင်အောင်ပြခဲ့တာ။
အကြောင်းအကျိုးဆင်ခြင်နေတဲ့အချိန်ကျရင်…
ရုပ် ဖက်ကိုဆင်ခြင်လိုက်၊ နာမ်ဖက်ကို ဆင်ခြင်လိုက်၊ ဝေဒနာကိုဆင်ခြင်လိုက်၊ ဝေဒနာကနေ နာမ်ကိုဆင်ခြင်လိုက်၊ ရုပ်ကိုပြန်ဆင်ခြင်လိုက်နဲ့ ဓမ္မာနုပဿနာဆိုက်လာတာမဟုတ်လား။
အဲ့ဒီဓမ္မတွေမှာ ပုဂ္ဂိုလ်သတ္တဝါမပါဘူး။
အဲ့တာမင်းတို့ကမသိတော့ ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုပြီးဖြစ်နေကြတာမဟုတ်လားဆိုပြီး ဘုရားကဟောခဲ့တာ။
မြတ်စွာဘုရားရှင်က ဒီတရားတော်တွေကို ‘ဝိပဿနာ’ အားထုတ်တဲ့အခါ ကိုယ်တိုင်သိမြင်နားလည်လာစေဖို့ ကြိုတင်ဟောပြထားခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တကယ်အားထုတ်ရမှာက
✅’ဥာဏ်စဉ်(၁၆)ပါး’ ပဲ။
✅’ဥာဏ်စဉ်(၁၆)ပါး’ ကို နည်းမှန်စနစ်မှန် ရှုမှတ်တတ်လာတဲ့အခါမှာ…
🍀🍀အခုနက ဘုရားကြိုဟောထားတာတွေက ကိုယ်ရှုမှတ်နေတဲ့ ဥာဏ်စဉ်အောက်မှာပဲ။ မဂ္ဂင်(၈)ပါးအောက်မှာပဲ မဟုတ်လား။
✅တရားကို ချုပ်လိုက်ရင် ခန္ဓာ(၅)ပါး’ ဆိုတဲ့ ရုပ်နာမ်ပရမတ် အပေါ်မှာ ‘မဂ္ဂင်(၈)ပါး’ နဲ့ပဲတရားရှုရမှာ။
ဘာမှရှုပ်ရှုပ်ထွေးထွေးရှုပ်မနေကြနဲ့။
အဟောတွေနဲ့မရှုပ်ကြနဲ့။ | 15 |
| 8 | တရားအပြည့်အစုံ။
Day 8 - 8th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1797
Telegram Video -https://t.me/AshinPyannaSekkaVideos/1798
YouTube -https://youtu.be/hmbnOoPrCXY?is=2LsrGN3r-Q0PYUF1
Facebook -https://fb.watch/v/5wa2kCSho/?mibextid=wwXIfr
တရားပွဲမတိုင်ခင် ဖွင့်ပေးသော ပါချုပ်
ဆရာတော်ဘုရားကြီး၏
‘ဒွါယ ဝိပသနာ ရှု့ပွား နည်း’ တရားတော်
https://t.me/meditationroadmap/13
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
🍀 🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက်(၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀 Thinzar July | 30 |
| 9 | စက်တင်ဘာလတရားစခန်း အဋ္ဌမမြောက်ရက်။
Day 8 - “ပရိညာ(၃)ဖြာ” တရားတော်
“ပရိညာ(၃)ဖြာ” ဆိုတာဘာလဲ။
🍀ပရိညာ (၃)ဖြာဆိုတာ ဉာဏ်စဉ် (၁၆)ပါးကို (၃)ပိုင်းခွဲထားတာ။
🍀ဉာဏ်စဉ် (၁၆)ပါးပြည့်ရင် မဂ်ဖိုလ်
ဆိုက်ပြီ။ သောတာပန်ဖြစ်ပြီ။ (သောတာပန်အတွက်ပဲမဟုတ်ဘူး။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်တဲ့ထိ ဒီ ဉာဏ်စဉ် (၁၆)ပါးကနေပဲဆက်ရှုသွားရမှာ)
ပရိညာ(၃)ဖြာ
(၁)ဉာတပရိညာ
(၂)တီရဏပရိညာ
(၃)ပဟာနပရိညာ
ပြောလို့သာတခုစီ တကယ်တော့ အကြောင်းအကျိုးဆက်စပ်နေတယ်။
🌺‘ဉာတပရိညာ’ အကြောင်းကြောင့်…
🌺‘တီရဏပရိညာ’ အကျိုးဖြစ်ရတယ်။
🌸‘ဉာတပရိညာ’ + ‘တီရဏပရိညာ (၂)ခုပေါင်းအကြောင်းကြောင့်…
🌸‘ပဟာနပရိညာ’ အကျိုးဖြစ်ရတယ်။
🪷‘ဉာတပရိညာ’ + ‘တီရဏပရိညာ’ + ‘ပဟာနပရိညာ’ (၃)ခုပေါင်း အကြောင်းကြောင့်…
🪷အကျိုးက ‘မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်’ ဆိုက်တယ်။
အကြောင်းတရားတွေက စုပေါင်းပြီး အားကောင်းလာပြီး တွန်းပို့သွားတာ။ စုပေါင်းပြီး အလုပ်လုပ်တာ။ တခုစီကြောင့်မဟုတ်ဘူး။
အဲ့တာ ဝိပဿနာရဲ့ ထူးခြားချက်။
(၁) ဉာတပရိညာ ( ကိုယ်သိရမယ့် ရုပ်နာမ် ‘ပရမတ်’ တရားကို ခန္ဓာဉာဏ်ရောက်ပိုင်
ပိုင်နိုင်နိုင်သိတာ။ ပိုင်းခြားသိတာ)
‘ဉာတပရိညာ’ ဖြစ်ဖို့ ‘ဝိပဿနာ’ လမ်းပေါ် စတက်ရမယ်။ က၊ခ သင်သလို အခြေခံကနေစသင်ရတယ်။
1. ရူပပရိစ္ဆေဒဉာဏ်
2. နာမပရိစ္ဆေဒဉာဏ်
3. နာမရူပပရိစ္ဆေဒဉာဏ် (ခန္ဓာ၅ပါးရဲ့သဘာဝကိုသိရမယ်။)
4. ပစ္စယပရိဂ္ဂဟဉာဏ် (အကြောင်းအကျိုးနဲ့ဆင်ခြင်တဲ့ဉာဏ်)
5. သမ္မသနဉာဏ်(လက္ခဏာ ၃ပါးမြင်ရမယ်)
ဒီ (၅)ချက်ပြည့်စုံမှ ‘ဝိိပဿနာ’ ဖြစ်တယ်။
အဲ့ဒါ ‘ဉာတပရိညာ’ အဆင့်ပဲ။
ဒါဘုရားချမှတ်ထားတဲ့နည်းပဲ။
ဒီတလမ်းပဲရှိတယ်။
မြတ်စွာဘုရားကိုယ်တိုင်လဲ ဒီအတိုင်းပဲသွားရတယ်။
‘ပညတ်’ ကနေ ‘ပရမတ်’ ကို ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သား ဝိစိကိစ္ဆာစင်စင်နဲ့ကို ပိုင်းခြားသိရမှာ။
ဉာဏ်ရင့်လာရင် ….
🌿🌿🌿
(၂) တီရဏပရိညာ (ဉာတပရိညာပေါ်မှာ အကြောင်းအကျိုးနဲ့ ဆင်ခြင်သုံးသပ်ရင်းရောက်လာတာ။ ဆုံးဖြတ်ချက်ချလာနိုင်တာ။)
ဥပမာ (၁)- နဖူးလေးကို သေချာခံစားစမ်းကြည့်လိုက်တော့…
ဪ နဖူးဆိုတာ ‘ပညတ်’
ငါခုကိုင်စမ်းလို့ သိလိုက်တဲ့ မာသဘော၊ ပျော့သဘောက ‘ပထဝီ’ ဆိုပြီး သမ္မာဒိဋ္ဌိဥာဏ်နဲ့ ဆုံးဖြတ်ချက်ချလာနိုင်တာကို ‘တီရဏပရိညာ’ လို့ပြောတာ။
ဥပမာ(၂) - ဦးဇင်းလို့မြင်တယ် ‘ပညတ်’။
ယောကျာ်း၊ မိန်းမဆိုတာ ‘ပညတ်’။ တကယ့်အရှိတရားက ‘ရုပ်နဲ့နာမ်’ ပဲလို့ ဆုံးဖြတ်ချက်ချလာနိုင်တာကို ‘တီရဏပရိညာ’ လို့ပြောတာ။
ဥပမာ (၃) - ခန္ဓာ(၅)ပါးပေါ် ကနေ …
အကြောင်းတရားလေးပါး (ကံ၊စိတ်၊ဉတု၊အာဟာရ) နဲ့ဆင်ခြင်ရင်း ….
ရုပ်နာမ်ခန္ဓာ(၅)ပါးကဖောက်ပြန်ပျက်စီးနေလို့ပြုပြင် အစားထိုးနေရတာ။
ပြုပြင်ပေးပေမယ့်လဲ ကံဖြတ်ရင်သေရမှာ။
ပျက်သလောက် အစားထိုး မပြုပြင်ပေးနိုင်လို့ အိုလာရတာ၊ နာလာရတာ၊ သေလာရတာ။
ဇာတိရလာရင် ရုပ်နာမ်တွေကဖောက်ပြန်ပြီပဲ။ မဖောက်ပြန်ပါနဲ့ မပျက်ဆီးပါနဲ့လို့ပြောလို့မရဘူး။
ခန္ဓာရလာတာဟာ သေမယ့်အချိန်ကံဖြတ်မယ့်အချိန်စောင့်နေတဲ့ ခန္ဓာကြီးပါလားလို့ သိလာရတယ်။
🌷ငါ့ခန္ဓာကြီးက မုချသေရမယ် မမြဲဘူးလို့ ဆုံးဖြတ်ချက်ချလာနိုင်တာ။
🌷သေပြီးရင်လဲ မအေးသေးဘူး။ ကိုယ်ပြုထားတဲ့ကံတွေကြောင့် ခန္ဓာတွေပြန်ရကြဦးမှာလို့ ဆုံးဖြတ်ချက်ချလာနိုင်တာ။
ခန္ဓာသဘာဝကို နားလည်လာတာနဲ့ ‘ဉာတပရိညာ’ အပေါ်ကနေ ဆုံးဖြတ်ချက်ချနိုင်လာတာကို ‘တီရဏပရိညာ’ လို့ခေါ်တယ်။
🌿🌿🌿
(၃) ပဟာနပရိညာ (ဆုံးဖြတ်ချက်နဲ့အတူ ပယ်လိုက်တာ)
ဥပမာ(၁) - ‘ယောကျာ်း၊ မိန်းမ’ နေရာမှာ ‘ရုပ်နဲ့နာမ်’ ပဲရှိတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရော…
‘ပညတ်’ သုည မရှိတော့ဘူး။ ‘ပရမတ်’ ကိုဆိုက်သွားပြီ။
‘ပညတ်’ နေရာမှာ ‘ပရမတ်’ ကိုအစားထိုးလိုက်တာ မဟုတ်လား။
‘ပညတ်’ ကပယ်ပြီးသားဖြစ်သွားပြီမဟုတ်လား။
အဲ့ဒါကို ‘ပဟာနပရိညာ’ လို့ခေါ်တယ်။
ဥပမာ (၂) - ငါ့ခန္ဓာကြီးက မုချသေရမယ် မမြဲဘူးလို့ ဆုံးဖြတ်ချက်ချလာနိုင်တာနဲ့ အတူတူ…
🌷မမြဲဘူးလို့မြင်တာနဲ့ မြဲတယ်လို့ထင်ထားတဲ့ ‘သဿတဒိဋ္ဌိ’ ကို ပယ်ပြီးသားဖြစ်သွားတာမဟုတ်လား။
သေပြီးရင်လဲ မအေးသေးဘူး။ ကိုယ်ပြုထားတဲ့ကံတွေကြောင့် ခန္ဓာတွေပြန်ရကြဦးမှာလို့ ဆုံးဖြတ်ချက်ချလာနိုင်တာ။
🌷ပြတ်ဆဲတယ်ဆိုတဲ့ ‘ဥစ္ဆေဒဒိဋ္ဌိ’ ကပယ်ပြီးသားဖြစ်သွားတာမဟုတ်လား။
‘အမှား’ နေရာမှာ ‘အမှန်’ အစားထိုးသွားတာ။ ပယ်လိုက်ရတာမရှိဘူး။
‘အသိမှား၊ အမှတ်မှား၊ အယူမှား’နေရာမှာ
‘အသိမှန်၊ အမှတ်မှန်၊ အယူမှန်’ အစားထိုးသွားတာ။
🌼’ဉာတပရိညာ’ မှမပိုင်နိုင်ထားရင် ဘယ်နည်းမှ ဝိပဿနာ မဟုတ်တော့ဘူး။
🌼 ’ဉာတပရိညာ’ ရုပ်နာမ်ပရမတ်တွေရဲ့ သဘာဝတရားကို မသိထားရင် ဆုံးဖြတ်တွေမချနိုင်ဘူး၊ မပယ်နိုင်ဘူး။
ဆရာတော်အရှင်ပညာစက္က ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားထပူဇော်ထားပါသည်။
🌷🌷🌷🌷🌷🌷🌷
ဒီနေ့က တရားစခန်း နဝမမြောက်
ရက်လေးပါရှင်။ 🙏
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷
ဆရာတော်အရှင်ပညာစက္က၏ စက်တင်ဘာလ (၈)ရက်နေ့ တရားစခန်း အဋ္ဌမရက်။ | 31 |
| 10 | 🪷သီလစင်ကြယ်လို့ စိတ်စင်ကြယ်တယ်။
🪷စိတ်စင်ကြည်လို့ အမြင်စင်ကြယ်တယ်
🪷အမြင်စင်ကြယ်လို့ ကိုယ် တသံသရာလုံးမသိခဲ့တဲ့ ‘ပထဝီ’ တလုံး ပရမတ်ကို သိသွားရတာ။
ဒီ ‘ပရမတ်’ ကိုသိတဲ့အသိသည် ‘မဂ္ဂင်(၈)ပါး’ ကြောင့်သိသွားတာမဟုတ်လား။
ဒါဘုရားပြောတဲ့ မဂ္ဂင်ပဲ။
သီလ၊ သမာဓိ၊ ပညာ တပြိုင်ထဲဖြစ်နေတာ။
🌻‘သီလ’ စင်ကြယ်မှ ‘သမာဓိ’ စင်ကြယ်မှာ။
🌻သီလ + သမာဓိ စင်ကြယ်မှ ‘အမြင်’
စင်ကြယ်ပြီး ‘ပညာ’ ဖြစ်တာ။
🍀’သဟဇာတ’ သဘော၊ ‘အညမည’ သဘောတွေပဲမဟုတ်လား။
🍀တခုစီမဟုတ်ဘူး။ အကြောင်းအကျိုးတွေချိတ်ဆက်နေတယ်။
‘ပရမတ်’ ကိုဆင်ခြင်နေတဲ့ချိန် ‘ကုသိုလ်’၊ ‘အကုသိုလ်’ မပါဘူး။ ‘လောဘ၊ ဒေါသ’ မပါဘူး။
ဘာလို့လဲ… မဂ္ဂင်(၈)ပါးနဲ့ရှုမှတ်နေလို့။ မဂ္ဂင်(၈)ပါးထိုက်နေလို့။
ပညတ်ပေါ်ရောက်ရင် ‘လောဘ၊ ဒေါသ’ ပါလာတော့မှာ။
ဒီတရားက နားထောင်ထားဖို့ နားထောင်ယုံလေးပဲ မဟုတ်ဘူးနော်။
☀️🍀✨⭐️ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့နော်။
✅ဒါမှ ဝိစိကိစ္ဆာစင်မှာ။ ကိုယ်သိတဲ့ အသိအပေါ် ယုံကြည်ချက်ရှိမယ်။
#ဆရာတော်အရှင်ပညာစက္က ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ 🙏
မဂ္ဂင်(၈)ပါးဆိုတာဘာလဲ
မဂ္ဂင်(၈)ပါးထိုက်အောင် ဘယ်လိုရှုမလဲ။
(၁၃ မိနစ်စာ) Video ဖိုင်
https://fb.watch/Fvc-uxKcFR/?mibextid=wwXIfr&fs=e
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၂)ရက်နေ့မှာ Zoom Online (၁၀)ရက်စခန်း စထားပါတယ်ရှင့်။ 🙏
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။ 🙏
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
Facebook page - ဗုဒ္ဓအလိုကျ ဝိပဿနာ
Telegram Link - https://t.me/AshinPyannaSekkaVideos
YouTube link -https://youtube.com/@aashinpanyarhcakk?si=aMxrVTAh6kGXwesQ
🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် (၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀 Thinzar July 🌹 | 65 |
| 11 | မဂ္ဂင်(၈)ပါးထိုက်အောင် ဘယ်လိုရှုမလဲ။
တသံသရာလုံးမှာ ‘ပညတ်’ ကိုစွဲခဲ့လို့ အပါယ်ကျပြီး သံသရာတွေလည်နေရတာ။
‘ပရမတ်’ ကိုမသိပဲ အပါယ်မလွတ်နိုင်ဘူး။
ဒါကြောင့် ‘ပရမတ်’ ကို ရှုရမယ်။
‘ပရမတ်’ ကိုဘာနဲ့ရှုရမလဲ။
မဂ္ဂင်(၈)ပါးနဲ့ရှုရမယ်။
မဂ္ဂင်(၈)ပါးလမ်းကလွဲ၍ ဘယ်အယူဝါဒမှ
‘သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရား’ မဖြစ်နိုင်ဘူး။
အပါယ်၊ သံသရာ လွတ်ချင်ရင်
🪷မဂ္ဂင်(၈)ပါးနဲ့
🪷ပရမတ် ပေါ်မှာရှုရမယ်။
🌷 မဂ္ဂင်(၈)ပါးနဲ့ရှုမှ ‘ပရမတ်’ မြင်နိုင်တယ်။
🌷 ’ပရမတ်’ ပေါ်မှာရှုမှလဲ မဂ္ဂင်(၈)ပါးထိုက်တယ်။
ဥပမာ - နဖူးလေးကို သေချာလေး…. နှလုံးသွင်းပြီး. အသာလေး ဖိခံစားကြည့်လိုက်ရင်…
‘ပျော့’ သဘောလေးတွေ့တယ်။
ဖိလိုက်ရင် ‘မာ’ သဘောကိုသိတယ်။
အဲ့တာ မဂ္ဂင်(၈)ပါးနဲ့မှ သိရတာ။
‘ပျော့’ တယ်လို့သိတဲ့ ‘ခံစားချက်’ လေးကိုကြည့်လိုက်။
အဲ့ဒီ ခံစားချက်ကလေးကို ‘သတိ’ မရှိပဲ သိနိုင်မလား။
- မသိနိုင်ပါဘူးဘုရား။
🍀(၁) ‘သမ္မာသတိ’
ဦးဇင်းက သေချာ ‘ခံစားနော်’ လိုပြောလိုက်ရင် ပိုပြီး ဂရုမစိုက်လိုက်ဘူးလား။
- စိုက်လိုက်ပါတယ်ဘုရား။
အဲ့ဒီ ‘သတိ’ အပေါ်ကနေ ‘ဝီရိယ’ ထပ်
တင်လိုက်တာ မဟုတ်လား။
🍀 (၂) သမ္မာဝါယမ
‘သတိ’ ရယ် ‘ဝီရိယ’ ရယ်ရဲ့ ‘ပျော့’ တယ်လို့ခံစားတဲ့ စိတ်လေးက အပြင်ထွက်လား။
- မထွက်ပါဘူးဘုရား
တခြားအတွေးရောဝင်လား။
- မဝင်ပါဘူးဘုရား။
ခံစားနေတဲ့စိတ်က ဒီနားမှာပဲရှိတာမဟုတ်လား။
အဲ့တာ ‘ခဏိက သမာဓိ’ ပေါ့။
🍀(၃) ‘သမ္မာ သမာဓိ’
အဲ့ဒီ သိနေတဲ့ ‘သတိ’လေးမှာရော တခြားစိတ်ရှိလား။ လောဘစိတ်၊ဒေါသစိတ်၊ အကုသိုလ်စိတ်ရှိလား။
- မရှိပါဘုရား
ဝီရိယ ထပ်စိုက်လိုက် သေချာခံစားကြည့်လိုက်ဆိုတဲ့ စိတ်မှာရော… သူများကို ခိုးမယ်၊ သတ်မယ်၊ လုမယ်၊ ရိုက်မယ် ဆိုတဲ့စိတ်ရှိလား။အကုသိုလ်စိတ်ရှိလား။
- မရှိပါဘုရား။
‘သတိ’ မှာလဲသန့်ရှင်းနေတယ်။
‘ဝီရိယ’ မှာလဲသန့်ရှင်းနေတာပဲမဟုတ်လား။
‘ခဏိက သမာဓိ’ စိတ်မှာလဲ သန့်ရှင်းနေတယ်။
(ဒိဌိဝိသုဒ္ဓိ ၊ စိတ္တာဝိသုဒ္ဓိ) ဖြစ်နေတာမဟုတ်လား။
{ဝိသုဒ္ဓိ၇ပါးသိရင် ဒီမှာ ဉာဏ်လေးထည့်လိုက်ရင်ပိုရှင်းတယ်)
သတိ၊ ဝီရိယ၊ သမာဓိ ရှိနေတော့ စိတ်ထဲက မဆင်ခြင်ဘူးလား။
ဪ… အသားဆိုတော့ ‘ပျော့’ သဘောရှိတယ်။
(အသားပေါ်ဆိုတော့ ပျော့သဘောရှိတယ်လို့ပြောပေမယ့် စကားလုံးပညတ်သာသုံးပေမယ့် …စိတ်ရဲ့သဘာဝကိုကြည့်လိုက်… ခံစားမှုပေါ်မှာပဲ စိတ်လေးကတည်နေတာ၊ ပျော့သေဘာကို ခံစားလို့သိနေတဲ့ အသိလေးမှာပဲ စိတ်လေးက ငြိမ်ပြီး သိနေတဲ့အသိလေးပဲရှိတယ်။ နှလုံးသွင်းကြည့်)
ဪ… ပျော့ သဘောပဲရှိပါလား။
ဖိကြည့်လိုက်တော့ အရိုးထောက်မိတော့ မာသဘောပဲရှိပါလား။
ဒါဆိုနဖူးဆိုတဲ့နေရာမှာ ဘယ်လိုပဲလိုက်စမ်းစမ်း ပျော့သဘောနဲ့ မာသဘောပဲရှိပါလား…ဆိုတာကို ဉာဏ်ထဲကနေ မဆုံးဖြတ်နေဘူးလား။
- ဆုံးဖြတ်နေပါတယ်ဘုရား။
အဲ့စိတ်ထဲမှာ လောဘစိတ်၊ဒေါသစိတ်၊ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ရှိလား။
- မရှိပါဘုရား။
မရှိဘူးအားလုံးစင်ကြယ်နေတယ်။
ဒါဆိုရင်…
စဉ်စားဆင်ခြင်နေတာ
🍀 (၄) ‘သမ္မာသင်္ကပ္ပ’
စဉ်စားဆင်ခြင်တဲ့အခါ စကားလုံးမပါပဲစဉ်စားဆင်ခြင်လို့ရလား။
- မရပါဘုရား။
စကားလုံးမပါပဲ စဉ်းစားကြည့်ကြည့်၊ ပညတ်မပါပဲစဉ်းစားကြည့်ကြည့်၊ ရလား။
- မရပါဘုရား။
မရဘူး။ ဒါဆိုကိုယ်သုံးနေတဲ့စကားလုံးကိုပြန်ကြည့်လိုက်၊ သူများကိုဆဲတာ (ဖရုသဝါစာ) ပါလား။ ခိုးမယ်၊လိမ်မယ်၊ သတ်မယ် တို့စကားလုံးပါလား။
- မပါပါဘူးဘုရား။
ပျော့သလား၊ မာသလားဆိုတဲ့ စကားလုံးမှာ အကုသိုလ်ပါလား။
- မပါပါဘူးဘုရား။
ဒီစကားလုံးက မသန့်ရှင်းနေဘူးလား။
🍀 (၅)‘သမ္မာ ဝါစာ’ မဟုတ်လား။
‘သမ္မာ ဝါစာ’ မပါပဲ ‘သမ္မာသင်္ကပ္ပ’ မဖြစ်
ဘူး။
ငါတို့က နဖူးလို့ထင်တာ၊ တကယ်က မာသဘော၊ ပျော့သဘောပဲရှိတာပဲ…
ခေါင်းလို့ထင်နေတာတကယ်က မာသဘော၊ ပျော့သဘောပဲရှိတာပဲ..
မာသဘော၊ ပျော့သဘောကိုဘုရားပ ‘ပထဝီ’ လိုပြောတာပဲ…
ဒါဆိုရင် ငါတို့ ခေါင်းလို့သိတာက ‘သမုဒိသစ္စာ’ အသိ၊
အခုဘုရားပြောတဲ့ ပထဝီမာသဘော၊ ပျော့သဘော အသိက ‘ပရမတ်’ အသိပါလား။
ဒါဆိုရင်… ‘ခေါင်း’ ဆိုတာက ‘ပညတ်’
အခုခံစားသိနေတဲ့ မာသဘော၊ ပျော့သဘော အသိက ဘုရားမြင်စေချင်တဲ့ ’ပထဝီ’ ‘ပရမတ်’ ပါလား။
ဒီလိုခွဲခြားပြီးသိသွားပြီး
ဆုံးဖြတ်ချက်ချနိုင်တာမလား။
ဆုံးဖြတ်ချက်ချနိုင်တာ🍀(၆) ‘သမ္မာဒိဋ္ဌိ’ မဟုတ်လား။ အယူမှန်မှရမှာမဟုတ်လား။
(၆)ပါးရှိနေပြီနော်။
ဆုံးဖြတ်ချက်ချနိုင်သွားလို့ ဒီအလုပ်တခုပြီးသွားပြီ၊ ဒီအလုပ်တခုပြီးသွားလို့ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ ‘သမ္မာအာဇီဝ’ ကျမကျကြည့်။
🌹ခိုးဖိုး၊ တိုက်ဖို့၊ လုဖို့ပါလား။
🌹လောဘ၊ ဒေါသပါလား။
🌹ကံ ၅ပါးကျူးလွန်တာပါလား။
- မပါပါဘူးဘုရား။
🪻ပုဂ္ဂိုလ်၊ သတ္တဝါ ပညတ်လဲမပါဘူး။
🪻လောဘ၊ ဒေါသ၊ မောဟလဲ မပါဘူး။
🪻ကုသိုလ်၊ အကုသိုလ်လဲ မပါဘူး။
🍀 (၇) ‘သမ္မာအာဇီဝ’ ကျနေတာမဟုတ်လား။
ကိုယ်စိတ်ကူးနဲ့ လုပ်ကိုင်ကြံစည်နေတာက မစင်ကြယ်နေဘူးလား။
- စင်ကြယ်နေပါတယ်ဘုရား။
ဒီလိုဖြစ်မြောက်ဖို့အတွက် ကြံစည်
လုပ်ဆောင်နေတာ..
🍀(၈) ‘သမ္မာကမ္မန္တ’ ပဲမဟုတ်လား။
မဂ္ဂင် (၈)ပါး။
✅8 in 1 (၈ပါးပေါင်းမှ အသိတခုဖြစ်တာ)
❌မဂ္ဂင် ၅ပါး၊ ၆ပါးပဲရှုတယ်ပြောရင်မှားတယ်
‘ပရမတ်’ ပေါ်မှာဆင်ခြင်မှ မဂ္ဂင်ထိုက်တယ်။
‘မဇ္စျိမပဋိပဋာ’ ဖြစ်နေတယ်။
‘ပရမတ်’ ပေါ်မှာ မဟုတ်ရင် လောဘ၊ ဒေါသ ၊ အကုသိုလ် ပါလာပြီ။ | 46 |
| 12 | ‘ဝိပဿနာ’ အားထုတ်တယ်ဆိုတာ….
🪷‘ခန္ဓာငါးပါးရုပ်နာမ်ပရမတ်တရား’ တွေအပေါ်မှာ…
🪷‘မဂ္ဂင်(၈)ပါး’ နဲ့
🪷အကြောင်းအကျိုး စဥ်းစားဆင်ခြင် သုံးသပ်ရတဲ့အလုပ်ပဲ။
🍀‘ပရမတ်’ ကိုသိလာမှ…
🍀‘ပညတ်’ ၊ ‘ပရမတ်’ ခွဲခြားနိုင်ပြီး…
✅‘ပညတ်’ အပေါ်မှာဖြစ်နေတဲ့ “အသိမှား၊ အမှတ်မှား၊ အယူမှား” နေရာမှာ….
✅‘ပရမတ်’ အသိအစားထိုးသွားတဲ့အတွက် “အသိမှန်၊ အမှတ်မှန်၊ အယူမှန်” ဖြစ်သွားပါ။
🌷🌷🌷🌷🌷🌷
ဒီနေ့က တရားစခန်း အဋ္ဌမမြောက်
ရက်လေးပါရှင်။ 🤗🙏
တရားပွဲမတိုင်မှီဖွင့်ပေးတဲ့ ပါချုပ်ဆရာတော်ကြီး တရားတွေ နာပေးပါ။
ဉာဏ်သွက်ပြီး အကျိုးရှိစေမှာပါရှင်။
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
Day 7 - 7th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1791
Telegram Video -https://t.me/AshinPyannaSekkaVideos/1792
YouTube -https://www.youtube.com/live/YS6xjplXO84?is=PxU-z8RF-vQshRvm
Facebook -https://fb.watch/v/53wUOV7qX/?mibextid=wwXIfr
🌷🌷🌷🌷🌷🌷
Day 7- တရားပွဲမတိုင်ခင် ဖွင့်ပေးသော ပါချုပ်ဆရာတော်ဘုရားကြီး၏
‘ရှင်ရာဟုလာ၏ ဘဝနှင့် မြတ်ဗုဒ္ဓ ၏ အဆုံးအမ’ တရားတော်
YouTube
https://youtu.be/yVi_XaKcgUg?si=GdQaQj5OF7h2YBE7
Telegram
https://t.me/meditationroadmap/14
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
🍀 🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် (၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀Thinzar July 🌹 | 31 |
| 13 | စက်တင်ဘာလတရားစခန်း သတ္တမရက်။
Day 7 - တရားအနှစ်ချုပ်။
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အပါယ်ဘေး၊ သံသရာဘေးကလွတ်ချင်ရင် ဥာဏ်စဉ်(၁၆)ပါးဆိုတဲ့ ဒီလမ်းကြောင်း တကြောင်းပဲရှိတယ်။ 🍀✨
🌿✨ဥာဏ်စဥ်(၁၆)ပါးမှာ အခြေခံဖြစ်တဲ့….
🪷‘ရူပပရိစ္ဆေဒဥာဏ်’၊(Day 1)
🪷‘နာမပရိစ္ဆေဒဥာဏ်’ (Day 2)
🪷‘နာမရူပပရိစ္ဆေဒဥာဏ်’ (Day 3)
🪷‘ပစ္စယပရိဂ္ဂဟဥာဏ်’ (Day 4)
🪷‘သမ္မသနဥာဏ်’ (Day5,6) အထိခန္ဓာဥာဏ်ရောက်ပိုင်းခြားသိမှ ‘ဝိပဿနာ’ လမ်းကြောင်းပေါ်ရောက်တာ။ ‘ဝိပဿနာ’ ဖြစ်တာ။
🌿✨ ‘သမ္မသနဥာဏ်’ ရောက်ဖို့ဆိုတာ ကိုယ်တိုင်ရောက်အောင်ကျင့်ကြံနိုင်ရင် ကျင့်ကြံ။ မကျင့်ကြံနိုင်ရင် ဒီဥာဏ်ကိုရောက်အောင်ပို့ပေးနိုင်တဲ့ ဆရာကောင်းလိုတယ်။
🌿✨မနေ့ကထိ Day6 ထိ ဝိပဿနာဖြစ်အောင်ပို့ပေးထားပြီ။ ကျန်တာကိုယ့်တာဝန်ပဲကျန်တော့တာ။ ကိုယ်ကဆက်အားထုတ်ရမယ်။
🌿✨ဒါကိုအားထုတ်ပြီးမှ မရှင်းတာကို ဆရာကလမ်းပြပေးရမှာ။
(အားမထုတ်ပဲ သုတအသိနဲ့ တမေးထဲမေးလို့ကတော့ အကျိုးမရှိဘူး။ အားထုတ်ပြီး မရှင်းတဲ့အခါ မေးရမယ်။ မေးမှလမ်းပြပြီး ဟိုဖက်ကမ်းကို ပို့ပေးလို့ရမှာ။)
✨🌿’ခန္ဓာငါးပါး’ အပေါ်မှာ ‘မဂ္ဂင်၈ပါး’ နဲ့ အကြောင်းအကျိုးဆင်ခြင်ရင်း ‘သဘာဝလက္ခဏာ’ ကနေ ‘သာမညလက္ခဏာ(၃)ပါး’ ကိုတွဲမြင်လာမှာပါ။
🌼‘သာမညလက္ခဏာ’ ကိုအတင်းမြင်အောင်ကြည့်ရမှာမဟုတ်ဘူး။
🌼‘သဘာဝလက္ခဏာ’ ကိုရှုမှတ်ရင်းနဲ့ပဲ ဥာဏ်က ‘သာမညလက္ခဏာ’ ကိုဆိုက်လာမှာ။
🌼သဘာဝလက္ခဏာ = ရုပ်နာမ်ပရမတ်တရားတွေရဲ့ ဖြစ်စဉ်သဘာဝတွေကို အကြောင်းအကျိုးနဲ့ဆက်စပ်မြင်တဲ့ဉာဏ်။ (Day 1 to 4)
🌼သာမည လက္ခဏာ (၃)ပါး (Day 5,6) ဆိုတာ…
🌹အနိစ္စ လက္ခဏာ
🌹ဒုက္ခ လက္ခဏာ
🌹အနတ္တ လက္ခဏာ
(‘သာမညလက္ခဏာ’ ဆိုတာ ရုပ်နာမ်ပရမတ်တွေရဲ့ ဖြစ်စဉ်သဘာဝ
မမြဲတဲ့သဘော ၊ ဆင်းရဲနေတဲ့သဘော…
ဒီမမြဲ ဆင်းရဲနေတဲ့ (အနိစ္စ၊ ဒုက္ခ)သဘောက ဘယ်ဖန်တီးရှင် ဘယ်တန်ခိုးရှင်မှ ပြုလုပ်ထားတာမဟုတ်ဘူး။ ဒါတွေဟာခန္ဓာရလာရင် ခန္ဓာ့သဘာဝလို့သိလာတဲ့ ‘အနတ္တဉာဏ်’)
✨🌿‘ခန္ဓာ(၅)ပါးပရမတ်တရား’ ပေါ်မှာ ‘မဂ္ဂင်(၈)ပါး’ နဲ့ရှုမှတ်ရမယ့်နည်း ဒီ တနည်းပဲရှိတယ်။
ကျန်တဲ့နည်း ဘာနည်းမှ မရှိဘူး။
‘မဂ္ဂင်(၈)ပါး’ နဲ့ပဲ မဂ်ဖိုလ်ဆိုက်တာ။
ဒီ ‘သမ္မသနဥာဏ်’ မှာပဲ အားထုတ်သွားရင် ‘ရဟန္တာ’ အထိ ဖြစ်မယ်။
မဂ္ဂင်(၈)ပါးနဲ့…
🌷အကြောင်းအကျိုးဆင်ခြင်နေကတည်းက ‘ပဋိစ္စသမုပါဒ်’ မလွတ်ဘူး။
🌷 အကြောင်းအကျိုးဆင်ခြင်ပြီဆိုကတည်းက ‘ပဋ္ဌာန်း’ ကပါပြီးသား။
🌷 ‘ပဋိစ္စသမုပါဒ်’ ရယ် ‘ပဋ္ဌာန်း’ရယ်ကို ခန္ဓာမှာ ဆင်ခြင်နေပြီ ဆိုကတည်းက
‘သတိပဋ္ဌာန်(၄)ပါး’ ပါပြီးသား။
🌷’ခန္ဓာ(၅)ပါး’ ကို အကြောင်းအကျိုးနဲ့ဆင်ခြင်ပြီဆိုကတည်းက ‘ဗောဇ္ဈင်(၇)ပါး’ ကပါပြီးသား။
🌷 ခန္ဓာ(၅)ပါး ‘ပရမတ်’ တရားကို ဥာဏ်ထဲကနေမြင်ပြီဆိုကတည်းက ‘ဝိသုဒ္ဓိ(၇)ပါး’ ဆိုက်ပြီးသားပဲ။
ဟိုနည်း၊ ဒီနည်း လို့ပြောနေတာတွေက မမှန်ဘူး။ သူ့နည်း ငါ့နည်းနဲ့ တနည်းစီလိုဖြစ်နေတာလေ။
✨🌿တကယ်တမ်းကျတော့ ရှုမှတ်မှု ဥာဏ်အောက်မှာပဲ အကြောင်းအကျိုးတွေ ဆက်စပ်ပြီး ဥာဏ်ကမြင်သွားတာမဟုတ်လား။
မြတ်စွာဘုရားခိုင်းထားတာက…
✅“ခန္ဓာ(၅)ပါးမှ တရားရှာ” ခိုင်းတာ။
ဘာနဲ့ ရှာမလဲ❓
✅“မဂ္ဂင်(၈)ပါး” နဲ့ ရှာရမယ်။
ဒါပဲ။
✨🌿ကိုယ်ကတရားအားထုတ်ပြီးရင် သိလာတဲ့ အသိတရား၊ အသိဥာဏ်တွေကို ဘုရားဟောနဲ့ ညီမညီ ပြန်စစ်ရတယ်။
❌ငါသိမှာ ငါမှန်တယ် ဆိုပြီး လုပ်လို့မရဘူးနော်။ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့မရဘူး။
✨🌿ဘုရားအဆုံးအမ နဲ့ ဆုံးဖြတ်မှရတယ်။
(Day 7-10) က ကိုယ့်ဟာကိုယ်စစ်နိုင်ဖို့အတွက် ဘုရားဟောနဲ့ညီမညီ ကိုယ်လုပ်ခဲ့တဲ့ အလုပ်အပေါ်ကနေ ဦးဇင်းက ပြန်သုံးသပ်ပေးမယ်။
ကိုယ်က ပြန်သုံးသပ်ရမယ်။
✨🌿‘ပရမတ်’ အနေနဲ့က ‘စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်’
‘စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်’ ကလွဲလို့ ကျန်တာအားလုံးက ဘာလဲ…
✨🌿‘ပညတ်’ပဲ။
✨🌿‘နိဗ္ဗာန်’ ကိုခဏဖယ်ထား။ ‘နိဗ္ဗာန်’ က ‘စိတ်၊ စေတသိတ်၊ ရုပ်’ ကိုရှုရင်းနဲ့မြင်လာမှာ။
‘ဝိပဿနာ’ လမ်းပေါ်ရောက်ဖို့ အခြေခံ ‘ဥာတပရိညာ’ အပိုင်းကိုဖြတ်ကျော်ရပါတယ်။
🌺ဉာတပရိညာ = ကိုယ်သိရမယ့် ရုပ်နာမ် ‘ပရမတ်’ တရားကို ခန္ဓာဉာဏ်ရောက်ပိုင်
ပိုင်နိုင်နိုင်သိတာ။ ပိုင်းခြားသိတာ။
🌺မြတ်စွာဘုရားမပွင့်ခင် ‘ပညတ်စွဲ’ နဲ့ သံသရာကြီးမှာ ‘လောဘ၊ ဒေါသ၊ မောဟ’ တွေနဲ့ ‘ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ’ ဆိုပြီး ‘ပညတ်’ အပေါ်မှာ ဖြစ်နေကြတာမဟုတ်လား။
🌹တသံသရာလုံးက ‘ပညတ်စွဲ’ နဲ့ ကျင်လည်ပြီး အပါယ်တွေကျ၊ သံသရာတွေလည်နေရတာ။
ဘယ်ပေါ်မှာ စွဲနေတာလဲ။
✅‘ပညတ်’ အပေါ်မှာ ‘စွဲ’ နေတာ။
✅“အစွဲ” ကြောင့် လည်နေတာ၊ အပါယ်
ကျနေတာ။
✅’စွဲလန်းမှု’ ကြောင့် ‘ဥပါဒါန်’ ဖြစ်နေတာ။
🌺မြတ်စွာဘုရားက ဗောဓိပင်အောက်မှာ ‘ပရမတ်’ ကို ရှာဖွေတွေ့ရှိသွားတာ။ အပါယ်ဘေး၊ သံသရာဘေးကလွတ်သွားတာဟာ ‘ပညတ်’ နေရာမှာ ‘ပရမတ်’ ကိုအစားထိုးလို့လွတ်သွားတာ။
🌼✨‘ပရမတ်’ တရားကိုသိမှ ယောဂီတယောက်ကို အပါယ်ဘေး၊ သံသရာဘေးကလွတ်အောင် လုပ်ပေးနိုင်မှာ။ အပါယ်ဘေး၊ သံသရာဘေးကလွတ်ချင်ရင် ‘ပရမတ်’ ကိုသိမှရမယ်။
‘ပရမတ်’ စစ်စစ်ကိုသိမှ ‘ဥပါဒါန်’ ပြုတ်မှာ။
အဲ့တာ ဘုရားရဲ့ ရည်ရွယ်ချက်ပဲ။ | 36 |
| 14 | ထပ်ပြီး….
ရုပ်လုပ်လိုက်တာကို …
🌺“ဝိညာဏက္ခန္ဓာ” နဲ့ 🌺“ဝေဒနက္ခန္ဓာ” က ခံစားသိတယ်။
🌺“သညာက္ခန္ဓာ”က ရေနဲ့ထပ်သစ်ရမယ်လို့သူမှတ်ထားတာကိုဖော်ပေးတော့…
🌺“သင်္ခါရက္ခန္ဓာ”က ရုပ်ကိုလှမ်းစေ့ဆော်
တယ်။
🌸ရုပ်က ရေနဲ့ထပ်သစ်။
✅ ဟော…ရုပ်အကြောင်း နာမ်အကျိုး။
✅နာမ်အကြောင်း ရုပ်အကျိုး။
မျက်နှာလေးတချက်သစ်တာတောင် …
🍀ရုပ်အကြောင်း နာမ်အကျိုး။
🍀’နာမ်’ အကြောင်း၊ ‘ရုပ်’ အကျိုးတွေ တရစပ်် ရှုပ်ရှက်ခတ်နေအောင် အပြန်အလှန် ကျေးဇူးပြုနေကြပါလား။
ရုပ်ဖြစ်တာနဲ့ နာမ်က တန်းသိ တန်းခံစားပြီးသား၊ တထပ်ထဲပါလားလို့မြင်လာပါတယ်။
လမ်းလျှောက်ရင်လဲ…
🌸ရုပ်ကခြေထောက်ကြွလိုက်တာကို…
🌺’သင်္ခါ ရက္ခန္ဓာ’ ကညွတ်၊ ‘ဝေဒနာ’ ကခံစားသိ၊ ‘သညာ’ က နောက်တဖက်လှမ်းခိုင်း။
🌸ရုပ်က နောက်တဖက်လှမ်း။
🌺ရုပ်လှမ်းလိုက်တာကို နာမ်က ‘သိ’ ‘သညာ’ ကနောက်တဖက်ထပ်လှမ်းခိုင်းတော့ ‘သင်္ခါရ’ က ရုပ်ကိုစေ့ဆော်…
🌸ရုပ်ကနောက်တလှမ်းလှမ်း။
နာမ်အလုပ်လုပ်ရာမှာ ‘ဝေဒနာက္ခန္ဓာ’ လေးက ပါပြီးသား။
🌷‘သညာ’ ပေါ်လာရတဲ့ အကြောင်းက ‘ဝေဒနာ’ ခံစားလိုက်မှုကြောင့်။
🌷‘ဝေဒနာ’ပေါ်လာရတဲ့ အကြောင်းက ‘ သင်္ခါရ’ ရဲ့ စေ့ဆော်မှုကြောင့်။
🌷‘ဝိညာဏက္ခန္ဓာ’ လေးကတော့ ညွတ်တာနဲ့ သိပြီးသားပေါ့။
နာမ်ခန္ဓာလေးပါးတောင် အကြောင်းအကျိုးတွေချိတ်ဆက်နေတာ မြင်လာရပါတယ်။
🌹မှတ်ထားရမှာလေးက ‘ခံစားမှု’ အပေါ်ကနေမှ ‘မှတ်သားမှု’ ဖြစ်တာ။
🌹’ခံစားမှု’ မတူရင် ‘မှတ်သားမှု’ မတူဘူး။
ဘာလုပ်လုပ်သတိထား ဆင်ခြင်လိုက်ရင်…
ရုပ် ဖြစ်တာကို နာမ်ကသိ။
နာမ်က ရုပ်ကိုပြန်ခိုင်း ထလုပ်။
ရုပ်လုပ်တာကို နာမ်က ပြန်သိ။
နာမ်က ရုပ်ကိုပြန်ခိုင်း။
ရုပ်နဲ့နာမ် အပြန်အလှန် ကျေးဇူးပြုနေတဲ့ သဘောပဲရှိတာကို ပိုပိုမြင်လာရပါတယ်။
ဒီလိုသဘောတရားတွေကို
သွားတိုက်၊ အိမ်သာတက်၊ ရေချိုး၊
သွားလာ၊ ထမင်းစားအချိန်တိိုင်းဆင်ခြင်နေရင် ‘ရုပ် နဲ့ နာမ်’ ရဲ့ အကြောင်းအကျိုးချိတ်ဆက်နေတဲ့ သဘာဝတရားကို ပိုပိုမြင်လာရပါတယ်ရှင်။
နာမ်ခန္ဓာလေးပါး မပါဝင်ရင် ရုပ်ကမရွေ့ဘူးဆိုတာလဲ မြင်လာရပါတယ်ရှင်။
✅‘နာမ်’ ခိုင်းသမျှ ‘ရုပ်’ ကသရုပ်ဆောင်နေရတာ ပေါ်လွင်လာမှာပါရှင်။ 🙏
(Day 1-4 ကို ပိုင်နိုင်မှ Day 5-6 ကိုဉာဏ်ကအလိုလိုလှည့်မှာပါရှင်။)
မဟုတ်ရင် ဆင်ခြင်တဲ့အခါ ရင်ထဲကနေ တကယ်ခံစားပြီး လက်ခံတဲ့အသိမဟုတ်ပဲ အတွေးသက်သက်သာဖြစ်နေမှာမို့ပါရှင့်။
ဒါကြောင့် ဘုန်းဘုန်းမှာတဲ့အတိုင်း ပေါ့ပေါ့မလုပ်ကြပါနဲ့လို့ မေတ္တာ၊ ဂရုဏာရှေ့ထားပြီး တိုက်တွန်းလိုက်ပါတယ်ရှင်။ 🙏
🌷🌷🌷🌷🌷
ဒီနေ့က တရားစခန်း သတ္တမမြောက်
ရက်လေးပါရှင်။ 🤗🙏
တရားပွဲမတိုင်မှီဖွင့်ပေးတဲ့ ပါချုပ်ဆရာတော်ကြီး တရားတွေ နာပေးပါ။
ဉာဏ်သွက်ပြီး အကျိုးရှိစေမှာပါ
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷
Day 6 - 06/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1786
Telegram Video -https://t.me/AshinPyannaSekkaVideos/1787
YouTube -https://youtu.be/-aJ2l5dDbmA?is=4FTbBbX7z490fAOi
Facebook -https://fb.watch/Jv8ScIYKf2/?mibextid=wwXIfr
Day 6 - အနတ္တလက္ခဏာ
(ပစ္စယပရိဂ္ဂဟဉာဏ်မှ သမ္မသနဉာဏ်သို့)
တရားအနှစ်ချုပ်နာယူနိုင်ပါရန်
⏳(50:47mins)
https://t.me/AshinPyannaSekkaVideos/1447
တရားပွဲမတိုင်ခင် ဖွင့်ပေးသော ပါချုပ်
ဆရာတော်ဘုရားကြီး၏
‘သံသရာ နှင့် နိဗ္ဗာန်အပိုင်း ၃’ တရားတော်
https://t.me/meditationroadmap/13
🌷🌷🌷🌷🌷🌷🌷
Day 1 - ရူပပရိစ္ဆေဒဥာဏ်
https://m.facebook.com/story.php?story_fbid=39238904819042184&id=100000484608614&mibextid=wwXIfr
Day 2 - နာမပရိစ္ဆေဒဥာဏ်
https://m.facebook.com/story.php?story_fbid=39264463576486308&id=100000484608614&mibextid=wwXIfr
Day 3 - နာမရူပပရိစ္ဆေဒဉာဏ်
https://m.facebook.com/story.php?story_fbid=39290359850563347&id=100000484608614&mibextid=wwXIfr
Day 4 - ပစ္စယပရိဂဟဥာဏ်
https://m.facebook.com/story.php?story_fbid=39315264748072857&id=100000484608614&mibextid=wwXIfr
Day 5 - သမ္မသနဥာဏ် (အနိစ္စလက္ခဏာနှင့် ဒုက္ခလက္ခဏာ)
https://m.facebook.com/story.php?story_fbid=39338956855703646&id=100000484608614&mibextid=wwXIfr
🍀 🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် (၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀Thinzar July 🌹 | 55 |
| 15 | 🍀အဲ့ဒါ ‘ရုပ်၊နာမ်’ ရလာရင် ‘ရုပ်၊နာမ်’ ရဲ့ ‘သဘာဝတရား’ ကြီးမို့။
🍀ဘုရားလဲ အို၊ နာ၊ သေ ပဲမဟုတ်လား။
ကိုယ်လဲ အို၊ နာ၊ သေ ပဲ။
🍀ခန္ဓာရလာရင် ဘယ်သူပဲဖြစ်ဖြစ် အားလုံး အို၊ နာ၊ သေ ပဲ မဟုတ်လား။
🌸အဲ့ဒီ အို၊ နာ၊ သေ ကို ကိုယ်က အို အောင်၊ နာ အောင်၊ သေ အောင် လုပ်တာလား။
- မဟုတ်ပါဘူးဘုရား။
🌸ကိုယ်ကလဲ လုပ်ယူထားတာမဟုတ်ဘူး။
🌸သူများလာလုပ်ထားတာလဲမဟုတ်ဘူး။
🌸ဖန်ဆင်းရှင်တွေ၊ တန်ခိုးရှင်တွေ လာလုပ်ထားတာလဲ မဟုတ်ဘူး။
🌸ဘယ်သူမှလုပ်တာမဟုတ်ဘူး။
🌸ခန္ဓာရလာရင် ခန္ဓာ့သဘာဝတရားကြီးပါလား။
🌸ခန္ဓာ့သဘာဝတရားကြီးက သူ့သဘောသူဆောင်နေတာပဲ။
🌸ကိုယ်နဲ့ဆိုင်သလား။ မဆိုင်ဘူးလား။
- မဆိုင်ပါဘူးဘုရား။
ဒါတွေအားလုံးဟာ ‘ရုပ်၊နာမ်’ ဓမ္မ သူ့ဟာသူဖောက်ပြန်ပြီး..သူ့ဟာသူ ဖြစ်ချင်တိုင်း ဖြစ်နေတာ… သူ့သဘောသူဆောင်နေတာ..
ငါနဲ့မဆိုင်ဘူး…
✅ကိုယ်နဲ့မဆိုင်မှန်း မြင်အောင်ကြည့်။
🌸ကိုယ်က ‘အတ္တ’ နဲ့လုပ်ကြည့်။
မနာသေးတဲ့နေရာကို ‘နာစမ်း’ပြောကြည့်ရသလား။
နာနေတဲ့နေရာကိုလဲ ‘မနာနဲ့’ ‘မနာနဲ့’ ‘မနာနဲ့’လို့ပြောကြည့်။ ရသလား။
- မရပါဘူးဘုရား။
✴️မရတာ ကို မရဘူးဆို ဒီလိုသွားနေရမှာမဟုတ်ဘူး။
✅ဘာကြောင့် မရတာလဲလို့ တဆင့်ချင်း ကိုယ့်ဟာကိုယ်ပြန်မေး။
ဪ… ဓာတ်ကြီးလေးပါးရဲ့ သဘာဝ… သူက မပြတ်တန်း ဖောက်ပြန်နေတာ… ကိုယ်မှတားလို့မရတာ.. ဒါသူ့သဘာဝဖြစ်ပေါ်နေတဲ့တရားတွေပဲ…
ဪ.. အို၊နာ၊သေ တာဟာလဲ … ဒီဖောက်ပြန်ပျက်ဆီးနေလို့ သူပျက်သလောက်မပြင်ပေးနိုင်လို့၊ သူ့ရဲ့သဘာဝဖောက်ပြန်ပြီး တဖြည်းဖြည်းအို..အိုလာ.. ရင့်မှည့်လာရာကနေ.. တဖြည်းဖြည်းနာလာ…
နောက်ဆုံးပျက်ဆီးကြရတာပဲ။
ဪ..ဒါတွေဟာ ဖြစ်စဉ်သဘာဝတရားကြီးပဲ။
✅‘မြတ်စွာဘုရား’ ကို ‘စံ’ ထားပြီး စဉ်းစားလိုက်။
ဪ… မြတ်စွာဘုရားလဲ ‘ရုပ်နဲ့နာမ်’ ခန္ဓာ(၅)ပါးမဟုတ်လား။
မြတ်စွာဘုရားလဲ အို၊နာ၊သေ ဘေးမလွတ်ဘူး။
မြတ်စွာဘုရားလဲ နာမှာပဲ၊ ကျင်မှာပဲ၊ ကိုက်မှာပဲ၊ ဖျားမှာပဲ မဟုတ်လား။
ဪ… ခန္ဓာရလာပြီဆိုရင် ခန္ဓာသဘာဝတရားဟာ.. ဒီသဘောတရားက အတူတူပါလား။
🌿ဓာတ်ကြီးလေးပါးရဲ့ သဘာဝကဖောက်ပြန်မှာပဲ။
🌿ဖောက်ပြန်နေတာကို ‘နာမ်’ ကလဲ မသိနဲ့လို့ပြောလို့မရဘူး။
ဖောက်ပြန်နေတဲ့ပေါ်မှာ ဒီ ‘နာမ်’ သွား’မှတ်သား’ နေရတယ်…သွား ‘ခံစား’ နေရတယ်… သွား ‘သိ’ နေရတယ်မဟုတ်လား။
‘ရုပ်’ ကိုမှီပြီးမှ ‘နာမ်’ သည်ဖြစ်ရတာ မဟုတ်လား။
ဒါကလဲ ‘နာမ်’ ရဲ့ သဘာဝတရားပဲမဟုတ်လား။
🌿‘ရုပ်’ နဲ့ ‘နာမ်’ ဟာ တပြိုင်ထဲ ဖြစ်ပျက်နေတဲ့ သဘာဝတရားကြီးပါလားဆိုတာ ဉာဏ်ထဲကမြင်လာမယ်။
‘ရုပ်’ နဲ့ ‘နာမ်’ အပြန်အလှန် ကျေးဇူးပြုနေတာပဲမဟုတ်လား။
အဲ့ဒီလိုလေး နှလုံးသွင်းဆင်ခြင်ပြီးရင်…
ခန္ဓာဖြစ်စဉ်သဘာဝတရားကို မြင်လာရင်
ငါနဲ့မဆိုင်မှန်းသိလာလိမ့်မယ်။
✅ကိုယ်နဲ့မဆိုင်မှန်း သိအောင်ကြည့်။
ဒီ အသိဉာဏ်ကြီးက ဦးဇင်းတို့ကို ‘ဘဝတခု ပြောင်းလဲသွားစေလိမ့်မယ်’
သေချာဂရုစိုက်နှလုံးသွင်းရှု။
ပြီးစလွယ်မလုပ်နဲ့နော်။
‘ရုပ်’ နဲ့ ‘နာမ်’ အပြန်အလှန် ကျေးဇူးပြုနေတာပဲမဟုတ်လား။
🍀အကြောင်းအကျိုးက ‘ပဋိစ္စသမုပ္ပါဒ်’။
🍀‘ပဋိစ္စသမုပ္ပါဒ်’ ပေါ်ကနေ အပြန်အလှန်
ကျေးဇူးပြုနေတဲ့ ‘ပဌာန်း’ သဘောကိုမြင်လာရတာမဟုတ်လား။
(‘သဟဇာတ’ သဘော၊ ‘အညမည’ သဘောတွေ မဟုတ်လား။)
🌺ဒါတွေ ဆက်စပ်လိုက်မှ ဪ.. ငါတို့ ရုပ်နမ်ရဲ့ဖြစ်စဉ်သဘာဝ ကို သိလာရတာမဟုတ်လား။
🌺ငါတို့က ငါတို့လုပ်နေတယ်ထင်နေတာ။
မဟုတ်ဘူး….‘ရုပ်’ နဲ့ ‘နာမ်’ အပြန်အလှန် ကျေးဇူးပြုနေတာပဲ ရှိတာမဟုတ်လား…
🙏ဆိုတော့ ကိုယ့်ရဲ့ ‘အတ္တ’ ဒိဋ္ဌိပြုတ်သွားတာမဟုတ်လား။
‘ဒိဌိ’ ဖြုတ်တယ်ဆိုတာ ‘အတ္တ’ ကိုဖြုတ်တာ။
‘အနတ္တဉာဏ်’ ဆိုက်လာတာ မဟုတ်လား။
သဘာဝ တရားကြီးသည် ဘာသဘောရှိတာလဲ။
✅‘အနိစ္စ’ သဘော၊ ‘ဒုက္ခ’ သဘော….
ဒီ ‘အနိစ္စ’ ‘ဒုက္ခ’ သဘောတွေက ဘယ်သူမှလာလုပ်ထားတာ မဟုတ်ဘဲ… သူ့သဘာဝ အရဖြစ်ပေါ်နေတဲ့…
✅ ‘အနတ္တ’ သဘောပါလား။
နောက်ဆုံး ‘အနတ္တ’ဉာဏ်က ဆိုက်သွားတာ။
အဲ့သဘောကိုမြင်အောင်ရှု။
🌷🌷🌷🌷🌷
ရုပ်အကြောင်း နာမ်အကျိုး၊ နာမ်အကြောင်း ရုပ်အကျိုး ဖြစ်စဉ်ကို ကိုယ်တိုင်ရှုမှတ်ပုံ။
မျက်နှာသစ်တဲ့အခါ။
မျက်နှာကိုလက်နဲ့ ထိလိုက်နဲ့…
🌸‘ပထဝီ’ မမာမပျော့ သဘော
🌸‘တေဇော’ ရေရဲ့‘အေး’သဘော
🌸‘အာပေါ’ရေတွေစီးကျသွားလို့ ယိုစီးသဘော
🌸လက်နဲ့မျက်နှာကိုပွတ်နေတော့ လှုပ်ရှားတွန်းကန်သဘော (ဝါယော)
ဒီလိုသဘောတွေကို နာမ်ခန္ဓာလေးပါးရဲ့….
🌺“ဝိညာဏက္ခန္ဓာ” ကသိလိုက်တာနဲ့
🌺“သင်္ခါရက္ခန္ဓာ”က ရုပ်ပေါ်ညွန့်လိုက်
တယ်။
🌺“ဝေဒနက္ခန္ဓာ”က ဒါတွေကိုခံစားမိတယ်။
🌺“သညာက္ခန္ဓာ” က လှုပ်သွားပါလား အေးသွားပါလား မာပါလား ပျော့ပါလားဆိုပြီး ခံစားမှုပေါ်ကနေ မှတ်သားထားတဲ့အတိုင်း ဖော်ပေးတယ်။
✅ရုပ်အကြောင်း နာမ်အကျိုး။
ဆက်ဆင်ခြင်လိုက်တော့…
‘ရုပ်’ ကရေလာထိလို့ ‘အေး’ သဘောကို
🌺’ဝေဒနက္ခန္ဓာ’ နဲ့ 🌺‘ဝိဉာဏက္ခန္ဓာ’ က ‘ခံစား’ ‘သိ’တာနဲ့ တပြိုင်နက်….
🌺‘သညာက္ခန္ဓာ’ က ဆပ်ပြာနဲ့သစ်ရမယ်လို့ သူမှတ်ထားတာကိုဖော်ပေးတယ်။
🌺အဲ့တော့ “သင်္ခါရက္ခန္ဓာ”က ‘ရုပ်’ကို ဆပ်ပြာနဲ့သစ်ဖို့ စေ့ဆော်လိုက်တယ်ခိုင်းလိုက်တယ်။
🌸“ရုပ်”က ဆပ်ပြာကိုလှမ်းယူတယ်။မျက်နှာကိုဆပ်ပြာနဲ့ပွတ်တယ်။
✅ဟော ‘နာမ်’ က ‘ရုပ်’ ကိုပြန်ခိုင်းတယ်။
✅’နာမ်’ အကြောင်း၊ ‘ရုပ်’ အကျိုးပါလား။ | 45 |
| 16 | စက်တင်ဘာလတရားစခန်း ဆဋ္ဌမရက်။
Day 6 - ‘သမ္မသနဉာဏ်’ (အနတ္တလက္ခဏာ)
Day 6 ကိုပိုင်ပြီဆိုရင်တော့…
ဘဝတခု ပြောင်းလဲသွားစေမယ့် ’အသိဉာဏ်ကြီး’ ကို ရရှိသွားတော့မှာဖြစ်ပါတယ်။🙏
ဒါကြောင့် ဘုန်းဘုန်းက ပြီးစလွယ်မလုပ်ကြပဲ…သေချာဂရုစိုက်နှလုံးသွင်းရှုမှတ်ကြဖို့ မှာထားပါတယ်ရှင်။
ဒီဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် လက်ခံနိုင်ဖို့ဆိုရင် Day 1-5 ကိုသေချာမြင်ထားရမယ့်အပြင်…‘ရုပ်’ နဲ့ ‘နာမ်’ရဲ့ အပြန်အလှန် ကျေးဇူးပြုနေတဲ့ သဘောကို ကွက်ကွက်ကွင်းကွင်းမြင်ဖို့လိုပါတယ်ရှင်။
အကြောင်းအကျိုး ဆက်စပ်နေတဲ့ ‘ပဋိစ္စသမုပ္ပါဒ်’ ခန္ဓာ့ဖြစ်စဉ်ပေါ်ကနေ အပြန်အလှန် ကျေးဇူးပြုနေတဲ့ ‘ပဋ္ဌာန်း’ သဘောကိုမြင်ရမှာဖြစ်ပါတယ်။🙏
ဘုန်းဘုန်းဟောထားတဲ့ Day 1-6 က Step by Step တစ်ရက်နဲ့ တစ်ရက်က အစဉ်လိုက်
ချိတ်ဆက်နေပါတယ်။ 🪷🙏🪷
တရားတွေကို အထပ်ထပ် အစကနေပြန်နာရင် ပိုနားလည်လာပြီး ဉာဏ်တွေပိုထက်လာမှာပါ။
ဒီလိုမျိုး ခက်ခဲနက်နဲတဲ့ သဘာဝတရားတွေကို ယောဂီတွေ နားလည်လွယ်အောင် ဟောပြောပြသပေးနိုင်တဲ့ ဘုန်းဘုန်းရဲ့ ဉာဏ်တော်ကြီးကို ဦးတင်ပါတယ်ဘုရား။ 🙏🙏🙏
Day 1-6 ‘သမ္မသနဉာဏ်’ ထိ ခန္ဓာဉာဏ်ရောက်သိမှ ကိုယ်ရှုမှတ်နေတာဟာ ‘ဝိပဿနာ’ ဖြစ်ပါတယ်ရှင်။
Day 6 မှာ ဘုန်းဘုန်းဟောထားတာတွေ တစ်လုံးမကျန်ဆင်ခြင်ရမှာဖြစ်တဲ့အတွက် ခန္ဓာဉာဏ်လှည့်ပြီး တရားကို သေချာနာဖို့လိုအပ်ပါတယ်ရှင်။
အရေးကြီးတာလေးတွေကိုလဲ စာနဲ့ ရေးသားပူဇော်လိုက်ပါတယ်ရှင်။ 🙏
🌷🌷🌷🌷🌷
ကိုယ့်ခန္ဓာရဲ့အရှိသဘာဝတရားကြီးဟာ မမြဲ၊ ဆင်းရဲနေတာပဲရှိတာ မဟုတ်လား။
🌺နာတာကျင်တာကို ကိုယ်ကကျော်လို့ရမလား။
🌺ဝေဒနာကျော်တယ်ဆိုတာ ဘုရားတောင်မကျော်နိုင်ဘူး။
ဘုရားလဲ နာတာပဲ ကျင်တာပဲ ကိုက်တာပဲ။နောက်ဆုံး ဖျားနာတာပဲ။ဖျားရင် ဆေးကုသွားရတာပဲ။ ဇီဝက ဆီမှာ။
အဲ့တာကိုကျော်လို့ရမလား။
🌺တကယ်တမ်းက ခန္ဓာ့ရဲ့သဘာဝတရားကြီးကိုက ‘အတ္တ’ လား။ ‘အနတ္တ’လား။
-အနတ္တပါဘုရား။
ကြာကြာထိုင်ရင် ညောင်းမှာပဲမလား။
ပြင်လိုက်ရင် မသက်သာသွားဘူးလား။
အဲ့ဒီပြင်လိုက်တဲ့အတိုင်း ကြာကြာနေရင် ပြန်ပြီး မညောင်းလာပြန်ဘူးလား။
- ညောင်းလာပါတယ်ဘုရား။
ထပ်ပြင်…. ပြင်လိုက်လို့ ခဏတော့သက်သာမယ်… ကြာကြာနေရင် ပြန်မနာလာဘူးလား။
- နာပါတယ်ဘုရား။
✅အဲ့တာကြီးက သူ့ ‘သဘာဝ’ ဖြစ်နေတာကြီး မဟုတ်လား။
‘သဘာဝ’ ဖြစ်နေတာကို ကိုယ်က ‘အတ္တ’ ကြီးနဲ့ ကျော်လို့လဲ မရဘူး။
ခွလို့လဲ မရဘူး။
ဘာမှမတတ်နိုင်ဘူး။
ပြုပြင်ပေးတာပဲရမယ်။
ပြုပြင်ပေးလိုက်လဲ ခဏပဲ မဟုတ်လား။
ဦီးဇင်းတို့ ခန္ဓာကြီးက ဖောက်ပြန်နေတဲ့ ခန္ဓာကြီး။ အမြဲတမ်းဖောက်ပြန်နေလို့အမြဲတမ်းပြုပြင်ပေးနေရတာ။
ဘယ်လောက်ပဲပြုပြင်ပေး ပြုပြင်ပေး ပျက်သလောက် မပြုပြင်ပေးနိုင်ရင် ပြန်ဖြစ်မှာပဲ မဟုတ်လား။
အဲ့တာ ဘယ်သူ့ရဲ့ သဘာဝတရားလဲ။
✅ခန္ဓာရဲ့သဘာဝတရားပဲ။
ဒီသဘာဝတရားကို လွန်ဆန်နိုင်လား။
- မလွန်ဆန်နိုင်ပါဘူး ဘုရား။
⛔️ဗိုက်ဆာတာကို မဆာပါနဲ့ဆိုပြီး ပြောလို့ရလား။
- မရပါ ဘုရား။
ဒါလဲ ဓာတ်ကြီးလေးပါးဖောက်ပြန်တာပဲလေ။
⛔️သူတို့အပြော ‘ဝေဒနာ’ ပေါ့။
⛔️မဖောက်ပြန်နဲ့လို့ပြောလို့ရလား။
⛔️ဒါကြီးကိုကျော်လေ … ရမလား။
- မရပါဘူးဘုရား။
⛔️ကျော်တယ်ဆို မစားပဲအတင်းနေတာပဲရှိမယ်လေ။
⛔️‘အတ္တ’ ကြီးမဟုတ်လား။
⛔️ဆာတာကြီးက ပျောက်သွားပါ့မလား။
- မပျောက်ဘူး
* သူ့ရဲ့ ပြင်းပြင်းထန်ထန်ဖောက်ပြန်တာကနေ… လျော့ပြီး ဖောက်ပြန်သွားမယ်။
* တခါလျော့ပြီး ဖောက်ပြန်တာကနေ တိုးပြီးပြန်ဖောက်ပြန်မယ်။
* ဒီလိုနဲ့ပဲ အတိုး အလျော့နဲ့သွားနေတာ မဟုတ်လား။
* သက်သာတယ်ဆိုတာ ခဏသက်သာတာ။ပြီးရင်ပြန်ဖောက်ပြန်လာတာပဲ မဟုတ်လား။
ဒီသဘောကိုကြည့်လိုက်…
အဲ့ဒီဖောက်ပြန်နေတာက ကိုယ်လုပ်ယူထားတာလား။
- လုပ်ယူလို့ မရပါ ဘုရား။
🌹ဓာတ်ကြီးလေးပါး ရဲ့ သဘာဝ ဖြစ်ပေါ်နေတာမဟုတ်လား။
🌹ကိုယ်ကလဲ လုပ်ယူထားတာမဟုတ်ဘူး။
🌹သူများလာလုပ်ထားတာလဲမဟုတ်ဘူး။
🌹ဖန်ဆင်းရှင်တွေ၊ တန်ခိုးရှင်တွေ လာလုပ်ထားတာလဲ မဟုတ်ဘူး။
✅‘ရုပ်၊နာမ်’ ရဲ့ ‘သဘာဝတရား’ ပဲ။
ဒါဆို ဒီသဘာဝတရားလို့ သိလိုက်တာနဲ့ ကိုယ်နဲ့ ဆိုင်သလား မဆိုင်ဘူးလား။
- ✅မဆိုင်ပါဘူးဘုရား။
သူ့သဘာဝ သူ့ဟာသူ ဖောက်ပြန်ချင်တိုင်းဖောက်ပြန်နေမယ်…
သူ့ဟာသူ ပျက်ချင်တိုင်းပျက်နေမယ်..
သူ့ဟာသူ သက်သာချင်လဲ သက်သာသွားမယ်…
သူ့ဟာသူ ထဖောက်ချင်လဲ ထဖောက်မှာပဲ..
ဒါ အစိုးမရနေတဲ့ သူ့သဘာဝတရားကြီးပဲမဟုတ်လား။
✅အဲ့ဒီသဘောကို အပေါ်ကနေကြည့်လိုက်
ကိုယ်နဲ့ဆိုင်သလား မဆိုင်ဘူးလား
မဆိုင်ပါဘူးဘုရား။
🍀အဲဒီမဆိုင်ဘူးဆိုတာကို မြင်အောင်ကြည့်ရမှာ🍀
အိုနေတာကို မအိုပါနဲ့ပြောလို့ရမလား။
- မရပါဘူးဘုရား။
ကိုယ်က‘အတ္တ’ နဲ့မှ လုပ်ယူလို့မရတာ
ဘာဖြစ်လို့လဲ…
သဘာဝက ဖောက်ပြန်နေတာကြီးကို ကိုယ်က မဖောက်ပြန်နဲ့ပြောလို့မရဘူး။
ဖောက်ပြန်နေတာကို မပြုပြင်ပေးနိုင်တော့ရင်လဲ သူက အို..အို … လာမှာပဲ မဟုတ်လား။
ပျက်တဲ့နေရာက မပြင်ပေးနိုင်တော့
ပိုပျက်… ပိုပျက်တော့ ပျက်နဲ့နေရာက နာ..နာ ..လာရမှာပဲမဟုတ်လား။
နောက်ဆုံးမပြင်နိုင်တဲ့အဆုံးကျတော့ သေရမှာပဲ။
ဒါကရော ဘယ်သူလွန်ဆန်နိုင်တုန်း။
- မလွန်ဆန်နိုင်ပါဘူးဘုရား။
ဘာဖြစ်လို့လဲ
- သဘာဝတရားမို့ပါဘုရား။ | 37 |
| 17 | No text... | 44 |
| 18 | No text... | 1 |
| 19 | အကြောင်းအကျိုးက ပဋိစ္စသမုပ္ပါဒ်သဘော အပြန်အလှန်ကျေးဇူးပြုနေတာက ပဌာန်းသဘော ပါ။
🔰 ရုပ်နာမ်သဘာဝ သူ့သဘောသူဆောင် သူ့အလုပ်သူလုပ်နေတဲ့ သဘာဝ အနတ္တ ကို မြင်မှ အတ္တ မရှိမှန်း၊ အသက် လိပ်ပြာ
ဝိညာဥ်ကောင် မရှိမှန်း၊ ဘယ်တန်ခိုးရှင် ဖန်ဆင်းရှင်ကမှ ပြုလုပ်ထားတာမဟုတ်မှန်း၊ အနတ္တကိုသိတဲ့ဥာဏ်ကြောင့် နားလည်သဘောပေါက်သွားတာပါ။
ခန္ဓာရလာရင် ခန္ဓာဖြစ်စဥ်သဘာဝ ဇာတိ ဇရာ ဗျာတိ မရဏ သဘောကို မြတ်စွာဘုရားသည်ပင် မလွန်ဆန်နိုင်ပါ။
🔰 ခန္ဓာမှာဘာပေါ်ပေါ် ဓါတ်ကြီးလေးပါးဖောက်ပြန်တဲ့သဘော ရုပ်တရားရယ် ရုပ်ဖောက်ပြန်တာကိုသိနေတဲ့ နာမ်တရားရယ် ရုပ်နဲ့နာမ် ခန္ဓာငါးပါး ဖောက်ပြန်ပျက်စီးနေတဲ့ သဘောပဲရှိပါတယ်။
ရုပ်ဖောက်ပြန်နေတာကို မဖောက်ပြန်အောင် ကိုယ့်အတ္တနဲ့တားကြည့် တားလို့ရသလား?
ဓာတ်ကြီးလေးပါးဖောက်ပြန်လို့ နာနေတာကို မနာအောင် ၊ကျဥ်နေတာကို မကျဥ်အောင်၊ ယားနေတာကို မယားအောင်
ကိုယ့်အတ္တနဲ့မဖြစ်အောင်တားကြည့် လုပ်လို့ရသလား?
မအို မနာ မသေအောင် အတ္တနဲ့ တားကြည့် လုပ်လို့ရသလား?
ဘာတစ်ခုမှ ကိုယ့်အတ္တနဲ့ လုပ်ယူလို့မရတာက သဘာဝတရားတိုင်းက ဘယ်တန်ခိုးရှင် ဖန်ဆင်းရှင်ကမှပြုလုပ်ထားတာမဟုတ် အသက် လိပ်ပြာ ဝိညာဥ်ကောင်လည်းမရှိ သူ့သဘောသူဆောင် ဖြစ်တည်နေတဲ့ အနတ္တတရား ဖြစ်နေလို့ပါ။
🔰 ခန္ဓာမှာဘာပေါ်ပေါ် ဓါတ်ကြီးလေးပါးဖောက်ပြန်နေတဲ့သဘော ရုပ်တရားရယ် ရုပ်ဖောက်ပြန်တာကို သွားညွှတ်ပြီး ခံစား မှတ်သား သိနေတဲ့ နာမ်ခန္ဓာလေးပါးရယ် ရုပ်နဲ့နာမ်နှစ်ခုပေါင်း ခန္ဓာငါးပါးဖြစ်ပြီး ခန္ဓာငါးပျက်နေတာပဲရှိပါတယ်။
🔰 ဒါတွေဟာ ကိုယ့်နဲ့ဆိုင်သလား မဆိုင်ဘူးလား မြတ်စွာဘုရားက မြင်အောင်ကြည့်ခိုင်းတာပါ။
🔰 သဘာဝ အနတ္တ ကို မြင်မှ ကိုယ်နဲ့မဆိုင်မှန်းသိတာပါ။
ဒီအကြောင်းအရာတွေကို 7.9.2026 (၅၈)ကြိမ်မြောက် ဝိပဿနာ၁၀ရက်တရားစခန်း ဆဌမနေ့တရားမှာနာယူနိုင်ပါပြီရှင်။
Credit to ဓမ္မစစ် ယောဂီ
🌿✨️🙏✨️🌿
🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿
ဗုဒ္ဓအလိုကျ ဝိပဿနာ
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
.
Facebook live
https://www.facebook.com/share/18F94BRNbi/
YouTube live
https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7
Telegram live
https://t.me/AshinPyannaSekkaVideos
.
တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link
https://t.me/meditationroadmap
Viber Channel link
https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT
..
ဆရာတော် အရှင်ပညာစက္က Biography
https://www.facebook.com/share/p/17aq8JHGbT/
..
🌿🍀🙏🍀🌿
📍ကျမ၏ ရေးသားမှု့ များသည်...
တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက်
အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော်
ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။
🍀🏵✨️🙏✨️🏵🍀 | 42 |
| 20 | ✨️ မနက် နိုးလာရင် တရားတွေ နားလည်လာတဲ့ အကြောင်း ပြောထားတဲ့ message တွေ ဖတ်ရတာ အင်မတန် ပီတိ ဖြစ်ရပါတယ်..
မနေ့ ညက Day 6 နာပြီး အနတ္တဥာဏ် ကို ခန္ဓာ နဲ့ နားလည် သွားတဲ့ အန်တီ အတွက် အရမ်း ဝမ်းသာပါတယ်...
#တရားရတယ်ဆိုတာအသိဥာဏ်ပြောင်းသွားခြင်းပါ။
ကိုယ့်ကိုယ် ကို ဒါလေးပဲ သိတာ ဘာမှမဟုတ် ဘူး လို့ မထင်ပါနဲ့ နော် .
အရင်က သိတဲ့ အသိတွေ နဲ့ အခု အသိ တူလား နှိုင်းယှဥ်ကြည့်ပါနော် .
✨️ ပြီးတော့လေ.. ကျမကို ဓမ္မမိတ်ဆွေ ညီမလေး တစ်ယောက် က ပြောဖူးတယ်..
ကိုယ့်ကိုယ်ကို လည်း အထင်မသေး နဲ့..
တရားဝင်တာကြာတဲ့ သူတွေ ကိုလည်း အရမ်းအထင်မကြီး ပါနဲ့ တဲ့...
ကျမ လည်း တရားစာ တွေ ရေးပေးနေလို့ အထင်မကြီးပါနဲ့..
သိထားတာလေးတွေ ဥာဏ်ခိုင်အောင် လုပ်နေရတုန်းပါ..
စာရေးဖို့ပဲ.. အားသန်ပြီး မဆင်ခြင်လို့ အဆူခံရ ပါသေးတယ်။
✨️ အခု တော့ ဆရာတော် ပြောလို့ တစ်ကိုယ်လုံး ကို သေချာ ခံစား ဆိုတာ လုပ်ဖြစ်နေပါတယ်.
တရားစထိုင်ထိုင် ခြင်း မှာ အတွေးတွေ ဟိုရောက် ဒီရောက်မို့ တကိုယ်လုံး ကိုခြုံပြီး ခံစားရတာ.. တော်တော်လေး ခက်တယ်..
ဒါပေမယ့် ၂ကြိမ် ၃ကြိမ် လောက် ဆို နည်းနည်း သမာဓိတည် လာပြီး sensation တွေကို မိလာပါပြီ။
အတွေးတွေ ဝင်လာရင် လည်း ဘုရား က ငါ့ကို ဘာခိုင်းတာလဲ ပြန်မေးပြီး ခန္ဓာ ပေါ်မှာပဲ ပြန်အာရုံစိုက်ပါတယ်..
တကယ်တော့ တရားစခန်း အေးဆေးဝင်ရ ရင်သာ စိတ်တွေ ငြိမ်းချမ်းတာပါ..
ခုလို မိသားစုတာဝန်တွေရော အဘက်ဘက် က stress တွေရော နဲ့က ထိုင်ချိန် မိဖို့ က အတော်လေး ကြိုးစားရပါတယ်။
✨️ အခုတော့ တရားထိုင်ရင် ဘယ်လို ရှုမှတ်ရမလဲ post ထဲမှာ ရေးတဲ့အတိုင်း ဆင်ခြင်းနည်း အတိအကျ ရတော့ တရားထိုင်တဲ့အခါ ဝေဝါး ထွေပြား မနေတော့ ဘူး ပေါ့..
တရားထိုင်နည်း Facebook post link.
https://www.facebook.com/share/p/1EBz7Rwgrq/
မနေ့က Day 6 မှာ မျက်စိအမြင် ချို့တဲ့ သူတွေ တောင် တရား အားထုတ် တာ သိ ရတော့ တော်တော်များများက ကိုယ့်ကိုယ် ကို ပေါ့ နေတာတွေ သတိထား မိသလို ဖြစ်သွားပါတယ်.
တရားစခန်းတိုင်း ရဲ့ Day 6 မှာ
လွတ်မြောက်မှု့ ကို ခံစားရ ပါတယ်..
September day 6 ဟာလည်း ဘယ်လို လွတ်မြောက်မှု့ တွေ ထပ်တွေ့ရဦးမလဲ..
နာကြည့် ပါနော်..
Day 6 - 06/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1786
Telegram Video -https://t.me/AshinPyannaSekkaVideos/1787
YouTube -https://youtu.be/-aJ2l5dDbmA?is=4FTbBbX7z490fAOi
Facebook -https://fb.watch/Jv8ScIYKf2/?mibextid=wwXIfr
Day 6 - အနတ္တလက္ခဏာ
(ပစ္စယပရိဂ္ဂဟဉာဏ်မှ သမ္မသနဉာဏ်သို့)
တရားအနှစ်ချုပ်နာယူနိုင်ပါရန်
⏳(50:47mins)
https://t.me/AshinPyannaSekkaVideos/1447
Day 6
ပစ္စယပရိဂ္ဂဟဥာဏ် မှ သမ္မသနဥာဏ်
(အနတ္တလက္ခဏာ)
🔰 ခန္ဓာငါးပါးရဲ့ သဘာဝတရားဟာ ဖောက်ပြန်ပျက်စီးနေတဲ့ သဘောပဲရှိပါတယ်။
အတိတ်က အမှန်မသိမှု အဝိဇ္ဇာ=မောဟ ပြုခဲ့တဲ့ ကံ အကြောင်းကြောင့် ရလာတဲ့အကျိုးခန္ဓာငါးပါးရဲ့သဘာဝတရားဟာ ဖောက်ပြန်ပျက်စီးနေတဲ့အတွက် ကံသင်္ခါရ အကြောင်းလေးပါးနဲ့ ပြုပြင်ပေးနေရတာပါ။
🔰 မပြုပြင်ပေးပြန်ရင်လည်း ဖောက်ပြန်မှုရဲ့နှိပ်စက်တဲ့ဒဏ် မခံနိုင်တဲ့ဒုက္ခ၊ ပြုပြင်ပေးနိုင်ဖို့အတွက်ကလည်း စာဝတ်နေရေးရှာဖွေလုပ်ကိုင်ရတဲ့ဒုက္ခ၊ဘယ်လောက်ပြုပြင်ပေးပေး သူပျက်သလောက်မပြုပြင်ပေးနိုင်တော့ အို နာ သေ မလွတ်တဲ့ဒုက္ခတွေဟာ ခန္ဓာရခြင်းကြောင့်ဖြစ်လာတဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ တွေပါ။
ကံ ဖြတ်ရင် အချိန်မရွေး သေနိုင်တဲ့ အကျိုးခန္ဓာကြီးပါ။
🔰 ခန္ဓာရလာတယ်ဆိုတာ
တကယ်တော့ သေဖို့အတွက်ပါပဲ။
သေပြီးရင် အေးပြီလား?
သေပြီရင်လည်မအေးသေးပဲ ရှင်စဥ်မှာပြုခဲ့တဲ့ ပစ္စုပ္ပန်ကံနဲ့အတိတ်ကံ နှစ်ခုပေါင်း အကြောင်းကြောင့် ကံစီမံရာအတိုင်း နောက်ဘဝတစ်ခု ပြန်ရအုံးမှာပါ။
ဘဝပြန်ရရင် ရလာတဲ့ဘဝခန္ဓာနဲ့ အတိတ်ကံအကြွေးတွေကိုပေးဆပ်ရင်း ရလာတဲ့ခန္ဓာကြီးကို အခုလိုပဲ ကံသင်္ခါရ အကြောင်းလေးပါးနဲ့ပြုပြင်ရင်း ပြုပြင်ရင်း မပြင်နိုင်တဲ့အဆုံး သေရအုံးမှာပါ။
🔰 ဘယ်ဘဝခန္ဓာရရ ခန္ဓာသဘာဝအရှိတရားဟာ မမြဲ ဆင်းရဲ သဘောပဲရှိပါတယ်။
ခန္ဓာ့သဘာဝ မမြဲ ဆင်းရဲ နေတဲ့ သဘောတရားဟာ ဘယ်ဖန်ဆင်းရှင် တန်ခိုးရှင်ကမှပြုလုပ်ထားမဟုတ် ကိုယ့်အတ္တနဲ့လုပ်ယူထားတာလည်းမဟုတ် သူ့သဘာဝ အနတ္တ ပါ။
🔰 ရုပ်သဘာဝ ဓါတ်ကြီးလေးပါးဖောက်ပြန်နေတဲ့သဘော၊ နာမ်သဘာဝ အာရုံရှိရာကိုင်းညွှတ်တတ်တဲ့သဘော၊ဝေဒနာ သညာ သင်္ခါရ ဝိဥာဏ် နာမ်ခန္ဓာလေးပါးရဲ့ ခံစား မှတ်သား ပြုပြင်စေ့ဆော် သိမှုသဘော၊ ရုပ်နာမ်သဘာဝ သူ့သဘောသူဆောင် သူ့အလုပ်သူ လုပ်နေတာကလည်း ဘယ်တန်ခိုးရှင် ဖန်ဆင်းရှင်ကမှပြုလုပ်ပေးနေတာမဟုတ် ကိုယ့်အတ္တနဲ့လုပ်ယူလို့လည်းမရ အသက် လိပ်ပြာ ဝိညာဥ်ကောင်လည်းမရှိ သူ့သဘာဝ အနတ္တ ပါ။
🔰 ရုပ်ကိုမှီပြီးမှ နာမ်တွေက ဖြစ်ရတာပါ။
ဗိုက်ဆာတယ်ဆိုတာ ဓါတ်ကြီးလေးပါးဖောပ်ပြန်တာပါ။
ရုပ်ဖောက်ပြန်ရင် နာမ် က ခံစားမှုဖြင့်သိနိုင်တဲ့အတွက် အစာ အဟာရနဲ့ ပြုပြင်ပေးလို့ရပါတယ်။
သွားလာလှုပ်ရှား ပြောဆိုလုပ်ကိုင်သမျှဟာလည်း ရုပ်အကြောင်း နာမ်အကျိုး၊ နာမ်အကြောင်း ရုပ်အကျိုး၊ အကြောင်းအကျိုးအနေနဲ့ ရုပ်နာမ်တွေ အပြန်အလှန်ကျေးဇူးပြု အလုပ် လုပ်နေကြတာပါ။ | 49 |
