1 217
Obunachilar
Ma'lumot yo'q24 soatlar
-17 kun
-730 kun
Ma'lumot yuklanmoqda...
O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Sentabr '26
Sentabr '26
+1
0 kanalda
Avgust '26
+6
0 kanalda
Get PRO
Iyul '26
+9
0 kanalda
Get PRO
Iyun '26
+5
0 kanalda
Get PRO
May '26
+9
0 kanalda
Get PRO
Aprel '26
+6
0 kanalda
Get PRO
Mart '26
+8
0 kanalda
Get PRO
Fevral '26
+26
0 kanalda
Get PRO
Yanvar '26
+12
0 kanalda
Get PRO
Dekabr '25
+7
0 kanalda
Get PRO
Noyabr '25
+18
0 kanalda
Get PRO
Oktabr '25
+11
0 kanalda
Get PRO
Sentabr '25
+55
0 kanalda
Get PRO
Avgust '25
+49
0 kanalda
Get PRO
Iyul '25
+528
0 kanalda
Get PRO
Iyun '25
+32
1 kanalda
Get PRO
May '25
+175
0 kanalda
Get PRO
Aprel '25
+67
1 kanalda
Get PRO
Mart '25
+18
1 kanalda
Get PRO
Fevral '25
+36
1 kanalda
Get PRO
Yanvar '25
+265
0 kanalda
Get PRO
Dekabr '240
1 kanalda
Get PRO
Noyabr '24
+197
1 kanalda
| Sana | Obunachilarni jalb qilish | Esdaliklar | Kanallar | |
| 11 Sentabr | 0 | |||
| 10 Sentabr | 0 | |||
| 09 Sentabr | +1 | |||
| 08 Sentabr | 0 | |||
| 07 Sentabr | 0 | |||
| 06 Sentabr | 0 | |||
| 05 Sentabr | 0 | |||
| 04 Sentabr | 0 | |||
| 03 Sentabr | 0 | |||
| 02 Sentabr | 0 | |||
| 01 Sentabr | 0 |
Kanal postlari
အဲ့ဒါဘယ်သူ့စကားကို ယူပြောနေတာလဲ။
‘မိုးကုတ်ဆရာတော်ကြီး’ စကားကို ယူသုံးနေတာမဟုတ်လား။ (ဆရာတော်ကြီးက ဥာဏ်မမှီမှာဆိုးလို့ နားလည်လွယ်အောင် ဟောခဲ့တာ။)
ဒီဖက်မှာ ကျန်သေးတာရှိသေးတယ်။
‘သကဒါဂါမ်’ လဲ ဒိဋ္ဌိဖြုတ်ရတယ်။
အမှန်မသိတာကို အမှန်သိအောင်လုပ်ရမှာ။
🌷🌷🌷🌷🌷🌷🌷
ကဲ ဒါဆိုရင်…
‘သကဒါဂါမ်’ ဒိဋ္ဌိ ပါမပါကြည့်မယ်။
‘သကဒါဂါမ်’ မှာ ဘာ ‘ဒိဋ္ဌိ’ ကပ်နေလဲ။
✅🍀‘အသုဘ’ ကို ‘သုဘ’ အထင်လွဲနေတာ။ (သောတာပန်မှာ မမြင်တဲ့ ဒိဋ္ဌိကြီး)
အမှန်မသိတဲ့ ‘အဝိဇ္ဇာ’ = ဒိဋ္ဌိကြောင့်ပဲ။
‘အသုဘ’ ကို ‘သုဘ’ လို့ အယူမှားနေတာ။
အယူမှားနေတာ ‘ဒိဋ္ဌိ’ မဟုတ်ဘူးလား။
‘သုဘ’ လား ၊ ‘အသုဘ’ လား
- အသုဘပါဘုရား
အဲ့ဒီ ဒိဋ္ဌိ’ ကိုဖြုတ်ရမှာ။
(အသုဘကို သုဘလို့ အသိမှား၊ အယူမှား၊ အမှတ်မှားနေတာ = တဏှာ၊ မာန၊ ဒိဋ္ဌိ)
ကိုယ့်ခန္ဓာအပေါ်မှာ စွဲလို့စွဲမှန်းမသိအောင် ‘အဝိဇ္ဇာ’ ကဖုံးထားတဲ့အတွက် ‘တဏှာ၊ မာန၊ ဒိဋ္ဌိ’ ဖြစ်ရတာ။
ကံ ကြောင့်ရလာတဲ့ အကျိုးခန္ဓာကြီးကို ကံ စိတ် ဥတု အဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးနဲ့ ပြုပြင်ပေးနေရတာတွေကို ဆင်ခြင်မှ ရှင်လျှက်နဲ့သေနေတဲ့ မသာခန္ဓာကြီးဆိုတာ ဥာဏ်နဲ့မြင်လာမှာ။
ဘယ်ခန္ဓာရရ ကံဖြတ်လို့ သေရင် အားလုံးဟာ မသာတွေကြည့်ပါ။
ခန္ဓာ့သဘာဝ အသုဘ ကိုမြင်မှ သုဘအထင်က ပျောက်သွားတာပါ။
ခန္ဓာ့သဘာဝ အနတ္တကို ဥာဏ်ကလက်ခံထားမှ အနိစ္စ ကို လက်ခံနိုင်တာပါ။အနိစ္စလက္ခဏာမဂ်ဆိုက်မှ သကဒါဂါမ်အသိဥာဏ် ရတာပါ။
အဝိဇ္ဇာနေရာမှာ ဝိဇ္ဇာဥာဏ် အစားထိုးနိုင်မှ ဒိဋ္ဌိ၊ တဏှာ ပြုတ်သွားတာ။
🌷’သုဘ’ ဆိုပြီး တငါ၊ ငါ ဖြစ်နေတဲ့ ‘မာန’ ပြုတ်သွားတယ်။
🌷’သုဘ’ အပေါ်မှာ စွဲလန်းနေတဲ့ ‘တဏှာ၊ ဥပါဒါန်’ ပါပြုတ်သွားတယ်။
🌷’အဝိဇ္ဇာ’(ဒိဋ္ဌိ) နေရာမှာ ဝိဇ္ဇာဥာဏ်အစားထိုးလိုက်လို့ပဲ။
🌻🍀 သကဒါဂါမ်မှာလဲ ‘ဒိဋ္ဌိ၊ တဏှာ’ ဖြုတ်တာပဲ။
‘ဒိဋ္ဌိ’ ကသောတာပန်မှ မဟုတ်ဘူး။
သကဒါဂါမ်လဲဖြုတ်ရသေးတာ။
🌷🌷🌷🌷🌷🌷🌷
ကဲ ဒါဆိုရင်…
‘အနာဂါမ်’မှာ ဒိဋ္ဌိ ပါမပါကြည့်မယ်။
‘အနာဂါမ်’ မှာ ဘာ ‘ဒိဋ္ဌိ’ ကပ်နေလဲ။
✅🍀‘ဒုက္ခ’ ကို ‘သုခ’ လို့အထင်လွဲနေတာ။ (သောတာပန်၊ သကဒါဂါမ်မှာ မမြင်တဲ့ ‘ဒိဋ္ဌိ’ ကြီး)
အမှန်မသိတဲ့ ‘အဝိဇ္ဇာ’ ကြောင့်ပဲ။
အသိမှား၊ အမှတ်မှား တဲ့အတွက် အယူမှား ဒိဌိ ဖြစ်ပြန်တယ်။
‘ဒုက္ခ’ ကို ‘သုခ’ လို့ အယူမှားနေတာ။
အယူမှားနေတာ ‘ဒိဋ္ဌိ’ မဟုတ်ဘူးလား။
‘ဒုက္ခ’ လား ၊ ‘သုခ’ လား
- ဒုက္ခပါဘုရား
ခန္ဓာ့သဘာဝ ဖောက်ပြန်ပျက်စီးမမြဲနေတဲ့အတွက် အကြောင်းတရားလေးပါးနဲ့ အချိန်တိုင်းပြုပြင်ပေးနေရတဲ့အတွက် ပြုပြင်ပေးရတဲ့ဒုက္ခ မပြုပြင်ပေးပြန်ရင်လည်းဖောက်ပြန်မှုရဲ့နှိပ်စက်တဲ့ဒဏ်မခံနိုင်တဲ့ဒုက္ခ ဘယ်လောက်ပြုပြင်ပေးပေး သူပျက်သလောက်မပြုပြင်ပေးနိုင်တော့ အို နာ သေ မလွတ်တဲ့ဒုက္ခ ခန္ဓာ့သဘာဝဒုက္ခ တွေကို ဥာဏ်နဲ့မြင်အောင်ကြည့်ရမှာပါ။
ကိုယ့်ခန္ဓာအပေါ်မှာ စွဲလို့စွဲမှန်းမသိအောင် ‘အဝိဇ္ဇာ’ ကဖုံးထားတဲ့အတွက် ‘တဏှာ၊ မာန၊ ဒိဋ္ဌိ’ ဖြစ်ရတာ။
ခန္ဓာ့သဘာဝ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးမှာ ဒုက္ခလက္ခဏာ မြင်ရုံနဲ့မရ ဒုက္ခသစ္စာမဂ်ဆိုက်မှ အနာဂါမ်အသိဥာဏ်ရမှာပါ။
အဝိဇ္ဇာနေရာမှာ ဝိဇ္ဇာဥာဏ်အစားထိုးနိုင်မှ ဒိဋ္ဌိ၊ တဏှာ ပြုတ်တာပါ။
🌻🍀 အနာဂါမ််မှာလဲ ‘ဒိဋ္ဌိ၊ တဏှာ’ ဖြုတ်တာပဲ။
‘ဒိဋ္ဌိ’ ကသောတာပန်၊ သကဒါဂါမ်မှ မဟုတ်ဘူး။
အနာဂါမ်လဲ ဖြုတ်ရသေးတာ။
🌷🌷🌷🌷🌷🌷🌷
အရှိခန္ဓာမှာ ဒိဋ္ဌိ၊ တဏှာ ကုန်စင်အောင်
ဖြုတ်ထားတဲ့ အနာဂါမ်အသိဥာဏ်(ဒုက္ခသစ္စာမဂ်ဆိုက်ထားတဲ့သူမှ) နောက်ဆုံးကျန်တဲ့ အဖြစ်ခန္ဓာမှာ မီးခဲ ပြာဖုံးဖြစ်နေတဲ့ တဏှာ ရှာပြီး ပယ်သတ်ရမှာပါ။
🌷🌷🌷🌷🌷
ဆရာတော်အရှင်ပညာစက္က၏ (၂၀/၀၇/၂၀၂၆) တွင်ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ တရားအပြည့်အစုံကိုအောက်ပါလင့်မှာ နာယူနိုင်ပါပြီ။ 🙏🍀🪷🌷🌻💫🌟
🌷🌷🌷🌷🌷🌷🌷
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
🍀🌿ညစဉ် အာစိဏ္ဏကံတရားပွဲရှိပါတယ်။
🍀🌿လစဉ် (၁)ရက်နေ့တိုင်း Zoom အွန်လိုင်း (၁၀)ရက် တရားစခန်းရှိပါတယ်ရှင်။ 🌿🍀
တရားနာကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷🌷🌷
20/July/2026
Telegram audio -https://t.me/AshinPyannaSekkaVideos/1519
Telegram video -https://t.me/AshinPyannaSekkaVideos/1520
YouTube -https://youtu.be/3-wf6-OmFhQ?is=N_0mgwTxtP39_Hdf
Facebook -https://fb.watch/IuQHIochEA/?mibextid=wwXIfr
July (၁၀)ရက်တရားစခန်းအတွက် ရက်အလိုက် တရားစုစည်းမှုပေါင်းချုပ်။
https://m.facebook.com/story.php?story_fbid=37938547669077912&id=100000484608614&mibextid=wwXIfr
🍀🍀🍀🍀🍀🍀
ညစဉ်အာစိဏ္ဏကံတရားဆွေးနွေးပွဲ
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀 Thinzar July 🌹
| 2 | ‘သက္ကာယဒိဋ္ဌိ’ ဆိုတာ…
☀️⭐️ ‘သက္ကာယ’ အပေါ်မှာ…⭐️☀️
‘သက္ကာယ’ ကို ‘သက္ကာယ’ မှန်းမသိလို့..
မသိလို့ ‘ဒိဋ္ဌိ’ ဖြစ်နေတယ်လို့ ဟောမှမှန်တယ်။
(သက္ကာယ = ခန္ဓာငါးပါး)
‘သက္ကာယ’ က ‘သက္ကာယ’ သတ်သတ်။
‘သက္ကာယ’ က ‘ဒိဋ္ဌိ’ မဟုတ်ဘူး။
‘ဒိဋ္ဌိ’ က ‘သက္ကာယ’ အပေါ်မှာ ‘သက္ကာယ’ မှန်း ‘မသိ’ လို့ဖြစ်နေတာ။
‘သက္ကာယ’ အပေါ်မှာ ဖြစ်နေတဲ့ ‘ဒိဋ္ဌိ’ ကိုဘယ်လိုလုပ်မြင်သွားတာလဲ…
မြတ်စွာဘုရားဟောခဲ့တယ်။
🌺‘ပရမတ်’ သဘောတွေကို သိလာပြီး
🌺’ပရမတ်’ တရားတွေရဲ့ သဘာဝ ‘အနတ္တ’ ကိုဥာဏ်ကမြင်လာမှ
🌺ဪ … တကယ်တော့ ခန္ဓာငါးပါးပဲရှိတာပဲ။
‘ခန္ဓာငါးပါး’ ကို ‘ခန္ဓာငါးပါး’ မှန်းမသိလို့
⛔️ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဆိုပြီး ငါ့အတ္တလုပ်နေတာမဟုတ်လား။
🍀အခုကျမှ စိတ်၊ စေတသိတ်၊ ရုပ်ဆိုတဲ့ ပရမတ်တရားကြီးရဲ့ သဘာဝတရားဟာ ‘အနတ္တ’ ပါလားလို့ ဥာဏ်ကသိသွားမှ…
ဪ ‘ပညတ်’ တွေက လူတွေသွားလာပြောဆိုဆက်ဆံနိုင်ဖို့အတွက် သုံးနှုန်းထားတဲ့ အသုံးအနှုန်းပညတ်တွေပါလားလို့…
ပညတ်၊ ပရမတ်ကို ခွဲနိုင်သွားတာမဟုတ်လား။
🌷’ပညတ်’ ကသတ်သတ်
🌷’သက္ကယ’ (ခန္ဓာငါးပါး) ကသတ်သတ်
လေးဖြစ်သွားတယ်။
ဒါက ပညတ်၊ ဒါကပရမတ်လို့ သိတဲ့ ဒီအသိလေးကို ခံစားကြည့်လိုက်။
🌷’ပညတ်’ အပေါ်မှာလဲ ဘာခံစားချက်မှ မရှိဘူး။
🌷ပရမတ် ‘သက္ကာယ’ အပေါ်မှာလဲ ဘာခံစားချက်မှ မရှိဘူး။
ဒါ ‘ပညတ်’ ၊’ပရမတ်’ ကွဲသွားတဲ့ ဥာဏ်လေးတခု။
🌷‘ပရမတ်’ ကလဲ ဖောက်ပြန်ပျက်ဆီးနေတဲ့ သူ့သဘောသူဆောင်နေတာ..
ဖောက်ပြန်တယ်ဆိုတာ… သွားလာလှုပ်ရှား ပြောဆိုဆက်ဆံနေတာဟာ ရုပ်နဲ့ နာမ်အပြန်အလှန်ကျေးဇူးပြုနေတဲ့ သဘောတွေပဲ။ နာတယ်၊ ကျင်တယ်ဆိုတာ ဓာတ်ကြီးလေးပါးဖောက်ပြန်နေတဲ့သဘာတရားတွေပဲမဟုတ်လား။
ပရမတ်တရားတွေရဲ့ သဘာဝပဲ။
ဒီရုပ်ကြီး လှုပ်ရှားသွားလာနေတာ နာမ်တရားကြောင့်ပဲ မဟုတ်လား။
ရုပ်အကြောင်း နာမ်အကျိုး
နာမ်အကြောင်း ရုပ်အကျိုးပါလားဆိုတာ…
‘နာမရူပပရိစ္ဆေဒဥာဏ်’ ကြောင့်မလို့..
အရင်က ‘ငါ’ သွားလာလှုပ်ရှားနေတယ်ဆိုတာကြီးက ပြုတ်သွားတာ။
‘ရုပ်နဲ့နာမ်’ အပြန်အလှန်ကျေးဇူးပြုနေတဲ့ သဘာဝတရားကြီးလို့သိလိုက်တော့…
⛔️’အတ္တ’ မဟုတ်ဘူး။
✅’အနတ္တ’ လို့ သိလိုက်တာမဟုတ်လား။
🍀🌻ဒီ ‘အနတ္တ’ ကိုမြင်မှ စွဲနေတဲ့ ‘အတ္တ’ လေးကိုမြင်တာ။
‘ရုပ်နာမ်’ ပရမတ်တရားကို သူ့သဘာဝလို့ သိလိုက်တဲ့ ‘အနတ္တဉာဏ်’ ကနေ အရင်က ‘အတ္တ’ နဲ့ဆုတ်ကိုင်ထားတာဟာ…
ဆုတ်ကိုင်လို့မရဘူး… သူ့သဘာဝဖြစ်နေတဲ့ ‘အနတ္တ’ ပါလားလို့သိရတာ။
ရုပ်နာမ်သဘာဝရယ်
သက္ကာယ သဘာဝရယ်။
အနတ္တရယ်ကို အရင်ကကိုယ့်ဥာဏ်ကသိလား။
- မသိပါဘူးဘုရား။
🌹မသိတာ ‘အဝိဇ္ဇာ’ မဟုတ်လား။
🌹‘အဝိဇ္ဇာ’ ကြောင့် ‘ဒိဋ္ဌိ’ ဖြစ်ပြီးဆုတ်ကိုင်ထားတာ မဟုတ်လား။
🌹 ‘အဝိဇ္ဇာ’ နေရာမှာ ‘ဝိဇ္ဇာ’ လဲ အစားထိုးလိုက်ရော အခုနက ‘ဒိဋ္ဌိ’ ရှိသေးလား။
- မရှိတော့ပါဘူးဘုရား။
ဘာပြုတ်သွားလဲ။
🌹‘သက္ကာယဒိဋ္ဌိ’ ပြုတ်သွားတော့ ကျန်တာပါပြုတ်သွားတာမဟုတ်လား။
ဒီ ‘ဒိဋ္ဌိ’ ကဘယ်မှာ ပြုတ်တာလဲ။
- ‘ပညတ်’ အပေါ်မှာရှိတဲ့ ဒိဋ္ဌိပြုတ်သွားတာမဟုတ်လား။
‘ပညတ်’ ကဘာတွေလဲ။
⛔️ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ ဘုန်းကြီး၊ ရဟန်း၊ ဘုရား။
⛔️ခေါင်း၊ ခါး၊ ခြေ၊ လက်
⛔️နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ် ဆိုတဲ့အပေါ်မှာ ဒိဋ္ဌိပြုတ်သွားတာမဟုတ်လား။ ပညတ်အပေါ်မှာ ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဖြစ်နေတာ ပြုတ်ထွက်သွားတာမဟုတ်လား။
‘အတ္တဒိဌိ’ ပြုတ်သွားပြီ မဟုတ်လား။
တခြားဘယ်နေရာမှာ ပြုတ်သေးလဲ။
⛔️❌တခြား ဘယ်နေရာမှာမှ မပြုတ်သေး။ဘူး။
🍀🌻ရုပ်နာမ်ပရမတ် သဘာဝကို မြင်လို့ ‘ဒိဋ္ဌိ’ ပြုတ်တယ်။
🍀🌻‘အနတ္တ’ ကိုမြင်လို့ ‘အတ္တ’ ပြုတ်တယ်။
‘ဒိဋ္ဌိ’ ပြုတ်တာက သတ်သတ်။
‘အတ္တ’ ပြုတ်တာက သတ်သတ်နော်။
ဒါဆိုရင် ဒါက ‘သောတာပန်’ အသိဖြစ်သွားပြီ။
‘သောတာပန်’ ပဲ ‘ဒိဋ္ဌိ’ ဖြုတ်စရာလိုတယ်လို့ ယူဆကြတယ်မဟုတ်လား။
‘အနာဂါမ်’ ထိတောင် ‘ဒိဋ္ဌိ’ ဖြုတ်ရသေးတယ်။
ခုနက သောတာပန်အဆင့်မှာ…
‘ဒိဋ္ဌိ’ ပြုတ်သွားတဲ့အတွက် ‘ပညတ်’ အပေါ်မှာ စွဲနေတဲ့အစွဲပါပြုတ်သွားတာမဟုတ်လား။
အသေမှတ်ထားတာကြီး ပြုတ်ထွက်သွားတာမဟုတ်လား။
‘ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ’ လို့ အသေဆုတ်ကိုင်ထားတဲ့
✅ ‘တဏှာ၊ ဥပါဒါန်’ ကိုမြင်အောင်ကြည့်။
‘ရုပ်နာမ်’ လို့လဲဲသိလိုက်ရော…
ဆုတ်ကိုင်ထားတာကြီးက ပြုတ်ထွက်သွားတာမဟုတ်လား။
✅ ‘တဏှာ၊ ဥပါဒါန်’ ပါ ပါသွားတာမဟုတ်လား။
‘အဝိဇ္ဇာ’ ကြောင့် ပုဂ္ဂိုလ်၊ သတ္တဝါအပေါ်မှာ ‘တဏှာ၊ ဥပါဒါန်’ နဲ့ဆုတ်ကိုင်ထားတာ။
‘တဏှာ၊ ဥပါဒါန်’ တွဲပါနေတာ မဟုတ်လား။
🍀🌻‘သောတာပန်’ ဖြစ်တာ ‘တဏှာ’ မပါဘူးလား။
သူတို့က ‘သောတာပန်’ ဆိုတာ ‘ဒိဋ္ဌိ’ ဖြုတ်ပဲ အသေမှတ်ထားတာ။
စာသေချာပြန်ဖတ်ပြီး ခွဲခြားပြီးဟောကြပါ။
‘ဒိဋ္ဌိ’ ပြုတ်တာနဲ့ ‘ဒိဋ္ဌိ’ နဲ့ ယှဉ်တွဲနေတဲ့ ဘာတွေပြုတ်သွားသလဲ သူတို့မသိဘူး။
အဲ့ဒီ ‘ဒိဋ္ဌိ’ နေရာမှာ ဘယ်လို ဝိပဿနာဥာဏ်ကအစားထိုးလာသလဲဆိုတာတွေကိုလဲ တိတိကျကျရှင်းပြနိုင်တာ မရှိကြဘူး။
စာထဲကနေ အသေမှတ်နေတာ။
အလွတ်ကျက်ထားတာကို အသေဆုတ်ကိုင်ထားတာ။
အခုက အလုပ်နဲ့ရှင်းနေတာ။
🍀🌻‘အဝိဇ္ဇာ’ ပြုတ်ပြီဆိုကတည်းက ‘တဏှာ၊ ဥပါဒါန်’ ပါပြုတ်သွားတာမဟုတ်လား။
❌သူတို့က ‘သောတာပန်’ ပဲ ‘ဒိဋ္ဌိ’ ဖြုတ်ရတာတဲ့။ မှားနေတယ်။
❌သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တဲ့အထိ ‘ဒိဋ္ဌိ’ ဖြုတ်စရာမလိုဘူးတဲ့။
‘တဏှာ’ ဖြုတ်တဲ့။ | 33 |
| 3 | များသောအားဖြင့် တရားတွေနာရင် ကြီးစိုးနေတဲ့စကားက ‘ဒိဋ္ဌိအရင်ဖြုတ်၊ တဏှာနောက်မှဖြုတ်’။
အဟောတွေက ဘာပြောလဲဆိုတော့…
‘သောတာပန်’ က ‘ဒိဋ္ဌိ’ ပဲဖြုတ်တာ။
❌‘သကဒါဂါမ်’ ‘အနာဂါမ်’ က ‘ဒိဋ္ဌိ’ ဖြုတ်စရာမလိုတော့ဘူး။ ‘တဏှာ’ ဖြုတ်တာဆိုပြီး ဟောတာ….
❌ဒီလို အယူဝါဒတွေဟာ လမ်းမှားနေတယ်။
❌‘သောတာပန်’ က ‘ဒိဋ္ဌိ’ ဖြုတ်ပြီးရင်ကျန်တာ ဖြုတ်စရာမလိုတော့ဘူး… ‘တဏှာ’ ပဲဖြုတ်ရတယ်ဆိုတာ… အဲ့တာ စာထဲအလွတ်ကျက်ထားလို့ သိတဲ့အသိ။
အဲ့ဒီအသိက ကလေးတောင်သိတယ်။
❌အဲ့ဒီအဟောတွေက မမှန်ကန်ဘူး။
စာထဲကြည့်ပြီး မှန်တယ်ဆိုပြီး စာထဲဟာကို လှေနံဓားထစ် ယူထားကြတာ။
အလုပ်နဲ့ကျတော့ မမှန်ကန်ဘူး။
❓‘ဒိဋ္ဌိ’ ဆိုတဲ့သဘောကို တကယ်
နားလည်လား။
❓‘ဒိဋ္ဌိ’ ဆိုတာဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုတာလဲ။
‘ဒိဋ္ဌိ’ ဆိုတာကို နားလည်ဖို့လိုတယ်။
✅အပါယ်ကျနိုင်တဲ့ ဒိဋ္ဌိ’ ရှိသလို
✅အပါယ်မကျနိုင်တဲ့ ‘ဒိဋ္ဌိ’လဲရှိသေးတယ်။
ခန္ဓာ(၅)ပါးအပေါ်မှာ ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မှားမှားယွင်းယွင်းနဲ့ ဆုတ်ကိုင်ထားတယ် ဆိုတဲ့စကားကို…. သူတို့က ‘သောတာပန်’ မဖြစ်သေးတဲ့ ပုဂ္ဂိုလ်ကို ရည်ညွှန်းပြောဆိုလိုက်တာ မဟုတ်လား။
အဲ့ဒီ အပေါ်ကနေ သူတို့က ‘သောတာပန်’ ‘ဒိဋ္ဌိ’ ပယ်တဲ့တရားဆိုပြီး ‘သောတာပန်’ တခုထဲကို ယူလိုက်တာ။
‘သောတာပန်’ ‘ဒိဋ္ဌိ’ ပါယ်တယ်။ လက်ခံတယ်။
❓ဒါဆိုရင် ‘သကဒါဂါမ်’ ကဘာကိုပယ်တာလဲ။
❓’သကဒါဂါမ်’ ဖြစ်အောင် ဘာကိုပယ်ရမလဲ။
❓ ‘သကဒါဂါမ်’ မဖြစ်ခင် ဘာကိုပါယ်လို့ ‘သကဒါဂါမ်’ ဖြစ်တာလဲ။
သကဒါဂါမ်ဖြစ်တာက အကျိုး
အကြောင်း သမုဒယကို ပယ်ရဦးမယ်။
❓‘အနာဂါမ်’ ကရော ဘာကိုပယ်တာလဲ။
(အနာဂါမ်မှာ ဒေါသမရှိတော့ဘူး၊ ကာမဆန္ဒတွေမရှိတော့ဘူး…ဆိုတာက အနာဂါမ်
ဖြစ်ပြီးမှရတဲ့ အကျိုးတရား။)
‘အနာဂါမ်’ မဖြစ်ခင် ဆိုတဲ့ အကြောင်းတရား လိုသေးတယ်။
ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုရှာတာလဲ။ ဘာကိုပယ်လိုက်လို့ ‘အနာဂါမ်’ ဖြစ်တာလဲ။
❓’ရဟန္တာ’ အရဟတ္တမဂ်ရအောင် ဘာကိုပယ်တာလဲ၊ ဘယ်လိုရှာတာလဲ၊ ဘယ်လိုပယ်တာလဲ။
❓’တဏှာ’ ပယ်တာကရော ‘သကဒါဂါမ်’ ‘အနာဂါမ်’ ကပယ်တာလား။ ‘ရဟန္တာ’ မှ ပယ်တာလား။
အဲ့ဒီစကားက စာသမားတွေကိုမေးချင်တဲ့စကားတွေ။
(‘ပရမတ်’ ကိုမဆိုက်ရောက်ထားတဲ့သူကတော့ ပြောတာကို နားလည်မှာမဟုတ်ဘူး။ နားမလည်လို့လဲ စွပ်စွဲတိုက်ခိုက်တာတွေရှိနေတာပေါ့။ အလုပ်မှမလုပ်ပဲနဲ့။)
ဒါတွေဟာအရမ်းအရေးကြီးတယ်။
☀️ဘာကြောင့်ပယ်ရတာလဲ၊
☀️ဘယ်လိုကြောင့် ပယ်ရတာလဲ၊
☀️ဘယ်လိုပယ်တာလဲဆိုတာရှိသေးတယ်။
တရားတွေကမပြည့်မစုံကြီးတွေကို အလွတ်ကျက်ပြီးတော့မှ ဆရာလုပ်နေလို့မရဘူး။
ဦးဇင်းတို့ နာကြားခဲ့သမျှလဲ အဲ့ဒီလိုအပြောတွေကြီးပဲ။
ဒါကြောင့် ဦးဇင်းက စာပေမှာကျန်နေတာတွေကို ဖြည့်စွတ်ပြီးပြောပြတာ။
စာပေမှာ ကျန်နေတာလား။ စာပေမှာရှိပြီးတော့ အပြည့်အစုံ မဟောတာလား မသိဘူးလေ။ အခုတရားလောကမှာ ဟောနေကြတာ ယေဘုယျဟောထားတာတွေ။ အလုပ်စဉ်တရားမဟုတ်ဘူး။
အဲ့ဒီ ယေဘုယျဟောထားတဲ့အတွက် လူတွေမှာ ‘အသိမှား၊ အယူမှား၊ အမှတ်မှား’ တွေကျန်နေတယ်။
အဟောတွေက မပြည့်စုံဘူး။
✅‘သောတာပန်’ မှာလဲ ‘ဒိဋ္ဌိ’ ဖြုတ်ပြီး ‘တဏှာ’ ဖြုတ်တယ်။
✅‘သကဒါဂါမ်’ မှာလဲ ‘ဒိဋ္ဌိ’ ဖြုတ်ပြီး ‘တဏှာ’ ဖြုတ်တယ်။
✅‘အနာဂါမ်’ မှာလဲ ‘ဒိဋ္ဌိ’ ဖြုတ်ပြီး ‘တဏှာ’ ဖြုတ်တယ်။
ဒါအလုပ်စဉ်ပေါ်က ဘယ်သူမှလာငြင်းလို့မရဘူး။
အလုပ်မလုပ်ပဲ စာနဲ့လာငြင်းလို့တော့မရဘူး။ ဒါသိပ်အရေးကြီးတယ်။
ဒါနောင်လာနောင်သားတွေလဲ
အရင်တုန်းက အသိမှား၊ အယူမှားကို ပယ်စေချင်လို့ အသိမှန်၊ အမှတ်မှန်ဖြစ်စေချင်လို့ ဦးဇင်း ဒါကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြောပြမှာပေါ့နော်။
ခန္ဓာ့စာကအမှန်။
သူတို့စာတွေက ကျန်နေတာ၊ မပြည့်စုံဘူး။
ဒီကြားထဲ အဟောမှားတွေကအများကြီးပဲ။
ခုလဲ မှားနေတာတွေကို ထောက်ပြတာ။
‘သက္ကာယဒိဋ္ဌိ’ ကဘာလဲ
အပါယ်ကျနိုင်တဲ့ ‘သက္ကာယဒိဋ္ဌိ’ ကဘာလဲ။
ဘာကြောင့် ‘သောတာပန်’ ဖြစ်သွားရင် အပါယ်မကျတော့တာလဲ။
ဒါတွေက ရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။
ဦးဇင်းယောဂီတွေေရော တခြားသူတွေရော နာလို့ရှိရင် ကွဲပြားအောင်၊ စဉ်စားနိုင်အောင် ဦးဇင်းထပ်ရှင်းပြမယ်။
🌷🌷🌷🌷🌷🌷
သောတာပန် ‘ဒိဋ္ဌိ’
သကဒါဂါမ် ‘ဒိဋ္ဌိ’
အနာဂါမ် ‘ဒိဋ္ဌိ’
ရဟန္တာ ‘ဒိဋ္ဌိ’
🍀‘ဒိဋ္ဌိ’ အဆင့်ဆင့်ဖြုတ်ရတယ်။
🍀 ‘ဒိဋ္ဌိ’ ချင်းမတူဘူး။
🍀ဖြုတ်ရတာချင်းမတူဘူး။
‘ဒိဋ္ဌိ’ ဆိုတာဘာလဲ။
- အမှန်မသိလို့။
- အသိမှားတော့ အမှတ်မှား၊ အယူမှားတာ။
- ‘အဝိဇ္ဇာ’ ကြောင့်ပဲမဟုတ်လား။
- မောဟ ပဲမဟုတ်လား။
🌹ပုထုဇဉ်တွေမှာ ‘ဒိဋ္ဌိ’ နဲ့ ‘အတ္တ’ တွဲနေတယ်။
🌹‘အတ္တ’ ကြောင့်မလို့ ‘ဒိဋ္ဌိ’ ကြီးကအားကောင်းလာတယ်။
🌹အားကောင်းတော့ သူ မကျူးလွန်ရဲစရာမရှိတော့ဘူး။ ဘာမထိန်းနိုင်တော့ဘူး။
🙏မြတ်စွာဘုရားပွင့်လာမှ ‘အနတ္တ’ ကိုလဲမြင်လိုက်ရော ‘အတ္ထ’ ပြုတ်သွားတာမဟုတ်လား။🪷
ဥပမာ။ ‘ပညတ်’ တွေ။
⛔️ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ ဘုန်းကြီး၊ ရဟန်း၊ ဘုရား။
⛔️ခေါင်း၊ ခါး၊ ခြေ၊ လက်
⛔️နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်။
(၃)ပိုင်းခွဲလိုက်တာနော်။
ပညတ်အပေါ်မှာ ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဖြစ်နေတာ။
(သူတို့ကတော့ ‘သက္ကာယဒိဋ္ဌိ’ ဆိုပြီး လုံးချလိုက်တာ မဟုတ်လား) | 20 |
| 4 | မြတ်စွာဘုရားက ဒီဗောဓိပင်အောက်မှာ ‘အနတ္တ’ ကိုမြင်သွားလို့ ဘုရားဖြစ်သွားတာ။🪷🙏🪷
အားလုံးဟာ ဘုရားမပွင့်ခင်က ‘အတ္တ’ နဲ့ပဲ ကျင်လည်ခဲ့ရတာမဟုတ်လား။
ဘုရားပွင့်ပြီးလဲ ‘ဝိပဿနာဥာဏ်’ မရထားရင် အခုလဲ ‘အတ္တ’ တွေကြီးပဲ မဟုတ်လား။
✨🥀အခုလဲ ဗုဒ္ဓဘာသာဝင်တွေ လူဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ ‘အနတ္တဥာဏ်’ သာမရထားရင် အကုန် ‘အတ္တ’ တွေကြီးပဲ။
✨🥀 ‘သာသနာပ’ မှာနေနေတဲ့ ပုဂ္ဂိုလ်တွေကြီးပဲ။ ‘တုစ္ဆ’ တွေပဲ။
‘ဒိဋ္ဌိ’ ထဲမှာ ‘အတ္တဒိဋ္ဌိ’ က အဆိုးဆုံးပဲ။🥀
✨🥀‘အတ္တဒိဋ္ဌိ’ မှမပြုတ်သေးရင် ‘သာသနာပ’ ပုဂ္ဂိုလ်ပဲ။
✨🥀ရဟန်း သံဃာ ဖြစ်နေလဲ ‘ပဋိကတ်(၃)ပုံ’ ဘယ်လောက်ပဲဆောင်ထားဆောင်ထားဒီ ’ဝိပဿနာ’ အသိဥာဏ် ‘သမ္မသနဥာဏ်’ အထိမှ မရထားရင် ‘သာသနာပ’ ပုဂ္ဂိုလ်နဲ့ အတူတူပဲ။ ‘တုစ္ဆ’ တွေပဲ။
ဒါစော်ကားတာမဟုတ်ဘူး။
အမှန်တရားကိုပြောတာ;
ဗုဒ္ဓဘာသာရဲ့အဆုံးအမ…
ဗုဒ္ဓံသရဏံဂစ္ဆာမိ
ဓမ္မံသရဏံဂစ္ဆာမိ
သံဃံသရဏံဂစ္ဆာမိ သာရွတ်နေတာ… အရွတ်ပဲရှိတာမဟုတ်လား။ တကယ်တော့ ‘တုစ္ဆ’ ပဲ အချည်းနှီးပဲ မဟုတ်လား။
🥀ဘာသာခြားတွေကို မကဲ့ရဲ့ပါနဲ့။
🥀ကိုယ်လဲ အတူတူပါပဲ။
✅ ကျန်တဲ့သူတွေကလဲ အဲ့ဒီလိုပြောတဲ့စကားအပေါ်မှာ စိတ်မဆိုးကြပဲ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြီး သင်ခန်းစာယူပြီး…
✅ကိုယ့်ကိုကိုယ်ပဲ ‘သာသနာတွင်းသား’ ဖြစ်အောင်ပြုပြင်ရမှာ။
ဒီဘဝသေသွားလို့ကတော့ နောင်ဘဝကို မစဉ်းစားနဲ့တော့။ အရိမေတ္တယျမြတ်စွာဘုရားကို မမျှော်ကိုးနဲ့တော့။
ဘုရားပွင့်လာတာတောင်သိလိုက်မှာမဟုတ်ဘူး။ ကိုယ်ကအပါယ်ထဲရောက်နေမှာ။
ခု ဦးဇင်းတို့ယောဂီတွေက ဘယ်လောက် ကံကောင်းလဲ… ဘယ်လောက် ကျေနပ်စရာကောင်းလဲ။
✨🪷‘အနတ္တဥာဏ်’ ကိုမြင်မှ ကိုယ်က တကယ့် ‘သာသနာတွင်းသား’ ဖြစ်တာ။
✨🪷လူဖြစ်ကျိုးနပ်တာ။
🌷🌷🌷🌷🌷🌷🌷
‘သမ္မသနဥာဏ်’ အားကောင်းလာရင်…
ဥာဏ်စဉ်တွေ တဆင့်ပြီးတဆင့်တက်လာပြီး…
🍀‘သောတာပတ္တိမဂ်ဥာဏ်’ ဆိုက်တာ။
‘သမ္မသနဥာဏ်’ + ‘သောတာပတ္တိမဂ်ဥာဏ်’ ပေါင်းလိုက်မှ အားကောင်းလာတဲ့ဥာဏ်နဲ့မှ
🍀‘သကဒါဂါမ်မိမဂ်ဥာဏ်’ ကိုထိုးဖောက်မြင်နိုင်မယ်။
ဒီ မဂ်ဥာဏ်တွေကြောင့် ‘သမ္မသနဥာဏ်’ ကလဲ ပိုအားကောင်းလာတယ်။
အပြန်အလှန်ကျေးဇူးပြုနေကြတာ။
ဒီ အားကောင်းလာတာနဲ့အတူ ‘
ဒီမဂ်ဥာဏ် (၂)ခု (‘သောတာပတ္တမဂ်ဥာဏ်’ + ‘သကဒါဂါမ်မိမဂ်ဥာဏ်’) + ‘သမ္မသနဥာဏ်’ ရယ်ပေါင်းလိုက်တော့ အားပိုကောင်းလာပြီး….
🍀‘အနာဂါမ်မိမဂ်ဥာဏ်’ ကိုရမယ်။
‘သောတာပတ္တမဂ်ဥာဏ်’ + ‘သကဒါဂါမ်မိမဂ်ဥာဏ်’ + ‘အနာဂါမ်မိမဂ်ဥာဏ်’ မဂ်ဥာဏ်(၃)ခု + သမ္မသနဥာဏ် တွေ စုပေါင်းအားကောင်းလာပြီးတော့မှ..
🍀 ‘အရဟတ္တမဂ်ဥာဏ်’ ကိုရမယ်။
အကြောင်း အကျိုးတွေနော်။
အကြောင်းအကျိုး လွတ်လို့မရဘူး။
တစ်ခုနဲ့ တစ်ခု အပြန်အလှန်ချိတ်ဆက်နေတာ ‘ပဋ္ဌာန်း’ ပဲပေါ့။
🌷🌷🌷🌷🌷
ပထမအဆင့်အနေနဲ့
‘အရှိခန္ဓာ’ မှာ ‘ပညတ်’ နေရာမှာ ‘ပရမတ်’ အစားထိုးပြီးဖြုတ်တာ။
🪷(သောတာပန်)
ဒုတိယအဆင့်ကျတော့ ကိုယ့်ကိုကိုယ် ‘သုဘ’ လို့ထင်ပြီး ခန္ဓာကိုယ်မှာ တွယ်ညှိနေတာကို တဆင့်ထပ်ဖြုတ်ရတယ်။
🪷(သကဒါဂါမ်)
တတိယအဆင့်ကျတော့ ခန္ဓာကို ‘သုခ’ လို့ထင်နေတာ တကယ်တော့ ‘ဒုက္ခ’ ဆိုတဲ့အသိနဲ့ တဆင့်ထပ်ဖြုတ်ရတာ။
🪷(အနာဂါမ်)
ဒီအဆင့်(၃)ဆင့်သည် ‘အရှိခန္ဓာ၅ပါး’ မှာဖြုတ်ရတာ။ တဆင့်ချင်း မဂ်ဆိုက်သည်အထိရှုရမှာ။
#ဆရာတော်အရှင်ပညာစက္က၏ (၁၀/၀၉/၂၀၂၆) တွင်ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ 🙏
🌷🌷🌷🌷🌷🌷🌷
ဒီနေ့က တရားစခန်း နောက်ဆုံးရက်
ရက်လေးပါရှင်။ 🙏
🌿(၁၀)ရက်စခန်းပြီးရင်လဲ ညစဉ်အာစိဏ္ဏကံတရားပွဲရှိပါတယ်ရှင်။
🌿အာစိဏ္ဏကံမှာက (၁၀)ရက်စခန်းမှာ မဟောတဲ့ တရားအမြင့်တွေဟောပေးတဲ့အပြင်၊ ယောဂီတွေမသိတာ မရှင်းတာတွေကို အမေးအဖြေတွေနဲ့နာရမှာပါရှင်။
🌿တရားပွဲက တစ်နှစ်ပတ်လုံး ညစဉ်ရှိတာပါ။ အချိန်နဲ့ Zoom ID တူတူပါပဲရှင်။🙏🌷
🌿အောက်တိုဘာလ (၁)ရက်နေ့မှာ(၁၀)ရက် တရားစခန်းရှိပါတယ်ရှင်။
🌿လစဉ် ပထမအပတ် (၁)ရက်နေ့တိုင်း (၁၀)ရက်တရားစခန်းကျင်းပပေးပါတယ်။
🌷🌷🌷🌷🌷🌷🌷
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷🌷🌷🌷🌷
တရားအပြည့်အစုံ။
Day 9 - 10th/Sep/2026
Telegram video -https://t.me/AshinPyannaSekkaVideos/1805
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
Facebook page - ဗုဒ္ဓအလိုကျ ဝိပဿနာ
Telegram Link - https://t.me/AshinPyannaSekkaVideos
YouTube link -https://youtube.com/@aashinpanyarhcakk?si=aMxrVTAh6kGXwesQ
🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် ၁၀ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀 Thinzar July | 14 |
| 5 | ဒီနေရာမှာ ‘ဒိဋ္ဌိ’ ဆိုတာ ‘အတ္တဒိဋ္ဌိ’ တခုထဲပြုတ်တာမဟုတ်ဘူး။ ‘ပညတ်’ အပေါ်မှာစွဲနေတဲ့ ‘ဒိဋ္ဌိ’ ပါပြုတ်သွားတာ။
‘အနတ္တဉာဏ်’ လုံးဝဆိုက်လာတာ မဟုတ်လား။
#ဆရာတော်အရှင်ပညာစက္က၏ (၁၀/၀၉/၂၀၂၆) တွင်ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ 🙏
တရားအပြည့်အစုံက်ို အောက်ပါလင့်မှာ နာယူနိုင်ပါပြီ။
🌷🌷🌷🌷🌷🌷🌷
ဒီနေ့က တရားစခန်း နောက်ဆုံးရက်
ရက်လေးပါရှင်။ 🙏
🌿(၁၀)ရက်စခန်းပြီးရင်လဲ ညစဉ်အာစိဏ္ဏကံတရားပွဲရှိပါတယ်ရှင်။ အာစိဏ္ဏကံမှာက (၁၀)ရက်စခန်းမှာ မဟောတဲ့ တရားအမြင့်တွေဟောပေးတဲ့အပြင်၊ ယောဂီတွေမသိတာ မရှင်းတာတွေကို အမေးအဖြေတွေနဲ့နာရမှာပါရှင်။
(တရားပွဲက တနှစ်ပတ်လုံး ညစဉ်ရှိတာပါ။ အချိန်နဲ့ Zoom ID တူတူပါပဲရှင်။)🙏🌷
အောက်တိုဘာလ (၁)ရက်နေ့မှာ(၁၀)ရက် တရားစခန်းရှိပါတယ်ရှင်။
🌿လစဉ် ပထမအပတ် (၁)ရက်နေ့တိုင်း (၁၀)ရက်တရားစခန်းကျင်းပပေးပါတယ်။
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷🌷🌷🌷🌷
ဆရာတော်အရှင်ပညာစက္က၏ စက်တင်ဘာလ (၉)ရက်နေ့ တရားစခန်း နဝမရက်။
တရားအပြည့်အစုံ။
Day 9 - 9th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1804
Telegram video -https://t.me/AshinPyannaSekkaVideos/1805
YouTube -https://youtu.be/lfund5KLUa8?is=rDZWZLe0dFn0JMju
Facebook -https://fb.watch/v/3PU4Go8Zv/?mibextid=wwXIfr
Day 9- တရားပွဲမတိုင်ခင် ဖွင့်ပေးသော ပါချုပ်ဆရာတော်ဘုရားကြီး၏
‘နစေသာန စအေညာ’ တရားတော်
YouTube
https://youtu.be/fI7ZdeWFmOI?si=lnn8ZmXUqTpZ1eRx
Telegram
https://t.me/meditationroadmap/16
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် ၁၀ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀 Thinzar July | 8 |
| 6 | မြတ်စွာဘုရားဟောခဲ့တဲ့
🌺‘ပရမတ်’ သဘောတွေကို သိလာပြီး
🌺’ပရမတ်’ တရားတွေရဲ့ သဘာဝ ‘အနတ္တ’ ကိုဥာဏ်ကမြင်လာမှ
🌺ဪ … တကယ်တော့ ခန္ဓာငါးပါးပဲရှိတာပဲ။
‘ခန္ဓာငါးပါး’ ကို ‘ခန္ဓာငါးပါး’ မှန်းမသိလို့
⛔️ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဆိုပြီး ငါ့အတ္တလုပ်နေတာမဟုတ်လား။
‘ပရမတ်’ ကိုလဲသိလိုက်ရော…
🌻(၁)ငါ၊ သူ၊ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊သတ္တဝါ၊ လူ၊ ဘုန်းကြီး၊ ရဟန်း၊ ဘုရား… ဆိုတာ’ပညတ်’ ကြီးပဲ။
🌻(၂) ခေါင်း၊ ခါး၊ ခြေ၊ လက်… ဆိုတာ’ပညတ်’ ကြီးပဲ။
🌻(၃) နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ယားတယ်၊ မူးတယ်၊ မောတယ်.. ဆိုတာ’ပညတ်’ ကြီးပဲ။
✅တကယ်အရှိတရားက ဖောက်ပြန်ပျက်စီးနေတဲ့ ‘ရုပ်နဲ့နာမ်’ ပဲရှိပါလား…(ပရမတ်)
🌷‘ပရမတ်’ ကိုသိတဲ့ဉာဏ်နဲ့ လှမ်းကြည့်လိုက်တော့မှ…
🌷‘ပညတ်’ ကြီးအပေါ်မှာ ‘ငါ၊ ငါဟာ၊ ငါ့ဉစ္စာ’ ဆိုပြီး ‘တဏှာ၊မာန၊ဒိဋ္ဌိ’ တွေဖြစ်ပြီး ဉပါဒါန် နဲ့ သိမ်းပိုက်ထားတဲ့အမှားကိုမြင်တာ။
တကယ်တော့ ငါ၊သူတပါး၊ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ ‘ပညတ်ကြီး’ ပဲ…. တကယ့်အရှိတရားက ‘ရုပ်နဲ့နာမ်’ ပဲလို့ သိလိုက်တဲ့အခါ … ‘ပညတ်’ ၊ ‘ပရမတ်’ ကွဲသွားပြီ။
ကိုယ့်စိတ်ကလေးကို ပြန်စစ်လိုက်…
အဲ့ဒီ ‘ပညတ်’ အပေါ်မှာ စွဲလန်းမှု ‘ဉပါဒါန်’ လောဘ၊ဒေါသတွေ ရှိသေးလား
- မရှိတော့ဘူး။
✨🌼‘ပညတ်’ က ‘ပညတ်’ အတိုင်းပဲဖြစ်သွားပြီ။
စွဲလန်းမှု ‘ဥပါဒါန်’ ဘာလို့မဖြစ်လဲဆိုတော့…
🍀‘တဏှာ’ မဖြစ်လို့။ ဥပါဒါန်မဖြစ်တာ။
🍀‘တဏှာ’ မဖြစ်လို့ အပါယ်မကျတာ။
‘ပညတ်’ အပေါ်မှာ စွဲလန်းမှု ‘ဉပါဒါန်’ ဘာကြောင့်ဖြစ်နေတာလဲ။ အမှန်သိလို့လား၊ အမှန်မသိလို့လား။
- အမှန်မသိလို့ပါဘုရား။
အမှန် မသိတာ ‘အဝိဇ္ဇာ’ မဟုတ်လား။
🌹‘အဝိဇ္ဇာ’ ကြောင့်
🌹‘တဏှာ၊ ဥပါဒါန်’ ဖြစ်နေတာ။
‘အဝိဇ္ဇာ’၊‘တဏှာ၊ ဥပါဒါန်’ ကိုပါ မြင်အောင်ကြည့်။
🙏‘ပညတ်’ နေရာမှာ ‘ပရမတ်’ အစားထိုးဝင်သွားပြီ မဟုတ်လား။
(‘ပညတ်’ အပေါ်က စွဲလန်းမှုကို အလိုလိုပယ်ပြီးသားဖြစ်သွားတာမဟုတ်လား။ ‘အဝိဇ္ဇာ’ နေရာမှာ ‘ဝိဇ္ဇာဥာဏ်’ အစားထိုးလိုက်တာမဟုတ်လား။)
‘ပညတ်’ က ‘ပညတ်’ သတ်သတ်နော်။
‘ပညတ်’ ကိုပယ်ရမှာမဟုတ်ဘူး။
‘ပညတ်’ အပေါ်က ‘စွဲလန်းမှု’ ကို ပယ်ရမှာ။
ဘယ်လိုပယ်လိုက်လဲ။
‘ပရမတ်’ ကို သိတဲ့ဥာဏ် (အသိမှန်၊ အမှတ်မှန်ဖြစ်သွားတဲ့) ‘ဝိပဿနာဥာဏ်’ ကြောင့်စွဲလန်းမှုမရှိတော့တာမဟုတ်လား။
✅အဲ့တာကို ‘သက္ကာယဒိဋ္ဌိ’ ပြုတ်တယ်လို့ခေါ်တာ။
‘သက္ကာယ’ ‘ရုပ်နဲ့နာမ်’ ပဲကျန်တယ်။
အရှိတရား ‘ရုပ်နဲ့နာမ်’ ပဲကျန်တယ်။
‘သက္ကာယ’ ကို ‘သက္ကာယ’ မှန်းသိသွားတော့… ‘ပညတ်’ အပေါ်မှာ…
🌷အသိမှန်၊
🌷အမှတ်မှန်၊
🌷အယူမှန် သွားတော့ စွဲလန်းမှု ဥပါဒါန်မရှိတော့ဘူး။
✨သောတာပန်ဆိုတာ ‘ဒိဋ္ဌိ’ တခုထဲ ပြုတ်တာမဟုတ်ဘူး။
✨‘ဒိဋ္ဌိ’ နဲ့ ယှဉ်တွဲပြီး ‘တဏှာ၊ ဥပါဒါန်’ ပါပြုတ်တာ။
🌼🌼🌼🌼🌼🌼🌼
‘အနတ္တဉာဏ်’ ဘယ်လိုဆိုက်သွားတာလဲ။
‘ပညတ်’ ကို ‘ပညတ်’ မှန်းသိရင် စွဲလန်းမှု ဥပါဒါန် လျော့သွားပြီမဟုတ်လား။
စိတ်က ‘ပညတ်’ အပေါ်ကနေ ‘ပရမတ်’ ပေါ်ရောက်သွားပြီဆိုရင် စွဲလန်းမှု မရှိတော့ဘူး။
🌿တခါ ‘ပရမတ်’ ကိုကြည့်လိုက်တော့ ‘ရုပ်နဲ့နာမ်’ ပဲရှိတယ်။
🌿ဒီ ‘ရုပ်နဲ့နာမ်’ ကလဲ သူ့သဘောသူဆောင်ပြီး ဖောက်ပြန်ပျက်ဆီးနေတာ..
⭐️🪷✨‘ငါနဲ့မှ မဆိုင်တာ’…. ဆိုပြီး
သိလိုက်တဲ့ အသိလေးက…
‘ခန္ဓာ(၅)ပါး’ အပေါ်မှာ စွဲလန်းမှုရှိသေးလား။
- မရှိတော့ပါဘူးဘုရား။
‘ရုပ်နာမ်’ ‘ခန္ဓာ(၅)ပါး’ ကိုမစွန့်လိုက်ဘူးလား။
စွန့်လိုက်ပြီ။
မရှိတော့ဘူး… လွတ်သွားပြီ။
🌺‘ပညတ်’ ပေါ်မှာ ‘ပရမတ်’ အစားထိုးတော့ ‘ပညတ်’ သုည၊ မရှိတော့ဘူး။
🌺‘ပရမတ်’ ကလဲ သူ့သဘောသူဆောင်နေတာ..ကိုယ်နဲ့မဆိုင်မှန်းသိလိုက်တော့…
ဉပေက္ခာ မဖြစ်သွားဘူးလား..
ဖောက်ပြန်တာကို လျစ်လျူရှုလိုက်တော့ …
‘ခန္ဓာ(၅)ပါး’ ပေါ်က စွဲလန်းနေတဲ့ ဥပါဒါန် လွတ်ကျသွားပြီ။
‘ပရမတ်’ လဲသုည မရှိတော့ဘူး။
🌷ပညတ်လဲမရှိတော့ဘူး။
🌷ပရမတ်လဲ မရှိတော့ဘူး။
စိတ်လေးကို သတိထားကြည့်လိုက်..
“ခံစားချက််” ကိုသတိထားကြည့်လိုက်။
🪷ငါနဲ့ဆိုင်တယ်ထင်တုန်းက ခံစားချက်က တမျိုး။
🪷 ငါနဲ့မဆိုင်ဘူးလို့ သိလိုက်တဲ့ ခံစားချက်က တမျိုး။
🌺ငါနဲ့မဆိုင်ဘူးဆိုတဲ့ ခံစားချက်က စွဲလန်းမှု ‘ဥပါဒါန်’ မရှိတော့ဘူး။ (စွဲလန်းမှုမရှိတော့ … ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ လိုချင်ခြင်း၊ မလိုချင်ခြင်းမရှိတော့ဘူး)
🌺ကိုယ့်စိတ်ထဲမှာ လွတ်လပ်သွားပြီ မဟုတ်လား။ အစွဲကင်းသွားပြီ မဟုတ်လား။
🌺‘ခန္ဓာ(၅)ပါး’ပေါ်မှာ စွဲလန်းနေတဲ့ ဉပါဒါန် မရှိတော့ဘူး။
အဲ့တာမှ ‘ဒိဋ္ဌိ’ ပြုတ်တယ်ခေါ်တာ။
ပညာပါတယ်နော်။
‘ဒိဋ္ဌိ’ ဘာကြောင့်ပြုတ်။
🍀✨’အတ္တ’ နေရာမှာ ‘အနတ္တ’ ဝင်သွားလို့ ‘ဒိဋ္ဌိ’ ပြုတ်သွားတာ မဟုတ်လား။
‘ရုပ်နာမ်’ ပရမတ်တရားကို သူ့သဘာဝလို့ သိလိုက်တဲ့ ‘အနတ္တဉာဏ်’ ကနေ အရင်က ‘အတ္တ’ နဲ့ဆုတ်ကိုင်ထားတာဟာ…
ဆုတ်ကိုင်လို့မရဘူး…
🍀သူ့သဘာဝဖြစ်နေတဲ့ ‘အနတ္တ’ လို့လဲ သိလိုက်ရော…
🍀‘အတ္တဒိဋ္ဌိ’ ပြုတ်သွားပြီ မဟုတ်လား။
ရှုမှတ်ရင်း…ရှုမှတ်ရင်းနဲ့…အတ္တလေးပါပါနေတာ။
ငါနဲ့ဆိုင်လား…ငါနဲ့ဆိုင်လား…နဲ့ ဆင်ခြင်ရင်းဆင်ခြင်ရင်းနဲ့ မဆိုင်မှန်းလဲသိရော…ခုနကဆိုင်တယ်လို့ထင်တဲ့ အကြွင်းအကျန်လေးက ပြုတ်မထွက်သွားဘူးလား။
- ပြုတ်ထွက်သွားပါတယ်ဘုရား။
အဲ့တာမှ ‘အတ္တဒိဋ္ဌိ’ လုံးဝစင်သွားတာမဟုတ်လား။ | 7 |
| 7 | စက်တင်ဘာလတရားစခန်း နဝမမြောက်ရက်။
Day 9 တရားအနှစ်ချုပ်။
Day 9 တရားကတော့ ယောဂီဟောင်းတွေအတွက် ၁၀ မှတ်မှာ ၁၀ မှတ်အပြည့် (10 out of 10) ပေးရမယ့် တရားပါပဲ။ 🙏
အင်မတန် တန်ဖိုးရှိပါတယ်။
တရားထိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘာတွေကို ပြန်စစ်ရမလဲ၊ ဘယ်လို ပြန်သုံးသပ်ရမလဲ ဆိုတဲ့အချက်တွေကို အသေးစိတ် သင်ပေးထားတဲ့ တရားပါ။ ဘုန်းဘုန်းကိုယ်တိုင်လည်း အကြိမ်ကြိမ် ဟောဖူးတဲ့ တရားတော်လေးပါပဲ။
စာရေးလိုက်၊ ပြန်ရစ်နာလိုက်၊ ခန္ဓာဘက်လှည့်ပြီး ရှုလိုက်နဲ့—
“ဟာ… ဟုတ်လိုက်တာ…
မှန်လိုက်တာ…
ကောင်းလိုက်တာ…
တကယ်ကို ထိမိလိုက်တာ…”
ဆိုပြီး အကြိမ်ကြိမ် ဖြစ်ရတဲ့ တရားလေးပါပဲ။ 😇🙏
တရားကို ပြန်ပြန်ရစ်နာရင်း ခန္ဓာမှာ မြင်အောင်ရှုလိုက်၊ အရင်က ရှုမှတ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေနဲ့ တိုက်စစ်ကြည့်လိုက်နဲ့ တရားပီတိတွေ ဖြစ်ရတဲ့ တရားတစ်ပုဒ် ဖြစ်ပါတယ်။
အရင်က နာဖူး၊ ရှုဖူးထားတာတွေကလည်း ပိုပြီး မြင်ကွင်းရှင်းလာရပါတယ်။
“တရားတွေကို အကြိမ်ကြိမ်နာ၊
သိပြီးသားဖြစ်နေရင်တောင် အထပ်ထပ် ရှု”
ဆိုတဲ့ ဘုန်းဘုန်းရဲ့ သတိပေးစကားတွေက ဘယ်လောက်မှန်ကန်လဲဆိုတာ ဒီတရားမှာ ပိုပြီး နားလည်မိပါတယ်။
“ငါ သိပြီ” လို့တောင် ပြောလို့မရလောက်အောင်
တရားသဘောက သိမ်မွေ့လွန်းပြီး
သိစရာအသစ်အသစ်တွေကလည်း မြင်လာရပါတယ်။
ဒီဘဝမှာ လူဖြစ်ရကျိုးနပ်လိုက်တာ…
တရားနဲ့တွေ့ရကျိုးနပ်လိုက်တာ…
ကျေနပ်ပီတိဖြစ်မိလွန်းလို့—
ကျေးဇူးရှင် ဆရာဘုန်းဘုန်းကို
ကျေးဇူးတင်မဆုံး၊
အကြိမ်ကြိမ် ဦးချကန်တော့ရပါတယ်
ဘုရား။ 🙏🙏🙏
ဒီနေ့ တရားအနှစ်ချုပ်ရေးထားတဲ့အချက်တွေကတော့….
🪷 ‘ဥပါဒါနက္ခန္ဓာ’ ဆိုတာဘာလဲ။
🪷 ‘သက္ကာယ ဒိဋ္ဌိ’ ဆိုတာဘာလဲ။
🪷 ‘သက္ကာယဒိဋ္ဌိ’ ဘယ်လိုပြုတ်သွားလဲ။
🪷 ‘အနတ္တဉာဏ်’ ဘယ်လိုဆိုက်သွားတာလဲ… ဆိုတဲ့အချက်တွေကို အနှစ်ချုပ်ရေးသားထားပါတယ်ရှင့်။
🌷🌷🌷🌷🌷🌷🌷🌷
ဝိပဿနာရှုတယ်ဆိုတာ…
‘သဘာဝဖြစ်စဉ်’ ကိုပဲ မြင်အောင်ကြည့်လိုက်ရတာ။ ပယ်သတ်လိုက်ရတာမရှိဘူး။
‘ပရမတ်’ ရှုထောင့်ကနေလှမ်းကြည့်မှ ‘ပညတ်’ နဲ့ ‘ပရမတ်’ ကို နှိုင်းယှဉ်ကြည့်ပြီးတော့မှ …
ဒီ ‘ပညတ်’ ပေါ်ကနေ ‘အဝိဇ္ဇာ’ ကိုမြင်မှ ‘တဏှာ’ ကိုမြင်တာ။
ယောကျာ်းလေးမြင်တာလဲ မမှားဘူး။
မိန်းကလေးမြင်တာလဲ မမှားဘူး။
ကောင်းတယ် မကောင်းဘူးမြင်တာလဲ မမှားဘူး။
မှားနေတာက ဒီ ‘သညာ’ ကို ဖုံးနေတဲ့ လှည့်စားနေတဲ့ ‘အဝိဇ္ဇာ၊ တဏှာ’ကြောင့် ဆိုတာမြင်အောင်ကြည့်ရမှာ။
‘ပညတ်’ ကို ပယ်ရမှာ မဟုတ်ဘူး။
‘ပညတ်’ ပေါ်ကနေ အသိမှား၊ အမှတ်မှား၊ အယူမှားနေတဲ့ ‘အဝိဇ္ဇာ’ ကိုမြင်အောင်ရှုရမှာ။
အဲ့ဒါကိုမြင်ရင်…
သမုဒိသစ္စာ ရဲ့ သဘာဝတရား
ပရမတ္တသစ္စာ ရဲ့ သဘာဝတရား
အရိယသစ္စာ ရဲ့ သဘာဝတရားကို နားလည်သွားပြီ။
🌹‘ပညတ်’ ရဲ့သဘာဝကိုလဲ သိရမယ်။
🌹‘ပရမတ်’ ရဲ့သဘာဝကိုလဲ သိရမယ်။
🌹‘ပရမတ်’ ရှုထောင့်ကနေလှမ်းကြည့်မှ ‘ပညတ်’ ပေါ်မှာ ဖြစ်နေတဲ့ စိတ်အစဉ်ကိုလဲကြည့်ရမယ်။
🌹ဒီစိတ်အစဉ်ကို ‘ရုပ်’ တွေ ‘နာမ်’ တွေရဲ့ သဘာဝပေါ်ကနေလဲ ဆင်ခြင်ရမယ်။
🌹‘ပညတ်’ ရှုထောင့်၊ ‘ပရမတ်. ရှုထောင့်ကနေလဲ ကြည့်ရမယ်။
အဲ့တာမှ ဒီသဘာဝတရားပေါ်ကနေ လွန်ကဲနေတဲ့ ‘ဝိပလ္လာသ’ ‘အသိမှား၊ အမှတ်မှား’ ကိုမြင်မှာ…
အဲ့ဒီအမှား ‘အဝိဇ္ဇာ’ နေရာမှာ ‘ဝိဇ္ဇာဉာဏ်’ အစားထိုးမှာ။
🌼🌼🌼🌼🌼🌼🌼
‘ဥပါဒါနာက္ခန္ဓာ’ ဆိုတာ…
‘ပရမတ်’ ကို ‘ပရမတ်’ မှန်းမသိလို့
ဒီ ‘ပညတ်’ ခန္ဓာအပေါ်မှာ ‘ဥပါဒါန်’ ဖြစ်နေတာကိုပြောတာ။
‘သက္ကာယ’ နဲ့မဆိုင်ဘူး။
🌼🌼🌼🌼🌼🌼🌼
‘သက္ကာယ ဒိဋ္ဌိ’ ဆိုတာဘာလဲ။
‘ပညတ်’ တွေ။
⛔️ငါ၊ သူ၊ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ ဘုန်းကြီး၊ ရဟန်း၊ ဘုရား။
⛔️ခေါင်း၊ ခါး၊ ခြေ၊ လက်
⛔️နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်။
(၃)ပိုင်းခွဲလိုက်တာနော်။
‘ပညတ်’ အပေါ်မှာ ‘အတ္တ’ ကြောင့် စွဲလန်းနေတာ။
ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဖြစ်နေတာ။
တဏှာ၊ မာန၊ ဒိဋ္ဌိဖြစ်နေတာ။
‘သက္ကာယဒိဋ္ဌိ’ ဆိုတာ…
☀️⭐️ ‘သက္ကာယ’ အပေါ်မှာ…⭐️☀️
‘သက္ကာယ’ ကို ‘သက္ကာယ’ မှန်းမသိလို့..
မသိလို့ ‘ဒိဋ္ဌိ’ ဖြစ်နေတယ်လို့ ဟောမှမှန်တယ်။
(သက္ကာယ = ခန္ဓာငါးပါး)
‘သက္ကာယ’ က ‘သက္ကာယ’ သတ်သတ်။
‘သက္ကာယ’ က ‘ဒိဋ္ဌိ’ မဟုတ်ဘူး။
‘သက္ကယ’ ကအကြောင်း၊ ‘ဒိဋ္ဌိ’ အမှတ်မသိတာက အကျိုး။
‘သက္ကာယ’ အပေါ်မှာ ဖြုတ်လို့ မရဘူး။
‘ပညတ်’ အပေါ်က အစွဲကို ဖြုတ်ရမှာ။
‘ဒိဋ္ဌိ’ က ‘သက္ကာယ’ အပေါ်မှာ ‘သက္ကာယ’ မှန်း ‘မသိ’ လို့ဖြစ်နေတာ။
‘သက္ကာယ’ ကို ‘သက္ကာယ’ မှန်းမသိလို့
🙅♀️ အသိမှား၊
🙅♀️အမှတ်မှား၊
🙅♀️အယူမှားနေတာကို ‘ဒိဋ္ဌိ’ လို့ခေါ်တာ။
‘ခန္ဓာ(၅)ပါး ကို ‘ခန္ဓာ(၅)ပါး လို့မသိတော့…
‘ပညတ်’ ကို ‘ပညတ်’ မှန်းမသိတော့ …
‘ပညတ်’ ကြီးအပေါ်မှာ ငါ၊ ငါ့ဟာ၊ ငါ့ဉစ္စာဆိုပြီး ဉပါဒါန်ဖြစ်နေတာ။
‘ပုဂ္ဂိုလ်၊ သတ္တဝါ’ လို့ သွားယူထားတဲ့ ‘အယူ’ ကမှားနေတာ။
ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ ‘ပညတ်’ ကြီး။
‘ပညတ်’မှန်းမသိတော့ ပုဂ္ဂိုလ် သတ္တဝါ ပေါ်မှာစွဲလန်းနေတဲ့ အစွဲ ‘ဥပါဒါန်’ဖြစ်နေတာ။
‘သက္ကာယ ဒိဋ္ဌိ’ ဆိုတာ…
🌿‘ပညတ်’ ကို ‘ပညတ်’ မှန်း မသိလို့၊
🌿‘ပရမတ်’ ကို ‘ပရမတ်’ မှန်းမသိလို့
🌿‘ပညတ်’ အပေါ်မှာ စွဲလန်းမှု ‘ဥပါဒါန်’ ဖြစ်နေတာ။
🌼🌼🌼🌼🌼🌼🌼
‘သက္ကာယဒိဋ္ဌိ’ ဘယ်လိုပြုတ်သွားလဲ။
‘သက္ကာယ’ အပေါ်မှာ ဖြစ်နေတဲ့ ‘ဒိဋ္ဌိ’ ကိုဘယ်လိုလုပ်မြင်သွားတာလဲ… | 17 |
| 8 | 🔰 ကံကြောင့်ရလာတဲ့ အကျိုးခန္ဓာငါးပါးအပေါ်မှာ ကံသင်္ခါရ အကြောင်းလေးပါးနဲ့ စဥ်းစား ဆင်ခြင်မှ ရလာတဲ့အကျိုးခန္ဓာကြီးဟာ ကံဖြတ်ရင် အချိန်မရွေးသေရမှာကို သံသယမရှိတော့ပါ။
မမြဲတရားကိုမြင်မှ မြဲတယ်ထင်တဲ့ သဿတဒိဌိ စင်သွားတာပါ။
ကံကြောင့်ရလာတဲ့ သေမယ့် မသာကြီးကို နေ့စဉ် ပြုစုလုပ်ကိုင်ပေးနေရတဲ့ အရာတွေကိုမြင်အောင်ကြည့်နိုင်မှ ပြုပြင်ပေးရတာလည်း ဒုက္ခ၊ မပြုပြင်ပေးပြန်ရင်လည်း ဖောက်ပြန်မှုရဲ့နှိပ်စက်တဲ့ဒဏ် မခံစားနိုင်တဲ့ ဒုက္ခ၊ ဘယ်လောက်ပြုပြင်ပေးပေး သူပျက်သလောက်မပြုပြင်ပေးနိုင်တော့ အို နာ သေ မလွတ်တဲ့ ဒုက္ခ၊ ဒုက္ခ ဒုက္ခ တွေမြင်လာမှ ခန္ဓာရလာတယ်ဆိုတာ တကယ်တော့ ဒုက္ခ ခံဖို့ သက်သက်အတွက်ပါပဲလားလို့ ဆုံးဖြတ်ချက်ချနိုင်မှ ခန္ဓာအပေါ်မှာ သုခ ထင်နေတဲ့ အထင်မှား ပျောက်မှာပါ။
🔰 သေပြီးရင်လည်းမအေးသေးဘဲ ရှင်စဥ်မှာပြုခဲ့တဲ့ ကံ အကြောင်းကြောင့် နောက်ဘဝတစ်ခုပြန်ရအုံးမှာပါ။
ဘဝပြန်ရရင် ရလာတဲ့ဘဝခန္ဓာနဲ့ ကံကြွေးတွေကိုပေးဆပ်ရင်း အခုလိုပဲ ရလာတဲ့ခန္ဓာကြီးကို ကံသင်္ခါရ အကြောင်းလေးပါးနဲ့ပြုပြင်ရင်း မပြင်နိုင်တဲ့အဆုံး တခါ သေကြရအုံးမှာပါ။
ဒါတွေကိုမြင်မှ ပြတ်တယ် ဆဲတယ်အထင်
ဥစ္ဆေဒဒိဌိ စင်သွားတာပါ။
🔰 ခန္ဓာမှာဘာပေါ်ပေါ် ဓတ်ကြီးလေးပါး ဖောက်ပြန်နေတဲ့သဘော ရုပ်တရားရယ် ရုပ်ဖောက်ပြန်တဲ့အပေါ် လိုက်ညွှတ်ပြီး ခံစား မှတ်သား သိနေတဲ့ နာမ်ခန္ဓာလေးပါးရယ် ခန္ဓာငါးပါးဖြစ်ပျက်နေတာပဲရှိပါတယ်။
ရုပ်နာမ်သဘာဝ သူ့သဘောသူဆောင် ဖောက်ပြန်ပျက်စီးနေတာတွေဟာ ဘယ်တန်ခိုးရှင် ဖန်ဆင်းရှင်ကမှပြုလုပ်ထားတာမဟုတ် ကိုယ့်အတ္တနဲ့လုပ်ယူတာလဲမဟုတ် အသက် လိပ်ပြာ ဝိညာဥ်ကောင်လဲမရှိ သူ့သဘာဝတရားသက်သက်မျှသာဖြစ်တဲ့အတွက် ကိုယ်အတ္တနဲ့လွန်ဆန်လို့မရမှန်း ကိုယ်ဘာမှအတတ်နိုင်မှန်း လက်ခံသွားမှသဘာဝ အနတ္တ ကို မြင်တာပါ။
🔰 အနတ္တ ကိုမြင်မှ ကိုယ်နဲ့မဆိုင်မှန်းသိတဲ့အတွက် အတ္တနဲ့ ဆုပ်ကိုင်ထားသမျှ လွှတ်ချနိုင်သွားတာပါ။
အရှုခံ အရှုဥာဏ် ကွဲမှ ရုပ်နာမ် သင်္ခါရတရားတွေအပေါ် ဥပေက္ခာနဲ့ လစ်လျူရှုနေနိုင်မှာပါ။
ဒီအကြောင်းအရာတွေကို 9.9.2026 (၅၈)ကြိမ်မြောက် ဝိပဿနာ၁၀ရက်တရားစခန်း အဌမနေ့တရားမှာနာယူနိုင်ပါပြီရှင်။
Credit to ဓမ္မစစ် ယောဂီ
🌿✨️🙏✨️🌿
🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿
ဗုဒ္ဓအလိုကျ ဝိပဿနာ
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
.
Facebook live
https://www.facebook.com/share/18F94BRNbi/
YouTube live
https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7
Telegram live
https://t.me/AshinPyannaSekkaVideos
.
တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link
https://t.me/meditationroadmap
Viber Channel link
https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT
..
ဆရာတော် အရှင်ပညာစက္က Biography
https://www.facebook.com/share/p/17aq8JHGbT/
..
🌿🍀🙏🍀🌿
📍ကျမ၏ ရေးသားမှု့ များသည်...
တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက်
အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော်
ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။
🍀🏵✨️🙏✨️🏵🍀 | 52 |
| 9 | ✨️ #တီရဏပရိညာ - သဘာဝလက္ခဏာကို သိသည့်အဆင့်ကနေကျော်ပြီးတော့သာမညလက္ခဏာကို သိတဲ့အဆင့်ရောက်သွားပြီ။
✨️ #သာမညလက္ခဏာ - အများဆိုင်လက္ခဏာ
ပထဝီနဲ့လည်းဆိုင်တယ်, အာပေါနဲ့လည်းဆိုင် တယ်, တေဇောနဲ့လည်းဆိုင်တယ်။
🔰 ဖြစ်ပြီးရင် ပျက်စီးသွားတဲ့သဘော အနိစ္စ။
🔰 ထိုဖြစ်မှုပျက်မှုတွေက အမြဲ ဒုက္ခပေးနေသောကြောင့် ဒုက္ခ။
🔰 ကိုယ်ဘာမှမတတ်နိုင်သောကြောင့် အနတ္တ။
#အနိစ္စ၊ #ဒုက္ခ၊ #အနတ္တ ဆိုတဲ့
#ဒီအမှတ်အသားသုံးခုဟာ
#သာမညလက္ခဏာ။
🔰 ဒီသာမညလက္ခဏာကို မြင်ပြီဆိုတော့မှ ဝိပဿနာဉာဏ်တက် လာတာ၊
✨️အဲ့ဒီကျမှ ဝိပဿနာ စပြီးတော့ဖြစ်တာ✨️
ခုနတုန်းက သိစရာတွေကိုသိတာ။
#တီရဏပရိညာ ကျတော့ ဆုံးဖြတ်လာတယ်၊ မမြဲပါလား, ဆင်းရဲပါလား.,ကိုယ်မပိုင်ပါလားဆိုတာတွေကို သူကဆုံးဖြတ်ချက်ချလာနိုင် တယ်။ ဆုံးဖြတ်လာပြီ။
ဒီလိုသိတာက တီရဏပရိညာ ... ဝိပဿနာဉာဏ်စပြီး တော့ဖြစ်လာတယ်။
ဝိပဿနာဉာဏ်တွေထဲမှာ သမ္မာသနဉာဏ်နဲ့ဥဒယဗ္ဗယဉာဏ် နှစ်ခုကို တီရဏပရိညာ ဆုံးဖြတ်နိုင်တယ်။
မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အနတ္တသဘောတွေကို ဆင်ခြင်သုံးသပ်တာ သမ္မာသနဉာဏ်။
...
အစ်မ စံ က တရားတစ်ပုဒ် လုံး ကို ရေးထားတာမို့ အရှည်ကြီးပါ..
ဖတ်ရ လွယ် နားလည် လွယ်မယ့် နေရာလေးသာ ဖြတ်ကူး ထားတာပါ..
အရှည် ကို တရား ထဲမှာ နားလည်နိုင်ပါတယ်။
..
ညက တရား ပွဲ မှာ ယောဂီ တစ်ယောက် သူ အနတ္တ ဥာဏ် မြင်ပုံ လျှောက်တာ အင်မတန် ပီတိ ဖြစ်ရ ပါတယ်..
သူ ငိုငို ပြီး ပြောတာ ကျန်ယောဂီ များအားလုံး လည်း ပီတိ မျက်ရည် ကျကြ ပါတယ်။
ဆရာတော် ကိုယ်တိုင်သေချာ သာဓု ခေါ်ပါတယ်..
သူ ဘယ်လို ကြိုးစား အားထုတ်ခဲ့တာလည်း နားထောင်ကြည့်ပါ နော်..
..
နောက် မိဘ တွေ နေမကောင်း လို့ နောက်ဆုံး အချိန် မှာ သက်သာအောင် ဆေးထိုး ပေးတာ.. ပါဏာတိ ကံ မြောက်သွား လား စိုးရိမ် စိတ် ရှိသူ မေးမြန်း တာက လည်း အင်မတန် သနားစရာ ကောင်းလှပါတယ်..
သူ့ကို ဖြေပေးတဲ့ အဖြေ လည်း နားထောင်ကြည့် ပေးပါနော်
..
Day 8 - 8th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1797
Telegram Video -https://t.me/AshinPyannaSekkaVideos/1798
YouTube -https://youtu.be/hmbnOoPrCXY?is=2LsrGN3r-Q0PYUF1
Facebook -https://fb.watch/v/5wa2kCSho/?mibextid=wwXIfr
..
Day 8
တရားအနှစ်ချုပ်
🔰 ဥာတပရိညာ တီရဏပရိညာ ပဟာနပရိညာ ဆိုတာ ဥာဏ်စဥ်၁၆ပါး ကို အပိုင်းသုံးပိုင်းအနေနဲ့ ခွဲပြထားတာပါ။
🔰 ဥာတပရိညာဆိုတာ ဝိပဿနာလမ်းပေါ်ရောက်ဖို့ သိရမဲ့တရားတွေကို စာအသိ သုတအသိကနေ ဥာဏ်ပညာနဲ့ ခန္ဓာဥာဏ်ရောက် ပိုင်းပိုင်းခြားခြား သိတဲ့အသိဖြစ်အောင် လက်တွေ့ကိုယ်တိုင် လိုက်လုပ်ရတာပါ။
တရားစခန်း ပထမနေ့ကနေ ဆဌမမြောက်နေ့အထိက အခြေခံ ဥာတပရိညာအပိုင်းဖြစ်တဲ့ ရူပပရိစ္ဆေဒဥာဏ် နာမပရိစ္ဆေဒဥာဏ် နာမရူပပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ် သမ္မသနဥာဏ် အထိ ခန္ဓာဥာဏ်ရောက် လက်တွေ့ ကိုယ်တိုင်အားထုတ်တတ်အောင် တရားပြဆရာက လမ်းညွှန်ပြသပေးတာပါ။
🔰 တရားပြဆရာရဲ့တာဝန်က ယောဂီတွေကို ဝိပဿနာလမ်းပေါ်ရောက်အောင်တင်ပေတာပါ။
🔰 သမ္မသနဥာဏ်ရောက်မှ ဝိပဿနာဖြစ်ပြီး ဝိပဿနာလမ်းကြောင်းပေါ်ရောက်တာပါ။
ဝိပဿနာလမ်းပေါ်ရောက်ပြီဆိုမှ ရှေ့ဆက်လျှောက်လှမ်းသွားဖို့က ယောဂီရဲ့တာဝန်ဖြစ်သွားပါပြီ။
သမ္မသနဥာဏ်ကနေပဲ ခန္ဓာငါးပါးအပေါ်မှာ မဂ္ဂင် ၈ပါးဖြင့် အကြောင်းအကျိုးနဲ့ အထပ်ထပ်ဆင်ခြင်ရင်း အားကောင်းတဲ့ဝိပဿနာဖြစ်လာမှ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ အသိဥာဏ် အဆင့်ဆင့်ပြောင်းလဲသွားမှာပါ။
🔰 တရားရတယ်ဆိုတာ အသိ ပြောင်းသွားခြင်းပါ။
ပညတ် ပရမတ် ပိုင်ခြားသိလာမှ ပညတ်အပေါ်ကနေ အသိမှား အမှတ်မှား အယူမှား နေတာကို ပရမတ်အသိအစားထိုးပြီး အသိမှန် အမှတ်မှန် အယူမှန် ပြောင်းသွားတာပါ။
🔰 အမှောင် ပျောက်ချင်ရင် အလင်း အစားထိုးရသလို အသိမှား ပျောက်ချင်ရင် အသိမှန် အစားထိုးပေးရတာပါ။
တရားမှာ ဘာတစ်ခုမှ ပယ်ခြင်းသတ်ခြင်းမရှိပါ။
🔰 ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ အမည်ပညတ် ပရမတ်အနေနဲ့အရှိတရားက ရုပ်နှင့်နာမ် ခန္ဓာငါးပါး အပေါင်းအစုပါ။
ခေါင်း ခါး ခြေ လက် ဆိုတာ အမည်ပညတ် ပရမတ်အနေနဲ့အရှိတရားက ဓါတ်ကြီးလေးပါးအပေါင်းအစုပါ။
နာတယ် ကျဥ်တယ် ကိုက်တယ် ခဲတယ် ယားတယ် ဆိုတာ အမည်ပညတ် ပရမတ်အနေနဲ့အရှိတရားက ဓါတ်ကြီးလေးပါးဖောက်ပြန်နေတာပါ။
🔰 ယောက်ျား ဆိုတဲ့ ပညတ်အပေါ်ကနေ ယောက်ျားလေးကလည်း သူကိုယ်သူ ယောက်ျား လို့ ထင်နေတာပါ။
မိန်းကလေးကလည်း ထိုနည်း လည်းကောင်းပါပဲ။
ဥာတပရိညာ အကြောင်းကြောင့် ပညတ် ပရမတ် ကွဲနေတဲ့အတွက် တီရဏပရိညာက ရုပ် နှင့် နာမ် ခန္ဓာငါးပါးပဲရှိတယ်လ်ို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ယောက်ျား မိန်းမ လို့ထင်တဲ့ အထင်မှား ပျောက်သွားတာပါ။
🔰ဥာတပရိညာ နဲ့ တီရဏပရိညာ နှစ်ခုပေါင်း အကြောင်းကြောင့် ပဟာနပရိညာက ပယ်စရာရှိတာ ပယ်နိုင်တဲ့အဆင့် ဖြစ်လာတာပါ။
🔰 ပရိညာသုံးပါးက တစ်ခုနဲ့တစ်ခု အကြောင်းအကျိုးအနေနဲ့ ဆက်စပ်ဖြစ်နေကြတာပါ။
အကောင်း အဆိုး အနေနဲ့ ဖြစ်ပေါ်လာသမျှ အကျိုးတရားမှန်သမျှဟာ အကြောင်းကင်းပြီး ဖြစ်လာတယ်ဆိုတာ တစ်ခုမှမရှိပါ။
အကြောင်းအကျိုးတွေ အပြန်အလှန်ကျေးဇူးပြု စုပေါင်း စုပေါင်းလာမှ အရှိန် ပါလာပြီး အားကောင်းလာတာပါ။ | 28 |
| 10 | ✨️ ညက တရားပွဲ ပြီးပြီး ခြင်း အမေ message ပို့တယ်..
ဉာတပရိညာ ဆိုတာ နားမလည် လို့တဲ့ .
ဓမ္မစစ် ယောဂီ ရေးရင် မြန်မာ လို ပဲ ရေးပေးပါ တဲ့ တောင်းဆို တယ်။
သူ စူဠသောတာပန် ဖြစ်ချင် လို့ပါတဲ့။
ပရိညာ သုံးဖြာ လည်း မနည်း မှတ်နေရတယ်..
သမ္မသနဥာဏ် လည်း မေ့ပြီတဲ့..
✨️ အမေ..
အမေ့ ကို ဆရာတော် က အမေ့ အတွက် ကျင့်ကွက် ချပေးပြီးသား လို့ ..
အမေ လုပ်ကိုင်တိုင်း မှာ ရုပ် ပရမတ် သဘောလေးတွေ ပဲ သိပေး နေပါ လို့..
အဲ့ဒီ ကနေ.. မမြဲ တဲ့ သဘောတွေ မြင်လာလိမ့် မယ် ပြောတယ် လို့....
မမြဲ တဲ့ သဘော ဟာ ဆင်းရဲ တယ်ဆိုတာ လည်း ဥာဏ်ထဲ အလိုလို ပေါ်လာ လိမ့်မယ် တဲ့...
နောက်ဆုံး ဒီ သဘောတွေ ဟာ သူ့သဘော နဲ့ သူဖြစ်နေတာ ငါလုပ်ယူ လို့ မရ..
အတ္တ မဟုတ် တ့ အနတ္တ သဘော ပါ လား လို့ ဥာဏ် က အလိုလို ဆင်ခြင် ပါလိမ့် မယ် တဲ့. ...
အဲ့ဒါ ကြောင့် အများကြီး မစဥ်းစား ဘဲ ကိုယ် သိနေတဲ့ ရုပ်ပရမတ် လေးကို သာ ခံစား သိနဲ့ ရှုမှတ်ပါ...
ပရမတ် ကို သေချာ ခံစား ရှုမှတ်ချိန် မဂ္ဂင် ၈ ပါး ထိုက်နေပါတယ် လို့..
ပရိညာ တွေကဗဟုသုတ နားလည် ချင်ရင် ပါချုပ်ဆရာတော် ဟောထားတာ တော်တော်လေး ရှင်းတယ် နာကြည့်ပါ ဆိုပြီး ပို့ပေး လိုက်တယ်။..
ဒီမနက် နိုးနိုးခြင်း ပရိညာ ၃ဖြာ ကို ပြန် နားထောင်တာ ကောင်းလိုက်တာ..
အရင်က နားလည် တာထက် ပိုနား လည်လာ တယ်.။
နာကြည့် ပါ..
ကုယ်ရ ထားတဲ့ တရား မှန် မမှန်
ခန္ဓာ နဲ့ တိုက်စစ်ပါ...
မှတ်ကျောက်တင်ပါ...
🍀#ပရိညာ၃ဖြာဝိပဿနာ🍀
ပါချုပ် ဆရာတော်
https://t.me/meditationroadmap/12
YouTube
https://youtu.be/LKwfa7cJ3OI?si=BhOUARXW2PCMv0Y0
ပရိညာ ၃ ဖြာ အကြောင်း..
အစ်မစံ ရေးထားတာ ကျမ သဘောကျတဲ့ နေရာလေး ဖြတ်ကူးတင်ပေပါ့မယ်..
...
🔰 ဉာတ - သိရမဲ့တရားဆိုတာ ရုပ်နဲ့နာမ်ဟာ ကိုယ့်ခန္ဓာမှာသိရမဲ့တရား။
အဲ့ဒီသိရမဲ့တရားကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ဉာဏ်ကို ဉာတပရိညာ။
🔰 နှာသီးဖျားမှာ ထွက်လေ၊ဝင်လေလေး မှန်မှန်ရှူပြီး ကမ္မဋ္ဌာန်းနှလုံးသွင်းကြည့်လိုက်တဲ့ အခါ မှာရှူသွင်းလိုက်တဲ့လေလေး၊
ရှိုက်ထုတ်လိုက်တဲ့လေလေးက နှာသီးဖျားမှာလာထိတယ်၊ ထိတဲ့အခါ ထိမှန်း သိလိုက်တယ်၊ လေလေးကနွေးလျှင် နွေးတယ်လို့သိတယ်၊ အေးလျှင်လည်း အေးတယ်လို့သိတယ်။
ညက် ညောရင် ညက်ညောတယ်လို့သိတယ်။ ကြမ်းတမ်းလျှင်လည်း ကြမ်းတမ်းတယ်လို့သိတယ်။
🔰 အများကြီးမစဉ်း စားတောင် မှအဲ့ဒါလေးကိုဘဲ စဉ်းစားကြည့်လိုက်လိုက်၊
(လေ)လေးဟာ #ဝါယောဖောဋ္ဌဗ္ဗရုပ် ဖြစ်တယ်၊
လေလေးလာထိ တဲ့နေရာက #ကာယပသာဒဆိုတဲ့ရုပ်တရား၊
#ဝါယောဖောဋ္ဌဗ္ဗရုပ် နဲ့ #ကာယပသာဒ ဒီ နှစ် ခုဆုံတဲ့အခါ ထိမှန်းသိ လိုက်တဲ့ (#ကာယဝိညာဏ်စိတ်)လေးပေါ်လာတယ်။
🔰 ဒီလိုကွဲကွဲပြားပြား ကြည့်လိုက်တဲ့အခါ#သုံးမျိုး မတူတာကို သွားတွေ့တယ်။
#လေလေး နဲ့ #လေထိတဲ့နေရာလေးကရုပ်တရား၊ ထိမှန်းသိလိုက်တဲ့ #အသိစိတ်လေးကနာမ်တရား၊ ဘယ်နေရာကြည့်ကြည့် ဒီအခိုက်အတန့်လေးမှာ ကြည့်လိုက်တာနဲ့ဒီ သုံး ခုပဲရှိတယ်ဆိုတာ တွေ့ရ တယ်။ ✨️✨️
..
✨️ #ဉာတ - သိစရာရုပ် နဲ့နာမ်နဲ့ဝိပဿနာအာရုံကို ..
✨️ #ပရိညာ - ပိုင်းပိုင်းခြားခြားသိတယ်၊သိတယ်ဆိုတဲ့နေရာမှာ ဘယ်ရှုထောင့်ကသိ တာလဲလို့မေးလျှင် သဘာဝလက္ခဏာရှုဒေါင့်ကသိတယ်။ ✨️
..
လက္ခဏာ နှစ် မျိုးရှိတယ်ဆိုတာ မှတ်ဖို့လိုတယ်။
ဝိပဿနာဉာဏ်ရချင်ပြီဆိုလျှင်( #သဘာဝလက္ခဏာနဲ့သာမညလက္ခဏာ) နှစ်ခုကို မှတ်ရမယ်။
..
🔰 #သဘာဝလက္ခဏာ .. ပင်ကိုယ် ကိုယ်ပိုင်အသီးသီး လက္ခဏာအမှတ်အသားလေးတွေ/ သူများနဲ့မတူတဲ့သီးခြားအမှတ်အသားလေးတွေ( Individual Characteristics ကိုယ်ပိုင်အမှတ်အသားလေးတွေကို) သဘာဝ လက္ခဏာ
🔰ခက်မာတဲ့သဘော၊ *ပျော့ပြောင်းတဲ့သဘောကိုသိရင်( ပထဝီ)ကိုသိတယ်လို့ခေါ်တယ်။
🔰ပူတာ၊ အေး တာကိုသိရင် (တေဇော)ကိုသိတယ်လို့ခေါ်တယ်။
🔰လှုပ်ရှားတာ၊ တွန်းကန်တာကိုသိလျှင်(ဝါယော)ကိုသိတယ်လို့ ခေါ်တယ်။
🔰(အာပေါ) မှာ"စုစည်းတာနဲ့ယိုစီးတာ" နှစ် ခုရှိတယ်။
..
🔰 အခုလို သိရမဲ့အရာတွေကိုသိတာ (ဉာတပရိညာ)။
သဘာဝတရားရဲ့ ကိုယ်ပိုင်အမှတ်အ သားကိုသိတာ
( နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်) နှစ် ခုဟာ ဉာတပရိညာနဲ့သက်ဆိုင်တယ်။
..
🔰 သိစ ရာတွေ သိအောင်လုပ်ရမယ်၊ သိစရာတွေ သိအောင်လုပ်နေတာဟာ ဝိပဿနာအတွက်foundation ချနေ တာနဲ့တူတူပဲ။
အခြေမခိုင်ပဲအထက်တက်သွားလျှင် ပြိုကျမယ်။
🔰 ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ကိုယ့်သန္တာန်မှာ စိတ်နဲ့ အာရုံနဲ့လေ့ကျင့်ပေးလို့ဒီအသိဉာဏ်တွေ ထင်ထင်ရှားရှားရလာ ပြီ၊ဘယ်ဟာကိုကြည့်လိုက်၊ကြည့်လိုက် (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော)သဘောတွေပေါ်လာပြီ၊
ခန္ဓာကိုယ် ထဲမှာ၊ မိမိသန္တာန်မှာဖြစ်တဲ့သဘာဝတရားတွေကို သိလာပြီဆိုလျှင်ဒါ (သဘာဝလက္ခဏာ)ကိုသိတယ်လို့ခေါ် တယ်။
🔰 သဘာဝလက္ခဏာသိဖို့ရန်အတွက် ဝိပဿနာဉာဏ်တွေထဲမှာ အခြေခံဉာဏ်တွေက နာမရူပပရိစ္ဆေဒ ဉာဏ်နဲ့ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်တယ်။
🔰 ရုပ်နဲ့နာမ်နဲ့ကွဲကွဲပြားပြားသိတာ နာမရူပပရိစ္ဆေဒဉာဏ်။
🔰 ရုပ်နာမ်တွေရဲ့အကြောင်းပါ တွဲဖက်ပြီးတော့သိတာ ပစ္စယပရိဂ္ဂဟဉာဏ်။
🔰 ဒီဉာဏ် နှစ် ခုဟာ ဝိပဿနာမဖြစ်သေးဘူး။
ဝိပဿနာရဲ့ foundation ဘဲရှိသေးတာ။
ဒါကို #ဉာတပရိညာ လို့ခေါ်တာ။
🔰 နာမရူပပရိစ္ဆေဒ ဉာဏ်နဲ့ပစ္စယပရိဂ္ဂဟဉာဏ်၊ သိစရာတွေကို ပိုင်းပိုင်းခြားခြားသိတယ်။ | 17 |
| 11 | 🔰 ပထဝီတစ်လုံးသိဖို့ ကိုင်စမ်းတဲ့နေရာမှာ ဂရုစိုက်မှု သတိ ပါရတယ်။
🔰 အားထုတ်မှု ဝီရိယ=ဝါယာမ ပါရတယ်။
စူးစိုက်မှု သမာဓိ ပါရတယ်။
🔰 စူးစမ်းဆင်ခြင်သုံးသပ်မှု သင်္ကပ္ပ ပါရတယ်။
🔰 စဥ်းစား ဆင်ခြင်ဖို့ စကားလုံးပညတ်သုံးရတဲ့အတွက် ဝါစာ ပါရတယ်။
🔰 ပရမတ်ကိုသိဖို့ စဥ်းစား ဆင်ခြင်နေတဲ့အချိန်မှာ အကုသိုလ်ကင်းနေတဲ့အတွက် အလုပ်က သမ္မာကမ္မန္တ ဖြစ်နေပါတယ်။
🔰 သမ္မာကမ္မန္တ ဖြစ်နေတဲ့အချိန် အသက်မွေးမှုစင်ကြယ်နေတဲ့အတွက် သမ္မာအာဇီဝ ဖြစ်နေပါတယ်။
🔰 မဂ္ဂင်၈ပါးပြည့်စုံမှ သိမှုတစ်ခုဖြစ်တာပါ။
📍ပရမတ်အပေါ်မှာ စဥ်းစား ဆင်ခြင် သုံးသပ်နေမှ မဂ္ဂင်၈ပါးမှာ သမ္မာထည့်လို့ရတာပါ။
📍မဂ္ဂင်၈ပါးနဲ့ရှုမှ ပရမတ် ကို သိမြင်ရသလို ပရမတ်အပေါ်ကနေ ရှုမှလည်း မဂ္ဂင် ၈ပါး ထိုက်တာပါ။
🔰 ပရမတ်နဲ့မဂ္ဂင်၈ပါးက ယှဥ်တွဲဖြစ်နေတဲ့အတွက် တစ်ခုစီ ခွဲခြားလို့မရပါ။
ရုပ်ကိုမှီပြီး နာမ်တွေဖြစ်ရတာပါ။
လှုပ်ရှားမှုမှန်သမျှဟာ ရုပ်အကြောင်း နာမ်အကျိုး၊နာမ်အကြောင်း ရုပ်အကျိုး အကြောင်းအကျိုးအနေနဲ့ ရုပ်နှင့်နာမ်အပြန်အလှန်ကျေးဇူးပြု အလုပ် လုပ်နေကြတာပါ။
🔰 ခန္ဓာမှာဘာပေါ်ပေါ် ဓါတ်ကြီးလေးပါးဖောက်ပြန်နေတဲ့သဘော ရုပ်တရားရယ် ရုပ်ဖောက်ပြန်တဲ့အပေါ် နာမ်ကသွားညွှတ်ပြီး ခံစား မှတ်သား သိနေတဲ့ နာမ်တရားတွေရယ် ရုပ်နဲ့နာမ် ခန္ဓာငါးပါး ဖြစ်ပျက်နေတာပဲရှိပါတယ်။
ရုပ်နာမ်သဘာဝ သူသဘောသူဆောင် သူ့အလုပ်သူ လုပ်နေကြတာဟာ ဘယ်တန်ခိုးရှင် ဖန်ဆင်ရှင်မှပြုလုပ်ပေးနေတာမဟုတ်ကိုယ်အတ္တနဲ့ဖယ်ထုတ်လို့လည်းမရ အသက် လိပ်ပြာ ဝိညာဥ်ကောင်လည်းမရှိ ရုပ်နာမ်သဘာဝ သက်သက်မျှသာဖြစ်တဲ့အတွက် ကိုယ်နဲ့ဆိုင်သလား မဆိုင်ဘူးလား မြင်အောင်ကြည့်ရမှာပါ။
🔰 ကိုယ်နဲ့မဆိုင်မှန်းသိဖို့က သဘာဝ ကို မြင်ရမှာပါ။
သဘာဝ ကို မြင်မှ အနတ္တ ကို မြင်တာပါ။
🔰 အနတ္တ မြင်မှ ကိုယ်နဲ့မဆိုင်မှန်းသိတဲ့အတွက် သင်္ခါရုပေက္ခာဥာဏ်ကြောင့် ရုပ်နာမ် သင်္ခါရတရားတွေအပေါ် လစ်လျူရှုနေနိုင်မှာပါ။
🔰 အနတ္တ မြင်မှ အတ္တဒိဌိပြုတ်တဲ့အတွက် အတ္တနဲ့စွဲကိုင်ထားသမျှ လွှတ်ချနိုင်သွားတာပါ။
ဒီအကြောင်းအရာတွေကို 8.9.2026 (၅၈)ကြိမ်မြောက် ဝိပဿနာ၁၀ရက်တရားစခန်း သတ္တမနေ့တရားမှာနာယူနိုင်ပါပြီရှင်။
Credit to ဓမ္မစစ် ယောဂီ
🌿✨️🙏✨️🌿
🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿
ဗုဒ္ဓအလိုကျ ဝိပဿနာ
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
.
Facebook live
https://www.facebook.com/share/18F94BRNbi/
YouTube live
https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7
Telegram live
https://t.me/AshinPyannaSekkaVideos
.
တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link
https://t.me/meditationroadmap
Viber Channel link
https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT
..
ဆရာတော် အရှင်ပညာစက္က Biography
https://www.facebook.com/share/p/17aq8JHGbT/
..
🌿🍀🙏🍀🌿
📍ကျမ၏ ရေးသားမှု့ များသည်...
တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက်
အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော်
ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။
🍀🏵✨️🙏✨️🏵🍀 | 7 |
| 12 | ✨️ ည က သားကို အိမ်မက်တယ် သူချော်လဲ လို့ ပွေ့ပြီး ဆေးရုံသွားဖို့ လုပ်နေတာ..
သားက ၅ နှစ်- ၆ နှစ်အရွယ်လေး..
ရင်ခွင်ထဲ မှာ ပွေ့ ထားတော့ ..
အော်သားက အရင်လိုပါပဲလား ဆိုပြီးစိတ်ထဲ တွေးမိ..
✨️ မနက် အိပ်ယာနိုးတော့ ပြန်တွေးတော့ ဒါ သညာ အလုပ် လုပ်တာပဲ လို့ သိ လိုက်တယ်
အဲ့လို သိလိုက် ချိန် မှာ သား ငယ်ငယ်က ပုံလေး အပေါ် စွဲနေတာ က ပြုတ်ထွက်သွားတယ် .
အရင်လို အိမ်မက် ကို သတိရပြီး တနေကုန် သတိရနေတာ တွေးနေတာ မျိုး မရှိတော့
ဒီခံစားချက် လေးက ကောင်းလိုက်တာ ..
ဒါ ဘာဖြစ်သွားတာလဲ ပေါ့.
✨️သူငယ်ငယ်က ခနခန ဖျားတော့ အရမ်းစိတ်ပူပြီး ဆေးရုံသွားခဲ့ရတာတွေ ကို
သညာက မှတ်ထားတာ..
သူငယ်ငယ်က ချစ်စရာ ကောင်းတာလေး တွေ ကိုလည်း သညာ က မှတ်ထားတာ..
အခု သူက အသက်ကြီး လာပြီ
ငယ်ငယ်က လို ချစ်စရာ ကောင်းတဲ့ ပုံ မဟုတ်ပေမယ့် ငယ်ငယ်က ပုံ လေး မှန်းပြီး ချစ်ရတာ.. ဒါ ..သညာ ဝိပ္ပံလာသ ပဲ..
ငယ်ငယ်က ပုံ ကို တမ်းတ ပြီး
သတိရနေတာ..
သညာ အလိမ်ခံ နေရတာပဲ လို့ မြင်လာတယ်..
ဒီလို တွေးတာရော မှန် လား လို့ ဆရာတော် ကို ဖုန်းဆက်မေးတော့ မှ မသိတာတွေ အများကြီး ထပ်သိ လိုက်ရ လို့ သိတာလေးတွေ ရေးပေးလိုက်ပါတယ်..
အဓိက အချက်လေးတွေပဲ အကျဥ်းချုပ် ရေးပေး လိုက်ပါ့မယ်
...
🌟 အဓိကက သညာဝိပ္ပံလာသ ကို သေချာ ရှင်းလင်းစွာ သိရပါ့မယ်တဲ့..
🌟 အကုန်လုံးကို သညာဝိပ္ပံလာသ လို့ လုံးချ လို့ မရ ပါဘူးတဲ့..
🌟 မိဘ တွေ အနေနဲ့ ငယ်ငယ်က သားပုံ သမီးပုံ လေးတွေ စိတ်ထဲ ပြန်ပေါ်လာတာ က သဘာဝ ပါတဲ့..သညာ အလုပ် လုပ်လို့ ပြန်ပေါ်တာ..
🌟 အဲ့ဒီပြန်ပေါ်တဲ့ အပေါ်မှာ ငါ့သား ငါ့သမီး ဆိုပြီး ထပ်ထပ် တွေးနေတာ ,
ဥပါဒါန် ကပ်နေပြီ .
အဲ့ဒါက မှ သညာဝိပ္ပံလာသ ပါတဲ့.
🌟 ကိုယ်က အိမ်မက် ကို သတိရပြီး ဒါက သညာ အလုပ်လုပ် တာပဲ လို့ သိလိုက်ချိန် မှာ အစွဲပြုတ် ပြီး နေလို့ကောင်းသွား တာက သဘာဝ ကို ဥာဏ်က သိ လို့ ဥပါဒါန် ပြုတ်ပြီး ဥပက္ခာ ဖြစ်သွားတာပါ တဲ့..
🌟 တမင်ဖြုတ်တာ မဟုတ်ပါဘူး..
သဘာဝ ကိုသိတဲ့ ဥာဏ် က ဥပက္ခာ ပြုလိုက်တာ...။
🌟သဘာဝ ကိုရှု ဥပက္ခာပြု 🌟
ဆရာတော် အထပ်ထပ် ပြောတဲ့ စကား လေးပါ..
..
✨️ ထပ်သိရတာတွေက အတော်လေး အသေးစိတ်ပါတယ်..
ဆရာတော် အမေဆဲ ဥပမာ ကိုအထပ်ထပ် ရှင်းနေတုန်းက အဲ့ဒီ စိတ်သဘာဝ တွေ နားမလည် ခဲ့ ဘူး ။ ဥာဏ်လည်း မမီ ခဲ့ပါ..။
အခု မှ တဏှာ ဥပါဒါန် ဆိုတာကို ပညတ် စာလုံး နဲ့ ခံစားချက် နဲ့ ချိတ်ဆက် နား လည်တာ...
အရင်ကတော့ တဏှာ-ဥပါဒါန်-ကံ စာရွတ်ရွတ် တာ.. ခန္ဓာ နဲ့ နားမလည် ခဲ့ပါ..
အခု မှ ခံစားချက် နဲ့ ချိတ်ပြီး နားလည်တာ..
ဒီနေ့ 9.9 မှာ အသစ် တွေ ထပ်သိ ရလို့ ဆရာတော့် ဥာဏ်တော် ကို ရိုသေစွာ ကန်တော့ပါတယ် ဘုရား..
တပည့်တော် သိဖို့ အများကြီး အများကြီး ကျန်သေးတယ် ဆိုတာလည်း သေချာ နားလည်ပါပြီ။
ရိုသေစွာ ကန်တော့ ပါသည် ဘုရား..။
🍀🙏🍀🙏🍀🙏🍀
..
✨️ တရားတွေက လေးနက်တယ်..
သိစရာ တွေက အများကြီး အများကြီး ကျန်သေးတယ်..
ကိုယ်မရောက်သေးတဲ့ နေရာတွေ အတွက် လည်း စိတ်မပူ ပါနဲ့..
တရားစခန်း ၁၀ ရက်မှာသာ သေချာ လေ့ကျင့် ပြီး ပြောတဲ့ အတိုင်း အားထုတ်ပါ..
အာစိဏ္ဏကံ တရားများ ညစဥ်ဝင်ပါ..
အဲ့ဒါ ဆို တဖြည်းဖြည်း နဲ့ လွတ်မြောက် လာပါ လိမ့်မယ်..
....
Day 7 - 7th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1791
Telegram Video -https://t.me/AshinPyannaSekkaVideos/1792
YouTube -https://www.youtube.com/live/YS6xjplXO84?is=PxU-z8RF-vQshRvm
Facebook -https://fb.watch/v/53wUOV7qX/?mibextid=wwXIfr
..
Day 7
တရားအနှစ်ချုပ်
🔰 ဝိပဿနာအားထုတ်မည့်သူတစ်ယောက်ဟာ အခြေခံ ဥာတပရိညာအပိုင်းဖြစ်တဲ့ ရူပပရိစ္ဆေဒဥာဏ် နာမပရိစ္ဆေဒဥာဏ် နာမရူပပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ် သမ္မသနဥာဏ် ဥာဏ်စဥ်၅ဆင့်ကို ခန္ဓာဥာဏ်ရောက် ဥာဏ်ပညာနဲ့ ပိုင်းခြားသိတဲ့ အသိဖြစ်အောင် အရင် လုပ်ရမှာပါ။
🔰 သမ္မသနဥာဏ်ရောက်မှ ဝိပဿနာဖြစ်ပြီး ဝိပဿနာလမ်းကြောင်းပေါ် စရောက်တာပါ။
ဝိပဿနာလမ်းပေါ်ရောက်ပြီဆိုမှ ဒီ သမ္မသနဥာဏ်ကနေပဲ ခန္ဓာငါးပါးအပေါ်မှာ
မဂ္ဂင်၈ပါး နဲ့ ရှုရင်း သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ အသိဥာဏ် အဆင့်ဆင့် ဆိုက်ရောက်အောင် ကြိုးစားအားထုတ်သွားရမှာပါ။
🔰 တသံသရာလုံးမှာ ပညတ်ကိုပညတ်မှန်း အမှန်မသိတော့ ပညတ်အပေါ်ကနေ အသိမှား အမှတ်မှား အယူမှားပြီး လောဘ ဒေါသ မောဟ တစ်ပါး ပါး စိတ်မှာစွဲပြီးသေရတဲ့အတွက် မပါယ်ကျရတာပါ။
🔰 မြတ်စွာဘုရားပွင့်လာမှ ပရမတ်တရားတွေ ကို သိခွင့်ရတာပါ။
ပညတ်အပေါ်မှာ ရှုနေရင် ဝိပဿနာမဖြစ်ပါ။
ဝိပဿနာမဖြစ်ရင် အပါယ် မလွတ်ပါ။
ပရမတ်အနေနဲ့ အရှိတရားက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပါ။
နိဗ္ဗာန် ဖယ်ထားပြီး စိတ် စေတသိက် ရုပ် မှာ တရားရှာရမှာပါ။
ဝိပဿနာဆိုတာ ခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရားတွေအပေါ်မှာ မဂ္ဂင်၈ပါးဖြင့် အကြောင်းအကျိုးနဲ့ စဥ်းစား ဆင်ခြင် သုံးသပ်ရတဲ့ အလုပ်ပါ။
🔰 ဓါတ်ကြီးလေးပါးမှာ ပထဝီဓါတ်တစ်လုံးရဲ့ ပျော့သဘော မာသဘော ကို သိဖို့တောင်
မဂ္ဂင်၈ပါးနဲ့ရှုမှ သိမြင်ရတာပါ။
ပထဝီတစ်လုံးသိဖို့ နဖူးဆိုတဲ့နေရာလေးကို လက်ညှိုးလေးနဲ့ထောက်ပြီး ပျော့သလား မာသလား သိနိုင်ဖို့ သေချာခံစားပြီး ကိုင်စမ်းကြည့်မှ ပျော့သဘော မာသဘော ရှိတဲ့ ပထဝီကိုတွေ့တာပါ။ | 8 |
| 13 | ဒီမှာကိုယ်တကယ်လုပ်စရာရှိတာက…
🌷🪷‘ခန္ဓာ(၅)ပါး’ ဆိုတဲ့ ရုပ်နာမ်ပရမတ် အပေါ်မှာ
🌷🪷‘မဂ္ဂင်(၈)ပါး’ နဲ့ အကြောင်းအကျိးဆင်ခြင်နေပြီဆိုရင်…
ဘုရားဟောထားတဲ့ ‘ပိဋကတ်(၃)ပုံ’ က အကုန်လုံး ဒီမှာပဲ။
တရားကတော့နာထား။
နာပြီးရင်ဖယ်ထား။
စာလာ အဝင်မခံလိုက်နဲ့။
စာက ရှုမှတ်တဲ့အခါမြင်လာမယ့်ဟာကို ဘုရားက သဘောပေါက်အောင်ဟောထားတာ။
‘စိတ်’ ဘယ်နှစ်ချက်ဖြစ်တယ်။
‘ဝိပ္ပလ္လာသ’ ဘယ်လိုဖြစ်တယ်။
‘ရုပ်’ တွေက ဘယ်နှစ်ချက်ဖြစ်တယ်ဆိုတာတွေက ဖယ်ထား။
‘နာမ်ခန္ဓာလေးပါး’ ပဲသိရမယ်။
ရုပ်(၂၈)ပါးတို့၊ စိတ်(၈၉)ပါးတို့၊ (၁၂၁)ပါးတွေကိုလဲဖယ်ထား။
သတိပဋ္ဌာန်လေးပါးတွေ ဖယ်ထား။
အားလုံးဖယ်ထား။
ဘာပဲရှုရမလဲ။
✅‘ခန္ဓာ(၅)ပါး’ ဆိုတဲ့ ရုပ်နာမ်ပရမတ် အပေါ်မှာ
✅ ‘မဂ္ဂင်(၈)ပါး’ နဲ့ပဲတရားရှုရမယ်။
#ဆရာတော်အရှင်ပညာစက္က ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ 🙏
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
🌷🌷🌷🌷🌷🌷🌷
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၂)ရက်နေ့မှာစထားတဲ့ Zoom Online (၁၀)ရက်တရားစခန်းမှဖိတ်ခေါ်ပါတယ်ရှင့်။ 🙏
Facebook page - ဗုဒ္ဓအလိုကျ ဝိပဿနာ
Telegram Link - https://t.me/AshinPyannaSekkaVideos
YouTube link -https://youtube.com/@aashinpanyarhcakk?si=aMxrVTAh6kGXwesQ
🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် (၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀Thinzar July | 7 |
| 14 | ယောဂီတစ်ယောက်ရဲ့ အလုပ်က ဥာဏ်စဉ် (၁၆)ပါးမှာ (၅)ပါးဖြစ်တဲ့…
1. ရူပပရိစ္ဆေဒဉာဏ်
2. နာမပရိစ္ဆေဒဉာဏ်
3. နာမရူပပရိစ္ဆေဒဉာဏ်
4. ပစ္စယပရိဂ္ဂဟဉာဏ်
5. သမ္မသနဉာဏ် အထိ ကိုယ်တိုင်ရှုမှတ်ရမယ်။ မရှုနိုင်ရင် ဆရာကောင်းရှာပြီး ခန္ဓာဥာဏ်ရောက်အောင်ရှုပါ။ အဲ့တာမှ ဝိပဿနာဖြစ်တယ်။
ကျန်တဲ့ ဥာဏ်စဉ် (၁၁)ပါးက ဒီ ဥာဏ်စဉ်(၅)ပါးထိ ဖြစ်တဲ့ ‘သမ္မသနဥာဏ်’ ကို ရှုရင်းရှုရင်းနဲ့ ဥာဏ်စဉ်တွေ တဆင့် တဆင့်ရောက်သွားမှာ။
(၁၆)ပါးပြည့်ရင် မဂ်ဖိုလ်ဆိုက်သွားမယ်။
🌷‘သောတာပန်’ ဖြစ်အောင်ဘယ်လိုရှုမလဲ ဇဝေဇဝါဖြစ်စရာမလိုဘူး။
ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) ပဲ ရှုရမှာ။
ဒါဆို ‘သောတာပန်’ ဖြစ်ပြီးသွားပြီ။
🌷‘သကဒါဂါမ်’ ဖြစ်အောင် ဘာရှုရမလဲ။
ဘာမှမစဉ်စားနဲ့။
ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) ကိုပဲ ဆက်ရှုရင်း ‘သကဒါဂါမ်’ ဖြစ်မှာ။
‘သကဒါဂါမ်’ ဖြစ်ပြီးသွားပြီ။
🌷‘အနာဂါမ်’ဖြစ်အောင် ဘာရှုရမလဲ။
ဇဝေဇဝါဖြစ်စရာမလိုဘူး။
ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) ) ကိုပဲ ဆက်ရှုရင်း ‘အနာဂါမ်’ ဖြစ်မှာ။
🌷‘ရဟန္တာ’ ဖြစ်ဖို့လဲ ဒီ ‘သမ္မသနဥာဏ်’ (Day 1-6) မှာပဲ ရှုရမှာ။
🌿🍀ဖြစ်ပေါ်လာတဲ့ အကျိုးတရားမှန်သမျှသည် အကြောင်းကင်းကြီးဖြစ်လာတာ တစ်ခုမှမရှိဘူးလို့ မြတ်စွာဘုရားက ဟောခဲ့တာ။
🌼‘သတိ’ ကအကြောင်း ‘ဝီရိယ’ ကအကျိုး။
🌼‘သတိ’ + ‘ဝီရိယ’ (၂)ခုပေါင်း အကြောင်းကြောင့် ‘သမာဓိ’ ကအကျိုး။
🌼‘သတိ’ + ‘ဝီရိယ’ + ‘သမာဓိ’ (၃)ခုပေါင်း အကြောင်းကြောင့် ‘ပညာ’ စဉ်စားဆင်ခြင်ဥာဏ် ‘သမ္မာသက္ကပ္ပ’ ဖြစ်လာတယ်။
🌼စဉ်းစားဆင်ခြင်ရင် စကားလုံးကပါမှရတာ ‘သမ္မာဝါစာ’။
🌼 ‘သမ္မာသက္ကပ္ပ’ နဲ့ ‘သမ္မာဝါစာ’ က အပြန်အလှန်ကျေးဇူးပြုနေတာ။
🌼အဲ့တာမှ ‘သမ္မာဒိဋ္ဌိ’ ဆိုတဲ့အမှန်ကိုမြင်လာတာ။
စုပေါင်း စုပေါင်းပြီးမှ အားကောင်းလာတာ။
🌿 ‘သမ္မာဒိဋ္ဌိ’ ဖြစ်လာဖို့ ‘သမ္မာသက္ကပ္ပ’ နဲ့ ‘သမ္မာဝါစာ’ ကထောက်ပံ့ပေးနေတာ။
🌿 ‘သမ္မာသက္ကပ္ပ’ နဲ့ ‘သမ္မာဝါစာ’ ဖြစ်လာဖို့က ‘သတိ၊ ဝီရိယ၊ သမာဓိ’ ကထောက်ပံ့ပေးနေတာ။
‘သမာဓိ’ ကနောက်လိုက်ပဲ။
‘ပညာ’ ကရှေ့ကသွားနေတာ။
‘ပရမတ်’ အပေါ်မှာဆင်ခြင်နေတဲ့အတွက် စိတ်စင်ကြယ်နေတယ်။
🌼‘သမ္မာအာဇီဝ’ ‘သမ္မာကမ္မန္တ’ လဲဖြစ်နေတယ်။
🌿‘သီလဝိသုဒ္ဓိ’ ဖြစ်တော့ … ‘စိတ္တာဝိသုဒ္ဓိ’ ဖြစ်တယ်။
🌿 ‘စိတ္တာဝိသုဒ္ဓိ’ ဖြစ်တော့ ‘ဒိဋ္ဌိဝိသုဒ္ဓိ’ ဖြစ်တယ်။
🌿မဂ္ဂင်(၈)ပါးနဲ့ ရှုနေတာဟာ ‘ဝိသုဒ္ဓိ(၇)ပါးထိုက်နေတယ်။
သီးသန့်မဟုတ်ပါဘူး။
အကြောင်းအကျိုးတွေပဲ။
🌿မဂ္ဂင်(၈)ပါးကလဲ တခုနဲ့တခု အပြန်အလှန်ကျေးဇူးပြုနေတာ။
တခုစီမဟုတ်ဘူး။
မြတ်စွာဘုရားရှင်က ဒီအမှောင်မိုက်ဖုံးနေပြီး ကိလေသာဗွက်ထဲမှာ နစ်မြုပ်နေတဲ့ သတ္တဝါတွေ လွတ်မြောက်နိုင်ဖို့အတွက်
‘ရုပ်’ တွေ ‘နာမ်’ တွေကွဲပြားအောင်
ငါဘယ်လိုတရားပြရမလဲဆိုတာကို သူရဲ့
‘သဗ္ဗေညုဥာဏ်တော်ကြီး’ နဲ့ စဉ်းစားခဲ့ရတာမဟုတ်လား။
ရိုးရိုးဥာဏ်မဟုတ်ဘူးနော်။
လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပေးဆပ်ပြီးမှရခဲ့တဲ့ ‘သဗ္ဗေညုဥာဏ်တော်ကြီး’ နဲ့ လမ်းကြောင်းချပြပေးခဲ့တာ။
‘ဝိပဿနာ’ လမ်းကြောင်းကြီးကို ချပြပေးခဲ့တယ်။
🪷⭐️💫မြတ်စွာဘုရားက ‘ရုပ်နာမ်ပရမတ်’ ကို မင်းတို့ မမြင်လို့မရဘူးလို့မှာခဲ့တာ။
🪷⭐️💫‘ရုပ်နာမ်ပရမတ်’ ကို ‘မဂ္ဂင်(၈)ပါး’ နဲ့ရှုခိုင်းခဲ့တာ။
‘ဝိပဿနာ’ အားထုတ်ရင် သိအောင်လို့….
ဗောဇ္ဈဉ်(၇)ပါးတို့
ဝိသုဒ္ဓိ(၇)ပါး
ပဋိစ္စသမုပါဒ်
ပဋ္ဌာန်း
သတိပဋ္ဌာန်(၄)ပါး စတာတွေကို ရှုမှတ်တဲ့အခါသိလာအောင်လို့ ကြိုပြီးဟောပြခဲ့တာ။
🪷⭐️🌷ကိုယ်လုပ်ရမယ့်အလုပ်က ‘ခန္ဓာ(၅)ပါး’ ဆိုတဲ့ ‘ရုပ်နာမ်ပရမတ်’ ပေါ်မှာ ရှုမှတ်နေဖို့ပဲ။
ဘယ်လမ်းကြောင်းအတိုင်းလဲဆိုတော့…
🪷🍀💫ဥာဏ်စဉ်(၁၆)ပါးအတိုင်းပဲ။
ဒီ သမ္မသနဥာဏ်မှာ အကြောင်းအကျိုး နဲ့ ဆင်ခြင်နေပြီဆိုကတည်းက…
🌷 ‘ခန္ဓာ့ပဋိစ္စသမုပါဒ်’ဆိုတာဒါပဲလို့ မြင်အောင်ပြခဲ့တာ။
🌷အပြန်အလှန်ကျေးဇူးပြုနေတဲ့သဘောက…‘ပဋ္ဌာန်း’ ဆိုတာဒါပဲလို့ မြင်အောင်ပြခဲ့တာ။
🌷ဝိသုဒ္ဓိ(၇)ပါး
🌷သတိပဋ္ဌာန်လေးပါး။ ဆိုတာဒါပဲလို့ မြင်အောင်ပြခဲ့တာ။
အကြောင်းအကျိုးဆင်ခြင်နေတဲ့အချိန်ကျရင်…
ရုပ် ဖက်ကိုဆင်ခြင်လိုက်၊ နာမ်ဖက်ကို ဆင်ခြင်လိုက်၊ ဝေဒနာကိုဆင်ခြင်လိုက်၊ ဝေဒနာကနေ နာမ်ကိုဆင်ခြင်လိုက်၊ ရုပ်ကိုပြန်ဆင်ခြင်လိုက်နဲ့ ဓမ္မာနုပဿနာဆိုက်လာတာမဟုတ်လား။
အဲ့ဒီဓမ္မတွေမှာ ပုဂ္ဂိုလ်သတ္တဝါမပါဘူး။
အဲ့တာမင်းတို့ကမသိတော့ ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုပြီးဖြစ်နေကြတာမဟုတ်လားဆိုပြီး ဘုရားကဟောခဲ့တာ။
မြတ်စွာဘုရားရှင်က ဒီတရားတော်တွေကို ‘ဝိပဿနာ’ အားထုတ်တဲ့အခါ ကိုယ်တိုင်သိမြင်နားလည်လာစေဖို့ ကြိုတင်ဟောပြထားခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တကယ်အားထုတ်ရမှာက
✅’ဥာဏ်စဉ်(၁၆)ပါး’ ပဲ။
✅’ဥာဏ်စဉ်(၁၆)ပါး’ ကို နည်းမှန်စနစ်မှန် ရှုမှတ်တတ်လာတဲ့အခါမှာ…
🍀🍀အခုနက ဘုရားကြိုဟောထားတာတွေက ကိုယ်ရှုမှတ်နေတဲ့ ဥာဏ်စဉ်အောက်မှာပဲ။ မဂ္ဂင်(၈)ပါးအောက်မှာပဲ မဟုတ်လား။
✅တရားကို ချုပ်လိုက်ရင် ခန္ဓာ(၅)ပါး’ ဆိုတဲ့ ရုပ်နာမ်ပရမတ် အပေါ်မှာ ‘မဂ္ဂင်(၈)ပါး’ နဲ့ပဲတရားရှုရမှာ။
ဘာမှရှုပ်ရှုပ်ထွေးထွေးရှုပ်မနေကြနဲ့။
အဟောတွေနဲ့မရှုပ်ကြနဲ့။ | 17 |
| 15 | တရားအပြည့်အစုံ။
Day 8 - 8th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1797
Telegram Video -https://t.me/AshinPyannaSekkaVideos/1798
YouTube -https://youtu.be/hmbnOoPrCXY?is=2LsrGN3r-Q0PYUF1
Facebook -https://fb.watch/v/5wa2kCSho/?mibextid=wwXIfr
တရားပွဲမတိုင်ခင် ဖွင့်ပေးသော ပါချုပ်
ဆရာတော်ဘုရားကြီး၏
‘ဒွါယ ဝိပသနာ ရှု့ပွား နည်း’ တရားတော်
https://t.me/meditationroadmap/13
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
🍀 🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက်(၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀 Thinzar July | 34 |
| 16 | စက်တင်ဘာလတရားစခန်း အဋ္ဌမမြောက်ရက်။
Day 8 - “ပရိညာ(၃)ဖြာ” တရားတော်
“ပရိညာ(၃)ဖြာ” ဆိုတာဘာလဲ။
🍀ပရိညာ (၃)ဖြာဆိုတာ ဉာဏ်စဉ် (၁၆)ပါးကို (၃)ပိုင်းခွဲထားတာ။
🍀ဉာဏ်စဉ် (၁၆)ပါးပြည့်ရင် မဂ်ဖိုလ်
ဆိုက်ပြီ။ သောတာပန်ဖြစ်ပြီ။ (သောတာပန်အတွက်ပဲမဟုတ်ဘူး။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်တဲ့ထိ ဒီ ဉာဏ်စဉ် (၁၆)ပါးကနေပဲဆက်ရှုသွားရမှာ)
ပရိညာ(၃)ဖြာ
(၁)ဉာတပရိညာ
(၂)တီရဏပရိညာ
(၃)ပဟာနပရိညာ
ပြောလို့သာတခုစီ တကယ်တော့ အကြောင်းအကျိုးဆက်စပ်နေတယ်။
🌺‘ဉာတပရိညာ’ အကြောင်းကြောင့်…
🌺‘တီရဏပရိညာ’ အကျိုးဖြစ်ရတယ်။
🌸‘ဉာတပရိညာ’ + ‘တီရဏပရိညာ (၂)ခုပေါင်းအကြောင်းကြောင့်…
🌸‘ပဟာနပရိညာ’ အကျိုးဖြစ်ရတယ်။
🪷‘ဉာတပရိညာ’ + ‘တီရဏပရိညာ’ + ‘ပဟာနပရိညာ’ (၃)ခုပေါင်း အကြောင်းကြောင့်…
🪷အကျိုးက ‘မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်’ ဆိုက်တယ်။
အကြောင်းတရားတွေက စုပေါင်းပြီး အားကောင်းလာပြီး တွန်းပို့သွားတာ။ စုပေါင်းပြီး အလုပ်လုပ်တာ။ တခုစီကြောင့်မဟုတ်ဘူး။
အဲ့တာ ဝိပဿနာရဲ့ ထူးခြားချက်။
(၁) ဉာတပရိညာ ( ကိုယ်သိရမယ့် ရုပ်နာမ် ‘ပရမတ်’ တရားကို ခန္ဓာဉာဏ်ရောက်ပိုင်
ပိုင်နိုင်နိုင်သိတာ။ ပိုင်းခြားသိတာ)
‘ဉာတပရိညာ’ ဖြစ်ဖို့ ‘ဝိပဿနာ’ လမ်းပေါ် စတက်ရမယ်။ က၊ခ သင်သလို အခြေခံကနေစသင်ရတယ်။
1. ရူပပရိစ္ဆေဒဉာဏ်
2. နာမပရိစ္ဆေဒဉာဏ်
3. နာမရူပပရိစ္ဆေဒဉာဏ် (ခန္ဓာ၅ပါးရဲ့သဘာဝကိုသိရမယ်။)
4. ပစ္စယပရိဂ္ဂဟဉာဏ် (အကြောင်းအကျိုးနဲ့ဆင်ခြင်တဲ့ဉာဏ်)
5. သမ္မသနဉာဏ်(လက္ခဏာ ၃ပါးမြင်ရမယ်)
ဒီ (၅)ချက်ပြည့်စုံမှ ‘ဝိိပဿနာ’ ဖြစ်တယ်။
အဲ့ဒါ ‘ဉာတပရိညာ’ အဆင့်ပဲ။
ဒါဘုရားချမှတ်ထားတဲ့နည်းပဲ။
ဒီတလမ်းပဲရှိတယ်။
မြတ်စွာဘုရားကိုယ်တိုင်လဲ ဒီအတိုင်းပဲသွားရတယ်။
‘ပညတ်’ ကနေ ‘ပရမတ်’ ကို ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သား ဝိစိကိစ္ဆာစင်စင်နဲ့ကို ပိုင်းခြားသိရမှာ။
ဉာဏ်ရင့်လာရင် ….
🌿🌿🌿
(၂) တီရဏပရိညာ (ဉာတပရိညာပေါ်မှာ အကြောင်းအကျိုးနဲ့ ဆင်ခြင်သုံးသပ်ရင်းရောက်လာတာ။ ဆုံးဖြတ်ချက်ချလာနိုင်တာ။)
ဥပမာ (၁)- နဖူးလေးကို သေချာခံစားစမ်းကြည့်လိုက်တော့…
ဪ နဖူးဆိုတာ ‘ပညတ်’
ငါခုကိုင်စမ်းလို့ သိလိုက်တဲ့ မာသဘော၊ ပျော့သဘောက ‘ပထဝီ’ ဆိုပြီး သမ္မာဒိဋ္ဌိဥာဏ်နဲ့ ဆုံးဖြတ်ချက်ချလာနိုင်တာကို ‘တီရဏပရိညာ’ လို့ပြောတာ။
ဥပမာ(၂) - ဦးဇင်းလို့မြင်တယ် ‘ပညတ်’။
ယောကျာ်း၊ မိန်းမဆိုတာ ‘ပညတ်’။ တကယ့်အရှိတရားက ‘ရုပ်နဲ့နာမ်’ ပဲလို့ ဆုံးဖြတ်ချက်ချလာနိုင်တာကို ‘တီရဏပရိညာ’ လို့ပြောတာ။
ဥပမာ (၃) - ခန္ဓာ(၅)ပါးပေါ် ကနေ …
အကြောင်းတရားလေးပါး (ကံ၊စိတ်၊ဉတု၊အာဟာရ) နဲ့ဆင်ခြင်ရင်း ….
ရုပ်နာမ်ခန္ဓာ(၅)ပါးကဖောက်ပြန်ပျက်စီးနေလို့ပြုပြင် အစားထိုးနေရတာ။
ပြုပြင်ပေးပေမယ့်လဲ ကံဖြတ်ရင်သေရမှာ။
ပျက်သလောက် အစားထိုး မပြုပြင်ပေးနိုင်လို့ အိုလာရတာ၊ နာလာရတာ၊ သေလာရတာ။
ဇာတိရလာရင် ရုပ်နာမ်တွေကဖောက်ပြန်ပြီပဲ။ မဖောက်ပြန်ပါနဲ့ မပျက်ဆီးပါနဲ့လို့ပြောလို့မရဘူး။
ခန္ဓာရလာတာဟာ သေမယ့်အချိန်ကံဖြတ်မယ့်အချိန်စောင့်နေတဲ့ ခန္ဓာကြီးပါလားလို့ သိလာရတယ်။
🌷ငါ့ခန္ဓာကြီးက မုချသေရမယ် မမြဲဘူးလို့ ဆုံးဖြတ်ချက်ချလာနိုင်တာ။
🌷သေပြီးရင်လဲ မအေးသေးဘူး။ ကိုယ်ပြုထားတဲ့ကံတွေကြောင့် ခန္ဓာတွေပြန်ရကြဦးမှာလို့ ဆုံးဖြတ်ချက်ချလာနိုင်တာ။
ခန္ဓာသဘာဝကို နားလည်လာတာနဲ့ ‘ဉာတပရိညာ’ အပေါ်ကနေ ဆုံးဖြတ်ချက်ချနိုင်လာတာကို ‘တီရဏပရိညာ’ လို့ခေါ်တယ်။
🌿🌿🌿
(၃) ပဟာနပရိညာ (ဆုံးဖြတ်ချက်နဲ့အတူ ပယ်လိုက်တာ)
ဥပမာ(၁) - ‘ယောကျာ်း၊ မိန်းမ’ နေရာမှာ ‘ရုပ်နဲ့နာမ်’ ပဲရှိတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရော…
‘ပညတ်’ သုည မရှိတော့ဘူး။ ‘ပရမတ်’ ကိုဆိုက်သွားပြီ။
‘ပညတ်’ နေရာမှာ ‘ပရမတ်’ ကိုအစားထိုးလိုက်တာ မဟုတ်လား။
‘ပညတ်’ ကပယ်ပြီးသားဖြစ်သွားပြီမဟုတ်လား။
အဲ့ဒါကို ‘ပဟာနပရိညာ’ လို့ခေါ်တယ်။
ဥပမာ (၂) - ငါ့ခန္ဓာကြီးက မုချသေရမယ် မမြဲဘူးလို့ ဆုံးဖြတ်ချက်ချလာနိုင်တာနဲ့ အတူတူ…
🌷မမြဲဘူးလို့မြင်တာနဲ့ မြဲတယ်လို့ထင်ထားတဲ့ ‘သဿတဒိဋ္ဌိ’ ကို ပယ်ပြီးသားဖြစ်သွားတာမဟုတ်လား။
သေပြီးရင်လဲ မအေးသေးဘူး။ ကိုယ်ပြုထားတဲ့ကံတွေကြောင့် ခန္ဓာတွေပြန်ရကြဦးမှာလို့ ဆုံးဖြတ်ချက်ချလာနိုင်တာ။
🌷ပြတ်ဆဲတယ်ဆိုတဲ့ ‘ဥစ္ဆေဒဒိဋ္ဌိ’ ကပယ်ပြီးသားဖြစ်သွားတာမဟုတ်လား။
‘အမှား’ နေရာမှာ ‘အမှန်’ အစားထိုးသွားတာ။ ပယ်လိုက်ရတာမရှိဘူး။
‘အသိမှား၊ အမှတ်မှား၊ အယူမှား’နေရာမှာ
‘အသိမှန်၊ အမှတ်မှန်၊ အယူမှန်’ အစားထိုးသွားတာ။
🌼’ဉာတပရိညာ’ မှမပိုင်နိုင်ထားရင် ဘယ်နည်းမှ ဝိပဿနာ မဟုတ်တော့ဘူး။
🌼 ’ဉာတပရိညာ’ ရုပ်နာမ်ပရမတ်တွေရဲ့ သဘာဝတရားကို မသိထားရင် ဆုံးဖြတ်တွေမချနိုင်ဘူး၊ မပယ်နိုင်ဘူး။
ဆရာတော်အရှင်ပညာစက္က ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားထပူဇော်ထားပါသည်။
🌷🌷🌷🌷🌷🌷🌷
ဒီနေ့က တရားစခန်း နဝမမြောက်
ရက်လေးပါရှင်။ 🙏
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷
ဆရာတော်အရှင်ပညာစက္က၏ စက်တင်ဘာလ (၈)ရက်နေ့ တရားစခန်း အဋ္ဌမရက်။ | 38 |
| 17 | 🪷သီလစင်ကြယ်လို့ စိတ်စင်ကြယ်တယ်။
🪷စိတ်စင်ကြည်လို့ အမြင်စင်ကြယ်တယ်
🪷အမြင်စင်ကြယ်လို့ ကိုယ် တသံသရာလုံးမသိခဲ့တဲ့ ‘ပထဝီ’ တလုံး ပရမတ်ကို သိသွားရတာ။
ဒီ ‘ပရမတ်’ ကိုသိတဲ့အသိသည် ‘မဂ္ဂင်(၈)ပါး’ ကြောင့်သိသွားတာမဟုတ်လား။
ဒါဘုရားပြောတဲ့ မဂ္ဂင်ပဲ။
သီလ၊ သမာဓိ၊ ပညာ တပြိုင်ထဲဖြစ်နေတာ။
🌻‘သီလ’ စင်ကြယ်မှ ‘သမာဓိ’ စင်ကြယ်မှာ။
🌻သီလ + သမာဓိ စင်ကြယ်မှ ‘အမြင်’
စင်ကြယ်ပြီး ‘ပညာ’ ဖြစ်တာ။
🍀’သဟဇာတ’ သဘော၊ ‘အညမည’ သဘောတွေပဲမဟုတ်လား။
🍀တခုစီမဟုတ်ဘူး။ အကြောင်းအကျိုးတွေချိတ်ဆက်နေတယ်။
‘ပရမတ်’ ကိုဆင်ခြင်နေတဲ့ချိန် ‘ကုသိုလ်’၊ ‘အကုသိုလ်’ မပါဘူး။ ‘လောဘ၊ ဒေါသ’ မပါဘူး။
ဘာလို့လဲ… မဂ္ဂင်(၈)ပါးနဲ့ရှုမှတ်နေလို့။ မဂ္ဂင်(၈)ပါးထိုက်နေလို့။
ပညတ်ပေါ်ရောက်ရင် ‘လောဘ၊ ဒေါသ’ ပါလာတော့မှာ။
ဒီတရားက နားထောင်ထားဖို့ နားထောင်ယုံလေးပဲ မဟုတ်ဘူးနော်။
☀️🍀✨⭐️ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့နော်။
✅ဒါမှ ဝိစိကိစ္ဆာစင်မှာ။ ကိုယ်သိတဲ့ အသိအပေါ် ယုံကြည်ချက်ရှိမယ်။
#ဆရာတော်အရှင်ပညာစက္က ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ 🙏
မဂ္ဂင်(၈)ပါးဆိုတာဘာလဲ
မဂ္ဂင်(၈)ပါးထိုက်အောင် ဘယ်လိုရှုမလဲ။
(၁၃ မိနစ်စာ) Video ဖိုင်
https://fb.watch/Fvc-uxKcFR/?mibextid=wwXIfr&fs=e
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၂)ရက်နေ့မှာ Zoom Online (၁၀)ရက်စခန်း စထားပါတယ်ရှင့်။ 🙏
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။ 🙏
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
Facebook page - ဗုဒ္ဓအလိုကျ ဝိပဿနာ
Telegram Link - https://t.me/AshinPyannaSekkaVideos
YouTube link -https://youtube.com/@aashinpanyarhcakk?si=aMxrVTAh6kGXwesQ
🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် (၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀 Thinzar July 🌹 | 67 |
| 18 | မဂ္ဂင်(၈)ပါးထိုက်အောင် ဘယ်လိုရှုမလဲ။
တသံသရာလုံးမှာ ‘ပညတ်’ ကိုစွဲခဲ့လို့ အပါယ်ကျပြီး သံသရာတွေလည်နေရတာ။
‘ပရမတ်’ ကိုမသိပဲ အပါယ်မလွတ်နိုင်ဘူး။
ဒါကြောင့် ‘ပရမတ်’ ကို ရှုရမယ်။
‘ပရမတ်’ ကိုဘာနဲ့ရှုရမလဲ။
မဂ္ဂင်(၈)ပါးနဲ့ရှုရမယ်။
မဂ္ဂင်(၈)ပါးလမ်းကလွဲ၍ ဘယ်အယူဝါဒမှ
‘သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရား’ မဖြစ်နိုင်ဘူး။
အပါယ်၊ သံသရာ လွတ်ချင်ရင်
🪷မဂ္ဂင်(၈)ပါးနဲ့
🪷ပရမတ် ပေါ်မှာရှုရမယ်။
🌷 မဂ္ဂင်(၈)ပါးနဲ့ရှုမှ ‘ပရမတ်’ မြင်နိုင်တယ်။
🌷 ’ပရမတ်’ ပေါ်မှာရှုမှလဲ မဂ္ဂင်(၈)ပါးထိုက်တယ်။
ဥပမာ - နဖူးလေးကို သေချာလေး…. နှလုံးသွင်းပြီး. အသာလေး ဖိခံစားကြည့်လိုက်ရင်…
‘ပျော့’ သဘောလေးတွေ့တယ်။
ဖိလိုက်ရင် ‘မာ’ သဘောကိုသိတယ်။
အဲ့တာ မဂ္ဂင်(၈)ပါးနဲ့မှ သိရတာ။
‘ပျော့’ တယ်လို့သိတဲ့ ‘ခံစားချက်’ လေးကိုကြည့်လိုက်။
အဲ့ဒီ ခံစားချက်ကလေးကို ‘သတိ’ မရှိပဲ သိနိုင်မလား။
- မသိနိုင်ပါဘူးဘုရား။
🍀(၁) ‘သမ္မာသတိ’
ဦးဇင်းက သေချာ ‘ခံစားနော်’ လိုပြောလိုက်ရင် ပိုပြီး ဂရုမစိုက်လိုက်ဘူးလား။
- စိုက်လိုက်ပါတယ်ဘုရား။
အဲ့ဒီ ‘သတိ’ အပေါ်ကနေ ‘ဝီရိယ’ ထပ်
တင်လိုက်တာ မဟုတ်လား။
🍀 (၂) သမ္မာဝါယမ
‘သတိ’ ရယ် ‘ဝီရိယ’ ရယ်ရဲ့ ‘ပျော့’ တယ်လို့ခံစားတဲ့ စိတ်လေးက အပြင်ထွက်လား။
- မထွက်ပါဘူးဘုရား
တခြားအတွေးရောဝင်လား။
- မဝင်ပါဘူးဘုရား။
ခံစားနေတဲ့စိတ်က ဒီနားမှာပဲရှိတာမဟုတ်လား။
အဲ့တာ ‘ခဏိက သမာဓိ’ ပေါ့။
🍀(၃) ‘သမ္မာ သမာဓိ’
အဲ့ဒီ သိနေတဲ့ ‘သတိ’လေးမှာရော တခြားစိတ်ရှိလား။ လောဘစိတ်၊ဒေါသစိတ်၊ အကုသိုလ်စိတ်ရှိလား။
- မရှိပါဘုရား
ဝီရိယ ထပ်စိုက်လိုက် သေချာခံစားကြည့်လိုက်ဆိုတဲ့ စိတ်မှာရော… သူများကို ခိုးမယ်၊ သတ်မယ်၊ လုမယ်၊ ရိုက်မယ် ဆိုတဲ့စိတ်ရှိလား။အကုသိုလ်စိတ်ရှိလား။
- မရှိပါဘုရား။
‘သတိ’ မှာလဲသန့်ရှင်းနေတယ်။
‘ဝီရိယ’ မှာလဲသန့်ရှင်းနေတာပဲမဟုတ်လား။
‘ခဏိက သမာဓိ’ စိတ်မှာလဲ သန့်ရှင်းနေတယ်။
(ဒိဌိဝိသုဒ္ဓိ ၊ စိတ္တာဝိသုဒ္ဓိ) ဖြစ်နေတာမဟုတ်လား။
{ဝိသုဒ္ဓိ၇ပါးသိရင် ဒီမှာ ဉာဏ်လေးထည့်လိုက်ရင်ပိုရှင်းတယ်)
သတိ၊ ဝီရိယ၊ သမာဓိ ရှိနေတော့ စိတ်ထဲက မဆင်ခြင်ဘူးလား။
ဪ… အသားဆိုတော့ ‘ပျော့’ သဘောရှိတယ်။
(အသားပေါ်ဆိုတော့ ပျော့သဘောရှိတယ်လို့ပြောပေမယ့် စကားလုံးပညတ်သာသုံးပေမယ့် …စိတ်ရဲ့သဘာဝကိုကြည့်လိုက်… ခံစားမှုပေါ်မှာပဲ စိတ်လေးကတည်နေတာ၊ ပျော့သေဘာကို ခံစားလို့သိနေတဲ့ အသိလေးမှာပဲ စိတ်လေးက ငြိမ်ပြီး သိနေတဲ့အသိလေးပဲရှိတယ်။ နှလုံးသွင်းကြည့်)
ဪ… ပျော့ သဘောပဲရှိပါလား။
ဖိကြည့်လိုက်တော့ အရိုးထောက်မိတော့ မာသဘောပဲရှိပါလား။
ဒါဆိုနဖူးဆိုတဲ့နေရာမှာ ဘယ်လိုပဲလိုက်စမ်းစမ်း ပျော့သဘောနဲ့ မာသဘောပဲရှိပါလား…ဆိုတာကို ဉာဏ်ထဲကနေ မဆုံးဖြတ်နေဘူးလား။
- ဆုံးဖြတ်နေပါတယ်ဘုရား။
အဲ့စိတ်ထဲမှာ လောဘစိတ်၊ဒေါသစိတ်၊ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ရှိလား။
- မရှိပါဘုရား။
မရှိဘူးအားလုံးစင်ကြယ်နေတယ်။
ဒါဆိုရင်…
စဉ်စားဆင်ခြင်နေတာ
🍀 (၄) ‘သမ္မာသင်္ကပ္ပ’
စဉ်စားဆင်ခြင်တဲ့အခါ စကားလုံးမပါပဲစဉ်စားဆင်ခြင်လို့ရလား။
- မရပါဘုရား။
စကားလုံးမပါပဲ စဉ်းစားကြည့်ကြည့်၊ ပညတ်မပါပဲစဉ်းစားကြည့်ကြည့်၊ ရလား။
- မရပါဘုရား။
မရဘူး။ ဒါဆိုကိုယ်သုံးနေတဲ့စကားလုံးကိုပြန်ကြည့်လိုက်၊ သူများကိုဆဲတာ (ဖရုသဝါစာ) ပါလား။ ခိုးမယ်၊လိမ်မယ်၊ သတ်မယ် တို့စကားလုံးပါလား။
- မပါပါဘူးဘုရား။
ပျော့သလား၊ မာသလားဆိုတဲ့ စကားလုံးမှာ အကုသိုလ်ပါလား။
- မပါပါဘူးဘုရား။
ဒီစကားလုံးက မသန့်ရှင်းနေဘူးလား။
🍀 (၅)‘သမ္မာ ဝါစာ’ မဟုတ်လား။
‘သမ္မာ ဝါစာ’ မပါပဲ ‘သမ္မာသင်္ကပ္ပ’ မဖြစ်
ဘူး။
ငါတို့က နဖူးလို့ထင်တာ၊ တကယ်က မာသဘော၊ ပျော့သဘောပဲရှိတာပဲ…
ခေါင်းလို့ထင်နေတာတကယ်က မာသဘော၊ ပျော့သဘောပဲရှိတာပဲ..
မာသဘော၊ ပျော့သဘောကိုဘုရားပ ‘ပထဝီ’ လိုပြောတာပဲ…
ဒါဆိုရင် ငါတို့ ခေါင်းလို့သိတာက ‘သမုဒိသစ္စာ’ အသိ၊
အခုဘုရားပြောတဲ့ ပထဝီမာသဘော၊ ပျော့သဘော အသိက ‘ပရမတ်’ အသိပါလား။
ဒါဆိုရင်… ‘ခေါင်း’ ဆိုတာက ‘ပညတ်’
အခုခံစားသိနေတဲ့ မာသဘော၊ ပျော့သဘော အသိက ဘုရားမြင်စေချင်တဲ့ ’ပထဝီ’ ‘ပရမတ်’ ပါလား။
ဒီလိုခွဲခြားပြီးသိသွားပြီး
ဆုံးဖြတ်ချက်ချနိုင်တာမလား။
ဆုံးဖြတ်ချက်ချနိုင်တာ🍀(၆) ‘သမ္မာဒိဋ္ဌိ’ မဟုတ်လား။ အယူမှန်မှရမှာမဟုတ်လား။
(၆)ပါးရှိနေပြီနော်။
ဆုံးဖြတ်ချက်ချနိုင်သွားလို့ ဒီအလုပ်တခုပြီးသွားပြီ၊ ဒီအလုပ်တခုပြီးသွားလို့ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ ‘သမ္မာအာဇီဝ’ ကျမကျကြည့်။
🌹ခိုးဖိုး၊ တိုက်ဖို့၊ လုဖို့ပါလား။
🌹လောဘ၊ ဒေါသပါလား။
🌹ကံ ၅ပါးကျူးလွန်တာပါလား။
- မပါပါဘူးဘုရား။
🪻ပုဂ္ဂိုလ်၊ သတ္တဝါ ပညတ်လဲမပါဘူး။
🪻လောဘ၊ ဒေါသ၊ မောဟလဲ မပါဘူး။
🪻ကုသိုလ်၊ အကုသိုလ်လဲ မပါဘူး။
🍀 (၇) ‘သမ္မာအာဇီဝ’ ကျနေတာမဟုတ်လား။
ကိုယ်စိတ်ကူးနဲ့ လုပ်ကိုင်ကြံစည်နေတာက မစင်ကြယ်နေဘူးလား။
- စင်ကြယ်နေပါတယ်ဘုရား။
ဒီလိုဖြစ်မြောက်ဖို့အတွက် ကြံစည်
လုပ်ဆောင်နေတာ..
🍀(၈) ‘သမ္မာကမ္မန္တ’ ပဲမဟုတ်လား။
မဂ္ဂင် (၈)ပါး။
✅8 in 1 (၈ပါးပေါင်းမှ အသိတခုဖြစ်တာ)
❌မဂ္ဂင် ၅ပါး၊ ၆ပါးပဲရှုတယ်ပြောရင်မှားတယ်
‘ပရမတ်’ ပေါ်မှာဆင်ခြင်မှ မဂ္ဂင်ထိုက်တယ်။
‘မဇ္စျိမပဋိပဋာ’ ဖြစ်နေတယ်။
‘ပရမတ်’ ပေါ်မှာ မဟုတ်ရင် လောဘ၊ ဒေါသ ၊ အကုသိုလ် ပါလာပြီ။ | 47 |
| 19 | ‘ဝိပဿနာ’ အားထုတ်တယ်ဆိုတာ….
🪷‘ခန္ဓာငါးပါးရုပ်နာမ်ပရမတ်တရား’ တွေအပေါ်မှာ…
🪷‘မဂ္ဂင်(၈)ပါး’ နဲ့
🪷အကြောင်းအကျိုး စဥ်းစားဆင်ခြင် သုံးသပ်ရတဲ့အလုပ်ပဲ။
🍀‘ပရမတ်’ ကိုသိလာမှ…
🍀‘ပညတ်’ ၊ ‘ပရမတ်’ ခွဲခြားနိုင်ပြီး…
✅‘ပညတ်’ အပေါ်မှာဖြစ်နေတဲ့ “အသိမှား၊ အမှတ်မှား၊ အယူမှား” နေရာမှာ….
✅‘ပရမတ်’ အသိအစားထိုးသွားတဲ့အတွက် “အသိမှန်၊ အမှတ်မှန်၊ အယူမှန်” ဖြစ်သွားပါ။
🌷🌷🌷🌷🌷🌷
ဒီနေ့က တရားစခန်း အဋ္ဌမမြောက်
ရက်လေးပါရှင်။ 🤗🙏
တရားပွဲမတိုင်မှီဖွင့်ပေးတဲ့ ပါချုပ်ဆရာတော်ကြီး တရားတွေ နာပေးပါ။
ဉာဏ်သွက်ပြီး အကျိုးရှိစေမှာပါရှင်။
သာသနာစစ်စစ်ကြီးလဲရှိနေတယ်။ စစ်စစ်မှန်မှန်ကို ဟောပြောပြသပေးနေတဲ့ ဆရာသမားလဲရှိတုန်းမှာ ‘အသေမဦးခင် ဉာဏ်ဦးအောင်’ ကြိုးစားအားထုတ်ကြပါစို့လားရှင်။ 😊🙏🌷🍀🪷🌼
“သဘာဝကို သိလေလေ
စိတ်ချမ်းသာအောင်
နေတတ်လေလေ။” 🌹🙏🌹
တရားတွေ့ချမ်းမြေ့ကြပါစေ။😊
Day 7 - 7th/Sep/2026
Telegram Audio -https://t.me/AshinPyannaSekkaVideos/1791
Telegram Video -https://t.me/AshinPyannaSekkaVideos/1792
YouTube -https://www.youtube.com/live/YS6xjplXO84?is=PxU-z8RF-vQshRvm
Facebook -https://fb.watch/v/53wUOV7qX/?mibextid=wwXIfr
🌷🌷🌷🌷🌷🌷
Day 7- တရားပွဲမတိုင်ခင် ဖွင့်ပေးသော ပါချုပ်ဆရာတော်ဘုရားကြီး၏
‘ရှင်ရာဟုလာ၏ ဘဝနှင့် မြတ်ဗုဒ္ဓ ၏ အဆုံးအမ’ တရားတော်
YouTube
https://youtu.be/yVi_XaKcgUg?si=GdQaQj5OF7h2YBE7
Telegram
https://t.me/meditationroadmap/14
🌷🌷🌷🌷🌷🌷🌷
စက်တင်ဘာလ (၁၀)ရက် တရားစခန်းအတွက် တရားစုစည်းပေးထားတဲ့ Link လေးပါ။
https://m.facebook.com/story.php?story_fbid=39363928186539846&id=100000484608614&mibextid=wwXIfr
🍀 🍀🍀🍀🍀🍀🍀
(၅၈)ကြိမ်မြောက် (၁၀)ရက်တရားစခန်း
ဆရာတော် အရှင်ပညာစက္က
မြန်မာစံတော်ချိန် ည 7:30 -9:30 p.m.
Zoom ID - 724 443 0315
Passcode - 12345
🍀🍀🍀🍀🍀🍀🍀Thinzar July 🌹 | 32 |
| 20 | စက်တင်ဘာလတရားစခန်း သတ္တမရက်။
Day 7 - တရားအနှစ်ချုပ်။
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အပါယ်ဘေး၊ သံသရာဘေးကလွတ်ချင်ရင် ဥာဏ်စဉ်(၁၆)ပါးဆိုတဲ့ ဒီလမ်းကြောင်း တကြောင်းပဲရှိတယ်။ 🍀✨
🌿✨ဥာဏ်စဥ်(၁၆)ပါးမှာ အခြေခံဖြစ်တဲ့….
🪷‘ရူပပရိစ္ဆေဒဥာဏ်’၊(Day 1)
🪷‘နာမပရိစ္ဆေဒဥာဏ်’ (Day 2)
🪷‘နာမရူပပရိစ္ဆေဒဥာဏ်’ (Day 3)
🪷‘ပစ္စယပရိဂ္ဂဟဥာဏ်’ (Day 4)
🪷‘သမ္မသနဥာဏ်’ (Day5,6) အထိခန္ဓာဥာဏ်ရောက်ပိုင်းခြားသိမှ ‘ဝိပဿနာ’ လမ်းကြောင်းပေါ်ရောက်တာ။ ‘ဝိပဿနာ’ ဖြစ်တာ။
🌿✨ ‘သမ္မသနဥာဏ်’ ရောက်ဖို့ဆိုတာ ကိုယ်တိုင်ရောက်အောင်ကျင့်ကြံနိုင်ရင် ကျင့်ကြံ။ မကျင့်ကြံနိုင်ရင် ဒီဥာဏ်ကိုရောက်အောင်ပို့ပေးနိုင်တဲ့ ဆရာကောင်းလိုတယ်။
🌿✨မနေ့ကထိ Day6 ထိ ဝိပဿနာဖြစ်အောင်ပို့ပေးထားပြီ။ ကျန်တာကိုယ့်တာဝန်ပဲကျန်တော့တာ။ ကိုယ်ကဆက်အားထုတ်ရမယ်။
🌿✨ဒါကိုအားထုတ်ပြီးမှ မရှင်းတာကို ဆရာကလမ်းပြပေးရမှာ။
(အားမထုတ်ပဲ သုတအသိနဲ့ တမေးထဲမေးလို့ကတော့ အကျိုးမရှိဘူး။ အားထုတ်ပြီး မရှင်းတဲ့အခါ မေးရမယ်။ မေးမှလမ်းပြပြီး ဟိုဖက်ကမ်းကို ပို့ပေးလို့ရမှာ။)
✨🌿’ခန္ဓာငါးပါး’ အပေါ်မှာ ‘မဂ္ဂင်၈ပါး’ နဲ့ အကြောင်းအကျိုးဆင်ခြင်ရင်း ‘သဘာဝလက္ခဏာ’ ကနေ ‘သာမညလက္ခဏာ(၃)ပါး’ ကိုတွဲမြင်လာမှာပါ။
🌼‘သာမညလက္ခဏာ’ ကိုအတင်းမြင်အောင်ကြည့်ရမှာမဟုတ်ဘူး။
🌼‘သဘာဝလက္ခဏာ’ ကိုရှုမှတ်ရင်းနဲ့ပဲ ဥာဏ်က ‘သာမညလက္ခဏာ’ ကိုဆိုက်လာမှာ။
🌼သဘာဝလက္ခဏာ = ရုပ်နာမ်ပရမတ်တရားတွေရဲ့ ဖြစ်စဉ်သဘာဝတွေကို အကြောင်းအကျိုးနဲ့ဆက်စပ်မြင်တဲ့ဉာဏ်။ (Day 1 to 4)
🌼သာမည လက္ခဏာ (၃)ပါး (Day 5,6) ဆိုတာ…
🌹အနိစ္စ လက္ခဏာ
🌹ဒုက္ခ လက္ခဏာ
🌹အနတ္တ လက္ခဏာ
(‘သာမညလက္ခဏာ’ ဆိုတာ ရုပ်နာမ်ပရမတ်တွေရဲ့ ဖြစ်စဉ်သဘာဝ
မမြဲတဲ့သဘော ၊ ဆင်းရဲနေတဲ့သဘော…
ဒီမမြဲ ဆင်းရဲနေတဲ့ (အနိစ္စ၊ ဒုက္ခ)သဘောက ဘယ်ဖန်တီးရှင် ဘယ်တန်ခိုးရှင်မှ ပြုလုပ်ထားတာမဟုတ်ဘူး။ ဒါတွေဟာခန္ဓာရလာရင် ခန္ဓာ့သဘာဝလို့သိလာတဲ့ ‘အနတ္တဉာဏ်’)
✨🌿‘ခန္ဓာ(၅)ပါးပရမတ်တရား’ ပေါ်မှာ ‘မဂ္ဂင်(၈)ပါး’ နဲ့ရှုမှတ်ရမယ့်နည်း ဒီ တနည်းပဲရှိတယ်။
ကျန်တဲ့နည်း ဘာနည်းမှ မရှိဘူး။
‘မဂ္ဂင်(၈)ပါး’ နဲ့ပဲ မဂ်ဖိုလ်ဆိုက်တာ။
ဒီ ‘သမ္မသနဥာဏ်’ မှာပဲ အားထုတ်သွားရင် ‘ရဟန္တာ’ အထိ ဖြစ်မယ်။
မဂ္ဂင်(၈)ပါးနဲ့…
🌷အကြောင်းအကျိုးဆင်ခြင်နေကတည်းက ‘ပဋိစ္စသမုပါဒ်’ မလွတ်ဘူး။
🌷 အကြောင်းအကျိုးဆင်ခြင်ပြီဆိုကတည်းက ‘ပဋ္ဌာန်း’ ကပါပြီးသား။
🌷 ‘ပဋိစ္စသမုပါဒ်’ ရယ် ‘ပဋ္ဌာန်း’ရယ်ကို ခန္ဓာမှာ ဆင်ခြင်နေပြီ ဆိုကတည်းက
‘သတိပဋ္ဌာန်(၄)ပါး’ ပါပြီးသား။
🌷’ခန္ဓာ(၅)ပါး’ ကို အကြောင်းအကျိုးနဲ့ဆင်ခြင်ပြီဆိုကတည်းက ‘ဗောဇ္ဈင်(၇)ပါး’ ကပါပြီးသား။
🌷 ခန္ဓာ(၅)ပါး ‘ပရမတ်’ တရားကို ဥာဏ်ထဲကနေမြင်ပြီဆိုကတည်းက ‘ဝိသုဒ္ဓိ(၇)ပါး’ ဆိုက်ပြီးသားပဲ။
ဟိုနည်း၊ ဒီနည်း လို့ပြောနေတာတွေက မမှန်ဘူး။ သူ့နည်း ငါ့နည်းနဲ့ တနည်းစီလိုဖြစ်နေတာလေ။
✨🌿တကယ်တမ်းကျတော့ ရှုမှတ်မှု ဥာဏ်အောက်မှာပဲ အကြောင်းအကျိုးတွေ ဆက်စပ်ပြီး ဥာဏ်ကမြင်သွားတာမဟုတ်လား။
မြတ်စွာဘုရားခိုင်းထားတာက…
✅“ခန္ဓာ(၅)ပါးမှ တရားရှာ” ခိုင်းတာ။
ဘာနဲ့ ရှာမလဲ❓
✅“မဂ္ဂင်(၈)ပါး” နဲ့ ရှာရမယ်။
ဒါပဲ။
✨🌿ကိုယ်ကတရားအားထုတ်ပြီးရင် သိလာတဲ့ အသိတရား၊ အသိဥာဏ်တွေကို ဘုရားဟောနဲ့ ညီမညီ ပြန်စစ်ရတယ်။
❌ငါသိမှာ ငါမှန်တယ် ဆိုပြီး လုပ်လို့မရဘူးနော်။ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့မရဘူး။
✨🌿ဘုရားအဆုံးအမ နဲ့ ဆုံးဖြတ်မှရတယ်။
(Day 7-10) က ကိုယ့်ဟာကိုယ်စစ်နိုင်ဖို့အတွက် ဘုရားဟောနဲ့ညီမညီ ကိုယ်လုပ်ခဲ့တဲ့ အလုပ်အပေါ်ကနေ ဦးဇင်းက ပြန်သုံးသပ်ပေးမယ်။
ကိုယ်က ပြန်သုံးသပ်ရမယ်။
✨🌿‘ပရမတ်’ အနေနဲ့က ‘စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်’
‘စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်’ ကလွဲလို့ ကျန်တာအားလုံးက ဘာလဲ…
✨🌿‘ပညတ်’ပဲ။
✨🌿‘နိဗ္ဗာန်’ ကိုခဏဖယ်ထား။ ‘နိဗ္ဗာန်’ က ‘စိတ်၊ စေတသိတ်၊ ရုပ်’ ကိုရှုရင်းနဲ့မြင်လာမှာ။
‘ဝိပဿနာ’ လမ်းပေါ်ရောက်ဖို့ အခြေခံ ‘ဥာတပရိညာ’ အပိုင်းကိုဖြတ်ကျော်ရပါတယ်။
🌺ဉာတပရိညာ = ကိုယ်သိရမယ့် ရုပ်နာမ် ‘ပရမတ်’ တရားကို ခန္ဓာဉာဏ်ရောက်ပိုင်
ပိုင်နိုင်နိုင်သိတာ။ ပိုင်းခြားသိတာ။
🌺မြတ်စွာဘုရားမပွင့်ခင် ‘ပညတ်စွဲ’ နဲ့ သံသရာကြီးမှာ ‘လောဘ၊ ဒေါသ၊ မောဟ’ တွေနဲ့ ‘ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ’ ဆိုပြီး ‘ပညတ်’ အပေါ်မှာ ဖြစ်နေကြတာမဟုတ်လား။
🌹တသံသရာလုံးက ‘ပညတ်စွဲ’ နဲ့ ကျင်လည်ပြီး အပါယ်တွေကျ၊ သံသရာတွေလည်နေရတာ။
ဘယ်ပေါ်မှာ စွဲနေတာလဲ။
✅‘ပညတ်’ အပေါ်မှာ ‘စွဲ’ နေတာ။
✅“အစွဲ” ကြောင့် လည်နေတာ၊ အပါယ်
ကျနေတာ။
✅’စွဲလန်းမှု’ ကြောင့် ‘ဥပါဒါန်’ ဖြစ်နေတာ။
🌺မြတ်စွာဘုရားက ဗောဓိပင်အောက်မှာ ‘ပရမတ်’ ကို ရှာဖွေတွေ့ရှိသွားတာ။ အပါယ်ဘေး၊ သံသရာဘေးကလွတ်သွားတာဟာ ‘ပညတ်’ နေရာမှာ ‘ပရမတ်’ ကိုအစားထိုးလို့လွတ်သွားတာ။
🌼✨‘ပရမတ်’ တရားကိုသိမှ ယောဂီတယောက်ကို အပါယ်ဘေး၊ သံသရာဘေးကလွတ်အောင် လုပ်ပေးနိုင်မှာ။ အပါယ်ဘေး၊ သံသရာဘေးကလွတ်ချင်ရင် ‘ပရမတ်’ ကိုသိမှရမယ်။
‘ပရမတ်’ စစ်စစ်ကိုသိမှ ‘ဥပါဒါန်’ ပြုတ်မှာ။
အဲ့တာ ဘုရားရဲ့ ရည်ရွယ်ချက်ပဲ။ | 38 |
