en
Feedback
Mood^

Mood^

Open in Telegram
4 340
Subscribers
-224 hours
-227 days
-11030 days
Posts Archive
Mood^
4 340
ငွေရေးကြေးရေးလေး အဆင်ပြေပြီး တောင်ပေါ်မြို့လေးကို အတူတူခရီးထွက်နိုင်တဲ့နေ့ကျမှ ပိုပိုသာသာလေး ချစ်ပြပါ့မယ်။ အခုတော့... လွမ်းရုံပဲတတ်နိုင်တယ်။ ။ -ဖရော်ဆန်

Mood^
4 340
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ချစ်သူ မင်းကိုယ်မင်း ဂရုစိုက်တာဟာ ငါ့ကို ချစ်ရာရောက်ပါတယ် ။ -မင်းခိုက်စိုးစန်

Mood^
4 340
တစ်ယောက်ကနေနိုင်သွားပြီး တစ်ယောက်ကအရာရာဆုံးရှုံးသွားခဲ့တယ်။ -စစ်ငြိမ်း

Mood^
4 340
ဒီလိုပါပဲ..... ဘယ်သူမှ မသိအောင် ပျောက်ကွယ်သွားချင်တယ်ပြောပြီး တစ်ယောက်ယောက်က လာရှာနိုင်တဲ့ နေရာမျိုးမှာ သွားပုန်းမိတာမျိုးတွေ ။ - ပြည့်စုံဝင်း

Mood^
4 340
မနက်ဖြန် ဘာဖြစ်မယ်မှန်း ​သေချာမသိတဲ့ ဘဝကြီးထဲမှာ ပိုသိလာတာ နှစ်ခု​တော့ရှိတယ်။ တစ်ခုက ကိုယ့်ကိုယ်ကို ပိုချစ်မယ် ​နောက်တစ်ခုက ကိုယ့်ကို ချစ်တဲ့သူ​တွေကို နှစ်ဆ ပြန်ချစ်မယ်။ #crd

Mood^
4 340
ကိုယ့်ကို မလိုအပ်ခဲ့ဘူးဆိုတဲ့ အမှန်တရားကို စကားတွေအကြာကြီးမပြောဖြစ်တဲ့နှစ်တွေမှာ သိခဲ့ရတယ်။ ကိုယ့်ကိုတကယ်မလိုအပ်တော့ဘူးဆိုတဲ့ ပိုသေချာမယ့်အမှန်တရားကိုတော့ မတွေ့ဖြစ်တဲ့ နှစ်တွေမှာ ကိုယ်သိခဲ့ရတယ်။ ကိုယ်က အရာရာမှာနောက်ကျတတ်တယ်လေ။ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကိုတောင် နောက်ကျပြီးမှ သိခဲ့ရတာမျိုးပေါ့။ ▪️နွေသစ်ငြိမ်း

Mood^
4 340
တစ်ချိန်ချိန်ကျရင်ပေါ့ မနက်၃နာရီလောက်ကြီး ကျနော်နိုးလာပြီး ပြန်အိပ်မရလို့ ဘေးကိုကြည့်လိုက်တဲ့အခါ ခင်ဗျားရှိနေမယ်၊ ကျနော့်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိမ့်မယ် အဲဒီအချိန်ကျရင် ကမ္ဘာကြီးဟာ ထင်သလောက်လည်း အထီးကျန်မဆန်ပါလားလို့ ကျနော်တွေးရင်း ကျေနပ်နေမိမှာပဲ တစ်နေ့နေ့ပေါ့...။ -မိုးနေ့

Mood^
4 340
စကားတွေအများကြီးပြောနေရင် မေးခွန်းတွေအများကြီးမေးနေရင် တစ်ခုခုကို အထပ်ထပ်အခါခါပြောနေရင် မင်းမပေးချင်တာတွေ ငါတောင်းနေရင် ချစ်ခြင်းမေတ္တာလို့သာ သတ်မှတ်လိုက်ပါ။ ဘဝကို မူးမှ အသံထွက်ရန်တွေ့ရဲတဲ့သူ မဟုတ်လား။ - အလ်နီ

Mood^
4 340
ချစ်‌ပုံချစ်နည်း‌တွေ‌မတူကြပေမယ့် ဝေးရပုံက နှစ်မျိုးပဲရှိပါတယ်။ ညိုရယ်... ကိုယ့်အသည်းကိုယ်ဖဲ့ပြီး မင်းတို့ပျော်နေတာကို ငေးကြည့်ရတာ သိပ်လှတဲ့ နေဝင်ချိန်လေးပါပဲ။ - ဝဏ္ဏ

Mood^
4 340
ဘာမှ မတတ်နိုင် ဆက်ချစ်ရမှာပဲ နာကျင်ကြေကွဲလည်း ဆက်ချစ်နေရုံပဲ ဆက်မချစ်ဘဲ နေလို့မှမရတာ တစ်သံသရာလုံး အထုံပါရမီ ကြီးမားခဲ့ပုံပါ တစ်ယောက်ယောက်ကို အောက်ကျို့ခံချစ်ရတာကိုပဲ အစွဲလမ်းကြီး စွဲလမ်းနေ။ #လင်းမာအို

Mood^
4 340
"ချစ်တယ်"လို့ ပြောလိုက်တိုင်း ချစ်ခွင့်ပန်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး ။ တစ်ခါတစ်ရံမှာ သိနေစေချင်ရုံ သက်သက်နဲ့လည်း ချစ်တယ်လို့ပြောခွင့်ရှိပါတယ် -မောင်ဆောင်းခ

Mood^
4 340
ဆုံးရှုံးလိုက်ရတဲ့အရာတွေကို ဘယ်တုန်းကများ အကောင်းအတိုင်း ပြန်ရဖူးလို့လဲ ။ - ဂန္ဓမာ

Mood^
4 340
တစ်စုံတစ်ယောက်ကို ဆင်းရဲဒုက္ခကနေ လွတ်မြောက်စေလိုတဲ့စိတ်ဟာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကိုယ်နားလည်လက်ခံခဲ့တယ် ။ - ဂန္ဓမာ -ဘုရားသခင်တွေရဲ့လမ်း

Mood^
4 340
လူတွေဟာ ဘဝတစ်လျှောက် ပျော်ရမယ်ထင်တဲ့အရာတွေနောက်ကို အသည်းအသန်လိုက်ကြတယ် တကယ်ရတော့လည်း ထင်သလောက်ပျော်စရာကောင်းမနေတဲ့အချက်ကို ကိုယ်တိုင်ရော ဘေးကလူတွေပါမသိအောင် ဖုံးကွယ်ကြရပြန်တယ် အချိန်တွေက ကုန်ခဲ့ပြီမဟုတ်လား။ ။ -ပြည့်စုံဝင်း

Mood^
4 340
ကမ္ဘာကြီးတစ်လမ်းတည်း ဖြစ်နေရင်တောင် မင်းနဲ့ ကိုယ်က ကျောချင်းကပ်လျက် ဝေးနေကြဉီးမှာ။ #ဂန္ဓာမာ

Mood^
4 340
‎အသက်ထက်ချစ်လို့ ‎အသက်ကို မင်းလက်ထဲထည့်ထားတယ်။ ‎ခံစားမှုချင်း မတိုက်ဆိုင်ရင် ‎ပန်းပေးတာဟာ စစ်ကြေငြာတာလဲ ‎ဖြစ်နိုင်တယ်။ -ရွက်လှေ

Mood^
4 340
တစ်ယောက်တည်း မောင်းနှင်ခဲ့ရတဲ့နေ့ရက်တွေဆိုတာ တကယ်ရှိတယ် ရောက်ရာအရပ်မှာ စိတ်အေးချမ်းအောင် ကြိုးစားနေထိုင်ရတယ် ။ -မာဂရက်

Mood^
4 340
ဒီကမ္ဘာမှာ ကိုယ်မရှောင်လွှဲနိုင်တဲ့ အရာတွေရှိတယ် သီချင်းတွေရယ် ကဗျာတွေရယ် တိမ်တွေရယ် ပန်းတွေရယ် အေးစက်စက် ရာသီဥတုရယ် ကော်ဖီတွေရယ် ပြီးတော့ မင်းရယ် ။ ~ ခက်နှောင်

Mood^
4 340
အိမ်လှေကား အတက်အဆင်း ပခုံးချင်း ဝင်တိုက်ချင်လို့ ခေါင်းအုံးတစ်လုံး နှစ်ယောက်အုံးပြီး အိမ်မက်တစ်ခုကို နှစ်ယောက်ခွဲပြီး မက်ကြရအောင် ဘဝမှာ ကျွန်တော့်တီရှပ်တွေ မတော်ပဲယူဝတ်မယ့် မိန်းကလေးတစ်ဦး လိုအပ်ပါတယ်။   ▪️ဆန်းကျော်စွာဝင်း

Mood^
4 340
တစ်ခါဆုံးရှုံးခဲ့ဖူးတယ်ဆိုရင် နောက်တစ်ခါဆုံးရှုံးဖို့လည်း အလွယ်လေးပဲ။ ပြန်ရမယ်ဆိုရင်တောင် ပြန်မယူသင့်တော့တဲ့အရာ ရှိတယ်။ အဲ့ဒါ
တစ်ခါဆုံးရှုံးခဲ့ဖူးတယ်ဆိုရင် နောက်တစ်ခါဆုံးရှုံးဖို့လည်း အလွယ်လေးပဲ။ ပြန်ရမယ်ဆိုရင်တောင် ပြန်မယူသင့်တော့တဲ့အရာ ရှိတယ်။ အဲ့ဒါ လူတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတဲ့။ - ရိပ်ငြိမ်