4 482
订阅者
-624 小时
-357 天
-10530 天
帖子存档
4 480
မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။
သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။
ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို
ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ် ချစ်သောရဲ့။
တချို့အမှတ်တရတွေကို ရင်မှာ သိမ်းထားတယ်။
တချို့ကိုတော့ မေ့ထားလိုက်တယ်။
ဝန်ခံရရင် အများကြီး သတိရတယ်။
ကိုယ့်အပိုင်မဟုတ်ကြောင်း အတွေးဝင်မိတော့
လျှောက်လာတဲ့ ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့ရတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်။
ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်။
ချစ်သောရေ ...
ဝေးသော အရပ်မှာ နီးတဲ့သူနဲ့ အဆင်ပြေပါစေ။
မပိုင်ဆိုင်ရလည်း မြတ်နိုးရပါကြောင်း
အမှာပါးလိုက်ပါရစေ။
#Han phyo
4 480
အသည်းကွဲပြီး လွင့်မျောနေရမှာ
နောင်တ နဲ့ နာကျင်နေရမှာ
မင်းက မင်းမဟုတ်တော့တဲ့အထိ
ခရီးရောက်သွားမှာ
မကြောက်ပါနဲ့ ဘေဘီရယ်
ပြန်လာပါ
မိုးလေကင်းလွတ်တာနဲ့
သက်တံ့လိုပြန်လာပါ...။
▪️မြကျေး
4 480
Repost from When we miss someone we'll listening to music
စောင့်နေဆိုလည်း ပါစောင့်ဖို့ဆန္ဒရှိတယ်
...
Txet crd
https://www.facebook.com/share/v/1Epo2rBWc6/
4 480
အချစ်ရေးတစ်ခုမှာ အကြောက်ရဆုံးအရာက
တစ်ယောက်က အရမ်းအလုပ်များပြီး ကျန်တစ်ယောက်က အားလပ်ချိန်များနေတာ၊
တစ်ယောက်က အပေါင်းအသင်းများပြီး ကျန်တစ်ယောက်က သူတစ်ယောက်တည်းပဲရှိတာ၊
တစ်ယောက်က ထိလွယ်ရှလွယ်ပြီး ကျန်တစ်ယောက်က ဖြေရှင်းရဖို့ပျင်းတာ။
အချင်းချင်းရဲ့ သံယောဇဉ်တွေ ဝေးသထက် ဝေးလာကြတာဟာ
မချစ်ကြတော့လို့ မဟုတ်ဘူး၊ နှစ်ဦးကြား ကွာဟချက်များလို့
တွေဝေမှု၊ အထင်လွဲမှားမှုတွေကြောင့် နှစ်ယောက်စလုံး မောပန်းကုန်ကြလို့ပါ။
#unknown
4 480
နင်နဲ့ဝေးရင် သေမှာ"
အဲ့တာ အလကားပြောတာ
၁၀နှစ်သာကြာတယ်
အခုထိငါအသက်ရှင်နေတုန်း
တစ်ခါတစ်ခါတော့ လွမ်းတဲ့စိတ်နဲ့
အသက်ရှူကြပ်တာကလွဲရင်
ငါ့ကျန်းမာရေး အကောင်းတိုင်းပဲ။
-ဆန်းကျော်စွာဝင်း.
4 480
ကမ္ဘာကြီးတစ်လမ်းတည်း
ဖြစ်နေရင်တောင် မင်းနဲ့ ကိုယ်က
ကျောချင်းကပ်လျက် ဝေးနေကြဉီးမှာ။
#ဂန္ဓာမာ
4 480
လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုအပေါ်
တစ်ခါမှ အကြံမပေးခဲ့ဖူးဘူး
သေရင်လည်း လမ်းထိပ်က မုန့်ဖတ်တွေ ရောင်းကောင်းသလို
ရှင်ရင်လည်း ကမ္ဘာကြီးဟာ လည်မြဲ လည်မြဲပဲ
ဘာမှ မထူးဆန်းဘူး
ကိုယ်ချစ်တဲ့လူတွေဆိုရင်တော့
မင်းအနားမှာ ငါရှိတယ်လို့ပဲ ပြောချင်တယ်
မင်းအနားမှာ ငါရှိတယ် ။
- ဘုန်းပြည့်စုံမင်း
4 480
အချင်းချင်း Respect မရှိရင်
ဘယ်ဆက်ဆံရေးမှ အဓိပ္ပါယ်မရှိဘူး။
တစ်စုံတစ်ယောက်က မင်းကို
" စောင်ရေးမပါဘူးလို့" ဆိုတဲ့အထာနဲ့
စောင်ဂရုမစိုက်သလို လုပ်နေရင် အဲ့ဒီနေရာက
ချက်ချင်း လှည့်ထွက်ခဲ့လိုက်။
အဲ့ဒါ မင်းရဲ့ တန်ဖိုးဘဲ ♥🍀
—
#credit
4 480
Repost from When we miss someone we'll listening to music
Multo | Cup of Joe
Fb - https://www.facebook.com/share/v/1DRveomXdq/
4 480
အမေကစိုးရိမ်တတ်တယ်
ပိန်လိုက်တာနော်
ည ည အိပ်မပျော်ဘူး အမေ
တံခါးခေါက်သံကြားကြားနေရတယ်
သေသူလား.. .. ရှင်သူတွေလားဟင်။
-အောင်ချိမ့်
4 480
နာရီလက်တံတွေ
နောက်ပြန်လည်တဲ့တစ်နေ့
ပျော်စရာတွေဟာ ငါ့အပေါ်
အားရပါးရ၀ဋ်ပြန်လည်လိမ့်မယ် ။
- အောင်ချိမ့်
4 480
အတိတ်
ဝတ်မှုန်ဆိုတာ ပန်းရုံအိအိထဲက
အက်တမ်တစ်ပွင့်ပါ ...
ကြာတော့ ကြာခဲ့ပါပြီ ...
သူအနုမြူဗုံးလို ကွဲလွင့်တဲ့နေ့က
ကျွန်တော် မိုးစက်တွေထဲ
သက်ငြိမ်တိတ်ဆိတ်ခဲ့ဖူးပါရဲ့ ..... ။
-တာရာမင်းဝေ
4 480
Repost from When we miss someone we'll listening to music
နှလုံးသားက လက်ခံရင်
မပိုင်ဆိုင်ရလည်း ချစ်တာပါပဲ။
အချစ်ဆိုတာ အနားမှာရှိနေပေးမှ မဟုတ်ဘူး
ကိုမြတ်နိုးနေသ၍ ချစ်လို့ရတယ်။
-ဂျူး
4 480
ဘယ်နှစ်ဘဝရရ
ခေါင်းငြိမ့်ပြမိမယ့် ရေကြည်စက်ကလေး
သံသရာ အကွေ့လေးမှာ
ငါ့ကို စမြင်ပေးခဲ့တာရော
ဒီမှာ..ဒီမှာပါ လို့
အသံပြုခဲ့တာရောအတွက်
ကျေးဇူးတင်ပါတယ်ကွယ် ။
-ပြည့်စုံဝင်း
4 480
ရင့်ကျက်တယ်ဆိုတာ
အသက်အရွယ်နဲ့မဆိုင်ပါဘူး
ရခဲ့တဲ့ဒဏ်ရာတွေနဲ့ပဲဆိုင်တယ်
ငါဟာလူလိမ်
အရမ်းလွမ်းနေတာကိုဖွင့်မပြောဘူး
ဘာမှမဖြစ်သလိုနေတယ်
ဟာသပါပြောလိုက်သေးတယ်
-လင်းမာအို
