The Running of Love and Money ( အချစ်နှင့်ငွေကြားကအပြေးပြိုင်ပွဲ )
📈 Analytical overview of Telegram channel The Running of Love and Money ( အချစ်နှင့်ငွေကြားကအပြေးပြိုင်ပွဲ )
Channel The Running of Love and Money ( အချစ်နှင့်ငွေကြားကအပြေးပြိုင်ပွဲ ) (@thaiseriesongoingmmsub) in the Burmese language segment is an active participant. Currently, the community unites 21 129 subscribers, ranking 14 098 in the Movies category and 6 589 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 21 129 subscribers.
According to the latest data from 30 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 417 over the last 30 days and by 3 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 2.05%. Within the first 24 hours after publication, content typically collects 0.31% reactions from the total number of subscribers.
- Post reach: On average, each post receives 432 views. Within the first day, a publication typically gains 66 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 1.
📝 Description and content policy
Channel description not provided.
Thanks to the high frequency of updates (latest data received on 01 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.
BL GL လောကလို့ပြောလိုက်တာနဲ့ မသိတဲ့သူရှားတဲ့ Alpha Beta Omega ရယ်ဆိုပြီး လူသားမျိုးနွယ်တွေရှိတဲ့ Omegaverse (ABO World) လို့ အသိများတဲ့ universe တစ်ခုနဲ့ ဇာတ်အိမ်တည်တဲ့ကားဆိုတာ ရက်ချိုးရေရင်တောင် တစ်ဖက်မပြည့်တဲ့ထိ ခပ်ရှားရှားရယ်ပါ ဒီတစ်ခါမှာတော့ ABO World ကိုအခြေခံ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဖတ်ဆာ ရတ်တနာထာရင် အဖြစ် Oat Pasakorn နာခွန် ထေဝါထီတီရတ် အဖြစ် Boat Yongyut အယ်ဖာ ဘီတာ အိုမီဂါဆိုတဲ့ ABO လောကကြီးအကြောင်း ဘာတစ်ခုမှ မသိဘဲ ရိုးရိုးရှင်းရှင်းလေး ကြီးပြင်းလာခဲ့တဲ့ကောင်လေး ဖတ်ဆာ ဩဇာအာဏာကြီးမားတဲ့ မျိုးရိုးကနေ ဆင်းသက်လာတဲ့ ရေခဲတုံးကြီးလို အေးစက်စက် အမွေဆက်ခံသူ အဆင့်မြင့်အယ်ဖာ နာခွန် တစ်ညမှာတော့ ဖတ်ဆာရဲ့အေးချမ်းနေတဲ့ ဘဝလေးက နာခွန်ကြောင့် ရုတ်တရက် ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့တယ် အကြောင်းကတော့က သူ့ကိုမထင်မှတ်ဘဲ အမှတ်အသားပေးလိုက်မိရာကနေ ဘယ်တော့မှ ဖြတ်တောက်လို့မရတဲ့ Bond တစ်ခုဖြစ်သွားခဲ့လို့ပါပဲ ဒီလိုနဲ့ လုံးဝကို ရေစက်မပါဖူးတဲ့ သူစိမ်းနှစ်ယောက်က ဘယ်သူမှ လွန်ဆန်လို့မရတဲ့ Bond ရဲ့စည်းမျဉ်းတွေအောက်မှာ အတူနေထိုင်ဖို့ အကြောင်းဖန်လာခဲ့ရပါတယ် နီးကပ်လာလေလေ.. ရစ်ပတ်နှောင်တွယ်မှုတွေက ပိုနက်ရှိုင်းလာလေလေမို့ ဒီ Bond ကလည်း ခိုင်မာလာတာနဲ့အမျှ ရုန်းထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ ပိုပြီးကြက်သီးထဖို့ကောင်းတာက သူတို့နှစ်ယောက်က ဖူးစာဖက်ဆိုတဲ့ Fated Mates တွေ ဖြစ်နေခဲ့တာပါ သူတို့ရဲ့ Bond သာ လုံးဝအသက်ဝင်သွားပြီဆိုရင် အားလုံးသိတဲ့အတိုင်း တစ်ယောက်က အသက်ဆုံးရှုံးသွားခဲ့ရင် ကျန်တဲ့တစ်ယောက်ကပါ ဘာမှခုခံခွင့်မရှိဘဲ အလိုလို လိုက်သေရမယ့်အထိ ကံကြမ္မာက သေအတူရှင်မကွာဖြစ်သွားကြမှာပါ ဒါပေမယ့် မထင်မှတ်ထားတဲ့ အမှတ်အသားလေးကနေ Bond ချည်နှောင်မိတဲ့အထိ ချစ်သွားကြပါလေသတည်း ဆိုပြီး အဆုံးသတ်သွားမယ့် ရိုးရှင်းတဲ့သာမန်အချစ် နတ်သမီးပုံပြင်ဇာတ်လမ်းမျိုးတော့ ဟုတ်မနေခဲ့ပါဘူး အမှတ်မထင်ကနေ စခဲ့ပြီး အသက် နှလုံးသားနဲ့ ကံကြမ္မာတွေအားလုံးထိပါ ပုံအောပြီး လောင်းကြေးထပ်ရမယ့် အချစ်နဲ့ နှောင်ကြိုးတစ်ခုအကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ရှားပါး Omegaverse ဇာတ်လမ်းလေးကို အခုပဲ စောင့်ကြည့်လိုက်တော့နော်#Knot #thaiseries #2026series #mmsub #BL #blackhole
Tao Sattaphong Phiangphor နဲ့ Noolek Thithinan Sanla တို့အဓိကပါဝင်ထားတဲ့ Thai Drama ကောင်းလေးလာပါပြီ။ ဇာတ်လမ်းအကျဉ်း မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ မတော်တဆမှုကြောင့် အကျပ်အတည်းဆိုက်သွားတဲ့ အရှေ့မြောက်ပိုင်း (အီဆန်) သူလေးတစ်ဦးဟာ မိသားစုရဲ့ ရိုးရာ “ခြင်္သေ့အကအဖွဲ့” ပျက်မသွားစေဖို့အတွက် ဦးစီးဦးဆောင်ပြုဖို့ တာဝန်ယူလိုက်ရပါတော့တယ်။ ပြောင်းလဲလာတဲ့ ခေတ်ကာလအရ ရိုးရာအတိုင်းပဲ သွားနေလို့မရတော့တဲ့အတွက် ရိုးရာအမွေအနှစ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့နဲ့ အဖွဲ့သားတွေရဲ့ စားဝတ်နေရေးကို ရုန်းကန်ဖို့အတွက် သူမက မတူညီပဲကွဲပြားတဲ့ ယဉ်ကျေးမှုနှစ်ခုကို ပေါင်းစပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အဲ့ဒါကတော့ ခန့်ညားပြီး စွမ်းအင်ပြည့်ဝတဲ့ တရုတ်ရိုးရာ "ခြင်္သေ့အက" (Lion Dance) ရဲ့ စည်းချက်တွေထဲကို မြိုင်ဆိုင်ပြီး အသက်ဝင်လှတဲ့ အီဆန်ဒေသရဲ့ ရိုးရာတေးဂီတ "မော်လမ်ဆင်း" (Mor Lam Music) ရဲ့ ကကွက်တွေကို ရဲရဲဝံ့ဝံ့ ပေါင်းစပ်ထည့်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ ခေတ်ဟောင်းရိုးရာကို လုံးဝမစွန့်လွှတ်ဘဲ ခေတ်သစ်အနုပညာနဲ့ တီထွင်ဆန်းသစ်ပြီး မိသားစုရဲ့ ခြင်္သေ့အကအဖွဲ့လေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့အခါမှာတော့... ရှေးရိုးစွဲဝါဒီတွေရဲ့ ကန့်ကွက်မှုတွေ၊ ယဉ်ကျေးမှုချင်း မတူညီလို့ ဖြစ်ပေါ်လာတဲ့ အလွဲအချော်တွေနဲ့အတူ သူမ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးသွားမှာဖြစ်လို့ ရသစုံစုံလင်လင်နဲ့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ကြရအောင်ရှင့်#DanceOfTheLion #thaiseries #2026series #mmsub
ရာဝီအဖြစ် - Jam Rachata Hampanont လုဂျန် အဖြစ် -Vill Wannarot Sonthichai ဒီဇာတ်လမ်းလေးမှာတော့ ရာဝီ (Rawi) ဆိုတဲ့ ချမ်းသာပြီး မာနကြီးတဲ့ မင်းသားတစ်ပါးဟာ မလွှဲမရှောင်သာဘဲ ဖက်ဖရင် (Phetphring) နဲ့ လက်ထပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရာဝီက သူမအပေါ် ဘယ်လိုသံယောဇဉ်မှ မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ပတ်သက်မှုကိုပါ ငြင်းပယ်ခဲ့တဲ့အတွက်ကြောင့် ဖက်ဖရင်ဟာ နန်းတော်အပြင်ဘက်မှာ သာယာမှုကို ရှာဖွေရင်း ကိုယ်ဝန်ရရှိခဲ့ပါတော့တယ်။ ဒီအမှန်တရားကို ရာဝီ သိရှိသွားတဲ့အခါမှာတော့ ဖက်ဖရင်ကို ကွာရှင်းပြီး နန်းတော်ထဲကနေ နှင်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် စည်းစိမ်ချမ်းသာနဲ့ သုခတွေကို အလွယ်တကူ လက်မလွှတ်နိုင်တဲ့ ဖက်ဖရင်ဟာ ရာဝီကို လုပ်ကြံဖို့ အကွက်ချပြီး ။ ဒါပေမယ် ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ရွာလေးတစ်ရွာက လုဂျန် (Lukjan) ရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရပြီး ရာဝီကလည်း တဝမ် (Tawan) ဆိုတဲ့ နာမည်သစ်နဲ့ ဘဝသစ်ကို ပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အတိတ်က အမှတ်အသားဖြစ်တဲ့ လည်ဆွဲတစ်ခုနဲ့ လျှို့ဝှက်ချက်တွေကြောင့် သူတို့ရဲ့အချစ်နဲ့ ကံကြမ္မာလမ်းကြောင်းမှာတော့ အတားအဆီးတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ နောက်ဆုံးမှာတော့ အတိတ်မေ့နေတဲ့ ရာဝီတစ်ယောက် အမှန်တရားကို ပြန်လည်ဖော်ထုတ်ပြီး သူတကယ်ပိုင်ဆိုင်ရမယ့် ဘဝမှန်ကို ပြန်လည်ရွေးချယ်နိုင်မလား၊ ဒါမှမဟုတ် ဖက်ဖရင်တို့ရဲ့ အကွက်ချမှုအောက်မှာပဲ ပျောက်ကွယ်သွားမလားဆိုတာ ဆက်လက်ရှုစားလိုက်ကြရအောင်။#SunsetInWinter #thaiseries #2026series #mmsub
ဖတ်အဖြစ် Taentawan Taddeo Majoli Maggioli နိတ်ဒေါင်အဖြစ် Chingching Kharittha Sungsaopath <ဇာတ်လမ်းအကျဉ်း> ဒီကားလေးမှာတော့ ဂီတဝါသနာပါပေမဲ့ဆင်းရဲတဲ့အင်ယာကျောင်းသားလေးဖတ်နဲ့ အရမ်းချမ်းသာတဲ့ကျောင်းသူကောင်မလေးနိတ်ဒေါင်တို့ရဲ့အချစ်ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်ယာတက်နေပါသော်လည်း ဂီတကိုရူးသွပ်သူဖြစ်တဲ့အတွက်ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ထောင်ထားပါသေးတယ် ဖြစ်ချင်တော့ ဖတ်ရဲ့အဖေဖြစ်သူက သူ့သားဂီတကိုရူးသွပ်နေတာကိုမကြိုက်သူတစ်ယောက်ပါ ဖတ်အဖေကိုယ်တိုင်ကလည်း အတိတ်မှာတုန်းကသူ့မိန်းမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဂီတနဲ့ပတ်သက်ရင်ထရော်မာရနေသူတစ်ဦးပေါ့။ ဘဝနောက်ခံချင်းမတူကြတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက စလာကတည်းကမလွယ်ကူခဲ့ပါဘူး ဒါတင်မကသေးဘဲ ပတ်ဝန်းကျင်ကမနာလိုတာတွေ ပြိုင်ဆိုင်မှုတွေနဲ့ ရန်ငြိုးတွေကြားထဲမှာပဲ သူတို့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့်မတော်တဆမှုတစ်ခုအကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲကနေ...ကောင်လေးကကောင်မလေးအပေါ်ထားတဲ့အချစ်နဲ့ သူ့ရဲ့ဂီတအိပ်မက်ကိုဘယ်လိုဆက်ပြီးအကောင်အထည်ဖော်မလဲ ဘဝကိုရောဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့မှသောကြာနေ့အတွင်း ကြည့်ရှုအားပေးနိုင်ပါပြီ။#StrongWill #thaiseries #2026series #mmsub #blackhole
M.R. "နာ့ရီရတ်" ဟာ မိဘတွေ စီစဉ်ပေးတဲ့ "အထီထတ်နာရန်ကွန်" နဲ့ လက်ထပ်ရမယ့်ကိစ္စကို အစပိုင်းမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမယ့် သူမ လျှို့ဝှက်စုံစမ်းနေတဲ့ ဘိန်းမှောင်ခိုဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ "အထီထတ်နာရန်ကွန်" ဖြစ်နေမလားဆိုတဲ့ သံသယကြောင့် အနီးကပ်စောင့်ကြည့်ပြီး အထောက်အထားရှာဖို့ ဒီလက်ထပ်ပွဲကို ဟန်ဆောင်လက်ခံလိုက်ပါတယ်။ အမှုမှန်ပေါ်ပေါက်တာနဲ့ ဒီလက်ထပ်ပွဲကို ချက်ချင်းဖျက်သိမ်းဖို့ ရည်ရွယ်ထားပေမယ့်၊ တကယ်တမ်း အတူနေထိုင်ပြီး အနီးကပ်ထိတွေ့လာရတဲ့အခါမှာတော့ "နာ့ရီရတ်”တစ်ယောက် သူမရဲ့ မူလရည်ရွယ်ချက်တွေ သွေဖည်ပြီး အသီတတ်အပေါ် တကယ်ပဲ မေတ္တာသက်ဝင် ချစ်မိသွားတဲ့အခါ... သူမရဲ့ သံသယတွေကရော မှန်ကန်နေမလား၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ စုံထောက်ဇာတ်လမ်းလေး ဘယ်လို ဆက်လက် အသက်ဝင်လာမလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးကို ကြည့်လိုက်ရအောင်!!#DearEnemy #thaiseries #2026series #mmsub #blackhole
"ChermChey" (เฉิ่มเชย) ဆိုတဲ့ ၂၀၂၆ ထွက် ထိုင်း BL ဇာတ်လမ်းတွဲလေးဟာ 📺✨ နာမည်ကြီးမင်းသားအတွဲဖြစ်တဲ့ Tutor နဲ့ Yim တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး 👬💞၊ အချစ်ရေးမှာ အကြိမ်ကြိမ် အသည်းကွဲခဲ့ရလို့ စိတ်ဒဏ်ရာရနေတဲ့ Akara က ဘုရားကျောင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ဆုတောင်းရာကနေ 🛕🙏 ရဲရင့်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ Cherm Chey ဘားပိုင်ရှင် Intha နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပုံကို ရိုမန်တစ်ကော်မဒီပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ် 🍻🍹။ အစပိုင်းမှာ အတိတ်က အနာဂတ်ကြောင့် အချစ်သစ်ကို လက်ခံဖို့ ကြောက်ရွံ့နေပေမဲ့ အတူတူအလုပ်လုပ်ရင်း သံယောဇဉ်တွေတိုးကာ တစ်ယောက်ကိုတစ်ယောက် အကာအကွယ်ပေးချင်ရလောက်အောင် ပြောင်းလဲသွားတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်လို့ 🥰❤️ ပရိသတ်တွေကြားမှာ တအား ရေပန်းစားနေတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ 🎬🌟။#Chermchey #thaiseries #2026series #mmsub #BL
One31 ရုပ်သံလိုင်းမှ ထုတ်လွှင့်သော ရုံးတွင်းဟာသ (Office Sitcom) အမျိုးအစားဖြစ်ပြီး၊ ဒေဝါလီခံရလုနီးပါးဖြစ်နေသည့် ‘Brief Here Bangkok’ ကြော်ငြာအေဂျင်စီတစ်ခုအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းသူများကို အလုပ်ထုတ်မည်ဟု သူဌေးဖြစ်သူက ကြေညာလိုက်ရာမှ စတင်ကာ ဝန်ထမ်းများဖြစ်ကြသည့် တင်တင် (Pueak Pongsatorn)၊ ချို (Bo Thanakorn)၊ ပလုမ်း (Art Marut) နှင့် အိုင့် (DJ Aoi) တို့အပါအဝင် အသက်အရွယ်စုံ၊ စရိုက်စုံလင်လှသည့် လုပ်ဖော်ကိုင်ဖက်တစ်စု ရာထူးတည်မြဲရေးနှင့် ခေါင်းမာလှသော ဖောက်သည်များကို ရင်ဆိုင်ရင်း ရုံးတွင်းအလွဲလွဲအချော်ချော် အားပြိုင်မှုများကို ဟာသနှောကာ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ အခက်အခဲများကြားက အရှုံးမပေးဘဲ အတူတကွ ရုန်းကန်ပုံနှင့် မတူကွဲပြားသည့် မျိုးဆက်သစ်/ဟောင်းကြား အပေးအယူမျှတစွာ သင်ယူရုန်းကန်ရပုံတို့ကို ခံစားရစေမည့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါသည်။#UnderTheWorkingDesk #thaiseries #2026series #mmsub #blackhole
ဇာတ်လမ်းအကျဉ်း ပင်လယ်ရေပြင်အောက်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ရေအောက်ဇီဝဗေဒပညာရှင် Narathon ဟာ သေမင်းတမန် ဝဲဂယက်တွေကြောင့် နာမည်ကြီးပြီး ကျိန်စာသင့်နေတယ်လို့ ယူဆရတဲ့ 'Skull Island' (ဦးခေါင်းခွံကျွန်း) အနီးမှာ အလွန်လှပပြီး အပျက်အစီးမရှိသေးတဲ့ သန္တာကျောက်တန်းတစ်ခု ရှိနေတာကို သိရှိသွားခဲ့ပါတယ်။ သူဟာ ဒီမစ်ရှင်အတွက် ဓာတ်ပုံပညာပရော်ဖက်ဆာ Prachaya၊ ပြီးတော့ သူ့ရဲ့အဖေဖြစ်သူ (သူဌေးကြီး Phum) စွဲလမ်းနှစ်သက်နေတဲ့ ရေအောက်ဓာတ်ပုံဆရာမလေး Kaimook တို့နဲ့ ပူးပေါင်းပြီး လေ့လာရေးဆင်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ စုံစမ်းလေလေ ကွယ်ဝှက်ထားတဲ့ လျှို့ဝှက်ချက်ဆိုးတွေက ပေါ်ထွက်လာလေလေ ဖြစ်ခဲ့ပါတယ်။ Narathon ရဲ့အဖေ Phum နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး Sairung တို့ ပူးပေါင်းပြီး အဲဒီကျွန်းရဲ့ မြေကွက်တွေနဲ့ ရေပြင်ပိုင်နက်တွေကို မတရားသိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်တွေကိုပါ ရိပ်မိလာခဲ့ပါတယ်။ ဒီလိုနဲ့ Narathon တစ်ယောက် ပင်လယ်ရေအောက်ထဲ ပိုမိုနက်ရှိုင်းစွာ အမှန်တရားကို ရှာဖွေရင်း သရဲတစ္ဆေဒဏ္ဍာရီတွေ၊ ဖုံးကွယ်ထားတဲ့ လူသတ်မှုအမှုဟောင်းတွေနဲ့အတူ အဲဒီသန္တာကျောက်တန်းနဲ့ ထူးဆန်းစွာ ဆက်နွှယ်နေပြီး လူတိုင်းကို ကယ်တင်ခြင်း ဒါမှမဟုတ် သေခြင်းတရား ပေးစွမ်းနိုင်တဲ့ Sarai ဆိုတဲ့ ဝိညာဉ်မလေးရဲ့ ကျိန်စာကြားထဲ ပိတ်မိသွားပါတော့တယ်။ ဒီလိုစိတ်ဝင်စားဖွယ်ဇာတ်ကြောင်းတွေနဲ့ Horror/Drama ကားကောင်းလေးကို တင်ဆက်ပေးတော့မှာမို့လို့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ဗျို့#BlackCoral #thaiseries #2026series #mmsub #blackhole
GMMTV ကနေ ၂၀၂၆ အတွက် ထုတ်လွှင့်ထားတဲ့ "WU" ဆိုတဲ့ ဇာတ်လမ်းဟာ ဘဝမှာ အစစအရာရာ အဆင်မပြေဖြစ်ပြီး စိတ်ပျက်အားငယ်နေတဲ့ လူငယ်တစ်ယောက်နဲ့ ကံကြမ္မာကို စီမံနိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ အမျိုးသားတစ်ယောက်တို့ရဲ့ တွေ့ဆုံမှုကို အခြေခံထားတဲ့ Fantasy Drama အမျိုးအစားဖြစ်ပါတယ် 📉✨။ ဇာတ်လမ်းထဲမှာ Sky Wongravee က အလုပ်အကိုင်နဲ့ ဘဝအခြေအနေတွေ ပျက်စီးနေတဲ့ Pete အဖြစ် သရုပ်ဆောင်ထားပြီး Nani Hirunkit ကတော့ လူတွေရဲ့ ကံကြမ္မာကြိုးမျှင်တွေကို မြင်နိုင်၊ ပြောင်းလဲနိုင်တဲ့ စွမ်းအားရှင် Niran အဖြစ် ပါဝင်ထားပါတယ် 🔮။ Pete တစ်ယောက် သူ့ဘဝကို ပြန်လည်ကုစားဖို့ ကြိုးစားရင်း Niran ရဲ့ ထူးခြားဆန်းပြားတဲ့ လောကထဲကို ရောက်ရှိသွားတဲ့အခါ သူတို့နှစ်ယောက်ကြားမှာ မမျှော်လင့်ထားတဲ့ သံယောဇဉ်တွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ် 🤝❤️။ ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းမလား ဒါမှမဟုတ် ကိုယ်တိုင်ဖန်တီးတဲ့ ချစ်ခြင်းမေတ္တာနောက်ကိုပဲ လိုက်မလားဆိုတဲ့ ရွေးချယ်မှုတွေကို ရင်ခုန်စရာ မြင်တွေ့ရမှာဖြစ်လို့ Fantasy နဲ့ Romance ကိုမှ ခံစားချက်အသစ်တွေနဲ့ ကြည့်ချင်သူတွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်ဗျ 🎭🌌။#Wu #thaiseries #2026series #mmsub
ထာသရီ ထာသရီပန် အဖြစ် Pon Nawasch ထာသရီ ဝိုရာဖတ် အဖြစ် Boat Tara Tipa ရာဂျစ် အာဒီဆူအန် အဖြစ် Gina Yeena Salas ဇိမ်ကျကျနေထိုင်မှုနဲ့ ငွေကို ရေလိုဖြုန်းတီးတတ်တဲ့ အကျင့်တွေကြောင့် ဘဝမှာ ဒေဝါလီခံလိုက်ရတဲ့ အခြေအနေထိ ရောက်သွားတဲ့ သူဌေးလေး ထာသရီ နေစရာအိမ်တောင် မရှိတော့တဲ့အထိ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားတဲ့အပြင် ငွေမရှိတော့တဲ့နောက်ပိုင်း ချစ်သူရော သူငယ်ချင်းတွေကပါ သူ့ကို ကျောခိုင်းသွားကြလို့ အားကိုးစရာဆိုလို့ တစ်ယောက်မှမရှိတော့တဲ့အချိန် ရထားနဲ့ ခရီးသွားရင်း နာမည်တူတဲ့ သူငယ်ချင်းဟောင်း ထာသရီနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ပါတယ် အဲဒီသူငယ်ချင်း ထာသရီကလည်း တစ်ချိန်က ဆင်းရဲခဲ့ပေမယ့် အခုအခါမှာတော့ သူဌေးကြီးတစ်ဦးရဲ့အမွေဆက်ခံခွင့်ရသူတစ်ယောက်ဖြစ်နေခဲ့ပြီး အမွေသွားယူမယ့် လမ်းမှာမထင်မှတ်ဘဲ သူတို့စီးလာတဲ့ရထား ဗုံးခွဲခံလိုက်ရပါတယ် အထည်ကြီးပျက်ခဲ့ရတဲ့ထာသရီက ပွန်းပဲ့ဒဏ်ရာလောက်နဲ့ လွတ်မြောက်လာခဲ့ပေမယ့် သူ့သူငယ်ချင်းကတော့ ဒဏ်ရာပြင်းထန်သွားပြီး အချိန်ယူ ကုသဖို့အချိန်ယူရချိန် သူ့သူငယ်ချင်းက နာမည်ချင်းလဲကာ သူကိုယ်စား အမွေကို အချိန်မီသွားယူပေးဖို့ တောင်းဆိုလာတဲ့ချိန် ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေမယ့် ဒီလိုအခွင့်အရေးမျိုးက အလွယ်တကူ မရနိုင်တာကြောင့် ထာသရီတစ်ယောက် သူ့သူငယ်ချင်းကိုယ်စား အမွေသွားယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ... ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုအလွဲတွေ လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့ဇာတ်ကွက်မျိုးနဲ့ ကြည့်ရှူခံစားရမှာမို့ အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ#TwoFacesofThatri #thaiseries #2026series #mmsub #blackhole
ဒီ Season မှာတော့ လေယာဉ်မယ်နဲ့ လေယာဉ်မှူးတွေရဲ့ အလုပ်ခွင်နောက်ကွယ်က ရုန်းကန်မှုတွေကို ပိုပြီး အသားပေးရိုက်ကူးထားပါတယ်။ Season 1 ရဲ့ အဆက်အတိုင်း ဇာတ်ကောင်တွေကြားက မပြတ်နိုင်သေးတဲ့ သံယောဇဉ်တွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့အတူ အသစ်တိုးလာတဲ့ ဇာတ်ကောင်တွေကြောင့် အချစ်ရေးက ပိုပြီး ရှုပ်ထွေးလာတာကို တွေ့ရမှာပါ။ ❤️🩹 အဓိကကတော့ အပြိုင်အဆိုင်များတဲ့ လေကြောင်းလိုင်းလောကထဲမှာ ကိုယ့်ရဲ့ Career ကို ထိန်းသိမ်းရင်း တစ်ဖက်ကလည်း ခံစားချက်နဲ့ အလုပ်ကြား ဗျာများရပုံတွေကို Drama အလန်းစား ပုံဖော်ထားတာဖြစ်ပါတယ်။ Season 1 ထက်စာရင် ဇာတ်အိမ်က ပိုလေးပင်လာပြီး အလှည့်အပြောင်းတွေ ပိုများလာလို့ ကြည့်ရတာ တော်တော်လေး စွဲဖို့ကောင်းပါတယ်ဗျာ။ 🎬🍿#JetLag #thaiseries #2026series #mmsub
ဇာတ်လမ်းအကျဉ်း ပင်လယ်ရေပြင်အောက်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ရေအောက်ဇီဝဗေဒပညာရှင် Narathon ဟာ သေမင်းတမန် ဝဲဂယက်တွေကြောင့် နာမည်ကြီးပြီး ကျိန်စာသင့်နေတယ်လို့ ယူဆရတဲ့ 'Skull Island' (ဦးခေါင်းခွံကျွန်း) အနီးမှာ အလွန်လှပပြီး အပျက်အစီးမရှိသေးတဲ့ သန္တာကျောက်တန်းတစ်ခု ရှိနေတာကို သိရှိသွားခဲ့ပါတယ်။ သူဟာ ဒီမစ်ရှင်အတွက် ဓာတ်ပုံပညာပရော်ဖက်ဆာ Prachaya၊ ပြီးတော့ သူ့ရဲ့အဖေဖြစ်သူ (သူဌေးကြီး Phum) စွဲလမ်းနှစ်သက်နေတဲ့ ရေအောက်ဓာတ်ပုံဆရာမလေး Kaimook တို့နဲ့ ပူးပေါင်းပြီး လေ့လာရေးဆင်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ စုံစမ်းလေလေ ကွယ်ဝှက်ထားတဲ့ လျှို့ဝှက်ချက်ဆိုးတွေက ပေါ်ထွက်လာလေလေ ဖြစ်ခဲ့ပါတယ်။ Narathon ရဲ့အဖေ Phum နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး Sairung တို့ ပူးပေါင်းပြီး အဲဒီကျွန်းရဲ့ မြေကွက်တွေနဲ့ ရေပြင်ပိုင်နက်တွေကို မတရားသိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်တွေကိုပါ ရိပ်မိလာခဲ့ပါတယ်။ ဒီလိုနဲ့ Narathon တစ်ယောက် ပင်လယ်ရေအောက်ထဲ ပိုမိုနက်ရှိုင်းစွာ အမှန်တရားကို ရှာဖွေရင်း သရဲတစ္ဆေဒဏ္ဍာရီတွေ၊ ဖုံးကွယ်ထားတဲ့ လူသတ်မှုအမှုဟောင်းတွေနဲ့အတူ အဲဒီသန္တာကျောက်တန်းနဲ့ ထူးဆန်းစွာ ဆက်နွှယ်နေပြီး လူတိုင်းကို ကယ်တင်ခြင်း ဒါမှမဟုတ် သေခြင်းတရား ပေးစွမ်းနိုင်တဲ့ Sarai ဆိုတဲ့ ဝိညာဉ်မလေးရဲ့ ကျိန်စာကြားထဲ ပိတ်မိသွားပါတော့တယ်။ ဒီလိုစိတ်ဝင်စားဖွယ်ဇာတ်ကြောင်းတွေနဲ့ Horror/Drama ကားကောင်းလေးကို တင်ဆက်ပေးတော့မှာမို့လို့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ဗျို့#BlackCoral #thaiseries #2026series #mmsub #blackhole
ထာသရီ ထာသရီပန် အဖြစ် Pon Nawasch ထာသရီ ဝိုရာဖတ် အဖြစ် Boat Tara Tipa ရာဂျစ် အာဒီဆူအန် အဖြစ် Gina Yeena Salas ဇိမ်ကျကျနေထိုင်မှုနဲ့ ငွေကို ရေလိုဖြုန်းတီးတတ်တဲ့ အကျင့်တွေကြောင့် ဘဝမှာ ဒေဝါလီခံလိုက်ရတဲ့ အခြေအနေထိ ရောက်သွားတဲ့ သူဌေးလေး ထာသရီ နေစရာအိမ်တောင် မရှိတော့တဲ့အထိ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားတဲ့အပြင် ငွေမရှိတော့တဲ့နောက်ပိုင်း ချစ်သူရော သူငယ်ချင်းတွေကပါ သူ့ကို ကျောခိုင်းသွားကြလို့ အားကိုးစရာဆိုလို့ တစ်ယောက်မှမရှိတော့တဲ့အချိန် ရထားနဲ့ ခရီးသွားရင်း နာမည်တူတဲ့ သူငယ်ချင်းဟောင်း ထာသရီနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ပါတယ် အဲဒီသူငယ်ချင်း ထာသရီကလည်း တစ်ချိန်က ဆင်းရဲခဲ့ပေမယ့် အခုအခါမှာတော့ သူဌေးကြီးတစ်ဦးရဲ့အမွေဆက်ခံခွင့်ရသူတစ်ယောက်ဖြစ်နေခဲ့ပြီး အမွေသွားယူမယ့် လမ်းမှာမထင်မှတ်ဘဲ သူတို့စီးလာတဲ့ရထား ဗုံးခွဲခံလိုက်ရပါတယ် အထည်ကြီးပျက်ခဲ့ရတဲ့ထာသရီက ပွန်းပဲ့ဒဏ်ရာလောက်နဲ့ လွတ်မြောက်လာခဲ့ပေမယ့် သူ့သူငယ်ချင်းကတော့ ဒဏ်ရာပြင်းထန်သွားပြီး အချိန်ယူ ကုသဖို့အချိန်ယူရချိန် သူ့သူငယ်ချင်းက နာမည်ချင်းလဲကာ သူကိုယ်စား အမွေကို အချိန်မီသွားယူပေးဖို့ တောင်းဆိုလာတဲ့ချိန် ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေမယ့် ဒီလိုအခွင့်အရေးမျိုးက အလွယ်တကူ မရနိုင်တာကြောင့် ထာသရီတစ်ယောက် သူ့သူငယ်ချင်းကိုယ်စား အမွေသွားယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ... ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုအလွဲတွေ လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့ဇာတ်ကွက်မျိုးနဲ့ ကြည့်ရှူခံစားရမှာမို့ အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ#TwoFacesofThatri #thaiseries #2026series #mmsub #blackhole
M.R. "နာ့ရီရတ်" ဟာ မိဘတွေ စီစဉ်ပေးတဲ့ "အထီထတ်နာရန်ကွန်" နဲ့ လက်ထပ်ရမယ့်ကိစ္စကို အစပိုင်းမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမယ့် သူမ လျှို့ဝှက်စုံစမ်းနေတဲ့ ဘိန်းမှောင်ခိုဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ "အထီထတ်နာရန်ကွန်" ဖြစ်နေမလားဆိုတဲ့ သံသယကြောင့် အနီးကပ်စောင့်ကြည့်ပြီး အထောက်အထားရှာဖို့ ဒီလက်ထပ်ပွဲကို ဟန်ဆောင်လက်ခံလိုက်ပါတယ်။ အမှုမှန်ပေါ်ပေါက်တာနဲ့ ဒီလက်ထပ်ပွဲကို ချက်ချင်းဖျက်သိမ်းဖို့ ရည်ရွယ်ထားပေမယ့်၊ တကယ်တမ်း အတူနေထိုင်ပြီး အနီးကပ်ထိတွေ့လာရတဲ့အခါမှာတော့ "နာ့ရီရတ်”တစ်ယောက် သူမရဲ့ မူလရည်ရွယ်ချက်တွေ သွေဖည်ပြီး အသီတတ်အပေါ် တကယ်ပဲ မေတ္တာသက်ဝင် ချစ်မိသွားတဲ့အခါ... သူမရဲ့ သံသယတွေကရော မှန်ကန်နေမလား၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ စုံထောက်ဇာတ်လမ်းလေး ဘယ်လို ဆက်လက် အသက်ဝင်လာမလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးကို ကြည့်လိုက်ရအောင်!!#DearEnemy #thaiseries #2026series #mmsub #blackhole
ဖတ်အဖြစ် Taentawan Taddeo Majoli Maggioli နိတ်ဒေါင်အဖြစ် Chingching Kharittha Sungsaopath <ဇာတ်လမ်းအကျဉ်း> ဒီကားလေးမှာတော့ ဂီတဝါသနာပါပေမဲ့ဆင်းရဲတဲ့အင်ယာကျောင်းသားလေးဖတ်နဲ့ အရမ်းချမ်းသာတဲ့ကျောင်းသူကောင်မလေးနိတ်ဒေါင်တို့ရဲ့အချစ်ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်ယာတက်နေပါသော်လည်း ဂီတကိုရူးသွပ်သူဖြစ်တဲ့အတွက်ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ထောင်ထားပါသေးတယ် ဖြစ်ချင်တော့ ဖတ်ရဲ့အဖေဖြစ်သူက သူ့သားဂီတကိုရူးသွပ်နေတာကိုမကြိုက်သူတစ်ယောက်ပါ ဖတ်အဖေကိုယ်တိုင်ကလည်း အတိတ်မှာတုန်းကသူ့မိန်းမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဂီတနဲ့ပတ်သက်ရင်ထရော်မာရနေသူတစ်ဦးပေါ့။ ဘဝနောက်ခံချင်းမတူကြတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက စလာကတည်းကမလွယ်ကူခဲ့ပါဘူး ဒါတင်မကသေးဘဲ ပတ်ဝန်းကျင်ကမနာလိုတာတွေ ပြိုင်ဆိုင်မှုတွေနဲ့ ရန်ငြိုးတွေကြားထဲမှာပဲ သူတို့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့်မတော်တဆမှုတစ်ခုအကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲကနေ...ကောင်လေးကကောင်မလေးအပေါ်ထားတဲ့အချစ်နဲ့ သူ့ရဲ့ဂီတအိပ်မက်ကိုဘယ်လိုဆက်ပြီးအကောင်အထည်ဖော်မလဲ ဘဝကိုရောဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့မှသောကြာနေ့အတွင်း ကြည့်ရှုအားပေးနိုင်ပါပြီ။#StrongWill #thaiseries #2026series #mmsub #blackhole
ရာဝီအဖြစ် - Jam Rachata Hampanont လုဂျန် အဖြစ် -Vill Wannarot Sonthichai ဒီဇာတ်လမ်းလေးမှာတော့ ရာဝီ (Rawi) ဆိုတဲ့ ချမ်းသာပြီး မာနကြီးတဲ့ မင်းသားတစ်ပါးဟာ မလွှဲမရှောင်သာဘဲ ဖက်ဖရင် (Phetphring) နဲ့ လက်ထပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရာဝီက သူမအပေါ် ဘယ်လိုသံယောဇဉ်မှ မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ပတ်သက်မှုကိုပါ ငြင်းပယ်ခဲ့တဲ့အတွက်ကြောင့် ဖက်ဖရင်ဟာ နန်းတော်အပြင်ဘက်မှာ သာယာမှုကို ရှာဖွေရင်း ကိုယ်ဝန်ရရှိခဲ့ပါတော့တယ်။ ဒီအမှန်တရားကို ရာဝီ သိရှိသွားတဲ့အခါမှာတော့ ဖက်ဖရင်ကို ကွာရှင်းပြီး နန်းတော်ထဲကနေ နှင်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် စည်းစိမ်ချမ်းသာနဲ့ သုခတွေကို အလွယ်တကူ လက်မလွှတ်နိုင်တဲ့ ဖက်ဖရင်ဟာ ရာဝီကို လုပ်ကြံဖို့ အကွက်ချပြီး ။ ဒါပေမယ် ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ရွာလေးတစ်ရွာက လုဂျန် (Lukjan) ရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရပြီး ရာဝီကလည်း တဝမ် (Tawan) ဆိုတဲ့ နာမည်သစ်နဲ့ ဘဝသစ်ကို ပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အတိတ်က အမှတ်အသားဖြစ်တဲ့ လည်ဆွဲတစ်ခုနဲ့ လျှို့ဝှက်ချက်တွေကြောင့် သူတို့ရဲ့အချစ်နဲ့ ကံကြမ္မာလမ်းကြောင်းမှာတော့ အတားအဆီးတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ နောက်ဆုံးမှာတော့ အတိတ်မေ့နေတဲ့ ရာဝီတစ်ယောက် အမှန်တရားကို ပြန်လည်ဖော်ထုတ်ပြီး သူတကယ်ပိုင်ဆိုင်ရမယ့် ဘဝမှန်ကို ပြန်လည်ရွေးချယ်နိုင်မလား၊ ဒါမှမဟုတ် ဖက်ဖရင်တို့ရဲ့ အကွက်ချမှုအောက်မှာပဲ ပျောက်ကွယ်သွားမလားဆိုတာ ဆက်လက်ရှုစားလိုက်ကြရအောင်။#SunsetInWinter #thaiseries #2026series #mmsub
Tao Sattaphong Phiangphor နဲ့ Noolek Thithinan Sanla တို့အဓိကပါဝင်ထားတဲ့ Thai Drama ကောင်းလေးလာပါပြီ။ ဇာတ်လမ်းအကျဉ်း မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ မတော်တဆမှုကြောင့် အကျပ်အတည်းဆိုက်သွားတဲ့ အရှေ့မြောက်ပိုင်း (အီဆန်) သူလေးတစ်ဦးဟာ မိသားစုရဲ့ ရိုးရာ “ခြင်္သေ့အကအဖွဲ့” ပျက်မသွားစေဖို့အတွက် ဦးစီးဦးဆောင်ပြုဖို့ တာဝန်ယူလိုက်ရပါတော့တယ်။ ပြောင်းလဲလာတဲ့ ခေတ်ကာလအရ ရိုးရာအတိုင်းပဲ သွားနေလို့မရတော့တဲ့အတွက် ရိုးရာအမွေအနှစ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့နဲ့ အဖွဲ့သားတွေရဲ့ စားဝတ်နေရေးကို ရုန်းကန်ဖို့အတွက် သူမက မတူညီပဲကွဲပြားတဲ့ ယဉ်ကျေးမှုနှစ်ခုကို ပေါင်းစပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အဲ့ဒါကတော့ ခန့်ညားပြီး စွမ်းအင်ပြည့်ဝတဲ့ တရုတ်ရိုးရာ "ခြင်္သေ့အက" (Lion Dance) ရဲ့ စည်းချက်တွေထဲကို မြိုင်ဆိုင်ပြီး အသက်ဝင်လှတဲ့ အီဆန်ဒေသရဲ့ ရိုးရာတေးဂီတ "မော်လမ်ဆင်း" (Mor Lam Music) ရဲ့ ကကွက်တွေကို ရဲရဲဝံ့ဝံ့ ပေါင်းစပ်ထည့်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ ခေတ်ဟောင်းရိုးရာကို လုံးဝမစွန့်လွှတ်ဘဲ ခေတ်သစ်အနုပညာနဲ့ တီထွင်ဆန်းသစ်ပြီး မိသားစုရဲ့ ခြင်္သေ့အကအဖွဲ့လေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့အခါမှာတော့... ရှေးရိုးစွဲဝါဒီတွေရဲ့ ကန့်ကွက်မှုတွေ၊ ယဉ်ကျေးမှုချင်း မတူညီလို့ ဖြစ်ပေါ်လာတဲ့ အလွဲအချော်တွေနဲ့အတူ သူမ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးသွားမှာဖြစ်လို့ ရသစုံစုံလင်လင်နဲ့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ကြရအောင်ရှင့်#DanceOfTheLion #thaiseries #2026series #mmsub
ဆန့်အဖြစ် Ice Panuwat Premmaneenan ဖွန် အဖြစ် Oom Eisaya Hosuwan ယွမ် အဖြစ် Oom Eisaya Hosuwan ဖရန့် အဖြစ် Prima Bhunjaroeun ပွန် အဖြစ် Peterpan Tadsapon Wiwitawan ဘောနပ် အဖြစ် Cine Phatrakorn Bussarakwadee ဘဝဆိုတာ...လူတိုင်း မက်မောကြတဲ့ အိပ်မက်တွေနဲ့ စတင်ပေမယ့်... တကယ့်လက်တွေ့ဘဝမှာတော့ အချစ်၊ ငွေကြေးနဲ့ တာဝန်ဝတ္တရားတွေကြား နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ ခရီးတစ်ခုပါ။ Running of Love and Money ကတော့ အရွယ်ရောက်လာတဲ့ လူငယ်သူငယ်ချင်းတစ်စုရဲ့ အချစ်၊ မိတ်ဆွေသံယောဇဉ်၊ အလုပ်အကိုင်နဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရတဲ့ အဖြစ်အပျက်တွေကို ရင်ထဲထိအောင် ပုံဖော်ထားတဲ့ စိတ်ခံစားမှုအပြည့်ရှိတဲ့ ထိုင်းဒရာမာဇာတ်လမ်းတွဲတစ်ခုပဲက ဖြစ်ပါတယ်။ သူတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အိပ်မက်တွေရှိတယ်။ အောင်မြင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ဒါပေမယ့်... အောင်မြင်မှုဆီ သွားတဲ့လမ်းက ထင်ထားသလောက် မလွယ်ကူခဲ့ပါဘူး။ တချို့က အချစ်ကို ရွေးချယ်ရတယ်။ တချို့က အနာဂတ်ကို ရွေးချယ်ရတယ်။ တချို့ကတော့...မိသားစုတာဝန်တွေအတွက် ကိုယ့်ရဲ့အိပ်မက်တွေကိုတောင် စွန့်လွှတ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတယ်။ တစ်ခါတစ်ရံ... ငွေကြေးဆိုတာ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်သလို... တစ်ခါတစ်ရံမှာတော့ အချစ်နဲ့ မိတ်ဆွေသံယောဇဉ်တွေကိုတောင် ကွဲကွာသွားစေနိုင်ပါတယ်။ အောင်မြင်မှုရဖို့ သူတို့ ဘယ်လောက်ထိ ပေးဆပ်ရမလဲ... အချစ်ကို ကာကွယ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲ... သူငယ်ချင်းသံယောဇဉ်တွေက အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား... ဒီဇာတ်လမ်းတွဲဟာ ခေတ်သစ်ထိုင်းလူငယ်တွေရဲ့ အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုတာဝန်နဲ့ အနာဂတ်အတွက် ရုန်းကန်ကြိုးစားနေတဲ့ ဘဝအစစ်အမှန်တွေကို စိတ်ခံစားမှုအပြည့်နဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ရယ်မောစရာ အခိုက်အတန့်တွေရှိသလို... မျက်ရည်ကျစေမယ့် အချိန်တွေလည်း ရှိမယ်။ နှလုံးသားကို နွေးထွေးစေမယ့် မိတ်ဆွေသံယောဇဉ်တွေလည်း ပါဝင်နေပါတယ်။ အချစ်နဲ့ အိပ်မက်ကြား...ငွေကြေးနဲ့ ဘဝရပ်တည်မှုကြား...သူတို့ရဲ့ ရွေးချယ်မှုက သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုပြောင်းလဲသွားစေမလဲ... ဆိုတာကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။#TheRunningofLoveandMoney #thaiseries #2026series #mmsub #blackhole
Jeng အဖြစ် Dome Phemadech Mai အဖြစ် Folk Ratchanon Sithian အဖြစ် Aomstin Thakrit Patthanaworakit Bailiu အဖြစ် Ford Chaivirach ဇာတ်လမ်းအကျဉ်း ကမ္ဘာကျော် Idol Group တစ်ခုအဖြစ် စင်မြင့်ထက်မှာ တောက်ပဖို့ အိပ်မက်မက်ခဲ့တဲ့ ကောင်လေးတွေဟာ... ထင်ထားသလိုဖြစ်မလာတဲ့အခါ.. အရုပ်ဝတ်စုံကြီးတွေ အလုံပိတ်ဝတ်ပြီး မူကြိုကျောင်းတွေမှာ ကလေးသီချင်းတွေ လိုက်ဆိုရတဲ့အထိ ရည်မှန်းချက်တွေက ရစရာမရှိအောင် ပျက်စီးသွားခဲ့ရတယ်... အဲလိုအရှက်ရစရာတွေများလာတဲ့အခါမှာတော့ အဖွဲ့ဝင်တွေလည်း တစ်ယောက်ချင်းစီထွက်ကုန်ကြပြီး.. နောက်ဆုံးမှာတော့ Disband လိုက်ရပါတော့တယ်. ဒါပေမယ့် အဖွဲ့ခေါင်းဆောင် "Jeng" တစ်ယောက်ကတော့ ကုမ္ပဏီသူဌေး 'Sithian' ဘေးနားမှာပဲ သစ္စာရှိရှိ ကျန်ရစ်ခဲ့ပြီး အဖွဲ့ကို အသစ်ကနေ ပြန်စဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ သူ ပြန်စုဆောင်းမိတဲ့ အဖွဲ့ဝင်သစ်တွေကတော့ တကယ့်ကို အလွဲလောကသားတွေပါပဲ.. အမေဖြစ်သူကို ကားနဲ့ ပစ္စည်းကူရောင်းရင်း လှေပြိုင်ပွဲတွေမှာ အာပေါင်အာရင်းသန်သန် အော်တတ်တဲ့ Rapper.. ကိုရီးယားအထိ သွားပြိုင်ခဲ့တဲ့ ချန်ပီယံဟောင်းဖြစ်ပေမဲ့ လက်ရှိမှာတော့ အဖိုးအဖွားတွေကို အေရိုးဗစ်သင်ပေးနေရတဲ့ Dancer.. တိုက်ပေါ်က ခုန်ချတော့မယ့်သူတွေကို သီချင်းဆိုပြီး စိတ်အေးအောင် ချော့မော့တက်တဲ့ ပရဟိတသမား Vocal... ဒီလိုလူတွေနဲ့ စင်မြင့်ထက်ကို ပြန်တက်ဖို့ ကြိုးစားရမှာပါ... ဒီလိုအချိန်မှာ ပိုပြီး အကျပ်ရိုက်သွားတာက... ကုမ္ပဏီကို ကယ်ဆယ်နိုင်ဖို့အတွက် မနေ့ညကမှ အကြီးအကျယ် ရန်ဖြစ်ထားခဲ့တဲ့ မာနကြီးပြီး အပြောအဆိုမတက်တဲ့ "Mai" ဆိုတဲ့ ကောင်လေးကိုပါ အဖွဲ့ထဲ မဖြစ်မနေ ထည့်ရမယ်ဆိုတဲ့ သူဌေးရဲ့အမိန့်ကြောင့်ပါပဲ.. ဒါပေမယ့် Jeng မသိတာက... Mai က ဒီကုမ္ပဏီသူဌေးရဲ့ ညီအရင်းခေါက်ခေါက် ဖြစ်နေပြီး..သူ့ရဲ့ တကယ့်လျှို့ဝှက်မစ်ရှင်က အဖွဲ့ကို ကယ်တင်ဖို့ထက် Jeng ရဲ့ နှလုံးသားကို အပိုင်ဖမ်းစားဖို့ ဖြစ်နေခဲ့တာပါ... ရန်သူကနေ ချစ်သူအဖြစ် ပြောင်းလဲလာမယ့် သူတို့နှစ်ဦးကြားက Chemistryကလည်း ဇာတ်လမ်းကို တမျိုးတစ်ဖုံ စိတ်လှုပ်ရှားစရာ ဖြစ်စေမှာပါ.. တစ်ဖက်မှာလည်း သူဌေးSithian တစ်ယောက် ကုမ္ပဏီကြီး ပျာပုံမဖြစ်သွားအောင် သူ့ရဲ့ငယ်ရည်းစားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပြိုင်ဘက် Labelရဲ့ CEO "Bailiu" ဆီမှာ ဒူးထောက်ပြီး အကူအညီတောင်းရဖို့ အခြေနေနဲ့ ရင်ဆိုင်လာရပါတယ်.. အိမ်မက်တွေ..အချစ်တွေနဲ့ အရှုံးမပေးတဲ့ ဇွဲတရားတွေကို လောင်းကြေးထပ်ထားရတဲ့ ဒီခရီးစဉ်မှာ... သူတို့တွေ တကယ်ပဲ ရုန်းထွက်နိုင်မလားဆိုတာကို စောင့်မျှော်ကြည့်ရှုလို့ရပါပြီ။#LosttoLight #thaiseries #2026series #mmsub #BL #blackhole
Available now! Telegram Research 2025 — the year's key insights 