The sanctuary of timeless poems
Open in Telegram
ကဗျာဆိုတာ ကိုယ်ရေးကိုယ်တာတွေ မြီးကောင်ပေါက်ခြင်းတစ်မျိုးပါပဲ - သန်းတင့် Channel created - 8.5.2024(Wed)
Show more4 974
Subscribers
-324 hours
-177 days
-9430 days
Posts Archive
ငါလိမ်ခဲ့သော ပိတ်ရက်
လူနားရက်မှာ စိတ်ရဲ့စက်သံတွေကို
နှလုံးသားနဲ့ကြားနေရ၊
ငါမလွမ်းချင်ဘူး ချစ်သူ
အိတ်ထဲ အကြွေတွေပဲပိုင်တာက
အရှိတရားဖြစ်ပြီး
အိမ်ထဲက ပရိဘောဂတွေရောင်းချင်တာ
မေတ္တာတရားပါပဲ။
လမ်းကူးရင်း ကားတိုက်တဲ့သတင်းဟာ
၅၀/၅၀ပဲလေ
၁၀၀လိုချင်လို့ အိမ်မှာနေတာဟာ
ငါ့ရဲ့ လုံခြုံရေးဝန်ထမ်းဖြစ်တယ်။
ဘယ်သူ ငါ့ကိုဖုန်းခေါ်မှာလဲ။
မနက်စာကို ဂိမ်းတစ်ပွဲနဲ့စမယ်
ဒီနေ့အတွက် ငါ့အစီအစဉ်က
တစ်ယောက်တည်းလည်းဖြစ်ပါတယ်။
၁၀သိန်းနဲ့ ဇာတ်ကားရိုက်လို့ရသလို
မင်းသားနဲ့ မင်းသမီးရှိရင်လည်း
အရန်မလိုဘဲ ကားသစ်ထွက်နိုင်တယ်။
ငါ့အတွက်လည်း ဒီလိုပဲ
ဆေးလိပ်နဲ့ စိတ်အမောပြေသလို
သီချင်းတစ်ပုဒ်နဲ့ တိတ်ဆိတ်ခြင်းရှိရင်
မင်းကိုမလိုဘဲ နေ့သစ်ကိုစတင်နိုင်တယ်။
အဲ့လောက်တောင် လိမ်ပြောနေရတာ
မမောဘူးလားတဲ့၊
မင်းဘာသိလို့လဲလို့ ဖုန်းကို ငါအော်လိုက်တယ်၊
တစ်ခြား Aiပဲပြောင်းသုံးတော့မယ်။
- သွယ်မြိတ်
Repost from သွယ်မြိတ် [ Thwe Myeik]
အချိန်တွေ အများကြီးကုန်ဆုံးသွားတဲ့အခါ
ကွဲပြားတဲ့ကမ္ဘာနှစ်ခုမှာ ကိုယ်စီရှင်သန်ရင်း
ဘူတာရုံတစ်ဖက်ခြမ်းမှာ
တစ်ယောက်ကိုတစ်ယောက်
လှည့်မကြည့်နိုင်ခဲ့ကြတဲ့ ခေတ်ဆိုး။
- သွယ်မြိတ်
ဘယ်တော့မှ မခွဲဘူးနော်ဆိုပြီး ညာသွားတဲ့သူကို ငါလည်း ဘယ်တော့မှ စောင့်နေမှာမဟုတ်ဘူးလို့ ပြန်ညာခဲ့တယ် ကိုယ်မှ အကျောမခံချင်ဘဲကွယ် . . . ။
-မာရီယာလင်း
ငါခေါ်မှ ထူးတယ်
ငါမေးမှ ဖြေတယ်
ငါ့ဘက်က တိတ်ဆိတ်နေရင်
မင်းဘဝလေးဟာ အေးချမ်းနေရော ။
-နွေသစ်ငြိမ်း
နွေတို့ မိုးတို့ ဆောင်းတို့တောင်
သုံးခုပေါင်းပြီးမှ တစ်နှစ်ပြည့်ရဲတာ
ငါ့မှာတော့ မင်းတစ်ယောက်တည်း
တစ်နှစ်ပြီးတစ်နှစ် ။
-အောင်ခိုင်မြတ်
နိဗ္ဗာန်ဝင်ပေါက်က လှည့်ပြန်ပြီး
သံသရာကို ဆွဲဆန့်မိတဲ့
အကြောင်းရင်းက
မင်းကို မြတ်နိုးလွန်းလို့ပဲ ။
-လင်းမာအို-
ခဲမှန်ခဲ့ဖူးကြောင်း
မေ့နေသည့်အခိုက်မှာ
အမာရွတ်တွေဟာ
အသက်ထရှူတယ် ။
- အာဒံ
အတိတ်ကိုသာ ပြန်ရနိုင်မယ်ဆိုရင်
အကြည့်ချင်းဆုံပြီး ပြုံးနေမိတဲ့
အခိုက်အတန့်မှာပဲ ပျော်သလောက်
နေပစ်လိုက်ဦးမယ် ... ။
- သွယ်မြိတ်
သေခြင်းတရားကလွဲရင် မင်းကို
အကြောက်ဆုံးပါ။
ထို့အတူ...
ငါ့ကိုယ်ငါကလွဲရင် မင်းကို
အချစ်ဆုံးပါကွယ်။
-မင်းလူ
" အုတ်စီရင်း သီချင်းညည်းတယ်ဆိုတာ
မဆလာသယ်တဲ့ကောင်မလေးအပေါ်
ပန်းရန်ဆရာရဲ့ လူပျိုလှည့်တေးပါ "
-ဆန်းကျော်စွာဝင်း
ကောင်းကောင်းဆိုးဆိုး
တစ်စိတ်တစ်ပိုင်းဟာ
အစိတ်အပိုင်းပဲမို့ ဆုံးရှုံးသွားရင်
လစ်ဟာနေမယ်ထင်တာပဲ"
# နွယ်
လူတစ်ယောက်ကို ချစ်ခြင်းဟာ
ပိုင်ဆိုင်ရခြင်းဆိုတဲ့ ပန်းတိုင်မှာ အဆုံးသတ်တာ မဟုတ်ပါဘူး
လူတစ်ယောက်ကို ပိုင်ဆိုင်ရတိုင်းလဲ သူ့အချစ်ကို ရတယ်လို့ မဆိုသာပါဘူး
ဘာကြောင့်လဲဆိုရင် ချစ်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းက တိုက်ရိုက်အချိုးကျနေတဲ့ ပုံသေနည်း တခု
မဟုတ်လို့ပဲဗျာ
- တက္ကသိုလ်ဘုန်းနိုင်
ငါလည်းထိုင်ခုံရချင်တယ်
မင်းက ဘတ်စ်ကားပေါ်မှာ
ထိုင်ခုံရတဲ့ကောင်မလေးပဲဆိုပါတော့၊
ငါလည်း မင်းဘေးကကောင်
ထသွားမှာကို မျှော်နေဖို့ပဲ
တတ်နိုင်တယ်။
မင်းလည်း ငါသက်သာအောင်
ငါ့အိတ်ကလေး ယူထားပေးတဲ့
အဖြူထည်စိတ်ကလေးပဲ တတ်နိုင်တယ်။
-သွယ်မြိတ်
ငါဖြစ်ချင်တဲ့အတိုင်းသာပြောရရင်
ငါဘာမှမဖြစ်ချင်ဘူး။
ငါချစ်ချင်တဲ့အတိုင်းသာချစ်ရရင်
ငါဘယ်သူ့ကိုမှ မနစ်မွန်းစေချင်ဘူး။
ကလေးကာတွန်းတွေလောက်ပဲ
သိတဲ့ကောင်ပါ၊
ဘလက်ဟိုးထဲခုန်ဆင်းဖို့အထိတော့
ငါ့မှာ အရောင်တွေမစုံသေးဘူး။
-သွယ်မြိတ်
ဘဝမှာ ဘာအလိုရှိရဦးမှာလဲ...
ကမ္ဘာကြီးကိုလား...
ချမ်းသာကြွယ်ဝမှုကိုလား...
စွမ်းအားတွေကိုလား...
အာဏာကိုလား...
ကိုယ့်ကို ပြုံးပြနေတဲ့ ချစ်သူလေးရဲ့
မေတ္တာတွေ ရရင်...
ဘဝမှာ ဘာကိုထပ်ပြီး အလိုရှိရတော့မလဲ... ။
-လောင်ချိတ်
Repost from သွယ်မြိတ် [ Thwe Myeik]
မွေးနေ့ကဗျာ
ကိုယ့်ကိုယ်ကိုယ်သယ်လာတဲ့ခရီးက
ကိုယ့်သမိုင်းကိုဖြတ်ပြေးတယ်။
ကျေးဇူးတင်လှတယ်၊
ပြေးစရာမြေလေးတစ်ကွက်
ငါ့အတွက်ချန်ခဲ့ကြ၊
နောက်နေ့များမှာ အတူတူရှိရအောင်
မီးစလေးတွေ ထွန်းညှိကြမယ်။
ပျော်စရာတွေကိုမျှဝေဖူးရင်
ငိုစရာတွေခွက်ထဲထည့်သောက်ဖူးကြလိမ့်မယ်။
လာပါ၊
ငါကိုယ်တိုင်ရေးတဲ့ပန်ချီကားထဲ
ဝင်ထိုင်ကြပါ။
-သွယ်မြိတ်
Repost from သွယ်မြိတ် [ Thwe Myeik]
မွေးနေ့ကဗျာ
ကိုယ့်ကိုယ်ကိုယ်သယ်လာတဲ့ခရီးက
ကိုယ့်သမိုင်းကိုဖြတ်ပြေးတယ်။
ကျေးဇူးတင်လှတယ်၊
ပြေးစရာမြေလေးတစ်ကွက်
ငါ့အတွက်ချန်ခဲ့ကြ၊
နောက်နေ့များမှာ အတူတူရှိရအောင်
မီးစလေးတွေ ထွန်းညှိကြမယ်။
ပျော်စရာတွေကိုမျှဝေဖူးရင်
ငိုစရာတွေခွက်ထဲထည့်သောက်ဖူးကြလိမ့်မယ်။
လာပါ၊
ငါကိုယ်တိုင်ရေးတဲ့ပန်ချီကားထဲ
ဝိုင်ထိုင်ကြပါ။
-သွယ်မြိတ်
