The sanctuary of timeless poems
الذهاب إلى القناة على Telegram
ကဗျာဆိုတာ ကိုယ်ရေးကိုယ်တာတွေ မြီးကောင်ပေါက်ခြင်းတစ်မျိုးပါပဲ - သန်းတင့် Channel created - 8.5.2024(Wed)
إظهار المزيد5 120
المشتركون
-524 ساعات
-227 أيام
-5330 أيام
أرشيف المشاركات
ဘယ်တော့မှ မခွဲဘူးနော်ဆိုပြီး ညာသွားတဲ့သူကို ငါလည်း ဘယ်တော့မှ စောင့်နေမှာမဟုတ်ဘူးလို့ ပြန်ညာခဲ့တယ် ကိုယ်မှ အကျောမခံချင်ဘဲကွယ် . . . ။
-မာရီယာလင်း
ငါခေါ်မှ ထူးတယ်
ငါမေးမှ ဖြေတယ်
ငါ့ဘက်က တိတ်ဆိတ်နေရင်
မင်းဘဝလေးဟာ အေးချမ်းနေရော ။
-နွေသစ်ငြိမ်း
နွေတို့ မိုးတို့ ဆောင်းတို့တောင်
သုံးခုပေါင်းပြီးမှ တစ်နှစ်ပြည့်ရဲတာ
ငါ့မှာတော့ မင်းတစ်ယောက်တည်း
တစ်နှစ်ပြီးတစ်နှစ် ။
-အောင်ခိုင်မြတ်
နိဗ္ဗာန်ဝင်ပေါက်က လှည့်ပြန်ပြီး
သံသရာကို ဆွဲဆန့်မိတဲ့
အကြောင်းရင်းက
မင်းကို မြတ်နိုးလွန်းလို့ပဲ ။
-လင်းမာအို-
ခဲမှန်ခဲ့ဖူးကြောင်း
မေ့နေသည့်အခိုက်မှာ
အမာရွတ်တွေဟာ
အသက်ထရှူတယ် ။
- အာဒံ
အတိတ်ကိုသာ ပြန်ရနိုင်မယ်ဆိုရင်
အကြည့်ချင်းဆုံပြီး ပြုံးနေမိတဲ့
အခိုက်အတန့်မှာပဲ ပျော်သလောက်
နေပစ်လိုက်ဦးမယ် ... ။
- သွယ်မြိတ်
သေခြင်းတရားကလွဲရင် မင်းကို
အကြောက်ဆုံးပါ။
ထို့အတူ...
ငါ့ကိုယ်ငါကလွဲရင် မင်းကို
အချစ်ဆုံးပါကွယ်။
-မင်းလူ
" အုတ်စီရင်း သီချင်းညည်းတယ်ဆိုတာ
မဆလာသယ်တဲ့ကောင်မလေးအပေါ်
ပန်းရန်ဆရာရဲ့ လူပျိုလှည့်တေးပါ "
-ဆန်းကျော်စွာဝင်း
ကောင်းကောင်းဆိုးဆိုး
တစ်စိတ်တစ်ပိုင်းဟာ
အစိတ်အပိုင်းပဲမို့ ဆုံးရှုံးသွားရင်
လစ်ဟာနေမယ်ထင်တာပဲ"
# နွယ်
လူတစ်ယောက်ကို ချစ်ခြင်းဟာ
ပိုင်ဆိုင်ရခြင်းဆိုတဲ့ ပန်းတိုင်မှာ အဆုံးသတ်တာ မဟုတ်ပါဘူး
လူတစ်ယောက်ကို ပိုင်ဆိုင်ရတိုင်းလဲ သူ့အချစ်ကို ရတယ်လို့ မဆိုသာပါဘူး
ဘာကြောင့်လဲဆိုရင် ချစ်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းက တိုက်ရိုက်အချိုးကျနေတဲ့ ပုံသေနည်း တခု
မဟုတ်လို့ပဲဗျာ
- တက္ကသိုလ်ဘုန်းနိုင်
ငါလည်းထိုင်ခုံရချင်တယ်
မင်းက ဘတ်စ်ကားပေါ်မှာ
ထိုင်ခုံရတဲ့ကောင်မလေးပဲဆိုပါတော့၊
ငါလည်း မင်းဘေးကကောင်
ထသွားမှာကို မျှော်နေဖို့ပဲ
တတ်နိုင်တယ်။
မင်းလည်း ငါသက်သာအောင်
ငါ့အိတ်ကလေး ယူထားပေးတဲ့
အဖြူထည်စိတ်ကလေးပဲ တတ်နိုင်တယ်။
-သွယ်မြိတ်
ငါဖြစ်ချင်တဲ့အတိုင်းသာပြောရရင်
ငါဘာမှမဖြစ်ချင်ဘူး။
ငါချစ်ချင်တဲ့အတိုင်းသာချစ်ရရင်
ငါဘယ်သူ့ကိုမှ မနစ်မွန်းစေချင်ဘူး။
ကလေးကာတွန်းတွေလောက်ပဲ
သိတဲ့ကောင်ပါ၊
ဘလက်ဟိုးထဲခုန်ဆင်းဖို့အထိတော့
ငါ့မှာ အရောင်တွေမစုံသေးဘူး။
-သွယ်မြိတ်
ဘဝမှာ ဘာအလိုရှိရဦးမှာလဲ...
ကမ္ဘာကြီးကိုလား...
ချမ်းသာကြွယ်ဝမှုကိုလား...
စွမ်းအားတွေကိုလား...
အာဏာကိုလား...
ကိုယ့်ကို ပြုံးပြနေတဲ့ ချစ်သူလေးရဲ့
မေတ္တာတွေ ရရင်...
ဘဝမှာ ဘာကိုထပ်ပြီး အလိုရှိရတော့မလဲ... ။
-လောင်ချိတ်
Repost from သွယ်မြိတ် [ Thwe Myeik]
မွေးနေ့ကဗျာ
ကိုယ့်ကိုယ်ကိုယ်သယ်လာတဲ့ခရီးက
ကိုယ့်သမိုင်းကိုဖြတ်ပြေးတယ်။
ကျေးဇူးတင်လှတယ်၊
ပြေးစရာမြေလေးတစ်ကွက်
ငါ့အတွက်ချန်ခဲ့ကြ၊
နောက်နေ့များမှာ အတူတူရှိရအောင်
မီးစလေးတွေ ထွန်းညှိကြမယ်။
ပျော်စရာတွေကိုမျှဝေဖူးရင်
ငိုစရာတွေခွက်ထဲထည့်သောက်ဖူးကြလိမ့်မယ်။
လာပါ၊
ငါကိုယ်တိုင်ရေးတဲ့ပန်ချီကားထဲ
ဝင်ထိုင်ကြပါ။
-သွယ်မြိတ်
Repost from သွယ်မြိတ် [ Thwe Myeik]
မွေးနေ့ကဗျာ
ကိုယ့်ကိုယ်ကိုယ်သယ်လာတဲ့ခရီးက
ကိုယ့်သမိုင်းကိုဖြတ်ပြေးတယ်။
ကျေးဇူးတင်လှတယ်၊
ပြေးစရာမြေလေးတစ်ကွက်
ငါ့အတွက်ချန်ခဲ့ကြ၊
နောက်နေ့များမှာ အတူတူရှိရအောင်
မီးစလေးတွေ ထွန်းညှိကြမယ်။
ပျော်စရာတွေကိုမျှဝေဖူးရင်
ငိုစရာတွေခွက်ထဲထည့်သောက်ဖူးကြလိမ့်မယ်။
လာပါ၊
ငါကိုယ်တိုင်ရေးတဲ့ပန်ချီကားထဲ
ဝိုင်ထိုင်ကြပါ။
-သွယ်မြိတ်
Happy birthdayပါ ဆရာသွယ်မြိတ်ဗျ🫧
နောက်ကျသွားတဲ့အတွက် ဆောတီးပါဗျာ
မာရီယာ - ၂၀ အသက်၂၀ကျော်ခဲ့ပြီ မာရီယာ ရက်၂၀တောင် မကြာလိုက်သလိုပါပဲ ငါပဲမှတ်ဉာဏ်အားနည်းတာလား မင်းကိုပဲ အချိန်ထက်ချစ်မိတာလား ။နောက်ထပ်ကဗျာကောင်းလေးတွေ ဖန်တီးရေးသားနိုင်ပါစေဗျ။🍓
❝ တူနှစ်ကိုယ် အချစ်ခရီး ❞
မင်းတို့မြို့ကိုသွားတဲ့
ဘယ်ရထား၊ဘယ်ကားနဲ့မဆို
ဘယ်လေယာဉ်၊
ဘယ်သင်္ဘောနဲ့ပဲ ဖြစ်ဖြစ်...
မင်းရင်ခွင်ကိုရောက်မဲ့လမ်းမှ
ငါမတွေ့မိပဲ ။
မင်းဆီရောက်ဖို့ဆို
အကွာအဝေးတွေ နီးဖို့၊ဝေးဖို့မလိုဘူး
မင်းရင်ထဲမှာ ငါရှိ၊မရှိ
လှမ်းမြင်ရရင်ရပြီ ။
မင်းဘာမင်း
ဘယ်သွားသွား၊ဘာစားစား
ဘယ်လိုပြောပြော
နှလုံးသားနဲ့ ကိုယ်ပါရမီဖြည့်မယ် ။
#စာတိုငဖြူ
အချိန်တွေသာနောက်ပြန်ဆုတ်လို့ရခဲ့ရင်
မင်းနဲ့စတွေ့ခဲ့တဲ့အချိန်ကိုပြန်သွားချင်တယ်
ဒါဆိုရင် ငါတို့ဟာ ငါတို့ပီသနေခဲ့မှာ.....။
#နွယ်
နှစ်ထပ်ကော်ဘောလုံးလေးတွေမြင်ဖူးလား "မမ"
တစ်ဦးရဲ့ အနာတရအတွက်
နောက်တစ်ဦးရဲ့ ရင်ကိုခွဲပြီး ကာကွယ်ပေးတာမျိုးလေ
"မမ" ကျွန်တော့်ကို မြင်ဖူးတယ်မလား။
-ဘုန်းပြည့်စုံမင်း
