en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 435 subscribers, ranking 18 065 in the Movies category and 8 662 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 435 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 113 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.64%. Within the first 24 hours after publication, content typically collects 3.17% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 187 views. Within the first day, a publication typically gains 490 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 435
Subscribers
+324 hours
+337 days
+11330 days
Posts Archive
ရောင်နီဖြာလင်း တိမ်လွှာခွင်းချိန် (朝云散) Towards the Truth (2025) "လွန်ခဲ့တဲ့ ဆယ်နှစ်က သွေးကြွေးအတွက် အမှန်တရားကိုဖော်ဆောင်ပြီ
ရောင်နီဖြာလင်း တိမ်လွှာခွင်းချိန် (朝云散) Towards the Truth (2025) "လွန်ခဲ့တဲ့ ဆယ်နှစ်က သွေးကြွေးအတွက် အမှန်တရားကိုဖော်ဆောင်ပြီး ပြန်ဆပ်မယ် ငါ့မိသားစုရဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းဖို့အတွက် ဘယ်သူ့ကိုမဆို ရင်ဆိုင်ဖို့အသင့်ပဲ" --- ရှန်စုန်း--- "အမှန်တရားက တိမ်တိုက်တွေကြားမှာ ခဏတာ ဖုံးကွယ်နေနိုင်ပေမဲ့... အလင်းရောင်ပေါ်လာတဲ့အခါ အရာအားလုံးက ထင်ရှားလာမှာ" ---ကုန်းစွန်းလီ--- ဒီဇာတ်လမ်းလေးကတော့ မိသားစုတစ်ခုလုံး မတရားသတ်ဖြတ်ခံခဲ့ရတဲ့ နာကျည်းချက်ကို ရင်ဝယ်ပိုက်ပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားမဲ့ လူငယ်လေးတစ်ဦးရဲ့ အမှုစုံစမ်းခရီးစဉ်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ရှေးခေတ်လျှိုဝှက်ဆန်းကြယ် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း~ လွန်ခဲ့တဲ့ ဆယ်နှစ်က ရှန်မိသားစုတစ်ခုလုံး တစ်ညတွင်းချင်း သတ်ဖြတ်ခံခဲ့ရပြီး အငယ်ဆုံးသားဖြစ်တဲ့ ရှန်စုန်း တစ်ယောက်သာ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ် ရှန်စုန်း ကြီးပြင်းလာတဲ့အခါ မိသားစုအတွက် ကလဲ့စားချေဖို့ ရည်ရွယ်ချက်နဲ့ နန်းတွင်းစာမေးပွဲကို ဝင်ဖြေခဲ့ပေမဲ့ ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် သာမန်အရပ်သားဘဝကို ရောက်ရှိသွားခဲ့ပါတယ် ဒါပေမဲ့ တိုက်ဆိုင်စွာပဲ နန်းတွင်းပွဲတော်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကနေတဆင့် ဒေသခံအရာရှိတွေရဲ့ ပေါ့လျော့မှုကို ဖော်ထုတ်နိုင်ခဲ့လို့ ဘုရင်မင်းမြတ်ရဲ့ ယုံကြည်မှုကိုရရှိကာ အမှုစုံစမ်းခွင့်ရလာခဲ့ပါတယ် ထူးခြားဆန်းပြားတဲ့ အမှုတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းရင်းနဲ့ သူ့မိသားစု အသတ်ခံခဲ့ရတဲ့ နောက်ကွယ်ကတကယ့်အမှန်တရားဆီကို တဖြည်းဖြည်း နီးကပ်လာတဲ့အခါမှာတော့... ရှန်မိသားစုကို သတ်ဖြတ်ခဲ့တဲ့ တကယ့်လက်သည်တရားခံက နန်းတွင်းထဲက အာဏာရှိသူတစ်ယောက် ဖြစ်နေမလား ရှန်စုန်းနဲ့ သူ့ရဲ့ စုံထောက်အဖွဲ့သားတွေက ဘယ်လိုဆန်းပြားတဲ့ အမှုတွေကို အတူတူရင်ဆိုင်သွားကြမလဲ ဆယ်နှစ်ကြာ ဖုံးကွယ်ထားတဲ့ အမှန်တရား ပေါ်ထွက်လာတဲ့အခါ ရှန်စုန်းရဲ့ ကလဲ့စားချေမှုကရော ဘယ်လိုအဆုံးသတ်မလဲ ဇာတ်လမ်းတစ်လျှောက် ပဟေဠိဆန်တဲ့ အမှုတွေအပြင် နန်းတွင်းထဲက လျှို့ဝှက်ချက်တွေ အကောက်ကြံမှုတွေကြောင့် ကြည့်ရှုသူကို ရင်တထိတ်ထိတ်နဲ့ အမြဲစောင့်ကြည့်နေရအောင် ဆွဲခေါ်သွားမှာအသေချာပါပဲ တိမ်တိုက်တွေကြားမှာ ဖုံးကွယ်နေတဲ့ ဆယ်နှစ်ကြာ လျှို့ဝှက်ချက်တွေကို အတူတူလိုက်လံ ဖော်ထုတ်ကြမဲ့ "ရောင်နီဖြာလင်း တိမ်လွှာခွင်းချိန်" (Towards the Truth) ဆိုတဲ့ ဇာတ်လမ်းလေးကို GC Chinese ကနေ တင်ဆက်ပေးသွားတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော် Review by Myint Myat Shwe Khaing Translated by GC Chinese Team Encoded by Feng #ရောင်နီဖြာလင်းတိမ်လွှာခွင်းချိန် #朝云散 #TowardsTheTruth

ဂုဏ်ရည်အပ်နှင်း ငြိမ်းချမ်းစေ 太平年 (Swords Into Plowshares) 🕍🕍Channel Link https://t.me/SK_Ch7 ဒီဇာတ်ကားလေးကတော့ တွေ့တောင့်တ
+9
ဂုဏ်ရည်အပ်နှင်း ငြိမ်းချမ်းစေ 太平年 (Swords Into Plowshares) 🕍🕍Channel Link https://t.me/SK_Ch7
ဒီဇာတ်ကားလေးကတော့ တွေ့တောင့်တွေ့ခဲ တကယ့်နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေရဲ့ဆုံတွေ့မှုလက်ရာတစ်ခုလို့ ဆိုရပါမယ် Rating 8.4 ထိရထားခဲ့တဲ့ Guardian ထဲက မင်းသားချော BaiYu နဲ့ Will Love in Spring , Nothing But You အစရှိတဲ့ နာမည်ကြီးကားတွေရဲ့ဇာတ်လိုက်မင်းသမီးချော Zhou YuTong တို့ရဲ့ ဒီဇာတ်ကားလေးက 2026 ကြည့်ရှုသူအမျှော်လင့်ဆုံး ဇာတ်ကားစာရင်းထဲမှာ ပါ၀င်ထားတာမို့ လက်မလွတ်တမ်း ကြည့်သင့်သောပါပဲ
ဇာတ်လမ်းအကျဉ်း အေဒီ ၉၄၁ ခုနှစ်မှာ ဝူယွဲ့တိုင်းပြည်ရဲ့ Qian Yuan Guan ဘုရင်ဟာ နတ်ရွာစံသွားခဲ့ပြီး အုပ်ချုပ်သူအသစ်တက်ရောက်ချိန် ဝူယွဲ့တော်ဝင်မိသားစုတွင်းမှာ အတွင်းအပြင် ပြဿနာများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ငါးနှစ်အကြာမှာတော့ ဘုရင့်ညီတော်ဖြစ်သူ Qian Hong Chu ဟာ နှစ်သစ်ကိုကြို‌ဆိုဂုဏ်ပြုဖို့အတွက် သံတမန်တွေနဲ့အတူ မြောက်ဘက် Bian Liang သို့သွားရောက်ဖို့ မိန့်ကြားခဲ့ပါတယ် ထိုခရီးစဉ်အတွင်းမှာ Qian Hong Chu ဟာ တိုင်းပြည်ရဲ့ ယိုယွင်းပျက်စီးမှုတွေကို မြင်တွေ့ခဲ့ရပြီး အကျပ်အတည်းတွေကြားမှာ Chai Rong ၊ Zhao Kuang Yin တို့နဲ့ နက်ရှိုင်းတဲ့ ရင်းနှီးမှုတစ်ခုကို ရရှိခဲ့ပါတယ် ဝူယွဲ့နိုင်ငံကို ပြန်ရောက်ချိန်မှာတော့ Qian Hong Chu ဟာ ယခင်က လွတ်လပ်ပေါ့ပါးတဲ့ မိမိရဲ့ အကျင့်စရိုက်ကို ပြောင်းလဲရင်း ညီလာခံမှာ အရည်အချင်းကိုကို ပြသကာ သစ္စာမဲ့အတတ်တွေနဲ့ ပြင်ပအင်အားကြီးသူတွေကို ဖယ်ရှားခဲ့ပြီး အုပ်ချုပ်ရေး မငြိမ်မသက် ဖြစ်နေချိန်မှာ တိုင်းပြည်ခေါင်းဆောင်တစ်ဦးရဲ့  ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ် တစ်ဖက်မှာ‌တော့ မြောက်ပိုင်းက Zhao Kuang Yin ဟာ Chai Rong ရဲ့ မပြီးဆုံးသေးတဲ့တာဝန်ကို အမွေဆက်ခံပြီး မြောက်ပိုင်း Song မင်းဆက်အစိုးရကို ထူထောင်ကာ တောင်ပိုင်းသို့ တပ်များဖြန့်ကြက်ခဲ့ပါတယ် အဆုံးမှာ မြောက်ပိုင်းစုန့်မင်းဆက်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ သာမန်ပြည်သူတွေရဲ့ အေးငြိမ်းချမ်းသာမှုကို ရှေးရှုတဲ့ Zhao Kuang Yin နဲ့ Qian Hong Chu တို့ဟာ ထိုက်ဖျင်ရှင့်တိုင်းပြည် သုံးနှစ်အတွင်းမှာ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးအတွက် စစ်ပွဲကိုစွန့်လွှတ်ကာ “ပြည်ကို ပြန်လည်အပ်နှင်းခြင်း” ဆိုတဲ့ သမိုင်းကိုအစပြုရေးထိုးခဲ့ပါတယ် အုပ်ချုပ်သူတွေကြားက စစ်ပွဲတွေကြားမှာ ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင်ရမလဲဆိုတာ ... Native Title : 太平年 English Title : Swords Into Plowshares Starring : Bai Yu, Zhou Yu Tong, Yu Hao Ming, Dong Yong, Zhu Ya Wen, Ni Da Hong Episodes : 48 Aired : 23 January 2026 Original Network : IQIYI, Mango TV #ReviewByPanda #SoulKingdom #太平年 #SwordsIntoPlowshares

My Page in the 90s (2026) ၁၉ ရာစုနှောင်းပိုင်းရဲ့ချစ်ပုံပြင်ငယ် C drama fan တို့ကို တင်ဆက်ပေးချင်တဲ့စီးရီးလေးတစ်ခုကတော့ ကမ္ဘာ
+6
My Page in the 90s (2026) ၁၉ ရာစုနှောင်းပိုင်းရဲ့ချစ်ပုံပြင်ငယ် C drama fan တို့ကို တင်ဆက်ပေးချင်တဲ့စီးရီးလေးတစ်ခုကတော့ ကမ္ဘာကူး Romance ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ခေတ်သစ်က အချစ်ရေးအကြံပေး Streamer တစ်ယောက်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက နာမည်ကြီး အချစ်ဝတ္ထုထဲကို ရောက်သွားတာကို ဇာတ်အိမ်တည်ရိုက်ကူးပုံဖော်ထားတာပါ။ MC တွေကတော့ Love between lines, Love on the Turquoise Land တို့မှာ ပါဝင်ခဲ့တဲ့ ခပ်မိုက်မိုက်ဘဲကြီး Chen Xing Xu နဲ့ ချစ်စရာကောင်းပြီး သရုပ်ဆောင်ရာမှာကွက်တိကျတဲ့ Wang Yu Wen တို့က ဓာတုဗေဒတင်မက ရူပဗေဒမိမိပါ သရုပ်ဆောင်ထားကြပါတယ်။ ပုံမှန် Romance ကားတွေကြည့်ရတာကို ငြီးငွေ့နေရင်တော့ ဒီလိုကမ္ဘာကူးအချစ်ကားလေးကို ကြည့်ဖို့ Highly recommend ပါတယ်နော်! ဇာတ်လမ်းအညွှန်း >>> ၂၀၂၅ ခုနှစ်ရဲ့ နာမည်ကြီး အချစ်ရေးအကြံပေး Streamer တစ်ယောက်ဖြစ်တဲ့ လင်ဟွမ်အာဟာ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ရှေးရိုးစွဲအချစ်ဝတ္ထုတစ်ပုဒ်ထဲကို မတော်တဆဆွဲခေါ်ခံလိုက်ရပါတယ်။ အဲဒီမှာ ပရိယာယ်ကြွယ်ဝလှတဲ့ CEO ကောင်းဟိုင်မင်နဲ့ ထိပ်တိုက်တွေ့ဆုံရပါတော့တယ်။ လက်ရှိကမ္ဘာကိုပြန်နိုင်ဖို့အတွက် လင်ဟွမ်အာဟာ ကောင်းဟိုင်မင်းရဲ့အေးစက်စက်နှလုံးသားကိုအရည်ပျော်အောင် နည်းမျိုးစုံသုံးပြီး ကြိုးစားရင်းနဲ့မှ နောက်ဆုံးမှာတော့ သူကိုယ်တိုင်က ကောင်းဟိုင်မင်အပေါ်မှာ တကယ်သက်ဝင်ချစ်မိသွားတဲ့အခါ... ၁၉၉၀ နှောင်းပိုင်းက CEO ကြီးရဲ့ဂရုစိုက်မှုအဖြာဖြာ၊ အေးစက်စက်လူသားကြီးရဲ့ချစ်တတ်မှုမျိုးစုံအပြင် Wang Yu Wen ရဲ့ချစ်စရာကောင်းမှုတို့ကိုကြည့်ရင်း စောင်ကိုက်အားကျရင်ကျပ်ချောင်းဆိုးချင်ရင်တော့ ဒီစီးရီးလေးကို လက်မလွှတ်တမ်းကြည့်ရှုအားပေးသင့်ပါပြီ ပြိတ်သတ်တို့ရေ...! #MyPageInThe90s

မြေခွေးပျိုနှင့်အကြင်သူ Eternal Love of the Fox 九尾藏不住 🎬 ဇာတ်လမ်းအညွှန်း Mu Xi City ရဲ့ စာရင်းကိုင်အရာရှိ တစ်ဦးဖြစ်သူ Huo Zho
+8
မြေခွေးပျိုနှင့်အကြင်သူ Eternal Love of the Fox 九尾藏不住 🎬 ဇာတ်လမ်းအညွှန်း Mu Xi City ရဲ့ စာရင်းကိုင်အရာရှိ တစ်ဦးဖြစ်သူ Huo Zhongren ဟာ နန်းတော်ထဲမှာ လှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သမီးဖြစ်သူ Huo Xiangjiu ကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကို ရှာဖွေဖို့အတွက် နန်းတွင်းအပျိုတော်အဖြစ် ရုပ်ဖျက်ပြီး နန်းတော်ထဲကို စွန့်စားဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်လို့ပဲ ပြောရမလား၊ Huo Xiangjiu တစ်ယောက် နန်းတွင်းမှာ အာဏာကြီးမားလှသော အချစ်တော်ဝန်ကြီး Feng Mochen ၏ တကယ့်ဇာတိရုပ်မှာ နှစ်တစ်ထောင် မြေခွေးမိစ္ဆာဖြစ်ကြောင်း မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့သည်။  အဲဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ ခန္ဓာကိုယ်ချင်းမလဲဘဲ "ဝိညာဉ်ချင်း လဲသွားကြပါတော့တယ်"။ ဒီလို အလွဲလွဲအချော်ချော်တွေ ဖြစ်နေချိန်မှာပဲ  နန်းတော်ထဲ၌  တစ္ဆေခြောက်သလိုလို၊ နတ်ဆိုးတွေပဲ သောင်းကျန်းသလိုလိုနဲ့ ဖြေရှင်းရခက်တဲ့  ဆန်းကြယ်တဲ့ လူသတ်မှုတွေ၊ တွေးတော၍မရနိုင်သော ထူးဆန်းအံ့သြဖွယ်ကိစ္စရပ်တွေ ၊ အမှုအခင်းတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတယ်။ ဒါဟာ တကယ်ပဲ နတ်ဆိုးတွေ လက်ချက်လား၊ ဒါမှမဟုတ် လူတွေဖန်တီးတဲ့ လှည့်ကွက်တွေလား? Huo Xiangjiu နဲ့ Feng Mochen တို့နှစ်ယောက်ဟာ ကိုယ်စီရည်ရွယ်ချက်တွေ ရှိနေကြပေမယ့် အခြေအနေအရ လက်တွဲပြီး ဒီအမှုတွေကို လိုက်လံဖြေရှင်းရင်းနဲ့ နှစ်တစ်ထောင်တိုင် ဖုံးကွယ်ထားတဲ့ လှို့ဝှက်ချက်ကြီးကို ဘယ်လိုဖော်ထုတ်ကြမလဲ၊ ဘယ်လို ရယ်မောစရာ အလွဲတွေနဲ့ ရိုမန်တစ်ဆန်ဆန် ဇာတ်လမ်းလေးဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Title: Eternal Love of the Fox Native Title: 九尾藏不住 Genres: Historical, Mystery, Romance, Fantasy Episodes: 24 Airs: Jan 22, 2026 - Original Network: iQiyi #SoulKingdom #九尾藏不住

ဖုံးလွှမ်းမှုများနောက်ကွယ် undercover us 晚风辞 ယွင်ကျိုးမြို့မှာ အမျိုးသမီးမြို့သခင်ကရှဲ့ချီကျိုးကအာဏာသိမ်းယူလိုက်ပြီး ပြည်သူတွ
+9
ဖုံးလွှမ်းမှုများနောက်ကွယ် undercover us  晚风辞  ယွင်ကျိုးမြို့မှာ အမျိုးသမီးမြို့သခင်ကရှဲ့ချီကျိုးကအာဏာသိမ်းယူလိုက်ပြီး ပြည်သူတွေကိုဆိုးဆိုးဝါးဝါးဆက်ဆံနေခဲ့ပါတယ်။ အဲဒီလိုအာဏာရှင်တွေကို ရှင်းလင်းဖို့အတွက်သိုင်းလောကထဲမှာ ဝူမင်အဆောင်ဆိုတဲ့ သစ္စာမဲ့အမတ်ရှင်းလင်းရေးအဖွဲ့အစည်းတစ်ခုပေါ်လာခဲ့ပါတယ်။ ဝူမင်အဆောင်က အထူးတလည်လုပ်ကြံသူတွေကိုလက်သပ်မွေးပြီးတော့ မကောင်းအမတ်တွေကိုရှင်းလင်းပါတယ်။ အဲဒီမှာမှ စီးယောင်က ဝူမင်အဆောင်က လုပ်ကြံသူကောင်မလေးတစ်ယောက်ဖြစ်ပါတယ် ။ အဲဒီမှာပဲ သူက မြို့သခင်မရှဲ့ချီကျိုးရဲ့ မောင်လေး ရှဲ့ချီယွမ်းနားကိုချဥ်းကပ်ဖို့တာဝန်ပေးခံလိုက်ရပါတယ်။ ရှဲ့ချီယွမ်းကလည်းအပျော်အပါးအသောက်မက်တဲ့ လူပေါ်ကြော့မင်းသားလေးတစ်ပါးဖြစ်ပါတယ်။ သူ့နားအကြံနဲ့ချဥ်းကပ်လာတဲ့ စီးယောင်ကို အိမ်တော်ထဲခေါ်ပြီး လက်ထပ်ဖို့လုပ်ပါတော့တယ်။  အကြံနဲ့လာတဲ့စီးယောင်ကလည်း သူ့အကြံအတိုင်း မြို့သခင်မကိုလုပ်ကြံဖို့ ကြိုးစားပါတော့တယ်။ အပေါ်ယံမှာ လူပေါ်ကြော့ဖြစ်နေပေမဲ့ တကယ်တမ်းကျတော့ ထင်ထားသလောက်မရိုးရှင်းတဲ့ရှဲ့ချီယွမ်း၊ တူတူနေလာတာကြာတော့ တဖြည်းဖြည်းနဲ့ ရှဲ့ချီယွမ်းရဲ့  ကောင်းကွက်တွေကိုမြင်လာတဲ့ စီးယောင်... စီးယောင်က ရှဲ့ချီယွမ်းနားချဥ်းကပ်လာတာ မြို့သခင်မကိုလုပ်ကြံဖို့သက်သက်ပဲမဟုတ်နေတဲ့အခါ... လုပ်ကြံသူအဖွဲ့အစည်းနဲ့ ရှဲ့ချီယွမ်းကလည်းပတ်သက်မှုတွေရှိနေတဲ့အခါ... ရှဲ့ချီယွမ်းနဲ့ ရှဲ့ချီကျိုးတို့မောင်နှမနှစ်ယောက်ရဲ့ ပတ်သက်မှုကလည်း ထင်သလောက်မရိုးရှင်းနေတဲ့အခါ... စီးယောင်နဲ့ ရှဲ့ချီယွမ်းကြားမှာဘယ်လိုတွေဖြစ်လာမလဲ?သူတို့လိုချင်တာရောရလာပါ့မလား? ကဲ ဒီကားလေးကိုတော့ Soulkingdom မှာတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ‌နော်။ 🦥 Native Title : 晚风辞 English Title :undercover us Starring : Ke Ying, Pan You Cheng, Akilyar, Yu Cong Episodes :  24 Original Network :iQiyi #ReviewBylittlefish #晚风辞 #SoulKingdom #undercoverus

Dear Secretary ကျွန်မချစ်သော အတွင်းရေးမှူးလေး C drama fan တို့အတွက် ဒီတစ်ခါယူဆောင်လာပေးတာလေးကတော့ ရုံးတွင်းအချစ်ဇာတ်လမ်းစီးရီ
+1
Dear Secretary ကျွန်မချစ်သော အတွင်းရေးမှူးလေး C drama fan တို့အတွက် ဒီတစ်ခါယူဆောင်လာပေးတာလေးကတော့ ရုံးတွင်းအချစ်ဇာတ်လမ်းစီးရီးလေးပါ။ CEO Lover တွေကတော့ ဒီစီးရီးလေးကို သဘောကျမှာကျိန်းသေပါပဲ။ Mini Series ဆိုပေမဲ့ ဇာတ်လမ်းသဘောရော၊ သရုပ်ဆောင်ချက်တွေကပါ အတော်လေးအဆင်ပြေပါတယ်။ ဒီကားမှာ Mini Series Star တစ်ယောက်ဖြစ်တဲ့ Kepler နဲ့ ချစ်စရာမင်းသမီးလေး Xu Zi Xuan တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> အတွင်းရေးမှူးအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်လင်ဟန်က အလုပ်ထွက်ပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တည်ငြိမ်ရင့်ကျက်ပြီး သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ CEO မမ ချင်းမိန်လီက သူမထွက်သွားအောင်အစွမ်းကုန်ကြိုးစားတားဆီးပေမဲ့ လင်ဟန်ကတော့ ရှေ့ဆက်ဖို့သာ ယတိပြတ်ဆုံးဖြတ်ချက်ချထားပါတယ်။ အဲလိုနဲ့ သူတို့နှစ်ဦးသား ကိုယ့်လမ်းကိုယ်လျှောက်ဖို့ဆုံးဖြတ်လိုက်ချိန်မှာပဲ တစ်ဦးအတွက်တစ်ဦး ဘယ်လောက်တောင်အရေးပါနေလဲဆိုတာကို နှစ်ယောက်လုံးသိရှိသွားကြပါတော့တယ်။ ဒီစီးရီးထဲမှာ ရုံးတွင်းအချစ်ဇာတ်လမ်းကိုမှ CEO ဘီးကျဲမဟုတ်ဘဲ CEO မမနဲ့ အတွင်းရေးမှူးလေးတို့ကြားက ကလိကလိအချစ်ကို တစ်ဝကြီးခံစားရမှာမို့ ကလိကလိရိုမန့်စ်ကြိုက်ရင် ဒီစီးရီးလေးကို မဖြစ်မနေကြည့်ရှုသင့်ပါတယ် ပရိသတ်ရေ...! #DearSecretary

ဓားသွားနောက်ကွယ်မှ ချစ်တေးသံ (Sharp Blade in the Snow) 墨刃藏娇 ဇာတ်လမ်းအကျဉ်း တော်ဝင်မင်းသမီးဖုန့်လီဟာ သူ့အဖေကိုပြန်သတ်ခဲ့ပါတယ်လ
+9
ဓားသွားနောက်ကွယ်မှ ချစ်တေးသံ (Sharp Blade in the Snow) 墨刃藏娇 ဇာတ်လမ်းအကျဉ်း တော်ဝင်မင်းသမီးဖုန့်လီဟာ သူ့အဖေကိုပြန်သတ်ခဲ့ပါတယ်လို့ စွပ်စွဲခံခဲ့ရပြီး ဝေးလံခေါင်သီတဲ့နေရာကို နယ်နှင်ဒဏ်ခံလိုက်ရပါတယ်။ ၇ နှစ်ကြာပြီးတဲ့နောက်မှာ သူမဟာအဖြစ်မှန်ကိုစုံစမ်းဖို့အတွက် မိစ္ဆာသခင်အနေနဲ့ မော့မြို့ကိုပြန်ရောက်လာခဲ့ပါတယ်။ ဖုန့်လီဟာ သူ့ရဲ့အဒေါ်ကျင်းပတဲ့ စားပွဲသောက်ပွဲတစ်ခုမှာ ဘယ်ဇာစ်မြစ်ကလာမှန်းမသိရတဲ့ ယွင်ကျန့်နဲ့ဆုံခဲ့ရပြီး သူ့ကို သူမရဲ့အစေခံအဖြစ်ရွေးချယ်ခဲ့တာပေါ့။ အမှန်တော့ ယွင်ကျန့်ဟာ ငယ်စဉ်အခါကဖုန့်လီနဲ့အတူရပ်ဝေးဒေသမှာ အခက်အခဲတွေကြားထဲကကူညီဖေးမပြီး ကြီးပျင်းလာခဲ့ကြဖူးတဲ့ သူငယ်ချင်းဟောင်းတွေပါ။ ရူးကြောင်မူးကြောင်ဟန်ဆောင်ပြီး ဖခင်ကိုသတ်ခဲ့တဲ့ လူသတ်သမားအမှန်ကို တိတ်တဆိတ်ရှာဖွေချင်နေတဲ့ ဖုန့်လီ ... ... ဖုန့်လီနားကို အစေခံဟန်ဆောင်ချဉ်းကပ်ပြီး ပျက်သုဉ်းသွားတဲ့တိုင်းပြည်အတွက် လက်စားချေဖို့ကြိုးစားချင်နေတဲ့ ယွင်ကျန့် ... ... သူတို့ ၂ ယောက်သားဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ တစ်ဦးကိုယ်တစ်ဦးအသုံးချဖို့ကြိုးစားခဲ့ကြပေမဲ့ မထင်မှတ်ထားမိဘဲ အချစ်နွံထဲမှာ နစ်သထက်နစ်လာကြတဲ့အခါ ... ... အချင်းချင်းရဲ့သရုပ်မှန်တွေပေါ်လာတဲ့အခါ သူတို့ဟာ တစ်ယောက်ပေါ်တစ်ယောက် ရက်စက်ပြတ်သားနိုင်ပါဦးမလား ... ... ကဲ ... ... ကြမ္မာခေတဲ့မောင်နှံတို့ရဲ့ အချစ်အမုန်းလွန်ဆွဲပွဲကိုကြည့်ချင်တယ်ဆိုရင်တော့ ... ... Native Title:  墨刃藏娇 English Title:  Sharp Blade in the Snow Genres: Historical, Romance, Fantasy Starring: Huang Jun Jie, Wu Jia Yi Episodes: 24 Airs: Jan 14, 2026 Original Network: iQiyi #ReviewByDD #墨刃藏娇 #SoulKingdom

အတွဲ ၁ လင့် https://t.me/SK_ChDrama/1388 စကားပြောသောအမှန်တရားအတွဲ(၂) The Imperial Coroner Season 2 {御赐小仵作 第二季} 🖇🖇Channel Li
+6
အတွဲ ၁ လင့် https://t.me/SK_ChDrama/1388 စကားပြောသောအမှန်တရားအတွဲ(၂) The Imperial Coroner Season 2 {御赐小仵作 第二季} 🖇🖇Channel Link https://t.me/SK_Ch2 ကဲကဲ လေးနှစ်ကြာပြီးတဲ့နောက်မှာ အတွဲ‌နှစ်လေးထွက်ရှိလို့လာပါပြီ ~~😍😍 Season 1 ကြည့်ပြီးသား ပရိသတ်ကြီးတို့အတွက်တော့ အများကြီးမိတ်ဆက်စရာမလိုတော့ဘူးပေါ့ သို့ပေမဲ့ လေးနှစ်တောင်ရှိပြီဆိုတော့ နည်းနည်းပြန်နွှေးပေးမယ် 🙂‍↕️🙂‍↕️ ဇာတ်လမ်းအကျဉ်း ထန်ခေတ်နှောင်းပိုင်းမှာ အရာရှိတွေက ဧကရာဇ်ရွှမ်ကျုံးကို မြှောက်တင်ခဲ့ပြီး သူက တရားရေးဌာန ၃ခုဆိုပြီး တည်ထောင်ခဲ့တယ် ပြီးတော့ နယ်စားမင်းသားအန်း Xiao Jin Yu ကို ရာဇ၀တ်မှုပိုင်းစစ်ဆေးဖို့တာ၀န်ခန့်အပ်ခဲ့တယ်~~ နယ်စားမင်းသားအန်းက အလောင်းစစ်ဆေးသူရာထူးကိုအလွန်အရေးပေးတယ် ဒါကြောင့်နှစ်တိုင်း စာမေးပွဲကျင်းပပြီး အတော်ဆုံးသူတွေကိုရွေးကောက်ခေါ်ခဲ့တယ်~~ အနောက်တောင်ပိုင်း အလောင်စစ်ဆေးသူမျိုးရိုးကလာတဲ့ အမျိုးသမီးငယ် Chu Chu ကသူမရဲ့ အလောင်းစစ်ဆေးသူအိပ်မက်ကို ပြည့်၀ဖို့ မင်းမြို့တော်ကို တစ်ယောက်ထဲရောက်လာခဲ့ပြီး စာမေးပွဲကို ၀င်ဖြေဆိုခဲ့တယ်~~ ဒီထူးခြားပြီး ကြွယ်၀တဲ့အသိပညာကြောင့် မကြာခင်မှာ နယ်စားမင်းသားအန်းရဲ့ သတိထားမှုကိုခံခဲ့ရပြီး သူ့‌လက်အောက်ရောက်သွားခဲ့တယ်~~ သူမနဲ့မင်းသားတို့အဖွဲ့လက်တွဲပြီး ဆန်းကြယ်တဲ့အမှု အထွေထွေကို ဖော်ထုတ်ခဲ့ကြတယ်~~ ကဲကဲ ဒါကတော့ season 1ကိုပြန်နွှေးတာလေးပေါ့ "ကဲကဲ အခု season 2 မှာလည်း ........ ဒီတိုင်းပါပဲလို့ ~~~ 🤣🤣" သူတို့တွေလက်တွဲပြီး ဘယ်လိုဆန်းကြယ်တဲ့အမှုတွေကို ဖော်ထုတ်ကြမလဲ ...... ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ပြီး တိုင်းပြည်ကို ဘယ်လိုကာကွယ်ကြမလဲ ....... ကဲကဲ သိချင်ရင် ကွကိုယ်ဇာတ်ကားလာရင်ကြည့်ကြ မင်မင်လည်းသိဘူး~~~🤪 Native Name : 御赐小仵作 第二季 English Title : The Imperial Coroner Season 2 Starring : Wang Zi Qi, Su Xiao Tong, Yang Ting Dong, Zhao Yao Ke, Zhang Chen Xiao Episodes : 36 Original Network : Tencent video #ReviewbyLingLan #御赐小仵作第二季 #SoulKingdom #TheImperialCoronerSeason2

မှောင်ရိပ်ပျိုးမဲ့ တေးငှက်ငယ် To Kill a Songbird 谁杀了画眉鸟 ကလေးဘဝမှာကြီးမားတဲ့အဖြစ်ဆိုးကြီးကိုကြုံတွေ့ခဲ့ရတဲ့ Li Fuyuan ကဆယ့်သုံ
+5
မှောင်ရိပ်ပျိုးမဲ့ တေးငှက်ငယ် To Kill a Songbird  谁杀了画眉鸟 ကလေးဘဝမှာကြီးမားတဲ့အဖြစ်ဆိုးကြီးကိုကြုံတွေ့ခဲ့ရတဲ့ Li Fuyuan ကဆယ့်သုံးနှစ်ကြာသွားတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူအတွက်လက်စားချေဖို့ Huachang ခရိုင်ကိုရောက်လာပါတော့တယ်။ အဲဒီမှာပဲ ပျော်ပျော်နေပျော်ပျော်စား လူပေါ်ကြော့ အောက်ရုံးတရားသူကြီး Lu Yanchong နဲ့သွားတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက် အတူတူပူးပေါင်းပြီးတော့ အမှုတွေမျိုးစုံကိုဖြေရှင်းရဖို့အတွက်အကြောင်းဖန်လာပါတော့တယ်။ လူပေါ်ကြော့လို့ထင်ရတဲ့  Lu Yanchong က တကယ်တမ်းတော့ လျှို့ဝှက်ချက်မျိုးစုံရှိနေတဲ့လူဖြစ်နေပါတယ်။ အချင်းချင်းအတူတူနေတာကြာလာတဲ့အချိန်မှာတော့ လူ‌ပေါ်ကြော့လေးကလည်း သူမ ထင်ထားသလိုမဟုတ်ဘူးဆိုတာကို သိလာရတဲ့အခါ.... တဖြည်းဖြည်းနဲ့ပေါ်ထွက်လာတဲ့  Lu Yanchong ရဲ့ သရုပ်မှန်နဲ့ တဖြည်းဖြည်းပေါ်ထွက်လာမဲ့ အမှန်တရား.... လွန်ခဲ့တဲ့ဆယ့်သုံးနှစ်ကအမှုကို ပြန်ဖြေရှင်းနိုင်ပါ့မလား ?  တကယ့်တရားခံကရောဘယ်သူဖြစ်နေမလဲ? အမှုတွေစစ်ဆေးရင်းနဲ့ သူတို့နှစ်ယောက် သံယောဇဥ်တွယ်ညှိသွားမလား ?  ကဲ အမှုစစ်ကားကြိုက်တဲ့လူတွေဆိုရင်တော့ ဒီကားလေးကိုကြည့်ကိုကြည့်သင့်ပါတယ်နော် ။ ဒီကားလေးကိုတော့ မကြာခင်မှာပဲ Soulkingdom မှာကြည့်ရှုလို့ရနေပါပြီနော်🦦 Native Title : 谁杀了画眉鸟 English Title :  To Kill a Songbird Starring : Fang Xiao Dong , Zhao Xi Xi , Tu Xian Zhi Episodes :  20 Original Network: Tencent Video #ReviewBylittlefish #谁杀了画眉鸟 #SoulKingdom #ToKillaSongbird

အကြင်နာမဲ့သော ထိုဆောင်းဦးနှင်းပွင့်များ 秋雪漫过的冬天 Loving Strangers ❄️ ဒီကားလေးကတော့ IU ရဲ့ My Mister ကားကို remake ပြန်ရိုက်ထား
+8
အကြင်နာမဲ့သော ထိုဆောင်းဦးနှင်းပွင့်များ 秋雪漫过的冬天   Loving Strangers ❄️
ဒီကားလေးကတော့ IU ရဲ့ My Mister ကားကို remake ပြန်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း ကျိုးယွီအန်းက ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေမွေးဖွားလာတဲ့သူဖြစ်ပြီး အဖေဖြစ်သူတွေရဲ့အကြွေးတွေကိုဆပ်ဖို့အတွက် ဘဝကိုကြိုးစားရုန်းကန်နေရတဲ့မိန်းကလေးတစ်ယောက်ပါ။ တစ်ဖက်မှာလည်း ကျန်းကျားချီ က မိသားစုအဆင်မပြေမှုတွေနဲ့ အသက်မွေးဝမ်းကြောင်းမှာပါ ပြဿနာတွေကြုံတွေ့နေရတဲ့လူလတ်ပိုင်းအရွယ်‌အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ကုမ္ပဏီလုပ်ငန်းခွင်အားပြိုင်မှုကြားမှာပဲ ဆုံတွေ့ခဲ့ပါတယ်။ ကုမ္ပဏီစီအီးအိုဖြစ်သူ ကုချန်ဟာ ကျန်းကျားချီ ရဲ့ တဲ့တိုးပြောတတ်တဲ့အကျင့်ကြောင့်ပဲ ဆေးဝါးအသစ် ထုတ်လုပ်ဖို့အခွင့်အရေးဆုံးရှုံးသွားခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ကုချန် က  ကျန်းကျားချီ  ကိုအလုပ်ထွက်သွားအောင်ဖိအားပေးပြီးနှောင့်ယှက်ဖို့အတွက်ကျိုးယွီအန်းကိုငှားရမ်းခဲ့ပါတော့တယ်။ ကျိုးယွီအန်းကနှောင့်ယှက်ဖို့ကြိုးစားရင်းနဲ့  ကျန်းကျားချီရဲ့ နွေးထွေးပြီးတော့ စိတ်ရင်းမှန်နဲ့ဆက်ဆံတဲ့ပုံစံတွေကိုမြင်တွေ့လာတဲ့အခါ... အစပိုင်းမှာတော့ မကောင်းတဲ့တွေ့ဆုံမှုဖြစ်ပေမဲ့ သူတို့အချင်းချင်း ကိုယ်စီထမ်းဆောင်ထားရတဲ့ဘဝရဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုနားလည်လာခဲ့ကြအခါ... အသက်အရွယ်ကွာခြားပေမဲ့ သယ်ပိုးထားတဲ့တာဝန်တွေ စိတ်ဒဏ်ရာတွေကမထင်မှတ်ထားရလောက်အောင်ကြီးမားနေတဲ့အခါ... နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က ကုစားပေးရင်း ဘဝမုန်တိုင်းတွေကို အတူတူကျော်ဖြတ်ကာ အမှောင်ထုထဲကနေ အလင်းရောင်ဆီကိုအတူတကွ လျှောက်လှမ်းသွားနိုင်မလားဆိုတာ ... ဒီဇာတ်လမ်းလေးမှာတော့ မတူညီတဲ့ဘဝနှစ်ခုကြားမှာ မတူညီတဲ့စိတ်ဒဏ်ရာတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကို သယ်ပိုးထားတဲ့လူနှစ်ယောက် အချင်းချင်းဘယ်လိုမျိုးကုသပေးသွားမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်။ မကြာခင်မှာပဲ SoulKingdom မှာတင်ဆက်ပေးမှာဖြစ်လို့အားလုံးစောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်။🦦   Native Title : 秋雪漫过的冬天 English Title : Loving Strangers Starring :   Zhao Youting ,Zhang Zifeng , Jiang Yiyan ,Zhang Chao , Xin Yunlai , Zhang Xincheng Episodes: 28 Airs : January 10 ,2026 Original Network: Youku #ReviewBylittlefish #秋雪漫过的冬天 #SoulKingdom #LovingStrangers

Love Between Lines (2026) ကမ္ဘာနှစ်ခုမှ ချစ်စာလွှာ ဒီတစ်ခါတင်ဆက်ပေးသွားမဲ့ စီးရီးလေးကတော့ လက်တွေ့ကမ္ဘာနဲ့ Game ကမ္ဘာကြားက ချစ
+9
Love Between Lines (2026) ကမ္ဘာနှစ်ခုမှ ချစ်စာလွှာ ဒီတစ်ခါတင်ဆက်ပေးသွားမဲ့ စီးရီးလေးကတော့ လက်တွေ့ကမ္ဘာနဲ့ Game ကမ္ဘာကြားက ချစ်ခြင်းမေတ္တာကို ဆန်းကြယ်ရင်ခုန်စွာဖော်ကျူးထားပေးတဲ့စီးရီးလေးပါ။ ဒီကားမှာ တရုတ်ခေတ်ဟောင်း (Republic of China) နောက်ခံနဲ့ လက်ရှိဘဝကို ရောယှက်တင်ပြထားတာမို့ အတော်လေးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီစီးရီးကို Zu Le ရဲ့နာမည်ကျော် Web novel ဖြစ်တဲ့ Ya Xi ကနေ ကျောရိုးယူမှီငြမ်းရိုက်ကူးထားတာပါ။ MC တွေကတော့ Love on the Turquoise Land မှာ Reba နဲ့အတူ လျှို့ဝှက်ဆန်းကြယ်မှုတွေကိုရှာဖွေခဲ့တဲ့ Chen Xing Xu နဲ့ Love in the Clouds မှာ ပလီပလာဉာဏ်များခဲ့သူလေး Lu Yu Xiao တို့က ကမ်ဆွီမိမိသရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ရှောင်ကျစ်ယွီနဲ့ဟူရှို့တို့ဟာ လူသတ်မှုဖော်ထုတ်တဲ့ဂိမ်းတစ်ခုမှာ ပထမဆုံးစတင်ဆုံတွေ့ခဲ့ကြပါတယ်။ ဂိမ်းထဲမှာ သူတို့နှစ်ဦးဟာ တရုတ်သမ္မတနိုင်ငံခေတ်ဦးနောက်ခံဇာတ်အိမ်တွေဖန်တီးပြီး ကိုယ်ပိုင်အမည်အရင်းတွေကို ဖျောက်ဖျက်ထားကြကာ လုပ်ကြံဇာတ်လမ်းတွေအတိုင်းသရုပ်ဆောင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဘဝအစစ်အမှန်အကြောင်းစပ်စုချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်။ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့်ပဲဆိုရလေမလား၊ သူတို့နှစ်ဦးဟာ ပြင်ပကမ္ဘာမှာလည်း တကယ်ဆုံတွေ့ခဲ့ကြပြန်ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ဇာတ်လမ်းဟာ ဇာတ်အိမ်နှစ်ခုအဖြစ် ခွဲထွက်သွားပါတော့တယ်။ တစ်ခုက ဂိမ်းထဲက လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းဖြစ်ပြီး နောက်တစ်ခုကတော့ သူတို့ရဲ့ပြင်ပဘဝက တကယ့်ဆုံတွေ့မှုတွေပါပဲ။ ဒီလိုစိတ်ကူးယဉ်ကမ္ဘာနဲ့လက်ရှိဘဝတွေ ရောထွေးနေတဲ့ကြားမှာ တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ခံစားချက်တွေရှိနေမှန်း နားလည်သဘောပေါက်လာကြပါတယ်။ ကဲ ဒါဆိုရင် တစ်ယောက်အ‌ကြောင်း တစ်ယောက်ရှာဖွေတွေ့ရှိသွားပြီး ပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်လေးကို နှစ်ဦးသား ပိုင်ဆိုင်နိုင်ကြမှာလားဆိုတာကိုတော့ အတူစီးမျောခံစားကြည့်ရှုလိုက်ကြပါဦးနော်...။ #LoveBetweenLines

The Punishment တရားဥပဒေ၏စီရင်ခြင်း (2025) Detective Series တွေကြိုက်နှစ်သက်တဲ့ပရိသတ်တို့အတွက် The First Shot ထဲက မင်းသား John
+7
The Punishment တရားဥပဒေ၏စီရင်ခြင်း (2025) Detective Series တွေကြိုက်နှစ်သက်တဲ့ပရိသတ်တို့အတွက် The First Shot ထဲက မင်းသား Johnny Huang ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်အမှုလိုက်စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီစီးရီးမှာ မင်းသား Johnny Huang နဲ့အတူ The White Olive Tree ထဲက မင်းသမီးလေး Liang Jie၊ ဝါရင့်သရုပ်ဆောင်ကြီး Eric Wang တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်အိမ်က တရားမျှတမှုနဲ့အာဏာကြားက အရှုပ်အထွေးတွေကိုအခြေတည်ထားတဲ့စုံထောက်အမှုလိုက်စီးရီးကောင်းတစ်ခုမို့ ပရိသတ်တို့လည်းအကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအညွှန်း >>> လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတဲ့ ဟန်ကျိုးမှာ ရဲအရာရှိချင်းဖုန်းတို့ညီအစ်ကိုနှစ်ဦးဟာ အမှန်တရားရဲ့ဘက်တော်သားတွေအဖြစ် ရပ်တည်နေထိုင်ကြပါတယ်။ ဒါပေမဲ့ လောကကြီးက ထင်သလောက်မရိုးရှင်းဘဲ ဖြောင့်မတ်လွန်းရင် အန္တရာယ်ကိုဖိတ်ခေါ်သလိုပဲမို့ သူတို့ညီအစ်ကိုလည်းအကျပ်အတည်းတွေနဲ့ တဖြည်းဖြည်းရင်ဆိုင်လာကြရပါတယ်။ ဒီလိုအကျပ်အတည်းတွေ၊ မိသားစု၊ အာဏာနဲ့ တရားမျှတမှုတို့ကြားက ရှုပ်ထွေးလှတဲ့ဆက်ဆံရေးတွေနဲ့ ရင်ဆိုင်နေရတုန်းမှာပဲ သူတို့ရဲ့အသက်နဲ့ဘဝကို အန္တရာယ်ပြုလာမဲ့ဒုစရိုက်ကောင်တွေနဲ့ပါ ရင်ဆိုင်လာရချိန်မှာတော့... ဓမ္မက အဓမ္မကို အနိုင်ယူနိုင်မလား? ဖြောင့်မတ်လွန်းတာက တကယ်ပဲအန္တရာယ်ကိုဖိတ်ခေါ်စေခဲ့တာလား? အမှုတွေရဲ့နောက်ကွယ်ကလက်သည်ကရော တကယ်ပဲဘယ်သူလဲ...ဒီလိုစိတ်လှုပ်ရှားစရာအစုံစုံကို ရင်တမမနဲ့ကြည့်ရှုရမှာမို့ ဒီစီးရီးကိုလည်း အားပေးလိုက်ကြပါဦး ပရိသတ်ရေ...! #ThePunishment

Rainkissed Fate (ကြမ္မာဖန်ဆင်း အနမ်းမိုးချစ်ခြင်း) ဒီတစ်ခါမှာတော့ Mini C drama ချစ်သူတို့အတွက် ရင်ခုန်စရာကောင်းပြီး အချစ်ချို
+2
Rainkissed Fate (ကြမ္မာဖန်ဆင်း အနမ်းမိုးချစ်ခြင်း) ဒီတစ်ခါမှာတော့ Mini C drama ချစ်သူတို့အတွက် ရင်ခုန်စရာကောင်းပြီး အချစ်ချိုချိုတွေတစ်ဝကြီးစားရမဲ့ Mini Series လေးတစ်ခု တင်ဆက်ပေးမှာပါ။ ဒီကားမှာ Be Not Meant To Be, The Queen of Attack စတဲ့ Mini Series တွေရဲ့ငွေကြယ်ပွင့်လေးဖြစ်တဲ့ မင်းသားချောလေး Dai Gao Zheng က လက်ဝှေ့သမားလေးအဖြစ် သရုပ်ဆောင်ထားပြီး ချစ်စရာမင်းသမီးလေးဖြစ်တဲ့ Chen Fang Tong က တွဲဖက်ပါဝင်ထားပါတယ်။ ဒီကားက လက်ထပ်စာချုပ်နဲ့လက်ထပ်ယူတဲ့ပုံစံကို ဇာတ်အိမ်တည်ထားတာမို့ လုံးဝကိုအချစ်ချိုချိုလေးတွေပေးစွမ်းမဲ့ကားလေးပါ။ ဇာတ်လမ်းအညွှန်း >>> ချမ်းသာကြွယ်ဝတဲ့အမွေခံမလေး ပုယန်ဟာ ထောင်ချောက်ဆင်ခြင်းခံခဲ့ရပြီးနောက် လက်ဝှေ့သမားလေးဖြစ်တဲ့ ဟယ်ယွီချန်းနဲ့အတူ တစ်ညတာကုန်ဆုံးခဲ့ရကာ အဲကိစ္စပြီးနောက် ခြေရာလက်ရာမကျန်တဲ့အထိ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်နှစ်အကြာမှာ ကလေးအမြွှာလေးတွေနဲ့အတူ ပြန်လည်ရောက်ရှိလာပြန်ပါတယ်။ အဲအချိန်မှာ ပွဲစဉ်ရလဒ် ကြိုတင်ညှိနှိုင်းမှုအရှုပ်တော်ပုံကြောင့် ဘဝပျက်ကာ စိတ်ဓာတ်ကျနေတဲ့ဟယ်ယွီချန်းကို သွားပြန်တွေ့ခဲ့ပါတော့တယ်။ တကယ်တော့ သူပြန်ရောက်လာတာဟာ သားဖြစ်သူအတွက် သွေးလိုအပ်နေလို့ပါ။ ဒါကြောင့် ဟယ်ယွီချန်းကို အသုံးချဖို့ဆုံးဖြတ်ခဲ့ပြီး သူတို့နှစ်ဦးဟာ အပေးအယူဖြင့် စာချုပ်အရ လက်ထပ်ခြင်းတစ်ခုကို စတင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲလိုအခြေအနေကနေ သူတို့ကြားမှာ မေတ္တာစစ်‌မေတ္တာမှန်တို့ စတင်ပေါက်ဖွားလာခဲ့ပြီး အတိတ်မှာကြုံတွေ့ခဲ့ရတဲ့ တစ်ညတာဖြစ်ရပ်အတွက် အမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့ကြတော့တယ်။ ဒီကားလေးက mini series ဆိုပေမဲ့ ဇာတ်အိမ်က စိတ်ဝင်စားစရာကောင်းတဲ့အပြင် ကြည့်နေရင်း စိတ်ထဲကလိကလိနဲ့အူယားအောင် ဖြစ်စေမှာမို့ အရိုအချိုကြား ရင်ခုန်ချင်ရင်တော့ ကြည့်ကိုကြည့်သင့်ပါတယ်ဗျို့...! #RainkissedFate

👑The Glory of Queen👑 👑နံ့သာကျမ်းအရှင်သခင်👑 ဇာတ်လမ်းအကျဉ်း 🔸အမျိုးသမီးတွေ အာဏာချုပ်ကိုင်ထားတဲ့ ယွဲ့ကျွင်းတိုင်ပြည်မှာ နှစ
+6
👑The Glory of Queen👑 👑နံ့သာကျမ်းအရှင်သခင်👑 ဇာတ်လမ်းအကျဉ်း 🔸အမျိုးသမီးတွေ အာဏာချုပ်ကိုင်ထားတဲ့ ယွဲ့ကျွင်းတိုင်ပြည်မှာ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ဖေမိသားစုဟာ နံ့သာဖော်စပ်တဲ့ ပညာရပ်မှာ အထူးကျွမ်းကျင်တဲ့ မျိုးရိုးကြီးဖြစ်ပါတယ် 🔸ဖေမိသားစုဟာ လူအများ လိုချင်တပ်မက်နေကြတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ "ဘိုးဘွားစဉ်ဆက် နံ့သာကျမ်း" တစ်စောင်ကို ပိုင်ဆိုင်ထားတဲ့ မိသားစုတစ်ခုပါ 🔸Song Zhi Yao ဆိုတဲ့ သူခိုးမလေးကတော့ pei မိသားစုပိုင်ဆိုင်တဲ့ နံ့သာကျမ်းကို ခိုးယူဖို့ကြိုးရင်းနဲ့ Pei မိသားစုရဲ့ ဒုတိယသခင်လေး Pei Jing Heng လက်ထဲမှာ အဖမ်းခံလိုက်ရပါတော့တယ် 🔸Pei Jing Heng က မိသားစုလျှို့ဝှက်ချက်တွေ အပြင်ကို ပေါက်ကြားသွားမှာ စိုးတဲ့အတွက် သူခိုးမလေးကို အနားမှာခေါ်ထားလိုက်တဲ့ပါတော့တယ် ✴️သူတို့နှစ်ဦးကြား ဘယ်လိုမျိုးသံယောဇဉ်တွေ တွယ်တာလာမှာလဲ ✴️မိသားစုတစ်ခုလုံး အသတ်ခံထားရတဲ့ Song Zhi Yao နဲ့ Pei မိသားစုကရော ဘယ်လိုမျိုး ပတ်သက်နေတာလဲ ✴️သူတို့နှစ်ဦးကြားမှာရှိတဲ့ အမုန်းတရားတွေကို ချစ်ချင်းတရားက အနိုင်ယူနိုင်မှာလား 🔸စတာတွေကိုတော့ Souler တို့ပဲ စောင့်ကြည့်လိုက်တော့နော်.. Native Title: 藏香记 Also Known As: Zang Xiang Ji , Hong Xiu Zhuan , 红袖篆 , 藏香記 , 紅袖篆 Genres: Historical, Romance Episodes: 20 Original Network: Youku #SoulKingdom #Mini

ကနဦးအလင်းတန်း Light of Dawn 人之初 🕊🌞 ချန်နယ်လင့် https://t.me/SK_Ch7 ဒီဇာတ်ကားက "Joy of life , Sword snow stride" အစရှိတဲ့ ဂန
+8
ကနဦးအလင်းတန်း Light of Dawn 人之初 🕊🌞 ချန်နယ်လင့် https://t.me/SK_Ch7
ဒီဇာတ်ကားက "Joy of life , Sword snow stride" အစရှိတဲ့ ဂန္ထ၀င်နာမည်ကြီးဇာတ်ကားတွေရဲ့မင်းသားဖြစ်တဲ့ Zhang RuoYun ရဲ့ဇာတ်ကားမို့ စိတ်ချလက်ချသာကြည့်ပါ ကြည့်ရကျိုးနပ်လိမ့်မယ်လို့ပြောချင်ပါတယ်
ဇာတ်လမ်းအကျဉ်း မိဘမဲ့တစ်ယောက်ဖြစ်တဲ့ Gao Feng ကတော့ မိဘတွေကိုရှာဖွေဖို့ စိတ်အားထက်သန်မှုအပြည့်အဝရှိနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ လူချမ်းသာမလေး Wu Feifei ကတော့ ကုမ္ပဏီရဲ့အကျပ်အတည်းတွေကြားမှာ ရုန်းကန်နေရတဲ့လူတစ်ယောက်။ အစတုန်းက မသက်ဆိုင်တဲ့ဘဝနှစ်ခုကိုလျှောက်လှမ်းနေတဲ့ သူတို့နှစ်ယောက် ကြားထဲမှာ ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။  သူတို့ရဲ့ ဘဝတွေကိုဆက်နွယ်သွားစေခဲ့တာကတော့ ကားတိုက်မှုတစ်ခုကြောင့် ထွက်ပေါ်လာတဲ့ နှစ်ပေါင်းများစွာမြှုပ်နှံထားတဲ့အလောင်းတစ်လောင်းပဲဖြစ်ပါတယ်။  အဲဒီအလောင်းက Gao Feng ရဲ့ နောက်ကြောင်းနဲ့သက်ဆိုင်နေသလို  Wu Feifei တို့မိသားစုရဲ့ လျှို့ဝှက်ချက်နဲ့လည်းသက်ဆိုင်နေပါတယ်။ အမှန်တရားကို ရှာဖွေဖို့အတွက်သူတို့နှစ်ယောက် ပူးပေါင်းပြီးတော့ သဲလွန်စတွေရှာဖို့လုပ်ပါတော့တယ်။  တူးဆွလေလေပိုပြီးတော့ နက်ရှိုင်းလေဆိုတဲ့အတိုင်းပဲ အမှန်တရားကသူတို့တွေထင်ထားတာထက်ကို ပိုနက်နဲပြီး  အပ်ချည်ကြိုးထုံးလိုရှုပ်ထွေးပေလီနေတဲ့အခါ .... ဆန်းကြယ်နက်နဲမှုတွေနဲ့ပြည့်နှက်နေတဲ့ ကားလေးကို မကြာခင်မှာပဲ SoulKingdom ကနေတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်နေပါပြီနော် 🦥 Native Title : 人之初 English Title : Light of Dawn Starring : Zhang Ruo Yun , Ma Si Chun , Wang Jing Chun Episodes: 18 Airs: 27 December 2025 Original Network: CCTV Tencent Video #ReviewBylittlefish #人之初 #SoulKingdom #LightofDawn

Threads of Fate:A War Untold (2025) ကံကြမ္မာချည်မျှင်တို့၏စစ်ပွဲ ကံကြမ္မာဆိုတာကို သင်ဘယ်လိုမြင်လဲ ကြိုတင်သတ်မှတ်ထားလို့ ရှောင
+6
Threads of Fate:A War Untold (2025) ကံကြမ္မာချည်မျှင်တို့၏စစ်ပွဲ ကံကြမ္မာဆိုတာကို သင်ဘယ်လိုမြင်လဲ ကြိုတင်သတ်မှတ်ထားလို့ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုလား၊ ဒါမှမဟုတ် ကိုယ့်လက်နဲ့ကိုယ် ချိုးဖျက်ပြောင်းလဲပစ်လို့ရတဲ့ အရာတစ်ခုလား ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် ကျီကျစ် ကတော့ ဒုတိယအချက်ကို ယုံကြည်သူပါ။ သူဟာ ရှန်းတိုင်းပြည်ရဲ့ အမွေဆက်ခံရမယ့် မင်းသားတစ်ပါး ဖြစ်ပေမဲ့၊ သူ့ရဲ့ဘဝက မွေးကတည်းက အနှောင်အဖွဲ့တွေနဲ့ ပြည့်နေခဲ့ပါတယ်။ သူ့ရဲ့စွမ်းအားတွေကို "နဂါးထိန်းချုပ်သံချောင်း" ဆိုတာနဲ့ ပိတ်လှောင်ခံထားရပြီး၊ အင်အားကြီးတဲ့ သာ့ရှားတိုင်းပြည်ကို ကြောက်ရွံ့နေရတဲ့ ဘုရင်တစ်ပါးရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့ရတာပါ ဒီလိုနဲ့ပဲ သူဟာ အရာအားလုံးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရင်ဖြစ်ရမယ့် ကံကြမ္မာကို ကန်ထုတ်ပြီး ယုံရှန်းပုဖော့ ဆိုတဲ့ နာမည်အသစ်နဲ့ လွတ်မြောက်ရာလမ်းကို ရှာဖွေထွက်ခွာခဲ့ပါတယ်။ သူဦးတည်သွားတဲ့နေရာကတော့ လူသူမနီးတဲ့ တောနက်ကြီးထဲကိုပါ အဲ့ဒီမှာပဲ သူ့ရဲ့ကံကြမ္မာက နောက်တစ်ခေါက် အလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။ တောနက်ကြီးထဲမှာ သူဟာ နှစ်ပေါင်းများစွာ အေးခဲနေတဲ့ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ် ကျန်းလီ နဲ့ ဆုံတွေ့ခဲ့ပါတယ်။ တစ်ယောက်က အတိတ်ကလွတ်မြောက်ဖို့ ထွက်ပြေးလာသူ၊ နောက်တစ်ယောက်ကတော့ အသက်ဆက်ဖို့ ရုန်းကန်နေရသူ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ရှေးဟောင်းသားရဲမိစ္ဆာတွေကို နှိုးထစေရုံသာမက၊ တိုင်းပြည်တွေရဲ့ အနာဂတ်ကိုပါ ပြောင်းလဲပစ်နိုင်မယ့် စစ်ပွဲကြီးတစ်ခုရဲ့ အစဖြစ်လာတဲ့အခါ... ကံကြမ္မာကို တော်လှန်ချင်တဲ့ မင်းသားတစ်ပါးရဲ့ ခရီးလမ်းက ဘယ်လိုအဆုံးသတ်မလဲ။ ရန်သူတွေကြားထဲကနေ မိတ်ဆွေစစ်ကို သူရှာတွေ့နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ် Total Episodes : 13 Quality : WEB-DL 4K HEVC , 1080p HEVC Format : mkv/mp4 Genres : Animation and Sci-Fi & Fantasy Runtime : 20 mins Subtitle : Myanmar Subtitle ( Hardsub )

Beyond Time's Gaze (2025) သွေးစွန်းခရီးသည်ရဲ့ဒဏ္ဍာရီ ကမ္ဘာကြီးရဲ့အထက်မှာ အိပ်စက်နေတယ်လို့ ယုံကြည်ခဲ့ကြတဲ့ နတ်ဘုရားတစ်ပါး... ရ
+6
Beyond Time's Gaze (2025) သွေးစွန်းခရီးသည်ရဲ့ဒဏ္ဍာရီ ကမ္ဘာကြီးရဲ့အထက်မှာ အိပ်စက်နေတယ်လို့ ယုံကြည်ခဲ့ကြတဲ့ နတ်ဘုရားတစ်ပါး... ရုတ်တရက် နိုးထလာတဲ့အခါ၊ သူရဲ့အကြည့်တစ်ချက်က မြို့ပြတစ်ခုလုံးကို ပြာပုံအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သွေးမိုးတွေရွာသွန်းပြီး ထူးဆန်းတဲ့အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းသွားတဲ့ တားမြစ်နယ်မြေထဲမှာတော့ နေ့ဘက်မှာ သားရဲကောင်တွေ၊ ညဘက်မှာ သရဲတစ္ဆေတွေ လွှမ်းမိုးခြယ်လှယ်နေကြတယ် ဒီပျက်စီးနေတဲ့ကမ္ဘာ၊ ဒီငရဲလိုနေရာမှာ လူငယ်လေး "ရွှီချင်" တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်။ သူ့ပတ်ဝန်းကျင်မှာ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်နေတဲ့ တောရိုင်းဥပဒေနဲ့ အသက်ရှင်နေတဲ့ အမှိုက်ကောက်သမားတွေနဲ့ ပြည့်နှက်နေတယ် ရှင်သန်ဖို့ဆိုတာ ခွန်အားနဲ့ ဉာဏ်နီဉာဏ်နက်ကိုသာ အားကိုးရမယ့် ကမ္ဘာမှာ ရွှီချင်တစ်ယောက် ဘယ်လိုဆက်လက်ရှင်သန်မလဲ လျှို့ဝှက်ဆန်းကြယ်တဲ့ "ခရမ်းရောင်ကျောက်" တစ်တုံးနဲ့ အစွမ်းထက်တဲ့ "ပင်လယ်တောင်တန်းသိုင်းကျမ်း" ကို ရှာဖွေတွေ့ရှိခဲ့ခြင်းက သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မလား။ ဒါမှမဟုတ် ဒီအရာတွေကပဲ သူ့ကို ပိုကြီးမားတဲ့ အန္တရာယ်တွေဆီ တွန်းပို့နေမလား ရှင်သန်လိုစိတ်တစ်ခုတည်းနဲ့ အရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရမယ့် လူငယ်လေးတစ်ယောက်ရဲ့ သွေးစွန်းသောခရီးလမ်းကို သည်းထိတ်ရင်ဖို ကြည့်ရှုလိုက်ကြပါစို့ Total Episodes : 26 Quality : WEB-DL 4K HEVC , 1080p HEVC Format : mkv/mp4 Genres : Animation and Sci-Fi & Fantasy Runtime : 25 min Subtitle : Myanmar Subtitle ( Hardsub )

နွေလယ်ညဝယ် မေတ္တာနှောင်ဖွဲ့မိတယ် Spring Night 春宵 Shenအိမ်တော်ရဲ့နောက်ဆုံးကျန်ရစ်တဲ့သူဖြစ်တဲ့ Mai Tian တစ်ယောက် ဒဏ်ရာအပြင်းအထန
+1
နွေလယ်ညဝယ် မေတ္တာနှောင်ဖွဲ့မိတယ် Spring Night 春宵 Shenအိမ်တော်ရဲ့နောက်ဆုံးကျန်ရစ်တဲ့သူဖြစ်တဲ့ Mai Tian တစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီးတော့ မေ့လဲနေတဲ့အိမ်ရှေ့စံကို မတော်တဆကယ်တင်မိသွားပါတယ်။ ကံကြမ္မာရေစက်ကြောင့် ဧကရာဇ်ရဲ့အမိန့်ကိုရှောင်ရှားဖို့အတွက်နဲ့ သူတို့နှစ်ယောက်အတုအယောင်အိမ်ထောင်ရေးတစ်ခုထူထောင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သူတို့နှစ်ယောက်အတူတူလက်တွဲပြီးတော့ တော်ဝင်စာမေးပွဲမသမာမှုကို ဖြေရှင်းဖို့လုပ်ရာကနေပိုပြီးတော့ ကြီးမားတဲ့လျှို့ဝှက်ချက်တွေကိုသိလိုက်ရတဲ့အခါ... အတုအယောင်အိမ်ထောင်ရေးကနေ ပိုပြီးစစ်မှန်တဲ့ခံစားချက်တွေဖြစ်တည်လာခဲ့တဲ့အခါ... သူတို့ရှာဖွေနေတဲ့အမှန်တရားကိုရှာတွေ့နိုင်မလား? သူတို့တွေကရောဘယ်လိုနှောင်ဖွဲ့မိသွားမလဲ? ကဲ ဒီကားလေးကိုတော့ မကြာခင် Soulkingdom မှာကြည့်ရှုလို့ရနေပါပြီနော်။ 🦦 Native Title : 春宵 English Title :Spring Night Starring :Yang Ze , Ma Qiu Yuan Episodes : 24 Aired: Dec 19, 2025 - Jan 2, 2026 Original Network: Tencent Video #ReviewBylittlefish #春宵 #SoulKingdom #SpringNight

ပဟေဠိပိုးအိမ် The Truth Within 剥茧 🚗🚗Channel Link ချန်နယ်လင့် https://t.me/SK_Drama_3 ဒီတစ်ခေါက်မှာတော့ အားလုံးရဲ့အသည်းကျော်
+9
ပဟေဠိပိုးအိမ် The Truth Within 剥茧 🚗🚗Channel Link ချန်နယ်လင့် https://t.me/SK_Drama_3 ဒီတစ်ခေါက်မှာတော့ အားလုံးရဲ့အသည်းကျော်မင်းသားကြီး Luo Yun Xi ရဲ့ အသစ်ရိုက်ကူးထားတဲ့ Mystery အမျိုးအစားဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ‼️ Licheng ရဲဌာနရဲ့ အငယ်ဆုံးမှုခင်းဆေးပညာစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်တဲ့ Qi Si Zhe ဟာ သူ့ကောင်မလေးဖြစ်တဲ့ Yu Fei ကားတိုက်သေဆုံးခဲ့ရတဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့အကြောင်းအရာတစ်ခုခုရှိနေတယ်ဆိုတာ သိရှိခဲ့ရတယ်။ အဲဒီနောက်မှာတော့ သူဟာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ဖို့အတွက် He Cheng ရာဇဝတ်မှုအဖွဲ့ထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ အဲဒီအဖွဲ့မှာ စုံစမ်းစစ်ဆေးရင်း ပင့်ကူအိမ်တွေနဲ့ ပတ်ထားတဲ့ အလောင်းတွေ ပျောက်နေတဲ့အလောင်းက ဓာတ်ခွဲခန်းထဲက ဖော်မလင်စိမ်ထားတဲ့ကန်ထဲ ရောက်နေတာတွေစတဲ့ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေနဲ့ ပတ်သက်ခဲ့ရတယ်။ လုပ်ဖော်ကိုင်ဖက်စုံထောက်တွေဖြစ်တဲ့ Zhu Qing Yue နဲ့ Han Feng တို့နဲ့အတူ ပူးပေါင်းလုပ်ကိုင်ရင်း ကောင်မလေးဖြစ်သူ Yu Fei သေဆုံးမှုရဲ့ နောက်ကွယ်ကအမှန်တရားနဲ့ တဖြည်းဖြည်းနီးစပ်လာခဲ့တဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မလဲ အမှန်တရားပေါ်ပေါက်အောင် ဘယ်လိုတွေ ရှာဖွေဖော်ထုတ်မလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ ဇာတ်ညွှန်းရေးသားသူကတော့ Zar ဖြစ်ပါတယ် Native Title: 剥茧 Eng Title - The Truth Within Also Known As: Bo Jian , Suo Zheng , 锁证 , 剝繭 , 鎖証 Director: David Chuang, Chen Kuan Chung Starring: Luo Yun Xi, Cya Liu, Jiang Qi Lin Genres: Thriller, Mystery Tags: Death Of A Girlfriend, Forensic Medical Examiner Male Lead, Detective Male Lead, Detective Female Lead, Car Accident, Death, Web Series, Murder, Investigation, Suspense Country: China Type: Drama Episodes:  21 Original Network: Youku #ReviewByZar #剥茧 #TheTruthWithin #SoulKingdom

လက်ဖက်ရနံ့ဝေရာ နှလုံးအိမ် Glory / 玉茗茶骨 🍃🍃Channel Link https://t.me/SK_Drama_2 ဒီတစ်ခေါက်မှာကတော့ မင်းသားချော Hou Ming Hao န
+9
လက်ဖက်ရနံ့ဝေရာ နှလုံးအိမ် Glory / 玉茗茶骨 🍃🍃Channel Link https://t.me/SK_Drama_2 ဒီတစ်ခေါက်မှာကတော့ မင်းသားချော Hou Ming Hao နဲ့ မင်းသမီးချောလေး Gulnezer Bextiyar တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Glory ဆိုတဲ့ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့.... တက်လမ်းရှိတဲ့အောက်ရုံးတရားသူကြီးမင်းဖြစ်တဲ့ Lu Jiang Lai ဟာ အရင်ဇနီးဟောင်း အသတ်ခံရတဲ့အမှုနဲ့ နေရာကနေ ဆွဲချခဲ့ရပြီးတဲ့နောက် အခါးရည်ဘုရင်ရဲ့ ဉာဏ်များတဲ့သမီးဖြစ်သူ Rong Shan Baoရဲ့ ကယ်တင်မှုကို ခံလိုက်ရတဲ့အခါ.... ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့အလျောက် တစ်ဖက်ကျရှုံးချိန်မှာ လက်စားချေဖို့အတွက်နဲ့ Lu Jiang Lai ကို မြင်းထိန်းသမားအနေနဲ့ အလုပ်ပေးလိုက်တဲ့အခါ... အသက်ရှင်ဖို့အတွက်နဲ့ အလိုက်အထိုက်နေခဲ့တဲ့ Lu Jiang Laiက Rong မိသားစုရဲ့ သမက်ရှာပုံတော်ဖွင့်မှုကြားမှာ ဝင်ပတ်သက်မိသွားပါတော့တယ် အပြိုင်အဆိုင်အကြံထုတ်ပြီး ယှဉ်တိုက်နေရင်း တစ်ဆနဲ့တစ်ဆ နက်နက်ရှိုင်းရှိုင်းငြိတွယ်လာကြတဲ့ ဉာဏ်များတဲ့သူတို့နှစ်ယောက်... သူတို့ရဲ့ဇာတ်လမ်းလေး ဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတာကို  စိတ်ဝင်စားဖွယ်ကြည့်ရှုရဖို့အတွက် SoulKingdomက တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ် Native Title: 玉茗茶骨 Network : Hunan TV, Mango TV Starring : Hou Ming Hao, Gulnezer Bextiyar, Cheng Xiao, Chen Ruo Xuan Genres : Historical, Business, Romance, Drama Episodes : 36 Duration : 45 min Country : China (ဇာတ်လမ်းအညွှန်းရေးသားသူကတော့ 美华ပဲ ဖြစ်ပါတယ်) #Glory  #玉茗茶骨 #SoulKingdom