en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 435 subscribers, ranking 18 065 in the Movies category and 8 662 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 435 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 113 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.64%. Within the first 24 hours after publication, content typically collects 3.17% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 187 views. Within the first day, a publication typically gains 490 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 435
Subscribers
+324 hours
+337 days
+11330 days
Posts Archive
မုန်တိုင်းကြားက ပန်းရိုင်းတစ်ပွင့် (2017) ဝေအနောက်တိုင်းပြည် ပရမ်းပတာဖြစ်နေတဲ့ ကာလမှာ ရိုးသားဖြူစင်တဲ့ ပြည်သူတွေ ပြန်ပေးဆွဲခံရတယ်။ ကျေးကျွန်အဖြစ် စေခိုင်းခံရတယ်။ အစေခံ ချူချောင်က ချမ်းသာကြွယ်ဝပြီး အာဏာရှိတဲ့သခင်တွေရဲ့ အမဲလိုက်ပွဲတစ်ခုမှာ ပါ၀င်ခဲ့တယ်။ တောထဲကို အပို့ခံရပြီး ဝံပုလွေနဲ့တူတူ အမဲလိုက်ခြင်းခံခဲ့ရတယ်။ အဲ့ဒီနောက်သူမကို အာဏာရှိတဲ့ မိသားစုတစ်ခုဖြစ်တဲ့ ယွီ၀မ်အိမ်က ခေါ်ဆောင်ပြီး အလုပ်ကျွေးပြုခိုင်းတယ်။ ဂုဏ်ဓန ကြီးမားတဲ့ မိသားစု အချင်းချင်း လုပ်ကြံသတ်ဖြတ်တဲ့ သက်သေတွေ သူမရှာဖွေတွေ့ရှိသွားတယ်။ သူမက သူမရဲ့ ညီမတွေနဲ့ အဲ့ဒီအခြေနေကနေ အဝေးကို ထွက်ပြေးဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ယွီ၀မ်ယွဲရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ရန်ရွှင်နဲ့ ကြားပက်သက်မှုတွေမှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ပြစ်ဒဏ်တွေ အလူးအလဲခံရတယ်။ ကံမကောင်းစွာနဲ့ အနောက်ဝေက စစ်ပွဲနဲ့ ကြုံတွေ့ရပြီး ရန်ရွှင်မိသားစုက အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ နှင်းဆီမလေးတွေရဲ့ အသဲကျော်ရန်ရွှင်မှာ ရည်ရွယ်ချက် ကြီးကြီးမားမား ရှိနေပြန်တယ်။ သူ့လူတွေ အသက်ပေးဆပ်ခဲ့ရလို့ ပြန်လက်စားချေမယ်ဆိုပြီး ရက်စက်ကြမ်းကြုတ် လာခဲ့တယ်။ ချူချောင်က သူ့အပေါ်သစ္စာရှိနေတာ သူ့ကိုမေတ္တာရှိနေတာဟာ သူ့ကိုသစ္စာဖောက်ချင်လို့ အရော၀င်နေတာ ပေးဆပ်နေတာလို့ သံသယရှိခဲ့တယ်။ ရန်ရွှင်ဟာ အာဏာရဖို့ဆို အစွမ်းကုန် ရက်စက်တော့တာပဲ။ အဲ့ဒီနောက် ချူချောင်းနဲ့သူ ပြတ်စဲခဲ့ပြီး ချူချောင်က ယွီ၀မ်ယွဲကို လက်စားချေမယ်။ ရန်ရွှင်ရဲ့ ယုတ်မာတဲ့ အစီစဉ်တွေကိုလဲ ဖျက်ဆီးပစ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ သူမက နောက်ဆုံးမှာ ယွီ၀မ်ကိုလည်း ယုံကြည်သွားတယ်။ အဆုံးသတ်မှာတော့ ချူချောင်းက ကျေးကျွန်တွေ မတရားညည်းပန်း နှိပ်စက်ခံနေရတာကိုလဲ ဖျက်သိမ်းပြီး စစ်မှုရေးရာ အဖြာဖြာမှာ နည်းမဟာဗျူဟာ ကျွမ်းကျင်ပိုင်နိုင်တဲ့ အမျိုးသမီး စစ်သူကြီးအဖြစ်နဲ့ တိုင်းသူပြည်သားတွေရဲ့ နှလုံးသားမှာ ထာ၀ရရှိနေတဲ့ သူတစ်ယောက် ဖြစ်သွားပါတော့တယ်။

Veil Of Shadows《 2026 》 ဝူကျိ၊ ကျွီးကျင့်ယီး၊ ချန်တူးလင်၊ ထျန်ကျားရွေ့တို့ရဲ့သိုင်းစီးရီးအသစ်ရပါပြီ။ ဇာတ်လမ်းအကျဥ်း~ လူသားမျိုးနွယ်တွေနဲ့မိစ္ဆာမျိုးနွယ်တွေ အတူယှဥ်တွဲနေထိုင်ကြတဲ့ လော့အန်းမြို့လေးမှာ လူ့နှလုံးသားတွေကို ထိုးဖောက်စားသောက်တဲ့အမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့အချိန်။ ထူးဆန်းပဟေဠိဂိုဏ်းဝူးရှန်းယွဲ့ရဲ့ အငယ်ဆုံးအမြီးကိုးချောင်းမြေခွေးမလေး“လုဝူယီး”။အငယ်ဆုံးဖြစ်တဲ့အပြင် သွက်လက်ဖြတ်လတ်ပြီး ဉာဏ်နီဉာဏ်နက်လည်း အင်မတန်များသူဖြစ်တဲ့ “လုဝူယီး”ဟာ မြေခွေးမိစ္ဆာရှောင်ဝေကို လိုက်ရှာတဲ့ တာဝန်ကို ထမ်းဆောင်ဖို့အတွက် လော့အန်းမြို့က ဝေအိမ်တော်ကို နတ်ဆရာမအဖြစ်နဲ့ တိတ်တခိုးဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူမလိုပဲ တခြားသူတွေလည်း မြေခွေးမိစ္ဆာရှောင်ဝေကို ရှာဖွေနေကြသူတွေပါ ရှိမှန်း သိသွားခဲ့ပါတယ်။အဲဒီထဲမှာ မိစ္ဆာအယောင်ဆောင်ထားတဲ့ မှော်ဆရာ “ဝူရှစ်ကွမ်း”၊သူမနဲ့အတူ လိုက်ပါလာတဲ့ ဆရာတူအစ်မဖြစ်သူ“ဝုဝမ့်ယန်”တို့နဲ့ ဖြူစင်ရိုးသားပုံပေါက်ပေမဲ့ ပဟေဠိပေါင်းများစွာရှိသူ “ကျိလင်”တို့လည်း ပါဝင်နေခဲ့ပါတယ်။ ထူးဆန်းပဟေဠိဖြစ်ရပ်တွေရဲ့နောက်ကွယ်က တရားခံကတော့ မြေခွေးမိစ္ဆာ “ရှောင်ဝေ”ဖြစ်ပြီး သူသည်လည်း တစ်ချိန်က “ထောင်းထျယ်”၊“ဝူကျစ်းချီ”၊“ပိုင်ဇယ်”၊“ဟန့်ပါ”တို့လိုပဲ နဂါးနတ်ဘုရားအပေါ် သစ္စာစောင့်သိခဲ့သူဖြစ်ပြီး နဂါးနတ်ဘုရားစွမ်းအားကို ချီးမြှင့်ထားခံရသူဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ နဂါးနတ်ဘုရားအပေါ် သစ္စာဖောက်ဖျက်ခဲ့ကြပြီး လူသားမျိုးနွယ်စုကို အန္တရာယ်အကြီးအကျယ်ပေးလာခဲ့ကြပါတယ်။ အမှန်တရားကို ရှာဖွေကြတဲ့ ဖြစ်ရပ်မှာ လုဝူယီးတို့အဖွဲ့တွေ အတူပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြပါတယ်။သူတို့အားလုံးက ရှောင်ဝေဆီမှာ ရှိတဲ့ နဂါးနတ်ဘုရားအစွမ်းကို လိုချင်လို့ လာခဲ့ကြတာဖြစ်ပေမဲ့ ရည်ရွယ်ချက်ချင်းကတော့ မတူပါဘူး။ တချို့ကတော့ အဲဒီအစွမ်းကို ကာကွယ်ချင်ကြပြီး တချို့ကတော့ ဖျက်ဆီးချင်ကြတယ်။ “လုဝူယီး”တို့အဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့နဂါးနတ်ဘုရားရဲ့အစွမ်းကို ရရှိဖို့အတွက် ကြိုးပမ်းကြရင်းကနေ သူတို့ချင်း သံယောဇဥ်တွေဖြစ်လာကြပြီး မေတ္တာကြိုးတွေပါ ချည်နှောင်လာခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့ရဲ့ချစ်ခြင်းတရားတွေကို တားဆီးနေတဲ့ အနှောင့်အယှက်ရှိမှန်း သိသွားကြတဲ့အခါ...။ဒီအတားအဆီးကို ရှာဖွေကြရင်းကနေ သူတို့ရဲ့ဘဝအကြောင်းတွေကိုပါ သိလာခဲ့ကြပါတယ်။ သူတို့အတွက် အတားအဆီးကတော့ မိစ္ဆာအားလုံးရဲ့အရှင်သခင်မ၊လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက စစ်ပွဲတရားခံ “ကျိုယင်း”ပဲဖြစ်ပါတယ်။ သူတို့တစ်တွေ လောကကြီးကို အေးချမ်းဖို့အတွက် ဘာတွေပေးဆပ်လိုက်ကြရမလဲ။ သူတို့ရဲ့ကံကြမ္မာကိုရော ပြောင်းလဲနိုင်ကြမလား။

မရဏမြေမှ မေတ္တာရိပ်မြုံ Love Beyond the Grave ( 2026 ) ========================= အသက်လေးရာကျော်သက်တမ်းရှိပြီး အင်အားအကြီးဆုံး
မရဏမြေမှ မေတ္တာရိပ်မြုံ Love Beyond the Grave ( 2026 ) ========================= အသက်လေးရာကျော်သက်တမ်းရှိပြီး အင်အားအကြီးဆုံးတစ္ဆေဘုရင်မဖြစ်သူ ဟယ့်စစ်မုနဲ့ လျှို့ဝှက်ချက်များစွာရှိနေတဲ့ စစ်သူကြီးသွမ့်ရွှီးတို့ဟာ ပျက်စီးသွားတဲ့ ဖော့ဝမ်ဓားကြောင့် မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အဲဆုံတွေ့မှုကနေတစ်ဆင့် နှစ်ဦးသားဟာ အာရုံငါးပါးကိုအပြန်အလှန်လဲလှယ်ဖို့ ကတိကဝတ်‌သွေးစာချုပ်ပြုလုပ်ခဲ့ကြရာမှ ထူးဆန်းစွာပဲ ကံကြမ္မာချင်း ဆက်နွှယ်သွားခဲ့ကြပါ‌တော့တယ်။ ဒီလိုနဲ့ သူတို့ဟာ လူ့လောကနဲ့ဝိညာဉ်လောကကြားက ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာကွယ်ဖို့ အချင်းချင်းလက်တွဲပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြပါတယ်။ အခက်အခဲတွေကို အတူတူရင်ဆိုင်ရင်း နှစ်ပေါင်း ၄၀၀ ကျော်လောက်အေးခဲငြိမ်စက်နေတဲ့ ဟယ့်စစ်မုရဲ့ နှလုံးသားလေးဟာလည်း သွမ့်ရွှီးကြောင့် ပြန်လည်လှုပ်ရှားနွေးထွေးလာခဲ့ရာမှ ဘဝမတူတဲ့သူတို့နှစ်ဦးကြားမှာ ချစ်မေတ္တာဟာ လှပစွာပွင့်လန်းလာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းက Dilraba ရဲ့ပရိသတ်တွေအတွက်ရော Chen Feiyu ရဲ့ပရိသတ်တွေအတွက်ပါ တကယ့်ကိုလက်လွှတ်မခံသင့်တဲ့ Fantasy Epic ကြီးမို့ ကြည့်ကိုကြည့်သင့်တာထက် ပိုသောပါပဲ‌ ပြိတ်သတ်တို့ရေ။

Live up to your youth 2026 ပျိုမြစ်ချိန်ရဲ့အားမာန်တေးသွင် ဒီတစ်ခါတော့ ကြည့်နေကျ Life Drama မျိုးထက် Musical Life Drama ပုံစံက
+9
Live up to your youth 2026 ပျိုမြစ်ချိန်ရဲ့အားမာန်တေးသွင် ဒီတစ်ခါတော့ ကြည့်နေကျ Life Drama မျိုးထက် Musical Life Drama ပုံစံကို ဇာတ်အိမ်တည်ထားပြီး ၁၉၉၀ ပြည့်နှစ်ကို နောက်ခံအဖြစ်ရိုက်ကူးထားတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးမှာ The First Frost ရဲ့ MC ဖြစ်တဲ့ Zhang Ruo Nan နဲ့အတူ Bai Yu၊ Jelly Lin၊ Wang Yang Lin တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဘဝရဲ့အနိမ့်အမြင့်တွေကြား ချစ်ပျားရည်ချိုစိမ့်စိမ့်လေးတစ်ခွက် သောက်ရမဲ့ဇာတ်လမ်းလေးမို့ ပရိသတ်တို့ အကြိုက်တွေ့မှာ အသေချာပါပဲ! ဇာတ်လမ်းအညွှန်း >>> ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေကျင်းမှာရှိတဲ့ သေးငယ်တဲ့ တည်းခိုခန်းလေးတစ်ခုဟာ အနုပညာနဲ့ရည်မှန်းချက်တွေကို လိုက်လံရှာဖွေနေကြတဲ့လူငယ်တစ်စုရဲ့အိမ်ဂေဟာ ဖြစ်လာခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာ ရွှီရှန့်လီဟာ လောကအလယ်မှာ နာမည်တစ်လုံးရဖို့ ရုန်းကန်နေရသလို ကျွမ်းကျွမ်းကလဲ ပိုမိုကြီးကျယ်တဲ့စင်မြင့်ထက်ကိုတက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ စီးပွားရေးပွဲတွေမှာ ဖျော်ဖြေသီဆိုရင်း အခွင့်အရေးကို စောင့်စားနေသူပါ။ ရှန်ရန်ရန်ကတော့ သရုပ်ဆောင်ခွင့်ရရှိဖို့ မရေရာလှတဲ့အခြေအနေတွေကြားမှာ ဖြတ်သန်းနေရပါတယ်။ Saxophone ပညာရှင် ထောင်လျန်လျန်ကတော့ လူကူးတံတားတွေအောက်မှာ တီးခတ်ဖျော်ဖြေရင်း ဘဝကိုရှာဖွေနေပြီး ကောကျန့်ပေါင်ကတော့ မိသားစုကိုထောက်ပံ့နိုင်ဖို့ အပိုအလုပ်‌တွေကိုကျပန်းလုပ်ကိုင်ရင်း နောက်ခံ Extra အဖြစ် အနုပညာလောကထဲ ခြေစုံပစ်ဝင်ထားသူပါ။ ထူးခြားဆန်းသစ်လှတဲ့အ‌တွေးအမြင်သမား ပန်းချီဆရာချောင်ယဲ့ကမူ သူ့အနုပညာပန်းချီကို တစ်စုံတစ်ယောက် နားလည်ပေးနိုင်မဲ့နေရောက်လာဖို့ မျှော်လင့်တောင့်တနေသူပါ။ ငြင်းပယ်ခံရမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ခဏတာအောင်မြင်မှုတွေကြားမှာ လူငယ်လေး ၆ ယောက်ဟာ အသက်ရှင်ရပ်တည်ရေးအတွက် ခါးသီးလှတဲ့လက်တွေ့ဘဝတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အနုပညာစိတ်ဓာတ်ကတော့ လုံးဝပျောက်မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခုကို ကူးပြောင်းလာချိန်မှာ‌တော့ အချို့က ဆက်လက်ကြိုးစားကြပြီး အချို့ကမူ လက်လွှတ်လိုက်ကြပါတော့တယ်။ အခြေအနေတွေဟာ ထင်ထားသလိုဖြစ်မလာကြပေမဲ့ သူတို့အားလုံးကတော့ ပြောင်းလဲလာတဲ့ ခေတ်ကာလတစ်ခုမှာ သမိုင်းခြေရာကိုယ်စီကို ချန်ရစ်ထားနိုင်ခဲ့တာတော့ အမှန်ပါပဲ။ ဒီစီးရီးက လူငယ်တွေရဲ့အားမာန်၊ ခေတ်ရဲ့ရိုက်ခတ်မှုတွေကြား တောက်ပနေတဲ့မီးခဲအသွင်ပျိုမြစ်မှုတို့ကြောင့် စိတ်နှလုံးအိမ် တသိမ့်သိမ့်တုန်စေမဲ့ဇာတ်လမ်းမို့ ပြိတ်သတ်တို့စိတ်ထဲ တသသစွဲကျန်နေမှာ ကျိန်းသေပါပဲနော်! #LiveUpToYourYouth

Dream of Golden Years 2026 အချစ်အိပ်မက် ရွှေရတုတိုင် Legend of Female General ရဲ့ Main Lead တစ်ယောက်ဖြစ်တဲ့ Zhou Ye ဟာ ပြိတ်သ
+9
Dream of Golden Years 2026 အချစ်အိပ်မက် ရွှေရတုတိုင် Legend of Female General ရဲ့ Main Lead တစ်ယောက်ဖြစ်တဲ့ Zhou Ye ဟာ ပြိတ်သတ်တို့ရဲ့ဆန္ဒကို ကြားသွားပုံပါပဲ။ LOFG မှာ ထက်ထက်မြက်မြက် Strong Woman အဖြစ်မြင်တွေ့ခဲ့ရသလို အခုညွှန်းပေးမဲ့စီးရီးမှာလဲ Zhou Ye ကို ထက်မြက်တဲ့စွန့်ဦးတီထွင်သူအမျိုးသမီးငယ်လေးအဖြစ် မြင်တွေ့ရမှာပါ။ ဒီကားကို ၁၉၈၃ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Zhou Ye နဲ့အတူ Love in Pavilion မှာ ပါဝင်ခဲ့သလို အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့ ကိုကို Zhai Xiao Wen က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> အပြောင်းအလဲများစွာရှိနေတဲ့ ၁၉၈၃ ခုနှစ်မှာ "လုပ်ငန်းခွင်ကျွန်" လို့တံဆိပ်ကပ်ခံထားရတဲ့ ခေတ်မိန်းမပျိုတစ်ဦးဟာ လှိုင်းလေထန်လှတဲ့စီးပွားရေးလောကထဲကို ရဲရဲဝံ့ဝံ့ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲလိုမိုက်ရူးရဲဆန်မှုကြောင့် လူအများရဲ့ကဲ့ရဲ့ဝေဖန်မှုတွေကိုလဲ ရင်ဆိုင်ခဲ့ရရှာပါတယ်။ ဒါပေမဲ့ မိန်းမငယ်လေးဟာ အဲလိုဝေဖန်မှုတွေကို တွန်းလှန်ပြီး ကိုယ်ပိုင်လမ်းစဉ်တစ်ခုကိုဖော်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားသူပါ။ အရာအားလုံးကို ဘာမှမရှိတဲ့ဘဝကနေစတင်ခဲ့ပြီး အခက်အခဲတွေကြား ကြံ့ကြံ့ခံရင်း မြင့်မားလှတဲ့အောင်မြင်မှုဆီ ဖြည်းဖြည်းချင်းတက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေနဲ့ဆင်းရဲပင်ပန်းမှုများစွာကို ရင်ဆိုင်နေရချိန်မှာ ကျိုးချန်လို့အမည်ရတဲ့ ကိုလူချောလေးနဲ့ ဆုံခဲ့ပါတော့တယ်။ မိန်းမပျိုလေးဟာ မဆုတ်မနစ်ကြိုးစားအားထုတ်မှုနဲ့ ထူးချွန်လှတဲ့ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချကာ စီးပွားရေးလောကမှာ နေရာတစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။ အဲလိုပဲ တစ်ဖက်မှာလည်း သူနဲ့ကျိုးချန်တို့ရဲ့ပတ်သက်မှုဟာ နှလုံးသားထဲထိစိမ့်ဝင်သွားရာမှာတော့ ချစ်ခရီးအိပ်မက်ဟာ ဖြောင့်ဖြူးလေမလား၊ ရောက်ချင်တဲ့နေရာကိုရော ရောက်လေမလား... ဒီလိုဝေခွဲမရမှုတွေကြားမှာ သေချာတာတစ်ခုကတော့ ကျိုးချန်နဲ့သူရဲ့အချစ်အိမ်ငယ်ဟာ သကာလောင်းတဲ့ပျားသလက်လို ချစ်ရနံ့တို့ချိုမြထုံသင်းနေမှာ အမှန်ပါပဲ။ Romance ဇာတ်အိမ်ကို ပုံမှန်ကြည့်နေရတဲ့ဇာတ်လမ်းတွေကနေ ကွဲထွက်တာမျိုးလေးမှဆို ဒီစီးရီးလေးက အသင့်တော်ဆုံးပါပဲနော်။ #DreamOfGoldenYears

Everlasting Longing 相思令 ထာဝရရိပ်လွှမ်း ဇာတ်လမ်းအကျဥ်း Yannan မြို့ ကုန်သည်မျိုးရိုး Jun မိသားစုရဲ့သမီးကြီး Jun Qi Luo ဟာ ငယ်စ
Everlasting Longing 相思令 ထာဝရရိပ်လွှမ်း ဇာတ်လမ်းအကျဥ်း Yannan မြို့ ကုန်သည်မျိုးရိုး Jun မိသားစုရဲ့သမီးကြီး Jun Qi Luo ဟာ ငယ်စဥ်ဘဝကတည်းကနေလို့ သရုပ်၂မျိုးနဲ့ရှင်သန်ခဲ့ရသူပါ။ အပြင်လောကမှာတော့ သူဟာ Jun မိသားစုရဲ့ တရားမဝင်သား Jun Fei Fan အဖြစ်ပေါ့။ Jun Qi Luo ဟာ သူ့အသက်(၂၀)နှစ်မှာ အဖေဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ကိုင်ရင်း နယ်ခရီးထွက်ချိန်မှာ Xuanbu မျိုးနွယ်စုခေါင်းဆောင် Xuan Lei ရဲ့ဓားပြတိုက်ခြင်းကိုခံခဲ့ရပြီးနောက် Beixuan ပြည်နယ်ကို ခေါ်သွားခံခဲ့ရပါတယ်။ ဒီလိုနဲ့ Jun Qi Luo တစ်ယောက် Beixuan မှာအခက်အခဲမျိုးစုံကို ခံစားခဲ့ရတဲ့အပြင်ကိုမှ သူလျှိုအဖြစ်မှားယွင်းစွပ်စွဲခံရကာ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရပေမဲ့ အခွင့်အရေးတစ်ခုကိုအသုံးချကာ လွတ်မြောက်ဖို့လမ်းစရခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Jun မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို မင်းသားဟာ သူ့ဝမ်းကွဲအစ်ကို(၂)တို့လင်မယားနဲ့ပေါင်းပြီး ခိုးယူတဲ့အကြံအကြောင်းသိလိုက်ရတဲ့အခါမှာတော့ ... Main Lead အနေနဲ့ အတွဲ(၃)တွဲတောင် ပါဝင်ထားတဲ့ကားလေးမို့ လက်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ... Native Title: 相思令 Starrings: Angelababy, Song Wei Long, Ren Hao, Bai Bing Ke, Yao Chi & Wang Yi Ting Also Known As: Xiang Si Ling , Qiang Lai De Xin Niang , 抢来的新娘 , 搶來的新娘 Genres: Historical, Romance, Drama Country: China Type: Drama Episodes: 30 Original Network: Tencent Video #EverlastingLonging #Angelababy #SongWeiLong #RenHao #BaiBingKe #YaoChi #WangYiTing #相思令 #SoulKingdom

ကျောက်စိမ်းပမာ ချစ်သစ္စာ (逐玉) Pursuit of Jade (2026) ❝ မင်းက အဲဒီကျောက်စိမ်းဖြူလေးပါပဲ ❞ ဒီတစ်ခါ GCVerse လေးတို့အတွက် ယူဆောင်
+2
ကျောက်စိမ်းပမာ ချစ်သစ္စာ (逐玉) Pursuit of Jade (2026) ❝ မင်းက အဲဒီကျောက်စိမ်းဖြူလေးပါပဲ ❞ ဒီတစ်ခါ GCVerse လေးတို့အတွက် ယူဆောင်လာပေးတဲ့ အချစ်ဇာတ်လမ်းလေးကတော့ ဇာတ်ကားရိုက်ကူးစဉ်မှာကတည်းက ပရိတ်သတ်တွေ စောင့်မျှော်နေခဲ့ကြတဲ့ “"Pursuit of Jade" "ကျောက်စိမ်းပမာ ချစ်သစ္စာ" လို့အမည်ရတဲ့ ဇာတ်လမ်းလေးပါ ။ စစ်မှုရေးရာတွေကို အခြေခံလို့ အခြေခံလူတန်းစားတွေနဲ့အထက်တန်းလွှာ လူတန်းစား ကွာခြားပုံတွေ ၊ နန်းတွင်းအရှုပ်အရှင်းတွေကြားထဲ ပေါ်ပေါက်လာခဲ့တဲ့ ကျေးလက်တောရွာက ချစ်ပုံပြင်လေးအကြောင်းတွေကို ကြည့်ရှုရမဲ့ ဒီဇာတ်လမ်းလေးကိုတော့ မင်းသားချောလေး ကျန်းလင်ဟယ့်နဲ့ မင်းသမီးချောလေး ထျန်ရှီးဝေးတို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း~ အသက် ၁၇ နှစ်အရွယ်မှာကတည်းက စစ်ပွဲများစွာကို အောင်နိုင်ခဲ့ပြီး တိုင်းပြည်ရဲ့စစ်အာဏာကို ချုပ်ကိုင်ထားခဲ့တဲ့ စစ်နတ်ဘုရား ရှဲ့ကျန်း ။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ လွန်ခဲ့‌သော (၁၇)နှစ်က သွေး‌ကြွေးရန်ငြိုးအတွက် ကလဲ့စားချေဖို့ပါပဲ ။ နာမည်ကြားရုံနဲ့တင် ရန်သူစစ်တပ်ကသူတွေ ကြောက်ရတဲ့ ရှဲ့ကျန်းက သူ့ရဲ့ ဟန်ဆောင်ဇနီးလေးဖြစ်တဲ့ ဖန်ချန်ယွိအရှေ့မှာတော့ မခုတ်တတ်တဲ့ ကြောင်လေးလိုပါတဲ့လေ ။ ကျေးလက်တောရွာက သားသတ်သမလေး ဖန်ချန်ယွိ ။ မိဘတွေကလည်း ကွယ်လွန်သွားပြီး စေ့စပ်ပွဲကိုလည်း ဖျက်သိမ်းခံရချိန်မှာ သူမရဲ့ ဆွေမျိုးတွေကတော့ သူမရဲ့ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီး အုပ်ဖို့ ကြိုးစားနေခဲ့ကြပါသတဲ့ ။ အဲဒီအချိန် ဖန်ချန်ယွိတွေးမိလိုက်တာက မိဘတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့နဲ့ မိမိသာလျှင် မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်လာစေဖို့ ဟန်ဆောင်ယောက်ျားရှာရမယ်ဆိုတာကိုပါပဲ ။ ဒီလိုနဲ့ တစ်နေ့မှာ သူမက နှင်းတောထဲ သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာရနေတဲ့ ယောက်ျားတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာခဲ့တယ်။ အဲဒီယောက်ျားက တခြားသူမဟုတ်ဘဲ စစ်နတ်ဘုရားလို့ တင်စားကြတဲ့ ရှဲ့ကျန်း ဖြစ်နေခဲ့တယ် ။ ဖန်ချန်ယွိကတော့ သူကဘယ်သူမှန်းမသိပါဘူး ။ အဲဒီလိုနဲ့ သူမက ဒဏ်ရာရနေတဲ့သူကို သူမနဲ့ ဟန်ဆောင်ပြီးလက်ထပ်ဖို့ ကမ်းလှမ်းခဲ့တယ် ။ မိသားစုအခြေခိုင်တာနဲ့ ကွာရှင်းပေးပါ့မယ်တဲ့လေ ။ နှစ်ဦးသား ရည်ရွယ်ချက်ကိုယ်စီနဲ့ ဟန်ဆောင်လက်ထပ်ခြင်းဆိုတဲ့ ဇာတ်ကို ကပြရင်း တစ်ယောက်နဲ့တစ်ယောက်အကျိုးလိုလို့ညောင်ရေသွန်းရာက မသိလိုက်မသိဘာသာနဲ့ပဲ အချစ်စစ်တစ်ခု မွေးဖွားလာခဲ့ပါတော့တယ်။ ဒါပေမဲ့ အချစ်စစ်ဆိုတဲ့သဘောတရားအတိုင်း ပန်းခင်းလမ်းကိုတော့ အသာလေး ဘယ်လျှောက်လို့ရနိုင်ပါ့မလဲ........ မိသားစုလည်း အခြေခိုင်ပြီ ။ ဖန်ချန်ယွိကလည်း ရှဲ့ကျန်းနဲ့ ကွာရှင်းဖို့အတွက် ပြင်ဆင်နေပြီ ။ အဲဒီအချိန်မှာပဲ ရှဲ့ကျန်းက ရုတ်တရက် စစ်သားစုဆောင်းရေးထဲကိုပါသွားခဲ့တယ် ။ ဖန်ချန်ယွိလည်း များများစားစား စဉ်းစားမနေတော့ဘဲ သားသတ်ဓားကို ဆွဲပြီး သူမခင်ပွန်းနဲ့ တရားမျှတမှုကို ရှာဖွေဖို့ စစ်မြေပြင်ထဲ လိုက်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ရှဲ့ကျန်းက သံမဏိသွေးနယ်စားမင်းဆိုတဲ့ဘွဲ့ကို ပြန်ယူရင်း တိုင်းပြည်၊ မြတ်နိုးရသူနဲ့ အမှန်တရားကို ကာကွယ်နေပါတော့တယ်။ ဒီလိုနဲ့ပဲ ‌နှစ်ယောက်သား စစ်မြေပြင်မှာ ပြန်တွေ့ဆုံခဲ့ကြတယ်။ ဖန်ချန်ယွိနဲ့ ပြန်တွေ့ချိန်မှာ ရှဲ့ကျန်းက ဒဏ်ရာတွေနဲ့ သွေးအိုင်နဲ့ လဲနေခဲ့တာပဲ ။ ဖန်ချန်ယွိရဲ့ မျက်လုံးတွေနီလာပြီး ရှဲ့ကျန်းကိုပြောလိုက်တယ် ။ “ စစ်တပ်ထဲကိုပြန်မသွားနဲ့တော့ ။ ကျွန်မ ဝက်သတ်ပြီး ရှင့်ကို ရှာကျွေးပါ့မယ် “ တဲ့ ။ လျှို့ဝှက်နက်နဲမှုတွေအပြည့်နဲ့ ကလဲ့စားချေလိုမှုအတွက်သာ ရှင်သန်နေတဲ့ ရှဲ့ကျန်း ….... ခင်ပွန်းသည်အတွက် သားသတ်ဓားဆွဲကိုင်ပြီး စစ်မြေပြင်ထွက်ရဲတဲ့အထိ ရှဲ့ကျန်းထိပ်ထားစံတဲ့ ဖန်ချန်ယွိ …... ရှဲ့ကျန်းရဲ့ ကလဲ့စားချေတဲ့ ခရီးလမ်းကရော အောင်မြင်ပါ့မလား ? ဖန်ချန်ယွိနဲ့ ရှဲ့ကျန်းရဲ့ အချစ်ပုံပြင်ကရော စစ်ပွဲမီးလျှံတွေကြား ဘယ်လိုများ ဆက်ရေးသားပါလိမ့်မလဲ ? နန်းတွင်းပဋိပက္ခ ၊ ကျေးလက်တောရွာရဲ့ဓလေ့စရိုက် ၊ အမျိုးသားဇာတ်ဆောင်ရဲ့ လျှို့ဝှက်နက်နဲမှု ၊ အမျိုးသမီးဇာတ်ဆောင်ရဲ့ ထက်မြက်မှုတွေကိုကြည့်ရတာ သဘောကျတဲ့ ပရိတ်သတ်တို့အတွက် ဒီအချစ်ဇာတ်လမ်းလေးက အကြိုက်တွေ့စေလိမ့်မှာပါ ။ GC Chinese ကနေ တင်ဆက်ပေးသွားတော့မှာ ဖြစ်တာမလို့ စောင့်မျှော် အားပေးကြပါဦးနော် ။ Review by Xing_ Translated by GC Chinese Team Encoded by Feng #ကျောက်စိမ်းပမာချစ်သစ္စာ #逐玉 #PursuitOfJade #CrdGC

About Love 2026 ချစ်ရိပ်နွေးနွေး ဝူရှကားတွေပဲအရိုက်များတဲ့ လျိုသာ့ကော (Liu Yu Ning) တစ်‌ယောက် ဒီတစ်ခါမှာတော့ Modern Romance ဇ
+9
About Love 2026 ချစ်ရိပ်နွေးနွေး ဝူရှကားတွေပဲအရိုက်များတဲ့ လျိုသာ့ကော (Liu Yu Ning) တစ်‌ယောက် ဒီတစ်ခါမှာတော့ Modern Romance ဇာတ်ကားတစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီစီးရီးက သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး မမနဲ့မောင်လေးဇာတ်အိမ်မျိုးပါ။ ဒီစီးရီးမှာ လျိုကောအပြင် Wang Zi Wen နဲ့ Jiang Xin တို့လို့ ဝါရင့်ရှောင်ကျဲကျဲတွေကပါ ပါဝင်သရုပ်ဆောင်ထားတာမို့ Heavy Romance ကားရှာနေရင်တော့ ဒီကားက Must Watch ပါပဲ။ ဇာတ်လမ်းအညွှန်း >>> အချစ်နဲ့ပတ်သက်လာရင် အမြဲတမ်းသတိကြီးကြီးထားပြီး အလေးအနက်ထားတတ်တဲ့ လီရှောင်ရှီးဟာ စိတ်ထဲမှာ မလုံခြုံမှုတွေနဲ့ အချစ်ကို မယုံစားရဲသူလေးပါ။ ဒါပေမဲ့ ရှောင်ရှီးဟာ မထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာ ရှောင်ပေ့နဲ့ဆုံတွေ့ခဲ့ပြီး အဲဒီတိုက်ဆိုင်မှုကနေတစ်ဆင့် သူတို့နှစ်ဦးကြားမှာ ရိုမန်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ရှောင်ပေ့ရဲ့သစ္စာရှိမှုနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို မယိုင်မလဲဘဲ အမြဲတမ်းကာကွယ်ပေးမှုတွေက လီရှောင်ရှီးရဲ့စိတ်ထဲမှာရှိနေတဲ့ မလုံခြုံမှုတွေကို တဖြည်းဖြည်းကျော်ဖြတ်နိုင်ဖို့အတွက် ခွန်အားတွေဖြစ်စေခဲ့ပါတော့တယ်။ လီရှောင်ရှီးအဖြစ် သရုပ်ဆောင်ထားတဲ့ Wang Zi Wen နဲ့ လျိုကောက အသက်သိပ်မကွာတာမို့ ကလိကလိဖြစ်ရတဲ့ မနဲ့မောင် ဇာတ်အိမ်ထက်စာရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့အချစ်ရေးဇာတ်လမ်းအဖြစ် မြင်တွေ့ရမှာပါ။ နောက်ပြီး လျိုကောက ချစ်တတ်လွန်းသူကြီးဘွဲ့ထူးပါရထားတာမို့ သူ့ရဲ့ချစ်တတ်မှုအပေါင်းတစ်သိန်းကို အားကျစောင်ကိုက်ရင်းကြည့်ရမှာ ကျိန်းသေပါပဲနော်။ #AboutLove

Seeds of Scarlet Longing ( 2026 ) ကျောက်စိမ်းသခင်နဲ့မိစ္ဆာမယ် ကျန်းကျူးဆိုတဲ့ မိန်းကလေးဟာ "ကျောက်စိမ်းခါးစည်းကျေးကျွန်"မျိုးန
+3
Seeds of Scarlet Longing ( 2026 ) ကျောက်စိမ်းသခင်နဲ့မိစ္ဆာမယ်
ကျန်းကျူးဆိုတဲ့ မိန်းကလေးဟာ "ကျောက်စိမ်းခါးစည်းကျေးကျွန်"မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး၊ အရွယ်ရောက်ပြီးနောက် လပြည့်ညရောက်တိုင်း "ကျောက်စိမ်းသခင်"တစ်ဦးကို ရှာဖွေရပါတယ်။ သူမ ခံစားနေရတဲ့ "အအေးမိအရိုးရောဂါ" ကနေ လွတ်မြောက်ပြီး အသက်ရှင်သန်နိုင်ဖို့အတွက် အဲဒီသခင်ဆီကနေ အဖိုးတန်တဲ့ ယန်စွမ်းအင်ကို ရယူရမှာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဩဇာအာဏာကြီးမားတဲ့ အမတ်ကြီး "ရှန်းမြူ"ဟာ ဒီကျောက်စိမ်းခါးစည်းကျေးကျွန်တွေကို အမြစ်ပြတ်နှိမ်နင်းဖို့ ဆုံးဖြတ်ထားသူပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကျန်းကျူရဲ့ "အချစ်မန္တန်"ကြောင့် သူဟာ စိတ်ဆန္ဒမပါဘဲ သူမကို ကာကွယ်ပေးဖို့ အတင်းအကျပ် ဖိအားပေးခံလိုက်ရပါတယ်။ စည်းကမ်းကြီးပြီး မိမိရဲ့ စိတ်အလိုကို အမြဲထိန်းချုပ်လေ့ရှိတဲ့ ရှန်းမြူအတွက်တော့ ထက်သန်ပြင်းပြပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ ကျန်းကျူးနဲ့ ဆုံတွေ့ရတာဟာ တစ်ခါမှ မကြုံဖူးသေးတဲ့ ဘဝရဲ့ တောက်ပတဲ့ အတွေ့အကြုံသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက် အတူတူရှိနေစဉ်မှာပဲ "အချစ်" ဆိုတဲ့ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာကြပြီး၊ နောက်ဆုံးမှာတော့ ကျောက်စိမ်းခါးစည်းကျေးကျွန်တွေ ခံစားနေရတဲ့ မတရားမှုတွေကို ဖြေရှင်းပေးဖို့ နှစ်ယောက်သား အတူလက်တွဲ တိုက်ပွဲဝင်သွားကြမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
မနက်ဖြန်ကြည့်ရမယ်နော် ...

Generation To Generation 2026 မုန်တိုင်းကြားမှချစ်သန္ဓေ WuXia Fantasy ကိုအရူးအမူးဖြစ်တဲ့ပရိသတ်တို့အတွက် ရှေးဟောင်းမှော်အတတ်နဲ
+9
Generation To Generation 2026 မုန်တိုင်းကြားမှချစ်သန္ဓေ WuXia Fantasy ကိုအရူးအမူးဖြစ်တဲ့ပရိသတ်တို့အတွက် ရှေးဟောင်းမှော်အတတ်နဲ့သိုင်းလောကကိုဇာတ်အိမ်တည်ထားတဲ့ စိတ်ဝင်စားစရာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက သိုင်းလောကနောက်ခံဆိုပေမဲ့ အချစ်ဇာတ်အိမ်မျိုးလည်းပါတဲ့စီးရီးပါ။ ဒီကားမှာ Twelve Letters ထဲမှာပါဝင်ခဲ့တဲ့ရှောင်ကောကော Zhou Yi Ran နဲ့ Whispers of fate၊ To Get Master ထဲမှာ ဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်ခဲ့တဲ့ချစ်စဖွယ်မင်းသမီးလေး Bao Shang En တို့က တွဲဖက်သရုပ်ဆောင်ထားပေးပါတယ်။ ဇာတ်လမ်းအညွှန်း >>> စုန်းကဝေတစ်ပါးဖြစ်လာမဲ့ ကံကြမ္မာပါလာသူ၊ ထက်မြက်ဖျတ်လတ်တဲ့မိန်းမပျိုလေး ချိုင်ကျောက်ဟာ ကိုယ့်ဆန္ဒမပါဘဲ လူအများ ကြည်ညိုလေးစားတဲ့ ချင်းချွဲဂိုဏ်းထဲ ဝင်ရောက်ခဲ့ရပါတယ်။ အဲဂိုဏ်းထဲမှာ မိသားစုတစ်ခုလုံးသတ်ဖြတ်ခံရမှုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ပြီး လူအများနဲ့ ကင်းကွာကာ သံသယစိတ်ကြီးလွန်းတဲ့ ချန်နင်ဆိုတဲ့ယောက်ျားပျိုနဲ့ ကံကြမ္မာအရဆုံတွေ့ခဲ့ပါတော့တယ်။ သူတို့နှစ်ဦးဟာ ရင်းနှီးလာတာနဲ့အမျှ ဂိုဏ်းရဲ့တင်းကျပ်လှတဲ့စည်းမျဉ်းတွေကြားမှာ ဖုံးကွယ်ထားတဲ့အန္တရာယ်တွေ၊ နှစ်ပေါင်းများစွာ မြှုပ်နှံပုန်းကွယ်နေတဲ့လျှို့ဝှက်ချက်တွေကို စတင်ဖော်ထုတ်ခဲ့ကြပါတယ်။ အဲအချိန်မှာပဲ သူတော်စင်ဂိုဏ်းတွေနဲ့မိစ္ဆာဂိုဏ်းတွေကြားမှာ ပဋိပက္ခတွေပိုများလာပါတယ်။ အဲလိုကိစ္စတွေများလာတာနဲ့အညီ ချန်နင်ရဲ့တကယ့်သရုပ်မှန်ဟာ တဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်။ ကိစ္စတွေရှုပ်ထွေးနေတဲ့ကြားမှာပဲ ချိုင်ကျောက်ဟာ ချန်နင်ကို မေတ္တာသက်ဝင်သွားရှာပါတယ်။ ချန်နင်ရဲ့သရုပ်မှန်ကိုသိလိုက်ရပြီးနောက် ချိုင်ကျောက်တစ်ယောက် အများကြီးထဲကမှ အမှားကြီးရွေးခဲ့မိတာလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်သံသယဝင်လာမိပါတယ်။ ချန်နင်ကလည်း သတိထားမိချိန်မှာ ချိုင်ကျောက်အပေါ် မေတ္တာယိုဖိတ်ပြီးကာကွယ်ပေးချင်လာပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်ချက်တွေကြားက ချစ်ရိပ်ငွေ့ငွေ့ဟာ စိုးထိတ်မှုတွေနဲ့အတူ ပေါက်ဖွားလာချိန်မှာတော့ သူတို့နှစ်ဦးရဲ့ချစ်ကြမ္မာဟာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အသည်းတယားယားမျှော်တလင့်လင့်နဲ့ ကြည့်ရှုအားပေးလိုက်ပါဦးနော်။ #GenerationToGeneration

Love Story in the 1970s 2026 အိပ်မက်လှေကားထက်က ချစ်သက်သေ စစ်မာကျောင်းကြောင့် ကျခဲ့ရတဲ့မျက်ရည်၊ ကွဲခဲ့ရတဲ့အသဲတို့ကို ဖန်းမုယန်
+7
Love Story in the 1970s 2026 အိပ်မက်လှေကားထက်က ချစ်သက်သေ စစ်မာကျောင်းကြောင့် ကျခဲ့ရတဲ့မျက်ရည်၊ ကွဲခဲ့ရတဲ့အသဲတို့ကို ဖန်းမုယန်နဲ့ ပြန်ဆက်ပြီး ပြန်‌ပျော်လို့ရပါပြီ ပြိတ်သတ်ရေ!!! မင်းသားချန်ဖေးယွီတစ်ယောက် SE ပဲအမြဲရိုက်နေရာကနေ အခုတစ်ခါမှာတော့ ချိုအီအီအချစ်ကားလေးတစ်ကားမှာ ပါဝင်ထားပါတယ်။ ချိုအီအီအချစ်ကားမို့ ယူတို့ရဲ့ချန်ဖေးယွီကို သူများဆီတော့ ပေးရမှာပေါ့နော်။ ဒီကားလေးက အတန်းဖော်ဆက်ဆံရေးကနေမှ ချစ်သူဆက်ဆံရေးကိုပြောင်းလာတဲ့ဇာတ်အိမ်လေးပါ။ ယူတို့တော့ ဒါမျိုးမရနိုင်ပါဘူးနော်။ ဒီကားမှာ ချန်ဖေးယွီနဲ့အတူ The Guilty၊ Legend of Magnate တို့မှာ Female Lead အဖြစ်ပါဝင်ခဲ့တဲ့ Sun Qian က ကမ်မီမိတာအပြင် ရူပဗေဒမိမိပါ သရုပ်ဆောင်ထားပါတယ်။ Friendship to Lover type မို့ ချန်ဖေးယွီရဲ့ချစ်တတ်မှုတစ်သိန်းကိုပါ အားကျရင်း ရင်ကျပ်မတတ်အချိုတွေစားရမဲ့စီးရီးလေးပါ သာ့ကျား...! ဇာတ်လမ်းအညွှန်း >>> ၁၉၇၀ ပြည့်လွန်နှစ်တွေဟာ ရှင်သန်ရုန်းကန်ဖို့ရာ အင်မတန်ခက်ခဲလွန်းလှပါတယ်။ အဲလိုအချိန်မှာ ဦးထုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေတဲ့ တက်ကြွထက်သန်တဲ့ အမျိုးသမီးအလုပ်သမားလေး ဖေးနီဟာ ကံကြမ္မာပြောင်းလဲဖို့ တက္ကသိုလ်တက်ရောက်ချင်သူလေးပါ။ ဖေးနီရဲ့အလယ်တန်းကျောင်းနေဖက်ဖြစ်သူ ဖန်းမုယန်ကတော့ လူ့အသက်ကိုကယ်တင်ရင်း ဒဏ်ရာရရှိခဲ့တာမို့ သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသူပါ။ ဖေးနီဟာ တက္ကသိုလ်တက်ဖို့ အထောက်အခံကောင်းရလိုတဲ့ရည်ရွယ်ချက်နဲ့ ဖန်းမုယန်ကို ပြုစုစောင့်ရှောက်ဖို့အတွက် ကိုယ်တိုင်ဦးစီးကာ တာဝန်ယူခဲ့ပေမဲ့ မျှော်လင့်ချက်တွေဟာ တစ်စစီကျိုးပဲ့ခဲ့ရပါတယ်။ လက်တွေ့ဘဝမှာ ဖိအားတွေက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့တဲ့အပြင် မောင်ဖြစ်သူ မင်္ဂလာဆောင်ပြီးနောက် နေထိုင်စရာအိမ်ကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ ဖေးနီဟာ ဖန်းမုယန်ကို ဟန်ဆောင်လက်ထပ်ရန်တောင်းဆိုခဲ့ရရှာတာ‌ပေါ့။ အဲလိုနဲ့ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် သူတို့နှစ်ဦးဟာ ကိုယ်ပိုင်အိမ်ခန်းလေးတစ်ခုရရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဦးလုံးဟာ ကုတင်အပေါ်ထပ်အောက်ထပ်မှာ သီးခြားစီအိပ်တဲ့အကြင်လင်မယားအဖြစ် နေထိုင်ခဲ့ကြပြန်ပါတယ်။ သူတို့နှစ်ဦး အခက်အခဲတွေကို အတူတကွရင်ဆိုင်ရင်း အိပ်မက်တွေ အကောင်အထည်ပေါ်အောင် အချင်းချင်း အားပေးကူညီခဲ့ကြပါတယ်။ သူတို့ရဲ့ဘဝလမ်းခရီးမှာ အဖုအထစ်များစွာရှိခဲ့ပေမဲ့ ရိုးရှင်းပြီး နွေးထွေးတဲ့နေ့စဉ်အဖြစ်အပျက်တွေကြားမှာ စစ်မှန်တဲ့မေတ္တာတရားဟာလည်း တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပါတော့တယ်။ ဖန်းမုယန် : အခုချိန်မှာ ကုတင်အပေါ်ထပ်အောက်ထပ်ခွဲအိပ်နေရပေမဲ့ မင်းရဲ့အိပ်မက်တွေက ငါ့အိပ်မက်တွေပဲ ဖေးနီ။ မင်း တက္ကသိုလ်တက်နိုင်ဖို့အတွက် ငါက လှေကားတစ်စင်းဖြစ်ပေးပါ့မယ်။ မင်း ရှေ့ကိုသာ ရဲရဲလျှောက်၊ ငါ မင်းရဲ့နောက်မှာ အမြဲရှိနေပေးမှာပါ။ ဖေးနီ : ဒီခေတ်ကြီးမှာ အချစ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့စကားလုံးတွေ မဟုတ်ဘူး။ မနက်ခင်းမှာ တစ်ယောက်အတွက်တစ်ယောက် ရေနွေးနွေးလေးပြင်ဆင်ပေးတာမျိုး အခက်အခဲကြုံတဲ့အခါ လက်တွဲမဖြုတ်တမ်းရှိနေပေးတာမျိုး ဒီလောက်ပါပဲ။ အဲဒါကပဲ ကျွန်မအလိုရှိတဲ့ အချစ်လေ။ ဒီစီးရီးလေးဟာ သိပ်လှတဲ့အချစ်ပန်းချီကားတစ်ချပ်သဖွယ် ကြည့်ရှုသူရင်ထဲ ဖြည်းဖြည်းချင်းစိမ့်ဝင်မှာမို့ မကြည့်ရင်တော့ C drama fan ဖြစ်ရကျိုးမနပ်ပါဘူးနော်။ #LoveStoryInThe1970s

How Dare You!?(2026) ကြမ္မာမှားတဲ့ချစ်ဖူးစာ ရှန်းရှ Fantasy ကိုမှ Rom-Com ကြိုက်ရင်တော့ အခု‌ညွှန်းပေးမဲ့စီးရီးလေးကို မဖြစ်မနေ
+9
How Dare You!?(2026) ကြမ္မာမှားတဲ့ချစ်ဖူးစာ ရှန်းရှ Fantasy ကိုမှ Rom-Com ကြိုက်ရင်တော့ အခု‌ညွှန်းပေးမဲ့စီးရီးလေးကို မဖြစ်မနေကြည့်မှရမယ်နော်! ဒီစီးရီးက Donghua အနေနဲ့ အရင်ထွက်ခဲ့တာဖြစ်သလို အတော်လေးလည်းပေါက်ခဲ့ပါတယ်။ အခုကတော့ C drama Series အနေနဲ့ ထွက်ရှိလာတာပါ။ ရှန်းရှ Fantasy ဆိုပေမဲ့ ကမ္ဘာကူးဇာတ်လမ်းဖြစ်တဲ့အပြင် MC နှစ်ယောက်ရဲ့အလွဲတွေကိုပါ ရယ်ရွှင်ဖွယ်မျိုးရိုက်ကူးထားလို့ Rom-Com ချစ်သူတွေအနေနဲ့ ကြည့်သင့်တဲ့ကားသစ်လေးပါပဲ။ MC တွေအဖြစ် အရမ်းမိုက်တဲ့ရှောင်ကောကော Cheng Lei နဲ့ မမလှလှလေး Wang Chu Ran တို့က ပါဝင်ထားကြပါတယ်။ နှစ်‌ယောက်လုံးရဲ့သက်ဝင်ဟန်ပန်တွေက ပြောစရာမလိုအောင် ပြည့်စုံနေပြီးသားမို့ ဇာတ်လမ်းက ဘယ်လိုတွေဖြစ်မလဲသိချင်ရင် မဖြစ်မနေကြည့်ကြပါ သာ့ကျားးး! ဇာတ်လမ်းအညွှန်း >>> လုပ်ငန်းခွင်ထဲက အတွေ့အကြုံနုနယ်သေးတဲ့ ဝန်ထမ်းအသစ်လေး ဝမ်ချွေဟွာဟာ မထင်မှတ်ဘဲ ဝတ္ထုကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ သူ့လိုပဲ တခြားကမ္ဘာကနေ ကူးပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်တဲ့ ကျန်းဆန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းဆန်းကတော့ သာမန်လူမဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကတည်းက အချိန်အခါကောင်းကိုစောင့်ဆိုင်းရင်း အစွမ်းအစတွေကိုဖုံးကွယ်ထားတဲ့ "လျှို့ဝှက်ဘုရင်" တစ်ပါး ဖြစ်နေပါတယ်။ တစ်ယောက်က ကံကြမ္မာကို ရုန်းကန်ကျော်ဖြတ်ချင်သူ၊ နောက်တစ်ယောက်ကတော့ ဟန်ဆောင်မှုတွေရဲ့နောက်ကွယ်မှာ အင်အားတွေကို ဖုံးကွယ်ထားသူ... သူတို့နှစ်ဦးဟာ ဒီဝတ္ထုကမ္ဘာထဲမှာ အသက်ရှင်သန်နိုင်ဖို့အတွက် အင်အားချင်းပူးပေါင်းခဲ့ကြပါတယ်။ လှည့်ကွက်တွေနဲ့သစ္စာဖောက်မှုတွေကြားမှာ ရန်သူတွေကို ရင်ဆိုင်ရရုံတင်မကဘဲ သူတို့နှစ်ဦးထဲကတစ်ယောက်ဟာ သူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ သာယာဝပြောတဲ့ကမ္ဘာသစ်ကြီးကို မြင်တွေ့ခွင့်ရမှာမဟုတ်ဘူး" ဆိုတဲ့ ရက်စက်လွန်းလှတဲ့နိမိတ်ဖတ်ချက်ကိုလည်း ရင်ဆိုင်ကျော်ဖြတ်ကြရမှာပါ။ ဇာတ်လမ်းက ကမ္ဘာကူးတာကိုမှ ဟာသအလွဲတွေအပြင် အလွမ်းလေးပါ ရောနှောထားတဲ့ပုံစံမျိုးဆိုတော့ တကယ်ကို ရင်ခုန်စရာကောင်းမှာအသေအချာပါပဲ။ ရသစုံရှိုးထက်ကို စုံလင်လှတဲ့ C drama ကောင်းတစ်ခုကိုရှာနေရင် ဒီစီးရီးလေးက လူကြီးမင်းတို့အတွက်ပါပဲနော်...! #HowDareYou

Unveil : Jadewind (2026) လေညင်းသွေးတဲ့ကျောက်စိမ်းပဟေဠိ ဒီတစ်ခါ တင်ဆက်ပေးသွားမှာလေးကတော့ နန်းတွင်းနောက်ခံလျှို့ဝှက်ဆန်းကြယ်မှု
+9
Unveil : Jadewind (2026) လေညင်းသွေးတဲ့ကျောက်စိမ်းပဟေဠိ ဒီတစ်ခါ တင်ဆက်ပေးသွားမှာလေးကတော့ နန်းတွင်းနောက်ခံလျှို့ဝှက်ဆန်းကြယ်မှုတွေကို အဖြေရှာကြမဲ့ C drama ကောင်းတစ်ခုပါ။ ထန်မင်းဆက်ခေတ်က နန်းတွင်းအမျိုးသမီးတွေရဲ့ဖိနှိပ်ခံရမှုနဲ့ရုန်းကန်ရမှုတွေကို အမှုစစ်ဆေးရင်းနဲ့ ပုံဖော်သွားမဲ့ပုံစံက တကယ့်ကို ရင်နင့်စိတ်လှုပ်ရှားစရာကောင်းမှာ အမှန်ပါပဲ။ ဒီကားမှာဆိုရင် Fued, Moonlight Mystique တို့မှာ နတ်ဘုရားမအဖြစ်ပါဝင်ခဲ့တဲ့ မမပိုင်လုနဲ့ Detective ဇာတ်ရုပ်ကို လုံးဝပြီးပြည့်စုံစေတဲ့ ဝမ်ရှင်းယွဲ့တို့က ကမ်မီမိမိပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> မီးထွန်းပွဲတော်ကျင်းပနေတုန်း မင်းသမီး ဟွမ်စစ်ဟာ နန်းတွင်းပွဲတော်တစ်ခုမှာ ထူးဆန်းစွာကွယ်လွန်သွားခဲ့ပါတယ်။ အဲအမှုကိုစုံစမ်းစစ်ဆေးဖို့ ကိုယ်ရံတော်ချုပ် လီဖေးယီနဲ့ လင်ထိုင်လန်အရာရှိ ရှောင်ဟွိုင်ကျင်းတို့က တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ မင်းသမီးကိုယ်တိုင်က လူသတ်သမားဖြစ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ သူဟာ သစ္စာဖောက်ခံရခြင်းနဲ့မတရားစွပ်စွဲခံရခြင်းတို့အတွက် လက်စားချေတဲ့အနေနဲ့ သစ္စာဖောက်ခဲ့သူနဲ့ အာဏာရှိမိသားစုမှသမီးဖြစ်သူတို့ကို အပြစ်ပေးခဲ့ပြီးနောက် မလိုလားအပ်တဲ့ လက်ထပ်ထိမ်းမြားမှုကံကြမ္မာမှလွတ်အောင် ဖုန်းလိုင်စင်မြင့်ထက်ကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့တာပါ။ အဲနောက် လီဖေးယီနဲ့ရှောင်ဟွိုင်ကျင်းတို့ဟာ နန်းတွင်းအတွင်းဆောင်တွေက ထူးဆန်းတဲ့အမှုပေါင်းများစွာကို ဆက်လက်ဖော်ထုတ်ရင်း ထန်မင်းဆက်ခေတ် နန်းတွင်းအမျိုးသမီးတွေရဲ့ခါးသီးလှတဲ့ဘဝကို ရှာဖွေတွေ့ရှိခဲ့ကြပါတော့တယ်။ အဲဖြစ်စဉ်တွေအတွင်း လီဖေးယီက လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက လူသတ်မှုတစ်ခုရဲ့အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပြီး အမတ်ချုပ်ကြီးနဲ့ကိုယ်လုပ်တော်တစ်ဦးတို့ ပါဝင်ပတ်သက်နေတဲ့ ကြီးမားလှတဲ့လုပ်ကြံမှုအစီအစဉ်ကြီးကိုလဲ လူသိရှင်ကြားဖွင့်ချနိုင်ခဲ့ရာမှ... လီဖေးယီတစ်ယောက် ဘယ်လိုတွေအခက်အခဲဖြစ်မလဲ? ရှောင်ဟွိုင်ကျင်းကရော လီဖေးယီကို ဘာလို့ကူညီနေတာလဲ? ဒီလိုစိတ်ဝင်စားစရာတွေအပြင် အမှုတွေက တစ်ခုနဲ့တစ်ခုဆက်လာတဲ့အခါ... ကြည့်ရင်းအသဲတယားယား၊ ရင်ခုန်ဖင်တုန်ချင်ရင်တော့ ဒီစီးရီးက must watch ပါပဲ ပြိတ်သတ်ရေ...! #Unveil_JadeWind

The Truth (2026) လေပွေလှိုင်းရဲ့ကျန်ရစ်ခြေရာ ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအသည်းစွဲ မင်းသားချော Gong Jun ရဲ့အမှုလိုက်ဇာတ်ကားသစ်လ
+9
The Truth (2026) လေပွေလှိုင်းရဲ့ကျန်ရစ်ခြေရာ ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအသည်းစွဲ မင်းသားချော Gong Jun ရဲ့အမှုလိုက်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်း နယ်မြေတစ်ဝိုက်က ထူးဆန်းရှုပ်ထွေးတဲ့ အမှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူထားတဲ့ Yunxi ရဲဌာနရာဇဝတ်မှုစုံစမ်းရေးနည်းပညာအဖွဲ့က အရည်အချင်းရှိတဲ့စစ်ဆေးရေးအရာရှိ Ye Qian …. ခေါင်းဆောင်ဖြစ်သူ Leng Qi Ming ရဲ့ ဦးဆောင်မှုအောက်မှာ Ye Qian နဲ့ အဖွဲ့သားတွေဟာ တရားမျှတမှု လက်ကိုင်ထားပြီးတော့ ပြစ်မှုတွေကို အတူတကွ ဖြေရှင်းကြပါတော့တယ် အဖွဲ့သားတစ်ဦးစီတိုင်းရဲ့ထူးခြားတဲ့အရည်အချင်းတွေကို အသုံးချပြီးတော့ နက်နဲရှုပ်ထွေးတဲ့အမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာရယ် အမှုတစ်ခုချင်းစီဟာ ချိတ်ဆက်ထားပြီးတော့ အပိုင်းတိုင်း suspense ပုံစံနဲ့ဆွဲဆောင်သွားမဲ့ပုံစံမျိုးမလို့ စိတ်ဝင်တစားစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် #TheTruth

Born To Be Alive (2026) ကုန်းပြင်မြင့်ရဲ့အာဂမိန်းမပျို ဒီတစ်ခါ တင်ဆက်ပေးသွားမှာလေးကတော့ တရုတ်နိုင်ငံအနောက်ပိုင်းက လှပတဲ့တိဗက်
+9
Born To Be Alive (2026) ကုန်းပြင်မြင့်ရဲ့အာဂမိန်းမပျို ဒီတစ်ခါ တင်ဆက်ပေးသွားမှာလေးကတော့ တရုတ်နိုင်ငံအနောက်ပိုင်းက လှပတဲ့တိဗက်ကုန်းပြင်မြင့်ဆိုတဲ့နေရပ်ဒေသကို ကာကွယ်ဖို့ ကြိုးစားအားထုတ်ခဲ့တဲ့မိန်းမငယ်တစ်ဦးအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့စီးရီးသစ်လေးပါ။ ဒီဇာတ်လမ်းမှာ သူဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်တွေ၊ တည်ဆောက်ခဲ့တဲ့လူမှုဆက်ဆံရေးတွေအပေါ် အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ MC တွေအနေနဲ့ Yang Zi နဲ့ Hu Ge တို့က ပါဝင်သရုပ်ဆောင်ထားပေးပြီး Life Drama အမျိုးအစားမို့ ပရိသတ်တို့အကြိုက်တွေ့မှာ အသေအချာပါပဲ! --- ဇာတ်လမ်းအညွှန်း >>> တိဗက် - ချင်းဟိုင်လမ်းမကြီးစီမံကိန်းရဲ့အဖွဲ့ခေါင်းဆောင် ပိုင်ကောကန်းနဲ့ သူ့ဇနီး ကျန်းချင်ချင်တို့ဟာ လမ်းပျောက်နေတဲ့မိန်းကလေးငယ်လေးတစ်ဦးကိုမွေးစားခဲ့ပြီး သမီးအရင်းသဖွယ် စောင့်ရှောက်ခဲ့ကြပါတယ်။ သူတို့ဇနီးမောင်နှံက အဲမိန်းမငယ်လေးကို ပိုင်ကျွီလို့ အမည်ပေးခဲ့ပါတယ်။ ဂိုဘီသဲကန္တာရထဲမှာကြီးပြင်းလာခဲ့တဲ့ ပိုင်ကျွီဟာ ပိုင်မိသားစုရဲ့ကိုယ်ကျိုးမဖက်တဲ့ပေးဆပ်မှုတွေအပေါ် စိတ်လှုပ်ရှားလေးစားခဲ့သလို ဒီရိုးရှင်းတဲ့မြေကမ္ဘာကြီးရဲ့ပြုစုပျိုးထောင်မှုကိုလည်း အပြည့်အဝခံယူခဲ့ရပါတယ်။ သူ အရွယ်ရောက်လာတဲ့အခါမှာတော့ ရဲအရာရှိတစ်ဦးဖြစ်လာခဲ့ပြီး တောင်တန်းကင်းလှည့်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီလိုမျိုးတွေကြောင့် ဇာတိမြေကို ချစ်စိတ်တွေဟာ ပိုင်ကျွီရဲ့ရင်ထဲ ကိန်းအောင်းလာခဲ့ပါတော့တယ်။ ဒါပေမဲ့ မွေးရပ်မြေကို အပိုင်ကြံချင်သူတွေရောက်လာချိန်မှာတော့ ပိုင်ကျွီတစ်ယောက် ချစ်ရတဲ့ဒေသကို ဘယ်လိုကာကွယ်သွားမလဲ သူ့မိဘအရင်းတွေကရော ဒီကိစ္စနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို အသေအချာကြည့်ချင်ရင်တော့ ဒီစီးရီးလေးကို မဖြစ်မနေအားပေးသင့်ပါပြီ ပြိတ်သတ်ရေ...! #BornToBeAlive

အနှိုင်းမဲ့ သိုင်းလောက (少年歌行之天下无双) The Blood of Youth: Quest of Heroic Hearts ဇာတ်လမ်းအကျဉ်း သိုင်းလောကရဲ့ ငြိမ်သက်ခြင်းကို ဖ
+4
အနှိုင်းမဲ့ သိုင်းလောက (少年歌行之天下无双) The Blood of Youth: Quest of Heroic Hearts ဇာတ်လမ်းအကျဉ်း သိုင်းလောကရဲ့ ငြိမ်သက်ခြင်းကို ဖြိုခွင်းလိုက်တာကတော့ တစ်ချိန်က ပျောက်ဆုံးနေခဲ့တဲ့ "ဧကရာဇ်ရဲ့ဓား" ပြန်လည်ပေါ်ထွက်လာခြင်းပါပဲ ဒီဓားနောက်ကို လိုက်ရင်း ကိုယ့်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ချင်နေတဲ့ အေးစက်တည်ငြိမ်တဲ့ သိုင်းသမား Wei Gui တစ်ယောက်  လူငယ်လေး Lei Lingze နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ရည်မှန်းချက်ကိုယ်စီနဲ့ ဓားကိုရှာဖွေဖို့ ခရီးအတူထွက်ခဲ့ကြပြီး လမ်းခရီးမှာ လှပပြီး လျှို့ဝှက်တဲ့ သိုင်းသူရဲကောင်းမလေး Ye Zhixin နဲ့ ပုံပြောကောင်းသူ Hua Xiaohua တို့နဲ့ တွေ့ဆုံခဲ့ကြပါတယ် ဒီလိုနဲ့ သေအတူရှင်မကွာ ခရီးသွားရင်း သူတို့ကြားမှာ နက်ရှိုင်းတဲ့ သူငယ်ချင်းသံယောဇဉ်တွေရိုးသားတဲ့ မေတ္တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီခရီးလမ်းရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ယုံကြည်ရတဲ့ သူငယ်ချင်းမလေး Ye Zhixin က အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့တဲ့ "မိစ္ဆာဂိုဏ်းချုပ်" ဖြစ်နေပြီး သူတို့ရဲ့ ခရီးစဉ်တစ်ခုလုံးဟာ သူ့ရဲ့ အကွက်ကျကျ ကြံစည်မှုတွေသာ ဖြစ်နေခဲ့တဲ့အခါ ....... ယုံကြည်ရသူရဲ့ သစ္စာဖောက်မှုနဲ့ Xiaohua ရဲ့ ဝမ်းနည်းဖွယ် သေဆုံးမှုက Wei Gui နဲ့ Lei Lingze တို့ကို အကြီးအကျယ် စိတ်ဒဏ်ရာ ရစေခဲ့ပါတယ် တစ်လောကလုံး အန္တရာယ်ကျရောက်နေတဲ့ ဒီထောင်ချောက်ကြီးထဲကနေ သူတို့နှစ်ယောက် ဓားချင်းပေါင်းပြီး ဘယ်လိုရုန်းထွက်မလဲ? သိုင်းလောကရဲ့ အရုဏ်ဦးကိုရော ဘယ်လိုပြန်လည် ကာကွယ်မလဲဆိုတာကို အတူစောင့်ကြည့်လိုက်ကြရအောင် Native Title: 少年歌行之天下无双 Also Known As: Shao Nian Ge Xing Zhi Tian Xia Wu Shuang , 少年歌行之天下無雙 Genres: Wuxia Episodes: 24 Original Network: Youku #miniseries #SoulKingdom #少年歌行之天下无双

အရိပ်ထက်မှ ပုဏ္ဏရိတ်ပန်း Glory in Shadows 荣华令 ရှန်အိမ်တော်ရဲ့ အကြီးဆုံးတရားဝင်သမီးဖြစ်တဲ့ ရှန်ယောင်ချူးက သေသွားတဲ့စစ်သူကြီး လ
အရိပ်ထက်မှ ပုဏ္ဏရိတ်ပန်း Glory in Shadows 荣华令 ရှန်အိမ်တော်ရဲ့ အကြီးဆုံးတရားဝင်သမီးဖြစ်တဲ့ ရှန်ယောင်ချူးက သေသွားတဲ့စစ်သူကြီး လီကျင့်ချွမ်းနဲ့ အတင်းအကြပ်ဖိအားပေးလက်ထပ်ပေးခြင်းကိုခံခဲ့ရပါတယ်။ အတူတကွမြေမြှုပ်ခံရမဲ့ဆဲဆဲမှာပဲ သေသွားပြီလို့သိထားကြတဲ့ စစ်သူကြီးလီကျင့်ချွမ်းက သေရွာကနေပြန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရှန်းယောင်ချူဟာ မတရားစွပ်စွဲခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ သူရဲ့ အမေအတွက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ထားသူပါ။ဒါကြောင့်ပဲ လီကျင့်ချွမ်းနဲ့ပူးပေါင်းပြီးတော့ အမှန်တရားကို စစ်ဆေးရှာဖွေဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ရည်ရွယ်ချက်ကိုယ်စီရှိကြတဲ့ သူတို့နှစ်ယောက်က အစပိုင်းမှာ တစ်ယောက်ကိုတစ်ယောက် အသုံးချဖို့ သဘောတူညီချက်ထားထားပေမဲ့ နောက်ပိုင်းမှာတော့ နှလုံးသားချင်းဆက်နွယ်မိသွားတဲ့အခါ.... သူတို့နှစ်ဦးဟာ အိမ်တော်တွင်းက ယုတ်မာတဲ့ မိထွေးရဲ့ အကောက်ကြံမှုတွေကိုဖယ်ရှားရင်း ပဟေဠိဆန်ဆန်လျှို့ဝှက်ချက်တွေကိုဆက်တိုက်ဆိုသလိုဖော်ထုတ်ခဲ့ကြတဲ့အခါ... အန္တရာယ်လမ်းကြားမှာပဲ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေတိုးပွားလာခဲ့တဲ့အခါ... အမှန်တရားကိုဖော်ထုတ်နိုင်ပြီး သူတို့ရဲ့ ရည်မှန်းချက်ဆီကိုသွားနိုင်မလား? တစ်ယောက်ကိုတစ်ယောက် ဘယ်လိုတွယ်ညှိသွားကြမလဲဆိုတာ... ကဲ သိချင်ရင်တော့ Soul ကနေမကြာခင်တင်ဆက်ပေးတော့မှာဖြစ်လို့အားလုံးစောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော် 🦦 Native Title : 荣华令 English Title : Glory in Shadows Starring : Wu Jia Yi , Dong Zi Fan Episodes: 24 Original Network: Tencent Video #ReviewBylittlefish #荣华令 #SoulKingdom #GloryinShadows

How to Train Your Killer မျက်နှာဖုံးအောက်က မိဖုရား 青瑶不想当杀手 အညွှန်း ဒီကားလေးကတော့ ဝိညာဉ်လဲသွားတဲ့ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တ
+4
How to Train Your Killer မျက်နှာဖုံးအောက်က မိဖုရား 青瑶不想当杀手 အညွှန်း ဒီကားလေးကတော့  ဝိညာဉ်လဲသွားတဲ့ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အထူးသင့်တော်မယ့် Drama လေးတစ်ခုပါပဲ။ ဇာတ်လမ်းအစမှာတင် Gu Qingyao ဆိုတဲ့ မိန်းမလှလေးဟာ အိမ်ရှေ့စံ ရဲ့ ကြင်ရာတော်အဖြစ် တင်မြှောက်ခံရပြီး မင်္ဂလာဦးညမှာပဲ ရင်ခုန်စရာ အလွဲလေးတွေ စတင်ပါတော့တယ်။ မင်္ဂလာဦးညမှာ သွေးအေးလူသတ်သမား Shi Yi က ခင်ပွန်းသည် အိမ်ရှေ့စံကို လုပ်ကြံဖို့ ရောက်ရှိလာရာကနေ သူတို့နှစ်ယောက် မထင်မှတ်ဘဲ ဝိညာဉ်ချင်း လဲသွားခဲ့ကြပါတယ်။ နန်းတွင်းစည်းကမ်းတွေနဲ့ နေရမယ့် အိမ်ရှေ့စံကြင်ရာတော်နေရာမှာ သွေးအေးလူသတ်သမား Shi Yi ရောက်သွားပြီး၊ သေရေးရှင်ရေးကြားက လူသတ်သမားနေရာကိုတော့ကြင်ရာတော် Gu Qingyao ရောက်သွားတဲ့အခါ.... Gu Qingyao တစ်ယောက် သူ့ရဲ့ ခင်ပွန်းသည် အိမ်ရှေ့စံ ကို ကာကွယ်ဖို့အတွက် Shi Yi နဲ့ ဘယ်လိုတွေ ဉာဏ်ပြိုင်ကြမလဲ၊ နန်းတွင်းနဲ့ သိုင်းလောကကြားက ရှုပ်ထွေးပွေလီလှတဲ့ လုပ်ကြံမှုတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လို ရုန်းကန်ကြမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အိမ်ရှေ့စံ နဲ့ ကြားက အချစ်ဇာတ်လမ်း၊ နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေနဲ့ Action ခပ်မိုက်မိုက်တွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းလေး တစ်ကားပါ။ Title: Qing Yao Bu Xiang Dang Sha Shou Genres: Historical, Romance Episodes: 30 Original Network: Tencent Video,Wetv #青瑶不想当杀手