en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 435 subscribers, ranking 18 065 in the Movies category and 8 662 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 435 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 113 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.64%. Within the first 24 hours after publication, content typically collects 3.17% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 187 views. Within the first day, a publication typically gains 490 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 435
Subscribers
+324 hours
+337 days
+11330 days
Posts Archive
Born with luck (2026) ဘဝလှိုင်းကြမ်းကြားက ပြုံးရိပ်ယောင်ရပ်ဝန်းများ ဒီတစ်ခါမိတ်ဆက်‌ပေးချင်တဲ့ ဇာတ်လမ်းတွဲကတော့ နာမည်ကျော်စာရေ
+9
Born with luck (2026) ဘဝလှိုင်းကြမ်းကြားက ပြုံးရိပ်ယောင်ရပ်ဝန်းများ ဒီတစ်ခါမိတ်ဆက်‌ပေးချင်တဲ့ ဇာတ်လမ်းတွဲကတော့ နာမည်ကျော်စာရေးဆရာတစ်ဖြစ်လဲ The Bad Kids, The Long Night တို့ရဲ့ဖန်တီးရှင် Zi Jin Chen ရေးသားထားတဲ့ Di Zhi Shang Fan Zui ဆိုတဲ့ဝတ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးအသစ်‌လေးပါ။ ဒီကားက ပုံမှန်စုံထောက်ကားတွေနဲ့မတူဘဲ Black Comedy အမျိုးအစားဖြစ်တာမို့ ကြည့်ရှုသူအတွက် တမူထူးခြားနေမှာကျိန်းသေပါပဲ။ အဓိကသရုပ်ဆောင်တွေအဖြစ် Wang Xiao၊ POJ (Pursuit of Jade) မှာ လင်ထိပ်ထားစံလေးဖြစ်ခဲ့တဲ့ မမ Tian Xiwei တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဝါရင့်စုံထောက်ကြီးကျန်းယီအန်းဟာ သတင်းပေးချက်တစ်ခုကြောင့် Sanjiangkou မြို့လေးကို အမှုစစ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ သူ ရောက်ပြီးမကြာခင်မှာပဲ ရဲအရာရှိတစ်ယောက် အသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပါ လူသတ်မှုမှာ သံသယတရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတယ်။ သူ့နာမည်ဂုဏ်သတင်းကို ပြန်လည်ရှင်းလင်းဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်ထားတဲ့အလွဲအချော်တွေကြားကနေ လူသတ်တရားခံကို ဖမ်းမိသွားပြီး မြို့ရဲ့သူရဲကောင်းစုံထောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မြို့ထဲက အဂတိလိုက်စားမှုတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ကျိုးရုန်ဦးဆောင်တဲ့ ကြီးမားတဲ့ရာဇဝတ်ဂိုဏ်းကြီးကို ဆက်လက်စုံစမ်းပါတော့တယ်။ ဒီဇာတ်လမ်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ ခပ်မိုက်မိုက်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့သူခိုးတစ်စုရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေဟာ စုံထောက်ကြီးရဲ့အမှုဖော်ထုတ်ချက်တွေမှာ မမျှော်လင့်ဘဲ အကြီးအကျယ်အထောက်အကူဖြစ်စေခဲ့တာပါပဲ။ ဒီတော့ ကံအကောင်းဆုံးစုံထောက်နဲ့ ကံအဆိုးဆုံးသူခိုးတွေရဲ့လွဲချော်မှုတွေကြားမှာ ကြီးမားတဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုရမှာမို့ ဦးနှောက်တူးရင်း ရယ်ရင်းမောရင်းစီးမြောလိုက်ကြပါဦးနော်။ #BornWithLuck

Fascination 2026 စွဲလမ်းမှုထောင်ချောက် ဒီတခါ မိတ်ဆက်ပေးချင်တာကတော့ လှည့်စားမှုတွေ၊ ပြိုင်ဆိုင်မှုတွေကြားကနေ ပေါက်ဖွားလာတဲ့ အခ
+5
Fascination 2026 စွဲလမ်းမှုထောင်ချောက် ဒီတခါ မိတ်ဆက်ပေးချင်တာကတော့ လှည့်စားမှုတွေ၊ ပြိုင်ဆိုင်မှုတွေကြားကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ထိန်းချုပ်ချယ်လှယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့အပြင် ရင်ခုန်စရာကောင်းတဲ့ ဆက်ဆံရေးကို မြင်တွေ့ရမယ့် ဇာတ်အိမ်မျိုးလေးပါ။ ဇာတ်လမ်းအညွှန်း >>> လင်မော့ချင်း (Lin Mo Qing) ဟာ တန်ခိုးဩဇာကြီးမားတဲ့ မိသားစုကို ရင်ဆိုင်ဖို့ ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လန်ဟယ့်ဝေး (Lan He Wei) ကို ချယ်လှယ်ပြီး လေ့ကျင့်သင်ကြားပေးဖို့အတွက် တခြားလူတစ်ယောက်အနေနဲ့ အသွင်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ လှည့်စားမှုတွေ၊ ပြောင်းလဲသွားတဲ့ မဟာမိတ်တွေနဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ထိပ်တိုက်တွေ့ဆုံလာချိန်မှာတော့ လန်ဟယ်ဝေ့ဟာ သူထင်ထားတာထက် အများကြီးပိုပြီး စွမ်းဆောင်နိုင်စွမ်းရှိသူဖြစ်နေကြောင်း သက်သေပြလာပါတယ်။ မဟာဗျူဟာကျကျ ထိန်းချုပ်ကစားတဲ့ ကစားပွဲတစ်ခုအနေနဲ့ စတင်ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ပြိုင်ဆိုင်မှုတွေရော၊ ဆွဲဆောင်မှုတွေပါ ရောထွေးလာပြီး ကြိုတင်ခန့်မှန်းလို့မရတဲ့ တင်းမာတဲ့ ဆက်ဆံရေးတစ်ခုအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ နောက်ဆုံးမှာ ဘယ်သူက အသာစီးရပြီး အနိုင်ရသွားမလဲဆိုတာကို ဘယ်သူမှ ကြိုတင်မတွေးဆနိုင်လောက်အောင်ပါပဲ။ ဒီစီးရီးလေးက လှည့်စားမှုတွေနဲ့ မဟာဗျူဟာတွေကြားကနေ ပြိုင်ဆိုင်ရင်း သံယောဇဉ်ဖြစ်လာတာကလဲ ကြည့်ရတာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာမို့ C drama fan တွေ ကြည့်ရှုနိုင်ဖို့အတွက်လက်တို့ပေးလိုက်ရပါတယ် #Fascination

A Splendid Match 2026 ခမ်းနားထည်ဝါ အချစ်ဖူးစာ C drama fan တို့ကို ယခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Historical Romance အမျိုးအစာ
+9
A Splendid Match 2026 ခမ်းနားထည်ဝါ အချစ်ဖူးစာ C drama fan တို့ကို ယခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Historical Romance အမျိုးအစား Series သစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း >>> (Gu) မိသားစုရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ ကုကျင်းကျောက်ဟာ မွေးကတည်းက အဘိုးအဘွားတွေအိမ်မှာပဲ ကြီးပြင်းလာခဲ့ရသူပါ။ အရင်းအခေါက် မိဘတွေက သူမကို ဂရုမစိုက်ကြပေမဲ့ အဘွားဖြစ်သူရဲ့ အချစ်တွေနဲ့ ကြီးပြင်းလာရတာမို့ ကုကျင်းကျောက်ဟာ လွတ်လွတ်လပ်လပ်နဲ့ သူမလုပ်ချင်တာကိုသာ ရဲရဲဝင့်ဝင့် လုပ်တတ်သူတစ်ယောက်ဖြစ်လာပါတယ်။ မိသားစုဆီပြန်ရောက်လာတဲ့အခါမှာလည်း ဘယ်သူ့ကိုမှ အလျှော့မပေးဘဲ ပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ သာမန်မိန်းကလေးတွေနဲ့မတူဘဲ ထူးခြားထက်မြက်တဲ့ သူမရဲ့စရိုက်ကြောင့် အမတ်ကြီး ချန်စန်းယဲ့ (Chen San Ye)၊ သခင်လေး ယဲ့ရှန် (Ye Xian) နဲ့ လူကြီးလူကောင်းဆန်တဲ့ ချန်ရွှမ်ချင်း (Chen Xuan Qing) တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်လာရင်လည်း ကိုယ်ပိုင်ခံယူချက်ရှိတဲ့ ကုကျင်းကျောက်ဟာ သူမရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး လွတ်လပ်ခွင့်ပေးတဲ့ အမတ်ကြီး ချန်စန်းယဲ့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ လက်ထပ်ပြီးနောက်မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူကို ဝန်ကြီးချုပ်ရာထူးအထိ တက်လှမ်းနိုင်အောင် ကူညီပံ့ပိုးပေးနိုင်တဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ချန်စန်းယဲ့နဲ့အတူ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရင်း ငြိမ်းချမ်းသာယာတဲ့ ခေတ်ကာလတစ်ခုကို အတူတူဖန်တီးပုံတွေကို မြင်တွေ့ရမှာပါ။ ဒီစီးရီးလေးက ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ခိုင်မြဲတဲ့အချစ်ရေးကို သမိုင်းနောက်ခံကျကျ ရိုက်ကူးထားတာမို့ C drama fan တွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်မှာ အသေအချာပါပဲ။ #ASplendidMatch

လရောင်ခြုံလွှမ်း ချစ်ခရီးလမ်း (月明千里) In the Moonlight (2026) "လူ့လောကရဲ့ ကိလေသာတွေကို ဖြတ်တောက်နိုင်ခဲ့တဲ့ ကိုယ်ဟာ မင်းနဲ့ပတ်
လရောင်ခြုံလွှမ်း ချစ်ခရီးလမ်း (月明千里) In the Moonlight (2026) "လူ့လောကရဲ့ ကိလေသာတွေကို ဖြတ်တောက်နိုင်ခဲ့တဲ့ ကိုယ်ဟာ မင်းနဲ့ပတ်သက်လာရင်တော့ သာမန်လူသားတစ်ယောက်သာသာပါပဲ" --- လော်ကျား --- "တစ်လောကလုံးက ကျွန်မကို ကျောခိုင်းသွားချိန်မှာတောင်... ရှင်ကတော့ ကျွန်မအတွက် အနွေးထွေးဆုံး လုံခြုံရာအရိပ်လေးတစ်ခုအဖြစ် ရှိနေပေးခဲ့တယ်" --- လီယောင်ယင်း --- ဘုရားတရားကိုပဲ သိပြီး ကိလေသာကင်းစင်လွန်းလှတဲ့ ဘုရင်တစ်ပါးက မိန်းကလေးတစ်ယောက်အတွက်နဲ့ သူ့ရဲ့ ယုံကြည်မှုသံကြိုးတွေကို ရိုက်ချိုးပြီး သာမန်လူသားတစ်ယောက်အဖြစ် ခံယူသွားတဲ့အထိ ချစ်ပြသွားမဲ့ ဇာတ်ကားမျိုးဆိုရင်ရော... ပရိသတ်ကြီးတို့ ကြည့်ချင်ကြလားရှင့်။ ဒီတစ်ခါမှာတော့ တိုင်းပြည်ရေးအရှုပ်အထွေးတွေအပြင် အေးစက်စက် မျက်နှာဖုံးအောက်က နူးညံ့တဲ့အချစ်တွေကို ရင်ခုန်ကြေကွဲဖွယ် ခံစားကြည့်ရှုရမဲ့ နန်းတွင်းတရုတ်ဇာတ်ကားအသစ်စက်စက်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နာမည်ကြီး စာရေးဆရာမ လော်ချင်းမေ့ (罗青梅) ရဲ့ ဝတ္ထုကို အသက်သွင်းရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အသည်းကျော် မင်းသားချော ဝမ်ဟုန်ယိ (Wang Hongyi) နဲ့ မင်းသမီးချောလေး ပေါင်ရှန့်အန်း (Bao Shangen) တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း~ လီယောင်ယင်းဆိုတဲ့ မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အိမ်ရှေ့စံရဲ့ဆန္ဒအရ အသက်ကြီးကြီး မြောက်ပိုင်းချင်ဧကရာဇ်နဲ့ အတင်းအကျပ် မဟာမိတ်ဖွဲ့ထိမ်းမြားလက်ထပ်ဖို့ စေလွှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ လမ်းခုလတ်မှာတင် လွတ်မြောက်အောင် ရဲရဲဝံ့ဝံ့ ထွက်ပြေးလာခဲ့ပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာတော့ သာ့လျန်တိုင်းပြည်ရဲ့ ဘုရင်ဖြစ်သူ လော်ကျားရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတော့တယ်။ လော်ကျားဆိုတာက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ဘုရင်တစ်ပါးဖြစ်သော်ငြားလည်း ဘာသာတရားကို အလွန်ကိုင်းရှိုင်းပြီး လူ့လောကရဲ့ ကိလေသာအာရုံတွေနဲ့ ကင်းကွာနေတဲ့ သူတော်စင်တစ်ပါးလိုပါပဲ။ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် လီယောင်ယင်းက လော်ကျားကို သူမနဲ့လက်ထပ်ပေးဖို့ အကူအညီတောင်းခံခဲ့ရာကနေ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာစက်ယန္တယားကြီး စတင်လည်ပတ်လာပါတော့တယ်။ သာ့လျန်နဲ့ ကောင်းချန်းတိုင်းပြည်နှစ်ခု မဟာမိတ်ဖွဲ့နိုင်ဖို့ သူတို့နှစ်ယောက် စတင်ပူးပေါင်းခဲ့ကြပါတယ်။ ခရီးကြမ်းတွေကို အတူဖြတ်သန်းရင်း အန္တရာယ်တွေကို အတူရင်ဆိုင်ရင်းနဲ့... လီယောင်ယင်းတစ်ယောက် လော်ကျားရဲ့ အေးစက်စက် မျက်နှာဖုံးအောက်က ဖုံးကွယ်ထားတဲ့ နူးညံ့ကြင်နာမှုတွေကို တဖြည်းဖြည်း မြင်တွေ့လာရပြီး မေတ္တာသက်ဝင်လာတဲ့အခါ........ ~ဒုက္ခရောက်နေတဲ့ မင်းသမီးလေးနဲ့ သူတော်စင်ဘုရင်ကြီးတို့ရဲ့ အချစ်ရေးက ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ? ~ဘာသာတရားနဲ့ တိုင်းပြည်အတွက် တာဝန်တွေထမ်းပိုးထားတဲ့ လော်ကျားတစ်ယောက် ချစ်ရသူအတွက် ဘယ်လောက်အထိ ချစ်ပြသွားမလဲ? ~ရှုပ်ထွေးလှတဲ့ ခေတ်ကြီးထဲမှာ သူတို့နှစ်ယောက် အတူတူ လက်တွဲပြီး ဘယ်လိုတွေ ရုန်းကန်ကျော်ဖြတ်သွားကြမလဲ? ရင်ခုန်စရာကောင်းသလို တစ်ဖက်မှာလည်း အခက်အခဲတွေ အပြည့်နဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို အတူတူ လိုက်ပါခံစားကြည့်ရှုဖို့ GC Chinese ကနေ တင်ဆက်ပေးသွားတော့မှာဖြစ်လို့ လက်မလွတ်တမ်း စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ Reviewed by Soe Thinzar Translated by GC Chinese Team Encoded by Feng #လရောင်ခြုံလွှမ်းချစ်ခရီးလမ်း #月明千里 #InTheMoonlight

သေမျိုးဘုံမှ အံ့ဖွယ်ချစ်ရသူ A Lover in the Mortal World / 人间惊鸿客 မင်္ဂလာပါ souler လေးတို့ရေ👋 မင်းသား မင်းသမီးချောချောလေးတွေအမ
+9
သေမျိုးဘုံမှ အံ့ဖွယ်ချစ်ရသူ A Lover in the Mortal World  / 人间惊鸿客 မင်္ဂလာပါ souler လေးတို့ရေ👋 မင်းသား မင်းသမီးချောချောလေးတွေအများကြီးပါဝင်ရိုက်ကူးထားခဲ့တဲ့ Dashing Youth တရုတ်သိုင်းကားလေးကိုမှတ်မိကြသေးဟုတ်.... ဒီနေ့မှာတော့ "Dashing Youth" ကားထဲမှာပါတဲ့ သခင်လေး ၈ပါးထဲက ချောမောလွန်းလို့ အမြဲတမ်း မျက်နှာဖုံးတပ်ထားတဲ့လျိုယွဲ့သခင်လေးအဖြစ် "Burning flames" ဝူကန်းဇာတ်လမ်းတွဲထဲမှာ နိထျန်းအာရှင် အဖြစ်နဲ့ ပရိသတ်တွေအချစ်ကိုအခိုင်အမာရရှိထားတဲ့ မင်မင်တို့မင်းသားချောလေး Zhu Zheng Ting ရဲ့ကားသစ်လေးနောက်တစ်ကားထွက်ရှိလို့လာပါပြီရှင့်🫶 "ခင်ဗျားဟာ ဒီကမ္ဘာကြီးရဲ့ အံ့ဖွယ်ဧည့်သည်တစ်ယောက်ပါ" ဇာတ်လမ်းအညွှန်း "Jinglan နယ်စပ်စစ်ပွဲအကြောင်းကိုနောက်ခံ ရိုက်ကူးထားပြီး ဇာတ်ကားလေးထဲမှာဆိုရင် နတ်ဆေးသမားတော်မလေး Han Yunling နဲ့ စစ်သူကြီး Xiao Chi တို့ဟာ လောကကြီးဒုက္ခရောက်နေတဲ့အချိန်မှာတွေ့ဆုံခဲ့ကြပြီးတော့ တိုင်းပြည်ကိုချစ်မြတ်နိုးကြတဲ့သူတို့နှစ်ဦးသား အတူတူလက်တွဲပြီး ပြင်ပအန္တရာယ်တွေကြားကနေ မငြိမ်မသက်ဖြစ်နေတဲ့ သူတို့တိုင်းပြည်ကြီးကို ဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်သွားမလဲဆိုတာကို SoulKingdom ကနေစိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ကြပါပြီရှင့်🍁" [ကျွန်မကတော့ အညွှန်းရေးသားသူ Xiao Bai ပါရှင့်🤍] Native Title: 人间惊鸿客 Eng Title : A Lover in the Mortal World Starring: Zhu Zheng Ting, Lu Yang Yang Also Known As: 你是人間驚鴻客 , 大唐女史薛涛传 Genres: Historical, Romance, Martial Arts, War Episodes: 24 Aired: 29 April 2026 Original Network: iQiyi #ReviewByXaioBai #ALoverInTheMortalWorld #人间惊鸿客 #SoulKingdom

The Epoch of Miyu (2026) အချစ်တစ်ဖန် ဘဝတစ်ကွေ့ C drama fan တို့ကို ယခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Life Drama အမျိုးအစား Serie
+9
The Epoch of Miyu (2026) အချစ်တစ်ဖန် ဘဝတစ်ကွေ့ C drama fan တို့ကို ယခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Life Drama အမျိုးအစား Series ‌သစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက Life Drama ဖြစ်တဲ့အပြင် Age Gap လဲကွာတဲ့ အချစ်ဇာတ်အိမ်မျိုးလေးပါ။ ဒီကားမှာ ဝါရင့်မင်းသားကြီး Wallace Chung က ဦးဆောင်ပါဝင်ထားပြီး Zhu Zhu၊ Li Meng နဲ့ Jing Chao တို့ကပါ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၁၀ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာတင် ပြီးပြည့်စုံလှပါတယ်ဆိုတဲ့အိမ်ထောင်ရေးဟာ တကယ်တော့ အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာ ရွှီမီယွီတစ်ယောက် သိလိုက်ရပါတယ်။ ဒါကြောင့် သူဟာ ပြတ်ပြတ်သားသားကွာရှင်းပြတ်စဲလိုက်ပြီး ဘဝကို အသစ်ကနေပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ မီယွီဟာ ပုရုန်ဟိုတယ်မှာ အခန်းဝန်ဆောင်မှုဝန်ထမ်းအဖြစ် အောက်ခြေကနေ စတင်အလုပ်ဝင်ခဲ့ရာမှာတော့ အဲဒီဟိုတယ်ရဲ့အထွေထွေမန်နေဂျာအဖြစ် ရောက်ရှိလာတဲ့ကျီဖုန်းနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အလုပ်ခွင်ထဲက အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ရင်း တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်ရာကနေ နှစ်ယောက်ကြားမှာ အချစ်စိတ်တွေ တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ ကိုယ်စီပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိသွားကြသလို ကြိုးစားမှုတွေကြောင့် ဟိုတယ်ကလဲ ရှန်ဟိုင်းမြို့ရဲ့အထင်ကရနေရာတစ်ခုအဖြစ် ပြောင်းလဲအောင်မြင်သွားခဲ့လေတော့တယ်။ ဒီစီးရီးလေးက ဟိုတယ်လုပ်ငန်းခွင်ထဲက ပြဿနာတွေကိုဖြေရှင်းရင်း မင်းသားနဲ့ သံယောဇဉ်ဖြစ်လာတာကလဲ ကြည့်ရတာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာမို့ C drama fan တွေအတွက် တစ်မျိုးဆန်းစေမဲ့ဇာတ်လမ်းလေးဖြစ်မှာ အသေအချာပါပဲ။ #TheEpochOfMiyu

အရောင်ရင့်ရင့် အချစ်ပုံပြင် Fascination / 着迷 2026 🖤🥀 ဒီတစ်ခါမှာတော့ အချစ်နဲ့ အမုန်းကြားမှာ ပြင်းပြင်းထန်ထန် ရုန်းကန်ရမယ့် R
+5
အရောင်ရင့်ရင့် အချစ်ပုံပြင် Fascination / 着迷 2026 🖤🥀 ဒီတစ်ခါမှာတော့ အချစ်နဲ့ အမုန်းကြားမှာ ပြင်းပြင်းထန်ထန် ရုန်းကန်ရမယ့် Romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းအကျဉ်း 📝 Lin Moqing ဟာ သူ့ရဲ့ အထောက်အထားအစစ်အမှန်ကို ဖုံးကွယ်ပြီး Lan Hewei ကို ထိန်းချုပ်ကာ မြေတောင်မြှောက်ပေးခဲ့ပါတယ် သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူမကို အသုံးချပြီး သူ့ရဲ့ အစ်ကိုအရင်းဖြစ်သူကို တော်လှန်ဖို့နဲ့ လင်မိသားစုရဲ့ အာဏာကို သိမ်းပိုက်ဖို့ပါပဲ ဒါပေမဲ့ အသုံးချဖို့ ကြိုးစားရင်း စမ်းသပ်ရင်းနဲ့မှ Lan Heweiရဲ့ ပြန်လည်တုံ့ပြန်မှုတွေနဲ့ ဆွဲဆောင်မှုကြားမှာ Lin MoQing တစ်ယောက် ကိုယ်တိုင်ပဲ နစ်မွန်းသွားပါတော့တယ် သူတို့နှစ်ယောက်ဟာ တစ်ဖက်မှာ လက်တွဲနေကြပေမဲ့ တစ်ဖက်မှာလည်း အပြန်အလှန် အားပြိုင်နေကြတဲ့ Toxic Relationship တစ်ခုလို ဖြစ်နေခဲ့ပါတယ် Lan HeWeiရဲ့ အထောက်အထားအစစ်အမှန် ပေါ်ပေါက်လာပြီး နားလည်မှုလွဲတာတွေ ရှိခဲ့ပေမဲ့လည်း အသုံးချမှုကြားက ပေါက်ဖွားလာတဲ့ ဒီအချစ်ကတော့ ပျောက်ကွယ်မသွားခဲ့ပါဘူး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်ဖြစ်တဲ့ Lin MoZhao ကို အတူတူ ဖြုတ်ချနိုင်ခဲ့ပေမဲ့ အဲဒီအချိန်မှာတော့ အစွမ်းကုန် ထိန်းချုပ်ထားခဲ့တဲ့ သူတို့ရဲ့ အချစ်တွေဟာ တားဆီးမရတော့ဘဲ ပေါက်ကွဲထွက်လာတဲ့အခါ..... မာနတွေက အချစ်ရှေ့မှာ ဘယ်လိုမျိုး အကွဲကွဲအပြဲပြဲ ဖြစ်သွားမလဲဆိုတာကို ဒီကားမှာ အားရပါးရ မြင်တွေ့ရမှာမို့ အစွန်းရောက်တဲ့ စွဲလမ်းမှုနဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းကို SoulKingdom မှာ အခုပဲ ခံစားလိုက်ရအောင် Native Title : 着迷 English Title : Fascination Starring : Jesse Ren ,Qi Yan Di , Tiffany Gao Genre : Romance / Thriller / Revenge / Melodrama Episode : 24 Original Network : Mango TV #SoulKingdom #Review #着迷 #Fascination #miniseries

Revenge of the False Bride 2026 မှားယွင်းသောချစ်ကလဲ့စား အခုတစ်ခါ C drama fan တို့ကို မိတ်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ ကလဲ့စားခ
+9
Revenge of the False Bride 2026 မှားယွင်းသောချစ်ကလဲ့စား အခုတစ်ခါ C drama fan တို့ကို မိတ်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ ကလဲ့စားချေတာကို ဇာတ်အိမ်တည်ထားပြီး History, Mystery ပုံစံကိုမှ Romance လေး ခပ်အုပ်အုပ်ဖြူးထားသလို ခံစားရစေမဲ့ဇာတ်လမ်းသစ်လေးပါ။ ဒီစီးရီးရဲ့ MC တွေအဖြစ် Glory ထဲမှာ Support Role အဖြစ်ပါဝင်ထားတဲ့ မမလှလှ Zhang Wan Ying နဲ့ မင်းသားချောလေး Han Dong Lin တို့က ကမ်မီမိမိသရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> မိဘမဲ့တစ်ယောက်ဖြစ်တဲ့လီမုဟယ်ဟာ လက်စားချေဖို့အတွက် ရှန့်မိသားစုရဲ့သမီးကြီး ရှန့်နျန်ဆိုတဲ့အမည်ဝှက်နဲ့ မြို့ကိုပြန်ရောက်လာခဲ့ပါတယ်။ သူဟာ အစီအစဉ်ရှိရှိနဲ့ပဲ လူသိများပြီး အေးစက်လှတဲ့ထိပ်တန်းအရာရှိလေး လုယွဲ့တင်းနဲ့ လက်ထပ်လိုက်ပါတယ်။ အစပိုင်းမှာတော့ ဒီအိမ်ထောင်ရေးဟာ အသုံးချဖို့ သက်သက်ပဲဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့ လုယွဲ့တင်းဟာ သူ့အတွက် အားအကိုးရဆုံးသောအမှီအခိုတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့မိထွေး၊ စီးပွားရေးလောကကလူတွေနဲ့ ဆေးဆိုင်ပိုင်ရှင်တွေကြားမှာ ရှန့်နျန်တစ်ယောက် အကွက်ကျကျကစားနိုင်ဖို့အတွက် လုယွဲ့တင်းဟာ သူ့အတွက် လက်နက်ရော၊ ဒိုင်းကာပါ ဖြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံး အဆင်ပြေနေတဲ့အချိန်မှာပဲ ကိစ္စဟောင်းတစ်ခုကိုအခဲမကျေတဲ့ ရဲဘော်ဟောင်းတစ်ယောက် ပေါ်လာတဲ့အခါမှာတော့ အမှုကွင်းဆက်အားလုံးဟာ သူ့ခင်ပွန်း လုယွဲ့တင်းကိုပဲ လက်ညှိုးထိုးပြနေပါတော့တယ်။ ဒီတော့ အချစ်ဆုံးလူက ကိုယ်လက်စားချေချင်တဲ့သူနဲ့ ပတ်သက်နေမလားဆိုတဲ့သံသယက ဇာတ်လမ်းကို ပိုလေးနက်သွားစေတာမို့ ကြည့်ရင်း စိတ်လှုပ်ရှားအသဲတအေးအေးအပြင် စိတ်ထဲကလိကလိဖြစ်စေမဲ့အချစ်ငွေ့တွေကိုပါ ခံစားချင်ရင်တော့ ဒီစီးရီးလေးကို မဖြစ်မနေကြည့်သင့်ပါပြီနော်။ #RevengeOfTheFalseBride

Light to the Night 2026 မဟူရာညရဲ့မာယာလှည့်ကွက် အခုတစ်ခါဆော့ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ပုံစံကိုအခြေခံထားတဲ့ Mystery ပုံစံ စီးရီး
+9
Light to the Night 2026 မဟူရာညရဲ့မာယာလှည့်ကွက် အခုတစ်ခါဆော့ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ပုံစံကိုအခြေခံထားတဲ့ Mystery ပုံစံ စီးရီးသစ်လေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ ဒီစီးရီးမှာပါဝင်တဲ့ကာရိုက်တာနှစ်ဦးမှာ တစ်ဦးက ဝါရင့်စုံထောက်ဖြစ်ပြီး တစ်ဦးကတော့ စူးစမ်းချင်စိတ်များတဲ့ ကောလိပ်ပြီးစလူငယ်လေးပါ။ ဒီတော့ အလွဲတွေကြား အမှုဘယ်လိုလိုက်ကြမလဲကတော့ တကယ်စိတ်ဝင်စားစရာပါပဲ။ MC တွေအနေနဲ့ ချောချောမောမောလေး ကိုကို Dylan Wang၊ ဝါရင့်သရုပ်ဆောင် Pan Yue Ming တို့နဲ့အတူ Hold a court now မှာ MC အဖြစ်ပါဝင်ထားတဲ့ Ren Min တို့က အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၁၉၉၇ ခုနှစ်၊ ယွမ်လုံလီက ဓာတ်လှေကားအဝမှာ သားအဖနှစ်ယောက်ဟာ စူးစမ်းမရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့အမှုကိုလိုက်ဖို့အတွက် စုံထောက်နှစ်ယောက် ပေါင်းမိသွားကြပါတယ်။ တစ်ယောက်ကတော့ အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့စဉ်းစားနေတဲ့ ဝါရင့်စုံထောက် ဟယ်ယွမ်ဟန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကောလိပ်ကနေ ခုမှကျောင်းဆင်းထားတဲ့ စူးစမ်းလိုစိတ်အပြည့်နဲ့လူငယ်လေး ရန်ဖန်းရွှီပါ။ သူတို့နှစ်ယောက်ဟာ ဆေးဝါသုတ်ထားတဲ့ဂျစ်ကားအစုတ်လေးတစ်စီးနဲ့ လက်လုပ်မြေတူးစက်လေးတစ်ခုကို အားကိုးပြီး ဒီလျှို့ဝှက်ချက်ကို စတင်တူးဖော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ လုံးဝမထင်မှတ်ထားတာကတော့ ဒီအမှုကို နက်နက်ရှိုင်းရှိုင်းတူးဆွမိလေလေ ထွက်ပေါ်လာတဲ့အမှန်တရားတွေက သူတို့နှစ်ဦးလုံးရဲ့ဘဝကိုပါ ရိုက်ခတ်လာလေလေဆိုတာပါပဲ။ ဒီဇာတ်လမ်းက Thriller Mystery အမျိုးအစားဖြစ်ပြီး ဇာတ်ကောင်နှစ်ယောက်ရဲ့ကွဲပြားတဲ့စရိုက်တွေကြောင့် ကြည့်ရတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာပါ။ နောက်ပြီး အမှုက သူတို့ဘဝတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အချက်က ဇာတ်လမ်းရဲ့အကြီးမားဆုံးဆွဲဆောင်မှုမို့ စိတ်လှုပ်တရှား ရင်တခုန်ခုန်နဲ့ကြည့်ချင်ရင်တော့ ဒီစီးရီးလေးက must watch ပါပဲနော်။ #LightToTheNight

သိုင်းလောကရဲ့အမှောင်ညများ Ever Night (将夜) ကဲ ... ဒီနေ့တော့ ဇာတ်လမ်းတွဲလောကမှာ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပု
သိုင်းလောကရဲ့အမှောင်ညများ Ever Night (将夜) ကဲ ... ဒီနေ့တော့ ဇာတ်လမ်းတွဲလောကမှာ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုပြန်လည်တင်ဆက်ပေးမှာပဲဖြစ်ပါတယ် 🐾 ဇာတ်လမ်းအညွှန်း သာမန်ညောင်ညလေးတစ်ယောက်ဖြစ်တဲ့ နင်ချွဲဟာ သူ့မိသားစုရဲ့ မတရားမှုအတွက် အမှန်တရားကိုရှာဖွေဖို့ သူ့အစေခံမလေးစန်းစန်းကိုခေါ်ပြီးတော့ မြို့တော်ကိုခရီးချီတက်ခဲ့ပါတယ်။   လုံ့လရှိရှိ ကြိုးစားပြီးနောက်မှာတော့ သူက မြို့တော်ကအကောင်းဆုံးကျောင်းတော်မှာတက်ရောက်ခွင့်ရခဲ့ပြီး နာမည်ကျော်ဆရာရဲ့ လက်ရင်းတပည့်လည်းဖြစ်လာခဲ့ပါတယ်။ ပြည်သူတွေကိုကာကွယ်ရင်းနဲ့ မိသားစုတွေကိုကယ်တင်နိုင်ပြီးတဲ့သူ့မှာ မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်လာပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ အစေခံမလေးစန်းစန်းက ‌လောကပျက်သုဥ်းစေမဲ့ ထာဝရအမှောင်ညကို သယ်ဆောင်လာတဲ့လူဖြစ်နေတာပါပဲ။ လူတွေအားလုံးက စန်းစန်းကိုသတ်ဖြတ်ဖို့ကြိုးစားလာခဲ့တဲ့အချိန်မှာ နင်ချွဲတစ်ယောက်သူတန်ဖိုးထားရတဲ့သူကိုကာကွယ်ဖို့ နေရာအနှံ့တိမ်းရှောင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်ဒီအရာတွေရဲ့ နောက်ကွယ်မှာ ရှိနေတာက တခြားတစ်ယောက်ဖြစ်နေတဲ့အခါ... ထာဝရအမှောင်ညဆင်းသက်လာမယ်ဆိုတဲ့ ကောလာဟာလစကားက‌ရောအမှန်တကယ်ဖြစ်နိုင်ပါ့မလား? သာမန်ညောင်ညလေးကနေ ကျင့်ကြံရေးအထွတ်အထိပ်ကိုနင်ချွဲတစ်ယောက်ဘယ်လိုတက်လှမ်းမလဲ? စန်းစန်းကရောဘာကြောင့် ကပ်ဘေးသယ်ဆောင်လာသူဖြစ်နေတာလဲ? နင်ချွဲကရော စန်းစန်းကိုကယ်တင်နိုင်ပါ့မလား? ဒီသိုင်းလောကရဲ့အမှောင်ညများဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို အကောင်းဆုံးအရည်အသွေးနဲ့  SoulKingdom မှပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် 🦥 Native Title : 将夜 English Title :Ever Night Starring : Arthur Chen, Ireine Song , Adam Cheng , Sun Zu Jun , Meng Zi Yi  Episodes: 60 Original Network: Tencent Video #ReviewBylittlefish #将夜 #SoulKingdom #EverNight

Fate Chooses You 2026 ကြမ္မာစေရာ ချစ်တေးလွှာ ဒီတစ်ခါ သာ့ကျားတို့ကို မိတ်ဆက်ပေးချင်တာကတော့ ဝူရှစီးရီးအသစ်လေးတစ်ခုပါ။ ဒီဇာတ်လမ်
+9
Fate Chooses You 2026 ကြမ္မာစေရာ ချစ်တေးလွှာ ဒီတစ်ခါ သာ့ကျားတို့ကို မိတ်ဆက်ပေးချင်တာကတော့ ဝူရှစီးရီးအသစ်လေးတစ်ခုပါ။ ဒီဇာတ်လမ်းလေးက ဝူရှဆိုပေမဲ့ နတ်ဘုရားနဲ့လူသားမိန်းကလေးတို့ကြားက အချစ်ရိပ်နွေးနွေးကို ခပ်အုပ်အုပ်လေးဖြန့်ကျက်ထားတာမို့ သိုင်းချတာလဲကြည့်ရင်း အချစ်ချိုမြမြလေးကိုပါ ခံစားရမဲ့ဇာတ်လမ်းကောင်းလေးပါနော်။ ဇာတ်လမ်းရဲ့ MC တွေကတော့ Love and Crown မှာ နီမလိုလိုနဲ့ အမေဇုန်သစ်တောကြီးလိုစိမ်းချသွားတဲ့ Ren Jia Lun နဲ့အတူ Footprints of Change မှာ ပါဝင်ခဲ့တဲ့ မမလှလှလေး Wang He Run တို့က ကမ်မီရော ရူပပါမိအောင် သရုပ်ဆောင်ထားကြပါတယ်။ Ren Jia Lun နဲ့ Wang He Run တို့အပြင် Zhang Kai Ying၊ Huang Yi၊ Ding Xiao Ying၊ Sun Ze Yuan နဲ့ Riley Wang တို့ကပါ MC အဖြစ်ပါဝင်ထားတာမို့ ဇာတ်ဆောင်တွေ လုံးဝမြိုင်ဆိုင်နေမဲ့စီးရီးကောင်းတစ်ခုလို့ခံစားရမှာ အသေချာပါပဲ။ ဇာတ်လမ်းအညွှန်း >>> ရှေးဟောင်းကမ္ဘာဦးကာလတုန်းက စစ်ဝိညာဉ်မျိုးနွယ်စုဟာ သူတို့ကိုထိန်းချုပ်ထားတဲ့အနှောင်အဖွဲ့ကို ဖောက်ဖျက်ခဲ့ကြတဲ့အတွက် နတ်ဘုရားတွေရဲ့အပြစ်ပေးမှုကို ခံခဲ့ရပြီး စွမ်းအားတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ရှန့်ယင်ခေတ်ကိုရောက်တဲ့အခါမှာတော့ ကျင်းဝူမျိုးနွယ်စုရဲ့ခေါင်းဆောင် ကျင်းလင်က မဟုတ်မမှန်အမိန့်ထုတ်ပြီး စစ်ဝိညာဉ်မျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ကြိုးစားခဲ့လို့ သူတို့မျိုးနွယ်စုဟာ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရပြန်ပါတယ်။ နှစ်ပေါင်းတစ်သောင်းကြာပြီးတဲ့နောက်မှာတော့ စစ်ဝိညာဉ်မျိုးနွယ်စုရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့လုချန်းချောင်ဆိုတဲ့ကောင်လေး မွေးဖွားလာခဲ့ပါတယ်။ တစ်ဖက်မှာလဲ ထျန်းယွမ်ဂိုဏ်းက ရှပ်တီးရှပ်ပြာတပည့်လေးဖြစ်သူ ရှင်းမိန်ဟာ မတော်တဆဆိုသလို လုချန်းချောင်နဲ့ ဝိညာဉ်စာချုပ်ချုပ်ဆိုမိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ကြမ္မာပါလာတဲ့အတိဒုက္ခ ၆ ပါးကို အတူတူရင်ဆိုင်ကျော်ဖြတ်ရင်း မျိုးနွယ်စုရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက High Fantasy အမျိုးအစားပီပီ မျိုးနွယ်စုတွေကြားက အားပြိုင်မှုတွေ တော်တော်လေးပါဝင်မှာပါ။ ကမ္ဘာဦးကတည်းက သတ်မှတ်ထားတဲ့ကံကြမ္မာဆိုးတွေကို သူတို့နှစ်ယောက် ဘယ်လိုရုန်းကန်မလဲဆိုတာကတော့ ဇာတ်လမ်းရဲ့သွေးကြောမို့ အသဲတယားယား ရင်တခုန်ခုန်နဲ့ကြည့်ရှုအားပေးလိုက်ကြပါအုံးနော်။ #FateChoosesYou

Within The Grip 2026 လက်ခုပ်ထဲကကံကြမ္မာ ဒီတစ်ခါတင်ဆက်ပေးမှာက နန်းတွင်းဇာတ်အိမ်နဲ့ Mystery၊ Romance ဇာတ်လမ်းသွားလေးဖြစ်တဲ့ Min
+9
Within The Grip 2026 လက်ခုပ်ထဲကကံကြမ္မာ ဒီတစ်ခါတင်ဆက်ပေးမှာက နန်းတွင်းဇာတ်အိမ်နဲ့ Mystery၊ Romance ဇာတ်လမ်းသွားလေးဖြစ်တဲ့ Mini Series အသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက Mini Series ဆိုပေမဲ့ ဇာတ်အိမ်က ရှုပ်ထွေးပြီး စိတ်ဝင်စားစရာကောင်းသလို MC တွေအဖြစ် Mini Series Star တွေဖြစ်ကြတဲ့ Li Ge Yang နဲ့ Eleanor Lee တို့က တွဲဖက်သရုပ်ဆောင်ထားလို့ ဇာတ်ကောင်နဲ့သရုပ်ဆောင်ချက်တွေ ကွက်တိကျနေမှာပါ။ ဇာတ်လမ်းအညွှန်း >>> ကုယွီလော့ဟာ ကုမိသားစုရဲ့ပြုစုပျိုးထောင်မှုကိုခံခဲ့ရပြီး မိသားစုရဲ့သခင်လေး ကုချောင်ရှီးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေသူပါ။ ဒါပေမဲ့ ကုချောင်ရှီးတစ်ယောက် ရွှမ်ကျီးဂေဟာရဲ့သခင်အသစ်အဖြစ် တာဝန်ယူခါနီးမှာပဲ လုပ်ကြံခံလိုက်ရပါတော့တယ်။ အခြေအနေတွေကိုထိန်းသိမ်းဖို့အတွက် ယွီလော့ဟာ ကုချောင်ရှီးနဲ့ ရုပ်ချင်းချွတ်စွတ်တူတဲ့သူတစ်ယောက်ကို ရှာဖွေပြီး သူ့နေရာမှာ အစားထိုးဖို့အတွက် လေ့ကျင့်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အိမ်ရှေ့စံမင်းသား ယင်ကျိုး ဟာ ကုမိသားစုရဲ့လျှို့ဝှက်ချက်တွေကိုစုံစမ်းဖို့ မြို့ထဲကို ရောက်နေပါတယ်။ သူဟာ လူရှေ့မှာတော့ သဘောကောင်းပြီး နွေးထွေးတဲ့ပုံစံပြထားပေမဲ့ နောက်ကွယ်မှာတော့ တကယ့်ကို ပြတ်သားရက်စက်တဲ့သူပါ။ သူ စုံစမ်းရင်းနဲ့ သိလိုက်ရတဲ့တုန်လှုပ်စရာအမှန်တရားကတော့ ယွီလော့ အစားထိုးထားတဲ့ခင်ပွန်းဖြစ်သူဟာ တကယ်တော့ သူနဲ့ကွဲကွာနေတဲ့ နောင်တော်အရင်းကြီး ဖြစ်နေတာပါပဲ။ လျှို့ဝှက်ချက်ကိုယ်စီတွေနဲ့ အားပြိုင်နေကြတဲ့ ယင်ကျိုးနဲ့ယွီလော့တို့ဟာ ထိပ်တိုက်တွေ့ရာကနေ သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာကြပြီး နောက်ဆုံးမှာတော့ တစ်ယောက်ကိုတစ်ယောက် နားလည်သွားကြရင်း ချစ်ခြင်းတရားပါ ပေါ်ပေါက်လာပါတော့တယ်။ ဒီစီးရီးက တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေဖုံးထားရင်းကနေ ချစ်သွားကြတာဆိုတော့ Slow-burn Romance ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့မှာပါ။ #WithinTheGrip

ခါးသက်မှုအတွက် ပျားရည်စက် 🍯 The Epoch of Miyu《蜜语纪》 2026 ❤️ အရာအားလုံးက ပြိုလဲပျက်စီးသွားခဲ့ရင် သုညကနေ ပြန်စပြီး ချစ််ခြင်းမေ
+8
ခါးသက်မှုအတွက် ပျားရည်စက် 🍯 The Epoch of Miyu《蜜语纪》 2026 ❤️
အရာအားလုံးက ပြိုလဲပျက်စီးသွားခဲ့ရင် သုညကနေ ပြန်စပြီး ချစ််ခြင်းမေတ္တာကိုယုံကြည်ဖို့ သတ္တိရှိလား...
My Sunshine တို့ General and I တို့နဲ့ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Wallace Chung နဲ့ Shang Hair Calling ,The Bond , Why Is He Still Single အစရှိတဲ့ နာမည်ကြီးကားတွေထဲက အလှဘုရင်မ Zhu Zhu တို့ရဲ့ ဆုံတွေ့မှုမို့လို့ ဒီဇာတ်ကားဟာ ၂၀၂၆ ရဲ့ အစောင့်မျှော်ရဆုံး ရင့်ကျက်တဲ့ လုပ်ငန်းခွင်အချစ် Mature Romance တစ်ကား ဖြစ်လာမှာ အသေအချာပါပဲနော် ဇာတ်လမ်းအကျဉ်း Xu Miyu ရဲ့ ပြီးပြည့်စုံလှပါတယ်ဆိုတဲ့ အိမ်ထောင်ရေးဟာ (၁၀) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ် အိမ်ထောင်ရေးအပေါ်မှာပဲ အရာအားလုံး ပုံအောပေးဆပ်ရင်း မိမိကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တဲ့ သူမဟာ နောက်ဆုံးမှာတော့ ပြတ်ပြတ်သားသား လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် တစ်ဖက်မှာလည်း ဟိုတယ်လုပ်ငန်းရှင် Ji Feng ဟာ သူ့ရဲ့ လုပ်ငန်းခွင် အောင်မြင်မှုလမ်းကြောင်းကို အစကနေ ပြန်စဖို့အတွက် ဖူရုံဟိုတယ်ကို ပြန်လည်ရောက်ရှိလာပါတယ် အရာအားလုံး သုညကနေ ပြန်စရမယ့် Xu Miyu ဟာလည်း အဲဒီဟိုတယ်မှာပဲ အခြေခံ အခန်းသန့်ရှင်းရေးဝန်ထမ်း (Housekeeping) ဘဝနဲ့ ခြေလှမ်းသစ် စတင်ခဲ့ပါတယ် ဒီလိုနဲ့ ဟိုတယ်အထွေထွေမန်နေဂျာအသစ်အဖြစ် ရောက်လာတဲ့ Ji Feng နဲ့ ဝန်ထမ်းလေး Xu Miyu တို့ ဆုံတွေ့ကြတဲ့အခါ...... လုပ်ငန်းခွင်ထဲက အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ရင်း တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ စတင်ပေါက်ဖွားလာပါတော့တယ် ပျက်စီးသွားတဲ့ အတိတ်ကနေ ရုန်းထွက်ပြီး ဘဝရဲ့ အောင်မြင်မှုနဲ့ အချစ်စစ်ကို ဘယ်လို ရှာဖွေသွားမလဲဆိုတာ... ဒီဇာတ်ကားလေးက "ဘဝကို ဘယ်အချိန်မှာမဆို အသစ်က ပြန်စလို့ရတယ်" ဆိုတဲ့ ခွန်အားပေးစာသားတွေနဲ့အတူ ရင့်ကျက်တဲ့ အချစ်ဇာတ်လမ်းလေးကို စိတ်ချမ်းမြေ့ဖွယ် ချိုချိုမြိန်မြိန် မြင်တွေ့ရမှာပါနော် ဖူရုံဟိုတယ် ရဲ့ အောင်မြင်မှုမှတ်တိုင်သစ်နဲ့အတူ သူတို့နှစ်ယောက်ရဲ့ ချိုမြိန်တဲ့ အချစ်ခရီးစဉ်လေးကို SoulKingdom မှာ အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင် Native Title : 蜜语纪 English Title : The Epoch of Miyu Starring : Wallace Chung (Zhong Hanliang), Zhu Zhu Episodes : 38 Original Network : Tencent Video, iQIYI #SoulKingdom #Review #蜜语纪 #TheEpochofMiyu #klSnn

စစ်မက်နတ်မျိုးနွယ်ဝင် လုချန်းချောင်ဟာ "ငါးပါးမပြည့်စုံခြင်း" ကျိန်စာနဲ့အတူ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ် ။ သာမန်လူတစ်ယောက်လို ရှင်သန်နိုင်ဖို့အတွက် သူဟာ အရေပြား၊ အသား၊ အသွေး၊ အရိုးနဲ့ နှလုံးသားတို့ကို လဲလှယ်ရတဲ့ ဒုက္ခဆင်းရဲငါးပါးကို မလွဲမသွေ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ် ။ အသားလဲလှယ်ရမယ့် အဆင့်မှာ အသက်ရှင်နိုင်ဖို့အတွက် သူဟာ အဂတိလိုက်စားတဲ့ အုပ်ချုပ်ရေးမှူး လူဟွိုင်ရဲ့ ပုံစံကို ယူခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ ကံဆိုးမှုတွေကို ဖယ်ရှားလိုတဲ့ နတ်လောကီအတတ်ပညာရှင် ရှင်းမိန်နဲ့ အစီအစဉ်တစ်ခုအရ လက်ထပ်ခဲ့တာပါ ။ လုချန်းချောင်ဟာ သူ့အကြံအစည် အောင်မြင်တာနဲ့ ရှင်းမိန်ကို ထားခဲ့ပြီး ထွက်ပြေးဖို့ စိတ်ကူးထားခဲ့ပါတယ် ။ ဒါပေမဲ့ သူထင်မှတ်မထားတာက နူးညံ့သိမ်မွေ့တဲ့ ဇနီးငယ်လေး ရှင်းမိန်ဟာ သူ့အတွက် မတရားစွပ်စွဲခံရမှုတွေကို ရှင်းလင်းပေးဖို့ ဓားတစ်လက်ကို ကိုင်ဆောင်ပြီး မြို့တော်ကို တစ်ကိုယ်တော် ချီတက်ခဲ့တာပဲ ဖြစ်ပါတယ် ။ ရှင်းမိန်ရဲ့ လုပ်ရပ်ကြောင့် နတ်လောကီဂိုဏ်းတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံရတဲ့အခါ လုချန်းချောင်ဟာ သူမကို ကယ်တင်ဖို့အတွက် သူ့ရဲ့ စစ်မှန်တဲ့ ရုပ်လုံးကို ထုတ်ဖော်ပြသလိုက်ရပါတယ် ။ အမှန်တရားကို သိသွားတဲ့ ရှင်းမိန်က သူ့ကို ဓားနဲ့ ပြန်လည်တိုက်ခိုက်လာတာကြောင့် လုချန်းချောင်ဟာ အရေးပေါ်အနေနဲ့ သူမရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ရပါတယ် ။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ ကံကြမ္မာကတော့ မထင်မှတ်ဘဲ ချိတ်ဆက်သွားပြီး ချုံးလင်းဂူနဲ့ အနောက်ဘက်ဒေသတွေဆီကို အတူတကွ ခရီးထွက်ခဲ့ကြပါတယ် ။ နောက်ဆုံးမှာတော့ သူတို့ဇနီးမောင်နှံဟာ အန္တရာယ်အမျိုးမျိုးကို အတူတူ ကျော်ဖြတ်နိုင်ခဲ့ပြီး စစ်မက်နတ်မျိုးနွယ်စု တစ်ခုလုံးအပေါ် ကျရောက်နေတဲ့ ကျိန်စာဆိုးကြီးကို အောင်မြင်စွာ ဖြေလွှတ်ပေးနိုင်ခဲ့ပါတော့တယ်။

Fate Chooses You 2026
+3
Fate Chooses You 2026

Eight Hundred (မြို့ပြရဲ့သံသယအရိပ်) နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြစ်နေတဲ့ပြိတ်သတ်တို့ကို C drama အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒ
+6
Eight Hundred (မြို့ပြရဲ့သံသယအရိပ်) နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြစ်နေတဲ့ပြိတ်သတ်တို့ကို C drama အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက မှုခင်းအသားပေး စုံထောက်ဇာတ်လမ်းမို့ ကြည့်ရသူရင်ထဲ အသဲတအေးအေးဖြစ်မှာ အမှန်ပါပဲ။ ဒီစီးရီးမှာ ကိုကို Xu Kai က MC အဖြစ်ပါဝင်ထားပြီး Ding Yong Dai နဲ့ Ancy Deng တို့ကလဲ MC အဖြစ်သရုပ်ဆောင်ထားကြပါတယ်။ သူတို့သုံးဦးအပြင် Hu Ke၊ Tu Song Yan၊ Qu Zha Zha တို့လိုသရုပ်ဆောင်တွေကပါ ပံ့ပိုးပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၉၀ ခုနှစ်နှောင်းပိုင်းလောက်ကပေါ့၊ ဖုန်းယန်လို့ခေါ်တဲ့ သတ္တုတွင်းမြို့လေးတစ်မြို့မှာ ဘယ်သူမှန်းမသိတဲ့အမျိုးသမီးအလောင်းတစ်ခု တွေ့လိုက်ရလို့ တစ်မြို့လုံး တုန်လှုပ်ကုန်ကြပါတယ်။ ဒီအမှုကိုစုံစမ်းဖို့တာဝန်ယူရတဲ့ ရဲအရာရှိ ချန်ဟုန်ပင်းက သေဆုံးသူရဲ့လည်ပင်းမှာကပ်နေတဲ့ ဖန်ကွဲစလေးတွေကိုသေချာကြည့်ရင်း ထူးခြားတာတစ်ခု သတိထားမိသွားခဲ့ပါတယ်။ အဲဒီဖန်စတွေဟာ အစိုးရက ပိတ်ပင်ထားတဲ့မူးယစ်ဆေးပုလင်းရဲ့အစအန‌တွေ ဖြစ်နေတာပါပဲ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ မြို့ထဲမှာ တစ်စုံတစ်ယောက်က အဲဒီတရားမဝင်ဆေးကိုသုံးနေမှန်း သူ ထပ်သိလိုက်ရပြန်ပါတယ်။ ဒါကြောင့် အမှန်တရားကိုဖော်ထုတ်ဖို့နဲ့ အဲဒီမူးယစ်ဆေးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ချန်ဟုန်ပင်းနဲ့သူ့အဖွဲ့သားတွေ အပတ်တကုတ်ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ဒီအရှုပ်ထုပ်တွေအားလုံးရဲ့နောက်ကွယ်မှာ ကြိုးကိုင်နေသူဟာ သူနဲ့အရင်းနှီးဆုံး၊ အနီးကပ်ဆုံးလူဖြစ်နေမယ်လို့ သူ လုံးဝမထင်ထားခဲ့ပါဘူး။ တာဝန်နဲ့မိသားစုကြား၊ ဥပဒေနဲ့လူသားဆန်မှုကြားမှာ ဗျာများနေရတဲ့ ချန်ဟုန်ပင်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? အကောင်းနဲ့ အဆိုးကြားမှာ ဘယ်လမ်းကို ရွေးမလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာမို့ နှစ်သစ်မှာ အမှုသစ်တွေအတွက် ဦးနှောက်တူးရင်း စီးမြောခံစားလိုက်ပါအုံး ချစ်ပရိတ်သတ်တို့ရေ။ #EightHundred

နှင်းမှုန်လယ်က ငြိုးမာန်ဖွဲ့ဓား Rebirth / 冰湖重生 ☃️ အဟမ်း အခုတစ်ခါမှာတော့ 2017 တုန်းက Strong Female Lead ကာရိုက်တာနဲ့ ပရိသတ်တွေ
+5
နှင်းမှုန်လယ်က ငြိုးမာန်ဖွဲ့ဓား Rebirth / 冰湖重生 ☃️ အဟမ်း အခုတစ်ခါမှာတော့ 2017 တုန်းက Strong Female Lead ကာရိုက်တာနဲ့ ပရိသတ်တွေကိုဖမ်းစားသွားပြီး တစ်ဟုန်ထိုးနာမည်ကြီးသွားခဲ့တဲ့ Princess Agents ကားလေးရဲ့ အဆက် ထွက်ရှိလို့လာပါပြီနော် 🥳 ဇာတ်လမ်းအကျဉ်း >>>>>>> Princess Agents မှာတုန်းက ယန့်ပေမင်းသား Yan Xun ဟာ လက်ရုံးရည်ရော နှလုံးရည်ပါ ထက်မြက်တဲ့ အစေခံမိန်းကလေး Chu Qiao ကိုကယ်ပြီးနောက်ပိုင်း နှစ်ယောက်သားမိတ်ဆွေတွေဖြစ်သွားကြလို့ Chu Qiao ဟာ Yan Xun ကိုကူညီဖို့အကောင်းဆုံးကြိုးစားခဲ့ပါတယ်... သို့ပေမဲ့ Yan Xun ဟာ Chu Qiaoကို ငါးစာအနေနဲ့အသုံးချပြီး သာ့ရှကသခင်လေး Zhuge Yue ကို ထောင်ချောက်ဆင်ပြီးသတ်ဖို့ကြိုးစားမှန်းသိသွားတဲ့အခါ Chu Qiao တစ်ယောက် Zhuge Yue ကိုအမီသွားကယ်ခဲ့ပေမဲ့ နှစ်ယောက်လုံးရေခဲပြင်အောက်ကျပြီး တစ်ခန်းရပ်သွားခဲ့လေရဲ့... ခု Rebirth ကား မှာ Chu Qiao ပြန်ကယ်တင်ခံရပြီး Zhuge Yue အစား လက်စားချေပေးဖို့အတွက် Yan Xun ကိုလုပ်ကြံသတ်ဖြတ်ဖို့အခွင့်အရေးရှာပါတော့တယ်။ အဲဒီလိုအခွင့်အရေးရှာရင်းကနေ Zhuge Yue အသက်ရှင်သေးမှန်း ရိပ်စားမိလာတဲ့အခါမှာတော့.... ဒီကြားထဲ Chu Qiao အန္တရာယ်ကျတိုင်း ထပ်တလဲလဲလာကယ်ပေးသူကရော ဘယ်သူဖြစ်မလဲ... Daxia အပေါ် အငြိုးတရားတွေပြည့်နှက်နေတဲ့ Yan Xun ဖန်တီးမဲ့စစ်ပွဲတွေကိုရော Chu Qiao တစ်ယောက် ဘယ်လိုမျိုးရဲရဲရင့်ရင့်နဲ့ တိုင်းပြည်ကို ကာကွယ်သွားမှာလဲ... Zhuge Yue ကိုရော ဘယ်လိုမျိုးပြန်ရှာတွေ့သွားမှာလဲ... မင်းသမီးကလည်း Princess Agents ကားထဲမှာ မာန်အပြည့်နဲ့သရုပ်ဆောင်ခဲ့တဲ့ Chu Qiao အငယ်လေးဆိုတော့ စောင့်ကြည့်ရမှာတန်ပြီနော်။ ကဲ ခု Rebirth ကား မှာရော ဘယ်လိုမျိုးအမိုက်စားပြကွက်တွေ တစ်ဖန်ပြန်လာမလဲဆိုတာ SoulKingdomမှာ အတူတူရှုစားလိုက်ကြရအောင်နော် 🥳 (အညွှန်းရေးသားသူကတော့ Yuan ပဲဖြစ်ပါတယ်) Native Title: 冰湖重生 Starrings: Li Yunrui, HuangYang TianTian, Zhang Kangle Genres: Historical, Romance, Action Country: China Type: Drama Episodes: 40 Airs : 8 April 2026 Original Network: iQiyi, Tencent Video #ReviewedbyYuan #Review #Rebirth #冰湖重生 #SoulKingdom

Agent From Above 2026 နတ်ဝင်သည် ဒီတစ်ခါမှာတော့ သာမန် fantasy drama တစ်ခုထက်ပိုပြီး ကြည့်လိုက်တဲ့အခါမှာတော့ လူ့ဘဝရဲ့ အမှားတွေ၊
+6
Agent From Above 2026 နတ်ဝင်သည် ဒီတစ်ခါမှာတော့ သာမန် fantasy drama တစ်ခုထက်ပိုပြီး ကြည့်လိုက်တဲ့အခါမှာတော့ လူ့ဘဝရဲ့ အမှားတွေ၊ နာကျင်မှုတွေ၊ ပြန်လည်ကောင်းမွန်လာနိုင်ခြင်းဆိုတဲ့ theme ကို နတ်ဘုရားနဲ့ ဝိညာဉ်လောကတို့နဲ့ ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ဆက်ထားတဲ့ series တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟန်ကျယ်က မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြုပြင်ဖို့အတွက် နတ်ဘုရား San Tai Zi ရဲ့ နတ်ဝင်သည်အဖြစ် ရွေးချယ်ခံရတာကနေ စတင်ပြီး လူ့လောကထဲက မမြင်ရတဲ့ ဝိညာဉ်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းရတဲ့လမ်းကြောင်းထဲ ဝင်ရောက်သွားရပါတယ် ဒီလို ကူးပြောင်းခြင်းမှာ “လူတစ်ယောက်ဟာ အမှားတွေကြားကနေ ပြန်လည်တည်ဆောက်နိုင်ရဲ့လား” ဆိုတာ ထူးခြားတာက ဒီ series ဟာထိုင်ဝမ်ရိုးရာယုံကြည်မှုဖြစ်တဲ့ နတ်ဝင်ခြင်း၊ ဝိညာဉ်နှင့် ဆက်သွယ်ခြင်းစတဲ့ သဘောတွေကို ခေတ်သစ်ပုံစံ ရာဇဝတ်မှုတွေနဲ့ပါ ရောနှောတင်ဆက်ထားတာကြောင့် မမြင်ဖူးသေးတဲ့ storytelling experience တစ်ခုကို ပေးစွမ်းနိုင်မှာပါ ပြီးတော့ ဟန်ကျယ်တစ်ယောက်တည်းမဟုတ်ဘဲ ဝိညာဉ်တွေကို မြင်နိုင်တဲ့ ရဲအရာရှိ၊ သွေးကင်ဆာနဲ့ ရုန်းကန်နေတဲ့ ကျောင်းသား၊ လူ့လောကနဲ့ မကောင်းဆိုးဝါးလောကကြား balance ကို ဖျက်ဆီးချင်တဲ့ အာဏာလိုချင်သူ ဗီလန်ဇာတ်ကောင် စတဲ့ characters များစွာပါဝင်ပါတယ် ထုတ်လုပ်ရေးဘက်မှာလည်း ထိုင်ဝမ်ဒရာမာတွေထဲမှာ ဘတ်ဂျက်အမြင့်ဆုံးတစ်ခုဖြစ်တာကြောင့် visual effects, cinematography, overall atmosphere တွေက cinematic level တစ်ခုလိုခံစားရပြီး supernatural scenes တွေကိုလည်း believable ဖြစ်အောင် ဖန်တီးထားတဲ့စီးရီးကောင်းတစ်ခုဖြစ်ပါတယ် ဒီစီးရီးလေးဟာ action နဲ့ fantasy ရသပေးနိုင်တာအပြင် လူ့ဘဝရဲ့ အမှား၊ ပြစ်မှု၊ နောင်တနဲ့ ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ မက်ဆေ့ချ်ကိုပါ ပေးနိုင်တဲ့ စီးရီးတစ်ခုဖြစ်လို့ dark fantasy နဲ့ supernatural drama ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ စာရင်းထဲက အရေးပါတဲ့ ကားကောင်းတစ်ခုလို့ ပြောနိုင်ပါတယ် #AgentFromAbove