en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 435 subscribers, ranking 18 065 in the Movies category and 8 662 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 435 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 113 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.64%. Within the first 24 hours after publication, content typically collects 3.17% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 187 views. Within the first day, a publication typically gains 490 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 435
Subscribers
+324 hours
+337 days
+11330 days
Posts Archive
မင်သားအရပ်ရှည်ကြီးနဲ့ မင်းသမီး cute type လေးတို့ romance🫶💞 လျှပ်စီးဖန်သောဖူးစာ Sparkle Love (2020)
မင်သားအရပ်ရှည်ကြီးနဲ့ မင်းသမီး cute type လေးတို့ romance🫶💞 လျှပ်စီးဖန်သောဖူးစာ Sparkle Love (2020)

ပြန်လည်ဖွဲ့သီ နွေဦးဒိုင်ယာရီ (炽夏) Never-Ending Summer "မုသားတွေနဲ့ စတင်ခဲ့တဲ့ အချစ်ဦးဇတ်လမ်း... ဆယ်စုနှစ်တစ်ခုအကြာမှာ ကလဲ့စား
ပြန်လည်ဖွဲ့သီ နွေဦးဒိုင်ယာရီ (炽夏) Never-Ending Summer "မုသားတွေနဲ့ စတင်ခဲ့တဲ့ အချစ်ဦးဇတ်လမ်း... ဆယ်စုနှစ်တစ်ခုအကြာမှာ ကလဲ့စားချေခြင်း ခေါင်းစဉ်နဲ့ ပြန်လည်တောက်လောင်လာတဲ့အခါ..." ဇတ်လမ်းအကျဉ်း~ လောကမှာ အားကိုးစရာဆိုလို့ ရောဂါဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ အဘွားအိုတစ်ယောက်ပဲရှိခဲ့တဲ့ "ကျိုးဝမ်" (Zhou Wan)... အသက်ထက်ချစ်ရတဲ့အဘွားကို ကယ်တင်ဖို့ ဆေးကုသစရိတ်တွေ လိုအပ်လာတဲ့အခါ မြို့ပေါ်မှာ သြဇာအာဏာရှိပြီး ငွေကြေးအလွန်ချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းက ဆင်းသက်လာတဲ့၊ အေးစက်စက်နဲ့ မာနအလွန်ကြီးတဲ့ bad boy သူဌေးသား "လုရှီးရှောင်း" (Lu Xixiao)ရဲ့ အာဏာနဲ့ငွေကြေးကို အသုံးချဖို့ ချစ်ဟန်ဆောင်ပြီး မာယာတွေနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ ငွေကြေးဥစ္စာဓနကြွယ်ဝချမ်းသာပြီး အရှိန်အဝါရှိတဲ့ သူဌေးမိသားစုက သူဌေးသားလေးပေမဲ့ နွေးထွေးတဲ့ချစ်မေတ္တာတွေချို့တဲ့နေတဲ့ လုရှီးရှောင်းက စိတ်ဒဏ်ရာတွေ၊ မိသားစုပြဿနာတွေကြောင့် လူတွေကိုအယုံအကြည်ကင်းမဲ့ပြီး စိတ်တံခါးပိတ်ထားတဲ့ အထီးကျန်နေတဲ့ bad boy လေးတစ်ယောက်ပါ။ မည်သူ့ဆီကမှ နွေးထွေးမှု မရဖူးတဲ့ လုရှီးရှောင်အတွက်တော့ ကျိုးဝမ်ရဲ့ နူးညံ့တဲ့ဂရုစိုက်မှုတွေ၊ လိုအပ်တဲ့အချိန်တိုင်း အနားမှာ အမြဲရှိပြီးဖေးမပေးမှုတွေက သဲကန္တရလို ခြောက်သွေ့မည်းမှောင်နေတဲ့ သူ့ကမ္ဘာထဲကို လင်းလက်လာတဲ့ နေရောင်ချည်လို နွေးထွေးတဲ့ အလင်းရောင်လေးတစ်ခုလိုဖြစ်လာပြီး သူမကို နက်နက်ရှိုင်းရှိုင်းနဲ့ကို ချစ်မိသွားပါတော့တယ်။ မာယာ(လိမ်ညာမှု)တွေနဲ့ စတင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လုရှီးရှောင်းက သူမအပေါ် တကယ်ကြီး အသက်ပေးမတတ် ရိုးရိုးသားသား ချစ်နေတာကိုမြင်ရတဲ့အခါ ကျိုးဝမ်ကိုယ်တိုင်လည်း သတိမထားမိခင်မှာပဲ လုရှီးရှောင်းအပေါ် မေတ္တာစစ်နဲ့ တကယ်ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်က သူမ ရည်ရွယ်ချက်ရှိရှိ လိမ်ညာပြီး ချဉ်းကပ်ခဲ့တဲ့ လျှို့ဝှက်ချက် အမှန်တရားကို လုရှီးရှောင်းက မမျှော်လင့်ဘဲ သိသွားခဲ့ပါတယ်။ စိတ်ဝိညာဉ်တစ်ခုလုံးပုံအပ်ပြီး ချစ်ခင်မြတ်နိုးယုံကြည်ရတဲ့ တစ်ဦးတည်းသော ချစ်ရသူက ငွေကြေးလိုအပ်မှုတစ်ခုကြောင့် သူ့ကိုချဉ်းကပ်အသုံးချဖို့ဆိုတာကို သိရှိသွားပြီးတဲ့နောက် လုရှီးရှောင်က အမုန်းတရားတွေ... နာကျဉ်းမှုတွေနဲ့ သူမကို လမ်းခွဲသွားပါတယ်။ ၁၀စုနှစ်တစ်ခုကြာသွားပြီးတဲ့နောက် လုရှီးရှောင်းဟာ အတိတ်က နာကျင်မှုတွေကြောင့် ပိုပြီးရက်စက်တည်ငြိမ်တဲ့ ထိပ်တန်း CEOလုပ်ငန်းရှင်တစ်ဦးဖြစ်လာပြီး လုပ်ငန်းခွင်မှာ အတိတ်က မိမိအပေါ် Playသွားခဲ့တဲ့ အချစ်ဦး"ကျိုးဝမ်" နဲ့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့... ၁၀စုနှစ်တစ်ခုကြာသည့်တိုင်အောင် အမုန်းတရားတွေတပွေ့တပိုက်နဲ့ CEOလုရှီးရှောင်းက သူ့အချစ်ဦး ကျိုးဝမ်ကို ဘယ်လိုတွေ လက်စားချေတုံ့ပြန်သွားမလဲ... ကလဲ့စားပြန်ချေခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျိုးဝမ်ကို စကားလုံးရင့်ရင့်တွေသုံးပြီး အထက်စီးကနေ ရက်ရက်စက်စက်တွေ ပြောဆိုနှိပ်စက်နေပေမဲ့ ချစ်တဲ့သူ နာကျင်ကြေကွဲတာကို မြင်နေရတဲ့အခါမှာတော့... အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့အတိုင်း မုန်းတယ် ကလဲ့စားချေမယ်ဆိုပြီး မုန်းတီးနာကျဉ်းနေတဲ့ကြားက ဘေးနားအတင်းဆွဲခေါ်ထားပြီး သဝန်တိုလိုက်၊ ချစ်လိုက်၊ မုန်းလိုက်နဲ့ အချစ်-အမုန်းကြားထဲမှာ လွန်ဆွဲနေတဲ့ ချိုမြိန်ပြင်းရှတဲ့ နွေရာသီအချစ်ဦးဇတ်လမ်းလေး(Never-Ending Summer)ကို GC Chinese ကနေ အကောင်းမွန်ဆုံးဘာသာပြန်အရည်အသွေးတွေနဲ့ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော် ဒီဇတ်လမ်းလေးမှာတော့ INTO1 အဖွဲဝင်အဖြစ် ပွဲထွက်ခဲ့ပြီး ကမ္ဘာအနှံ့ ပရိသတ်အားပေးမှု အခိုင်အမာရခဲ့တဲ့ Top Idol တစ်ဦးဖြစ်သလို သရုပ်ဆောင်လောကမှာပါ နာမည်ကြီး starဖြစ်တဲ့ မင်းသားချော Zhou Ke Yu နဲ့ လက်တလောမှာ Generation to Generation နာမည်ကြီးဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသမီးချောလေး Bao Shang En တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ မပြသခင်ကတည်းက ရေပန်းအစားဆုံး ဖြစ်နေပြီး မူရင်းဝတ္ထု "Fallen" ဟာ Jinjiang မှာ ဖတ်ရှုသူ သန်းပေါင်းများစွာရှိတဲ့ Best-seller ဝတ္ထုဖြစ်လို့ ပရိသတ်အခြေခိုင်ပြီးသားဖြစ်သလို Introvert ကောင်မလေးနဲ့ Bad Boy ကောင်လေးတိုရဲ့ Chemistry ကို ပရိသတ်တွေက အသည်းခိုက်အောင် ကြိုက်နှစ်သက်ကြတဲ့အတွက် နာမည်ကြီး လူကြိုက်များနေတဲ့ ဇတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ Review by Feng Encoded by Feng Translated by GC Chinese Team #ပြန်လည်ဖွဲ့သီနွေဦးဒိုင်ယာရီ #炽夏 #NeverEndingSummer

ချင်းချိုးမြေမှ နတ်ဆေးသမားတော် Qing Qiu Apothecary / 青丘药郎 2026 ဇာတ်လမ်းအကျဉ်း 📝 ခမ်းနားထည်ဝါလှတဲ့ ကောင်းကင်ဘုံရဲ့ နယ်မြေသုံး
+8
ချင်းချိုးမြေမှ နတ်ဆေးသမားတော် Qing Qiu Apothecary / 青丘药郎 2026 ဇာတ်လမ်းအကျဉ်း 📝 ခမ်းနားထည်ဝါလှတဲ့ ကောင်းကင်ဘုံရဲ့ နယ်မြေသုံးခုမှာ အထက်ဘုံနတ်မင်းကြီး Qing Xuan ဟာ ရှေးဟောင်းနဂါးပျံ Tengshe ရဲ့ နတ်ကြေးခွံနဲ့ ကောင်းကင်ဘုံဖာထေးတဲ့ နွီ၀ါးကျောက်တုံးကို ပေါင်းစပ်သွန်းလုပ်ထားတဲ့ တန်ခိုးထွက်နတ်ဓားကြီး သက်တံဓားကို ကိုင်စွဲပြီး နတ်ပြည်ကို တက်လှမ်းမယ့်သူတွေရဲ့ ကံကြမ္မာတရားလမ်းစဉ်ကို စောင့်ကြပ်ထိန်းချုပ်နေပါတယ် လောကီကျင့်ကြံသူတွေဟာ နတ်ပြည်နဝမကောင်းကင်ထဲကို ဝင်ရောက်ချင်တယ်ဆိုရင် ဒီနေရာမှာ နတ်မင်းကြီး Qing Xuan ရဲ့ နတ်ဓားနဲ့ လောကီလူသားတို့ရဲ့ အချစ်၊ အလွမ်း၊ သံယောဇဉ်အားလုံးကို အကြွင်းမဲ့ ဖြတ်တောက်ခြင်း ခံရမှသာလျှင် တက်လှမ်းခွင့် ရရှိကြတာပါ ဒါပေမဲ့ တစ်နေ့မှာတော့ ကျင့်ကြံခြင်းစွမ်းအင်တွေ အထွတ်အထိပ် ရောက်နေတဲ့ ဇီးပန်းပွင့်မိစ္ဆာမလေးတစ်ယောက် နတ်ဘုံဆီ တက်လှမ်းဖို့ ရောက်ရှိလာခဲ့ပါတယ် သူမဟာ စွမ်းအင်အရှိန်အ၀ါတွေ ပြည့်စုံနေပေမဲ့ နတ်မင်းကြီး Qing Xuan အပေါ်မှာ ထားရှိတဲ့ နှစ်ပေါင်းများစွာက အချစ် စွဲလမ်းမှု နဲ့ သူမရဲ့ ညီအစ်မတွေအပေါ် ထားခဲ့တဲ့ ကတိသစ္စာတွေကို လုံးဝ အဖြတ်မခံနိုင်ဘဲ နတ်လမ်းစဉ်ကိုပဲ စွန့်လွှတ်လိုက်မယ် နှလုံးသားထဲက အချစ်မီးတောက်ကိုတော့ အငြိမ်းမခံနိုင်ဘူးလို့ ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့ပါတယ် သူမရဲ့ ပြင်းပြလှတဲ့ မေတ္တာတရားကြောင့် နတ်မင်းကြီး Qing Xuan ရဲ့ ကျောက်ခဲလို အေးစက်နေတဲ့ နှလုံးသားဟာ ပထမဆုံးအကြိမ် လှုပ်ခတ်သွားခဲ့ရပါတယ် သူဟာ နှစ်ပေါင်းများစွာ သံယောဇဉ်ပေါင်းသန်းချီကို ဖြတ်တောက်ခဲ့တဲ့ မိမိရဲ့နတ်ဓားသွားပေါ်မှာ မိမိကိုယ်တိုင်ရဲ့ တုန်လှုပ်ချောက်ခြားသွားရတဲ့ အရိပ်အယောင်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရပါတယ် "ကောင်းကင်ဘုံတရားလမ်းစဉ်က အေးစက်စက်နိုင်လှပေမဲ့ သံယောဇဉ်တစ်ခုကို သစ္စာရှိရှိ စောင့်ထိန်းခြင်းကလည်း တရားလမ်းစဉ်တစ်ခု ဖြစ်နိုင်တာပဲ" ဆိုတာကို နတ်မင်းကြီး သဘောပေါက်သွားတဲ့အခါ စစ်မှန်တဲ့ တရားအမှန်ကို ရှာဖွေဖို့အတွက် မိမိရဲ့ နတ်မင်းရာထူးကို စွန့်လွှတ်ပြီး လူ့ပြည်လောကဆီ သက်ဆင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် သူဟာ သာမန်လူသားတွေလို သံသရာထဲ မဝင်တော့ဘဲ မြေခွေးမျိုးနွယ်စုရဲ့ အသက်ဝိညာဉ် အမြုတေပုတီးလုံးကို ယူဆောင်ကာ နာမည်ကျော်မြေခွေးအိမ်တော် ချင်းချိုးနယ်မြေမှာ မြေခွေးပေါက်စလေးအဖြစ် ဝင်စားခဲ့ပါတယ် နှစ်ပေါင်း (၅၀၀) တိုင်တိုင် မြေခွေးခန္ဓာကိုယ်နဲ့ ကုန်းရုန်းကျင့်ကြံပြီးတဲ့နောက်မှာတော့ လူသားအသွင်သဏ္ဍာန်ကို ပြန်လည်ရရှိခဲ့ပါတယ် အဲဒီအချိန်ကစပြီး သူဟာ ကျောပေါ်မှာ ဆေးအိတ်ကမ္ဗလာကို လွယ်၊ လက်ထဲမှာ နတ်ဓားကို ကိုင်စွဲပြီး လောကကြီးရဲ့ အရပ်လေးမျက်နှာဆီကို လှည့်လည်ကာ လမ်းခရီးမှာ တွေ့သမျှ မိစ္ဆာဆိုးတွေကို နှိမ်နင်း ဆင်းရဲသား လူသားတွေကို ဆေးဝါးကုသပေးရင်း လူ့ပြည်လောကရဲ့ မီးခိုးအိမ်ခြေ မြို့ပြတွေကြားထဲမှာ မိမိစွန့်လွှတ်ခဲ့တဲ့ စစ်မှန်တဲ့ ကျင့်ကြံခြင်း တရားလမ်းစဉ်အမှန်ကို လိုက်လံရှာဖွေပါတော့တယ်... ကဲ ကောင်းကင်ဘုံကို စွန့်ပြီး ဆေးအိတ်လွယ်ကာ တရားရှာမယ့် မြေခွေးနတ်မင်းကြီးရဲ့ ခရီးစဉ်ကို SoulKingdom မှာ အခုပဲ ကြည့်ရှုလိုက်ရအောင် Native Title : 青丘药郎 English Title : Qing Qiu Apothecary Starring : Meng En, Zhao Mu Yan ,Jessie Fu Episode : 24 Genre : Xianxia Romance / Mythological Fantasy / Wuxia Adventure Core Mythology : Qingqiu Fox Tribe & Heavenly Tao Original Network : Iqiyi #SoulKingdom #Review #青丘药郎 #QingQiuYaoLang #TheMedicineHerbalistOfQingqiu #klSnn

ရာသီအကူးက ချယ်ရီနီ Hong Le Ying Tao Lv Le Ba Jiao / 红了樱桃绿了芭蕉 2026 🍒🎋 စာပေအနုပညာ အငွေ့အသက်တွေ နန်းတွင်းအာဏာလုပွဲ တွေနဲ့ ရင်ဖ
+7
ရာသီအကူးက ချယ်ရီနီ Hong Le Ying Tao Lv Le Ba Jiao / 红了樱桃绿了芭蕉 2026 🍒🎋 စာပေအနုပညာ အငွေ့အသက်တွေ နန်းတွင်းအာဏာလုပွဲ တွေနဲ့ ရင်ဖိုစရာ အချစ်ဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းက အကျိုးစီးပွားအတွက် ပူးပေါင်းထားတဲ့ လင်မယားကိုမှ အတိတ်ဘဝက အားနည်းချက်တွေကို သွေးအေးအကွက်ချ ချေမှုန်းမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း 📝 Count အိမ်တော်ရဲ့ မယားငယ်က မွေးဖွားတဲ့ သမီးလေး Gu Zheng ဟာ အတိတ်ဘဝတုန်းက သူမရဲ့ မိသားစုဝင်တွေ စနစ်တကျ အကွက်ချ ဆင်ထားတဲ့ ကျောချမ်းစရာ ဆေးခတ်တဲ့ အရှုပ်တော်ပုံထဲမှာ မတရား လုပ်ကြံစွပ်စွဲခံရပြီး ရက်ရက်စက်စက် သေဆုံးခဲ့ရရှာပါတယ် ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သူမဟာ ဒီဘဝကို ပြန်လည်မွေးဖွားရှင်သန်ခွင့် ရရှိလာခဲ့ပါတယ် အံ့သြစရာကောင်းတာက တိုင်းပြည်တစ်ခုလုံးက ရိုသေကြောက်ရွံ့ကြပြီး အေးစက်ခေါင်းအေးလွန်းလှတဲ့ နိုင်ငံတော်ဆရာသခင်ကြီး Shen Yan က သူမအတွက် တရားဝင် ရှေ့ကနေ မမျှော်လင့်ဘဲ ကာကွယ်ထွက်ဆိုပေးခဲ့ရုံတင်မက ဧကရာဇ်မင်းမြတ်ဆီကနေ သူတို့နှစ်ယောက် လက်ထပ်ဖို့ တော်ဝင်အမိန့်တော် ကိုပါ ကိုယ်တိုင် တောင်းခံပေးခဲ့တာပါပဲ အပြင်ပန်းကြည့်ရင်တော့ သူတို့နှစ်ယောက်ဟာ အပြန်အလှန် အကျိုးစီးပွားအတွက် ဟန်ဆောင်လက်ထပ်ထားတဲ့ သူတွေ ဖြစ်ကြပေမဲ့ တကယ်တော့ ကန့်လန့်ကာ နောက်ကွယ်မှာ တစ်ယောက်စီတိုင်းက ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိနေကြပါတယ် မင်းသားကြီး Shen Yan က ဒီလက်ထပ်ပွဲကို အသုံးချပြီး အိမ်ရှေ့မင်းသား နဲ့ Duan Wang မင်းသားတို့ကြားမှာ အကွက်ချ ကစားနေတာဖြစ်ပြီး သူ့ရဲ့ မိခင်ဖြစ်သူ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အမှုမှန်နဲ့ တော်ဝင်မင်းသားတွေရဲ့ လျှို့ဝှက်ချက် မျိုးရိုးဇာစ်မြစ်ကို လိုက်လံစုံစမ်းနေတာပါ တစ်ဖက်မှာလည်း မင်းသမီးလေး Gu Zheng ကလည်း အတိတ်ဘဝကလို ကြောက်တတ်အူကြောင်ကြောင် ပုံစံမျိုးကို လုံးဝ စွန့်လွှတ်လိုက်ပြီး သူမရဲ့ ထက်မြက်လှတဲ့ ဉာဏ်ပညာ ရဲရင့်တဲ့ အရှိန်အဝါတွေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ် သူမဟာ ရှေးဟောင်းစာကြည့်တိုက် ကျောင်းတော်တွေကို ခေတ်မီအောင် ပြန်လည်မွမ်းမံပြီး အခြေခံလူတန်းစား ဆင်းရဲသား ပညာတတ်တွေကို မြေတောင်မြှောက်ပေးရင်း မယားငယ်သမီးဆိုတဲ့ နိမ့်ကျတဲ့ ဘဝထောင်ချောက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားပါတော့တယ် ဒီလိုနဲ့ တော်ဝင်အာဏာလုပွဲ ဝင်္ကပါထဲမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သံသယတံတိုင်းတွေ ဖြိုချပြီးစစ်မှန်တဲ့ မေတ္တာတရားတွေ အပြန်အလှန် အမြစ်တွယ်လာခဲ့ကြပါတယ် တဖြည်းဖြည်းနဲ့ အတိတ်က သွေးအေးလှတဲ့ အမှန်တရားတွေ တရွေ့ရွေ့ ပေါ်ထွက်လာတဲ့အခါ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာပဟေဠိက ဘယ်လိုဇာတ်သိမ်းမျိုးဆီ ဦးတည်သွားမလဲဆိုတာ... Native Title : 红了樱桃绿了芭蕉 English Title : Red Cherries, Green Plantains , Hong Le Ying Tao Lv Le Ba Jiao Starring: Chang ZheKuan ,Zhao YiYing ,Zhao XingHui ,Yu Hang Episodes : 20 Genre : Historical / Palace Politics / Romance / Revenge / Mystery Original Network : Mango TV, Youku #SoulKingdom #Review #红了樱桃绿了芭蕉 #HongLeYingTaoLvLeBaJiao #klSnn

Archives: The Nanyang Mystery (2026) ဆည်းဆာရိပ်အောက်မှ ပဟေဠိဝင်္ကပါ ဒီတစ်ခါကတော့ Republican ခေတ်ဦးနောက်ခံ ဇာတ်လမ်းဆန်းလေးကို
+9
Archives: The Nanyang Mystery (2026) ဆည်းဆာရိပ်အောက်မှ ပဟေဠိဝင်္ကပါ ဒီတစ်ခါကတော့ Republican ခေတ်ဦးနောက်ခံ ဇာတ်လမ်းဆန်းလေးကို ညွှန်းပေးမှာပါ။ ဒီဇာတ်ကားက mystery, thriller ပုံစံဇာတ်အိမ်ဆိုတော့ ပရိသတ်တွေလဲ သဘောကျဦးမဲ့ဇာတ်လမ်းလေးပါပဲ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်တွေအဖြစ် Justice in the dark မှာ အလှလေးဖေစုအဖြစ် ပါဝင်ခဲ့တဲ့ Zhang Xin Cheng၊ Love in Pavilion နဲ့ Fight for love မှာပါဝင်ခဲ့တဲ့ ကိုကိုတင်းယွီရှီးနဲ့ မမလှလှလေး Jiang Pei Yao တို့က ဆေးစက်ကျရာအရုပ်ထင်ထားကြပါတယ်။ ဒီဇာတ်လမ်းဟာ Southern Archives က လျှို့ဝှက်အေးဂျင့်နှစ်ဦးဖြစ်တဲ့ကျန်းဟိုင်ယန့်နဲ့ ကျန်းဟိုင်ရှတို့နှစ်ယောက်ရဲ့စုံစမ်းစစ်ဆေးမှုကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအညွှန်း >>> တရုတ်သမ္မတနိုင်ငံခေတ်ဦးကာလတုန်းက နန်ယန်ဒေသမှာ ထူးဆန်းဆန်းပြားတဲ့ဖြစ်ရပ်ဆန်းတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါတယ်။ ကျန်းဟိုင်ယန့်နဲ့ကျန်းဟိုင်ရှတို့နှစ်ယောက်ဟာ စစ်ဗိုလ်ချုပ်တွေ နောက်ကွယ်ကနေကြံစည်နေကြတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို လိုက်လံဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီကြံစည်မှုကတော့ Dusk Grass လို့ခေါ်တဲ့ အဆိပ်ပင်တစ်မျိုးကိုအသုံးချပြီး အာဏာလုဖို့ ကြိုးစားနေကြတာပါ။ စုံစမ်းရေးလမ်းကြောင်းတစ်လျှောက်မှာ အသက်အန္တရာယ်ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သဲလွန်စအားလုံးကို သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့သမျှအမှုမှန်သမျှဟာ နန်အန်းလို့ခေါ်တဲ့ ဧရာမပင်လယ်ကူးသင်္ဘောကြီးတစ်စင်းပေါ်မှာ ဆုံမှတ်လာတည့်နေတာကို မထင်မှတ်ဘဲရှာဖွေတွေ့ရှိသွားပါတော့တယ်။ ဒီဇာတ်လမ်းက Republic Era နဲ့ Adventure အမျိုးအစားဖြစ်ပြီး နာမည်ကျော် Daomu Biji (Tomb Raiders) Universe ထဲက Character တွေဖြစ်တဲ့ ကျန်းဟိုင်ယန့်နဲ့ကျန်းဟိုင်ရှတို့ရဲ့ဇာတ်ကြောင်းမို့လို့ တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါ့အပြင် သဲလွန်စအားလုံးက နန်အန်းသင်္ဘောကြီးပေါ်မှာ လာစုနေတာဆိုတော့ သင်္ဘောကြီးပေါ်မှာ ဖြစ်ပျက်မဲ့အကွက်တွေကလည်း တကယ်ကို ရင်တထိတ်ထိတ်ဖြစ်စေမှာမို့ ကြည့်ကိုကြည့်ရမဲ့စီးရီးကောင်းပါပဲနော်။ #ArchiveTheNanyangMystery

The First Jasmine 2026 ဆူးခတ်ကြားကပန်းစံပယ် မမ Bai Lu နဲ့ကိုကို Cheng Lei တို့ရဲ့နန်းတွင်းကားလေးလာပါပြီ ဒီဇာတ်လမ်းလေးဟာ နန်းတ
+9
The First Jasmine 2026 ဆူးခတ်ကြားကပန်းစံပယ် မမ Bai Lu နဲ့ကိုကို Cheng Lei တို့ရဲ့နန်းတွင်းကားလေးလာပါပြီ ဒီဇာတ်လမ်းလေးဟာ နန်းတွင်းအာဏာလုတာတွေ လက်စားချေတာတွေနဲ့ အချစ်ဇာတ်လမ်းလေးရောပြီး အကောင်းဆုံးပေါင်းစပ်ထားတဲ့ Historical Romance ဒရာမာတစ်ပုဒ်ဖြစ်ပါတယ် Ye Li က ပညာရှိပြီး သတ္တိရှိတဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို မိသားစုနဲ့ မျိုးနွယ်စုအပေါ် ကျရောက်ခဲ့တဲ့ မတရားမှုတွေကို ပြန်လည်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားသူပါ Mo Xiu Yao ကတော့ ပြင်ပမှာ အားနည်းပြီး မသန်စွမ်းတဲ့ မင်းသားလို မြင်ရပေမဲ့ အတွင်းမှာ နက်နဲတဲ့ အစီအစဉ်တွေနဲ့ ပြည့်နေသူ ဖြစ်ပါတယ် အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် သံသယဝင်နေကြပေမဲ့ အခက်အခဲတွေကို အတူကျော်ဖြတ်ရင်း ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ တဖြည်းဖြည်း တည်ဆောက်လာတဲ့အခါမှာ Ye Li ရဲ့ ဉာဏ်ရည်ထက်မြက်မှုနဲ့ Mo Xiu Yao ရဲ့ အေးဆေးတည်ငြိမ်တဲ့ ခေါင်းဆောင်မှုတို့ပေါင်းစပ်တဲ့အခါ Prince Jing Li ရဲ့ ထီးနန်းသိမ်းပိုက်လိုစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ နန်းတွင်းအာဏာပြိုင်ပွဲတွေ စစ်ရေးဗျူဟာတွေနဲ့ တိုင်းပြည်ရေးလှည့်ကွက်တွေအကြား စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် Strong Female Lead ကို ကြိုက်တဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် Ye Li နဲ့ Mo Xiu Yao တို့ရဲ့ အပြန်အလှန်ယုံကြည်မှု သစ္စာရှိမှုနဲ့ အတူတကွ ရန်သူတွေကို အနိုင်ယူသွားတဲ့ ခရီးစဉ်ကို စိတ်ကျေနပ်မှုအပြည့်နဲ့ ကြည့်ရှုကြရမှာပါ #TheFirstJasmine

မီးရှူးပင်လယ် ချစ်ကမ္ဘာငယ် Love Has Fireworks (2026) " ချန်ဖေး ငါသေချာတယ် မင်းကိုချစ်မိနေပြီ " ဒီဇာတ်ကားမှာ ပရိသတ်‌တွေရဲ့ အချ
+4
မီးရှူးပင်လယ် ချစ်ကမ္ဘာငယ် Love Has Fireworks (2026) " ချန်ဖေး ငါသေချာတယ် မင်းကိုချစ်မိနေပြီ " ဒီဇာတ်ကားမှာ ပရိသတ်‌တွေရဲ့ အချစ်တော် Tan Jian Ci ကို တည်ငြိမ်ပြီး စမတ်ကျတဲ့ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပြီး Wang Chu Ran ကလည်း လှပကျော့ရှင်းတဲ့ ပုံစံနဲ့မိုလို သူတိုနှစ်ဦးရဲ့ သရုပ်ဆောင်မှုတွေက တကယ့်ကိုမှ ရင်ခုန်စရာကောင်းနေမှာပါ ဇာတ်လမ်းအကျဉ်း ~ ရှန်ဟိုင်းမြိုကြီးမှာ အခြေချနိုင်ဖိုအတွက် ကြိုးစားနေတဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းဝန်ထမ်းမလေး ချန်ဖေးက နှစ်ပေါင်းများစွာ ခြိုးခြုံချွေတာပြီး စုဆောင်းခဲ့တဲ့ငွေတွေနဲ့ သူရဲ့ရည်းစား ဝမ်ရိုဟိုင်နဲ့အတူ အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့တယ် ဒါပေမဲ့ ကံကြမ္မာက သူ့ကို မျက်နှာသာမပေးခဲ့ဘူး ဝမ်ရိုဟိုင်က ကုမ္ပဏီဥက္ကဋ္ဌရဲ့ သမီးဖြစ်သူ မျက်စိကျတာကို ခံလိုက်ရပြီး ချန်ဖေးကို လမ်းခွဲခဲ့ပါတယ် အချစ်ရေးမှာ ရှုးနိမ့်ရုံတင်မကဘဲ ကုမ္ပဏီက လူလျှော့တဲ့စာရင်းထဲမှာပါ ပါသွားတဲ့ ချန်ဖေးက အိမ်ချေးငွေ ပြန်ဆပ်ရမဲ့ဖိအားတွေကြောင့် နောက်ဆုံးမှာတော့ သူ့အိမ်ရဲ့ အခန်းတစ်ခန်းကို အိမ်ငှားတင်ဖို ဆုံးဖြတ်လိုက်ရပါတယ် တစ်ဖက်မှာလည်း မိသားစုချမ်းသာမှုကိုဖုံးကွယ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေတဲ့ လီယိဖေးကလည်း စီးပွားရေးအခက်အခဲကြောင့် သူ့ရည်းစားနဲ့အတူ ချန်ဖေးရဲ့အိမ်ကို လာပြီးငှားရမ်းနေထိုင်ခဲ့ပါတယ် ဒါပေမဲ့ မကြာခင်မှာပဲ လီယိဖေးလည်း သူ့ရည်းစားနဲ့ လမ်းခွဲလိုက်ရပြန်ပါတယ် ဒါ့အပြင် သူတိုနှစ်ဦးစလုံးက ရှန်းလိဖန်းလုပ်ငန်းစုရဲ့ အရေးကြီးစီမံကိန်းတစ်ခုမှာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြပါတယ် အဲဒီကုမ္ပဏီကတော့ ချန်ဖေးရဲ့ ရည်းစားဟောင်း ဝမ်ရိုဟိုင် ရှိနေတဲ့နေရာ ဖြစ်နေတဲ့အခါမှာတော့... ဘဝနောက်ခံ မတူညီတဲ့သူနှစ်ယောက် တစ်အိမ်တည်းမှာ အတူနေရင်း နေ့တိုင်းရန်ဖြစ်လိုက်၊ စနောက်လိုက်နဲ့ ဆူညံပွက်လောရိုက်နေတဲ့ နေ့ရက်တွေဟာ သူတိုနှစ်ဦးကြားမှာ မသိမသာ သံယောဇဉ်တွေ ဖြစ်လာစေခဲ့တဲ့အခါ........ လုပ်ငန်းခွင်ထဲက ဖိအားတွေကြားမှာ လီယိဖေးက ချန်ဖေးကို ဘယ်လိုမျိုး ကွယ်ရာကနေ ကူညီပေးမလဲ? တစ်ယောက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို နားလည်လာပြီးတဲ့နောက်မှာ သူတိုရဲ့ အခန်းဖော်အဆင့်ကနေ ချစ်သူအဆင့်ကို ဘယ်လိုတက်လှမ်းကြမလဲ? အရေးကြီးဆုံးကတော့... ချန်ဖေးတစ်ယောက် သူ့ကို ပစ်သွားတဲ့ ရည်းစားဟောင်းကို လုံးဝမေ့ပစ်နိုင်ပါ့မလား? ဒီဇာတ်ကားက အချစ်သက်သက်တင်မကဘဲ လက်တွေ့ဘဝရဲ့ ရုန်းကန်မှုတွေ၊ လုပ်ငန်းခွင်က ဖိအားတွေနဲ့ လူငယ်တွေရဲ့ အိပ်မက်တွေအကြောင်းကို ရောင်ပြန်ဟပ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်လို ရယ်ရမဲ့ အခန်းလေးတွေလည်းပါသလို စိတ်မကောင်းဖြစ်စေမဲ့ အခန်းလေးတွေကလည်း ရင်ထဲထိစေမှာဖြစ်လို အချစ်နဲ့ ဘဝကို အကောင်းဆုံး ပုံဖော်ထားတဲ့ "မီးရှူးပင်လယ် ချစ်ကမ္ဘာငယ်" Love Has Fireworks ဆိုတဲ့ဇတ်လမ်းလေးကို GC Chinese မှာ တင်ဆက်ပေးသွားမှာဖြစ်လို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုဖို ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🤍 Review by ZCH Translated by GC Chinese Team Encoded by Feng #爱情有烟火 #LoveHasFireworks

Visage & Soul (2026) မျက်နှာဖုံးနောက်ကွယ်က စိတ်ဝိညာဉ်စစ် ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းတွဲလေးကတော့ လှည့်ကွက်တွေ၊ သံသယတွေနဲ့
+4
Visage & Soul (2026) မျက်နှာဖုံးနောက်ကွယ်က စိတ်ဝိညာဉ်စစ် ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းတွဲလေးကတော့ လှည့်ကွက်တွေ၊ သံသယတွေနဲ့ အမှန်တရားကြားက နာကျင်စရာရွေးချယ်မှုတွေ ပြည့်နှက်နေတဲ့ဇာတ်အိမ်မျိုးလေးပါ။ ဒါ့အပြင် အဲလို plot တွေကြားမှာ ကြည့်ရှုသူတွေက အချစ်ရိပ်ပါးပါးလေးကိုလဲ ခံစားရဦးမှာပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ် Fascination မှာ MC အဖြစ်အတွဲညီခဲ့ကြတဲ့ Qi Yan Di နဲ့ Jesse Ren တို့ကို ထပ်မံမြင်တွေ့ကြရဦးမှာပါနော်။ ဇာတ်လမ်းအညွှန်း >>> အတိတ်မေ့နေတဲ့ချောင်ရှောင်မီဟာ ဖခင်ရဲ့နာရေးအခမ်းအနားမှာတင် အစ်ကိုဖြစ်သူ ချောင်ကျစ်ဝေရဲ့တမင်သက်သက်ကျပ်ပိတ်လုပ်ဆောင်မှုကြောင့် အကျပ်ရိုက်ပြီး စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက အစအနမရှိပျောက်ဆုံးနေခဲ့တဲ့ သူနဲ့စေ့စပ်ထားသူ ချင်ယွီဟာ ရုတ်တရက်ပြန်လည်ပေါ်လာပြီး ဒီအခက်အခဲထဲကနေ ကယ်ထုတ်ပေးခဲ့ပါတော့တယ်။ ချင်ယွီရဲ့ကူညီစောင့်ရှောက်မှုတွေကြောင့် ရှောင်မီရဲ့တစ်စစီဖြစ်နေတဲ့ အမှတ်တရအပိုင်းအစတွေဟာ တဖြည်းဖြည်းပြန်ပေါ်လာပြီး အတိတ်က လူများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ ကြောက်စရာကောင်းလှတဲ့မီးလောင်မှုကြီးတစ်ခုဆီကို ဦးတည်ညွှန်ပြလာပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အလှည့်အပြောင်းကတော့ ချင်ယွီ တစ်ကျော့ပြန်ပေါ်လာခြင်းဟာ တကယ်တော့ အစ်ကိုဖြစ်သူ ချောင်ကျစ်ဝေက နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်ထားတာ ဖြစ်နေခဲ့ပါတယ်။ အမှန်တရားတွေ တဖြည်းဖြည်း ပေါ်လာတဲ့အခါမှာတော့ လှည့်စားမှုတွေအပေါ်မှာတည်ဆောက်ထားခဲ့တဲ့ သူတို့နှစ်ယောက်ကြားကအချစ်ဟာ နောက်ဆုံးမှာတော့ နာကျင်စရာကောင်းတဲ့အရေးကြီးဆုံးရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်လမ်းက Mini Drama တွေရဲ့ထုံးစံအတိုင်း Plot Twist တွေ၊ စိတ်လှုပ်ရှားစရာ အကွက်တွေနဲ့ပြည့်နှက်နေတဲ့ သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းအမျိုးအစားမို့ ကြည့်ရင်း ရင်တထိတ်ထိတ်ဖြစ်ရမှာတော့ အသေချာပါပဲ။ #VisageAndSoul

Ashes to Crown (2026) ပြာငွေ့လွှမ်းတဲ့သရဖူလမ်း အခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ နန်းတွင်းဇာတ်အိမ်ကိုမှ အချစ်ရိပ်လေးတွေယှက်သန်းန
+9
Ashes to Crown (2026) ပြာငွေ့လွှမ်းတဲ့သရဖူလမ်း အခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ နန်းတွင်းဇာတ်အိမ်ကိုမှ အချစ်ရိပ်လေးတွေယှက်သန်းနေတဲ့စီးရီးအသစ်လေးပါ။ ဒီဇာတ်လမ်းက Strong Female Lead နဲ့ အောက်ခြေကနေ ထိပ်ဆုံးကိုတက်လှမ်းတဲ့ Plot တွေကိုပေါင်းစပ်ထားတာမို့ ကြည့်ရတာ တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းမှာပါ။ ‌အဓိကဇာတ်ဆောင်တွေကတော့ Veil of shadows ထဲက မမလှလှလေး Chen Du Ling နဲ့ Generation to Generation ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ယောက်ျားပျိုအလှလေး ကိုကို Zhou Yi Ran တို့က ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> စစ်သူကြီးတစ်ဦးရဲ့သမီးဖြစ်သူ ချူးကျောက်ဟာ ချူးပြည်နယ်ရဲ့အမွေဆက်ခံသူ ရှောင်ရွှင်ရဲ့အာဏာလုပွဲမှာ အသုံးချခံရုပ်သေးရုပ်ဖြစ်ရမဲ့ကံကြမ္မာကို လုံးဝလက်မခံခဲ့ပါဘူး။ အဲတော့ အတိတ်ဘဝကမှတ်ဉာဏ်တွေနဲ့အတူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကသာ ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ယုံကြည်ပြီး အာဏာလုပွဲတွေကြားထဲမှာ ပျက်စီးသွားမဲ့အစား တိုင်းရေးပြည်ရာအရှုပ်ထွေးရဲ့ဗဟိုချက်ဆီကို ရဲရဲဝံ့ဝံ့ခြေချဖို့ ကိုယ်တိုင်ရွေးချယ်လိုက်ပါတော့တယ်။ ဒီလမ်းကြောင်းပေါ်မှာပဲ ချူးကျောက်ဟာ ရှဲ့မိသားစုရဲ့တရားမဝင်သားဖြစ်တဲ့ ရှဲ့ယန်လိုင်နဲ့ဆုံတွေ့ခဲ့ပြီး ဒီဆုံတွေ့မှုက သူတို့နှစ်ယောက်လုံးရဲ့ဘဝကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ချူးကျောက်ဟာ မှောင်မိုက်ပြီးအားကိုးရာမဲ့နေတဲ့ ယန်လိုင်ရဲ့ဘဝထဲကို အလင်းရောင်ဆောင်ကြဉ်းပေးခဲ့သလို သူ့အပေါ် ဖိနှိပ်ထားတဲ့အတားအဆီးတွေကိုပါ ချိုးဖျက်ပစ်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ နန်းတွင်းကိုယ်ရံတော်လေးဘဝကနေ ရှဲ့ယန်လိုင်တစ်ယောက် တဖြည်းဖြည်းချင်းတက်လှမ်းရင်းနဲ့ နောက်ဆုံးမှာတော့ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်မယ့် စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးက အစွမ်းကုန်ကူညီပေးပြီး မင်းသားက အောက်ခြေရဲမက်ဘဝကနေ စစ်သူကြီးဖြစ်အောင် အတူတူရုန်းကန်ကြတဲ့ Power Couple Vibe က တကယ့်ကိုဆွဲဆောင်မှုရှိတဲ့အပြင် နှစ်ယောက်လုံးကလဲ ရုပ်ရည်ရူပကာမှာ god level တွေဖြစ်လို့ ကြည့်ရတာ အတော်လေးကိုမြိုင်မဲ့ဇာတ်လမ်းမျိုးမို့ ပရိသတ်တွေ သဘောကျအားရကြဦးမှာ အသေအချာပါပဲ။ #AshesToCrown

နှောင်ရစ်၀ဋ်ကြွေး ကျေစေသား Mountain Deity /山神的新郎 2026 🥀🕯️ ဇာတ်လမ်းအကျဉ်း 📝 တောင်စောင့်နတ်ဘုရားမ Chunjian ဟာ တစ်နေ့မှာတော့
+8
နှောင်ရစ်၀ဋ်ကြွေး ကျေစေသား Mountain Deity /山神的新郎 2026 🥀🕯️ ဇာတ်လမ်းအကျဉ်း 📝 တောင်စောင့်နတ်ဘုရားမ Chunjian ဟာ တစ်နေ့မှာတော့ သူမရဲ့ ယုံကြည်ကိုးကွယ်သူတွေက ယဇ်ပူဇော်ပသတဲ့အခါမှာ ပူဇော်ခြင်းခံရတဲ့ လူသားအမျိုးသားလေး Ji Jiu ကို မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့ပါတယ် ထူးဆန်းတာက ဒီလူသားဟာ သူမ မဖြစ်မနေ ဖြတ်ကျော်ရမယ့် ကောင်းကင်ဘုံဘေးဒုက္ခ နဲ့ ဆက်စပ်နေမှန်း သိလိုက်ရတာကြောင့် သူမဟာ ဒီဘေးဒုက္ခကို ကျော်လွှားပြီး ကပ်ဘေးကျော်လွှားနိုင်ဖို့အတွက် Ji Jiu ကို သတ်မပစ်ဘဲ သူမရဲ့ ဘေးနားမှာပဲ ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ် ဒါပေမဲ့ Chunjian တစ်ယောက် မသိခဲ့တာကတော့ Ji Jiu ဟာ သူမကို တကယ်ကြည်ညိုလို့ ချဉ်းကပ်လာတာ မဟုတ်ပါဘူး သူ့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က နတ်ဘုရားမရဲ့ ရင်ဘတ်ထဲက တန်ဖိုးကြီးလှတဲ့ နတ်ဘုရားနှလုံးသား ကို ရက်ရက်စက်စက် တူးထုတ်ပြီး သူ အသက်ထက်မက ချစ်ရတဲ့ လောကီချစ်သူမလေးကို ပြန်လည်အသက်သွင်းဖို့အတွက်ပဲ ဖြစ်ပါတယ် အတူတူနေထိုင်ရင်း သံယောဇဉ်ဖြစ်လာသလိုလိုနဲ့ နောက်ကွယ်မှာတော့ Ji Jiu ဟာ ရက်စက်တဲ့ အကွက်တစ်ခုကို ဆင်နွှဲခဲ့ပါတယ် သူဟာ နတ်ဘုရားမကို သူမရဲ့ ကိုးကွယ်သူ သစ္စာရှိသူတွေရဲ့ ရှေ့မှောက်မှာတင် ကြောက်မက်ဖွယ်ရုပ်ခန္ဓာအဖြစ် အမှန်တရား ပေါ်ပေါက်အောင် ဖန်တီးခဲ့တာကြောင့် သစ္စာရှိသူတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေ အားလုံး တစ်ခါတည်း ပြိုလဲပျက်စီးသွားခဲ့ရပါတယ် ကိုးကွယ်သူတွေရဲ့ ယုံကြည်မှုစွမ်းအား ပျောက်ဆုံးသွားတာနဲ့အမျှ နတ်ဘုရားမ Chunjian ရဲ့ နတ်စွမ်းအားတွေလည်း တစ်စစီ ကြေမွကုန်ပြီး ခန္ဓာကိုယ်ပါ လေထဲကို ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရပါတယ် Chunjian ရဲ့ ခန္ဓာကိုယ်လေး အမှုန်အမွှားအဖြစ် လေထဲလွင့်မျောပြီး ပျောက်ကွယ်ခါနီး အချိန်ကျမှသာ Ji Jiu ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ တုန်းက ဖြစ်ပျက်ခဲ့တဲ့ တကယ့် ဖြစ်ရပ်မှန်အမှန်တရားကြီးကို သိရှိသွားခဲ့ပြီး နောင်တအကြီးအကျယ် ရသွားပါတော့တယ် နောက်ဆုံးမှာတော့ သူကိုယ်တိုင် ကြီးမားလှတဲ့ အမှားအတွက် နတ်ဘုရားမကို ကယ်တင်ဖို့ မိမိကိုယ်ကို ပြန်လည်ယဇ်ပူဇော်ပြီး လောကကြီးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရပါတယ် နှစ်ပေါင်း တစ်ရာ ကြာမြင့်သွားပြီးတဲ့နောက် ကမ္ဘာမြေပြင်ပေါ်က အသစ်စက်စက် ဝတ်ပြုဆုတောင်းသံတစ်ခုဟာ ဆယ်မျက်နှာဖယောင်းတိုင် ကို ပြန်လည်လင်းထိန်စေခဲ့ပြီး နတ်ဘုရားမ Chunjian တစ်ယောက် ဘဝသစ်နဲ့ ပြန်လည်မွေးဖွားလာတော့မယ့် အတိတ်နိမိတ်ထွက်ပေါ်လာတဲ့အခါ ...... ဒီဇာတ်ကားလေးက ချစ်ခြင်းနောက်ကွယ်က လှည့်စားမှု ကလဲ့စားချေမှုနဲ့ ရင်နင့်စရာ ကံကြမ္မာ ဆိုတဲ့ Xianxia အငွေ့အသက် စစ်စစ်ကို အပိုင်းတိုလေးတွေနဲ့ ကျစ်ကျစ်လစ်လစ် ရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Xiao Yu ရဲ့ နုဖတ်ပြီး နတ်ဘုရားမ ဆန်တဲ့ အလှအပနဲ့ မင်းသား Tan Anyuan တို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ အချစ်နဲ့အမုန်းဒွန်တွဲနေတဲ့ Plot Twist က တကယ့်ကို ဆွဲဆောင်မှုရှိတာမို့ နောက်ဆုံးမှာ နှစ်ပေါင်းတစ်ရာကြာမှ ပြန်လည်မွေးဖွားလာမယ့် အဆုံးသတ်လေးက ပရိသတ်ကို  စိတ်၀င်စားစေမှာပါနော် ကဲ SoulKingdom မှာ အခုပဲ အားပေးကြည့်ရှုလိုက်ရအောင် Native Title : 山神的新郎 English Title : Mountain Deity Starring : Tan Anyuan, Xiao Yu Original Network : Mango TV Genre : Historical / Xianxia Fantasy / Romance Episode: 24 Release Date : June 1, 2026 #SoulKingdom #Review #山神的新郎 #MountainDeity #klSnn

နင်ချွဲ ဟာ သူ့ရဲ့ မိသားစုအတွက် မတရားမှုကို ကလဲ့စားချေဖို့ ခက်ခဲကြမ်းတမ်းတဲ့ သိုင်းလောကခရီးလမ်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းခ
+1
နင်ချွဲ ဟာ သူ့ရဲ့ မိသားစုအတွက် မတရားမှုကို ကလဲ့စားချေဖို့ ခက်ခဲကြမ်းတမ်းတဲ့ သိုင်းလောကခရီးလမ်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသူပါ၊ သူဟာ သိုင်းပညာတွေကို အဆင့်ဆင့် လေ့ကျင့်အောင်မြင်ခဲ့ပြီးနောက်မှာတော့ တန်နိုင်ငံတော် (Tang Country) ကြီးရဲ့ ယုံကြည်အားကိုးရတဲ့ အကာအကွယ်ပေးသူ ဓားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ မလိုမုန်းထားသူ လူယုတ်မာတွေဟာ နင်ချွဲရဲ့ အနီးကပ်ဆုံး အစေခံမလေး ဆန်ဆန် ရဲ့ နောက်ကြောင်းကို လိုက်လံစုံစမ်းရင်း... သူမဟာ ကမ္ဘာကြီးကို ပျက်စီးစေမယ့် "ထာဝရည" (Eternal Night) နဲ့ ဆက်စပ်နေတဲ့ အမှောင်သခင်မ ဖြစ်နေမှန်း သိသွားကြပြီး တစ်ကမ္ဘာလုံးက သူမကို သတ်ပစ်ဖို့ ပြင်ဆင်ကြပါတော့တယ်၊ နင်ချွဲဟာ ကလေးဘဝကတည်းက အတူတူ ဒုက္ခခံလာခဲ့ရတဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းမလေး နာကျင်ခံစားရမှာကို လုံးဝမလိုလားတာကြောင့် တစ်ကမ္ဘာလုံးကို ရန်သူလုပ်ပြီး ဆန်ဆန်ကို ခေါ်ကာ ဘေးအန္တရာယ်ပေါင်းများစွာကို အတူတူ ထွက်ပြေးကျော်ဖြတ်ခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲ တန်နိုင်ငံတော်ကြီးဟာလည်း စစ်ဘုရင်တွေရဲ့ လက်ထဲကို ကျရောက်ပြီး ပျက်စီးလုနီးပါး ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပြန်ပါတယ်၊ နင်ချွဲဟာ မိမိရဲ့ အချစ်ရေးနဲ့ မိခင်နိုင်ငံတော်ကြီးကို ကာကွယ်ဖို့ တာဝန်ကြားထဲမှာ... တပ်မတော်ကြီးကို ဦးဆောင်ပြီး တိုင်းပြည်ကို ကာကွယ်ဖို့ အမိန့်တော် ပြန်လည်ရရှိခဲ့တဲ့အခါမှာတော့

Dazzling (2026) အမှတ်တရနွေရက်များ အခုတစ်ခါတော့ မြို့ပြနဲ့နယ်မြို့လေးကြားက လူငယ်ဘဝအလွမ်းအဆွေး Vibe လေးရော၊ နှစ်အတော်ကြာမှ ပြန်
+9
Dazzling (2026) အမှတ်တရနွေရက်များ အခုတစ်ခါတော့ မြို့ပြနဲ့နယ်မြို့လေးကြားက လူငယ်ဘဝအလွမ်းအဆွေး Vibe လေးရော၊ နှစ်အတော်ကြာမှ ပြန်ဆုံကြတဲ့ခံစားချက်လေးပါ ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် စာဂျပိုးလေးနဲ့စာကလွဲ အကုန်လုပ်တဲ့သူတို့ကြားက ချစ်စရာကလိကလိလေးတွေကိုပါ ခံစားရစေမဲ့ လူငယ်သဘာဝချစ်ဇာတ်လမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းက လူငယ်သဘာဝကိုမှ ပြန်ဆုံစည်းတဲ့ချစ်မေတ္တာအကြောင်းကိုပါ သေချာရိုက်ကူးပြထားမို့ တော်တော်လေး Emotional ဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့ကြည့်ရမယ့် ကားကောင်းလေးပါ။ ဒီဇာတ်လမ်းမှာ Rebirth နဲ့ Blossomတို့ရဲ့ Super Star ဖြစ်တဲ့ ကိုကို Li Yun Rui နဲ့ Our Dazzling Days မှာ ချစ်စဖွယ်ကောင်မလေးအဖြစ်ပါဝင်ခဲ့တဲ့ မမလှလှလေး Guan Xiao Tong တို့က ကမ်မီမိမိ ပါဝင်ထားကြပါတယ်။ ဒါ့အပြင် မင်းသားနဲ့မင်းသမီးကလဲ စိမ်းမနေတော့ ပိုကြည့်ကောင်းမှာအသေချာပါပဲ။ ဇာတ်လမ်းအညွှန်း >>> အထက်တန်းကျောင်းနောက်ဆုံးနှစ် ရောက်ခါနီးမှာပဲ မိသားစုရဲ့ရုတ်တရက်အရေးပေါ်အခြေအနေတစ်ခုကြောင့် ချင်းယဲ့တစ်ယောက် ဇာတိမြို့ငယ်လေးကို ပြန်လာခဲ့ရပါတယ်။ တစ်ဘဝလုံးနီးပါးကို လူစည်ကားပြီး သာယာဝပြောတဲ့မြို့ကြီးပြကြီးမှာပဲ ဖြတ်သန်းခဲ့ရတာမို့လို့ ချင်းယဲ့အတွက်တော့ ဒီမြို့လေးရဲ့ပတ်ဝန်းကျင်သစ်မှာ အသားကျဖို့က တကယ်ကိုခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်ပဲ အခွင့်အရေးရတာနဲ့ ဒီမြို့ကနေ ချက်ချင်းပြန်ထွက်သွားမယ်လို့ တိတ်တဆိတ်ဆုံးဖြတ်ထားတာပေါ့လေ။ ဒါပေမဲ့ စာသင်ရတာအဆင်မပြေဘဲ ရုန်းကန်နေရတဲ့ရှင်းဝူနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့အစီအစဉ်တွေ စတင်ပြောင်းလဲလာခဲ့ပါတယ်။ ချင်းယဲ့ဟာ ရှင်းဝူတစ်ယောက် အထက်တန်းကျောင်းပြီးဆုံးပြီး အောင်မြင်စွာဘွဲ့ရနိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဝရည်မှန်းချက်တွေရော၊ စရိုက်တွေပါ လုံးဝကွဲပြားခြားနားကြပေမဲ့ အတူတူရှိနေတဲ့အချိန်တွေ ကြာလာတာနဲ့အမျှ ရှင်းဝူနဲ့ချင်းယဲ့တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ မသိမသာတိုးလာခဲ့ကြပါတယ်။ အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ ချင်းယဲ့လည်း တက္ကသိုလ်တက်ဖို့အတွက် မြို့ကြီးဆီကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့ ကံကြမ္မာက သူတို့နှစ်ယောက်လုံးကို ဒီဇာတိမြို့လေးဆီ တစ်ကျော့ပြန်ခေါ်ဆောင်လာခဲ့ပြန်ပါတယ်။ ရှင်းဝူရဲ့ရင်ထဲမှာလဲ ချင်းယဲ့အပေါ်ထားတဲ့ချစ်မေတ္တာတွေက ရှင်သန်နေတုန်းပါပဲ။ ဒီတစ်ခါရရှိလာတဲ့ ဒုတိယအခွင့်အရေးမှာရော သူတို့နှစ်ယောက်ဟာ ရင်ထဲက စစ်မှန်တဲ့ခံစားချက်တွေကို အမိအရဖွင့်ဟဝန်ခံပြီး လက်တွဲသွားနိုင်ကြမလားဆိုတာ ရင်ခုန်စရာစောင့်ကြည့်ရမှာပါ တို့ပြိတ်သတ်ရေ။ #Dazzling

Master Swordsman Lu Xiao Feng 2001 လုရှောင်ဖုန်း (စိန်ခေါ်ပွဲ​၏လျှို့ဝှက်ချက်) တစ်သက်လုံး ဓားသိုင်းပညာတစ်ခုတည်းမှာပဲ စိတ်နှစ်
Master Swordsman Lu Xiao Feng 2001 လုရှောင်ဖုန်း (စိန်ခေါ်ပွဲ​၏လျှို့ဝှက်ချက်) တစ်သက်လုံး ဓားသိုင်းပညာတစ်ခုတည်းမှာပဲ စိတ်နှစ်ထားပြီး ထိပ်တန်းအဆင့်ကို ရောက်ရှိနေတဲ့ ရှီမန်ချွေရွှယ်ဟာ သူ့ကို စိန်ခေါ်နိုင်မယ့် ပြိုင်ဘက်ကောင်းတစ်ယောက်ကိုပဲ မျှော်လင့်နေသူပါ၊ အဲ့ဒီအချိန်မှာ အရှေ့ပိုင်းဒေသက ထိပ်တန်းဓားပညာရှင် ယဲ့ကုချန်း ရောက်ရှိလာတာက ရှီမန်ချွေရွှယ်ရဲ့ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးလိုက်သလိုဖြစ်ခဲ့ပြီး သူတို့နှစ်ယောက်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့ ညမှာ တားမြစ်နန်းတော်ရဲ့ အမိုးထက်မှာ သေကြေပျက်စီးမယ့် ဓားသိုင်းပြိုင်ပွဲကြီး ဆင်နွှဲဖို့ ကတိကဝတ် ပြုလိုက်ကြပါတယ် အဲ့ဒီအချိန်မှာပဲ မြို့တော်တစ်ခုလုံးမှာ ဆန်းကြယ်လှတဲ့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်၊ အရာရာကို ထိုးထွင်းသိမြင်နိုင်တဲ့ လုရှောင်ဖုန်းဟာ ဒီလူသတ်မှုတွေဟာ ရှီမန်ချွေရွှယ်နဲ့ ယဲ့ကုချန်းတို့ရဲ့ ဓားသိုင်းပြိုင်ပွဲကြီးနဲ့ လျှို့ဝှက်နက်နဲစွာ ဆက်စပ်နေတယ်ဆိုတာကို ရိပ်မိသွားခဲ့တာကြောင့် တိုင်းပြည် ပျက်စီးမယ့် ဘေးအန္တရာယ်ကြီးကို တားဆီးဖို့အတွက် ထောင်ချောက်ပေါင်းများစွာကို စတင်ဆင်နွှဲပါတော့တယ်

The Tang Mist (2026) ကျန်းနန်မြေမှ ပဟေဠိမြူပြာ ဒီတစ်ခါတော့ Historical ပုံစံကိုမှ လျှို့ဝှက်သည်းဖိုဇာတ်အိမ်နဲ့ရိုက်ကူးထားတဲ့ န
+8
The Tang Mist (2026) ကျန်းနန်မြေမှ ပဟေဠိမြူပြာ ဒီတစ်ခါတော့ Historical ပုံစံကိုမှ လျှို့ဝှက်သည်းဖိုဇာတ်အိမ်နဲ့ရိုက်ကူးထားတဲ့ နန်းမြေစီးရီးသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာ Wu Zhou မင်းဆက်က ထူးဆန်းထွေလာဖြစ်ရပ်တွေကို စိတ်လှုပ်ရှားဖွယ်အဖြေရှာရင်း ကြည့်ရမှာပါ။ ဇာတ်ဆောင်တွေအဖြစ် ဝါရင့်မင်းသား Feng Shao Feng က ဦးဆောင်ထားပြီး Li Yu၊ Shao Yun နဲ့ Nick Shan တို့က MC တွေအဖြစ် ထပ်မံပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဧကရီဘုရင်မကြီး ဝူကျီထျန်းရဲ့လုပ်ရပ်တွေအပေါ်စိတ်ပျက်သွားတဲ့ စုံထောက်ကြီးတိရန်ကျဲဟာ မြို့တော်ကနေထွက်ခွာပြီး ကျန်းနန်ဘက်မှာဖြစ်ပွားနေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ရောက်လာခဲ့ပါတယ်။ အဲလိုစုံစမ်းရင်း အပေါ်ယံမှာတော့ အင်ပါယာကြီးက အရမ်းစည်ကားပြီး သာယာဝပြောနေပုံရပေမဲ့ နောက်ကွယ်မှာတော့ မှောင်မိုက်တဲ့အင်အားစုတွေနဲ့ အန္တရာယ်များတဲ့ကြံစည်မှုကြီးတွေရှိနေမှန်း သိလိုက်ရပါ‌တော့တယ်။ တိရန်ကျဲဟာ ထက်မြက်လှတဲ့ဉာဏ်ပညာကို အသုံးချပြီး လူတွေရဲ့လောဘဇောကြောင့် ဖြစ်လာတဲ့အမှုတွေနဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေရောထွေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်အမှုပေါင်းများစွာကို တစ်ခုပြီးတစ်ခု အဖြေရှာဖော်ထုတ်ရပါတော့တယ်။ ဒီစီးရီးရဲ့အဓိကဇာတ်ကောင်က တရုတ်ပြည်ရဲ့ရှားလော့ဟုမ်းလို့တင်စားရမယ့် တိရန်ကျဲရဲ့စုံထောက်ဇာတ်လမ်းဖြစ်လို့ Plot အကွက်စိပ်စိပ်နဲ့ သဘာဝလွန်အမှုတွေကို ကြည့်ရမှာပါ။ သဘာဝလွန်ထူးဆန်းတာတွေကိုအသုံးချပြီး နောက်ကွယ်က‌နေ တိုင်းပြည်ကိုခြယ်လှယ်ချင်တဲ့သူတွေကို တိရန်ကျဲက ဉာဏ်နဲ့ ဘယ်လို ခွဲထုတ်မလဲဆိုတာက တကယ်ကိုစိတ်လှုပ်ရှားစရာမို့ အမှုလိုက်ကားတွေ၊ ဦးနှောက်ကုန်ရတာကြိုက်သူတွေအတွက် တကယ်ကိုကြည့်သင့်သောပါပဲနော်။ #TheTangMist

The Heir (2026) မင်ရောင်စွန်းတဲ့ကြမ္မာမှတ်တမ်း ပရိသတ်တို့ကို ယခုတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Historical ကိုမှ Busin
+9
The Heir (2026) မင်ရောင်စွန်းတဲ့ကြမ္မာမှတ်တမ်း ပရိသတ်တို့ကို ယခုတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Historical ကိုမှ Business ဆန်ဆန် story line အပေါ်မှာ Romance ပါးပါးလေးအုပ်ထားတဲ့ဇာတ်အိမ်လေးပါ။ ဇာတ်လမ်းထဲမှာ မင်လုပ်ငန်းခွင်ထဲက အားပြိုင်မှုတွေနဲ့ မိသားစုဂုဏ်သိက္ခာပြန်လည်ဆယ်တင်ပုံတွေကို ရိုက်ကူးပြထားတဲ့အပြင် အဓိကဇာတ်ဆောင်တွေအဖြစ် Yang Zi နဲ့ Elvis Han တို့က ပါဝင်ထားကြတာမို့ Historical series ကောင်းတစ်ခုကို မြင်တွေ့ရမှာပါနော်။ ဇာတ်လမ်းအညွှန်း >>> မင်မင်းဆက်အလယ်ပိုင်းကာလမှာ Tribute-ink နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံတစ်ခုကြောင့် နာမည်ကျော် ဟွေကျိုး မင်လုပ်ငန်းလောကကြီး တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နှစ်ပေါင်းရာချီနာမည်ကြီးခဲ့တဲ့ လီမိသားစုဟာလည်း ဂုဏ်သိက္ခာတွေကျဆင်းပြီး ပျက်သုဉ်းလုနီးပါး ဖြစ်သွားခဲ့ရရှာပါတယ်။ အဲဒီနောက်မှာတော့ လော့မိသားစုက အစားထိုး အာဏာရလာခဲ့ပေမဲ့ သူတို့လည်း တိုင်းရေးပြည်ရာပတ်သက်မှုတွေကြောင့်ပဲ ပျက်စီးသွားခဲ့ရပြန်ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ လီမိသားစုရဲ့အဋ္ဌမမြောက်အနွယ်က အငယ်ဆုံးသမီးလေး လီကျိန်းဟာ ဝမ်းစာအတွက် မင်လုပ်ငန်းထဲကို စတင်ခြေချခဲ့ပါတယ်။ သူ့ပါရမီနဲ့ကြိုးစားမှုကြောင့်ပဲ ဟွေကျိုးမင်လောကမှာ မထင်မှတ်ဘဲ အောင်မြင်ကျော်ကြားလာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း လော့မိသားစုရဲ့ဒုတိယသား လော့ဝိန်ချန်းဟာ မိသားစုရဲ့စည်းစိမ်တွေကို ပြန်လည်ရယူဖို့အတွက် အကွက်ကျကျစီစဉ်ရင်း မင်လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်လိုက်ပြန်ပါတယ်။ နောက်ဆုံးမှာတော့ လီကျိန်းနဲ့လော့ဝိန်ချန်းတို့ဟာ အင်အားကြီးလာတဲ့ထျန်းမော့မိသားစုကို ယှဉ်ပြိုင်အနိုင်ယူဖို့အတွက် ဉာဏ်ချင်းပြိုင်ပြီး လက်တွဲတိုက်ပွဲဝင်ခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းက Period Drama ပီပီ ရှေးဟောင်းလက်မှုလုပ်ငန်းကိုအခြေခံပြီး မိသားစုတွေကြားက အာဏာလုပွဲတွေကို အသားပေးထားတာပါ။ ဒါ့အပြင် မင်လုပ်ငန်းရဲ့လျှို့ဝှက်ချက်တွေနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပျက်စီးသွားတဲ့မိသားစုကြီးနှစ်ခုက မျိုးဆက်သစ်တွေပေါင်းစည်းပြီး တခြားရန်သူကိုတိုက်ထုတ်တာက စိတ်ဝင်စားဖို့ကောင်းတဲ့အလှည့်အပြောင်းမို့ ကြည့်ရှုရင်း စိတ်ဝင်စားစီးမြောသွားမှာ အသေအချာပါပဲ ပြိတ်သတ်ရေ။ #TheHeir

Zhan Zhao Adventures (2026) တောင်ပိုင်းသူရဲကောင်း ကျန်ကျောင်း ဒီတစ်ခါတော့ သိုင်းကားကောင်း စီးရီးသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
+9
Zhan Zhao Adventures (2026) တောင်ပိုင်းသူရဲကောင်း ကျန်ကျောင်း ဒီတစ်ခါတော့ သိုင်းကားကောင်း စီးရီးသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိုင်းသမားတွေအတွက်တော့ ကျန်ကျောင်းဆိုတာ ဘယ်သူလဲ အထွေအထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ် ဒီစီးရီးလေးမှာတော့ ကျန်ကျောင်းရဲ့တစ်ကိုယ်တော် စွန့်စားခန်းတွေကိုမြင်တွေ့ရမှာ ဖြစ်ပြီး သိုင်းပရိသတ်တွေ စောင့်ကြည့်ရမဲ့တစ်ကားလည်းဖြစ်ပါတယ် ဒီစီးရီးရဲ့ MC တွေအဖြစ် Yang Yang၊ The First Frost နဲ့ Live up to your youth တို့မှာပါဝင်ထားတဲ့ မမ Zhang Rou Nan၊ Alen Fang တို့က ဆေးစက်ကျရာအရုပ်ထင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> စတုတ္ထအဆင့်နန်းတွင်းကိုယ်ရံတော်ဖြစ်သူ ကျန်းကျောက်ဟာ သူငယ်ချင်းဟောင်းတစ်ဦးဆီကနေ နှစ်ရှည်လများမဖြေရှင်းနိုင်ခဲ့တဲ့အမှုတစ်ခုရဲ့သက်သေအထောက်အထားတွေကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအမှုရဲ့အမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားရင်း လမ်းခွဲအသီးသီးက ရန်သူတွေရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရပါတော့တယ်။ ဒီခရီးစဉ်မှာ သူဟာ လင်လုံစံအိမ်ရဲ့ထက်မြက်ပြီးဇွဲရှိတဲ့ သမီးပျိုဟော့လင်လုံနဲ့ စိတ်မြန်လက်မြန်ရှိပြီး ပြတ်သားလှတဲ့ Golden-Haired Rat လို့အမည်တွင်တဲ့ ပိုင်ယွီထန်တို့နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ရည်မှန်းချက်ချင်းတူညီကြတဲ့ သူတို့တစ်စုဟာ တရားမျှတမှုအတွက်တိုက်ပွဲဝင်ရင်း နန်းတွင်းနဲ့အမှောင်လောကကိုပါ ခြယ်လှယ်ထားတဲ့ မင်းသားရှန်းယန်ရဲ့ကောက်ကျစ်တဲ့အကွက်အကွင်းတွေကို တစ်စစီဖြိုခွင်းဖို့ကြိုးစားကြပုံကို ရင်ခုန်စရာကြည့်ရှုရမဲ့စီးရီးကောင်းလေးပါ ပြိတ်သတ်တို့ရေ။ #ZhanZhaoAdventures

Bloom life (2026) သက်တံ့ရောင်စဉ်ဖျားမှ ပန်းပွင့်ငယ်လေးများ သာ့ကျားဟောင်!!! သာ့ကျားတို့အတွက် ယူဆောင်လာပေးတဲ့စီးရီးလေးကတော့ Xin
+9
Bloom life (2026) သက်တံ့ရောင်စဉ်ဖျားမှ ပန်းပွင့်ငယ်လေးများ သာ့ကျားဟောင်!!! သာ့ကျားတို့အတွက် ယူဆောင်လာပေးတဲ့စီးရီးလေးကတော့ Xinjiang ပြည်နယ်ရဲ့သာယာလှပတဲ့ Kashgar မြို့လေးကိုအခြေခံပြီး ရိုက်ကူးထားတဲ့ရသစုံ Drama ကောင်းလေးတစ်ခုပါ။ ဒီစီးရီးလေးက လူငယ်ဘဝရဲ့အခက်အခဲတွေကြားက ငယ်ရွယ်မှုရဲ့လှပမှုကိုပါ သေချာရိုက်ကူးထားပေးတဲ့စီးရီးလေးမို့ ပရိတ်သတ်တွေ အကြိုက်တွေ့မှာ အသေအချာပါပဲ။ ဒီစီးရီးမှာ မင်းသား Guo Jun Chen နဲ့အတူ Qiu Tian၊ Landy Li တို့က ဆေးစက်ကျရာအရုပ်ထင်ပြီး လိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီစီးရီးက ကွဲပြားခြားနားတဲ့ဘဝနောက်ခံကိုယ်စီရှိကြတဲ့ အမျိုးသမီးငယ် ၃ ဦးရဲ့ဘဝခရီးစဉ်၊ အလုပ်အကိုင်နဲ့အချစ်ရေးမှာ ကြုံတွေ့ရတဲ့အပြောင်းအလဲတွေကို ရိုက်ကူးထားတာပါ။ ဒါ့အပြင် Kashgar မြို့ရဲ့ထူးခြားတဲ့ရိုးရာယဉ်ကျေးမှုတွေနဲ့ သဘာဝအလှတရားတွေကိုပါ ကဗျာဆန်ဆန်တွေ့မြင်ရအုံးမှာပါ‌နော်။ ဇာတ်လမ်းအညွှန်း >>> ရှန်ဟိုင်းမှာ အလုပ်လုပ်နေတဲ့ ဗိသုကာပညာဘွဲ့ရမလေး ရှကျစ်ဟာ ဖခင်ကွယ်လွန်မှုကြောင့် နေရပ်ပြန်လာကာ မိသားစုပိုင် Camel Bell Inn ကို ဦးစီးခဲ့ပါတယ်။ အဲအချိန်မှာပဲ Kashgar မြို့မှာ တည်းခိုခန်းဖွင့်ဖို့ကြိုးစားရင်းနဲ့ အလိမ်ခံလိုက်ရသလို စိတ်ပျက်အားငယ်စရာအခြေအနေတွေကြုံနေရတဲ့ Gold digger သမားကျိုးဟိန်ကျစ်နဲ့ဆုံပြီး အခက်အခဲတွေကြားကနေ စီးပွားရေးတစ်ခုကို အတူတူတည်ထောင်ခဲ့ကြပါတယ်။ လိုင်လီကတော့ မြေထည်ပညာရှင်မျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး ဖခင်ဆီက အမွေအနှစ်ဖြစ်တဲ့မြေထည်အတတ်ပညာကိုဆက်ခံဖို့ အိပ်မက်ရှိသူပါ။ ကခုန်ခြင်းကို ဝါသနာပါပြီး ကပွဲအဖွဲ့မှာ ကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့တဲ့ မီနာဝါအာကလဲ မိသားစုဖိအားတွေကြောင့် အနုပညာလမ်းကြောင်းမှာ အဟန့်အတားတွေကြုံတွေ့နေရပါတယ်။ ဒီအမျိုးသမီး ၃ ဦးဟာ မတူညီတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရပေမဲ့ တစ်ဦးကိုတစ်ဦးဖေးမကူညီရင်း သူတို့ရဲ့ဘဝပန်းတိုင်တွေကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းသွားကြပုံကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် Women empower ကိုထင်ဟပ်စေမဲ့စီးရီးလေးမို့ must watch ပါ‌ပဲနော်။ #BloomLife