en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 435 subscribers, ranking 18 065 in the Movies category and 8 662 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 435 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 113 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.64%. Within the first 24 hours after publication, content typically collects 3.17% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 187 views. Within the first day, a publication typically gains 490 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 435
Subscribers
+324 hours
+337 days
+11330 days
Posts Archive
✨ချစ်ရိပ်လဲ့ဖြာ ကတိသစ္စာ As Scheduled / 如约而至 2026✨ ဟေး ဒီရက်ပိုင်း နန်းတွင်းကားတွေကြည့်ပြီး လောင်နေရပြီဆိုရင်တော့ အခုတင်ဆက်ပေ
+8
ချစ်ရိပ်လဲ့ဖြာ ကတိသစ္စာ As Scheduled / 如约而至 2026✨ ဟေး ဒီရက်ပိုင်း နန်းတွင်းကားတွေကြည့်ပြီး လောင်နေရပြီဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ အနုပညာနဲ့ဂီတနောက်ခံရိုက်ကူးထားတဲ့ အချစ်ကားလေးကိုကြည့်သင့်နေပါပြီနော်📢 အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားချောလေး Wu JunTing နဲ့ အလှလေး Zhao Yaoke က အဓိက ပါ၀င်သရုပ်ဆောင်ထားတာမို့ မဖြစ်မနေကြည့်သင့်သောပါပဲ ❤️ ဇာတ်လမ်းအကျဉ်း 📝 လူငယ်အဆိုတော် Jin Xi ဟာ သရုပ်ဆောင်လောကထဲကို ခြေလှမ်းလိုက်ချိန်မှာပဲ ပရိသတ်တွေရဲ့ အကြီးအကျယ် ဝေဖန်ပြစ်တင်မှုကို ခံလိုက်ရပါတယ် ဒါပေမဲ့ ဇွဲမလျှော့တတ်တဲ့ သူဟာ နာမည်ပျက်ကို အစားထိုးဖို့အတွက် ဂီတသရုပ်‌ဆောင်လောကဘက်ကို ကူးပြောင်းပြီး မိမိရဲ့ အရည်အချင်းကို သက်သေပြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် Jin Xi ဟာ စည်းကမ်းကြီးပြီး အလွန်ထက်မြက်တဲ့ ဒါရိုက်တာ Ning Jin နဲ့ တွေ့ဆုံခဲ့ရပြီး မတော်တဆ ရင်ခုန်စရာ အနမ်းတစ်ခု ပေးလိုက်မိခဲ့ပါတယ် 🙈 ဒါပေမဲ့ နောက်တစ်နေ့ စိစီပွဲ Audition မှာ ပြန်လည်ဆုံတွေ့ကြတဲ့အခါ မထင်မှတ်ထားတဲ့ အနေအထား ဖြစ်သွားခဲ့ရပါတယ် အဲဒါကတော့ Ning Jin ဟာ Idol တွေ သရုပ်ဆောင်ပြဇာတ်လောကထဲ ဝင်ရောက်တာကို မကြိုက်တဲ့အပြင် ထူးထူးဆန်းဆန်း ရောက်ရှိလာတဲ့ Jin Xi ကို ပိုမိုတင်းကြပ်တဲ့ နည်းလမ်းတွေနဲ့ အစွမ်းကုန် လေ့ကျင့်ခိုင်းပါတော့တယ် Jin Xi ဟာ အဖွဲ့ဝင်တွေရဲ့ ဖယ်ကြဉ်မှု ပြိုင်ဘက်တွေရဲ့တိုက်ခိုက်မှုတွေနဲ့ လူမှုကွန်ရက်က ဝေဖန်မှုတွေကို အံတုရင်း ညဉ့်နက်အထိ ကြိုးစားလေ့ကျင့်ကာ မိမိရဲ့ Idol ဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး စစ်မှန်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားပါတော့တယ် ဒီလိုနဲ့ ကံကြမ္မာက ဆန်းဆန်းပြားပြား ရေစက်ဖန်ပေးလိုက်တဲ့ Jin Xi နဲ့ Ning Jin တို့နှစ်ယောက် တဖြည်းဖြည်းနဲ့ ရင်းနှီးစပြုလာတဲ့အခါ ...... အိပ်မက်ကိုယ်စီရှိကြတဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်လာမလဲဆိုဝာာ အခုပဲ SoulKingdom မှာ ကြည့်လိုက်ကြရအောင် ➰ Native Title : 如约而至 English Title : As Scheduled Starring : Wu Junting , Zhao Yaoke Episodes : 21 Airs : 24 July 2026 Genre : Romance / Youth / Drama / Music Original Network : IQiyi #SoulKingdom #Review #如约而至 #AsScheduled #klSnn

အကြင်နာလွှမ်းတဲ့ နန်းဆောင်ယံ Zhao Yang Gong Zhu / 昭阳公主 (2026) 💗 ဒီတစ်ခါ Souler လေးတွေ တစ်ဂျီဂျီပူဆာနေတဲ့ ကိုကို Li Hong Yi န
+8
အကြင်နာလွှမ်းတဲ့ နန်းဆောင်ယံ Zhao Yang Gong Zhu / 昭阳公主 (2026) 💗 ဒီတစ်ခါ Souler လေးတွေ တစ်ဂျီဂျီပူဆာနေတဲ့ ကိုကို Li Hong Yi နဲ့ မမ Kong Xue'er ရဲ့နန်းတွင်းဇာတ်ကားအသစ်စက်စက်လေးကို Soul က တင်ဆက်ပေးလိုက်ပါပြီ 🐌 ဇာတ်လမ်းအကျဉ်း 📝 ဆင်းရဲသားမိသားစုက စာပေသမားလူငယ်လေး Shen Xiao ဟာ ဖခင်ဖြစ်သူရဲ့ မတရား သေဆုံးခဲ့ရတဲ့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့နဲ့ အရာရှိဖြစ်လာဖို့ စာပေတွေကို အပင်ပန်းခံ ကြိုးစားသင်ယူနေသူ ဖြစ်ပါတယ် ဒါပေမဲ့ မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စာမေးပွဲမဖြေမီမှာပဲ ဩဇာကြီးမားလှတဲ့ မင်းသမီး Zhao Yang နဲ့ မမျှော်လင့်ဘဲ တစ်ညတာ ငြိစွန်းခဲ့ပြီးနောက်မှာတော့ မင်းသမီးရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတော့တယ် အဲဒါပြီးမကြာမီမှာပဲ Shen Xiao ဟာ စာမေးပွဲမှာ ပထမဆုရရှိခဲ့ပြီး ဘုရင်မင်းကြီးနဲ့ တွေ့ဆုံပွဲမှာ ပထမဆုံး တင်သွင်းလိုက်တဲ့ လျှောက်လွှာကတော့ သူ့ကိုစွန့်ပစ်သွားတဲ့ မင်းသမီးလေးကို အဓိကထား စွပ်စွဲအပြစ်တင်လိုက်တာပါပဲ ဒီလိုနဲ့ စာပေသမားလေးနဲ့တော်၀င်မင်းသမီးလေးတို့နှစ်ယောက်ဟာ မဟာရန်သူတွေအဖြစ် စတင်ခဲ့ကြပြီးနောက်ပိုင်းမှာ ဘယ်လို တရွေ့ရွေ့ ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာမလဲ ? အပြန်အလှန်အမြင်ကတ်ရာကနေ အချစ်ဆီကို ဘယ်လို ကူးပြောင်းသွားမလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရမဲ့အပြင် ~ နန်းတော်‌ထဲက တော်၀င်အရှုပ်တော်ပုံတွေကိုပါ ပူးပေါင်းလက်တွဲဖြေရှင်းသွားမဲ့ အမိုက်စားဇာတ်ကွက်တွေကိုပါ ကြည့်ရဦးမှာမို့ ~ နန်းတွင်းကားမှကြိုက်တယ် Romance လေးလည်းပါရမယ်ဆိုတဲ့ ပရိတ်သတ်တွေအတွက်‌ ကွက်တိပဲနော် ကဲ စဉ်းစားမနေဘဲ SoulKingdom မှာ အခုပဲလာကြည့်လိုက်တော့နော် 🐝➰ Native Title : 昭阳公主 English Title : Zhao Yang Gong Zhu / Princess Zhaoyang Starring : Li Hongyi (李宏毅), Kong Xueer (孔雪儿) Episodes : 18 Airs : 23 July 2026 Genre : Historical / Romance / Drama Original Network : BiliBli #SoulKingdom #Review #昭阳公主 #ZhaoYangGongZhu #klSnn

Overdo (2026) ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ သာ့ကျားဟောင်!!! သာ့ကျားတို့ လည်ပင်းရှည်မတတ်စောင့်စားနေတဲ့ဒိတ်ဒိတ်ကြဲဇာတ
+9
Overdo (2026) ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ သာ့ကျားဟောင်!!! သာ့ကျားတို့ လည်ပင်းရှည်မတတ်စောင့်စားနေတဲ့ဒိတ်ဒိတ်ကြဲဇာတ်ကားသစ်ကြီး ထွက်လာပါပြီ။ ဒီကားထဲမှာ ကိုကို Zhang Ling He နဲ့အတူ မမ Wang Chu Ran တို့က ပါဝင်သရုပ်ဆောင်ထားပြီး ရှန်ဟိုင်း‌ခေတ်ရဲ့အရှိန်အဝါအကြီးမားဆုံးကာလကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ရိုက်ကူးပုံဖော်မှုတွေကလည်း တစ်ကွက်ဆိုတစ်ကွက်၊ ဒိုင်ယာလော့ဆိုတာကလည်း တစ်ကြောင်းဆိုတစ်ကြောင်း ပြိတ်သတ်ရင်ထဲ လုံးဝစွဲကျန်ခဲ့မှာပါနော်။ ဒါ့အပြင် ကိုကိုကျန်းဟော့ကို မတရားမိမိုက်ပြီးထိုင်ရှိခိုးချင်စရာကောင်းတဲ့ Daddy type ကြီးနဲ့မြင်ရမှာဖြစ်သလို မမချူးရန်ကိုလည်း အရမ်းလှပြီးကျက်သရေရှိလွန်းတဲ့မိန်းမပျိုလေးအဖြစ် မြင်တွေ့ရမှာပါ။ ဒီတော့ ဒယ်ဒီနဲ့မာမီရဲ့သားသားမီးမီးလေးတွေ ဖြစ်ဖို့သာပြင်ထားကြတော့ သာ့ကျားတို့ရေ ဇာတ်လမ်းအညွှန်း >>> Republican ခေတ်ဦး ရှန်ဟိုင်းမြို့ကြီးရဲ့မုန်တိုင်းထန်လှတဲ့ အာဏာလုပွဲတွေကြားမှာ စစ်ဘုရင်တစ်ဦးရဲ့အငယ်ဆုံးမွေးစားသားဖြစ်သူ မုရုန်ချင်းယီဟာ မှားယွင်းခေါ်ဆောင်ခံလိုက်ရပါတယ်။ ဒါမို့ ငယ်စဉ်ကတည်းက မွေးစားဖခင်ရဲ့ရက်စက်စွာနှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတော့ အဲဒီငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး သေလုမျောပါးဖြစ်နေတဲ့သူ့ကို မိန်းမငယ်လေး ရန်စူးစူးက ကယ်တင်ပေးခဲ့ပေမဲ့ အဲဒီကယ်တင်မှုကြောင့်ပဲ စူးစူးရဲ့မိသားစုတစ်ခုလုံး ကပ်ဘေးသင့်ပြီး ပျက်စီးသွားခဲ့ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး နှလုံးသားချင်း တိတ်တဆိတ်ငြိတွယ်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ရန်စူးစူးဟာ တခြားသူတွေကို ကယ်တင်ဖို့အတွက် သေဆုံးသွားဟန်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာမို့ မုရုန်ချင်းယီခမျာ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့‌သေရာပါဒဏ်ရာကို အသဲခိုက်အောင်ခံစားနာကျင်ခဲ့ရပါတယ်။ ဒါပေမဲ့ သုံးနှစ်အကြာမှာတော့ ရန်စူးစူးဟာ မုရုန်ချင်းယီရဲ့အစ်ကိုဖြစ်သူနဲ့လက်ထပ်ရမဲ့ ဇနီးလောင်းအဖြစ်နဲ့ သူ့ဘဝထဲကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တစ်ယောက်က သစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့ နာကျည်းချက်တွေ၊ အမုန်းတရားတွေပြည့်နှက်နေချိန်မှာ နောက်တစ်ယောက်ကလည်း ဖွင့်ဟပြောပြလို့မရတဲ့ နာကျင်စရာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားရတာမို့လို့ သူတို့နှစ်ယောက်ရဲ့ကြားမှာ အမုန်းနဲ့အချစ်၊ သံယောဇဉ်နဲ့တင်းမာမှုတွေဟာ အပြင်းအထန်အားပြိုင်လာပါတော့တယ်။ အချစ်စစ်ရင် ဘယ်လိုအခက်အခဲမဆို ပြေလည်လွယ်တယ်ဆိုသလိုပဲ သူတို့ကြားက အထင်လွဲမှားမှုတွေကလည်း တဖြည်းဖြည်းပြေလည်သွားပြီး မေတ္တာစစ်တွေ ပြန်လည်နိုးထလာတဲ့အချိန်မှာ တစ်တိုင်းပြည်လုံးကိုဖျက်ဆီးမဲ့ စစ်မက်မုန်တိုင်းက ကျရောက်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် မုရုန်ချင်းယီနဲ့ရန်စူးစူးတို့ဟာ တိုင်းပြည်အတွက် မာယာများတဲ့ရန်သူတွေကို အတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ အမုန်းတရားတွေ၊ စစ်မီးလျှံတွေကြားထဲက သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာ ဘယ်လိုအဆုံးသတ်မျိုးဆီ ဦးတည်သွားမလဲ၊ သူတို့ရဲ့ချစ်ဒဏ္ဍာရီဟာ ဘယ်လိုလွမ်းစရာ‌ကောင်းပြီးဆွတ်ပျံ့ရီဝေနေမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း ကြည့်ရှုရမှာပါ။ ကိုကိုကျန်းဟော့နဲ့ မမချူးရန်ကလည်း လုံးဝလိုက်ဖက်သလို ဇာတ်အိမ်ကလည်း လုံးဝခိုင်တဲ့အပြင် ရိုက်ကူးချက်‌တွေကပါ မိမိုက်လွန်းတာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရင်း ဇာတ်လမ်းထဲ ကိုယ်တိုင်ပါ လုံးဝနစ်မြောသွားမှာ အသေအချာပါပဲနော်။ #Overdo

ပန်းတွေသင်းတဲ့ ကျေးရွာလေး Xiao Fang / 小芳 (2026) 🤍🌾 စာရေးဆရာ Yi Bei ရဲ့ တကယ့်နာမည်ကြီးဝတ္ထုကိုမှ အခြေခံထားပြီး ကျေးလက်ဒေသက ဓ
+9
ပန်းတွေသင်းတဲ့ ကျေးရွာလေး Xiao Fang / 小芳 (2026) 🤍🌾 စာရေးဆရာ Yi Bei ရဲ့ တကယ့်နာမည်ကြီးဝတ္ထုကိုမှ အခြေခံထားပြီး ကျေးလက်ဒေသက ဓလေ့ထုံးစံတွေ အရှုပ်တော်ပုံတွေကို ဟာသနှောပြီး ခနဲ့တဲ့တဲ့ပုံစံနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် 🤍 အဓိကသရုပ်ဆောင်တွေကလည်း နာမည်ကြီးဇာတ်လမ်းတွေဖြစ်တဲ့ Yummy Yummy Yummy နဲ့ I'm Nobody ထဲက ပြည်သူ့အချစ်တော် မမလေး Wang Yinglu နဲ့ The Glory ထဲက မင်းသား Xin Yunlai ဆိုမှတော့ ဘာပြောနေဦးမလဲ 🤭 ဇာတ်လမ်းအကျဉ်း 📝 တရုတ်နှစ်သစ်ကူးမတိုင်မီ ရက်ပိုင်းအလိုမှာ ရှန်ကျန်းမြို့မှာ အလုပ်လုပ်နေတဲ့ Yang Fanyan ဟာ ဇာတိမြေက အစ်ကိုဖြစ်သူ Fanhu ဆီကနေ အရေးပေါ်ဖုန်းတစ်ကောင် လက်ခံရရှိခဲ့ပါတယ် အကြောင်းရင်းကတော့ အစ်ကိုဖြစ်သူရဲ့ သမီးလေး Yang Xiaofang ဟာ တစ်ရွာတည်းသား လူငယ် Qi Xiaowei နဲ့ ချစ်ကြိုက်မိပြီး လက်မထပ်ရသေးခင်မှာပဲ ကိုယ်ဝန်ရရှိသွားခဲ့လို့ပါပဲ စိတ်ပျက်စရာကောင်းတာက မင်္ဂလာမဆောင်ခင် နှစ်ဖက်မိဘချင်း စကားပြောရာမှာ အဆင်မပြေဘဲ ပွဲပျက်သွားခဲ့တာကြောင့် Xiaofang တစ်ယောက် ဗိုက်ကြီးသည်ဘဝနဲ့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့ရရှာပါတယ် 🤍 ဒါကြောင့် ဒေါ်လေးဖြစ်သူ Yang Fanyan တစ်ယောက် ရွာပြန်ပြီး Qi မိသားစုနဲ့ သွားရောက်ညှိနှိုင်းပေမဲ့ မအောင်မြင်ခဲ့ဘဲ Xiaofang တစ်ယောက် ချစ်သူရဲ့ ပစ်ပယ်ခြင်းကို ခံလိုက်ရတယ်ဆိုတဲ့ သတင်းက ရွာထဲမှာ ဟိုးလေးတကျော် ကျော်ကြားသွားပါတော့တယ် ဒါပေမဲ့ မမျှော်လင့်ဘဲ ဝန်းကျင်တစ်ဝိုက်က ပွဲစားတွေက Yang မိသားစုအိမ်ကို တံခါးပေါက်ကျိုးမတတ် ရောက်ရှိလာကြပြီး လူပျိုကြီးတွေက Xiaofang မှာ ကိုယ်ဝန်ရှိနေတာကို ဂရုမစိုက်ဘဲ အလုအယက် လက်ထပ်ချင်နေကြပြန်ပါတယ် မွေးဖွားခါနီးအချိန် ရောက်လာတာနဲ့အမျှ Xiaofang တစ်ယောက် ချစ်သူဟောင်းနဲ့ ပြန်အဆင်ပြေအောင် နေမလား တခြားသူကိုပဲ လက်ထပ်မလား ဒါမှမဟုတ် တစ်ယောက်တည်းပဲ နေမလားဆိုတာ ဝေခွဲမရဖြစ်နေသလို ကလေးကိုလည်း ဘယ်လိုစီမံရမလဲဆိုတာ ရွေးချယ်ရခက်နေခဲ့ပါတယ် ဒေါ်လေးဖြစ်သူ Fanyan ကလည်း ဒီကိစ္စတွေအတွက် ခေါင်းခြောက်အောင် ဖြေရှင်းရင်းနဲ့မှ မိမိပတ်ဝန်းကျင်က လူတိုင်းမှာ ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြပြီး အဲဒီအရာတွေက Xiaofang ရဲ့ ဗိုက်ထဲက ကလေးနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်နွှယ်နေတာကို ရိပ်မိလာပါတော့တယ် 🤍 ဒီလိုနဲ့ ဝေခွဲမရ မြေပဲမ ဖြစ်နေရင်း အခြေအနေတွေက ဘယ်လို ပြောင်းလဲလာမလဲ Xiao Fang နဲ့ Qi XiaoWei ရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ...... ကဲ မကြည့်မိရင် နောင်တရမဲ့ ဒီဇာတ်ကားလေးကို အခုပဲ SoulKingdom မှာ ကြည့်ရှုနိုင်ပါပြီ ➰ Native Title : 小芳 / 小芳出嫁 English Title : Xiao Fang / Xiao Fang Gets Married Starring : Wang Yinglu, Xin Yunlai , Lin Yongjian , Wang Ji Episodes : 18 Airs : 13 July 2026 Genre : Drama / Life / Comedy Original Network : Tencent Video #SoulKingdom #Review #小芳 #XiaoFang #klSnn

နွေဦးပန်းငယ်ရဲ့သွေးမျက်ရည် Blooms for Her / 春花宴 2026 🌸 ဒီတစ်ခါမှာတော့ တော်ဝင်နန်းတွင်းထဲက အာဏာလုပွဲတွေ နောက်ကွယ်က လုပ်ကြံမှု
+9
နွေဦးပန်းငယ်ရဲ့သွေးမျက်ရည် Blooms for Her / 春花宴 2026 🌸 ဒီတစ်ခါမှာတော့ တော်ဝင်နန်းတွင်းထဲက အာဏာလုပွဲတွေ နောက်ကွယ်က လုပ်ကြံမှုတွေနဲ့အတူ နှလုံးသားကို ဓားနဲ့မွှန်းသလို ရင်နင့်စရာ ကောင်းလှတဲ့ အချစ်ဇာတ်လမ်းသစ်လေးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် အရသာရှိရှိ ကြည့်ရှုရမဲ့ နန်းတွင်း ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းအကျဉ်း 📝 အမှောင်ဂိုဏ်းရဲ့ ထိပ်တန်းလူသတ်သမား အမျိုးသမီးလေး Mei Lin ဟာ ရင်ထဲမှာ ကြီးမားလှတဲ့ မိသားစုရဲ့ သွေးကြွေးအမုန်းတရားတွေကို ရင်ဝယ်ပိုက်ထားသူ ဖြစ်ပြီး သူမဟာ အမှုမှန်ကို စုံစမ်းဖို့နဲ့ ကလဲ့စားချေဖို့အတွက် မိမိရဲ့ အသက်ခန္ဓာကိုပါ အသုံးချကာ အန္တရာယ်ကြီးမားလှတဲ့ နန်းတွင်းအာဏာစက် ဝင်္ကပါကြီးထဲကို သွေးအေးအကွက်ချ တိုးဝင်ခဲ့ပါတယ် အဲဒီနောက်မှာတော့ သူမဟာ အာဏာလုပွဲတွေကြားထဲမှာ ဩဇာအာဏာကြီးမားလှတဲ့ အမျိုးသားများစွာနဲ့ မမျှော်လင့်ဘဲ ပတ်သက်မိပြီး သံသယတံတိုင်းတွေအကြား လွန်ဆွဲလာခဲ့ပါတော့တယ် သူမဟာ ရူးသွပ်နေတဲ့ မင်းသား Murong Jinghe အတွက်တော့ ရန်သူတွေကို သုတ်သင်ရာမှာ အသုံးပြုတဲ့ အပြတ်သားဆုံး အချွန်ထက်ဆုံး ဓားတစ်လက် ဖြစ်နေခဲ့သလို တစ်ဖက်မှာလည်း ကောက်ကျစ်ရက်စက်လှတဲ့ အိမ်ရှေ့စံမင်းသားကြီးရဲ့ မျက်လုံးထဲမှာတော့ အတိတ်က ပျောက်ဆုံးသွားခဲ့တဲ့ ချစ်သူဟောင်းရဲ့ ကိုယ်ပွားရုပ်သေးရုပ် သက်သက်သာ ဖြစ်နေခဲ့ရှာပါတယ် ဒါတင်မကသေးဘဲ အကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရတဲ့ Zhao ပြည်နယ်က မင်းသားလေး Yue Qin အတွက်တော့ သူမဟာ ဘဝရဲ့ တစ်ဦးတည်းသော အသက်ရှင်ရာ လရောင်ခြည်ခိုတွယ်ရာ အလင်းတန်းလေး ဖြစ်နေခဲ့ပြန်ပါတယ် သူဟာ သူမကို ကာကွယ်ဖို့အတွက် မိမိရဲ့ အသက်ကိုပါ စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ် အချင်းချင်း အသုံးချမှုတွေ စစ်မှန်တဲ့ မေတ္တာတရားတွေ ရောယှက်နေတဲ့ ဒီသွေးချင်းချင်းနီမယ့် နန်းတွင်းပြိုင်ပွဲကြီးထဲမှာ Mei Lin တစ်ယောက် ဉာဏ်ပညာချင်းပြိုင်ပြီး ကလဲ့စားချေပွဲကို အောင်မြင်စွာ ဆောင်ကျဉ်းပေးနိုင်မလား သူတို့တွေရဲ့ ကံကြမ္မာပဟေဠိကော ဘယ်လို သနားစရာကောင်းတဲ့ ဇာတ်သိမ်းမျိုးဆီ ဦးတည်သွားမလဲဆိုတာ........ SoulKingdom မှာ ကြည့်ရှုနိုင်ပါပြီရှင့် Native Title : 春花宴 English Title : Blooms for her / Chun Hua Yan Starring : Hu Yi Yao , Wang Xing Wei ,Luo Jia Qi Episodes : 27 Genre : Historical / Romance / Wuxia / Revenge / Political Original Network : Wetv ,Tencent Video #SoulKingdom #Review #春花宴 #Bloomsforher #klSnn

Key to the Phoenix Heart (2026) ညှို့ယူချစ်ခြင်း ဇာမဏီနှလုံးသားတစ်စင်း ဒီတစ်ခါယူဆောင်လာပေးတာကတော့ ရုပ်ရည်လန်းသလောက် သရုပ်ဆောင
+4
Key to the Phoenix Heart (2026) ညှို့ယူချစ်ခြင်း ဇာမဏီနှလုံးသားတစ်စင်း ဒီတစ်ခါယူဆောင်လာပေးတာကတော့ ရုပ်ရည်လန်းသလောက် သရုပ်ဆောင်တာတွေကပါ ပျံထွက်ကွက်တိကျတတ်တဲ့ ကိုကိုရှောင်ဟိုရဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုကိုရှောင်ဟိုပါတာမို့ ကောင်းမကောင်းကတော့ ပြေးကြည့်စရာကိုမလိုတာပါ။ ဇာတ်အိမ်က Historical ဇာတ်ကြောင်းကိုမှ Romance ပါးပါးလေးအုပ်ထားတာမျိုးလေးမို့ ကိုကို့အချစ်မျက်ဝန်းတွေကြားနစ်မွန်းရင်း နှလုံးသားလေး ကလိကလိဖြစ်ရမှာအသေချာပါပဲ။ ကိုကိုနဲ့အတူ မမလှလှလေး Ai Mi ကလည်း ပါဝင်ထားပါတယ်။ မမ Ai Mi ကတော့ FoF မှာ Support Role ကနေပါဝင်ခဲ့ပါသေးတယ်။ ရှန်းရှဝူရှတွေနဲ့ မတရားလိုက်ဖက်တဲ့ကိုကိုရှောင်ဟိုအပြင် မမလှလှလေး Ai Mi ကလည်း ထက်မြက်ပြီးဆွဲ‌ဆောင်မှုရှိတဲ့ဇာတ်ရုပ်နဲ့ အင်မတန်မှလိုက်ဖက်တာမို့ မကြည့်တဲ့သူက ရူးနေလို့ပါပဲ ချစ်ပြိတ်သတ်ကြီးရေ။ ဇာတ်လမ်းအညွှန်း >>> သာ့ယုံတိုင်းပြည်ရဲ့အင်အားကြီးနယ်စားတစ်ဦးက ပုန်ကန်ခြားနားလိုက်တာမို့ တစ်တိုင်းပြည်လုံးဟာ ဖရိုဖရဲဖြစ်ပြီး စစ်ဘုရင်တွေ နေရာအနှံ့ ထကြွလာခဲ့ကြပါတယ်။ အဲဒီလိုပရမ်းပတာဖြစ်နေတဲ့အခြေအနေထဲမှာ မြောက်ပိုင်းစစ်တပ်ရဲ့သွေးအေးရက်စက်တဲ့ စစ်သေနာပတိချုပ်ရှောင်းဝူယီဟာ ချန်းရှမြို့စားမင်းရဲ့ပုန်ကန်မှုကို နှိမ်နင်းနိုင်ဖို့အတွက် ပရိယာယ်တစ်ခုဆင်ခဲ့ပါတယ်။ အဲဒါကတော့ ပိုက်ဆံသာရမယ်ဆိုရင် သေလူကိုတောင်ထခိုင်းမယ့် ဉာဏ်များလှတဲ့နန်းတွင်းပညာရှိကြီး ရှဲ့ဟွိုင်ကွေ့ရဲ့တစ်ဦးတည်းသောသမီးပျိုလေး ရှဲ့ကျားယွီကို လက်ထပ်ဖို့ပါပဲ။ တော်ဝင်အမိန့်တော်အရထိမ်းမြားလိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲဟာ အချစ်ကြောင့်မဟုတ်ဘဲ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အသုံးချဖို့အတွက်ပဲ ဖန်တီးထားတာဖြစ်လို့ တကယ့်ကိုကစားကွက်တစ်ခုပါပဲ။ သူတို့နှစ်ယောက်ရဲ့အမူအရာတိုင်းမှာ မာယာတွေဖုံးကွယ်ထားသလို ခြေလှမ်းတိုင်းကလည်း နန်းအာဏာလုပွဲကြီးရဲ့တွက်ချက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်ဝင်အမိန့်အရ ထိမ်းမြားထားရတဲ့ဘဝကနေတစ်ဆင့် ဘဝလက်တွဲဖော်တွေဖြစ်လာချိန်မှာတော့ သံသယတွေ၊ အငြင်းပွားမှုတွေကြားကနေ အချစ်နဲ့စည်းလုံးမှုဆီကို ဦးတည်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရည်မှန်းချက်ချင်းပြိုင်ဆိုင်နေတဲ့ ပြိုင်ဘက်တွေကနေ အသက်အန္တရာယ်များလှတဲ့ကစားပွဲကြီးထဲမှာ တစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို တစ်ယောက် ဖော်ထုတ်ရင်း မသိလိုက်ချိန်မှာပဲ နှလုံးသားချင်းထပ်တူကျတဲ့ စစ်မှန်တဲ့ဘဝလက်တွဲဖော်တွေ ဖြစ်သွားကြပါတော့တယ်။ ဒီဇာတ်လမ်းက Power Couple အမျိုးအစားဖြစ်လို့ ကိုကိုရှောင်ဟိုရော မမ Ai Mi တို့က Strong Couple Relationship ပုံစံကြီးကို မြိုင်ဆိုင်နေအောင် ဆေးစက်ကျရာအရုပ်ထင်ကြမှာပါ။ နှစ်ယောက်လုံးက အချစ်ကို ဒုတိယနေရာမှာထားပြီး ကိုယ့်အကွက်နဲ့ ကိုယ်ကစားရင်းနဲ့မှ မထင်မှတ်ဘဲ တကယ်ချစ်မိသွားကြမဲ့ Slow-burn Vibe မျိုးဆိုတော့ ရင်ခုန်ကောင်းမှာကလည်း စကားထဲတောင် ထည့်ပြောစရာမလိုတာမို့ ရင်ခုန်စိတ်လှုပ်ရှားပြီး ရိုလာကိုစတာမုဒ်ခံစားချင်ရင်တော့ ဒီစီးရီးလေးက must watch ပါပဲနော်။ #KeyToThePhoenixHeart

Blossoms of Power (2026) နန်းပလ္လင်ထက်က ချစ်ပန်းသစ္စာ ဒီတစ်ခါ ယူဆောင်လာတဲ့ဇာတ်လမ်းလေးကတော့ FML နဲ့ ML တို့ရဲ့အားပြိုင်မှုကြား
+9
Blossoms of Power (2026) နန်းပလ္လင်ထက်က ချစ်ပန်းသစ္စာ ဒီတစ်ခါ ယူဆောင်လာတဲ့ဇာတ်လမ်းလေးကတော့ FML နဲ့ ML တို့ရဲ့အားပြိုင်မှုကြားက အချစ်ရိပ်တစ်စွန်းတစ်စကိုပါ မြင်တွေ့ရမဲ့ဇာတ်အိမ်မျိုးလေးပါ။ ဒီဇာတ်လမ်းက Tencent ကနေထုတ်လွှင့်ပြသတဲ့ Historical Political Romance အမျိုးအစားဖြစ်ပြီး စာရေးဆရာမ Jin Huang ရဲ့နာမည်ကြီးဝတ္ထု Wo Hua Kai Hou Bai Hua Sha ကိုအခြေခံပြီး ရိုက်ကူးထားတာမို့ တော်တော်လေးဇာတ်အိမ်ခိုင်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Speed & Love မှာ ချစ်လူမိုက်လေးဖြစ်ခဲ့တဲ့ ကိုကို He Yu နဲ့ The Princess's Gambit မှာ ရူပကာလဲလှ ပရိယာယ်လည်း ကြွယ်ပြခဲ့တဲ့ မမ Meng Zi Yi တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း>>> သွေးချောင်းစီးသတ်ဖြတ်မှုကြီးတစ်ခုထဲကနေ တစ်ဦးတည်းသောရှင်သန်ကျန်ရစ်သူဖြစ်ခဲ့တဲ့ကုချင်းကျစ်ဟာ ပြန်လည်နိုးထလာချိန်မှာတော့ အနောက်မြောက်ဒေသရဲ့မင်းသမီးလေး ရှန်ရှီးဟယ်ဆိုတဲ့ မတူညီတဲ့ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တစ်ချိန်ကတော့ သူဟာ နယ်စပ်ဒေသရဲ့ဂုဏ်ယူဝံ့ကြွားပြီး တက်ကြွလန်းဆန်းတဲ့နှင်းဆီနီလေးတစ်ပွင့် ဖြစ်ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ ကံကြမ္မာကို ကိုယ်တိုင်ကြိုးကိုင်ပြီး အာဏာကစားပွဲကြီးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် အေးစက်စက်နဲ့ အကွက်စိပ်စိပ်တွက်ချက်တတ်တဲ့လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ တစ်ဖက်မှာလည်း အိမ်ရှေ့စံမင်းသား ရှောင်ဟွားယုံဟာ အပြင်ပန်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့ပြီး အသည်းအသန်ဖြစ်နေပုံရပေမဲ့ ဦးနှောက်ကတော့ ဓားသွားထက်မက ထက်မြက်လှတာမို့ နန်းတွင်းထဲက သစ္စာဖောက်မှုတွေနဲ့လှိုင်းတံပိုးတွေကို အကုန်အစင်ထိုးထွင်းမြင်နိုင်သူပါ။ ကံကြမ္မာရဲ့စီမံမှုကြောင့် သူတို့နှစ်ယောက်ရဲ့ဘဝချင်း ထပ်တူကျလာတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး တဖြည်းဖြည်းပိုမိုနီးစပ်လာခဲ့ကြပြီး ကံကြမ္မာရဲ့လေပြင်းမုန်တိုင်းတွေကို အတူတူပူးပေါင်းတွန်းလှန်ကာ အာဏာကိုအရယူဖို့ လက်တွဲမိသွားကြပါတော့တယ်။ မမ Meng Zi Yi က အေးစက်စက်နဲ့မာယာများတဲ့ဇာတ်ကောင်ကို ပိုင်နိုင်သလို ကိုကို He Yu ကလည်း အပြင်ပန်းမှာသာ အားနည်းဟန်ဆောင်ထားပြီး အတွင်းစိတ်ဉာဏ်နက်နဲလှတဲ့အပြင်အရမ်းစွဲလမ်းတတ်တဲ့ Obsessive Male Lead Vibe မျိုးမို့လို့ နှစ်ယောက်ကြားက အားပြိုင်မှုနဲ့ကမ်မီမိမှုတွေက တကယ့်ကိုအလန်းစားဖြစ်မှာပါ။ ဒီတော့ အားပြိုင်မှုတွေကြားက စိတ်မောစရာတွေနဲ့အတူ ချစ်ရင်ခုန်သံလေးကိုနားထောင်ရင်း ကလိကလိဖြစ်ချင်ရင်တော့ ဒီကားလေးကို အားပေးလိုက်တော့နော်။ #BlossomsOfPower

Key to the Phoenix Heart စီးရီးကို ဒီလ ( ၂၈ )ရက်နေ့ ကြည့်ရမယ်နော် 😍🍉 ဇာတ်လမ်းအကျဉ်း ဥာဏ်ရည်ထက်မြက်လှပါတဲ့ မိန်းမလှလေးရှဲ့ကျ
Key to the Phoenix Heart စီးရီးကို ဒီလ ( ၂၈ )ရက်နေ့ ကြည့်ရမယ်နော် 😍🍉 ဇာတ်လမ်းအကျဉ်း ဥာဏ်ရည်ထက်မြက်လှပါတဲ့ မိန်းမလှလေးရှဲ့ကျားယွီက အင်အားမရှိအာဏာမရှိတဲ့လီမော့ဆိုတဲ့လူငယ်လေးနဲ့ ချစ်ကြိုက်နေပါတယ်။ နန်းတွင်းအရေးမတည်ငြိမ်မှုတွေကြောင့် သူတို့နှစ်ဦးက ကွဲကွာဖို့ဖြစ်လာပြီး ကျားယွီက တိုင်းပြည်ရဲ့လျို့ဝှက်အစီအစဥ်မှာပါ၀င်ပတ်သက်နေတဲ့ မင်းသားရှောက်ဝူယိနဲ့ လက်ဆက်ရပါတော့မယ်။ အဖေနဲ့ ချစ်ရသူကို စွန့်ပစ်ထားခဲ့ရပြီး ရှောက်ဝူယိကို လက်ဆက်လိုက်ရတာက ကျင်းအန်းနန်းတော်ရဲ့အန္တရာယ်တွေဆီ တန်းတန်းကြီး၀င်သွားသလိုပါ။ ဒီလိုနဲ့ ဖုံးကွယ်ထားတဲ့သူ့ရဲ့ကြင်နာတတ်တဲ့စိတ်နဲ့ ငြိမ်းချမ်းရေးမျှော်မှန်းချက်တွေရှိနေတာကို သူမ သိရှိခဲ့ရပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်တွေက သံသယနဲ့နားလည်မှုလွဲမှားခြင်းမှ ယုံကြည်မြတ်နိုးခြင်းဆီရောက်ရှိလာခဲ့ပါတယ်။ တစ်ဖက်မှာလဲ ချစ်ရသူကို လုယူခံရတဲ့ လီမော့တစ်ယောက် ရည်မှန်းချက်အကြီးကြီးထားပြီး အမြင့်ရောက်ဖို့ အားလုံးကို ချနင်းတက်ပါတော့တယ်။ကျားယွီကို ပြန်ရဖို့ ဘယ်လောက်ပဲဖြစ်ပါစေ သူရက်စက်နိုင်ပါတယ်တဲ့။ ချစ်ဦးသူရဲ့အနှောင့်အယှက်ကြားကနေရော အခက်အခဲများစွာကို လက်တွဲဖြေရှင်းနိုင်ခဲ့တဲ့ ရှောက်ဝူယိတို့နှစ်ယောက်ဟာ နိုင်ငံအရေးကိုပြေလည်စေခဲ့ပြီး ငြိမ်းချမ်းမှုကိုဆောင်ယူနိုင်ဦးမလား ဆိုတာ...

Where Colors Dream (ရောင်စုံအိပ်မက်တို့ ကွန့်မြူးရာ) သာ့ကျားဟောင်! သာ့ကျားတို့ကို ဒီတစ်ခါတင်ဆက်ပေးချင်တာလေးကတော့ ရှန်ဟိုင်းခေ
+4
Where Colors Dream (ရောင်စုံအိပ်မက်တို့ ကွန့်မြူးရာ) သာ့ကျားဟောင်! သာ့ကျားတို့ကို ဒီတစ်ခါတင်ဆက်ပေးချင်တာလေးကတော့ ရှန်ဟိုင်းခေတ်နောက်ခံ အမျိုးသမီးဇာတ်ကောင်အသားပေး အကွက်ဆန်း Plot လေးဖြစ်တဲ့စီးရီးသစ်လေးနဲ့ပါ။ ဒီစီးရီးက ၃ ပိုင်းပဲထွက်ရှိပြီး တစ်ပိုင်းကို တစ်နာရီစာလောက် ကြာပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ Unveil: Jadewind နဲ့ The Legend of Rosy Clouds မှာ Supportive role ကနေပါဝင်ခဲ့တဲ့ မမ Dai Lu Wa နဲ့အတူ Tang Shi Yi တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ မမလှလှတို့နှစ်ယောက် အပြိုင်ကြဲကြမဲ့ဇာတ်လမ်းမို့ အတော်တော့ရင်ခုန်စရာကောင်းပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက တိုးတက်စည်ကားပြီး အရှေ့ဖျားရဲ့ပါရီလို့တင်စားကြတဲ့ ရှန်ဟိုင်းမြို့ကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ပန်းချီအတုအမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပန်းချီအတုအမှုဟာ သာမန်အတုအမှုတွေနဲ့ လုံးဝကွာခြားနေတာမို့ သက်ဆိုင်ရာတွေကပါ ခေါင်းစားခဲ့ရပါတော့တယ်။ အဲဒီပန်းချီအတုရဲ့နောက်ကွယ်က ပဟေဠိတွေ၊ ငွေကြေးဈေးကွက်ထဲက လှည့်စားမှုတွေနဲ့အတူ အထက်တန်းလွှာအမျိုးသမီးတွေကြားထဲက တစ်ယောက်ကိုတစ်ယောက်အကွက်ချ၊ မာယာသုံးပြီး အားပြိုင်ကြတဲ့ နက်နဲရှုပ်ထွေးလှတဲ့ပတ်သက်မှုတွေကိုပါ အစဆွဲထုတ်မိခဲ့ကြပါတယ်။ ဒီတော့ ၁၉၃၀ ပြည့်နှစ်‌တွေက ရှန်ဟိုင်းရဲ့လှပဆန်းပြားတဲ့ဖက်ရှင်တွေ၊ မြို့ပြအငွေ့အသက်တွေနဲ့အတူ ဘယ်လိုတွေမြိုင်ဆိုင်ပြီး Plot Twist တွေလာအုံးမလဲကတော့ ကြည့်ရှုရင်း စောင့်မျှော်ရင်ခုန်လိုက်ပါအုံး ပြိတ်သတ်ရေ။ #WhereColorsDream

Love for you (2026) အတိတ်နှောင်ကြိုး ချစ်စမပြယ် သာ့ကျားတို့ကို Road to success နဲ့အတူ အပြိုင်ကြည့်ရမဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေး
+9
Love for you (2026) အတိတ်နှောင်ကြိုး ချစ်စမပြယ် သာ့ကျားတို့ကို Road to success နဲ့အတူ အပြိုင်ကြည့်ရမဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းက ပရိသတ်တွေ အသည်းစွဲဖြစ်ခဲ့တဲ့ အချစ်ဒရမ်မာ Lighter & Princess ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရဲ့လက်ရာဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့အငွေ့အသက်နဲ့အတူ နာကျင်စရာအတိတ်၊ သံယောဇဉ်နဲ့ ပြန်လည်ဆုံတွေ့ခြင်းကို အဓိကပုံဖော်ထားတာပါ။ ဒီကားမှာ ကိုကို Song Wei Long နဲ့ Legend of Zhang Hai ထဲက မမလှလှလေး Zhang Jing Yi တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ကိုကိုစုန့်ရဲ့ကားသစ်ဆိုတော့ အေးစက်သလိုလိုနဲ့ အကြင်နာမျက်ဝန်းရွှန်းရွှန်းစားစားတွေကို တစ်ဝကြီးကြည့်ရမှာမို့ ကြည့်ရှုသူအပေါင်း အချိုအစားများပြီး ချောင်းတောင်ဆိုးနိုင်ပါတယ်ဗျို့။ ဇာတ်လမ်းအညွှန်း >>> ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မိဘချင်း ခင်မင်ကြရာကနေတစ်ဆင့် ချန်ယိနဲ့မြောင်ကျင့်တို့နှစ်ယောက် စတင်သိကျွမ်းခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ချန်ယိက မြောင်ကျင့်အပေါ် အမြဲရန်လိုသဘောမကျဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ သူ ဒဏ်ရာရသွားတဲ့အချိန်မှာ မြောင်ကျင့်လေးက ဘေးနားကနေ ကြင်ကြင်နာနာနဲ့ အနီးကပ်ပြုစုပေးခဲ့လို့ နှစ်ဦးကြားက ဆက်ဆံရေးဟာ တဖြည်းဖြည်းနွေးထွေးလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပျော်စရာအချိန်လေးက သိပ်တော့မကြာလိုက်ပါဘူး။ ချန်ယိရဲ့အဖေကွယ်လွန်သွားခဲ့သလို မြောင်ကျင့်ရဲ့အမေကလည်း အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ လူကြီးနှစ်ယောက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ပေါင်းဖက်ခွင့်မရခဲ့ကြပေမဲ့ ကျန်ရစ်ခဲ့တဲ့ကလေးနှစ်ယောက်ကတော့ ဘဝကို အတူတူရုန်းကန်ရင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မှီခိုအားထားခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တက္ကသိုလ်တက်ရမဲ့အရွယ်ကို ရောက်လာတဲ့အခါမှာတော့ မြောင်ကျင့်က ချန်ယိအပေါ်ထားတဲ့ ရင်တွင်းဖြစ်အချစ်တွေကို ရဲရဲဝံ့ဝံ့ဝန်ခံခဲ့ပါတယ်။ ကံဆိုးချင်တော့ အဲဒီအချိန်မှာပဲ ချန်ယိက ကြီးမားတဲ့မီးရှို့မှုကြီးတစ်ခုထဲ ပါဝင်ပတ်သက်မိသွားပြီး အဓိကမျက်မြင်သက်သေဖြစ်လာပါတယ်။ ဒါကြောင့် မြောင်ကျင့်ကို ရာဇဝတ်ကောင်တွေရဲ့အန္တရာယ်ကနေ အသက်နဲ့လဲပြီး ကာကွယ်ပေးချင်တာမို့ တိန်ချန်မြို့ကနေထွက်သွားဖို့ ချန်ယိဟာ မြောင်ကျင့်ကို အတင်းအကျပ်ဖိအားပေးမောင်းထုတ်ခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ တရားခံကိ့ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ လျှို့ဝှက်ပူးပေါင်းလိုက်ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ ချန်ယိဟာ တိန်ချန်မြို့လေးမှာပဲ ဘိလိယက်ခုံလေးတစ်ခုဖွင့်ပြီး ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေခဲ့သလို မြောင်ကျင့်ကလည်း Good Luck Logistics ကုမ္ပဏီရဲ့စာရင်းစစ်တစ်ယောက်အနေနဲ့ မြို့လေးကို တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အတိတ်က ဒဏ်ရာတွေ၊ အန္တရာယ်တွေပြည့်နှက်နေတဲ့ကြားကနေ ကွဲကွာနေခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့သံယောဇဉ်နှောင်ကြိုးလေး ဘယ်လိုဆက်ပြီး အသက်ဝင်လာမလဲဆိုတာကတော့ ကြည့်ရှုသူတို့ရဲ့ရင်ထဲထိမဲ့ Melodrama, Suspense Romance အလန်းစားလေးမို့ RTS နဲ့အပြိုင် မလွတ်တမ်းကြည့်ရှုစီးမျောလိုက်ရအောင်ပါနော်။ #LoveForYou

Road to success (2026) အိပ်မက်ယှက်သန်း ချစ်နွေဦးငယ် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အားကစားဇာတ်အိမ်နဲ့အချစ်ရိုရိုစိမ်စိမ့်လေးတွေကို
+9
Road to success (2026) အိပ်မက်ယှက်သန်း ချစ်နွေဦးငယ် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အားကစားဇာတ်အိမ်နဲ့အချစ်ရိုရိုစိမ်စိမ့်လေးတွေကို ရောနှောထားတဲ့ မမ Esther Yu ရဲ့ကားသစ်လေးပါ။ ဒီကားမှာ မမ Esther Yu ကို ဆရာမလေးအဖြစ်မြင်ရမှာဖြစ်ပြီး မြင်နေကျဇာတ်ကောင်လေးမဟုတ်တော့ တစ်မျိုးလေးဆန်းနေမှာပါ။ မမနဲ့အတူ Chen Jing Ke ကပါ MC အဖြစ်ပါဝင်ထားပါတယ်။ မမ Esther Yu ပါနေတာဆိုတော့ ဒီဇာတ်လမ်းလေးကလည်း ပေါက်ဦးမှာပါနော်။ ဇာတ်လမ်းအညွှန်း >>> ဒေါက်တာဘွဲ့တက်နေတဲ့ကျောင်းသူလေး လင်ဝမ်ရှင်းဟာ ဇာတိမြို့လေးကိုပြန်လာခဲ့ပြီး ဟုန်ကျင်း အမှတ် (၈) အထက်တန်းကျောင်းမှာ အားကစားပစ္စည်းထိန်းသိမ်းစောင့်ရှောက်သူအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဗြိတိန်ဘောလုံးကလပ်တစ်ခုရဲ့နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဝမ်ဖာဆိုသူက သူ့အိမ်မှာ အိမ်ငှားအဖြစ်‌နေရင်း ဝမ်ဖာရဲ့နောက်ကြောင်းက လျှို့ဝှက်နက်နဲလွန်းမှန်း အမှတ်မထင်သိလိုက်ရပါတယ်။ ကျောင်းရဲ့တာဝန်ပေးချက်အရ လင်ဝမ်ရှင်းဟာ ဖျက်သိမ်းခံထားရတဲ့ ကျောင်းရဲ့ဘောလုံးအသင်းကိုပြန်လည်အသက်သွင်းဖို့ တာဝန်ယူခဲ့ရပါတယ်။ ပထမဆုံးပွဲမှာတင် အသင်းက အလဲအကွဲရှုံးနိမ့်သွားခဲ့ရပြီးနောက် ကွယ်ရာကနေစောင့်ကြည့်နေတဲ့ ဝမ်ဖာတစ်ယောက် နည်းပြအဖြစ်ဝင်ရောက်ကိုင်တွယ်ပေးခဲ့လို့ နောက်ဆုံးမှာတော့ အသင်းကို အောင်ပွဲဆီ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကိုမြင်လိုက်ရတဲ့ လင်ဝမ်ရှင်းဟာ ဝမ်ဖာကို အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူပေးဖို့ စည်းရုံးနိုင်ခဲ့သလို အသင်းသားတွေကြားထဲက ပဋိပက္ခတွေကိုပါ ဝိုင်းဝန်းဖြေရှင်းပေးခဲ့ပါတယ်။ အဲအချိန်မှာပဲ အတိတ်က ဒဏ်ရာဟောင်းတွေပြန်ပေါ်လာတာကြောင့် သူတို့နှစ်ယောက်ကြား ခဏတာဝေးကွာသွားခဲ့ရသေးပေမဲ့ နောက်ဆုံးမှာတော့ ပြန်လည်သင့်မြတ်သွားခဲ့ကြပါတယ်။ ဗိုလ်လုပွဲတွေရော၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေပါ နီးကပ်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အတူတူလက်တွဲပြီး အသင်းသားတွေကို စိတ်ဓာတ်ခွန်အားပေးရင်း ပညာရေးအခက်အခဲတွေကိုပါ ကျော်ဖြတ်ကာ အိပ်မက်တွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက အားကစားဇာတ်အိမ်အမျိုးအစားဖြစ်ပြီး ကြည့်လိုက်တာနဲ့ စိတ်ဓာတ်ခွန်အားတွေ အပြည့်အဝရစေမဲ့ကားမျိုးပါ။ ဒါ့အပြင် မျိုးစုံတဲ့ရုန်းကန်မှုတွေကြားထဲကနေ အချစ်ချိုချိုလေးတွေကိုပါ ကြည့်ရမှာမို့ အားကစားသမားကိုမှ ချစ်သူတော်ချင်တဲ့ပြိတ်သတ်တို့ မဖြစ်မနေကြည့်သင့်ပါပြီနော်။ #RoadToSuccess

“ Love For You “ ( 5 )ရက်နေ့တဲ့နော် ... #SongWeiLong နဲ့ #ZhangJingyi တို့ရဲ့ Ro ကားသစ် Love for You ( 2026 ) ❝ ငါ့မှာ ညီမလေး
+2
“ Love For You “ ( 5 )ရက်နေ့တဲ့နော် ... #SongWeiLong နဲ့ #ZhangJingyi တို့ရဲ့ Ro ကားသစ် Love for You ( 2026 ) ❝ ငါ့မှာ ညီမလေးတစ်ယောက် ပိုလာခဲ့တယ် ❞
ဇာတ်လမ်းအကျဉ်း ~ ၁၉၉၀ အစောပိုင်းကာလမှာပေါ့ ချန်ရိရဲ့အဖေနဲ့ မြောင်ကျင့်ရဲ့အမေနဲ့က လက်ထပ်ကြပြီး ချန်ရိနဲ့ မြောင်ကျင့်ကလည်း မိသားစုဖြစ်ဖို့ရာအတွက် အကြောင်းဖန်လာခဲ့တယ် ။ ရုတ်တရက်ဆိုသလို ညီမလေးတစ်ယောက် ကောက်ရလာခဲ့တဲ့ ချန်ရိနဲ့ ရုတ်တရက်ဆိုသလို အစ်ကိုတစ်ယောက်ရလာတဲ့ မြောင်ကျင့်က အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြဘူးတဲ့လေ ။ ဘယ်အချိန်အထိလဲလို့ပြောရရင်တော့ ချန်ရိဒဏ်ရာမရခင်အထိပါပဲ ။ ချန်ရိဒဏ်ရာရတော့ မြောင်ကျင့်က ဂရုစိုက်ပေးတယ် ၊ ကြင်နာပေးတယ် ။ မြောင်ကျင့်ရဲ့ ကြင်နာမှုတွေကြောင့် မြောင်ကျင့်အပေါ်မှာထားတဲ့ ချန်ရိရဲ့အမြင်တွေက ပြောင်းလဲလာခဲ့တော့ပါပဲ ။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်း အရင်ကထက်ပိုပြီး အဆင်ပြေလာတယ် ။ ကောင်းမယ်မကြံသေး အဆိုးတွေလာပြန်ပြီဆိုသလိုပဲပေါ့ ။ ချန်ရိရဲ့အဖေက ရုတ်တရက် သေဆုံးသွားခဲ့ပြီး မြောင်ကျင့်ရဲ့အမေကတော့ ရုတ်တရက်ပျောက်ဆုံးသွားခဲ့လေတော့ ချန်ရိနဲ့ မြောင်ကျင့်က တစ်ယောက်ကိုတစ်ယောက် မှီခိုခဲ့ရတယ် ။ မြောင့်ကျင့်လေး တက္ကသိုလ်ရောက်တဲ့အချိန်မှာ ကိုကို့အပေါ်ထားတဲ့ ခံစားချက်တွေက အရောင်တွေစွန်းထင်းလာခဲ့တယ်လေ ။ ဒါကြောင့် မြောင်ကျင့်က ချန်ရိကို ခံစားချက်တွေ ဖွင့်ဟခဲ့ပေမဲ့ ချန်ရိက မတော်တမှုတစ်ခုထဲ ရုတ်တရက်ပါဝင်သွားခဲ့ပြီး အဲဒီအမှုရဲ့ အဓိကသက်သေလည်း ဖြစ်နေတာကြောင့် မြောင်ကျင့်ကို ဖိအားပေးပြီး ထန်ချန်မြို့ကို ထွက်သွားစေခဲ့တယ် ။ နှစ်တွေအများကြီးကြာပြီးချိန်မှာတော့ ချန်ရိက ဘိလိယက်ရုံပိုင်ရှင်အဖြစ် ၊ မြောင်ကျင့်က ကုမ္ပဏီတစ်ခုရဲ့ စာရင်းစစ်တာဝန်ခံအဖြစ် ပြန်ဆုံတွေ့ခဲ့ကြတယ် ။ ဒါပေမဲ့ ချန်ရိ နှစ်ပေါင်းများစွာ လိုက်ပြီးစုံစမ်းနေခဲ့တဲ့ တရားခံက မြောင်ကျင့်ကုမ္ပဏီက သူဌေး ဖြစ်နေတဲ့အခါ …. ချန်ရိက ဒီတစ်ခါမှာရော မြောင်ကျင့်ကို ကာကွယ်နိုင်ဦးမှာလား ? နှစ်တွေကြာလို့ ပြန်တွေ့ချိန်မှာ မြောင်ကျင့်ရဲ့ ချန်ရိအပေါ်ထားတဲ့ ခံစားချက်တွေကရော ပြောင်းလဲနေခဲ့ပြီလား ? ချန်ရိနဲ့ မြောင်ကျင့်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုများ ဆက်ဖြစ်ပါလိမ့်မလဲ ? ❝ ကိုယ့်မှာ မိသားစုဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတော့တယ် ❞ — ချန်ရိ ❝ ချန်ရိ .. ကျွန်မ ရှင်နဲ့မခွဲချင်ဘူး ❞ — မြောင်ကျင့် အချစ်ကား ချိုချိုရိုရိုလေးကိုမှ ခွေးသွေးဆန်တာလေးလည်း ပါမှ ဆိုတဲ့ ပရိတ်သတ်တွေအဖို့ “ Love For You “ က ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းပါပဲ ။ GC Chinese ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦး ~

The Eternal Fragrance (2026) လွမ်းရနံ့ထုံသင်း ထာဝရချစ်ခြင်း ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ ဝူရှ Fantasy ဇာတ်လမ်းတွဲအသစ်လေးပါ
+9
The Eternal Fragrance (2026) လွမ်းရနံ့ထုံသင်း ထာဝရချစ်ခြင်း ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ ဝူရှ Fantasy ဇာတ်လမ်းတွဲအသစ်လေးပါ။ Wuxia Fantasy အမျိုးအစားကိုမှ Romance ဆိုတော့ သိုင်းကွက်လှလှတွေကြား အချစ်ကလိကလိလေးတွေကိုပါ တစ်ချက်ချက်ခံစားရစေမှာမို့ ပြိတ်သတ်တို့ အသည်းစွဲကြဦးမှာပါ။ အဓိကဇာတ်ကောင်တွေကလည်း Shine on Me မှာ အေးစက်စက်ရေခဲတုံးကနေ အရည်ပျော်ဆင်းခဲ့တဲ့သစ်တောစိမ်းကြီး ကိုကို Song Wei Long နဲ့ VOS မှာပါဝင်ခဲ့တဲ့ မမလှလှလေး Ju Jing Yi တို့က ကမ်မီရူပအကုန်မိနေအောင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ပင်လယ်ထဲကိုကျရောက်လာတဲ့ ဥက္ကာပျံတစ်ခုကနေတစ်ဆင့် ဒဏ္ဍာရီလာ ကျန်းမုအပင်ကြီး ပေါက်ဖွားလာခဲ့ပါတယ်။ အဲဒီအပင်ကရတဲ့အသီးဟာ အဆုံးမဲ့အာဏာနဲ့ စွမ်းပကားတွေကို ပေးစွမ်းနိုင်တာမို့ နတ်တွေ၊ မိစ္ဆာတွေနဲ့သားရဲတွေအားလုံးဟာ အဲဒီအသီးကိုလုယူဖို့အတွက် သွေးချောင်းစီးတဲ့စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ကြပါတယ်။ နှစ်ပေါင်းတစ်ရာကြာပြီးနောက်မှာတော့ ချင်းချိုးက မိဘမဲ့မြေခွေးမလေး ရှောင်ပန့်ချွေဟာ အားကိုးရာနဲ့အင်အားကိုရှာဖွေဖို့အတွက် ချူဖုန်းကျောင်းတော်ကို ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ အသည်းအသန်ဖျားနာနေတဲ့အစ်ကိုဖြစ်သူကို ကယ်တင်ဖို့အတွက် ဝန်ထုပ်ဝန်ပိုးတွေကိုရင်ဆိုင်နေရတဲ့ ရင့်ကျက်တည်ငြိမ်တဲ့လူငယ်လေး လေရှို့ယွမ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားကသံယောဇဉ်ဟာ ကျောင်းတော်ရဲ့စမ်းသပ်မှုတွေကို အတူတူရင်ဆိုင်ရင်းနဲ့ ခင်မင်မှုကနေတစ်ဆင့် အချစ်အဖြစ် ပြောင်းလဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ရှောင်ပန့်ချွေတစ်ယောက် အံ့မခန်းစွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ ကျန်းလီဖေးအဖြစ် နိုးထလာတဲ့အခါမှာတော့ သူ့ဘဝဟာ လုံးဝဥဿုံပြောင်းလဲသွားခဲ့ပါတော့တယ်။ သူ့ရဲ့မထင်မှတ်ထားတဲ့အစွမ်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့နောက်ခံသမိုင်းကြောင်းကြောင့် အင်အားကြီးအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရပြီး ကံကြမ္မာဆိုးကိုပါ မလွှဲမရှောင်သာရင်ဆိုင်ရပါတော့တယ်။ ဒါပေမဲ့ ဘယ်လိုအန္တရာယ်မျိုးပဲကြုံရပါစေ သစ္စာရှိလှတဲ့ရှို့ယွမ်ကတော့ ကောင်မလေးရဲ့မျိုးရိုးနောက်ခံအမှန်တရားကိုရှာဖွေဖို့ ဘေးနားကနေ အမြဲတမ်းအသက်စွန့်ကာကွယ်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လူ့အဖွဲ့အစည်းရဲ့ငြင်းပယ်မှုကိုခံခဲ့ရသလို ဆက်နွယ်နေတဲ့ သူတို့ရဲ့ ကံကြမ္မာလျှို့ဝှက်ချက်တွေကိုလဲ အတူတူဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သုံးလောကလုံးရဲ့ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ရှောင်ပန့်ချွေဟာ မိမိကိုယ်ကို စတေးကာ ရှို့ယွမ်ကတော့ ကံကြမ္မာကို တိုက်ခိုက်ရမယ့်နောက်ဆုံးပွဲအထိ သူ့ဘေးမှာ သစ္စာရှိရှိရပ်တည်ပေးခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းက ဝူရှဆိုပေမဲ့ Xianxia Fantasy ဘက်ပိုသွားတဲ့အမျိုးအစားဖြစ်ပြီး ရင်နင့်စရာ အနိဌာရုံတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပြည့်နှက်နေတဲ့ပုံစံမျိုးမို့ ကြည့်ရှုသူတွေလဲ တစ်ကားတည်းနဲ့ ရသစုံခံစားရမှာ အသေအချာပါပဲ။ #TheEternalFragrance

မင်ရနံ့သင်းတဲ့ ရိုးရာစက္ကူဖြူ Zhong Mo Yuan/种墨园 2026 🪵📜 "မင်မင်တို့မင်းသားချောလေး Zheng Yecheng (郑业成) ကိုလွမ်းနေကြသူလေးတွေအ
+9
မင်ရနံ့သင်းတဲ့ ရိုးရာစက္ကူဖြူ Zhong Mo Yuan/种墨园 2026 🪵📜 "မင်မင်တို့မင်းသားချောလေး Zheng Yecheng (郑业成) ကိုလွမ်းနေကြသူလေးတွေအတွက် ကားသစ်လေးလာပြီနော်" ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့အပြင် တရုတ်ရိုးရာစက္ကူလုပ်ငန်းကိုပါ မင်းသားနဲ့မင်းသမီးက မျက်ဝါးထင်ထင်ပုံဖော်သွားမဲ့ ဇာတ်ကားလေးမို့ ကြည့်သူအားလုံးကို အံ့အားသင့်စရာတွေ ယူဆောင်ပေးလာမှာ အသေအချာပါပဲ 🤍 ဇာတ်လမ်းအကျဉ်း 📝 မြို့တော်ပေကျင်း မှာ အောင်မြင်တဲ့ အလုပ်အကိုင်တစ်ခုနဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ ခေတ်မီအမျိုးသမီးလေး Lin Yiran ဟာ နေရပ်က မိခင်ကြီး ရောဂါဝေဒနာ ခံစားနေရတယ် ဆိုတဲ့ သတင်းကြောင့် အရာရာကို စွန့်လွှတ်ပြီး မွေးရပ်မြေ ဖြစ်တဲ့ Taohua Zhen မက်မွန်မြို့နယ်လေးသို့ ပြန်လာခဲ့ပါတယ် ရွာကို ရောက်တဲ့အခါမှာတော့ မိမိတို့ ဒေသရဲ့ ဂုဏ်ဆောင် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့  တရုတ်ရိုးရာ ပန်းချီရေးစက္ကူ လုပ်ငန်းကြီးဟာ ခေတ်ရေစီးကြောင်းနောက်ကို မလိုက်နိုင်တော့ဘဲ စီးပွားရေးအရ အကြီးအကျယ် ပျက်စီးယိုယွင်းပြီး ပိတ်သိမ်းရမယ့် အခက်အခဲနဲ့ ရင်ဆိုင်နေရတာကို မြင်တွေ့သွားခဲ့ရပါတယ် တစ်ချိန်တည်းမှာပဲ ဒီရိုးရာစက္ကူတွေကို မျိုးဆက်အလိုက် လက်ဆင့်ကမ်း သွေးသားထဲက ကာကွယ်လာခဲ့တဲ့ ရိုးရာစက္ကူပညာရှင် လူငယ်လေး Xuan Yan ဟာလည်း ဒီရိုးရာလုပ်ငန်းကြီးကို ခေတ်သစ်ကမ္ဘာမှာ ရေရှည်တည်တံ့ခိုင်မြဲအောင် ဖွံ့ဖြိုးတိုးတက်စေမယ့် လမ်းကြောင်းသစ်တစ်ခုကို အသည်းအသန် ရှာဖွေစုံစမ်းနေခဲ့သူ ဖြစ်ပါတယ် ဒေသခံလုပ်ငန်းကို ကယ်တင်ချင်တဲ့ ခေတ်သစ်စီးပွားရေးအမြင်ရှိသူ Lin Yiran နဲ့ ရိုးရာပညာရပ်ကို ဆုပ်ကိုင်ထားတဲ့ Xuan Yan တို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ကံကြမ္မာချင်း ဆုံစည်းမိသွားကြပြီး ရိုးရာစက္ကူကို ခေတ်မီအနုပညာ ပစ္စည်းတွေ ဒီဇိုင်းဆန်းတွေအဖြစ် ပြောင်းလဲဖန်တီးမယ့် စက္ကူယဉ်ကျေးမှု တီထွင်ခြင်းလမ်းမကြီးပေါ်မှာ အခက်အခဲပေါင်းစုံကို ဘယ်လိုအတူဖြတ်သန်းကြမလဲ ကွဲပြားခြားနားတဲ့ အမြင်တွေကြားကနေ အပြန်အလှန် နားလည်မှု အချစ်စစ်တို့နဲ့အတူ နောက်ဆုံးမှာတော့ သူတို့ရဲ့ ပူးပေါင်းကြိုးပမ်းမှုကြောင့် ရိုးရာ Xuan Paper လုပ်ငန်းကြီးဟာ ကမ္ဘာ့အလယ်မှာ ဒုတိယအကြိမ်မြောက် ခမ်းနားထည်ဝါစွာ အောင်မြင်မှုကြီးကို ဘယ်လိုဆွတ်ခူးရရှိသွားမလဲဆိုတာ .... မင်ရည်နံ့သင်းပျံ့လှတဲ့ ရိုးရာစက္ကူဥယျာဉ်ကလေးကြားက နွေးထွေးတဲ့ အချစ်စစ်နဲ့ အောင်မြင်ခြင်းခရီးစဉ်ကို SoulKingdom မှာ အခုပဲ ကြည့်ရှုလို့ရနေပါပြီ 🤍 Native Title : 种墨园 English Title : The Ink Garden ,Zhong Mo Yuan Main Cast : Zheng Yecheng , Zhang Yue Episode : 36 Genre : Modern / Intangible Cultural Heritage Romance / Rural Healing Drama Airs : June 23 ,2026 Original Network : CCTV, Youku #SoulKingdom #Review #种墨园 #ZhongMoYuan #TheInkGarden #klSnn

The Legend of Rosy Clouds (2026) ပန်းခြယ်တိမ်လွှာတို့ရဲ့ချစ်ဒဏ္ဍာရီ ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ကားသစ်လေးကတော့ ဝူရှအမျိုးအစားကို
+9
The Legend of Rosy Clouds (2026) ပန်းခြယ်တိမ်လွှာတို့ရဲ့ချစ်ဒဏ္ဍာရီ ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ကားသစ်လေးကတော့ ဝူရှအမျိုးအစားကိုမှ Rom-Com ဇာတ်အိမ်ပုံစံလေးပါ။ ဒီကားလေးက မဟာမိတ်ကနေ ချစ်သူဖြစ်သွားတဲ့ပုံစံမို့လို့ တရုတ်နန်းတွင်းကားပရိသတ်တွေ အကြိုက်တွေ့မဲ့ Plot မျိုးပါပဲ။ အဓိကဇာတ်ဆောင်တွေအဖြစ် A dream within a dream ထဲက မမလှလှလေး Li Yi Tong၊ Veil of shadows မှာ ခပ်မိုက်မိုက်သရုပ်ဆောင်ချက်‌တွေနဲ့အတူ နဂါးမျိုးနွယ်ရဲ့နောက်ဆုံးကျန်ရစ်သူအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကိုကို Zeng Shun Xi နဲ့ Lost You Forever ရဲ့ Season နှစ်ခုလုံးမှာ MC အဖြစ်ပါဝင်ခဲ့တဲ့ ကိုကို Deng Wei တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဒဏ္ဍာရီလာကိုးမြို့တော်ကြီးထဲမှာ အရှိန်အဝါညှိုးမှိန်သွားခဲ့တဲ့ မှူးမတ်မျိုးနွယ်စုဝင် အမျိုးသမီးလေးဖန့်ယွင်ဟာ လည်လည်ဝယ်ဝယ်ရှိပြီး ရည်မှန်းချက်ကြီးမားလှတဲ့ မြို့စားမင်းချီကျန်းနဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက်မယုံကြည်နိုင်ဘဲ သံသယမျက်လုံးတွေနဲ့စတင်ခဲ့ကြပေမဲ့ မာယာတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့သစ္စာဖောက်ဖျက်မှုတွေ ပြည့်နှက်နေတဲ့အာဏာလုပွဲကြီးထဲကို ဖြတ်သန်းရင်းနဲ့ သူတို့နှစ်ယောက်ဟာ မဟာမိတ်တွေအဖြစ် လက်တွဲဖြစ်သွားခဲ့ကြပါတော့တယ်။ သူတို့နှစ်ယောက်ဟာ ကိုယ့်ယုံကြည်ချက်တွေကိုစိန်ခေါ်လာမဲ့ ဘေးအန္တရာယ်မှန်သမျှကိုရင်ဆိုင်ရင်းနဲ့ အခက်အခဲတွေကြားထဲကနေ စစ်မှန်တဲ့ယုံကြည်မှု၊ ကူညီဖေးမတတ်မှုတွေနဲ့ တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့အချစ်စစ်ကိုပါ ရှာဖွေတွေ့ရှိသွားကြပါတယ်။ မဟာမိတ်ကနေ ချစ်သူဖြစ်သွားတဲ့ဇာတ်အိမ်အပြင် အချစ်ရေးထက် တိုင်းပြည်အရေးကို လက်တွဲဖြေရှင်းရင်း တဖြည်းဖြည်းသံယောဇဉ်ဖြစ်သွားကြမဲ့ Slow-burn Romance မို့လို့ ဇာတ်အိမ်က တော်တော်လေးကိုလေးနက်မှာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကြဲတွေမို့ ဒီကားလေးကိုလည်း လုံးဝလက်မလွှတ်သင့်ပါနော်။ #TheLegendOfRosyClouds

🤍 ကြင်သူဖွဲ့သော နှောင်ကြိုးငယ် 心间错 / Xin Jian Cuo 2026🤍 Hey ! ! A Lover in The Mortal World ထဲက မင်းသားချောလေး Zhu Zheng Ti
+8
🤍 ကြင်သူဖွဲ့သော နှောင်ကြိုးငယ်        心间错 / Xin Jian Cuo 2026🤍 Hey ! ! A Lover in The Mortal World ထဲက မင်းသားချောလေး Zhu Zheng Ting နဲ့ Moonlit Order ထဲက ရှင်းကျန်းအလှလေး Hani လေးရဲ့ ဇာတ်ကားသစ်နော် 🙈🤍 ဇာတ်လမ်းအကျဉ်း 📝 စာသင်သားလေး Bai Shanjun ဟာ ဘယ်အောက်လမ်းမှော်အတတ် ဘယ်နတ်ဒေဝါ ဘယ်တစ္ဆေသရဲတွေကိုမှ မယုံကြည် မကိုးကွယ်ဘဲ လက်တွေ့မျက်မြင်ကိုပဲ အခိုင်အမာယုံကြည်တဲ့သူဖြစ်ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သေခြင်းရှင်ခြင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အမှောင်ထုနယ်မြေ ယင်ယန်ကူးတို့ဆိပ်ထဲကို အမှတ်မထင် ကျူးကျော်မိသွားခဲ့ပါတော့တယ် အဲဒီနေရာကတော့ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီး စွမ်းအင်ထက်မြက်လှတဲ့ မိစ္ဆာမလေး Liu Fufeng ကြီးစိုးရာ နယ်မြေ ဖြစ်နေခဲ့ပါတယ် Bai Shanjun တစ်ယောက် ပိတ်မိသွားတဲ့အချိန်မှာပဲ သူတို့နှစ်ယောက်လုံး သတိမထားမိတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကတည်းက သူတို့နှစ်ဦးဟာ အသက်ဝိညာဉ်ချင်း နှောင်ဖွဲ့ထားတဲ့ ကတိသစ္စာကို အတူတူ ထားရှိခဲ့ဖူးတာပဲဖြစ်ပါတယ် လက်တွေ့ကိုပဲ ယုံတဲ့ လူသားစာပေသမားနဲ့ မိစ္ဆာမ‌လေးက အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ခဲ့ပေမဲ့ အမုန်းကနေတစ်ဆင့် သံယောဇဉ်တွေ ဘယ်လိုငြိတွယ်လာခဲ့ကြမလဲ..... 🤍 ဒီအမှတ်မထင် ဖြစ်ပေါ်လာတဲ့ ဆုံစည်းမှုနဲ့ အချစ်ဇာတ်လမ်းလေးရ တကယ်တော့ ကောင်းကင်ဘုံက ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာ လမ်းကြောင်းပေါ်မှာတင် မလွဲမသွေ လည်ပတ်နေတာဖြစ်နေသောအခါ ..... လူသားနဲ့မိစ္ဆာဖြစ်တဲ့ သူတို့နှစ်ယောက် ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ ဘာတွေဆက်ကြုံတွေ့ရမလဲ 🤍 ကဲ စာသင်သားလေးနဲ့ မိစ္ဆာမလေးရဲ့ချစ်ကြမ္မာခရီးလမ်းကို SoulKingdom မှာ အခုပဲ အတူလိုက်ပါကြည့်ရှုလိုက်ကြရအောင်🤍 Native Title : 心间错 Also known as : Xin Jian Cuo Starring : Zhu Zheng Ting ,Hankiz Omar ,Li Jia Nuo ,Zhang ZiJian Episode : 24 Airs : 17 June ,2026 Original Network : BiliBili #SoulKingdom #Review #心间错 #XinJianCuo #MistakeInTheHeart #klSnn

ရင်၀ယ်ပွင့်လန်း မေတ္တာပန်း Ling Long's Ferry / 玲珑渡 2026 🍃🚢 တရုတ်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းကို အခြေခံရိုက်ကူ
+1
ရင်၀ယ်ပွင့်လန်း မေတ္တာပန်း Ling Long's Ferry / 玲珑渡 2026 🍃🚢 တရုတ်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းကို အခြေခံရိုက်ကူးထားပြီး အနှစ်သာရအပြည့်ရှိမယ့် ဇာတ်လမ်းတွဲသစ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းက သာမန်နန်းတွင်း အချစ်ကားမျိုး မဟုတ်ဘဲ ခေတ်နှစ်ခေတ် အပြိုင်ဇာတ်လမ်းစတိုင်နဲ့ လက်ဖက်ရည်အမွေအနှစ် ဖန်တီးပုံကို ခမ်းခမ်းနားနား တင်ဆက်ထားတာပါ ဇာတ်ကားလေးထဲမှာ ခေတ်နှစ်ခေတ်က အမျိုးသမီးနှစ်ယောက်ရဲ့ ဝိညာဉ်တစ်ခုတည်းမှာ ပေါင်းစည်းပြီး တရုတ်ရိုးရာလက်ဖက်ရည်နည်းပညာကို ကမ္ဘာကသိအောင် ဘယ်လိုကာကွယ် စောင့်ရှောက်သွားမလဲဆိုတာကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း 📝 ချင်ခေတ်နှောင်းပိုင်းရဲ့ Qimen ဒေသမှာ အမျိုးသမီးလေး Hu Linglong ဟာ အမျိုးသမီးဖြစ်သော်လည်း ယောက်ျားလေးအ၀တ်ဝတ်ဆင်ပြီး မိသားစုရဲ့ လက်ဖက်ရည်လုပ်ငန်းကြီးကို ဆက်ခံဖို့ ကြိုးစားနေခဲ့ပါတယ် ဒါပေမဲ့ သူမမှာ အမွေကို လိုချင်တပ်မက်နေတဲ့ ဦးလေးဖြစ်သူရဲ့ အမျိုးမျိုး နှောင့်ယှက်ခြင်း တွေကို ခါးစည်းခံနေရရှာပါတယ် တစ်ဖက်မှာလည်း ခေတ်သစ်ကာလက လက်ဖက်ရည်ပညာရှင်မလေး Qiao Xin ဟာ လုပ်ကြံသတ်ဖြတ်မှုတစ်ခုနဲ့ ကြုံတွေ့ရပြီးနောက် မထင်မှတ်ဘဲ အတိတ်ခေတ်ဆီကို ဝိညာဉ်ခေတ်ဖြတ်ကူး သွားခဲ့ပါတော့တယ် ထူးဆန်းတာက သူမရဲ့ ဝိညာဉ်က Hu Linglong ဆွဲထားတဲ့ သွေးရောင်ကျောက်စိမ်းဆွဲပြား ထဲကို ရောက်ရှိသွားပြီး Hu Linglong ရဲ့ ခန္ဓာကိုယ်ထဲကို ပူးကပ်မှီတွယ်လိုက်မိခြင်းပါပဲ ဒီလိုနဲ့ ခေတ်နှစ်ခေတ်က ထက်မြက်တဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဝိညာဉ်ဟာ တစ်သားတည်း ဖြစ်သွားခဲ့ပြီး သူတို့နှစ်ယောက်လက်တွဲကာ လက်ဖက်ရည်အရသာပြိုင်ပွဲတွေကို ဉာဏ်ဆင်ကျော်ဖြတ်ခဲ့ကြသလို တရုတ်ပြည်ကို လာရောက်ဗိုလ်ကျစိုးမိုးနေတဲ့ အင်္ဂလိပ်ကုန်သည်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကိုလည်း အတူတူ တွန်းလှန်ခဲ့ကြပါတယ် သူတို့ဟာ ရိုးရာလက်ဖက်ရည်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံခဲ့ကြပြီး နောက်ဆုံးမှာတော့ Hu Linglong ဟာ အမျိုးသမီးဆိုတဲ့ ဘောင်ခတ်ထားတဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ကာ Qimen Fragrance ဆိုတဲ့ ကျော်ကြားလှတဲ့ လက်ဖက်ရည်နံ့အသစ်ကို တီထွင်အောင်မြင်ခဲ့ပါတယ် Qiao Xin ကလည်း သူမရဲ့ ခေတ်သစ်အသိပညာတွေကို အသုံးချပြီး ရှန်ဟိုင်းမှာကျင်းပတဲ့ လက်ဖက်ရည်ပွဲတော် မှာ Hu Linglong ရဲ့ နာမည်ကို တစ်ကမ္ဘာလုံး သိသွားအောင် ကူညီပေးခဲ့ပါတယ် ဒီခရီးစဉ်အတွင်းမှာပဲ Hu Linglong ဟာ Beiyang ရေတပ်က စစ်ဗိုလ်လေး Xu Zhinian နဲ့ ဆုံတွေ့ပြီး အပြန်အလှန် စာနာနားလည်ကာ ချစ်လင်းစွဲလမ်းခဲ့ကြပြီး မိသားစုတွင်း အာဏာလုပွဲတွေ တိုင်းပြည်ရဲ့ စစ်မီးမုန်တိုင်းတွေကြားထဲမှာ သူတို့ဟာ မိမိတို့ရဲ့ လက်ဖက်ရည်ပညာကို သစ္စာရှိရှိ ကာကွယ်ခဲ့ကြပါတယ် တစ်နေ့မှာတော့ အသက်သွေးကြောဖြစ်တဲ့ ကျောက်စိမ်းဆွဲပြားကြီး ကွဲအက်သွားခဲ့တာကြောင့် Qiao Xin ရဲ့ ဝိညာဉ်ဟာ ခေတ်သစ်ကမ္ဘာဆီကို ပြန်လည်ရောက်ရှိ သွားခဲ့ပါတယ် ဒါပေမဲ့ အတိတ်မှာ ကျန်ရစ်ခဲ့တဲ့ အချစ်ရဲ့သက်သေ ငွေဆံထိုးလေး ကြောင့် Qiao Xin ဟာ အတိတ်ခေတ်ဆီကို ဒုတိယအကြိမ် ထပ်မံခေတ်ဖြတ်ကူးပြီး Hu Linglong ကို ကူညီဖို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ် နောက်ဆုံးမှာတော့ Qiao Xin ဟာ ခေတ်သစ်လောကမှာလည်း Linglong Red Tea ကို အောင်မြင်စွာ သုတေသနပြု ထုတ်လုပ်နိုင်ခဲ့ပြီး တရုတ်‌ရိုးရာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လက်ဖက်ရည်ဖော်စပ်နည်း လျှို့ဝှက်ချက်တွေကို ပြည်ပရန်သူတွေလက်ထဲမရောက်အောင် ကာကွယ်စောင့်ရှောက်ရင်း တရုတ်တို့ရဲ့ လက်ဖက်ရည်ယဉ်ကျေးမှုကို ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ဘယ်လိုချပြသွားမလဲဆိုတာ.... Native Title : 玲珑渡 English Title : Ling Long's Ferry Genre : Historical / Time-Travel / Culture / Romance / Melodrama Episode : 24 Core Theme : Qimen Black Tea Transmission & Female Empowerment #SoulKingdom #Review #玲珑渡 #LingLongDu #LingLongsFerry #klSnn

လက်ထပ်ပြီးမှ ပြန်ချစ်မယ် Late to Love / 婚后再心动 2026 ➰💋 အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးက သာမန်စာချုပ်လက်ထပ်တာမျိုးတင် မဟုတ်ဘဲ တစ်ယ
+7
လက်ထပ်ပြီးမှ ပြန်ချစ်မယ် Late to Love / 婚后再心动 2026 💋 အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးက သာမန်စာချုပ်လက်ထပ်တာမျိုးတင် မဟုတ်ဘဲ တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို တစ်ယောက်က စုံထောက်ဆန်ဆန် လိုက်လံစုံစမ်းနေကြတဲ့သူတွေရဲ့စိတ်၀င်စားစရာအချစ်ခရီးလေးပေါ့ ဇာတ်လမ်းအကျဉ်း 📝 ဆေးပညာပါရဂူဘွဲ့ ယူဖို့အတွက် ဘွဲ့ရနှောင့်နှေးနေတဲ့ ဉာဏ်ကြီးရှင် အမျိုးသမီးငယ်လေး Xu Nange သူမဟာ တစ်ဖက်က စီးပွားရေးလောကရဲ့ ထိပ်တန်းအာဏာရှင်ကြီး ဖြစ်သူ Huo Beiyan နဲ့ မထင်မှတ်ဘဲ သဘောတူစာချုပ် လက်ထပ်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ် Huo Beiyan ကလည်း ဒီလက်ထပ်ပွဲကို အသုံးချပြီး သူ့ရဲ့ မိသားစု အာဏာတည်မြဲရေးနဲ့ လုပ်ငန်းစုအာဏာကို ထိန်းညှိဖို့ ကြံစည်ထားတာကြောင့် သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်း စာချုပ်နဲ့ လင်မယားအဖြစ် စတင်ခဲ့ကြပါတော့တယ် သူတို့နှစ်ယောက်ဟာ လူအများရှေ့မှာတော့ ကမ္ဘာပေါ်မှာ အချစ်ဆုံး အလိုက်ဖက်ဆုံး လင်မယားအဖြစ် ဟန်ဆောင်နေကြပေမဲ့ ကွယ်ရာနောက်ကွယ်မှာတော့ နှစ်ယောက်စလုံးမှာ မသိရသေးတဲ့ ကြီးမားလှတဲ့ လျှို့ဝှက်ချက်တွေ အသီးသီး ရှိနေခဲ့ကြပါတယ် ပိုပြီး စိတ်ဝင်စားစရာကောင်းတာက မင်းသမီး Xu Nange က သူ့ရဲ့ လုပ်ငန်းစုကြီးထဲက လျှို့ဝှက်ချက်တွေကို လိုက်လံ စုံစမ်းစစ်ဆေးနေသလို မင်းသား Huo Beiyan ကလည်း သူ့ဇနီးဖြစ်သူရဲ့ အစစ်အမှန် နောက်ခံက ဘာလဲဆိုတာကို သိချင်တာကြောင့် အပြင်လောကမှာ ဇနီးသည်ရဲ့ သဲလွန်စကို လိုက်ရှာနေခဲ့တာပါပဲ သူမ လိုက်စုံစမ်းနေတဲ့ လုပ်ငန်းစုက သူ့ယောက်ျားရဲ့ လုပ်ငန်းစုဖြစ်နေသလို သူ အသည်းအသန် ရှာနေတဲ့ လျှို့ဝှက်ဆန်းကြယ်သူကလည်း သူ့အိမ်က ဇနီးသည် ဖြစ်နေတဲ့အခါ... အစကတည်းက တွက်ချက်မှုတွေ အကွက်ချမှုတွေနဲ့ စတင်ခဲ့တဲ့ ဒီအိမ်ထောင်ရေး ကစားပွဲကြီးဟာ နောက်ဆုံးမှာ ဟန်ဆောင်မှုတွေကနေ တစ်ဆင့် တကယ့် အချစ်စစ်အချစ်မှန်အဖြစ် ပြောင်းလဲသွားနိုင်မလားဆိုတာ... ကဲ SoulKingdom မှာ အခုပဲ ကြည့်လိုက်ကြရအောင် Native Title : 婚后再心动 English Title : Late to Love Starring : Wang Yajia, He Jianqi, Li Mingyuan Genre : Modern Urban / Romance / Contract Marriage / Suspense Episodes : 24 #SoulKingdom #Review #婚后再心动 #LateToLove #klSnn

Beyond Time's Gaze (2025) သွေးစွန်းခရီးသည်ရဲ့ဒဏ္ဍာရီ ကမ္ဘာကြီးရဲ့အထက်မှာ အိပ်စက်နေတယ်လို့ ယုံကြည်ခဲ့ကြတဲ့ နတ်ဘုရားတစ်ပါး... ရ
+6
Beyond Time's Gaze (2025) သွေးစွန်းခရီးသည်ရဲ့ဒဏ္ဍာရီ ကမ္ဘာကြီးရဲ့အထက်မှာ အိပ်စက်နေတယ်လို့ ယုံကြည်ခဲ့ကြတဲ့ နတ်ဘုရားတစ်ပါး... ရုတ်တရက် နိုးထလာတဲ့အခါ၊ သူရဲ့အကြည့်တစ်ချက်က မြို့ပြတစ်ခုလုံးကို ပြာပုံအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သွေးမိုးတွေရွာသွန်းပြီး ထူးဆန်းတဲ့အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းသွားတဲ့ တားမြစ်နယ်မြေထဲမှာတော့ နေ့ဘက်မှာ သားရဲကောင်တွေ၊ ညဘက်မှာ သရဲတစ္ဆေတွေ လွှမ်းမိုးခြယ်လှယ်နေကြတယ် ဒီပျက်စီးနေတဲ့ကမ္ဘာ၊ ဒီငရဲလိုနေရာမှာ လူငယ်လေး "ရွှီချင်" တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်။ သူ့ပတ်ဝန်းကျင်မှာ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်နေတဲ့ တောရိုင်းဥပဒေနဲ့ အသက်ရှင်နေတဲ့ အမှိုက်ကောက်သမားတွေနဲ့ ပြည့်နှက်နေတယ် ရှင်သန်ဖို့ဆိုတာ ခွန်အားနဲ့ ဉာဏ်နီဉာဏ်နက်ကိုသာ အားကိုးရမယ့် ကမ္ဘာမှာ ရွှီချင်တစ်ယောက် ဘယ်လိုဆက်လက်ရှင်သန်မလဲ လျှို့ဝှက်ဆန်းကြယ်တဲ့ "ခရမ်းရောင်ကျောက်" တစ်တုံးနဲ့ အစွမ်းထက်တဲ့ "ပင်လယ်တောင်တန်းသိုင်းကျမ်း" ကို ရှာဖွေတွေ့ရှိခဲ့ခြင်းက သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မလား။ ဒါမှမဟုတ် ဒီအရာတွေကပဲ သူ့ကို ပိုကြီးမားတဲ့ အန္တရာယ်တွေဆီ တွန်းပို့နေမလား ရှင်သန်လိုစိတ်တစ်ခုတည်းနဲ့ အရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရမယ့် လူငယ်လေးတစ်ယောက်ရဲ့ သွေးစွန်းသောခရီးလမ်းကို သည်းထိတ်ရင်ဖို ကြည့်ရှုလိုက်ကြပါစို့ Total Episodes : 26 Quality : WEB-DL 4K HEVC , 1080p HEVC Format : mkv/mp4 Genres : Animation and Sci-Fi & Fantasy Runtime : 25 min Subtitle : Myanmar Subtitle ( Hardsub )

မင်သားအရပ်ရှည်ကြီးနဲ့ မင်းသမီး cute type လေးတို့ romance🫶💞 လျှပ်စီးဖန်သောဖူးစာ Sparkle Love (2020)
မင်သားအရပ်ရှည်ကြီးနဲ့ မင်းသမီး cute type လေးတို့ romance🫶💞 လျှပ်စီးဖန်သောဖူးစာ Sparkle Love (2020)