en
Feedback
Knowledge Channel 🐿

Knowledge Channel 🐿

Open in Telegram

ထူးခြားဆန်းကြယ်လှတဲ့ အရာမှန်သမျှသိဖို့ Knowledge မှာ သူများထက်တစ်မူးပိုသာဖို့ ဒီ Channel လေးကို Join လိုက်ပါစို့။ ။ Since Date : 25.10.2023 Main Channel : @Life_Explored_New ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

Show more
7 037
Subscribers
-724 hours
-437 days
-13730 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+6
in 0 channels
August '26
+59
in 0 channels
Get PRO
July '26
+96
in 0 channels
Get PRO
June '26
+136
in 0 channels
Get PRO
May '26
+158
in 4 channels
Get PRO
April '26
+47
in 0 channels
Get PRO
March '26
+16
in 0 channels
Get PRO
February '26
+28
in 1 channels
Get PRO
January '26
+44
in 0 channels
Get PRO
December '25
+46
in 0 channels
Get PRO
November '25
+35
in 0 channels
Get PRO
October '25
+32
in 0 channels
Get PRO
September '25
+77
in 5 channels
Get PRO
August '25
+100
in 0 channels
Get PRO
July '25
+87
in 0 channels
Get PRO
June '25
+146
in 2 channels
Get PRO
May '25
+131
in 2 channels
Get PRO
April '25
+83
in 0 channels
Get PRO
March '25
+76
in 0 channels
Get PRO
February '25
+76
in 0 channels
Get PRO
January '25
+195
in 5 channels
Get PRO
December '24
+158
in 1 channels
Get PRO
November '24
+122
in 1 channels
Get PRO
October '24
+360
in 11 channels
Get PRO
September '24
+780
in 33 channels
Get PRO
August '24
+712
in 18 channels
Get PRO
July '24
+1 249
in 16 channels
Get PRO
June '24
+775
in 17 channels
Get PRO
May '24
+3 094
in 38 channels
Get PRO
April '24
+403
in 32 channels
Get PRO
March '24
+298
in 29 channels
Get PRO
February '24
+464
in 20 channels
Get PRO
January '24
+776
in 29 channels
Get PRO
December '23
+1 089
in 35 channels
Date
Subscriber Growth
Mentions
Channels
10 September0
09 September0
08 September0
07 September0
06 September0
05 September+1
04 September+1
03 September+2
02 September+1
01 September+1
Channel Posts
🎵 တကယ်လည်းမလိုပါဘူး ဘာလို့ဆို ကျွန်တော်​ရှိပြီလေ 😁 ဒီနေရာလေးမှာတော့ စာရေးသူအက္ခရာဆိုတာထက် ဂီတဝါသနာရှင် Oak Kar အနေနဲ့ပေါ့ဗျာ... 😅 ကဲ"... ခေါင်းထဲမှာ သံစဉ်တွေရှိတယ်၊ စာအုပ်ထဲမှာ ရေးလက်စ စာသားတွေရှိတယ်။ ဒါပေမယ့် တကယ်တမ်း Studio မှာ သွားတီးဖို့ စုံစမ်းကြည့်လိုက်တော့ ၃ သိန်း၊ ၄ သိန်းဆိုတဲ့ ဈေးတွေကြားမှာ ကိုယ့်အိပ်မက်လေးကို ခဏခေါက်သိမ်းလိုက်ရဖူးတယ် မဟုတ်လား။ Studio အကြီးကြီးတွေက သူတို့သုံးတဲ့ ပစ္စည်းတွေ၊ အတွေ့အကြုံတွေနဲ့ဆိုတော့ ဒီဈေးက တန်ပါတယ်၊ ပေးရကျိုးလည်း သေချာပေါက် နပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ဝါသနာအရ အပျော်လုပ်ချင်တာ ဒါမှမဟုတ် အခုမှ ဂီတလောကထဲ စမ်းဝင်ကြည့်ချင်တဲ့ Beginner တစ်ယောက်ဆိုရင်တော့ ဒီဘတ်ဂျက်က တော်တော်လေးကို ဟန့်တားနေသလို ဖြစ်နေတတ်တယ်လေ။ ဒီလိုမျိုး ဘတ်ဂျက်ကြောင့် အိပ်မက်တွေ ရပ်တန့်မသွားရအောင် KB Oak Kar Studio ကနေ ဝါသနာရှင်တွေအတွက် သီးသန့်ရည်ရွယ်ပြီး ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့ အမိုက်စား Music တွေ ဖန်တီးပေးနေပါပြီ။ ဈေးနှုန်းကတော့ သီချင်းပုံစံနဲ့ အချိန်ပေးရမှုအပေါ် မူတည်ပြီး ၇ သောင်း ကျပ် ကနေ စပြီး လက်ခံပေးနေပါတယ်။ (၁ သိန်းဝန်းကျင်လောက်ဆိုရင်ကို တော်တော်လေးမိုက်တဲ့ Quality ရနေပါပြီဗျာ)။ သီချင်းထွက်လာလို့ နားထောင်ကြည့်ပြီး စိတ်တိုင်းမကျဘူးဆိုရင်လည်း အခမဲ့ (၂) ကြိမ်တိတိ ပြင်ခွင့်ပေးထားသလို၊ Lyrics Video ကိုပါ Free လက်ဆောင် လုပ်ပေးသွားဦးမှာပါ။ ကိုယ့် Idea အတိုင်း ဖန်တီးခိုင်းမလား၊ ကျွန်တော့်ဘက်က အစအဆုံး အမိုက်စား တာဝန်ယူပေးရမလား... ကြိုက်သလိုသာပြော အကုန်အိုကေတယ်နော်။ ⏳ ဘယ်လောက်ကြာမလဲ? လောလောဆယ် ကျွန်တော့်ဆီမှာ လက်ခံထားတဲ့ အပ်ထည်လေးတွေ ရှိနေသေးလို့ သီချင်းတစ်ပုဒ် ဖန်တီးဖို့ အချိန် (၁) ပတ်ကနေ (၂) ပတ်အထိတော့ ကြာနိုင်ပါတယ်။ အချိန်လေး နည်းနည်းပေးရပေမယ့် စိတ်တိုင်းကျဖြစ်အောင် သေချာလေး အချိန်ယူ ဖန်တီးပေးသွားမှာမို့ ယုံယုံကြည်ကြည်နဲ့ အပ်လို့ရပါတယ်။ 🎸 ဘယ်လို Music တွေ လုပ်ပေးလဲ? K-pop ပုံစံကလွဲပြီး ကျန်တဲ့ အမျိုးအစားတော်တော်များများကို စိတ်တိုင်းကျ ဖန်တီးပေးပါတယ်။ Pop, Rock, Rap, Hip-Hop, Mono, DJ Remix, Country, Swing Jazz, Reggae ... အစရှိသဖြင့် ကြိုက်တဲ့ Genre သာ ပြောလိုက်ပါ။ 📝 ဘာတွေလိုမလဲ? သီချင်းအပ်မယ်ဆိုရင် ဒီအချက်လေးတွေ ကြိုပြင်ထားပေးဖို့တော့ လိုမယ်နော်။ ▪️ သီချင်းစာသား ▪️ သီချင်းကို အကြမ်းဆိုထားတဲ့ Voice Record (အကြံပေးချင်တာကတော့ Bar, Beat, Tempo တွေ အလွယ်တကူ ချိန်လို့ရအောင် ဂစ်တာ (သို့) Beat အကြမ်းလေး တစ်ခုခုနဲ့ တွဲဆိုထားပေးရင် အကောင်းဆုံးပါပဲ) 📞 ဘယ်လို ဆက်သွယ်ရမလဲ? အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင် အောက်က လိပ်စာတွေကနေ အချိန်မရွေး လာဟဲလိုလုပ်လို့ ရပါတယ်ခင်ဗျာ။ • Telegram - @Akayar_2007Viber - 09266814346
My YouTube Channels
1. KB Oak Kar Studio (New) 2. KB Oak Kar (Old) #KBOakKarStudio #MusicProduction #MyanmarIndieArtist #BudgetFriendlyMusic #OwnTune #BeatMaker #MyanmarMusicCover #HobbyistMusician #MusicProducerMyanmar #LocalTalent

2
No text...
379
3
💗 #Haruki+2
💗 #Haruki
632
4
ရေဘေးသွားလှူမယ့် အစ်ကိုတွေရဲ့ စကားသံ 🙆‍♂️ #Haruki+1
ရေဘေးသွားလှူမယ့် အစ်ကိုတွေရဲ့ စကားသံ 🙆‍♂️ #Haruki
608
5
‼️ August 17 ‼️ ရေဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ဖေးမကူညီကြရအောင်... မင်္ဂလာပါ စာဖတ်သူလေးတို့ရေ... ဒီရက်ပိုင်း ရေဘေးသတင်းတွေ ကြားရတိုင်း ရင်ထဲမှာ တကယ်ကို မကောင်းဖြစ်ရပါတယ်။ အခုချိန်မှာ နေစရာအိမ်မရှိ၊ စားစရာ အစားအသောက်မရှိနဲ့ ရုတ်တရက် ဒုက္ခတွင်းထဲ ကျရောက်သွားကြတဲ့ ပြည်သူတွေ အများကြီး ရှိနေပါတယ်။ မြို့ကြီးတွေ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာတွေဆီကို အလှူရှင်တွေ ရောက်တတ်ပေမဲ့၊ အထူးသဖြင့် အလှူရှင်တွေ သိပ်မရောက်နိုင်တဲ့ စစ်ကိုင်းတိုင်းဘက်က ရွာငယ်လေးတွေဆိုရင် အခုချိန်မှာ အကူအညီတွေ အရမ်းကို လိုအပ်နေကြတာပါ။ အခု ကျွန်တော့်မိတ်ဆွေတွေဖြစ်တဲ့ မုံရွာက အစ်ကိုတွေက အဲ့ဒီလို အလှူရှင် အရောက်အပေါက်နည်းတဲ့ ရွာငယ်လေးတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး ရေဘေးအလှူလေး လုပ်ကြမလို့တဲ့ဗျ။ အဲ့ဒါကြောင့် ကျွန်တော့်ဘက်ကလည်း အလှူငွေလေး ပါဝင်ကူညီပေးထားသလို၊ ကျွန်တော်တို့ ချယ်နယ်က စာဖတ်သူလေးတွေလည်း ကုသိုလ်ပါဝင်နိုင်ဖို့အတွက် တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။ ငွေကြေးပမာဏ အများကြီးမှ မဟုတ်ပါဘူး။ ၅၀၀၊ ၁,၀၀၀ ကျပ်ကစလို့ မိမိ တတ်နိုင်သလောက် စေတနာအလျောက် ပါဝင်လှူဒါန်းနိုင်ပါတယ်ဗျ။ စာဖတ်သူလေးတို့ရဲ့ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးလေးတွေကို စုပေါင်းလိုက်ရင် တစ်ဖက်က ဒုက္ခရောက်နေသူတွေအတွက် ထမင်းတစ်နပ်စာ၊ ရေသန့်တစ်ဘူးစာ အသက်ဆက်ခွင့် ရသွားမှာပါ။ လာမယ့် ဩဂုတ်လ (၁၇) ရက်နေ့ လောက်မှာ သွားရောက်လှူဒါန်းကြမှာဖြစ်လို့ အလှူငွေလေးတွေကို အခုကတည်းက စတင် ထည့်ဝင်ပေးလို့ ရနေပါပြီခင်ဗျာ။ အလှူငွေ ထည့်ဝင်ရန် KPay: 09897858116 (Thet Htet San) အသေးစိတ် ဆက်သွယ်မေးမြန်းရန် Telegram: @lovely_ptpo16 တစ်ကျပ်တစ်ပြားကအစ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးမှာမို့ ယုံယုံကြည်ကြည်နဲ့ ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်ဗျာ။ အားလုံးပဲ ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။ #FloodDonation #Sagaing #HelpEachOther
609
6
+2
No text...
501
7
ကျောခိုင်းထားသော ချစ်ခြင်းများ စာအုပ်ဟာ နိုင်ငံရေးဒေသကလွဲလို့ တစ်နိုင်ငံလုံးနီးပါးဖြန့်ချီနေပါပြီ...။ အဓိကအားဖြင့် • City Mar
ကျောခိုင်းထားသော ချစ်ခြင်းများ စာအုပ်ဟာ နိုင်ငံရေးဒေသကလွဲလို့ တစ်နိုင်ငံလုံးနီးပါးဖြန့်ချီနေပါပြီ...။ အဓိကအားဖြင့် • City Mart • Marketplace • Ocean • နီးစပ်ရာ စာအုပ်ဆိုင်ကြီးများတွင် အဓိက ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ စာရေးသူလက်မှတ်နဲ့ ဝယ်ယူချင်သူများက ‼️ အောက်က Book For All Page or Phone ကနေတဆင့် အိမ်ရောက်ငွေချေနဲ့ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်။ (စာအုပ်မှာယူတဲ့အခါ လက်မှတ်နဲ့လိုချင်ပါတယ်လို့ ပြောပေးပါ။) • 09266449797, 09266449898 • https://www.facebook.com/share/1EPcmERHwA/ မှတ်ချက်။   ။ အုပ်ရေ ၃၀၀ သာလက်မှတ်ရေးထိုးပေးထားတာမလို့ လက်ဦးဖို့တော့ လိုပါမည်။ #Haruki
659
8
မနက်ဖြန် ည ၆ နာရီအထိသာ... #Haruki
740
9
🎁 ကျွန်တော့်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ စာအုပ်သစ် (၃) အုပ် Giveaway 🎁 စာဖတ်သူလေးတို့ရေ... ကျွန်တော့်ရဲ့ "ကျောခိုင်းထားသော ချစ်
🎁 ကျွန်တော့်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ စာအုပ်သစ် (၃) အုပ် Giveaway 🎁 စာဖတ်သူလေးတို့ရေ... ကျွန်တော့်ရဲ့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ်သစ်လေး ထွက်ရှိခြင်း အထိမ်းအမှတ်အနေနဲ့ စာအုပ် (၃) အုပ်ကို Giveaway ပေးမယ့် အစီအစဉ်လေး စတင်နေပြီနော်။ Spin Wheel လေးနဲ့ မျှမျှတတ ကျပန်းရွေးချယ်ပေးသွားမှာဖြစ်လို့ ဘယ်လိုလေး ပါဝင်ကံစမ်းရမလဲဆိုတဲ့ အသေးစိတ်ကို အောက်က Main Post လင့်ခ်လေးမှာ ဝင်ရောက်ဖတ်ရှုပြီး ပါဝင်နိုင်ပါတယ်။ Giveaway အသေးစိတ် ဖတ်ရန်နဲ့ ပါဝင်ရန် ✅ https://t.me/Life_Explored_New/713 ပါဝင်ကံစမ်းနိုင်မယ့် နောက်ဆုံးရက် ✅ August 9, 2026 အားလုံးပဲ ကံကောင်းကြပါစေခင်ဗျာ... 🙆‍♂️❤️ #Haruki
928
10
စာအုပ်ထွက်ပါပြီဗျို့... 🥳 လောကကြီးမှာ ကျွန်တော်တို့ကို မျက်နှာမူပြီး ပြုံးမပြဘဲ တိတ်တဆိတ် ကျောခိုင်းပြီး ကာကွယ်ပေးနေတတ်တဲ့ ခ
စာအုပ်ထွက်ပါပြီဗျို့... 🥳 လောကကြီးမှာ ကျွန်တော်တို့ကို မျက်နှာမူပြီး ပြုံးမပြဘဲ တိတ်တဆိတ် ကျောခိုင်းပြီး ကာကွယ်ပေးနေတတ်တဲ့ ချစ်ခြင်းမေတ္တာတစ်ခု ရှိပါတယ်။ ဟုတ်ပါတယ်... အဲဒါအဖေ့ရဲ့ မေတ္တာပါ။ ကျွန်တော်တို့ မသိခဲ့တဲ့၊ သတိမထားမိခဲ့တဲ့ ဖခင်မေတ္တာတွေအကြောင်း၊ မိသားစုဘဝရဲ့ ရုန်းကန်မှုတွေအကြောင်းကို ရင်တွင်းဖြစ် ရသစာစုလေးတွေအနေနဲ့ ခံစားဖတ်ရှုချင်တယ်ဆိုရင်တော့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ်လေးက စာဖတ်သူလေးတို့ကို စောင့်ကြိုနေပါတယ်။ စာမြည်း အပြည့်အစုံဖတ်ရန် 👇 https://t.me/black_white_Library/1558/23797 📘 စာအုပ်အမည် - ကျောခိုင်းထားသော ချစ်ခြင်းများ ✍️ ရေးသားသူ - အက္ခရာ (HARUKI) 📖 အမျိုးအစား - ရသစာစု 💰 တန်ဖိုး - ၁၅,၀၀၀ ကျပ် 🛒 မှာယူရန် - ကျွန်တော့်ဆီကနေ တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါပြီ။ Telegram Username 👉 @Akayar_2007 📚 ကျွန်တော်ရေးသားထားတဲ့ တခြားစာအုပ်များ https://t.me/black_white_Library/7206/22481 #Haruki
952
11
မပြီးဆုံးသေးတဲ့ ဇာတ်လမ်းနဲ့ ဇူလိုင် (၁၉) ဇူလိုင်လ (၁၉) ရက်နေ့ ရောက်တိုင်း ဥဩဆွဲသံတွေနဲ့အတူ နိုင်ငံတစ်ဝန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားတတ်တာ ထုံးစံပါပဲ။ ဒီနေ့ဟာ ကျွန်တော်တို့ နှလုံးသားတွေထဲမှာ နှမြောတသဖြစ်ရတဲ့ လွမ်းဆွတ်ဖွယ်ရာ နေ့တစ်နေ့အဖြစ် အမြဲတမ်း ကမ္ပည်းတင်နေဆဲပါ။ ဒါပေမဲ့ ဒီနှစ် ဇူလိုင် ၁၉ ကိုတော့ ရိုးရာအစဉ်အလာ ဝမ်းနည်းခြင်းဆိုတဲ့ ထောင့်တစ်ခုတည်းကနေ ကျွန်တော် မကြည့်ချင်တော့ဘူး။ အတိတ်ကို လွမ်းဆွတ်ရုံသက်သက်ထက် အသက်ရှင်ကျန်ရစ်သူတွေရဲ့ တာဝန်ယူမှုဆိုတဲ့ ရှုထောင့်သစ်ကနေ တွေးကြည့်ချင်ပါတယ်။ အာဇာနည်ဆိုတာ ကိုယ့်အသက်ကို ပေးဆပ်သွားခဲ့တဲ့ သူရဲကောင်းတွေဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ ပေးဆပ်ခဲ့တာဟာ ကျွန်တော်တို့တွေ အမြဲတမ်း မျက်ရည်ကျနေဖို့ မဟုတ်ပါဘူး။ သူတို့ ရေးလက်စ တန်းလန်းနဲ့ ချန်ထားခဲ့ရတဲ့ အနာဂတ်ဆိုတဲ့ စာအုပ်ကြီးကို ကျွန်တော်တို့ ဆက်ရေးဖို့ပါ။ သေနတ်ကျည်ဆန်တွေက သူတို့ရဲ့ ရုပ်ခန္ဓာကိုပဲ ဖျက်ဆီးသွားနိုင်ခဲ့တာပါ။ သူတို့ရဲ့ စိတ်ကူးတွေ၊ တိုင်းပြည်အပေါ်ထားတဲ့ စေတနာတွေကိုတော့ ဘယ်တော့မှ လုပ်ကြံလို့ မရခဲ့ပါဘူး။ အဲဒီ မသေဆုံးနိုင်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်အထည်ဖော်ရမယ့်သူတွေက အခု လက်ရှိ အသက်ရှင်နေတဲ့ ကျွန်တော်တို့ လူငယ်တွေပဲ မဟုတ်လား။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး၊ အမှန်ကန်ဆုံး လုပ်နေတာဟာလည်း အာဇာနည်စိတ်ဓာတ်ပါ။ • စာဖတ်သူလေးက ကျောင်းသားဆိုရင် ပညာကို ကြိုးစားသင်ယူတာ • အနုပညာရှင်ဆိုရင် ကိုယ့်အနုပညာနဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုတာ • ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်တာတွေ အားလုံးဟာ သူတို့ချန်ထားခဲ့တဲ့ အမွေကို ဆက်ခံနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ဥဩသံတွေ ကြားရတဲ့အခါ ဝမ်းနည်းကြေကွဲရုံသက်သက် မဟုတ်ဘဲ သူတို့ ချန်ထားခဲ့တဲ့ တာဝန်တွေကို ငါတို့ ဘယ်လောက်အထိ ထမ်းဆောင်နိုင်ပြီလဲ ဆိုတာကိုပါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ဟာ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို ဖန်တီးရမယ့်သူတွေပါ။ မျက်ရည်တွေအစား ခွန်အားတွေမွေး၊ သက်ပြင်းချသံတွေအစား ခြေလှမ်းသစ်တွေ လှမ်းရင်း ဒီခေတ်ကြီးထဲမှာ ကိုယ်တိုင်က အသက်ရှင်နေတဲ့ သူရဲကောင်းတွေ ဖြစ်အောင် ကြိုးစားကြဖို့ စာဖတ်သူလေးကို တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ ✍🏼 အက္ခရာ #Haruki
1 034
12
No text...
753
13
🎓 GED Exam အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ချင်နေပြီလား 🎓 မင်္ဂလာပါ စာဖတ်သူလေးတို့ရေ... GED ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျွန်တော့်လို ကျောင်းသားတွေအတွက် တကယ်ကို အကျိုးရှိစေမယ့် သတင်းကောင်းလေးတစ်ခု ယူလာပေးပါတယ်ခင်ဗျာ။ Exam အတွက် လိုအပ်တဲ့ Notes တွေ၊ မေးခွန်းပုံစံတူ Practice တွေနဲ့ သေချာလေ့ကျင့်ပေးမယ့် Teacher Mia ရဲ့ GED Preparation Class လေး လာပါပြီ။ 📚 ဘာတွေ သင်ကြားပေးမှာလဲ? ▪️Intensive Class (၁ လ နဲ့ ၃ ပတ်): သင်တန်းပြီးတာနဲ့ စာမေးပွဲကို ယုံကြည်မှုရှိရှိ တန်းဖြေနိုင်အောင် သေချာလေ့ကျင့်ပေးမယ့် အတန်းပါ။ Concept တွေကို သေချာနားလည်အောင် သင်ပေးမှာမို့ အမှတ်ကောင်းကောင်း ရဖို့ကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ ▪️Notes & Practice Group: ကိုယ့်ဘာသာကိုယ် Self-study လုပ်ပြီး Practice တွေပဲ သီးသန့် ပြန်လုပ်ချင်တဲ့သူတွေအတွက်လည်း သီးသန့် Group လေး ရှိပါတယ်ဗျ။ ▪️Pre-GED + GED Class: အခုမှ GED ကို အခြေခံကစပြီး တက်မယ့်သူတွေအတွက်လည်း Foundation ကစပြီး သေချာသွားပေးမယ့် အတန်းလေး ရှိပါသေးတယ်။ 💡 ဒီအတန်းရဲ့ အားသာချက်တွေက ဘာတွေလဲ? စာမေးပွဲမှာ အခက်အခဲမရှိအောင်နဲ့ အတွေ့အကြုံရအောင်လို့ တကယ့် Exam ဖြေတဲ့အခါ ဘယ်လိုလေးတွေ လုပ်ရမလဲဆိုတာကို သေချာ မျှဝေလမ်းညွှန်ပေးသွားမှာပါ။ တချို့ Practice လေးတွေက Exam နဲ့ တိုက်ရိုက်တူတဲ့ ပုစ္ဆာလေးတွေ ဖြစ်နေတာမို့၊ ကံကောင်းရင် ကံကောင်းသလို ကိုယ့်ဆီမှာ လုံးဝအလားတူ မေးခွန်းလေးတွေ ကျလာနိုင်ပါတယ်နော် 😌💕 🎁 Special Discounts & Offers 🔥 Early Bird: ပထမဆုံး လာအပ်တဲ့ ကျောင်းသား (၁၀) ဦးအတွက် 20% OFF 🔥 Haruki's Special: ကျွန်တော့်နာမည် "Haruki" လို့ ပြောပြီး လာအပ်တဲ့သူတိုင်းအတွက် အထူးခံစားခွင့်အနေနဲ့ 10% OFF ရရှိမှာ ဖြစ်ပါတယ်။ 🔥 Referral Bonus: ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ညွှန်းပေးရင် ညွှန်းပေးသူအတွက် Cashback 10,000 MMK ရရှိမှာဖြစ်ပြီး၊ လာအပ်တဲ့ သူငယ်ချင်းအတွက်လည်း 5% OFF ထပ်ရဦးမှာပါ။ အတန်းတွေကို လာမယ့် ဇူလိုင်လ (၁၅) ရက်နေ့မှာ စတင်လက်ခံသွားမှာဖြစ်ပြီး၊ နေရာမပြည့်ခင် အခုကတည်းက ကြိုတင် Register လုပ်ထားလို့ ရနေပါပြီခင်ဗျာ။ စာမေးပွဲအတွက် အချိန်မဖြုန်းဘဲ ထိထိရောက်ရောက် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုပဲ အောက်က အကောင့်ကို ဆက်သွယ်ပြီး စာရင်းသွင်းလိုက်ကြရအောင် 👇 📩 Contact to Register: @your_boaeboae_Mia Wish you luck! 🍀 အားလုံးပဲ အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်နိုင်ကြပါစေခင်ဗျာ။ #Haruki
1 020
14
အတွင်းသရုပ်ဖော်ပုံတွေနဲ့ ​ဝေဝေဆာဆာ စာအုပ်တန်ဖိုးက - ၁၅၀၀၀ ပါတဲ့ 🥲 စတင်ပှံနှိပ်နေပြီမို့ ကဲ"..Coming Soon 🥳 နောက်ဆုံး Quote+4
အတွင်းသရုပ်ဖော်ပုံတွေနဲ့ ​ဝေဝေဆာဆာ စာအုပ်တန်ဖိုးက - ၁၅၀၀၀ ပါတဲ့ 🥲 စတင်ပှံနှိပ်နေပြီမို့ ကဲ"..Coming Soon 🥳 နောက်ဆုံး Quote လေးကအသက် 🍂 #Haruki
926
15
Coming Soon 🫶🏻✨ #Haruki
Coming Soon 🫶🏻✨ #Haruki
1 042
16
GED Real Exam အတွက်ပြင်ဆင်နေရတာမလို့ အရင်လို ပို့စ်တွေအမြဲမတင်နိုင်ရင် ခွင့်လွှတ်ပေးပါလို့ ကြိုတောင်းပန်ထားပါရစေခင်ဗျာ။ 🙇‍♂️✨ #Haruki
1 256
17
ဆူးပုံကြားမှ ပန်းနှင်းဆီ🌹 ဒီနေ့ ဇွန်လ (၁၉) ရက်နေ့ဆိုတာနဲ့ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ အလိုလို ပြေးမြင်မိတာက ရဲရဲတောက် လှပနေတဲ့ "နှင်းဆီနီ" လေးတွေပါ။ လောကမှာ ပန်းတွေ အများကြီးရှိတဲ့အထဲကမှ နှင်းဆီပန်းကို လူတွေ ဘာလို့ ပိုပြီး မြတ်နိုးကြတာလဲ။ နှင်းဆီဆိုတာ အလှတရားသက်သက် မဟုတ်ဘဲ ခံနိုင်ရည်ရှိခြင်း၊ မာကျောခြင်းနဲ့ သစ္စာတရားကို ကိုယ်စားပြုလို့ပဲ ဖြစ်ပါတယ်။ ဆူးတွေ ဝိုင်းရံနေတဲ့ကြားကနေ ရဲရဲဝံ့ဝံ့ ပွင့်လန်းနိုင်တဲ့ နှင်းဆီရဲ့ သတ္တိက တကယ့်ကို လေးစားစရာကောင်းပါတယ်။ ဒီနေ့လို နေ့ရက်လေးမှာတော့ ပန်းပန်ရတာကို သိပ်မြတ်နိုးတဲ့၊ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲက လေးစားချစ်ခင်ရတဲ့ မွေးနေ့ရှင်ကြီးအတွက် ဆုတောင်းမေတ္တာလေးတွေ ပို့သချင်ပါတယ်။ ဘယ်လို အခက်အခဲတွေ၊ ဘယ်လို အကျပ်အတည်းတွေနဲ့ပဲ ရင်ဆိုင်နေရပါစေ... ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်ပါစေ၊ စိတ်ရဲ့ ချမ်းသာခြင်း၊ ကိုယ်ရဲ့ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး အေးချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ လောကကြီးမှာ မေတ္တာတရားလောက် ခွန်အားကြီးတာ မရှိပါဘူး။ လူတစ်ယောက်ကို ချစ်ခင်မြတ်နိုးလို့ အဝေးကနေ ဆုတောင်းပေးတယ်ဆိုတာ အဖြူစင်ဆုံးနဲ့ အလှပဆုံး အရာတစ်ခုပါ။ စာဖတ်သူလေးတို့လည်း ဒီနေ့ မနက်ခင်းမှာ ကိုယ်ချစ်ရတဲ့ သူတွေအတွက် မေတ္တာပို့သရင်း၊ ကိုယ်တိုင်လည်း နှင်းဆီပန်းလေးတွေလို ဆူးတွေကြားကနေ လှလှပပ ရှင်သန်ပွင့်လန်းနိုင်တဲ့ နေ့သစ်လေး ဖြစ်ပါစေ ခင်ဗျာ။ 🤍 ခု Post Comment အောက်မှာ မွေးနေ့ ဆုတောင်းလေးတွေ ရေးပေးလို့ရပါတယ်နော်... #Haruki
1 203
18
No text...
822
19
Private Chat မှာ ဖြစ်သည် ခုထိလေ ဘဝမှာ တကယ့်ကို ရယ်ရခက်၊ ငိုရခက် အလွဲကြီးတစ်ခု ရှိတယ်ဗျာ... သိလား 😆 Private Chat ကနေ လာလာပြီး ရင်ဖွင့်ကြ၊ စကားလာပြောကြတဲ့ စာဖတ်သူလေးတွေ ရှိတယ်လေ။ သူတို့က စကားစပြောကတည်းက "အစ်ကို" ဆိုပြီး ခေါ်တာကိုး။ ကိုယ်ကလည်း အေးဆေးပဲ၊ ကိုယ့်ထက် ငယ်မှာပဲဆိုပြီး "ဟုတ်ကဲ့ ညီလေး... ပြောပါ ညီမ"ပေါ့... အစ်ကိုကြီးဆိုဒ်ဖမ်းကာ လေလုံးက တော်တော်ထွားခဲ့တာ။ သိတယ်ဟုတ်... နောက်မှ စကားစပ်မိလို့ အသက်တွေဘာတွေ မေးကြည့်တော့မှ... တော်တော်များများက ၂၅ နှစ် အထက်တွေချည်းပဲ။ 🥹 တချို့ဆို ၄၀ ကျော် အရွယ်တွေတောင် ပါသေး။ အဲ့ဒါနဲ့ ကိုယ်လည်း နည်းနည်းရှက်သွားတာနဲ့ စမ်းပြီး မေးကြည့်လိုက်တယ်... "ဒါနဲ့များ... ကျွန်တော့်အသက်ကို ဘယ်လောက်လောက် ထင်ထားလို့လဲ" လို့။ သူတို့ ပြန်ဖြေလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော် တစ်ခါတည်း ရှောသွားတော့တာပဲ။ "ရေးတဲ့စာတွေ၊ အကြံပေးတဲ့ ပုံစံတွေ ကြည့်ပြီး... အနည်းဆုံး ၅၀ ကျော်လောက်တော့ ရှိမယ် ထင်တာပဲ" တဲ့။ ၁၈ နှစ်ကျော်အရွယ် လူငယ်လေး ကျွန်တော့်ကိုလေ... ၅၀ ကျော်တဲ့ဗျာ... 😭💔 အဲ့ဒီမှာတင် မှတ်ရောပဲ...။ #Just_For_Funny #Haruki
1 047
20
No text...
699