Burmese Red Devils
Open in Telegram
6 057
Subscribers
-124 hours
-287 days
-8130 days
Posts Archive
6 057
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားဟောင်း အန်တိုနီအီလန်ဂါရဲ့ နယူးကာဆယ်သို့ အပြောင်းအရွှေ့မှ ငွေကြေးအချို့ ရရှိလာမှာ ဖြစ်ပါတယ် ။
အီလန်ဂါဟာ ယခုရက်ပိုင်းအတွင်းတွင် ဖောရက်စ်မှ နယူးကာဆယ်သို့ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့ရေး အပြီးသတ်လာတော့မှာ ဖြစ်ပါတယ် ။
ယူနိုက်တက်ဟာ အီလန်ဂါကို ဖောရက်စ်သို့ ရောင်းချစဉ်တုန်းက ထပ်မံ ရောင်းချလာပါက ရရှိတဲ့အမြတ်ရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိစေမဲ့ အချက်ကို အရောင်းစာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့မှုနှင့်အတူ ပေါင် ၆ သန်းမှ ပေါင် ၇ သန်းအတွင်း ရရှိလာပါမယ် ။
#Elanga
#ManchesterUnited
6 057
+3
ကျောနံပါတ် (၁၀) ဝတ်ဆင်ကာ လေ့ကျင့်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော မာသီးယပ်စ်ကွန်ညာ ၏ ပုံရိပ်များ။
#MatheusCunha
#ManchesterUnited
6 057
"ဘယ်အချိန်ထိ ကြာမလဲတော့မသိပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ချိန်ကလို ဆုဖလားတွေအပြည့်တွေနဲ့ အအောင်မြင်ဆုံးအသင်းပြန်ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ❤️
🎙️ဟွမ်မာတာ
#Mata
#ManchesterUnited
6 057
အသင်းကနေ ထွက်ခွာတော့မည့် ဂါနာချိုဟာ ပြည်ပထက် ပြည်တွင်းပရီးမီးယားလိဂ် ကလပ်တွေကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ပြည်တွင်းမှာ ဂါနာချိုကို စိတ်ဝင်စားနေသည်မှာ ချဲလ်ဆီးဖြစ်ပါတယ်။
သို့ပေမဲ့ ချဲလ်ဆီးဟာ ဝက်စ်ဟမ်းမှ ကူဒက်စ် ကို ခေါ်ယူရေးသာ ဦးစားပေးဖြစ်ပြီး ကူဒက်စ် ကို ခေါ်မရမှသာ ဂါနာချိုကို စဥ်းစားဖွယ်ရှိနေပါတယ်။
#Garnacho
6 057
တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အတွက် ဘာစီလိုနာအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ် ။
မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ကျောနံပါတ်ဖြစ်တဲ့ နံပါတ် (၁၀)ကို ကစားသမားသစ် ကွန်ညာကို ပေးအပ်ခဲ့အပြီးမှာ ရက်ဖို့ဒ်ကလည်း အသင်းက ထွက်ဖို့ သေချာသလောက်ရှိနေတာပါ ။
ရက်ဖို့ဒ်ဟာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် သူ့ရဲ့လုပ်ခလစာကို လျှော့ပြီးယူရမယ်ဆိုလည်း လျှော့ချပေးဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#marcusrashford
#FCBarcelona
6 057
🔴 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆:
ဂျူဗင်တပ်စ်အသင်းဟာ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ရေးအတွက် ယူနိုက်တက်နှင့် ကစားသမားဘက်ကိုပါ ချဉ်းကပ်မှု ပြုလုပ်လာပါတယ် ။
Fabrizio Romano
6 057
OFFICIAL:
ပါရာဂွေး လူငယ် ဘယ်နောက်ခံကစားသမား Diego Leon သည် မန်ယူနိုက်တက် အသင်းနှင့်ငါးနှစ်စာ စာချုပ်ချုပ်ဆိုကာ တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
[ManUnitedOfficial]
#SIKI
6 057
ကစားသမား ၅ ဦးကို လေ့ကျင့်ခန်းမဆင်းဖို့ သတိပေးထားတဲ့ မန်ယူနိုက်တက်
#ManchesterUnited
6 057
အမ်ဗျူမိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိတော့မယ့် မန်ယူနိုက်တက်
#Mbeumo
#ManchesterUnited
6 057
ရက်ဖိုဒ့်ကို စိတ်ဝင်စားတဲ့ အသင်းထဲမှာ ပါဝင်လာတဲ့ ဘိုင်ယန်မြူးနစ်
#MarcusRashford
#BayernMunich
6 057
အမ်ဗျူမိုရဲ့ အပြောင်းအရွေ့ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတဲ့ မန်ယူနိုက်တက်
#ManchesterUnited
#Mbeumo
6 057
ဆန်ချိုအပြောင်းရွှေအတွက်ဆွေးနွေးသွားမယ့် မန်ယူနိုက်တက် နဲ့ ဂျူဗင်တပ်
#Sancho
#ManchesterUnited
#Juventus
6 057
စီးရီးအေကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ယူနိုက်တက်ဟာ တိုက်စစ်မှူး ဂျိုရှူအာ ဇာ့ခ်ဇီး ကို ရောင်းချဖို့ အစီစဥ်မရှိဘဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပါတယ်။
[Corriere Dello Sport]
6 057
နယူးကာဆယ်ဟာ မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အား ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ် ။
လက်ရှိအချိန်မှာတော့ မားကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့လိုနေပြီး စပိန်မှာ အပန်းဖြေရင်း လေ့ကျင့်ခန်းဆင်းနေပါတယ်။
ဒါပေမဲ့ ဘာစီလိုနာမှာ ဘဏ္ဍာရေးပြဿနာကြုံတွေ့နေရမှုနှင့်အတူ မားကပ်စ်ရက်ဖို့ဒ်ကို ခေါ်ယူရေး ကမ်းလှမ်းလာနိုင်ခြင်း မရှိသေးပါဘူး ။ ယခုအခါ နယူးကာဆယ်ဟာ ရက်ဖို့ဒ်အား အငှားဖြင့် ခေါ်ယူရေး ကမ်းလှမ်းရန် စီစဉ်နေပြီ ဖြစ်ပါတယ် ။
#MarcusRashford
#NewCastle
6 057
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅
မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၅) ပွဲ အတွင်းမှာပဲ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ထိပ်တိုက် ရင်ဆိုင်သွားရမှာပါ ။
ပွဲစဉ်(၁) - အာဆင်နယ် (အိမ်ကွင်း)
ပွဲစဉ်(၄) - မန်စီးတီး (အဝေး)
ပွဲစဉ်(၅) - ချဲလ်ဆီး (အိမ်ကွင်း)
မန်ယူနိုက်တက် နည်းပြဘဝ ပထမဆုံးရာသီအစကို အကောင်းဆုံးစတင်ဖို့ ရည်ရွယ်ထားတဲ့ ရူဘင်အမော်ရင်အတွက်တော့ ရာသီအစမှာပဲ စာမေးပွဲစစ်ခြင်း ခံရတော့မှာပါ ။
#ManchesterUnited
6 057
မန်ယူနိုက်တက် အသင်းဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်စ်ကို ခေါ်ယူလိုပေမဲ့ ကစားသမားဖြစ်သူက အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ဖရန့်ဖတ် တိုက်စစ်မှူး အက်ကီတီကီကို ပြောင်းလဲ ကြိုးပမ်းလာပါတယ် ။
အသက် ၂၂ နှစ်ရှိ ပြင်သစ် ယူ ၂၁ တိုက်စစ်မှူးဟာ မနှစ်ရာသီက ဖရန့်ဖတ်အတွက် ၄၅ ပွဲမှာ ၂၂ ဂိုး သွင်းခဲ့ပြီး အသင်းရဲ့ ဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့တာပါ ။
အက်ကီတီကီကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတွေကလည်း စိတ်ဝင်စားနေတာကြောင့် မန်ယူအသင်းဘက်က လက်ဦးမှုရယူနိုင်မှသာ ခေါ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
[Transfer]
6 057
"2028 မှာ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့အတွက် ရည်မှန်းလို့ရလားဆိုတော့ ရပါတယ်။ နွေဈေးကွက် ၂ ခု ၃ ခုလောက်ကို ဖြတ်ကျော်ပြီးတာနဲ့ ဖလားကိုလုဖို့ အသင်းကောင်းတစ်သင်း တည်ဆောက်လို့ရပါပြီ" 👀🔴
🗣️အိုမာဘရာဒါ (ယူနိုက်တက် ဒါရိုက်တာ)
6 057
"2028 မှာ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့အတွက် ရည်မှန်းလို့ရလားဆိုတော့ ရပါတယ်။ နွေဈေးကွက် ၂ ခု ၃ ခုလောက်ကို ဖြတ်ကျော်ပြီးတာနဲ့ ဖလားကိုလုဖို့ အသင်းကောင်းတစ်သင်း တည်ဆောက်လို့ရပါပြီ" 👀🔴
🗣️အိုမာဘရာဒါ (ယူနိုက်တက် ဒါရိုက်တာ)
6 057
စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူး ဟွိုက်လန်းအား ခေါ်ယူနိုင်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ။
စီးရီရအေကလပ်ဟာ ဟွိုက်လန်းအား အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ အငှားစာချုပ်တစ်ရပ်နဲ့သာ ခေါ်ယူလိုပြီး မန်ယူနိုက်တက်ဘက် ကတော့ အပြီးသတ် ရောင်းချရန်အတွက်သာ ဆုံးဖြတ်ထားပါတယ်။။
ယူနိုက်တက်ဟာ ဟွိုက်လန်း အတွက် ပြောင်းရွေ့ကြေး ယူရို ၄၅ သန်းဝန်းကျင် သတ်မှတ်ထားကြောင်း သိရပါတယ် ။
#ManchesterUnited
#Hojlund
#InterMilan
6 057
စပါး ရဲ့ ဆွေးနွေးစိတ်ဝင်စားမှုတွေရှိနေပေမယ့် အမ်ဘွေမူဟာ လက်ရှိချိန်ထိ မန်ချက်စတာယူနိုက်တက်ကိုသာ ရွှေ့ပြောင်းချင်နေပြီး ယူနိုက်တက်ရဲ့ကမ်းလှမ်းလာမှုကိုစောင့်မျှော်နေပါတယ် 🔴🚨
[SkySports]
Available now! Telegram Research 2025 — the year's key insights 
