ar
Feedback
Burmese Red Devils

Burmese Red Devils

الذهاب إلى القناة على Telegram

မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴

إظهار المزيد
6 057
المشتركون
-124 ساعات
-287 أيام
-8130 أيام
أرشيف المشاركات
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားဟောင်း အန်တိုနီအီလန်ဂါရဲ့ နယူးကာဆယ်သို့ အပြောင်းအရွှေ့မှ ငွေကြေးအချို့ ရရှိလာမှာ ဖြစ်
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားဟောင်း အန်တိုနီအီလန်ဂါရဲ့ နယူးကာဆယ်သို့ အပြောင်းအရွှေ့မှ ငွေကြေးအချို့ ရရှိလာမှာ ဖြစ်ပါတယ် ။ အီလန်ဂါဟာ ယခုရက်ပိုင်းအတွင်းတွင် ဖောရက်စ်မှ နယူးကာဆယ်သို့ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့ရေး အပြီးသတ်လာတော့မှာ ဖြစ်ပါတယ် ။ ယူနိုက်တက်ဟာ အီလန်ဂါကို ဖောရက်စ်သို့ ရောင်းချစဉ်တုန်းက ထပ်မံ ရောင်းချလာပါက ရရှိတဲ့အမြတ်ရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိစေမဲ့ အချက်ကို အရောင်းစာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့မှုနှင့်အတူ ပေါင် ၆ သန်းမှ ပေါင် ၇ သန်းအတွင်း ရရှိလာပါမယ် ။ #Elanga #ManchesterUnited

ကျောနံပါတ် (၁၀) ဝတ်ဆင်ကာ လေ့ကျင့်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော မာသီးယပ်စ်ကွန်ညာ ၏ ပုံရိပ်များ။ #MatheusCunha #ManchesterU
+3
ကျောနံပါတ် (၁၀) ဝတ်ဆင်ကာ လေ့ကျင့်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော မာသီးယပ်စ်ကွန်ညာ ၏ ပုံရိပ်များ။ #MatheusCunha #ManchesterUnited

"ဘယ်အချိန်ထိ ကြာမလဲတော့မသိပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ချိန်ကလို ဆုဖလားတွေအပြည့်တွေနဲ့ အအောင်မြင်ဆုံးအသင်းပြန်ဖြစ်လာ
"ဘယ်အချိန်ထိ ကြာမလဲတော့မသိပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ချိန်ကလို ဆုဖလားတွေအပြည့်တွေနဲ့ အအောင်မြင်ဆုံးအသင်းပြန်ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ❤️ 🎙️ဟွမ်မာတာ #Mata #ManchesterUnited

အသင်းကနေ ထွက်ခွာတော့မည့် ဂါနာချိုဟာ ပြည်ပထက် ပြည်တွင်းပရီးမီးယားလိဂ် ကလပ်တွေကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ပြည်
အသင်းကနေ ထွက်ခွာတော့မည့် ဂါနာချိုဟာ ပြည်ပထက် ပြည်တွင်းပရီးမီးယားလိဂ် ကလပ်တွေကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ပြည်တွင်းမှာ ဂါနာချိုကို စိတ်ဝင်စားနေသည်မှာ ချဲလ်ဆီးဖြစ်ပါတယ်။ သို့ပေမဲ့ ချဲလ်ဆီးဟာ ဝက်စ်ဟမ်းမှ ကူဒက်စ် ကို ခေါ်ယူရေးသာ ဦးစားပေးဖြစ်ပြီး ကူဒက်စ် ကို ခေါ်မရမှသာ ဂါနာချိုကို စဥ်းစားဖွယ်ရှိနေပါတယ်။ #Garnacho

တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အတွက် ဘာစီလိုနာအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ် ။ မန်ချက်စတာ ယ
တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အတွက် ဘာစီလိုနာအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ် ။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ကျောနံပါတ်ဖြစ်တဲ့ နံပါတ် (၁၀)ကို ကစားသမားသစ် ကွန်ညာကို ပေးအပ်ခဲ့အပြီးမှာ ရက်ဖို့ဒ်ကလည်း အသင်းက ထွက်ဖို့ သေချာသလောက်ရှိနေတာပါ ။ ရက်ဖို့ဒ်ဟာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် သူ့ရဲ့လုပ်ခလစာကို လျှော့ပြီးယူရမယ်ဆိုလည်း လျှော့ချပေးဖို့ ရှိနေတယ်လို့ သိရပါတယ် ။ #marcusrashford #FCBarcelona

🔴 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆: ဂျူဗင်တပ်စ်အသင်းဟာ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ရေးအတွက် ယူနိုက်တက်နှင့် ကစားသမားဘက်ကိုပါ
🔴 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆: ဂျူဗင်တပ်စ်အသင်းဟာ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ရေးအတွက် ယူနိုက်တက်နှင့် ကစားသမားဘက်ကိုပါ ချဉ်းကပ်မှု ပြုလုပ်လာပါတယ် ။ Fabrizio Romano

OFFICIAL: ပါရာဂွေး လူငယ် ဘယ်နောက်ခံကစားသမား Diego Leon သည် မန်ယူနိုက်တက် အသင်းနှင့်ငါးနှစ်စာ စာချုပ်ချုပ်ဆိုကာ တရားဝင် ရောက်ရ
OFFICIAL: ပါရာဂွေး လူငယ် ဘယ်နောက်ခံကစားသမား Diego Leon သည် မန်ယူနိုက်တက် အသင်းနှင့်ငါးနှစ်စာ စာချုပ်ချုပ်ဆိုကာ တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ [ManUnitedOfficial] #SIKI

ကစားသမား ၅ ဦးကို လေ့ကျင့်ခန်းမဆင်းဖို့ သတိပေးထားတဲ့ မန်ယူနိုက်တက် #ManchesterUnited

အမ်ဗျူမိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိတော့မယ့် မန်ယူနိုက်တက် #Mbeumo #ManchesterUnited

ရက်ဖိုဒ့်ကို စိတ်ဝင်စားတဲ့ အသင်းထဲမှာ ပါဝင်လာတဲ့ ဘိုင်ယန်မြူးနစ် #MarcusRashford #BayernMunich

အမ်ဗျူမိုရဲ့ အပြောင်းအရွေ့ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတဲ့ မန်ယူနိုက်တက် #ManchesterUnited #Mbeumo

ဆန်ချိုအပြောင်းရွှေအတွက်ဆွေးနွေးသွားမယ့် မန်ယူနိုက်တက် နဲ့ ဂျူဗင်တပ် #Sancho #ManchesterUnited #Juventus

စီးရီးအေကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ယူနိုက်တက်ဟာ တိုက်စစ်မှူး ဂျိုရှူအာ ဇာ့ခ်ဇီး ကို ရောင်းချဖို့ အစီစဥ်မရှိဘဲ အသ
စီးရီးအေကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ယူနိုက်တက်ဟာ တိုက်စစ်မှူး ဂျိုရှူအာ ဇာ့ခ်ဇီး ကို ရောင်းချဖို့ အစီစဥ်မရှိဘဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပါတယ်။ [Corriere Dello Sport]

နယူးကာဆယ်ဟာ မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အား ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း
နယူးကာဆယ်ဟာ မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အား ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ် ။ လက်ရှိအချိန်မှာတော့ မားကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့လိုနေပြီး စပိန်မှာ အပန်းဖြေရင်း လေ့ကျင့်ခန်းဆင်းနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာမှာ ဘဏ္ဍာရေးပြဿနာကြုံတွေ့နေရမှုနှင့်အတူ မားကပ်စ်ရက်ဖို့ဒ်ကို ခေါ်ယူရေး ကမ်းလှမ်းလာနိုင်ခြင်း မရှိသေးပါဘူး ။ ယခုအခါ နယူးကာဆယ်ဟာ ရက်ဖို့ဒ်အား အငှားဖြင့် ခေါ်ယူရေး ကမ်းလှမ်းရန် စီစဉ်နေပြီ ဖြစ်ပါတယ် ။ #MarcusRashford #NewCastle

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၅) ပွဲ အတွင်းမှာပဲ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီးတိ
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၅) ပွဲ အတွင်းမှာပဲ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ထိပ်တိုက် ရင်ဆိုင်သွားရမှာပါ ။ ပွဲစဉ်(၁) - အာဆင်နယ် (အိမ်ကွင်း) ပွဲစဉ်(၄) - မန်စီးတီး (အဝေး) ပွဲစဉ်(၅) - ချဲလ်ဆီး (အိမ်ကွင်း) မန်ယူနိုက်တက် နည်းပြဘဝ ပထမဆုံးရာသီအစကို အကောင်းဆုံးစတင်ဖို့ ရည်ရွယ်ထားတဲ့ ရူဘင်အမော်ရင်အတွက်တော့ ရာသီအစမှာပဲ စာမေးပွဲစစ်ခြင်း ခံရတော့မှာပါ ။ #ManchesterUnited

မန်ယူနိုက်တက် အသင်းဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်စ်ကို ခေါ်ယူလိုပေမဲ့ ကစားသမားဖြစ်သူက အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒ
မန်ယူနိုက်တက် အသင်းဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်စ်ကို ခေါ်ယူလိုပေမဲ့ ကစားသမားဖြစ်သူက အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ဖရန့်ဖတ် တိုက်စစ်မှူး အက်ကီတီကီကို ပြောင်းလဲ ကြိုးပမ်းလာပါတယ် ။ အသက် ၂၂ နှစ်ရှိ ပြင်သစ် ယူ ၂၁ တိုက်စစ်မှူးဟာ မနှစ်ရာသီက ဖရန့်ဖတ်အတွက် ၄၅ ပွဲမှာ ၂၂ ဂိုး သွင်းခဲ့ပြီး အသင်းရဲ့ ဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့တာပါ ။ အက်ကီတီကီကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတွေကလည်း စိတ်ဝင်စားနေတာကြောင့် မန်ယူအသင်းဘက်က လက်ဦးမှုရယူနိုင်မှသာ ခေါ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ [Transfer]

"2028 မှာ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့အတွက် ရည်မှန်းလို့ရလားဆိုတော့ ရပါတယ်။ နွေဈေးကွက် ၂ ခု ၃ ခုလောက်
"2028 မှာ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့အတွက် ရည်မှန်းလို့ရလားဆိုတော့ ရပါတယ်။ နွေဈေးကွက် ၂ ခု ၃ ခုလောက်ကို ဖြတ်ကျော်ပြီးတာနဲ့ ဖလားကိုလုဖို့ အသင်းကောင်းတစ်သင်း တည်ဆောက်လို့ရပါပြီ" 👀🔴 🗣️အိုမာဘရာဒါ (ယူနိုက်တက် ဒါရိုက်တာ)

"2028 မှာ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့အတွက် ရည်မှန်းလို့ရလားဆိုတော့ ရပါတယ်။ နွေဈေးကွက် ၂ ခု ၃ ခုလောက်ကို ဖြတ်ကျော်ပြီးတာနဲ့ ဖလားကိုလုဖို့ အသင်းကောင်းတစ်သင်း တည်ဆောက်လို့ရပါပြီ" 👀🔴 🗣️အိုမာဘရာဒါ (ယူနိုက်တက် ဒါရိုက်တာ)

စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူး ဟွိုက်လန်းအား ခေါ်ယူနိုင်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်နေပြီ ဖြစ်ပါ
စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူး ဟွိုက်လန်းအား ခေါ်ယူနိုင်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ။ စီးရီရအေကလပ်ဟာ ဟွိုက်လန်းအား အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ အငှားစာချုပ်တစ်ရပ်နဲ့သာ ခေါ်ယူလိုပြီး မန်ယူနိုက်တက်ဘက် ကတော့ အပြီးသတ် ရောင်းချရန်အတွက်သာ ဆုံးဖြတ်ထားပါတယ်။။ ယူနိုက်တက်ဟာ ဟွိုက်လန်း အတွက် ပြောင်းရွေ့ကြေး ယူရို ၄၅ သန်းဝန်းကျင် သတ်မှတ်ထားကြောင်း သိရပါတယ် ။ #ManchesterUnited #Hojlund #InterMilan

စပါး ရဲ့ ဆွေးနွေးစိတ်ဝင်စားမှုတွေရှိနေပေမယ့် အမ်ဘွေမူဟာ လက်ရှိချိန်ထိ မန်ချက်စတာယူနိုက်တက်ကိုသာ ရွှေ့ပြောင်းချင်နေပြီး ယူနိုက
စပါး ရဲ့ ဆွေးနွေးစိတ်ဝင်စားမှုတွေရှိနေပေမယ့် အမ်ဘွေမူဟာ လက်ရှိချိန်ထိ မန်ချက်စတာယူနိုက်တက်ကိုသာ ရွှေ့ပြောင်းချင်နေပြီး ယူနိုက်တက်ရဲ့ကမ်းလှမ်းလာမှုကိုစောင့်မျှော်နေပါတယ် 🔴🚨 [SkySports]