Htila AES-2 စစ်သတင်းများ
Open in Telegram
6 059
Subscribers
-624 hours
-397 days
-11330 days
Posts Archive
+9
အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
၂၀-၁၁-၂၀၂၆
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုမိုင်းရယ်တပ်နယ်နယ်မြေခံတပ်ရင်း၌ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ကိုသွင်နှင့်တာဝန်ရှိသူများ၊အရာရှိ၊စစ်သည်မိသားစုများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ေဒသခံတိုင်းရင်းသားပြည်သူများ၊ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပြီး ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ၊အတီးအမှုတ်အကအခုန်များဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။
တိုက်ပွဲသတင်းစုံ
20 Nov, 09:32
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် အာဏာလွှမ်းမိုးမှု ရှိနေသေးကြောင်း သက်သေပြ ခဲ့သည်။ ယင်းသို့သော မြေပြင်အခြေအနေများ တင်ပြခဲ့လင့်ကစားတရားရုံး၏ ဆုံးဖြတ်ချက်သည် ယင်းအချက်များကို ထင်ဟပ်ခြင်းမရှိသည်မှာ ဝမ်းနည်းဖွယ် ဖြစ်သည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်း စာနာထောက်ထားမှုနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာကျင့်သုံး ဆောင်ရွက်မှုများ၊ တည်ဆဲနှစ်နိုင်ငံသဘောတူစာချုပ်များ၊ ဆောင်ရွက်ဆဲအပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ရောက်ရှိနေသော နေရပ်စွန့်ခွာသူများကို စိစစ်လက်ခံရေးနှင့် ဘေးကင်းလုံခြုံပြီး ၎င်းတို့၏ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး လုပ်ငန်းစဉ်တို့ကိုလည်း အခြေအနေပေးသည်နှင့်အမျှ မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက်စေပဲဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
ရခိုင်အရေးကိစ္စသည် ရှုပ်ထွေးသော သမိုင်းနောက်ခံအခြေအနေ၊ လူမျိုးရေးနှင့် ဘာသာရေး အခြေခံများရှိနေပြီး အထူးသဖြင့် ဤကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်သာ ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလျက် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှု များကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သင့်ပြီး အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောဖြင့် ပူးပေါင်းပါဝင်သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီရင်ချက်ကိုအချိန်ယူ၍ အလေးထား လေ့လာသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
20 Nov, 09:29
အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) က ၁၉-၁၁-၂၀၂၆ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်
ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံသည် လူမျိုးသုဉ်းစေမှုကိုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်(Genocide Convention)ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု စွပ်စွဲတင် သွင်းလာသည့် အမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် တွင် စီရင်ချက်ချမှတ်ခဲ့သည်။
ယင်းသို့သော စွပ်စွဲချက်များသည် ကြီးလေးသောစွပ်စွဲမှုဖြစ်သဖြင့် မြန်မာနိုင်ငံအစိုးရက အထူး အလေးထား၍ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ တရားရုံးတွင် အမှုစတင်တင်သွင်းသည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ (၇) နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရင်ဆိုင်မှုတွင် ရိုးဖြောင့်စွာ ဖြင့် ပါဝင်ခဲ့ပြီး၊ တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်ချက်အစီရင်ခံစာတင်သွင်းရန် အမိန့်နှင့်အညီ အစီရင်ခံစာ(၁၃)စောင် တင်သွင်းခဲ့သည်။
အမှု၏အဓိကအချက်ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲ၊ အများစုမဲအသာဖြင့်ဆုံးဖြတ်ခဲ့သည့် တရားရုံး၏စီရင်ချက်အပေါ် မြန်မာနိုင်ငံ အနေဖြင့်များစွာစိတ်ပျက်အားလျော့မိသည်။ တရားရုံးဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရား သူကြီးများပါဝင်သည့် တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦး၏ သဘောထားကွဲလွဲမှု အမြင်အရ တရားရုံးသည် ရေရှည်ကြာမြင့်စွာ ကျင့်သုံး လာခဲ့သည့် အစဉ်အလာစီရင်ထုံးဖြစ်သော လူမျိုးသုဉ်းစေမှုကျူးလွန်သည်ဟု ဆုံးဖြတ်ရာတွင်ထားရှိ ရမြဲသက်သေအဆင့်အတန်းများမှသွေဖည် ခဲ့သည်။ တရားသူကြီးအများအပြားကလည်းတရားရုံးသို့ တင်ပြသည့် သက်သေအထောက်အထားများ ၏ ခိုင်မာမှု၊ ယင်းသက်သေခံများအား လက်ခံခဲ့မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြ သည်။
စာမျက်နှာ စုစုပေါင်း (၁၈၆) မျက်နှာရှည်လျားသော တရားရုံး၏ဆုံးဖြတ်ချက်သည် ရှုပ်ထွေး လှသည်။ ထို့အပြင် စာမျက်နှာ စုစုပေါင်း (၂၆၉) မျက်နှာအထိရှိသည့် တရားသူကြီးများ၏ စီရင်ချက် အပေါ်သီးခြားအမြင်များ၊ သဘောထားကွဲလွဲသည့်အမြင်များမှာလည်း(၁၇)ခုအထိရှိခဲ့ရာ တရားသူကြီး များအကြား သဘောထားအမြင်ကွဲပြားမှုများကို ထင်ဟပ်နေသည်။
Genocide Convention ပါ တာဝန်ဝတ္တရားများကိုချိုးဖောက်သည်ဟု စွပ်စွဲထားခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်သည်။ တရားရုံးအမိန့်ကို သဘောထားအမြင်ကွဲလွဲမှုများ (Dissenting Opinion)ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်၍တစ်ညီတစ်ညွတ်တည်းအတည်ပြုဆောင်ရွက်ခဲ့ခြင်း(Unanimous) မဟုတ်ကြောင်းတွေ့ရှိရပါသည်။ တရားသူကြီးများ၏တူညီသောသဘောဆန္ဒများနှင့် အပြည်ပြည်ဆိုင် ရာဥပဒေအရ သက်သေပြရန်စံနှုန်းများ (Standard of Proof) ဖြစ်သော သံသယကင်းလွတ်သည် အထိသက်သေပြရန်(Beyond reasonable doubt) တာဝန်များသည် ယခုကဲ့သို့လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ကိုဆုံးဖြတ်ရာတွင် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့် အချက် များဖြစ်ပါသည်။ ရုံးတော်သို့ တင်ပြထားသည့် FFM နှင့် NGOs တို့သည် တရားရုံးတင်စစ်ဆေးမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ သက်သေပြရန်စံနှုန်းအမြင့်မားဆုံးကိစ္စများတွင် အသုံးပြုရန်သင့်လျော်သည့် အထောက်အထားများပြုစုရန်အတွက် ကျွမ်းကျင်မှု၊ အရင်းအမြစ်များနှင့်လုပ်ပိုင်ခွင့် သတ်မှတ်ပေး ထားမှုမရှိပါ။ FFM နှင့် NGOs အစီရင်ခံစာများသည် တရားရုံးတွေ့မြင်နိုင်ခြင်းမရှိသည့် အခြား အချက်များကို တစ်ဆင့်ကြား ဖော်ပြရေးသားထားရုံမျှသာဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ဂမ်ဘီယာနိုင်ငံ၏စွပ်စွဲချက်များနှင့် ကိုးကားထားသော အစီရင်ခံ စာများမှာ ပကတိအခြေအနေနှင့် ကင်းကွာနေပြီး မှားယွင်းစွာ စွပ်စွဲထားကြောင်း၊ ၂၀၁၆-၂၀၁၈ ခုနှစ် က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ပြုလုပ်ခဲ့သော အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှုများသည် လူမျိုး သုဉ်းစေရန်ရည်ရွယ်ချက် (Genocidal Intent) ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ကျယ်ပြန့်သောအကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ရိုက်တုံ့ပြန်သည့် ရက်ပိုင်းမျှ သာကြာမြင့်ပြီး ကန့်သတ်ထိန်းချုပ်၍ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများသာဖြစ်ကြောင်း၊ ARSA ၏ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု၊ ဖျက်ဆီးမှု၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုများကြောင့် မြို့၊ ရွာများ ပျက်စီး ခဲ့ရပြီး ဒေသခံနေထိုင်သူများနှင့် ဘင်္ဂါလီများနေရပ်စွန့်ခွာထွက်ပြေးခဲ့ရခြင်း ဖြစ်ကြောင်းတို့ကို ဥပဒေ ကြောင်းအရ ခိုင်မာသည့်အချက်အလက်များ၊ သက်သေအထောက်အထားမှတ်တမ်းများကို တိကျ သေချာစွာပြုစုပြီး စာဖြင့်ရေးသား၍လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း လျှောက်လဲတင်ပြခဲ့သည်။
ARSA ၏ နယ်စပ်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရန်နှင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့တွင် မတည်ငြိမ်မှုများ ဖြစ်ပွားစေရန်၊ ဖန်တီးရန်ကြံစည် ဆောင်ရွက်မှု များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တုံ့ပြန်မှုကိုရရှိပြီး နိုင်ငံတကာ အသိုက်အဝန်း ၏ စိတ်ဝင်စားမှုရယူရန် ကြိုးပမ်းမှုများဖြစ်ကြောင်းကိုလည်း တင်ပြခဲ့သည်။ လက်ရှိအချိန် ထိလည်း ARSA သည်
20 Nov, 09:29
၂၀၂၆ခုနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလ အထိကို မူးယစ်ဆေးဝါးအမှုပေါင်း ၅၁၂၆ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီးနောက် တရားခံကတော့ ၇၄၅၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ယနေ့ နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
#People@peoplemedianews
20 Nov, 09:29
ယနေ့ ပုဏ္ဏားကျွန်း
AA ဘိန်းစားတွေရဲ့ ဒရုန်းကို Counter ပြန်ဗြုန်းတာ
မှိုင်းဝေ
20 Nov, 09:29
အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ
🇲🇲ကျွန်းလှ ~ ၂၀-၁၁-၂၀၂၆
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်လျှက်ရှိသော အောင်ပွဲရရှေ့တန်းပြန်တပ်မတော်စစ်ကြောင်းအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက နမခတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုနယ်မြေ ကျွန်းလှမြို့ ၌ကျင်းပပြုလုပ်ရာ ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်ဒေသ ပြည်သူ့စစ်ဦးဆောင်နာယကဆရာတော် ဦးဝါသဝ(၅၅၀ဆရာတော်)နှင့် တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကအောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ကျွန်းလှမီးအိမ်ရှင်
တိုက်ပွဲသတင်းစုံ
20 Nov, 09:29
ICJ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တုံပြန်ပုံခြင်း မတူကြဘူး၊ ...ခံယူချက်ခြင်းကွာတယ်ဆိုတာက ...မုန်းစွဲ အာဃတ စိတ်နဲ့ ကြည့်လို့ပါ။ လက်ရှိ ဆုံးဖြတ်ချက်က ၁၃ ချက် ရှိတဲ့အထဲမှာတောင် ကန့်ကွက်မဲတွေက ဖြစ်စဉ်တိုင်းမှာ တွေ့ရတယ်။ ဆိုတော့ သိပ်ရုပ်အဆိုးကြီးတော့ ဖြစ်မနေပါဘူး။ သို့သော် နဂိုကတည်းက ဒီလူမျိုးစုတွေကို နိုင်ငံရေးအရ ဖိအားပေးပြီး နေရာတစ်နေရာ ရစေဖို့ ရည်ရွယ်တယ်ဆိုမှတော့ ....ဒီလို ဆုံးဖြတ်ချက် ချက်တာ မထူးဆန်းပေါ့ဘူး။
လက်ရှိ ဆုံးဖြတ်ချက်အရဆိုရင် ကနဦး အပြစ်ရှိကြောင်း ဆုံးဖြတ်တယ်။ လူ တစ်သောင်းလောက် သေခဲ့တယ်လို့ အကြောင်းပြထားတယ်။ အစ္စရေးက တိုက်နေတဲ့ ဂါဇာ စစ်ပွဲတွေ၊ ယူကရိန်း-ရုရှား စစ်ပွဲတွေက ရယ်နေပါဦးမယ်။ ပြီးတော့ ရခိုင်မှာ ဒီလို ဖြစ်စဉ် ထပ်မဖြစ်အောင် အကာအကွယ်ပေးရမယ်။ လိုအပ်တဲ့ ဥပဒေ ပြဋ္ဌာန်း ပေးရမယ်။ လျော်ကြေးပေးရမယ်။ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ သူတွေကို ပြန်ခေါ်ရမယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ထားတဲ့ အစီအမံကို ၂ နှစ်အတွင်း တင်ပြရမယ်။ ဒါက လက်ရှိ ICJ က ဆုံးဖြတ်ထားတဲ့ အချက်အလက်တွေ။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အယူခံခွင့် မရှိတာဖြစ်လို့ ဒါက နောက်ဆုံး အတည်ပဲ။ ဒီတော့ မြန်မာဘက်က လိုက်နာမလား၊ မလိုက်နာဘူးလားဆိုတဲ့ မေးခွန်း ရှိလာခဲ့ပြီ။ လောလောဆယ် အိုးက မပူ၊ စလောင်းက ပူတဲ့ ဗြိတိန်က အရေးပေါ်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ လေသံ စပစ်တာ တွေ့ရတယ်။ မြန်မာက သတ်မှတ်ထားတဲ့ Instructions တွေကို မလိုက်နာရင်....ပုဒ်မ ၉၄ အရ လုံခြုံရေးကောင်စီ တက်တိုင်ပေါ့။ အရင်ဒီလို ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်နဲ့ ရုရှားတို့ကတော့ ဗီတိုအာဏာ သုံးပြီး ပယ်ချလိုက်တာပဲ။ ဒီနေရာမှာ Might is Right က အဓိကပဲ။
အမေရိကန်က ဗင်နီဇွဲလား ဝင်တိုက်ပြီး သမ္မတကိုဖမ်းတယ်။ လက်ရှိ အစ္စရေးနဲ့ ပေါင်းပြီး အီရန်ကို တိုက်တယ်။ ရှေ့မှာ အီရတ်တို့၊ အာဖကန်တို့ စသဖြင့် အမေရိကန် ဝင်ပါထားတဲ့ ကျုးကျော်စစ်တွေ မနည်းလှဘူး။ ယူကရိန်းစစ်ကြောင့် ICC က သမ္မတ ပူတင်ကို ဖမ်းဝရမ်း ထုတ်ထားတယ်။ အမေရိကန်ဆိုရင်လည်း နီကာရာဂွာ ဖြစ်စဉ်တွေမှာ Genocide ဆိုပြီး သတ်မှတ်ခဲ့ကြတာပဲ။ ဒါပေမယ့် ဘာမှ ဖြစ်မလာဘူး။
တချို့ ဆရာကြီးများကတော့ မြန်မာက ICJ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ....နိုင်ငံရေး ဖိအားများမယ်၊ ပိတ်ဆို့မှု ကြုံလာရနိုင်တယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်နိုင်တယ်၊ အမေရိကန်နဲ့ ရုရှာတို့လို မြန်မာက နှိုင်းယှဥ်စရာ အခြေအနေရှိရဲ့လား ၊ အနည်းဆုံးတော့ နိုင်ငံတကာ တရားရုံး ဖြစ်လို့ ဒါက အကောင်အထည် ဖော်ပေးဖို့ တာဝန်ရှိတယ် စသဖြင့် ဒီလို ရေးကြမှာပဲ။
ICJ ရဲ့ ဆုံးဖြတ်ချက်ကို စပြီးလိုက်နာ အသိအမှတ်ပြုလိုက်ပြီ ဆိုကတည်းက ဒီလူမျိုးစုက မြန်မာနိုင်ငံက ဆိုတဲ့ ပုံရိပ်မျိုး ကမ္ဘာက ဖန်တီး သွားတော့မယ့် အချက်ကို သတိပြုဖို့ လိုတာပါ။ ARSA ကြောင့် နယ်မြေရှင်းရတယ်ဆိုတဲ့ မူလ အကြောင်းတရားပျောက်ပြီး ရခိုင်နယ်မြေပေါ်က မွတ်စလင်လူနည်းစု အသိုင်းအဝိုင်းကို လူမျိုး သုဉ်း သတ်တယ်ဆိုတဲ့ အခင်းအကျင်းကို ပုံဖော်ကြ တော့မယ်။ ဒီလို ပုံဖော်နိုင်စေဖို့အတွက်လည်း ခုလို ဇာတ်လမ်း ဇာတ်ကွက် ဆင်ထားတာ တွေ့နိုင်တာပဲ။
ဒီတော့ အစိုးရအနေနဲ့ ဖြစ်ရပ်စတင် ဖြစ်ခဲ့ရတဲ့ အခြေအနေကို သမိုင်းဆိုင်ရာ အထောက်အထားတွေ အပါအဝင် ၂၀၁၇ ဖြစ်ရပ်အသေးစိတ်၊ ဘင်္ဂလီလူမျိုးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံအစိုးရရဲ့ ရပ်တည်ချက် ၊ သဘောထား၊ ဘင်္ဂဒေ့ရ်ရောက်နေတဲ့သူတွေနဲ့ပတ်သက်ရင် ဆောင်ရွက်မယ့် အစီအမံ....ဒါတွေအသေးစိတ် ပါဝင်တဲ့ ကြေညာချက် ထုတ်ပြန်ဖို့ လိုပါလိမ့်မယ်။ တစ်ဖက်မှာလည်း လုံခြုံရေး ကောင်စီမှာ မိတ်ဖက်တွေရဲ့ ခွန်အားကို အသုံးချနိုင်ရင်တော့...ICJ ရဲ့ ဆုံးဖြတ်ချက်က စာရွက်ပေါ်မှာပဲ ရှိနေမှာပါ။ နောက် ဘင်တွေကို ပြန်လက်ခံဖို့ဆိုတာ လက်ရှိ ရခိုင်ပြည်နယ် စစ်ပွဲတောင် ဘာမှန်းမသိသေးတဲ့ အနေအထား။
တကယ်တော့ ဘင်္ဂလီ ပြဿနာက ရှေးအစဉ်အဆက် သမိုင်းကြောင်းအရ ဖြစ်တည်နေခဲ့ကြတဲ့ ပြဿနာ ဆိုတာလည်း သိတယ်။ မြန်မာဘက်က ရိုဟင်ဂျာ ဆိုရင် လက်မခံတာလည်း သိတယ်။ ၂၀၁၇ မှာ ARSA တိုက်ခိုက်မှုကြောင့်ဆိုတာလည်း သိတယ်။ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ကို အစိုးရက ၇၀ ရာခိုင်နှုန်လောက် လက်လွှတ်နေရချိန်ဆိုတာလည်း သိတယ်။ ဒီအကြောင်းတရားတွေ သိသိရက်နဲ့ ဒီလို ဆုံးဖြတ်ချက် ချရတယ်ဆိုတာ နိုင်ငံရေးအရ ဘေးကျပ်နံကျပ် ဖြစ် အောင် လုပ်ထားချင်ရုံထက် မပိုပါဘူး။
(နရီမိုး)
20 Nov, 06:21
၂၀-၁၁-၂၀၂၆
"ICJ မှာမြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချခဲ့တာနှင့်ပတ်သက်ပြီး တရားသူကြီး ၁၅ ဦးက အားလုံးသဘောတူခဲ့တာမဟုတ်ဘဲ ၉ ဦးကသာ ဒီဆုံးဖြတ်ချက်ကို သဘောတူခဲ့တာဖြစ်ပါတယ်။
ဒါသည် အားလုံးက တစ်ညီတစ်ညာတည်း ဆုံးဖြတ်ချက်ချခဲ့တာ မဟုတ်ပါဘူး။ Fair လည်းမဖြစ်တဲ့အကြောင်း"
ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့မှာပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။#SM
Truth Waves(SMT)
👇🏼👇🏼👇🏼
Tiktok / Telegram
20 Nov, 06:17
"The Truth Called the State"
20-11-2026
The unfair ICJ ruling is now over. Whether we follow its penalties or not is up to us—it is not really a problem.
While an ICJ ruling is called "law," in reality, it is more like an international code of conduct rather than binding law. You can choose to follow it, or you can ignore it. Even if they report non-compliance to the UN Security Council, we have nothing to worry about because four out of the five veto-wielding nations are on our side.
Aside from Britain—who acts like a sea pirate—China, Russia, the United States, and France will stand up to protect us. Why can we be so certain about these four? China and Russia are our longtime allies, so there is no need to even explain them.
As for the United States, it has already declared both the ICC and ICJ illegitimate. Out of frustration with the ICJ over the case against Israel, the US even cut its annual funding of $605 million.
France is also on board—one of the six judges who voted against the ruling is French. Plus, with illegal immigrants causing so much trouble inside France right now, they have been fed up with these groups for a long time.
So, this whole ICJ issue will simply end with a vote at the UN Security Council.
The only thing that will remain is the dark stain of the "genocide" label. While no one can use this label to wage war against us, it will bring diplomatic pressure and hurt foreign direct investment (FDI). Worse still, Myanmar citizens working abroad could face serious difficulties and crises because of this brand.
The worst-case scenario is for Myanmar workers in Islamic countries—they won't just risk losing their jobs, they could also face direct threats to their lives and personal safety.
Because the ICJ sued the "State" rather than an individual, the fallout will affect the entire nation, both inside and outside the country.
The frustrating part is certain people—especially blind political fanatics and traitors to the nation.
Let me explain something to those claiming that a lawsuit against the State has nothing to do with them.
Under international law, there is a clear standard for what defines a "State." According to the 1933 Montevideo Convention on the Rights and Duties of States—signed on December 26, 1933, at the Seventh International Conference of American States in Uruguay—a State must possess four elements:
A permanent population (the People)
A defined territory (the Land)
A government (effective control over the land and people)
Sovereignty (independent authority)
From that day until now, the UN and global institutions have accepted and used these four criteria to settle any international dispute.
Therefore, harming any one of these four elements is an attack and an insult against the State itself. Ignorant people who don't even know what a State is need to understand this.
Since this ICJ case targets and penalizes the State, it is a direct slap in the face and a challenge to our people, our government, our sovereignty, and our territory all at once.
Decent people raised with proper values understand this and feel the pain of this insult. Those without a shred of humanity don't even know they should feel hurt—they need to ask themselves if they are even human.
Napoleon once said, "He who saves his country violates no law." Similarly, the Italian writer Machiavelli wrote in The Prince that whatever a ruler does for the good of the nation is justified.
No matter the era, no matter where we are in the world, and no matter who we clash with, we must remember one thing: the State is the ultimate truth.
When it comes to the ICJ, everyone who stands with the State is a lover of truth, and everyone who stands against the State will go down in history as a traitor.
မင်းသုန္ဒရ(Truth Waves)
20 Nov, 06:17
+7
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် ၁၉ ဦး အလင်းဝင်ရောက်
November 20th
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နိုဝင်ဘာ ၂၀ ရက်၌ PDF အဖွဲ့ဝင် လူငယ် ၁၉ ဦး (ကျား ၁၈ ဦး၊ မ ၁ ဦး) သည် လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ မောင်းပြန်သေနတ် ၁ လက်၊ ပစ္စတို ၂ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၂ ခုနှင့် ကျည်မျိုးစုံ ၂၁ တောင့်တို့ကိုလည်း ယူဆောင်လာခဲ့ကြသည်။
အလင်းဝင်ရောက်လာသူများအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
#SittNaing
20 Nov, 06:16
+8
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
တိုက်ပွဲသတင်းစုံ
19 Nov, 22:19
+9
မွန်–ပဲခူးနယ်စပ်ရှိ အကြမ်းဖက်စခန်း ၂၈ ခုအား တပ်မတော်က ချေမှုန်းသိမ်းပိုက်
နိုဝင်ဘာ ၃ ရက်မှ ၁၉ ရက်အတွင်း ကျိုက်ထိုနဲ့ ရွှေကျင်မြို့နယ်တို့မှာ တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် KNU၊ KNLA၊ CRPH၊ NUG နဲ့ PDF ပူးပေါင်းအဖွဲ့ရဲ့ စခန်း ၂၈ ခု၊ အလောင်း ၇ လောင်း၊ လက်နက် ၁၃၄ လက်၊ ကျည် ၁၃,၇၁၉ တောင့်နဲ့ မိုင်း၊ ဗုံးသီးအများအပြား သိမ်းဆည်းရမိ။
တိုက်ပွဲသတင်းစုံ
19 Nov, 22:19
ကယားပြည်နယ် ဆောင်ဒူကျေးရွာ ချပ်ကျောင်းထဲမှ ဗမာ PDF ကဗျာဆရာ မင်းဘုန်းနိုင် အား ဒလန်ခေါင်စဉ်တပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရ
ကယားပြည်နယ် ဆောင်ဒူကျေးရွာ ချပ်ကျောင်းထဲမှာ အကြမ်းဖက် ပဒေါင် pdf kndf တွေက လက်နက်/ခဲယမ်း/ ရိက္ခာအသုံးအဆောင်နဲ့ ဆေးဝါးတွေ စုပုံသိုလှောင်ထားတဲ့အကြောင်း သတင်းပေါက်ကြားမူ့ ဖြစ်စဉ်အပြီး အနောက်ပဒေါင် မှာ ဗမာ PDF ကဗျာဆရာ မင်းဘုန်းနိုင်(ခ) pLug X အား သတင်းပေးဒလန်ဆိုပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အခုဆိုရင် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် အတွင်းမှာရှိတဲ့ အကြမ်းဖက် ခေါင်းဆောင်ပိုင်းတွေနဲ့ တပ်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတာတွေကြောင့် ဗမာ PDF တွေက သတင်းပေးနေတယ်ဆိုပြီး သံသယတွေနဲ့ သတ်ဖြတ်ခံနေကြရပြီဖြစ်ပါတယ်။
ဗမာ PDF တွေအနေနဲ့ ဒုတိယ ပါချောင် မဖြစ်စေဖို့ ရေရှည်စဉ်းစား ဆုံးဖြတ်ပြီး အမြင်မှန်ရကာ တပ်မတော်ထံအမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
တိုက်ပွဲသတင်းစုံ
19 Nov, 22:19
+4
ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက် တပ်မတော်ချစ်မြတ်နိုးသူများက ကောက်ညှင်းပဲပေါင်း၊အုန်း၊နှမ်းထောင်း ဂုဏ်ပြု။
တိုက်ပွဲသတင်းစုံ
19 Nov, 22:19
ဘုန်းနဲ့ကံနဲ့ရွှေသဇင်ဆိုတာအာ့တာကိုပြောတာ ကိုယ့်ဘက်ကဘာမှတုန့်ပြန်နေစရာတောင်မလိုဘူး😁
19 Nov, 22:18
ပုဏ္ဏားကျွန်းဒေသရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (19-11-26)
တိုက်ပွဲသတင်းစုံ
19 Nov, 22:18
ငပြီကျွန်းရှိ အကြမ်းဖက် AA ဆေးကြောင်သူပုန်များအား ရှာဖွေချေမှုန်းခြင်း (19-11-26)
တိုက်ပွဲသတင်းစုံ
19 Nov, 22:18
