Htila AES-2 စစ်သတင်းများ
Відкрити в Telegram
6 070
Підписники
-324 години
-487 днів
-9030 днів
Архів дописів
Repost from Sniper Su
တပ်မတော်သားတွေ ဆိုရတဲ့ သစ္စာဓိဌာန် ၄ ချက် ရှိပါတယ်။
ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။
ဒီသစ္စာတရားက ရှေ့တန်းမှာပဲတိုက်တိုက် နောက်တန်းမှာပဲနေနေ စောင့်သိရိုသေရပါမယ်။ တပ်မတော်ကိုဝန်းရံသူတွေလည်း ဒီသစ္စာအဓိဌာန် ၄ ချက်က အကျုံးဝင်တယ်ဆိုတာ မမေ့ပါနဲ့။ တပ်မတော်ကို လိုသုံးအချိုးမျိုးနဲ့ ဝန်းရံသူတွေက တနေ့မှာသစ္စာစူးပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းက ယနေ့အထိတည်တံ့စေဖို့ စေးကပ်ထားရတဲ့အရာတွေက တန်ဖိုးကြီးတဲ့ ကော်တွေမဟုတ်ဘူးနော်။ တပ်မတော်သားတွေရဲ့ သွေးတွေနဲ့ စေးကပ်ထားရတယ်ဆိုတဲ့ အမှန်တရားကို မမေ့သွားကြဖို့လိုပါတယ်။
#SniperSu
17 лист, 00:43
Repost from Truth Waves
KNU နဲ့ PDF ကြားမှာ သွေးချောင်းစီးမယ့် အကွဲအပြဲတွေ ဖြစ်လာတော့မလား
17-11-2026
လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှာ ရန်သူကို မယုံတာထက် ကိုယ့်ဘက်ကလူကို မယုံတော့တာက ပိုပြီးအန္တရာယ်ကြီးပါတယ်။ အခု KNU နဲ့ PDF တွေကြားမှာလည်း အဲဒီလို အခြေအနေမျိုး ဖြစ်လာနေပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။ အရင်က စစ်ရေးအရ လက်တွဲခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အခုတော့ တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာကြပြီး ကိုယ့်ဘက်ကလူကိုယ် ပြန်စောင့်ကြည့်နေရတဲ့ အခြေအနေမျိုး ဖြစ်လာနေပါတယ်။
KNU ရဲ့ စခန်းတွေဟာ နေ့စဉ်ရက်ဆက် တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်စစ်ကြောင်းတွေရဲ့ ထိုးစစ်တွေကို ခံနေရတယ်။ စခန်းတစ်ခုကျပြီး နောက်ထပ်စခန်းတွေ ထပ်ပြီးဖိအားပေးခံနေရတဲ့ အခြေအနေမျိုးကြောင့် KNU အနေနဲ့ အဖွဲ့တွင်းမှာ သတင်းပေးသူတွေ ရှိနေသလားဆိုတဲ့ သံသယကလည်း ပိုပြီးကြီးထွားလာပါတယ်။ စစ်ရေးအရ တိုက်ခိုက်ခံရတာတစ်ခုတည်း မဟုတ်တော့ဘဲ ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ဘယ်သူ့ကို ယုံရမလဲဆိုတဲ့ ပြဿနာပါ ထပ်တိုးလာတာပါပဲ။
MAO(Truth Waves)
👇🏼👇🏼👇🏼
Tiktok / Youtube / Telegram
17 лист, 00:43
Repost from Truth Waves
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလာ အူပလော့တွတ်(Pana Claew-plodtook)တို့ အမြင်ချင်းဖလှယ်တွေ့ဆုံဆွေးနွေးချက်
၁၇-၁၁-၂၀၂၆
“နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊
နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊
မြန်မာနိုင်ငံအစိုးရအနေဖြင့်မူးယစ်ဆေးဝါး၊ တရားမဝင်နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက် ရောက် တားဆီးကာကွယ်နှိမ်နင်းလျက်ရှိမှုကိစ္စရပ်များ၊
အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့တစ်ချို့၏ အကာအကွယ်ဖြင့် နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလိမ်လည်လောင်း ကစား မှုလုပ်ငန်းများကျူးလွန်ရာ၌ လိုအပ်သည့် ရိက္ခာ၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းကာကွယ်တားဆီးပေးရန်”
လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မလေးရှားနိုင်ငံမှာ ကျင်ပပြုလုပ်မည့် (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting 27th ACAMM)အား တက်ရောက်ရန် သွားရောက်သည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ၊ မလက္ကာမြို့၊ Double Tree Hotel၌ ၂၀၂၆ နိုဝင်ဘာ ၁၆ ရက်နေ့က ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင်အဆိုပါဟိုတယ် Strait-1 ခန်းမ၌ ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလာ အူပလော့တွတ်(Pana Claew-plodtook)နှင့်တွေ့ဆုံရာတွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
Truth Waves
👇🏼👇🏼👇🏼
Tiktok / Youtube / Telegram
17 лист, 00:43
Repost from ပုလဲကျွန်းဌာနေ
တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်းကြောင်းများတစ်လျှောက် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့ယာယီအခြေပြုခိုလှုံရာ နေရာများအား ရှင်းလင်းတိုက်ခိုက်
17 лист, 00:43
Repost from ပုလဲကျွန်းဌာနေ
ချင်းပြည်မှ AA အလိုမရှိ ကန့်ကွက်သံများဘာကြောင့်ထွက်ပေါ်လာရသလဲ
MAO Link
Telegram
17 лист, 00:43
Repost from Truth Waves
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting 27th ACAMM) တက်ရောက်ရန် မလေးရှားနိုင်ငံသို့ရောက်ရှိ
17 лист, 00:43
Repost from N/a
KNU အဖွဲ့အစည်းအတွင်းက PDF တွေ သတင်းပေးနေတယ်ဆိုတဲ့ သတင်းတွေထွက် နေမှုကြောင့် KNU နဲ့ PDF တွေကြား သွေးချောင်းစီးမယ့် အကွဲအပြဲတွေ ဖြစ်လာနိုင်
KNU ရဲ့ စခန်းတွေကတော့ နေ့စဉ်ရက်ဆက်ကို တပ်မတော်က လေကြောင်းကနေ တစ်မျိုး၊ မြေပြင်စစ်ကြောင်းတွေကနေတစ်မျိုး တိုက်ခိုက်ချေမှုန်းသိမ်းပိုက်တာခံနေရတယ်။ ကြည့်ရတာ KNU အဖွဲ့ထဲကနေ သတင်းအတိအကျပေးပြီး တပ်မတော်ကြီးကို ကူညီပေးနေတဲ့သူတွေရှိနေပြီ ထင်တယ်။
ခုတလော KNU အဖွဲ့ကကောင်တွေကလည်း PDF တွေကို ထိုးကျွေးနေတာဆိုတော့ PDF တွေကပဲ သတင်းပေးတာဖြစ်နိုင်တယ်။ အွန်လိုင်းမှာ တက်လာတဲ့ သတင်းတွေအရတော့ KNU တပ်မဟာ (၅) ကနေ PDF တွေ ထွက်ပြေးနေပြီလို့ သိရတယ်။ ပြီးတော့ အတွင်းသတင်းတွေအရ KNU ခေါင်းဆောင်ပိုင်းကလည်း ခဏခဏ ဗုံးကြဲခံနေရတော့ PDF တွေကို မယုံတော့ဘူး သံသယတွေလည်း ကြီးမားလာတယ်လို့ သိရတယ်။
ကြာလာရင်တော့ KNU ရဲ့ စခန်းတွေ လေကြောင်းကနေ ဗုံးကြဲခံနေရတာနဲ့အမျှ KNU ကကောင်တွေ နဲ့ PDF တွေကြား သွေးချောင်းစီးမယ့် အကွဲအပြဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ် ရတယ်။
ဖိုးစလုံး
17 лист, 00:43
Repost from SITT NAING (PSY)
+2
သရက်ချောင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် KNU/PDF အုပ်စုကို တပ်မတော်ရှင်းလင်း
November 16th
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် KNU/PDF အုပ်စုကို တပ်မတော်စစ်ကြောင်းက ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ချေမှုန်းတိုက်ခိုက် ရှင်းလင်းလိုက်ကြောင်း စစ်ရေးသတင်းရင်းထံမှ သိရသည်။
အဆိုပါ KNU/PDF အကြမ်းဖက်အုပ်စုသည် သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာနှင့် ချောင်းဝပြင် ရွာအနီးဝန်ကျင်တို့တွင် အခြေပြုကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများက ချေမှုန်းတိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းဖြစ်စဥ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်အုပ်စုတို့အကြား အပြန်အလှန်ထိတွေ့မှုဖြစ်ပွားကာ တပ်မတော်မှ အထိအခိုက်မရှိခဲ့ဘဲ ရန်သူ့အလောင်းအချို့အပြင် လက်နက်ငယ် ၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
#SN
17 лист, 00:43
Repost from FACT CHECK
+9
တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော်- ကျောက်တန်း- စပ္ပါယ်နံသာလမ်းကြောင်းများတစ်လျှောက် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့ ယာယီအခြေပြုခိုလှုံရာနေရာများအား ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်...
Congratulations ပါ မြန်မာ့တပ်မတော်သားများ
17 лист, 00:43
Repost from မြန်မာ့ဂုဏ် သတင်းမီဒီယာ
+3
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးတက်ရောက်ရန် မလေးရှားနိုင်ငံသို့ ရောက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၁၆
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting – 27th ACAMM) တက်ရောက်ရန် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
#Myanmagon
17 лист, 00:43
Repost from Naung Taw Lay
+2
သရက်ချောင်းမြို့နယ်အတွင်း KNU/PDF အကြမ်းဖက်အဖွဲ့များကို ရှာဖွေနှိမ်နင်း
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၊ ပြင်းဖြူကြီးရွာနှင့် ချောင်းဝပြင်ရွာအနီးဝန်ကျင်တွင် ခိုအောင်းလှုပ်ရှားနေသည့် KNU / PDF အကြမ်းဖက်အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ချေမှုန်းတိုက်ခိုက်ရှင်းလင်းခဲ့ရာ ရန်သူ့အလောင်းများ၊ လက်နက်ငယ် ၁ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်း KNU/PDF အကြမ်းဖက်အဖွဲ့များကို တပ်မတော်က ရှင်းလင်းနေမှုနှင့် ပတ်သက်၍ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများက စစ်တပ်က ပြည်သူ ၂၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာများကိုလည်း လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်။
သရက်ချောင်းမြို့နယ်အတွင်း KNU/PDF အကြမ်းဖက်အဖွဲ့များ ကာလရှည်ကြာ အခြေပြုလှုပ်ရှားပြီး ဒေသခံပြည်သူများကို နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာရိုင်းစိုင်းခဲ့ကြပြီး စာသင်ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းပြန်မဖွင့်နိုင်အောင် နှောက်ယှက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။ ယခုအခါမှသာ သရက်ချောင်းမြို့နယ်အတွင်း အခြေပြုလှုပ်ရှားသည့် KNU/PDF အဖွဲ့များကို ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်သည်။
#News #Myanmar
17 лист, 00:43
Repost from Truth Waves
KNU အဖွဲ့အစည်းအတွင်းက PDF တွေ သတင်းပေးမှု ပိုပြီးထင်ပေါ်လာနေပြီ
၁၆-၁၁-၂၀၂၆
အခုရက်ပိုင်းအတွင်း KNU တပ်မဟာအဖွဲ့တွေ ဗုံးစာ ခဏခဏ မိနေလို့ အဖွဲ့အစည်းအတွင်း သံသယစိတ်တွေ ကြီးထွားနေကြတယ်လို့ ကြားသိရတယ်။ အဆိုးဆုံးက ဖာပွန်၊ကတိုင်ထိ နယ်မြေမှာ အစုလိုက်အပြုံလိုက် ဗုံးစာမိခဲ့တဲ့ ဖြစ်စဉ်အကြောင်းအရာပါပဲ။
KNU အဖွဲ့အစည်းအတွင်းက အမည်မဖော်လိုသူ တစ်ဦးပြောဆိုထားတာတော့
“နိုင်ငံရေး ဖြစ်စဉ်ကြောင့် ရောက်လာကြတဲ့ PDF တွေ သတင်းလုံခြုံမှု စည်းဖောက်နေတာ ကြာပြီလို့ မြင်မိတယ်။ သူတို့ရဲ့ခံယူချက်တွေက ကောက်ရိုးမီးတွေလို့ပဲ ။ သူတို့ကို ယုံကြည်စိတ်ချလို့မရတော့ဘူး။ ရေရှည်မှာ သူတို့ကြောင့် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်။ မတတ်နိုင်ဘူး သူတို့ရဲ့ ဖုန်းတွေကို သိမ်းမှရတော့မယ်။ အရင်အဖြစ်အပျက်တွေက သင်ခန်းစာတွေပဲလေ။ ဒီလိုမှ မဟုတ်ရင် ငါ့တို့တည်နေရာကို တပ်ကနောက်ယောင်ခံနေအုံးမှာပဲ။ လေကြောင်းတိုက်ခိုက်ခံရတာက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဖြစ်နေပြီ။ PDF တွေ ဖုန်းသုံးရင် နုတ်ပိတ်သင့်ရင်လည်း ပိတ်ရတော့မှာပဲ။”လို့ ပြောထားပါတယ်။
KNU အဖွဲ့အစည်းအတွင်းမှာလည်း နွေဦးသူတောင်းစားPDFတွေရှိနေသရွေ့တော့ KNUတပ်မဟာအဖွဲ့တွေ အမြဲမပြတ်ဗုံးစာမိနေကြအုံးမှာပဲလို့ မြင်မိပါတယ်။
ဒါကြောင့် KNU အဖွဲ့တွေ ဘာဆက်လုပ်မှာလဲ၊ ဒီလိုဗုံးစာမိပြီး ထိခိုက်မှုများနေတာ ဘယ်သူတွေရဲ့ပရောဂလဲ ဆိုတာ သုံးသပ်လိုက်ရင် ပိုပြီးထင်ပေါ်ပါလိမ့်မယ်။
Truth Waves
👇👇👇
TikTok/ https://vt.tiktok.com/ZSps6K9PS/
Telegram/ https://t.me/truthwaves4arm/30347
17 лист, 00:43
Repost from Truth Waves
+9
တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်းကြောင်းများတစ်လျှောက် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့ယာယီအခြေပြုခိုလှုံရာ နေရာများအား ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်။
16 лист, 10:23
Repost from Truth Waves
+3
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting 27th ACAMM) တက်ရောက်ရန် မလေးရှားနိုင်ငံသိုရောက်ရှိသည်။
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၆
16 лист, 10:23
Repost from Truth Waves
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတော့မယ့်KNU
16-11-2026
KNU က လေသံပြောင်းသွားပြီ၊
အမြီးတနှံ့နှံ့နဲ့ ငြိမ်းချမ်းရေး
စားပွဲဝိုင်းပေါ်တက်ချင်တဲ့ လေသံ
ပေးလာတယ်။
ဒီလေသံ ကို ပြန်သုံးသပ်ရရင်
တစ်နေ့ က ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးနေပြည်တော်လာတာနဲ့
ဆက်စပ်နေလိမ့်မယ်။
ထိုင်းက ငြိမ်းချမ်းရေး ပွဲစား
လုပ်တယ် ဆိုတာမျိုးထက်
KNU က ကရင်ပြည်နယ်ထဲ
မှာ စစ်ရေး အရေး မလှလို့
ထိုင်းကို ပွဲစားလုပ်ခိုင်းတယ်
ဆိုရင် ပိုမှန်လိမ့်မယ်။
KNU အနေနဲ့ ငြိမ်းချမ်းရေး
တကယ်လိုလားတယ်ဆိုရင်
ရိုးသားဖို့ လိုလိမ့်မယ်။
NCA ထိုးထားပါရက်နဲ့ သစ္စာ
ဖောက်ပြီး တပ်ကို တော်လှန်
ပုန်ကန်တယ်။PDF လူငယ်တွေ
အသုံးချပြီး တပ်စခန်းတွေနဲ့
မြို့ ရွာတွေ ကို တိုက်ခိုင်းတယ်။
ရသလောက်တော့ ရထားပြီးပြီ
ဆိုပေမယ့် အခုချိန်မှာ တပ်မတော်
ရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရေရှည်
ထိန်းထားနိုင်ဖို့ ဆိုတာ က မဖြစ်
နိုင်မှန်းသိလာတယ်။
အထူးသဖြင့် KNU ရဲ့ အသုံးချခံ
PDF တွေ မရှိတော့လို့ အင်အား
ချိနဲ့လာတာ၊ ကရင်လူထု က
လက်မခံလို့ ရပ်တည်ဖို့ ခက်ခဲ
လာတာ၊ ကျားဖြန့်ခိုးလုပ်နေလို့
အမေရိကန်ရော ပြည်ပ နိုင်ငံ
တွေက ပါ လက်မခံလို့ ပုံရိပ်
ကျဆင်းလာတာတွေ က
KNU ရပ်တည်ဖို့ ခက်ခဲလာတဲ့
လက်တလော ကြုံနေရတဲ့
ပကတိ အခြေအနေမှန်တွေပဲ။
ဒီလို အခြေအနေမျိုးမှာ အဖက်
ဖက်ကနေ စိတ်ဓာတ်ကျဆင်း
လာနေတဲ့ KNU ဟာ ရေရှည်
ခုခံဖို့ မဖြစ်နိုင်တော့ သလို
ပွင့်လင်းရာသီအတွင်းမှာပဲ
နိဂုံးချုပ်သွားနိုင်ပါတယ်။
ဒါကြောင့် စစ်ရေး အရေးနိမ့်လာ
တဲ့ KNU ဟာ ဆိတ်ခေါင်းချိတ်ပြီး
ခွေးသားရောင်း မယ့် ငြိမ်းချမ်းရေး
ကမ်းလှမ်းမှုမျိုး လုပ်လာပြီ မို့
တော်တော်လေး သတိထားဖို့
လိုလိမ့်မယ်။
မင်းသုန္ဒရ(Truth Waves)
Truth Waves
Tiktok /https://vt.tiktok.com/ZSpsd5Fsu/
Telegram-https://t.me/truthwaves4arm/30315
16 лист, 10:23
Repost from Myanmar Hard Talk
+2
သရက်ချောင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် KNU/PDF အုပ်စုကို တပ်မတော်ရှင်းလင်း
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟏𝟔》
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် KNU/PDF အုပ်စုကို တပ်မတော်စစ်ကြောင်းက ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ချေမှုန်းတိုက်ခိုက် ရှင်းလင်းလိုက်ကြောင်း စစ်ရေးသတင်းရင်းထံမှ သိရသည်။
အဆိုပါ KNU/PDF အကြမ်းဖက်အုပ်စုသည် သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာနှင့် ချောင်းဝပြင် ရွာအနီးဝန်ကျင်တို့တွင် အခြေပြုကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများက ချေမှုန်းတိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းဖြစ်စဥ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်အုပ်စုတို့အကြား အပြန်အလှန်ထိတွေ့မှုဖြစ်ပွားကာ တပ်မတော်မှ အထိအခိုက်မရှိခဲ့ဘဲ ရန်သူ့အလောင်းအချို့အပြင် လက်နက်ငယ် ၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
16 лист, 10:23
