en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

🇲🇲 Truth Zone Online 🇲🇲

🇲🇲 Truth Zone Online 🇲🇲

Open in Telegram

"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"

Show more

📈 Analytical overview of Telegram channel 🇲🇲 Truth Zone Online 🇲🇲

Channel 🇲🇲 Truth Zone Online 🇲🇲 (@truthzoneonline) in the Burmese language segment is an active participant. Currently, the community unites 14 826 subscribers, ranking 5 765 in the Religion & Spirituality category and 8 681 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 14 826 subscribers.

According to the latest data from 21 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -205 over the last 30 days and by -6 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.79%. Within the first 24 hours after publication, content typically collects 5.65% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 008 views. Within the first day, a publication typically gains 838 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 37.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"”

Thanks to the high frequency of updates (latest data received on 22 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Religion & Spirituality category.

14 826
Subscribers
-624 hours
-597 days
-20530 days
Posts Archive
နိုင်ငံတော်သမ္မတနှင့် ဇနီး ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်
+6
နိုင်ငံတော်သမ္မတနှင့် ဇနီး ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ရေပန်းရင်ပြင်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့ တက်ရောက်ခဲ့ကြသည်။ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုနှစ်ပွဲတော်ကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
22 Nov, 11:07
22 Nov, ~11:07

Truth Zon Online Media ရဲ့ သတင်းများကို နေ့စဥ်စောင့်ကြည့်နေသော မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းဘေလ်များ ခဲခြစ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင်...... ။ ကြုံကြိုက်သလို လှူဒါန်းပေးသွားမှာဖြစ်လို့ Join ထားပြီး သတင်းများ ဝင်ရောက်ဖတ်ရှုရင်း ဖုန်းဘေလ်များ ရရှိနိုင်ကြပါစေရှင်....🙏 https://t.me/TruthZoneOnline
22 Nov, 11:06

၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းဓာတ်အားလိုင်း ပြန်လည်ပြုပြင်ပြီးစီး၍ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ် ပိုမိုဖြန့်ဖြူးပ
+3
၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းဓာတ်အားလိုင်း ပြန်လည်ပြုပြင်ပြီးစီး၍ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ် ပိုမိုဖြန့်ဖြူးပေးနိုင် ============================ နေပြည်တော် နိုဝင်ဘာ ၂၁ ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းသည် မြန်မာပြည်အထက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားသုံးစွဲနေသော ပြည်သူများထံသို့ ဓာတ်အားပို့လွှတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ရာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ၁၂ ကြိမ်တိုင်တိုင် အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် နေရာများစွာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဖျက်ဆီးခံရသည့်တာဝါတိုင်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို လုံခြုံရေးရယူ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဦးဆောင်ကာ ၂၀၂၆ ခုနှစ် မတ်လမှစတင်၍ ပြင်ဆင်ခဲ့ပြီး ပြင်ဆင်နေသည့် ကာလများတွင်လည်း အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ အကြမ်းဖက်သမားများ၏ နှောင့်ယှက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့်တိုင် ဝန်ထမ်းများ၏ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးကာ ယင်းနေ့မှစ၍ ဓာတ်အားစမ်းသပ်ပို့လွှတ်နိုင်ခဲ့ရာ ယခုအချိန်တွင် ဓာတ်အားပုံမှန် ပို့လွှတ်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းသို့ဓာတ်အားပြန်လည်ပို့လွှတ်နိုင်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားသုံးစွဲနေသော ပြည်သူများထံသို့ ၂၀၀ မဂ္ဂါဝပ် ပိုမိုပို့လွှတ်နိုင်သည့်အပြင် ယခင်က ဓာတ်အားလိုင်းတစ်ခုတည်းဖြင့် ပေးပို့ရမှုကြောင့် ဖြစ်ပေါ်နေသည့် ဓာတ်အားလိုင်းစနစ် မတည်ငြိမ်မှုများ လျော့နည်းသွားပြီး ဓာတ်အားလိုင်းစနစ် ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
22 Nov, 09:52

အနာဂတ်မျိုးဆက်သစ်များကို ပုံဖော်ပေးမည့် ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန် ဒုတိယ၀န်ကြီး ဦး၀င်းမောင်သိန
အနာဂတ်မျိုးဆက်သစ်များကို ပုံဖော်ပေးမည့် ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန် ဒုတိယ၀န်ကြီး ဦး၀င်းမောင်သိန်း မှာကြား ‌နိုဝင်ဘာ ၂၁ ဆရာအတတ်ပညာကဏ္ဍတွင် အနာဂတ်မျိုးဆက်သစ်များကို ပုံဖော်ပေးမည့် ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး၀င်းမောင်သိန်းက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ စီမံ၊ ဘဏ္ဍာအရာထမ်းများနှင့် တွေ့ဆုံမှာကြားသည်။ တွေ့ဆုံပွဲအပြီးတွင် တက္ကသိုလ်များ (လှိုင်နယ်မြေ) ရှိ စာသင်ဆောင်များ၊ စာသင်ခန်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ ကျောင်းဖွင့်အမီ ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ်များ (လှိုင်နယ်မြေ) ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၊ အပန်းဖြေရိပ်သာ (Recreation Centre)၊ ကျောင်းသား‌ ကျောင်းသူ အိပ်ဆောင်များ၊ မိုးလုံလေလုံအားကစားရုံ၊ လေးခန်းတွဲလေးထပ် အရာထမ်းအိမ်ရာတည်ဆောက်နေမှု၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ယမန်နေ့ ညနေပိုင်းကလည်း ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ၂ဝ၂၆ ခုနှစ် ရန်ကုန်ဇုန်ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဆုရအသင်းများနှင့် နေရာအလိုက် အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဆုများပေးအပ်ခဲ့‌ကြောင်း သိရသည်။ TruthZoneOnline
22 Nov, 09:09

ဒလမြိုတွင် ဆိုင်ခန်း ၆၀ ပါ ညဈေး မကြာမီ ဖွင့်မည် နိုဝင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြိုနယ်ရှိ ဒလ–တွံတေး ကားလမ်
ဒလမြိုတွင် ဆိုင်ခန်း ၆၀ ပါ ညဈေး မကြာမီ ဖွင့်မည် နိုဝင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြိုနယ်ရှိ ဒလ–တွံတေး ကားလမ်းမကြီးဘေး မင်္ဂလာစည်ပင်ကန် (၁) နှင့် (၂) အနီးတွင် ဆိုင်ခန်း ၆၀ ပါဝင်မည့် ဒလညဈေး (Dalla Night Market) ကို မကြာမီ ဖွင့်လှစ်မည်ဖြစ်သည်။ ညဈေးကို နေ့စဉ် ညနေ ၃ နာရီခွဲမှ သန်းခေါင်ယံ ၁၂ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ၁၀ ပေ ပတ်လည် ကျယ်ဝန်းမည်ဖြစ်သည်။ စာရင်းပေးသွင်းထားသည့် ဈေးသည်များကို မဲနှိက်စနစ်ဖြင့် ဆိုင်ခန်းနေရာများ ချထားပေးခဲ့ကြောင်း သိရသည်။ TruthZoneOnline
22 Nov, 08:04

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မာရဝိဇယကျောင်းတော် စတုတ္ထအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်မြင်ကွင်းပုံရိပ်များ။ (၂၂-၁၁-၂၀၂၆) TruthZoneOnline
22 Nov, 07:24

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ
+3
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ် နိုဝင်ဘာ ၂၂ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲ ဖွင့်ပွဲအခမ်းအနား ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ MSMEs လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အလုံ) မှ ဘင်ခရာ/ပန်းပွားအဖွဲ့၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် MSME လုပ်ငန်းများသည် အဓိကကျောရိုးတစ်ရပ်အနေဖြင့် ရပ်တည်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့်ဒေသထွက်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား ပြည်သူများ တခဲနက်အားပေးဝယ်ယူကြခြင်းအားဖြင့် ဒေသတွင်းစီးပွားရေး အသက်ဝင်လှုပ်ရှားလာမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်နိုင်ရေး အခွင့်အလမ်းကောင်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသခံလုပ်ငန်းရှင်များ၏ ထုတ်ကုန်အရည်အသွေး မြင့်မားလာစေရန်နှင့် ဈေးကွက်ခိုင်မာမှုရှိစေရန်အတွက် ဘက်ပေါင်းစုံမှ ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်တိုင်ပွဲတော်သည် ရိုးရာအစဉ်အလာများနှင့်အညီ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ လွန်စွာထင်ရှားရာ ပွဲတော်ကြီးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာလူမျိုးတို့၏ ပင်ကိုတီထွင်ဖန်တီးနိုင်စွမ်း၊ စုပေါင်းလုပ်ကိုင်တတ်သည့် အလေ့အထနှင့် ပျော်ရွှင်ချစ်ကြည်မှုကို ဖော်ညွှန်းနေသည့် မီးပုံးပျံလွှတ်တင်ပွဲများနှင့် မီးထွန်းပွဲတော်များကို နိုင်ငံအနှံ့ကျင်းပမြဲဖြစ်သကဲ့သို့ မိမိတို့တိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်းမှာလည်း ဒေသခံပြည်သူများ စိတ်လက်အေးချမ်းစွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဆက်စပ်ကော်မတီဝင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့မှ တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေး ရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှ မုံရွာမြို့ MSMEs လုပ်ငန်းများမှထွက်ရှိသည့် လူသုံးကုန်၊ စားသောက်ကုန်နှင့် လယ်ယာသုံးထွန်စက်များ၊ စက်ပစ္စည်းများ၊ အဝတ်အထည်များ ရောင်းချနေမှုများအား လိုက်လံကြည်ရှုခဲ့ကြပြီး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။ အဆိုပါတန်ဆောင်တိုင် MSMEs ထုတ်ကုန်ဈေးရောင်းပွဲတော်အား နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ MSMEs ဈေးဆိုင်ခန်းပေါင်း- ၁၂၅ ခန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ခြင်းအား တန်ဆောင်တိုင်လပြည့်နေ့ညတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ TruthZoneOnline
22 Nov, 06:12

ယနေ့ တန်ဆောင်တိုင်ပွဲ သတ္တမညတွင် မီးပုံးပျံ ၁၆ လုံး လွှတ်တင်မည် . နိုဝင်ဘာလ ၂၂ ရက် . တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပ
+3
ယနေ့ တန်ဆောင်တိုင်ပွဲ သတ္တမညတွင် မီးပုံးပျံ ၁၆ လုံး လွှတ်တင်မည် . နိုဝင်ဘာလ ၂၂ ရက် . တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ သတ္တမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၁၆ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ . ယနေ့ ညပိုင်းတွင် ညမီးကြီး မီးပုံးပျံများ ဖြစ်သော Shan United၊ လွိုင်လင်မီး၊ ရတနာတောင်ရိုး၊ စက္က၊ ပွဲစားအို၊ လူချော၊ အိုဇုန်း၊ နဂါးပျံ၊ ပေတူး၊ KBZ Bank ၊ အားသစ် နှင့် စိန်နားပန် မီးပုံးပျံများ ဖြစ်သော ABC Men Wear ၊ Shan United ၊ Lucky ၊ မုံတဝတောင်ရိုး၊ KBZ Bank အဖွဲ့များက အသီးသီး ယှဉ်ပြိုင်လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ . ယနေ့ လွှတ်တင်ကြမည့် ညမီးကြီး မီးပုံးပျံများအနက် Shan United မီးမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်တွင် ပထမဆု (ခေါင်အချင်း ၂၅ ပေ) ရရှိခဲ့သော မီးပုံးပျံ ဖြစ်ကြောင်းလည်း သိရသည်။ . တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ  ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၅တွင် ဆုပေးပွဲနဲ့ ပိတ်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ TruthZoneOnline
22 Nov, 05:39

ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးကေဘယ်ကြိုးများကို မြေအောက်သို့ အဆင့်လိုက် ပြောင်းလဲရန် ဒုတိယဝန်ကြီး မှာကြား နိုဝင်ဘာ ၂၁ ရန်ကုန်မြို
+5
ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးကေဘယ်ကြိုးများကို မြေအောက်သို့ အဆင့်လိုက် ပြောင်းလဲရန် ဒုတိယဝန်ကြီး မှာကြား နိုဝင်ဘာ ၂၁ ရန်ကုန်မြို့တွင် အပေါ်စီးသွယ်တန်းထားသည့် ဆက်သွယ်ရေးကေဘယ်ကြိုးများကို ရေရှည်စီမံချက်ဖြင့် မြေအောက်ကေဘယ်လိုင်းများအဖြစ် အဆင့်လိုက် ပြောင်းလဲသွယ်တန်းရန် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မှာကြားခဲ့သည်။ နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်း ကေဘယ်ကြိုးများ သွယ်တန်းရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် စက်ပစ္စည်းများ အသုံးပြုပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို သင့်တင့်မျှတသည့် နှုန်းထားဖြင့် ပေးနိုင်ရေး ဆောင်ရွက်ရန်လည်း ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။ တွေ့ဆုံပွဲတွင် ဆက်သွယ်ရေးကွန်ရက်တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများမှ တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ TruthZoneOnline
22 Nov, 04:52

- တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း-ကျွန်းလှ-ကန့်ဘလူလမ်းကြောင်းအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ ဒေသခံပြည်သူမျ
+9
- တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း-ကျွန်းလှ-ကန့်ဘလူလမ်းကြောင်းအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာခရီးသွားလာနိုင်ရေး မိုင်းရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်   နိုဝင်ဘာ၂၂ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အဓိကအရေးပါ သော ဆက်သွယ်ရေးလမ်းကြောင်း များဖြစ်သည့် အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ - ကန့်ဘလူ လမ်းကြောင်းနှင့်  အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်း ကြောင်းများအနီးတစ်ဝိုက်  ခိုအောင်းနေထိုင်ပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်း ဖက်သောင်းကျန်းသူများတပ်မတော်စစ်ကြောင်းများက ရဲဝံ့စွန့်စားစွာလိုက်လံချေမှုန်းတိုက်ထုတ်လျက်ရှိရာ အင်းတော် - ဝန်းသို -ကောလင်း - ကျွန်းလှ - ကန့်ဘလူ လမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ TruthZoneOnline
22 Nov, 04:09

မာရဝိဇယကျောင်းတော် စတုတ္ထအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက် နေပြည်တော်၊ ဒက္ခိဏသီရိမ
+4
မာရဝိဇယကျောင်းတော် စတုတ္ထအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်     နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော်၌ စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။   အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မာရဝိဇယကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဆွမ်းတော်၊ ပန်း၊ ဆီမီးနှင့် ရေချမ်းများ ကပ်လှူပူဇော်ကာ ကထိန်အလှူအတွက် ပြင်ဆင်ထားသည့် ပဒေသာပင်များကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး  ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူပြီး ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။   ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။   TruthZoneOnline
22 Nov, 03:12

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်း
+2
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် နိုဝင်ဘာ ၂၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။   ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်/ ရပ်ကွက်/ ကျေးရွာ/အုပ်စုများသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် အိမ်ထောင်စု ဦးလူရေစာရင်း မှန်ကန်မှုရှိစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒပေးခွင့်ရှိသည့် အသက်(၁၈)နှစ်အထက် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ ကိန်းဂဏန်းအချက်အလက်မှားယွင်းခြင်းများ မရှိစေရေးတို့အတွက်ကော်မတီအဖွဲ့ဝင် အားလုံးမှ အလေးထားကာ စနစ်တကျ ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းအခက်အခဲများရှိပါက မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်နှင့် ဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာ/အုပ်စုများ၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။   ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ TruthZoneOnline
22 Nov, 02:39

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် နိုဝင်ဘာ ၂၁ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြ
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် နိုဝင်ဘာ ၂၁   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ နိုဝင်ဘာလ (၂၂) ရက်မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းနှင့် အနီးတစ်ဝိုက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။   အဆိုပါ ပွဲတော်ကျင်းပမှုကို မာရဝိဇယဗုဒ္ဓဥယျာဉ် ရေပန်းရင်ပြင်တော်တွင် နိုဝင်ဘာလ (၂၂) ရက် ညနေပိုင်း၌ မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုလည်းကောင်း၊ နိုဝင်ဘာလ (၂၃) ရက်နေ့ ညနေပိုင်းတွင် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုလည်းကောင်း၊ နိုဝင်ဘာလ (၂၄) ရက် နံနက်ပိုင်းတွင် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင်လည်းကောင်း၊ နိုဝင်ဘာလ (၂၄) ရက် ညပိုင်းတွင် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မာရဝိဇယဗုဒ္ဓဥယျာဉ် ရေပန်းရင်ပြင်တော်တွင်လည်းကောင်း ခမ်းနားထည်ဝါမှုနှင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။   ထို့ပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ ဒေသခံများနှင့် ဝန်ထမ်းမိသားစုများ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်မှုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့မှု ရရှိနိုင်ရန်နှင့် စိတ်အပန်းဖြေစေရန်အတွက် နိုင်ငံကျော် ဇာတ်မင်းသား အောင်ဇမ္ဗူနှင့် သူရဝင်းထွဋ်တို့၏ ဇာတ်ပွဲသဘင်နှင့်လည်းကောင်း၊ နိုင်ငံကျော် တေးသံရှင်များဖြစ်ကြသည့် ဇော်ပိုင်၊ စည်သူလွင်၊ ဖိုးသောကြာ၊ ဖိုးကာ၊ မိုးမိုး၊ အောင်ထက်၊ ဝေလ၊ သာဒီးလူ၊ ဒီဖြိုး၊ ဇွဲပြည့်၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ ဂျင်းနီ၊ မေသက်ထားဆွေ၊ မေလသံစဉ်၊ လိမ္မော်သီး၊ ဝေလာရီ၊ Mi Sandi၊ ပိုပိုတို့နှင့်အတူ နာမည်ရ အဆိုတော်များကလည်း Daily Gita Band နှင့် DJ တို့၏ တီးခတ်မှုနှင့် ခေတ်ပေါ်တေးဂီတ (စတိတ်ရှိုး) ဖြင့်လည်းကောင်း အခမဲ့ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။   ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအနေဖြင့် ဒေသထွက်လက်ဆောင်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ လေ့လာဝယ်ယူနိုင်ရန်နှင့် အစားအသောက် အဆင်ပြေစေရန်အတွက် ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။   ထို့ပြင် ဘုရားဖူးလာ ကလေးငယ်များအတွက် ကစားနည်းများလည်း စုံစုံလင်စွာ ထည့်သွင်းထားရှိရာ ပျော်ရွှင်စွာ ကစားနိုင်ကြမည်ဖြစ်သည်။   အဆိုပါ တန်ဆောင်တိုင်ပွဲတော်နှင့်အတူ ဈေးရောင်းပွဲတော်၊ ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များကို ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ကဏ္ဍစုံလင်စွာဖြင့် စီစဉ်ထားရှိရာ မိဘပြည်သူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကုသိုလ်ရယူမှုနှင့်အတူ တန်ဆောင်တိုင်ပွဲတော်တွင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက် ပါဝင်ဆင်နွှဲနိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။ TruthZoneOnline
22 Nov, 02:06

မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက် နိုဝင်ဘာ ၂၂ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွ
+2
မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက် နိုဝင်ဘာ ၂၂ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက် (၇) နာရီတွင် ပြည်သူ့ကျန်းမာရေးခန်းမ၌ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ အသက် (၂)လမှ (၁၈)လအတွင်း ကလေးသူငယ် (၂၉၂)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၅)ဦးအား သက်ဆိုင်ရာကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ထို့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD)၊ အသည်းရောင်အသားဝါ (A)၊ အယ်လ်နီညို (El Niño)၊ အနာကြီးရောဂါနှင့် တီဘီရောဂါတို့၏ ရောဂါလက္ခဏာများ၊ ကူးစက်ပုံနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများဆိုင်ရာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။ TruthZoneOnline
22 Nov, 01:22

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား ထောက်ပံ့ပေးအပ် နိုဝင်ဘာ ၂၁ လူမှုဝန်ထမ်းဦးစီး
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား ထောက်ပံ့ပေးအပ် နိုဝင်ဘာ ၂၁ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ် စုစုပေါင်းငွေကျပ် ၂၅ ဒသမ ၅၇၈ သန်းနှင့် ရိပ်သာရှိ အသက် (၈၅) နှစ်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား ၁၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၀၀၀၀၀ ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုလွင်သည် ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်သည်။ ထိုသို့ သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ရိပ်သာရှိ ဘိုးဘွားများ နေ့လယ်စာသုံး‌ဆောင်ရန် အလှူငွေကျပ် ၅၀၀၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါကရုဏာကမ္ဘာဘိုးဘွားရိပ်သာအတွက် အလှူငွေများ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉-၂၅၉၈၉၆၃၅၉၊ ၀၉-၇၈၇၀၅၀၈၃၅ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ TruthZoneOnline
22 Nov, 00:37

ရန်ကုန်မြို့တွင်း ကေဘယ်ကြိုးများသွယ်တန်းရာတွင် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် စက်ပစ္စည်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများန
ရန်ကုန်မြို့တွင်း ကေဘယ်ကြိုးများသွယ်တန်းရာတွင် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် စက်ပစ္စည်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အသုံးပြုဆောင်ရွက်ကြရန် ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် မှာကြား နိုဝင်ဘာ ၂၁   ရန်ကုန်မြို့တွင်း ကေဘယ်ကြိုးများသွယ်တန်းရာတွင် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် စက်ပစ္စည်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အသုံးပြုဆောင်ရွက်ကြရန် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ယနေ့နံနက်ပိုင်းတွင် စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်မှာကြားသည်။   ထို့ပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေးပြည့်ဝပြီး သင့်တင့်မျှတသည့်နှုန်းထားများဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားရန်၊ ရန်ကုန်မြို့တွင်း ကေဘယ်ကြိုးများကို သွယ်တန်းရာတွင် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် စက်ပစ္စည်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ရေရှည်စီမံချက်အနေဖြင့် ကောင်းကင်ကေဘယ်ကြိုးများကို မြေအောက်ကေဘယ်လိုင်းများအဖြစ် အဆင့်အလိုက် ပြောင်းလဲဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။   မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Yangon Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဆဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့တက်ရောက်ပြီး မြန်မာ့ဆက်သွယ်ရေးကဏ္ဍအား တစ်ခေတ်ပြောင်းလဲမည့် အနာဂတ် 5G နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့ကြီးများသာမက ကျေးလက်ဒေသအထိပါ ဆက်သွယ်ရေးကွန်ရက် ကျယ်ကျယ်ပြန့်ပြန့် ကွန်ရက်ဖြန့်ကြက်နိုင်စေရေးသာမက ဝန်ဆောင်မှု အရည်အသွေးကိုလည်း ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်၊ ကြုံတွေ့ရသည့် အခက်အခဲများကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။   TruthZoneOnline
21 Nov, 23:42

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ ဇာတ်သဘင်၊ Stage Show နှင့် ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲတော်များဖြင့် နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
21 Nov, 23:05

ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား ရေးထိုးထားသည့် နားလည်မှုစာချွန်လွှ
ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ “ITEC မိတ်ဖက်နိုင်ငံများမှတရားသူကြီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း (မြန်မာ)”သို့ တက်ရောက်ရန် ဒသမအကြိမ်အဖြစ် သင်တန်းသား ၄၀ စေလွှတ် နိုဝင်ဘာ ၂၁ အိန္ဒိယနိုင်ငံ မတ်ဒရာပရာဒက်ရှ် ပြည်နယ်ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေး အကယ်ဒမီ (National Judicial Academy-NJA) တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ဒသမအကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် “ITEC မိတ်ဖက်နိုင်ငံများမှ တရားသူကြီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း (မြန်မာ)” သို့ တက်ရောက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါဝင်သည့်သင်တန်း သား ၄၀ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားသည်။ သင်တန်းသားများသည် အဆိုပါသင်တန်း၌ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံတရားစီရင်ရေးစနစ်၊ တရားသူကြီးကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံးစီမံခန့်ခွဲမှု၊ သက်​သေခံဥပဒေ၊ တရားမနှင့် ရာဇဝတ်မှုများ စစ်ဆေးစီရင်ရာတွင် မှုခင်းဆေးပညာ၊ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်အကာအကွယ်ပေးရာတွင် တရားစီရင်ရေးကဏ္ဍ၊ အခြားသောနည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်း၊ ရာဇဝတ်မှုခင်းများ စီမံခန့်ခွဲခြင်း၊ အီလက်ထရောနစ်နည်းလမ်းဖြင့် ကျူးလွန်သည့် ပြစ်မှုများနှင့် ဉာဏ်ရည်တုနည်းပညာနှင့် တရားစီရင်ရေးဆိုင်ရာကြီးကြပ်မှုတို့ကို လေ့လာသင်ယူခွင့်ရရှိကြမည့်အပြင် လေ့လာရေးခရီးအဖြစ် အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိတရားရုံးများ၊ ယဉ်ကျေးမှုပြတိုက်၊ တိုင်းရင်းသားများပြတိုက်၊ လှေလှော်အသင်းနှင့် ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုထိုးတော်ကြီးတည်ရှိရာနေရာ ဘိုပါး၊ ဆန်းချီမြို့သို့လည်း သွားရောက်လေ့လာခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါသင်တန်းအစီအစဉ်သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတို့အကြား ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံမှတရားသူကြီးများနှင့် တရားရေးအရာရှိများအား အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာနားလည်မှုစာချွန်လွှာအရ စေလွှတ်ခြင်းဖြစ်ပြီး၊ ယခု ဒသမအကြိမ်မြောက် သင်တန်းအပါအဝင် စုစုပေါင်းသင်တန်းသား ၄၀၀ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ TruthZoneOnline
21 Nov, 22:32

ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကျေးရွာအဆင့်သင်တန်းများကို နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း
ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကျေးရွာအဆင့်သင်တန်းများကို နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၄၆ ရွာတွင် ကနဦးအကောင်အထည်ဖော်ဆောင်ရွက်   နိုဝင်ဘာ ၂၁   “ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်” ပါ ကျေးရွာအဆင့် သင်တန်းများသည် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်း၍ သက်ဆိုင်ရာကျေးရွာများ၌ ရွေးချယ်ထားသောဆယ်အိမ်စု စေတနာ့ဝန်ထမ်းများကို ဗဟိုအဆင့်သင်တန်းဆင်းနည်းပြများက ထပ်ဆင့်ပို့ချလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၄၆ ရွာတွင် ကနဦးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။   ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းပါကျေးရွာများတွင် ဆယ်အိမ်စုစေတနာ့ဝန်ထမ်းများ ကျေးရွာအဆင့် ဆင့်ပွားသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နေသည့် အုန်းတောဘုန်းတော်ကြီးကျောင်း၊ ပေါက်တောစံပြကျေးရွာ၊ ဒက္ခိဏသီရိမြို့နယ်နှင့် ထိန်ပင်ဘုန်းတော်ကြီးကျောင်း၊ ထိန်ပင်ကျေးရွာ၊ ဇေယျာသီရိမြို့နယ်တို့သို့ သွားရောက်ကြည့်ရှုသည်။   ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာအဆင့် သင်တန်းများမှ သင်တန်းသူ စေတနာ့ဝန်ထမ်းများစီမံချက်နှင့်စပ်လျဉ်း၍ ကျေးလက်ဒေသနေ အမျိုးသမီးများအားလုံး၏ ဘဝဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမျိုးသမီးများ ကျား၊ မ အခြေပြု အကြမ်းဖက်မှုမှကင်းဝေးစေရေးအတွက် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စီမံချက်တွင် ကဏ္ဍကြီး ၆ ရပ်ပါ လိုက်နာဆောင်ရွက်ရမည့် အမူအကျင့်များကို မိမိတို့ဆယ်အိမ်စုအတွင်းရှိ မိသားစုဝင်များအား လက်ဆင့်ကမ်းဝေမျှရမည်ဖြစ်ပါကြောင်း၊ “ကျန်းမာရေးအစ အိမ်တွင်းက” ဆိုသည်ကို ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်များက လက်ခံကျင့်သုံးနိုင်ရေးနှင့် အမူအကျင့်ပြောင်းလဲနိုင်ရေးတို့အတွက် အသိပညာပေးရန် အလွန်အရေးကြီးပါကြောင်း၊ ဤသင်တန်းမှ ရရှိသော အသိပညာများအား မိမိတို့ဆယ်အိမ်စုအတွင်း စည်းရုံးဟောပြောခြင်းဖြင့် အမူအကျင့်ကောင်းများ ရရှိသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။  
21 Nov, 21:43

အဆောက်အဦများ၏ အမိုးပေါ်တွင် အမိုးတင်ဆိုလာတပ်ဆင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း အစီအစဉ်တွင် ပါဝင်နိုင်ပါရန် ဖိတ်ခေါ်ခြင
+1
အဆောက်အဦများ၏ အမိုးပေါ်တွင် အမိုးတင်ဆိုလာတပ်ဆင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း အစီအစဉ်တွင် ပါဝင်နိုင်ပါရန် ဖိတ်ခေါ်ခြင်း
21 Nov, 20:59