es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

🇲🇲 Truth Zone Online 🇲🇲

🇲🇲 Truth Zone Online 🇲🇲

Ir al canal en Telegram

"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"

Mostrar más

📈 Análisis del canal de Telegram 🇲🇲 Truth Zone Online 🇲🇲

El canal 🇲🇲 Truth Zone Online 🇲🇲 (@truthzoneonline) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 14 855 suscriptores, ocupando la posición 5 767 en la categoría Religión y espiritualidad y el puesto 8 691 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 14 855 suscriptores.

Según los últimos datos del 18 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -192, y en las últimas 24 horas de 1, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.73%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.64% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 001 visualizaciones. En el primer día suele acumular 838 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 37.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 19 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Religión y espiritualidad.

14 855
Suscriptores
+124 horas
-607 días
-19230 días
Archivo de publicaciones
Truth Zon Online Media ရဲ့ သတင်းများကို နေ့စဥ်စောင့်ကြည့်နေသော မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းဘေလ်များ ခဲခြစ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင်...... ။ ကြုံကြိုက်သလို လှူဒါန်းပေးသွားမှာဖြစ်လို့ Join ထားပြီး သတင်းများ ဝင်ရောက်ဖတ်ရှုရင်း ဖုန်းဘေလ်များ ရရှိနိုင်ကြပါစေရှင်....🙏 https://t.me/TruthZoneOnline
19 nov, 11:06

တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး မြိ
တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး မြို့ကြီးများတွင် ဆီတင်ယာဉ်များအား အရန်သင့်ထားရှိ TruthZoneOnline
19 nov, 09:58

ရှမ်းပြည်နယ်၌ ပြည်တွင်းပြည်ပခရီးသွားများအတွက် အထင်ကရ ခရီးစဉ်ဒေသခြောက်ခု ဖွင့်လှစ်ထားရှိ နိုဝင်ဘာ ၁၈၊ ၂၀၂၆ ရှမ်းပြည်နယ်တွင် ပြ
ရှမ်းပြည်နယ်၌ ပြည်တွင်းပြည်ပခရီးသွားများအတွက် အထင်ကရ ခရီးစဉ်ဒေသခြောက်ခု ဖွင့်လှစ်ထားရှိ နိုဝင်ဘာ ၁၈၊ ၂၀၂၆   ရှမ်းပြည်နယ်တွင် ပြည်တွင်းပြည်ပခရီးသွားများအတွက် အထင်ကရခရီးသွားဆွဲဆောင်ရာ ခရီးစဉ်ဒေသခြောက်ခုကို ဖွင့်လှစ်ထားရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။   တောင်ကြီးမြို့ရှိ စူဠာမုနိစေတီတော်၊ ရွှေဘုန်းပွင့်ဘုရား၊ မွေတော်ကက္ကူဘုရား၊ နောင်ဘိုကြာကန်၊ အေးသာယာဂေါက်ကွင်း၊ အေးသာယာဝိုင်ခြံနှင့် ဟိုပုံးထမ်းဆန်းဂူတို့ကိုလည်းကောင်း၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်၊ ညောင်ရွှေယဉ်ကျေးမှုပြတိုက်၊ Red Mountain ဝိုင်ခြံနှင့် ရွှေရန်ပြေအတုမရှိရွှေကျောင်းတို့ကိုလည်းကောင်း၊ အင်းလေးကန်ဒေသရှိ ဖောင်တော်ဦးဘုရား၊ ရွှေအင်းတိန်၊ အလိုတော်ပြည့်ဘုရား၊ ငါးဖယ်ချောင်းဘုန်းကြီးကျောင်း၊ မိုင်းသောက်တံတား၊ အင်းလယ်ဘိုတဲနှင့် ရွာမရေပေါ် ဈေးတို့ကိုလည်းကောင်း၊ ပင်းတယမြို့ရှိ ရွှေဥမင်ဘုရား၊ ပုန်းတလုတ်ကန်နှင့် ကုံလုံသာသနာ့နယ်မြေတို့ကိုလည်းကောင်း၊ ကလောမြို့ရှိ မြို့မဈေး၊ နာရီစင်၊ မောမြေဦးပန်းခြံ၊ ကလောဘူတာ၊ နှီးဘုရား၊ City Point၊ ဗျိုက်တောင်နှင့် ဘဝသံသရာ တံတားတို့ကိုလည်းကောင်း၊ ရွာငံမြို့ရှိ မြသပိတ်ရေပြာအိုင်၊ မိန်းမရဲသခင်မတောင်နှင့် ဂဏန်းကျရေတံခွန်တို့ကိုလည်းကောင်း ခရီးစဉ်ဒေသများအဖြစ် ဖွင့်လှစ်ထားသည်။   “ရှမ်းပြည်နယ် ကလောနဲ့ အင်းလေးဒေသကို နိုင်ငံခြားသားတွေ အဓိက လည်ပတ်လေ့လာကြတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ လက်မှုပစ္စည်းထုတ်လုပ်တဲ့ ကြာရက်ကန်း၊ ပန်းထိမ်လုပ်ငန်း၊ ရှမ်းစက္ကူထုတ်လုပ်တဲ့လုပ်ငန်း၊ ရိုးရာအဝတ်အထည်ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ဒေသအစားအစာလုပ်ငန်းတွေကို အထူးစိတ်ဝင်စားကြပါတယ်။ ရှမ်းပြည်နယ်ဟာ အေးချမ်းသာယာပြီး ကောင်းမွန်တဲ့ရာသီဥတုရှိတဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒေသထွက်ကုန်မျိုးစုံ ထွက်ရှိတာကြောင့် ပြည်တွင်း/ ပြည်ပခရီးသွားတွေ စိတ်အေးချမ်းစွာ အပန်းဖြေလာရောက်လည်ပတ်ဖို့ နွေးထွေးစွာဖိတ်ခေါ်ပါတယ်” ဟု ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွား ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒေါက်တာ သန်းဇော်က ပြောသည်။   ရှမ်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းခရီးသွား ၈၈၈၆၆၂ ဦး၊ ပြည်ပခရီးသွား ၄၈၄၈၂ ဦးဖြင့် စုစုပေါင်း ၉၃၇၁၄၄ ဦး ဝင်ရောက်မှုရှိကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းခရီးသွား ၁၀၁၀၄၉၆ ဦး၊ ပြည်ပခရီးသွား ၄၆၉၂၁ ဦးဖြင့် စုစုပေါင်း ၁၀၅၇၄၁၇ ဦး ဝင်ရောက်မှုရှိကြောင်း သိရသည်။   ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ရောက်လည်ပတ်နိုင်ရန် ခရီးစဉ်ခြောက်ခုအပြင် Community Based Tourism – CBT လုပ်ငန်းများဖြစ်သည့် လူထုအခြေပြုခရီးသွားလုပ်ငန်းကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။   ၂၀၁၆ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ ကျောက်တလုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ထီနဲ (ပအိုဝ်း) ကျေးရွာ၊ အင်းနီ (ပအိုဝ်း) ကျေးရွာ၊ လွယ်ခေါ် (ပအိုဝ်း) ကျေးရွာ၊ ဆီးကျအင်း (ဓနု) ကျေးရွာ၊ ပင်စိမ်းပင် (ဓနု) ကျေးရွာ၊ လွယ်ပန်းစုံကျေးရွာ၊ လွယ်နွှဲ့ကျေးရွာ၊ စံကား (အင်း၊ ရှမ်း) ကျေးရွာ၊ ကျောက်တော (ဓနု) ကျေးရွာ၊ ဟိုကျင်း (အာခါ) ကျေးရွာ၊ ဟွေယုန်း (အာခါ) ကျေးရွာ၊ ထီဝါးမူး (လီဆူ) ကျေးရွာ၊ ရေယောင်းမ (ဓနု) ကျေးရွာ၊ ကျောက်တလုံး (ပလောင်) ကျေးရွာ၊ ပင်းဆိုင်း (ဝ) ကျေးရွာ၊ ပန်ကူ (လားဟူ) ကျေးရွာ၊ ဟိုယန်း (လွယ်) ကျေးရွာ၊ ကျောက္ကချား (ပအိုဝ်း) ကျေးရွာတို့တွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆာကျေးရွာတွင်လည်း လူထုအခြေပြုလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ TruthZoneOnline
19 nov, 09:34

ICJ ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ပူပန်ရန်မလိုကြောင်း အသိပေးထားပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံသူမျာ
+2
ICJ ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ပူပန်ရန်မလိုကြောင်း အသိပေးထားပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံသူများက စည်းလုံးညီညွတ်စွာ ရပ်တည် နိုဝင်ဘာ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာမည့်အခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်တွင်းထောက်ခံသူများက ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ပြည်သူများအနေဖြင့်လည်း တရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ရန်မလိုကြောင်း အသိပေးပြောကြားထားသည်။ မြန်မာနိုင်ငံဘက်က ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) သို့မဟုတ် လူမျိုးစုအလိုက် အတင်းအကျပ် ရှင်းလင်းဖယ်ရှားမှု (Ethnic Cleansing) ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ၎င်းတို့၏ ရပ်တည်ချက်ကို ဆက်လက်ထုတ်ဖော်ပြောဆိုထားပြီး မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် (Agent of Myanmar) နှင့်အတူ ရပ်တည်ကြောင်းလည်း ထောက်ခံသူများက ဖော်ပြထားသည်။ အခြားတစ်ဖက်တွင် OIC ၏ ထောက်ခံမှုရရှိထားသည်ဟု ဖော်ပြခံရသော တက်ကြွလှုပ်ရှားသူများဖြစ်သည့် ဝေဝေနု (Wai Wai Nu) နှင့် ထွန်းခင် (Tun Khin) တို့သည် အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဟူသော ခေါင်းစဉ်အောက်တွင် ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ သို့သော် ယင်းအစီအစဉ်သည် ရန်ပုံငွေရှာဖွေရေးနှင့် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း မြှင့်တင်ရေးလုပ်ငန်းစဉ်တစ်ခုသာ ဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။ ယင်းဆွေးနွေးပွဲများသည် တရားရုံး၏ လွတ်လပ်သော တရားစီရင်ရေးလုပ်ငန်းစဉ် မပြီးဆုံးမီ နိုင်ငံတကာ၏ အမြင်သဘောထားများကို ကြိုတင်ပုံဖော်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ စစ်မှန်သော တရားမျှတမှုသည် တစ်ဖက်သတ်ပြောဆိုချက်များအပေါ် အခြေခံခြင်းမဟုတ်ဘဲ အတည်ပြုနိုင်သော အချက်အလက်များ၊ ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထားများ၊ နိုင်ငံတကာဥပဒေများနှင့် တရားမျှတသော လုပ်ထုံးလုပ်နည်းများအပေါ်တွင်သာ အခြေခံသင့်ကြောင်းလည်း ထောက်ပြထားသည်။ ထို့ကြောင့် ICJ ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မည်သည့်ရလဒ်ပင် ထွက်ပေါ်လာစေကာမူ ဥပဒေကြောင်းအရ ခိုင်လုံသော အချက်အလက်များနှင့် သက်သေအထောက်အထားများအပေါ် အခြေခံသည့် ဆုံးဖြတ်ချက်ဖြစ်ရန် လိုအပ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း မိမိတို့၏ ရပ်တည်ချက်ကို ခိုင်မာစွာ တင်ပြရမည့် အခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။
19 nov, 08:44

၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်၍ ကထိန်လျာသင်္
+4
၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီးဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများအပြင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ TruthZoneOnline
19 nov, 05:11

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် မြစ်ကြီးနားမြို၌ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျာ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် မြစ်ကြီးနားမြို၌ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး နို၀င်ဘာ ၁၉   ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို ပြည်နယ်အစိုးရအဖွဲရုံး၌ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့် တွေ့ဆုံခဲ့သည်။   တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရအဆက်ဆက်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများ၊ လက်ရှိငြိမ်းချမ်းရေးမဟာဗျူဟာနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ပြီး ငြိမ်းချမ်းရေးသည် ဒေသနှင့်နိုင်ငံ၏ ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေး အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည်။   ထိုနောက် တက်ရောက်လာသူများက နေရပ်စွန့်ခွာအိမ်ထောင်စုများ ပြန်လည်နေရာချထားရေးအပါအဝင် အကြံပြုချက်များ တင်ပြခဲ့ကြောင်း သိရသည်။ TruthZoneOnline
19 nov, 04:11

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် express ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းအကာများဝင်တိုက် နိုဝင်ဘာ၁၉ ရန်ကုန်-မန္တလေးအမြန်လမ်းမို
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် express ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းအကာများဝင်တိုက် နိုဝင်ဘာ၁၉ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၄၀/၀ - ၁ကြားတွင်ယနေ့နိုဝင်ဘာ ၁၉ရက် နံနက်၅နာရီ၅မိနစ်ခန့်က expressခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းအကာများဝင်တိုက်မီခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစိစဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရန်ကုန်မှ မန္တ‌ လေးသို့ခရီးသည် ၁၅ဦးဖြင့်ထွက်ခွားလာသည့် 5Q-7667 SCANIA  ရွှေမြစ်ဆုံ express ခရီသည်တင်ယာဉ်သည် မိုင်တိုင် ၃၄၀/၀ - ၁ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင်ကာရံထား‌သည့် အကာရံများအားတိုက်မိ၍ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ “ယာဉ်ပေါ်မှာခရီးသည်အမျိုးသား၁၁ဦး၊ အမျိုးသမီး ၄ဦး စုစုပေါင်း၁၅ဦးလိုက်ပါလာပါတယ် ဒဏ်ရာရတဲ့သူမရှိပါဘူး”ဟုအမြန် လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ TruthZoneOnline
19 nov, 03:07

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲမိုးရွာသွန်းမှု ကြောင့်ခေတ္တရပ်နားခဲ့ရ နိုဝင်ဘာ၁၉ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲကျင
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲမိုးရွာသွန်းမှု ကြောင့်ခေတ္တရပ်နားခဲ့ရ နိုဝင်ဘာ၁၉ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲကျင်းပနေစဥ် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်မွန်းလွဲ ၂ နာရီ ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက်ပွဲကို ခေတ္တရပ်နားခဲ့ရသည့်ဟုရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံပျံပညာရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီကို  အဝေရာ မီးပုံးပျံကုန်းကွင်းတွင်ဆက်လက်ကျင်းပနေစဥ် နိုဝင်ဘာ ၁၈ရက်ကမွန်လွဲ၂နာရီခန့်တွင် စိန်နားပန် လေးလုံးလွှတ်တင်ချိန် မိုးရွာသွန်းမှုဖြစ်ခဲ့သည့်အတွက်မီးပုံလွှတ်တင်မှုကိုခေတ္တရပ်နားခဲ့ရခြင်းဖြစ်သည်။ နိုဝင်ဘာ၁၈ရက်နေ့တွင်ပွဲစဉ်ဇယားတွင်နေ့ပိုင်း စိန်နားပန်မီးပုံးပျံလေးလုံးနှင့် ညမီးကြီး ခြောက်လုံးစုစုပေါင်း ၁၀လုံးဖြစ်ပြီးသတ်မှတ်ထားသည့်မီးပုံးပျံအားလုံးလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ TruthZoneOnline
19 nov, 02:21

ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို နိုဝင်ဘာ ၁၈ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေ
ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို နိုဝင်ဘာ ၁၈ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနား သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ TruthZoneOnline
19 nov, 01:02

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးမျ
+4
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး နိုဝင်ဘာလ ၁၈ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောက်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖလမ်မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး တစ်စိတ်တစ်ပိုင်းပြုပြင်ခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ခရိုင်သစ်တော ဦးစီးဌာနမှူးရုံး အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ ခရိုင်မှူးနေအိမ်နှင့်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများဝင်ရောက်နေထိုင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆယ်တင်ပစ္စည်းများ အလေအလွင့်မရှိစေရေး စနစ်တကျသိမ်းဆည်းထားရှိရန်၊ အဆောက်အအုံပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားသည်။ ယင်းနောက် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ချယ်ရီ၊ ရေပိတောက်၊ စိန်ပန်းစသည့် ပျိုးပင်ပေါင်း (၅၀၀၀)ပျိုးထောင်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြို့နယ်သမဝါယမဦးစီးဌာန ၂ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းမိသားစုများ နေထိုင်မှုအခြေအနေများအားလည်းကောင်း၊ ရုံးအဆောက်အအုံပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ရုံးဝင်းအတွင်းရှိ ပြန်လည်ပြုပြင်ပြီးစီးသည့် ကားဂိုဒေါင်အား ယာယီရုံးဖွင့်လှစ်ထားရှိကာ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အလုံးစုံပျက်စီးသွားသည့် ရုံးအဆောက်အအုံနှင့် ပြန်လည်ပြုပြင်ပြီးစီးသည့် ခရိုင်ဦးစီးမှူးနေအိမ်အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ TruthZoneOnline
19 nov, 00:19

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံသို့
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး‌ကော်မရှင်ဥက္ကဋ္ဌ တက်‌ရောက် နိုဝင်ဘာ ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၇ ရက်က ကျင်းပသည့် “ဗဟုဝင်ရိုးကမ္ဘာရှိ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ” ခေါင်းစဉ်ဖြင့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း ဦးဆောင်သော ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ တက်‌ရောက်ခဲ့သည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အပါအဝင် ကမ္ဘာ့နိုင်ငံ ၆၀ ကျော်မှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြသည်။ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ Mr. Vladimir Putin က ပေးပို့သော ကြိုဆိုနှုတ်ဆက်မိန့်ခွန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရုံးအကြီးအကဲက ဖတ်ကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ကပေးပို့သော ကြိုဆိုနှုတ်ဆက်လွှာများကို သက်ဆိုင်ရာဌာန အကြီးအကဲများက ဖတ်ကြားခဲ့ကြသည်။ အဆိုပါညီလာခံတွင် "Rights of Citizens Abroad: Mechanisms and Practices of Coo-peration Between Ombudsmen" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "The Right to Freedom of Con-science and Cultural Identity: Safeguarding Beliefs, languages and Traditions" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "The Right to Sovereign Deve-lopment: International Cooper ation and Pro-tection Against External Pressure"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "The Right to Liberty and Perso-nal Security :Guarantees of Protection Against Human Trafficking and Modern Forms of Slavery"ခေါင်းစဉ်ဖြင့်လည်းကောင်း အပိုင်း(၄) ပိုင်းခွဲ၍ ပညာရှင်ဆွေးနွေးပွဲ (Panel Discussion) ပုံစံဖြင့် ဆွေးနွေးခဲ့ကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ၏ အစီအစဉ် (၂) နှင့် အစီအစဉ် (၃) တို့တွင် တက်ရောက်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက သက်ဆိုင်ရာဘာသာရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် "The Moscow Principles: Comm-on Approaches to Human Rights Protection" ခေါင်းစဉ်ဖြင့်ဆွေးနွေးကြပြီး The Moscow Prin-ciple (မူကြမ်း)နှင့်စပ်လျဉ်း၍ ပိုမိုခိုင်မာကောင်းမွန်သော အခြေခံမူများဖြစ်စေရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန် ညီလာခံသို့ ပါဝင်တက်‌ရောက်ကြသော ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြကြောင်းသိရသည်။ TruthZoneOnline
18 nov, 23:31

ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းအားလုံး စတင်ဖွင့်လှစ်မည့်ရက် ကြေညာ TruthZoneOnline
ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းအားလုံး စတင်ဖွင့်လှစ်မည့်ရက် ကြေညာ TruthZoneOnline
18 nov, 21:58

နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာ TruthZoneOnline
နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာ TruthZoneOnline
18 nov, 21:36

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ပညာရေးဘွဲ့ရ ဆရာ ဆရာမများအားတွေ့ဆုံ နိုဝင်ဘာ ၁၈ ပညာရေးတက္ကသိုလ်မှ လူငယ် ဆရာ ဆရာမများမှတစ်ဆ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ပညာရေးဘွဲ့ရ ဆရာ ဆရာမများအားတွေ့ဆုံ နိုဝင်ဘာ ၁၈   ပညာရေးတက္ကသိုလ်မှ လူငယ် ဆရာ ဆရာမများမှတစ်ဆင့် ကျေးလက်ဒေသရှိ မျိုးဆက်သစ်လူငယ်များကို အသိပညာများပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ပညာရည်ပြည့်ဝလာစေရန်၊ ဗဟုသုတကြွယ်ဝလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့အဖွဲ့အစည်း၏ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ၊ အနာဂတ်ခေါင်းဆောင်များဖြစ်၍ အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်ပါကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် အတတ်ပညာ၊ အသိပညာများကို မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်းပြီး ပြန်လည်သင်ကြားပေးရမည့် မြင့်မြတ်သည့် လူငယ် ဆရာ ဆရာမများကို ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆရာ ဆရာမများအဖြစ် မိမိဒေသလူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ကျေးလက်လူငယ်ကဏ္ဍအပါအဝင်၊ ဘက်စုံလူငယ်ကဏ္ဍကို မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက တိုက်တွန်းပြောကြားသည်။   ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ရ လူငယ်ဆရာ ဆရာမများအား ယမန်နေ့ညနေပိုင်းက Naypyitaw State Academy ရှိ Recreation Center ၌ တွေ့ဆုံစဉ် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။   ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်ဆရာ ဆရာမများက မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရင်းရင်းနှီးနှီး ပြန်လည်ဖြေကြားပေးခဲ့ပြီး ဗဟုသုတများတိုးပွား၍ စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန် သုတ၊ ရသစာအုပ်များကို လက်ဆောင်ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   TruthZoneOnline
18 nov, 21:19

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet-34th AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် ========================== နေပြည်တော် နိုဝင်ဘာ ၁၈ မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၃၄) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet- 34th AARM) ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Terendak (တီရန်ဒတ်) လေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။ ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့သည် အခမ်းအနားကျင်းပသည့်နေရာသို့ရောက်ရှိခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ပစ်ခတ်သည့် Novelty Shoot ပစ်ခတ်စဉ်တွင် ပါဝင်ပစ်ခတ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ သေနတ်ပစ်ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းရောက်ရှိနေရာယူကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များက နိုင်ငံအလိုက်ဆုရရှိသည့် အသင်းများနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသည့်အသင်းများအား ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားပြီး AARM အထိမ်းအမှတ်အလံကို အလံတိုင်မှ ပြန်လည်ရုပ်သိမ်းသည်။ ဆက်လက်၍ (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၏ မှတ်တမ်းဗီဒီယိုပြသပြီး ယဉ်ကျေးမှုအဖွဲ့များက မလေးရိုးရာအကအလှများဖြင့်လည်းကောင်း၊ မလေးရှားတပ်မတော်စစ်တီးဝိုင်းမှ တီးမှုတ်ဖျော်ဖြေမှုအားလည်းကောင်း ကြည့်ရှုအားပေးကြသည်။ ထို့နောက် မလေးရှားကြည်းတပ်ဦးစီးချုပ်က AARM အထိမ်းအမှတ်အလံကို (၃၅) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အင်ဒိုနီးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်ထံသို့ လွှဲ‌ပြောင်းပေးအပ်ပြီး အင်ဒိုနီးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် 34th AARM သေနတ်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ကိုယ်စားပြုသေနတ်ပစ်အသင်းအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ အဆိုပါသေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ကိုယ်စားပြု သေနတ်ပစ်အသင်းအနေဖြင့် အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု၊ တစ်ဦးချင်းပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု စုစုပေါင်းရွှေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၄) နေရာရရှိခဲ့ကြောင်း သိရှိရသည်။ ညနေပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကွာလာလမ်ပူမြို့ရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး၌ စစ်သံရုံးမိသားစုများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအနေဖြင့် တာဝန်ထမ်းဆောင်နေထိုင်စဉ်ကာလအတွင်း သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ယူသွားရန်၊ သက်ဆိုင်ရာနိုင်ငံ၏ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဥပဒေများကိုသိရှိအောင်လေ့လာ၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်ကြံနေထိုင်ရန်နှင့် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို စနစ်တကျ ကြိုးစားလေ့လာကာ တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စစ်သံရုံး ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။          
18 nov, 20:35

အာဆီယံ၏ အချက် ၅ ချက်ကို လက်မခံဘဲ အခြားအာဆီယံနိုင်ငံများတွင် နိုင်ငံရေးအကျပ်အတည်းများ၊ ရွေးကောက်ပွဲပဋိပက္ခများ၊ ဆူပူဆန္ဒပြမှုမ
+3
အာဆီယံ၏ အချက် ၅ ချက်ကို လက်မခံဘဲ အခြားအာဆီယံနိုင်ငံများတွင် နိုင်ငံရေးအကျပ်အတည်းများ၊ ရွေးကောက်ပွဲပဋိပက္ခများ၊ ဆူပူဆန္ဒပြမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံကိုသာ ဖိအားပေးခြင်းများရှိသဖြင့် အာဆီယံနှင့် ဆက်ဆံရေးအတွက် ပြန်လည်သုံးသပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်သမ္မတ ပြောကြား။ အာဆီယံအဖွဲဝင် နိုင်ငံအချို့သို့ သွားရောက်စဉ်တွင် အချို့နိုင်ငံများက မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးပြန်ဖြစ်ရန် လိုလားသည်ကို တွေ့ရကြောင်း၊ လက်ရှိတွင် အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံအချို့နှင့်လည်း ဆွေးနွေးမှုများရှိကြောင်း၊ အချို့နိုင်ငံများနှင့်လည်း အပြုသဘောဆောင်သည့် ဆက်ဆံမှုများရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ TruthZoneOnline
18 nov, 19:57

🙏မင်္ဂလာနံနက်ခင်းပါ 🙏 🎋 🎋🎋လောကရှိသတ္တဝါအားလုံး ဒုက္ခများမှ လွတ်မြောက်ပြီး ကောင်းကျိုးများ တိုးပွားကြပါစေ🎋🎋🎋 🎋🎋🎋 မေ
   🙏မင်္ဂလာနံနက်ခင်းပါ 🙏 🎋 🎋🎋လောကရှိသတ္တဝါအားလုံး ဒုက္ခများမှ လွတ်မြောက်ပြီး ကောင်းကျိုးများ တိုးပွားကြပါစေ🎋🎋🎋    🎋🎋🎋 မေတ္တာ၊ ကရုဏာတို့နဲ့ နေ့ရက်တိုင်း ပြည့်စုံနိုင်ပါစေ 🎋🎋🎋
18 nov, 19:00

Truth Zon Online Media ရဲ့ သတင်းများကို နေ့စဥ်စောင့်ကြည့်နေသော မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းဘေလ်များ ခဲခြစ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင်...... ။ ကြုံကြိုက်သလို လှူဒါန်းပေးသွားမှာဖြစ်လို့ Join ထားပြီး သတင်းများ ဝင်ရောက်ဖတ်ရှုရင်း ဖုန်းဘေလ်များ ရရှိနိုင်ကြပါစေရှင်....🙏 https://t.me/TruthZoneOnline
18 nov, 11:05

မကွေးတိုင်းဒေသအစိုးရအဖွဲဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်
+5
မကွေးတိုင်းဒေသအစိုးရအဖွဲဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက် ========================== မြို့သစ် နိုဝင်ဘာ ၁၈ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဦးခင်မောင်ညို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘင်ခရာ၊ ပန်း ပွား ၊ ကဗျာလွတ်အက ၊ Fithness Dance အဖွဲ့များအားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများ၏ သင်ထောက်ကူပြခန်း၊ အိမ်တွင်းမှုပြခန်း၊ ကျောင်းစာကြည့်တိုက်၊ ဌာနဆိုင်ရာပြခန်းများနှင့် ဂိမ်းကစားပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများအား ရေသန့်ဘူးနှင့်မုန့်များဝေဋ္ဌခဲ့သည်။ ထို့နောက် မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရတနာ)ခန်းမတွင် အစီ အစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အမှတ်(၁)အခြေခံပညာကျောင်းမှ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ငွေကျပ် ၅၅သိန်းကိုပေးအပ်ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လက်ခံရယူပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ၊ရသစာအုပ်စာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့်အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးကြသူများကို ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆိုဖျော်ဖြေကာ အခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
18 nov, 10:39

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးမျ
+4
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ========================== ဖလမ်း နိုဝင်ဘာလ ၁၈ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောက်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖလမ်မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး တစ်စိတ်တစ်ပိုင်းပြုပြင်ခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ခရိုင်သစ်တော ဦးစီးဌာနမှူးရုံး အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ ခရိုင်မှူးနေအိမ်နှင့်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများဝင်ရောက်နေထိုင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆယ်တင်ပစ္စည်းများ အလေအလွင့်မရှိစေရေး စနစ်တကျသိမ်းဆည်းထားရှိရန်၊ အဆောက်အအုံပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားသည်။ ယင်းနောက် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ချယ်ရီ၊ ရေပိတောက်၊ စိန်ပန်းစသည့် ပျိုးပင်ပေါင်း (၅၀၀၀)ပျိုးထောင်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြို့နယ်သမဝါယမဦးစီးဌာန ၂ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းမိသားစုများ နေထိုင်မှုအခြေအနေများအားလည်းကောင်း၊ ရုံးအဆောက်အအုံပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ရုံးဝင်းအတွင်းရှိ ပြန်လည်ပြုပြင်ပြီးစီးသည့် ကားဂိုဒေါင်အား ယာယီရုံးဖွင့်လှစ်ထားရှိကာ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အလုံးစုံပျက်စီးသွားသည့် ရုံးအဆောက်အအုံနှင့် ပြန်လည်ပြုပြင်ပြီးစီးသည့် ခရိုင်ဦးစီးမှူးနေအိမ်အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
18 nov, 09:54