en
Feedback
𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾

𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾

Open in Telegram

𝘠𝘰𝘶’𝘳𝘦 𝘮𝘰𝘴𝘵 𝘸𝘦𝘭𝘤𝘰𝘮𝘦! 𝘚𝘪𝘯𝘤𝘦 -4.7.2023 ꔫ 𐙚₊˚𝘛𝘺𝘴𝘮 𝘧𝘰𝘳 𝘫𝘰𝘪𝘯 𐙚₊˚

Show more
1 151
Subscribers
-224 hours
-57 days
-1730 days
Posts Archive
အကယ်၍ သင်သည်စာရေးဆရာတစ်ဦးထံမှသာ သူ၏စာပေကို ခိုးယူလျှင် ၎င်းသည် စာပေခိုးယူခြင်းဖြစ်သည်။ သို့သော်စာရေးဆရာများစွာထံမှ ခိုးယူလျှင
အကယ်၍ သင်သည်စာရေးဆရာတစ်ဦးထံမှသာ သူ၏စာပေကို ခိုးယူလျှင် ၎င်းသည် စာပေခိုးယူခြင်းဖြစ်သည်။ သို့သော်စာရေးဆရာများစွာထံမှ ခိုးယူလျှင်မူ ၎င်းသည် သုတေသန ဖြစ်သည်။ -wilson mizner အမေရိကန်စာရေးဆရာ #History #Kyawthet #RAIDEN_KT

လူပြောများပြီး လူတွေရဲဲ့အမြင်မှာ တကယ်တမ်းအထင်မှားတတ်တဲ့ Vlad the Impalerရဲ့အကြောင်းကိုပြောရရင် သူကို ဒရက်ကူလာဆိုတဲ့ နာမည်နဲ့ အတူ သွေးဆာတတ်တဲ့ အုပ်စိုးရှင်လို့ အများက မှတ်ယူထားကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်သမိုင်းအထောက်အထားနဲ့ဆိုရင် ကျွန်တော်တို့ခဗျာတို့ထင်ထားတာနဲ့ လုံးဝတခြားစီဖြစ်နေပါတယ်။ ဘာလိုဆိုရင်သမိုင်းမှတ်တမ်းတွေထဲမှာ Vlad the Impalerက စိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာတစ်ကောင်မဟုတ်ဘဲ သူက ၁၅ရာစုကWallachiaနိုင်ငံကို အုပ်ချုပ်တဲ့ မင်းသားတစ်ပါးဖြစ်နေတာကြောင့်ပါ။ လူတွေကသူကိုဒရက်ကူလာလို့ဘာကြောင့်ယူဆသလဲဆိုရင် သူခေတ်သူအခါက နိုင်ငံအုပ်ချုပ်တဲ့နေရာမှာသူက ရန်သူတွေအပေါ်အရမ်းရက်စက်ပြီး အာဏာရှင်ဆန်သွားတာကြောင့် ဒရက်ကူလာဆိုတဲ့အမည်နဲ့ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့်လူအများစုက သူကို အရမ်းရက်စက်တဲ့ လူသတ်သမားလို့ဘဲမြင်ရပေမယ့် တကယ်တမ်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ သမိုင်းနဲ့ကြည့်ရင် ၁၅ရာစုဆိုတဲ့ကာလမှာ အင်ပါယာကြီးတွေက နိုင်ငံငယ်တွေကိုမတရားနယ်ချဲ့သိမ်းသွင်းပြီး အင်အားကြီးသူသာအနိုင်ကျင့်တဲ့ ကာလဖြစ်နေတာကြောင့် မိမိရဲ့Wallachiaနိုင်ငံငယ်လေးကို မတရားကျူးကျော်ဖို့ကြိုးစားနေတဲ့ အော်တိုမန်အင်ပါယာကို ခုခံဖို့အတွက် ရန်သူတွေအပေါ် ရက်စက်တဲ့လုပ်ရက်တွေကို လက်နက်တစ်ခုလို့ အသုံးချပြီးသူနိုင်ငံကိုကာကွယ်ခဲ့တာဖြစ်တယ်။ လူတွေသူကို ရက်စက်တဲ့အာဏာရှင်ဘဲပြောပြော သွေးဆာတဲ့ ဒရက်ကူလာဘဲပြောပြော သူနိုင်ငံသားတွေအတွက်ကတော့ သူဟာ မိမိနိုင်ငံကိုကျူးကျော်လာသမျှရန်သူတွေကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ဦးပါပဲ။ သူနဲ့ပတ်သက်ပြီးအငြင်းပွားစရားအချက်တစ်ခုပြောရရင် သူကမေတ္တာတရားခေါင်ပါးသူလားလို့ဆိုပြန်ရင်လည်း မဟုတ်ရပြန်ပါဘူး။ ဘာကြောင့်အခုလို့ပြောရသလဲဆိုရင် သူရဲ့နံမည်ကျော်Impalement(လှံထိုးစိုက်သတ်ဖြတ်ခြင်းဥပဒေ)ဥပဒေကို သူကပျော်လို့လုပ်တာမဟုတ်ဘဲ သူအုပ်ချုပ်တဲ့အခါကာလမှာ ခိုးဆိုးလုယက်သူတွေ နိုင်ငံသစ္စာဖောက်တွေနဲ့ ကျူးကျော်သူတွေကို သူကကြောက်လန့်သွားအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ အနေနဲ့ သူချမှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကြောင့်လည်း သူအုပ်ချုပ်တဲ့ကာလအတွင်းမှာသူရဲ့နိုင်ငံအတွင်းမှာ ပြစ်မှုကျူးလွန်သူတွေနည်းပါးလာပြီး သူနိုင်ငံသားတွေကImpalementစီရင်မှုကို စည်းကမ်းတင်းကျပ်ပြီးအပြစ်စီရင်တဲ့ စနစ်တစ်ခုအဖြစ်မြင်လာကြပါတယ်။ နောက်ဆုံးအနေဖြင့်အနှစ်ချုပ်ရလျှင် Vlad the Impalerကို လူအများစုက ဒရက်ကူလာအဖြစ် မြင်နေရခြင်းရဲ့အဓိကအချက်မှာ သူရဲ့အုပ်ချုပ်မှုကာလအတွင်းနိုင်ငံရေးအရအကြမ်းဖက်တွေ သွေးစွန်းမှုတွေကြောင့်သာ သူကိုလူတွေကစိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာCharacterအဖြစ်ပုံဖော်ခံထားရခြင်းပင်ဖြစ်ပါတယ်။ သို့သော်တကယ်ဖြစ်ရပ်မှန်အရကြည့်လျှင် သူဟာ နိုင်ငံအတွက်အသက်စွန့်ကာကွယ်ခဲ့သူအဖြစ်သတ်မှတ်လျှင်လုံးဝမှားမယ်မထင်ပါဘူး။ ဒါပေမယ့် သူကသမိုင်းထဲမှာသူလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့်ဘဲ သူကိုရက်စက်တဲ့သူအဖြစ် နာမည်ပျက်ပြီးကျန်ရစ်ခဲ့ရတဲ့ သူရဲကောင်းပုဂ္ဂိုလ်တစ်ဦးသာဖြစ်ပါတော့သည်။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #History #Vlad_the_Impaler

Are you sure he's Dracula? Umm....Yes is that right? Let's read the pages of history together. Let's go.
Are you sure he's Dracula? Umm....Yes is that right? Let's read the pages of history together. Let's go.

အမေရိကန်ပြည်‌ထောင်စုအတွက်ကောင်းမွန်သော သာဓကတစ်ခုကိုပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏လွတ်လပ်ရေးကြေညာစာတမ်းပါ လူပြောသူပြောများလှသည
အမေရိကန်ပြည်‌ထောင်စုအတွက်ကောင်းမွန်သော သာဓကတစ်ခုကိုပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏လွတ်လပ်ရေးကြေညာစာတမ်းပါ လူပြောသူပြောများလှသည့် လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော စာသားအပေါ် လူတိုင်းအတွက် သိသိသာသာအဓိပ္ပာယ်ဖွင့်ဆိုထားသည့် လူကြိုက်များသောစကားလုံးလှလှတစ်ခုမျှသာဖြစ်သည်။ ထိုစာသားကို စတင်ရေးသားခဲ့စဉ်က ၎င်းတွင် ကန့်သတ်ချက်ရှိသော နိုင်ငံရေးဆိုင်ရာ အဓိပ္ပာယ်သက်ရောက်မှုသာ ရှိခဲ့သည်။ ဒီနိုင်ငံ၌တော်လှန်ပုန်ကန်ခဲ့ကြသည့် ကိုလိုနီအခြေချနေထိုင်သူများ၏ စိတ်ထဲ၌ ရှိခဲ့သည့်စိတ်ရင်းအမှန်တကယ်မှာ ၎င်းတို့သည်လည်း ပင်လယ်တစ်ဖက်ကမ်းရှိ သွေးရင်းသားရင်း အင်္ဂလိပ်လူမျိုးများနည်းတူ အဆင့်အတန်းရှိသော အင်္ဂလိပ်လူမျိုးများဖြစ်သည်ဟု အခိုင်အမာဆိုလိုခြင်းမျှသာ ဖြစ်သည်။ ၎င်းသည် အခြေခံအားဖြင့် ပါတီစွဲ အုပ်စုစွဲဆိုင်ရာစစ်ပွဲကြေငြာစာတမ်းတွင် ထိရောက်သော နှုတ်တိုက်ပြောဆိုမှုတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် နီဂရိုးများနှင့် အင်ဒီယန်းလူမျိုးများအပေါ် အထက်ပါ လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော ကြေငြာချက်ကို ကျင့်သုံးရန် အတွေးသည် ၎င်းတို့၏ ခေါင်းထဲသို့ ဘယ်သောအခါမှ ဝင်ရောက်လာခြင်း မရှိပေ။ -Lothrop Stoddard #RAIDEN_KT #Kyawthet

Vlad the Impaler၏တိုင်းပြည်အတွင်း သူခိုးဂျပိုးနှင့် အကျင့်ပျက်ခြစားသူများကို သုတ်သင်ချိန်၌ ပြောခဲ့သောစကား ငါ....ဒီလိုလုပ်ရတာက
Vlad the Impaler၏တိုင်းပြည်အတွင်း သူခိုးဂျပိုးနှင့် အကျင့်ပျက်ခြစားသူများကို သုတ်သင်ချိန်၌ ပြောခဲ့သောစကား ငါ....ဒီလိုလုပ်ရတာက အကြောင်းရင်း (၂)ချက်ကြောင့်ပဲ။ ပထမတစ်ခုက ဒီလူတွေက တခြားသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဖို့နဲ့ ဒုတိယတစ်ခုကတော့ ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူကမှ ဆင်းရဲမွဲတေတာ သူတောင်းစားဖြစ်နေတာမျိုးကို မရှိစေဘဲ အားလုံးကို ညီတူညီမျှ ချမ်းသာကြွယ်ဝစေချင်လို့ပဲ။ -Vlad the Impaler #RAIDEN_KT #Kyawthet #History

ကျွန်တော်တို့ဟာ ပြည်သူ့‌တွေကို ကာကွယ်‌ပေးနေတဲ့လူတစ်ဦးမဟုတ်ပေ။ ထိုသို့သော မောက်မာသည့်ဂုဏ်ပုဒ်မျိုးကိုလည်း ကျွန်တော်ဟာ တစ်ခါမျှ
ကျွန်တော်တို့ဟာ ပြည်သူ့‌တွေကို ကာကွယ်‌ပေးနေတဲ့လူတစ်ဦးမဟုတ်ပေ။ ထိုသို့သော မောက်မာသည့်ဂုဏ်ပုဒ်မျိုးကိုလည်း ကျွန်တော်ဟာ တစ်ခါမျှ တောင်းဆိုခဲ့ခြင်းမရှိပါ။ ကျွန်တော်ဟာ ပြည်သူထဲမှ ပြည်သူတစ်ယောက်သာ ဖြစ်တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ ထိုမျှသာ ဖြစ်ခဲ့ဖူးပြီး ထိုမျှသာ ဖြစ်လို၏။ ထိုထက်ပိုသော အရာတစ်ခုခု ဖြစ်သည်ဟု ကြုံးဝါးနေသူမည်သူ့ကိုမဆို ကျွန်ုပ်ရွံရှာ၏။ -Maximilien Robespierre ပြင်သစ်တော်လှန်ရေး ခေါင်းဆောင် #RAIDEN_KT #Kyawthet #History

"ရိုးသားသော အေ့ဘ်" အများသိတဲ့ရိုးသားသူ အေ့ဘ် ကလေးလေးတစ်ဦး၊ သူက အရမ်းဆင်းရဲတယ်၊ အများက လယ်သမားနဲ့ နပန်းသမားလို့ခေါ်ကြတယ်၊ တခါတ
"ရိုးသားသော အေ့ဘ်" အများသိတဲ့ရိုးသားသူ အေ့ဘ် ကလေးလေးတစ်ဦး၊ သူက အရမ်းဆင်းရဲတယ်၊ အများက လယ်သမားနဲ့ နပန်းသမားလို့ခေါ်ကြတယ်၊ တခါတံရံ လှေထိုးသားလုပ်တယ်၊ သူမှာ ချစ်ရသူတွေကိုဆုံးရှုံးခဲ့ရဖူးတယ်၊ သူမှာ ကျောင်းဆိုတဲ့ပညာရေးကိုတစ်နှစ်တောင်အပြည့်မတတ်ရတဲ့မူလတန်းကလေးဘဝ၊ သူကအားမလျှော့သူ ရှေ့နေပေါင်းချုပ်နဲ့ ကျမ်းစာတွေကို အလွတ်မှတ်နိုင်တယ်၊ သူကသမိုင်းမှာ ကျွန်တွေရဲ့သံကြိုးတွေကို သူဖြတ်တောက်တယ်၊ သမိုင်းကို သူက အသစ်ရေးတယ်၊ ထိုသူဟာ လင်းကွန်းဆိုတဲ့ နာမတစ်ခုနဲ့ကျော်ကြားတယ်၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထုဆစ်သူတို့အတွက် ရိုးသားသူ အေ့ဘ်လေးက ထာဝရ နေမင်းတစ်စင်း ဖြစ်ပါလိမ့်မယ်။ -RAIDEN KT Historian #History #RAIDEN_KT #Kyawthet

ဆိုတော့သူရဲ့ဘဝအစပိုင်းကိုတချက်ပြောပြရရင် သူကဗာဂျီးနီးယားပြည်နယ်က လူမည်းကျွန်တစ်ဦးဖြစ်တယ်။ ၁၇၈၁ခုနှစ်မှာအမေရိကန်တော်လှန်ရဲ့အကျပ်အတည်းကာလတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်တွေကဗြိတိသျှတွေကို အလူးအလဲရှုံးနေတဲ့အချိန်ဖြစ်တာကြောင့် စစ်သားသစ်တွေရရှိဖို့ ပြည်နယ်အသီးသီးကကျွန်တွေကို စစ်မှုထမ်းစေခဲ့တယ်။ အဲဒီထဲမှာJames Armisteadလည်ပါဝင်ခဲ့တာပေါ့ အဲလိုနဲ့အမေရိကန်တပ်ဖွဲ့ထဲဝင်ပြီး မကြာခင်မှာ သူကို ပြင်သစ်လူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်Marquis de Lafayetteရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ အဲ့နောက်ဗိုလ်ချုပ်Lafayetteက jamesရဲ့ ဖျက်လတ်တဲ့ဉာဏ်နဲ့ ပါးနပ်တဲ့ လုပ်ရည်ကိုင်ရည်ကိုသဘောကျတာကြောင့် ရန်သူစခန်းထဲကိုသွားပြီး စပိုင်လုပ်ဖို့ လျိုဝှက်Missionပေးလိုက်တယ်။ ဇာတ်လမ်းကဒီမှာစတာပါပဲ ကျွန်တော်တို့ရဲ့ ဇာတ်ကောင်းကြီးjamesက မအူမလဲနဲ့ ဗြိတိသျှစစ်တပ်စခန်းထဲကို ခြေဦးတည်ရာထွက်ပြေးလာတဲ့ ကျွန်တစ်ယောက်ပုံစံနဲ့ အေးအေးဆေးဆေးလေးနဲ့ လမ်းလျှောက်ဝင်သွားခဲ့တယ်။ ဗြိတိသျှတွေက သူကိုတွေ့တဲ့အခါ အထင်သေးတဲ့အမြင်နဲ့ ဟိုမှာစစ်ပြေးကျွန်ဘဲ သူကိုခိုင်းလို့ရတယ်ဆိုပြီးခေါ်ထားလိုက်တယ်။ ပါးနပ်တဲ့jamesကလည်းဟန်မပြတ်ဘဲ အလုပ်ကြမ်းတွေလုပ်ပြတယ် အမေရိကန်ရဲ့ လမ်းတွေကို ပြပေးတာပေါ့ ဒီလိုနဲ့ ဗြိတိသျှ ထိပ်တန်ဗိုလ်ချုပ်ကြီတွေရဲ့ ယုံကြည့်မှုကို သူကရရှိသွားတယ်။ ‌ဗြိတိသျှတွေက သူကို ဘယ်လောက်ထိယုံသွားလဲဆိုရင်(အမေရိကန်ဗိုလ်ချုပ်ဟောင်းဖြစ်သူ)အမေရိကန်သမိုင်းမှာအရမ်းကောက်ကျစ်ပြီး ဗြိတိသျှဘက်ကို ဘက်ပြောင်းသွားတဲ့ သစ္စာဖောက်ဗြိတိသျှဗိုလ်ချုပ်Benedict Arnoldကိုယ်တိုင်းကjamesကိုအရမ်းယုံသွားပြီး မင်းအမေရိကန်စစ်တပ်ဆီသွားပြီး ငါတို့အတွက် သူလျှိုလုပ်ပေးစမ်းလို့တောင် ပြန်ခိုင်းလိုက်တဲ့အထိပါပဲ။(ဗြိတိသျှတွေကjamesကို သူတို့လူထင်နေတဲ့အထိပေါ့😭🤣) ဒီနေရာမှာ jamesက တကယ်ကိုUltra-Pro Masterဖြစ်တဲ့ သူလျှိုအစွမ်းအစပြသတော့တာပဲ။ သူကနဂိုထဲကအ‌‌မေရိကန်သစ္စာခံဖြစ်တာကြောင့်ဗြိတိသျှ‌တပ်တွေဆီသွားရင် အမေရိကန်တပ်ရဲ့ သတင်းအမှားတွေကို ပေးတယ်။ ဗြိတိသျှတွေကလည်း jamesရဲ့သတင်းတွေကို အဟုတ်မှတ်ကုန်တော့ သူတို့ရဲ့ အစီစဉ်တွေလွဲကုန်တယ်။ တစ်ဖက်သူက အမေရိကန်စစ်တပ်ဖက်ပြန်လာရင် ဗြိတိသျှတွေရဲ့ တကယ်စစ်ရေးလျှိူဝှက်ချက်အမှန်တွေကို ယူလာပေးတာပေါ့။ ဒီလိုနဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ရေးကံကြမ္မာဟာjames အပေါ်မူတည်လာပြီး တစ်နေ့မှာjames အတွက် သမိုင်းမှာ ထင်ကျန်ရစ်စေမယ့် တာဝန်ကြီးတစ်ခုနဲ့ကြုံခဲ့ရတယ်။ အဲဒါကSiege of Yorktownပါပဲ ဒီတိုက်ပွဲမှာjamesက ဗြိတိသျှစစ်တပ်ရဲ့ အခြေစိုက်ထားတဲ့Yorktownကဗြိတိသျှတပ်စခန်းရဲ့ စစ်အင်အားနဲ့ သူတို့ရဲ့ဗျူဟာတွေကို အသေးစိတ်ထောက်လှမ်းပြီး အမေရိကန်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှန်တန် ဆီကို အရောက်ပို့ပေးခဲ့တာပါဘဲ။ jamesရဲ့ သတင်းကြောင့်ပဲ အမေရိကန်တွေက ဗြိတိသျှတပ်တစ်ခုလုံးကို လုံးဝပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပြီး Yorktownတစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါကြောင့် အမေရိကန် လွတ်လပ်ရေးရသွားတဲ့ အခန်းကဏ္ဌထဲမှာလည်း ကျွန်တော်တို့ရဲ့ဇာတ်ကောင်ကြီး ဒီလူမည်းစပိုင်ကြီးက တစ်ထောက်တစ်နေရာကပါဝင်တယ်ဆိုရင် လုံးဝငြင်းလို့မရပါဘူး။ အမေရိကန်တော်လှန်းရေးစစ်ပွဲကြီးပြီးဆုံးသည့် အခါမှာတော့ အမေရိကန်တွေအားလုံးလွတ်လပ်ရေးရသွားခဲ့ပေမယ့် jamesတစ်ယောက်အတွက်တော့ ကျွန်တစ်ဦးက ကျွန်တစ်ဦးပါဘဲသူ လုံးဝမလွတ်မြောက်သေးပေ။ ဒါကို သူရဲ့ ဆရာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးLafayetteက မခံမရပ်နိုင်ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရဆီကို ဒီလူမည်းဟာ ငါတို့နိုင်ငံကို ကယ်တင်ခဲ့သူ‌တွေရဲ့အခန်းကဏ္ဌတစ်ခုမှာ ပါဝင်နေခဲ့တာဆိုတဲ့ ထောက်ခံစာကြောင့်သာ jamesဟာကျွန်ဘဝမှ ထာဝရလွတ်မြောက်သွားခဲ့ရပေသည်။ ဒါကြောင့် jamesကသူကိုကူညီပေးခဲ့တဲ့ ဗိုလ်ချုပ်Lafayetteကို ကျေးဇူးဆပ်တဲ့အနေဖြင့် သူရဲ့အမည်အနောက်မှာ Lafayetteဆိုပြီဖြည့်စွက်ကာ အပြည့်အစုံJames Armistead Lafayetteလို့ ယနေ့သမိုင်းမှာ ထင်ူရှားလာခဲ့ပါတယ်။ အနှစ်ချုပ်အနေနဲ့ ဒီဖြစ်ရပ်အားလုံးကိုခြုံပြီးသုံးသပ်ရလျှင် ကျွန်တော်တို့ကြားဖူးတဲ့ heroတွေထက် လက်တွေကမ္ဘာက heroတွေကအရမ်ူကွဲပြားပြီး လူသမိုင်းအဆက်ဆက် အခက်အခဲကြုံလာတိုင်း ကယ်တင်မယ့် လူတွေပေါ်လာတတ်ပြီး ယနေ့လို့ နည်းပညာလက်နက်ဆန်းသစ်မှု၊ ကိရိယာတန်ဆာဆန်းတွေနဲ့ နည်ပညာတွေမရှိကြခင်ကထဲက လူတွေဟာ ဉာဏ်ပညာတစ်ခုထဲကိုအမှီပြု၍ နိုင်ငံတစ်ခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့တယ်ဆိုတာကိုJames Armistead Lafayetteကသက်သေပြခဲ့ပါကြောင်းနိဂုံးချုပ်လိုက်သည်။ -RAIDEN KT Historian #RAIDEN_KT #History #Kyawthet

ကျွန်တော်တို့တွေက လူမည်းတွေနဲ့ပတ်သက်ရင်Marvelထဲက Black Pantherကိုပဲ အကြိုက်ဆုံးနဲ့ အမိုက်ဆုံးဆိုပြီးထင်နေကြမှာပါဘဲ။ တကယ်တော့အ
ကျွန်တော်တို့တွေက လူမည်းတွေနဲ့ပတ်သက်ရင်Marvelထဲက Black Pantherကိုပဲ အကြိုက်ဆုံးနဲ့ အမိုက်ဆုံးဆိုပြီးထင်နေကြမှာပါဘဲ။ တကယ်တော့အဲဒါတွေကစိတ်ကူးယဉ်ပုံဖော်မှုတစ်ခုသက်သက်ပါပဲ ဒါပေမယ့် တကယ့်Real Worldမှာ‌တော့ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့သူတွေကရုပ်ရှင်ထဲကCharacterတွေလို့ powerလုံးဝမရှိပါဘူး။ လက်တွေ့ကမ္ဘာကReal heroတွေကတော့ ဉာဏ်ပညာနဲ့ သတ္တိကိုဘဲပိုပြီးအသုံးချတယ် ဒါကသူတို့ရဲ့ powerဆိုရင်လုံးဝမမှားဘူး။ ဒါကြောင့် လက်တွေ့ကမ္ဘာမှာ သူရဲ‌ကောင်းဆန်ဆန်ထူးခြားတဲ့ လူမည်းတစ်ယောက်အကြောင်းပြောရရင် ၁၈ရာစုက အမေရိကန်တော်လှန်းရေးကို ကူညီခဲ့တဲ့ လူမည်းစပိုင်ကြီးJames Armisteadဆိုတဲ့ နှစ်ဖက်ချွန်သူလျှိူကြီးရှိခဲ့ဖူးတယ် သူကရုပ်လက္ခဏာသွင်ပြင်နဲ့မတူအောင်အရမ်းကိုသူလျှိုပီသတဲ့အပြင် လူမည်းတွေက်ိုမုန်းတီးပြီးရန်သူလို့သဘောထားတတ်တဲ့ လူဖြူခေါင်းဆောင်ကိုပါလှည့်စားတာကျွမ်းတဲ့ တကယ့်Masterclassကြီးတစ်ဦးပါပဲ။

အကယ်လို့ ပြည်သူများက ကျွန်တော်ရဲ့ ပြုပြင်ပြောင်းလဲ‌ရေးအတွက် စီးပွားရေးက်ို လက်ရှိကာလထက်မတိုးတက်ဘူးလို့ထင်မြင်ခဲ့ရင် ကျွန်တော်
အကယ်လို့ ပြည်သူများက ကျွန်တော်ရဲ့ ပြုပြင်ပြောင်းလဲ‌ရေးအတွက် စီးပွားရေးက်ို လက်ရှိကာလထက်မတိုးတက်ဘူးလို့ထင်မြင်ခဲ့ရင် ကျွန်တော်ရဲ့အုတ်ဂူပေါ်ကို တံတွေးလာထွေးကြလည်း ရတယ်။ ဒါပေမဲ့ကျွန်တော်ရဲ့နိုင်ငံကိုတော့ ဆင်းရဲမွဲတေမှုကနေ ဘယ်လိုနည်းနဲ့မဆို ကယ်တင်သွားမှာဖြစ်တယ်။ -Park Chung-hee ၃ဦးမြောက်ကိုရီးယားသမ္မတ
#RAIDEN_KT #History #Kyawthet

ဘဝမှာအကောင်းဆုံးအရာတွေဟာ ကျွန်တော်တို့ချစ်ရတဲ့သူငယ်ချင်းတွေ၊ အိပ်မက်တွေနဲ့ အမှတ်တရတွေလိုမျိုး သုံးခုနဲ့ လာတတ်ပါတယ်။ -မန်စီးယပ
ဘဝမှာအကောင်းဆုံးအရာတွေဟာ ကျွန်တော်တို့ချစ်ရတဲ့သူငယ်ချင်းတွေ၊ အိပ်မက်တွေနဲ့ အမှတ်တရတွေလိုမျိုး သုံးခုနဲ့ လာတတ်ပါတယ်။ -မန်စီးယပ်စ် #Kyawthet #RAIDEN_KT #History

"ဒီarticleလေးကိုအပြည့်အစုံတင်လိုက်ရင်ownerကtake downလုပ်မလားဘဲ....ဘာလို့ဆိုနိုင်ငံရေးနဲ့ ဘာသာရေးကို သေသေချာချာclassifyပြီးသေးသေးလေးဝေဖန်ထားတာဆိုတော့ဂျာ....🤓 အ့ကြောင့်စိတ်ဝင်စားရင်ကျွန်တော်အကောင့်မှာလာမေးလို့ရပါတယ်...Channelမှာတင်ရင် ownerစိတ်ဆိုးဝါးမှာဆိုလို့ပါခဗျ.....🫣 @SenatorbongbongMarco

Hi Guys....I'm Historian RAIDEN KT. It's nice to meet you again.I think the topic I will present will be an invaluable discus
Hi Guys....I'm Historian RAIDEN KT. It's nice to meet you again.I think the topic I will present will be an invaluable discussion for young, ambitious leaders and history lovers. Do you know what that is?. 🤓Hmmm...Guess what?.So this is a reminder of how you separate political and religious ideology.This latest review is just one more episode in a power-hungry scandal that challenges people's loyalty to the trust they have.I suggest that you don't interfere with religion, even if you are interested in politics.Or I'm very 🙂‍↔️sus......sus......sus....of a power without a purpose. RAIDEN KT Historian #Kyawthet #RAIDEN_KT #History

တစ်သက်လုံး လူတွေလေးစားရပြီး ဗြိတိသျှ‌တွေတောင်ကြောက်သေးထွက်ရတဲ့အထိ အမေရိကန်တော်လှန်ရေးကြီးကိုဦးဆောင်နေတဲ့ သူရဲကောင်းကြီးက"သွားတစ်ချောင်း"မှ မရှိဘူးတဲ့.......🫪

အာဏာဟူသည် ကြောက်စရာ
လူသမိုင်းတစ်‌လျှောက် အာဏာဟာ စွဲလမ်းမိသူတွေအဖို့ ၎င်းတို့ကို ဘယ်လိုအကျိုးပြန်ပေးသလဲဆိုရင် ပြင်သစ်တော်လှန်ရေးမတိုင်မီက ပြင်သစ်ဘုရင်စနစ် ကို ကြည့်ရပါလိမ့်မယ်။ ၎င်းမှာအာဏာ၊ ချမ်းသာကြွယ်ဝမှုနှင့် ဆုံးဖြတ်ချက်အားလုံးကို ဗာဆိုင်းနန်းတော်ဆိုသည့် ဗဟိုချက်တစ်ခုထဲမှာ စုစည်းထားခဲ့ပါတယ်။ ဘုရင်သည် နေမင်းကဲ့သို့ ဗဟို၌ တည်ရှိသည်ဟု ခံယူခဲ့သော်လည်း ထိုဗဟိုပြုခြင်းဟာအလွန်အကျွံများသည်နှင့်အမျှ လူထုအားအထက်တန်းလွှာတို့၏ ဖိနှိပ်မှုများဖီအားများဟာပြင်ထန်နိုင်‌သောသ‌ဘောသဘာဝရှိလာ၏။ ဖိအားတစ်ခုဟာအလွန်အကျွံအားပြင်လာသည်အခါထိုဖိအား‌ကြောင့် အောက်ခြေဟာအဆုံး၌ပြန်လည်ကန်းထွက်ကုန်ကြ၏။ အမှန်တကယ်အားဖြင့် လူထုဟာ နာကျင်မှုတွေပိုမိုပြင်ထန်လာသည့်အခါ ၎င်းတို့၏အသက်ကိုသေဖို့တောင်မမြင်နိုင်တော့သည့်အခါ ၎င်းတို့၏"မျက်မမြင်အလွှာ"တစ်ခုကို ဖန်တီးရန်ကြောက်ကန်း ကန်တတ်ကြကုန်၏။
ဗဟိုပြုထိန်းချုပ်ခြင်းဟူသည် ကြောက်စရာ
ဩဇာအာဏာဗဟိုပြုခြင်း၏‌စက်ဆုပ်ဖွယ်ကို ဥပစာပြုရသော် ရောမအင်ပါယာကြီး၏‌ရွှေခေတ်၏အဆုံသတ်ဖြစ်သည့် သူ၏ကျဆုံးခြင်းကိုအလွယ်ရှင်းပြရပါလိမ့်မည်။ ဗဟိုပြုခြင်း၏ဆိုးကျိုးအရ ကြည့်လျှင် ရောမအင်ပါယာကြီးသည် အလွန်တရာမှကြီးမားကျယ်ပြန့်ကုန်၏။ ၎င်းအင်ပါယာသည် နိုင်ငံငယ်များကိုသိမ်းပိုက်ကာမိမိတို့၏အင်ပါယာဩဇာအာဏာကို ဗဟိုချုပ်ကိုင်ဖို့ ပိုမိုကြိုးစားထား၏။ ဆိုးကျိုးအရ အဝေးမှထိန်းချုပ်ခံထားရသောဒေသန္တရနိုင်ငံတို့၏ အသိဉာဏ်များ၊ ကွဲပြားသောယဉ်ကျေးမှုများကို မလေးစားဘဲ ရောမအင်ပါယာတစ်နိုင်ငံထဲ၏ဗဟိုချက်ထဲမှသာ အမိန့်ပေးတော့‌လေ၏။ ဤသို့ဖြင့် နိုင်ငံငယ်တို့၏လွတ်လပ်မှုမှ ရုန်းထွက်သည့်စု‌ပေါင်းဒဏ်ကို အလူးအလဲခံရ၏။ ထိုသို့ ဗဟိုပြုခြင်းသည် စနစ်ကို ကြံ့ခိုင်စေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် စနစ်ကို ထုံထိုင်းသွားစေရုံတင်မက ပျက်စီးခြင်းသို့ ပိုမိုမြန်ဆန်စွာ ဆွဲခေါ်လေ၏။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #History

"ကျွန်တော်ကလေး ဖုန်မှုန့်ဖြစ်နေတာထက်စာရင် ကျွန်တော်က ပြာဖြစ်သွားရတာမှ ပိုပြီးကြိုက်တယ်။ ကျွန်တော်ဘဝမှာမီးတောက်တွေလို ငြိမ်းသွ
"ကျွန်တော်ကလေး ဖုန်မှုန့်ဖြစ်နေတာထက်စာရင် ကျွန်တော်က ပြာဖြစ်သွားရတာမှ ပိုပြီးကြိုက်တယ်။ ကျွန်တော်ဘဝမှာမီးတောက်တွေလို ငြိမ်းသွားရုံနဲ့ ပျက်စီးသွားတာထက်စာရင် ပိုတောက်ပတဲ့ မီးလျှံကြီးအဖြစ်နဲ့ လောင်ကျွမ်းသွားတာကိုပဲ ကျွန်တော်ရွေးချယ်ချင်တယ်။ အချည်းနှီး နာမည်ကြီးနေတဲ့သူ ဖြစ်တာထက်စာရင် ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ရတာကိုပဲ ကျွန်တော်ပိုလိုလားတယ်။ ရိုးရိုးတန်းတန်းနဲ့ ကြာရှည်တည်တံ့နေတဲ့ ဂြိုဟ်လုံးကြီးဖြစ်နေတာထက်စာရင် အက်တမ်တိုင်းမှာ တောက်ပမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကြယ်တံခွန်ကြီးအဖြစ်နဲ့ တခဏတာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား တောက်ပသွားချင်တယ်။ လူဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ အသက်ရှင်နေဖို့ မဟုတ်ဘူးတကယ့်ကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့အတွက်ပဲ။ ကျွန်တော်ရဲ့သက်တမ်းကို ရှည်အောင် ကြိုးစားရင်းနဲ့ အချိန်တွေကို အလကားဖြုန်းတီးပစ်မှာ မဟုတ်ဘူး။ ကျွန်တော်အချိန်တွေကို အကောင်းဆုံးဖြစ်အောင် အသုံးချသွားမယ်။" -jack london အမေရိကန်စာရေးဆရာ #RAIDEN_KT #History #Kyawthet #jacklondon #RAIDEN_KT

“စည်းကမ်းဟာ အိမ်ကစတယ်” ငယ်စဉ်က အိမ်မှာ အသေးအမွှားလေးတွေကအစ စည်းကမ်းလိုက်သင်ပေးခံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းကတော့ မလိုအပ်ဘူးလို့ ထင်မိခဲ့ဖူးတယ်။ ကြီးလာရင် သူ့ဟာသူ သိသွားမှာပဲလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အသက်ကြီးလာပြီး လူတွေကို ကြည့်မိတဲ့အခါမှာ ကိုယ့်ကို လူယဉ်ကျေးတစ်ယောက်၊ အဆင့်အတန်းရှိရှိ နေနိုင်အောင် သင်ကြားပေးခဲ့တဲ့ အိမ်ကို တိတ်တိတ်လေး ကျေးဇူးတင်မိလာတယ်။ မီးသုံးပြီးတိုင်း ပြန်ပိတ်တတ်တာ၊သူများပစ္စည်းကို မတော်တဆ ထိမိရင် နေရာတကျ ပြန်ထားပေးတတ်တာ၊ ကိုယ့်အဆင်ပြေမှုတစ်ခုကြောင့် သူများကို မထိခိုက်စေဖို့ စဉ်းစားတတ်တာဒီလိုအသေးအဖွဲ့လေးတွေကပဲ လူတစ်ယောက်ရဲ့ ယဉ်ကျေးမှုကို ပြောပြနေပါတယ်။ ထမင်းစားပွဲပေါ်မှာတောင် လူတစ်ယောက်ရဲ့ အိမ်အပြုအမူကို မြင်နိုင်တယ်။ အသံမမြည်အောင်စားတာ၊ စားပြီးသားနေရာကို သန့်ရှင်းအောင်ထားတာတွေဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ တစ်ဖက်လူကိုပါ လေးစားမှု ပြထားခြင်းပါပဲ။ စကားအပြောအဆိုကလည်း အရေးကြီးပါတယ်။ မပြောသင့်တဲ့စကားကို မထိန်းနိုင်ရင် ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ပဲ လျော့ချနေတာပါ။ စကားဆိုတာ တန်ဖိုးကြီးတဲ့ အရာတစ်ခုပဲ ဖြစ်လို့ပါ။ စည်းကမ်းနဲ့ ယဉ်ကျေးမှုဟာ ခွဲမရတဲ့ အရာတွေပါ။ လူ့အသိုင်းအဝိုင်းမှာ နေကြမယ်ဆိုရင် ကိုယ့်အဆင်ပြေမှုတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်အပြုအမူက ကိုယ့်မိဘတွေရဲ့ ပုံရိပ်ဖြစ်တယ်ဆိုတာကို သတိရနေဖို့လိုပါတယ်။ #Amy

သိုရိုးရဲ့ဒဿနပေါင်းများစွာ ကောက်နုတ်ချက်အရ သူရဲ့စိတ်နေစိတ်ထားကို ကျွန်တော်တို့ရိပ်စမိတဲ့အချက်တစ်ခုရှိတယ်။အဲဒါက မင်းကလူကြားထဲမ
သိုရိုးရဲ့ဒဿနပေါင်းများစွာ ကောက်နုတ်ချက်အရ သူရဲ့စိတ်နေစိတ်ထားကို ကျွန်တော်တို့ရိပ်စမိတဲ့အချက်တစ်ခုရှိတယ်။အဲဒါက မင်းကလူကြားထဲမှာ ဆရာကြီးအထားနဲ့ လူတောထဲဇွတ်တိုးဝင်ပြီး လိုက်စီးမျောမနေနဲ့၊ မင်းဘာသာ ဘဝကိုလွတ်လွတ်လပ်လပ်နဲ့ရိုးရိုးရှင်းရှင်း သိုသိုသိပ်သိပ် နေစမ်းပါ ဆိုတဲ့ အချက်ဘဲ ဒါကသိုရိုးရဲ့ အကျော်ကြားဆုံး Life Choiceအဆင့်သတ်မှတ်ချက်ဆိုရင်မမှားဘူး။ ကျွန်တော်သတိမိတယ် သိုရိုးရဲ့အမြင်က  လူတွေဟာ ပိုက်ဆံတွေ၊ ရာထူးတွေ၊ ဂုဏ်ဒြပ်တွေရဲ့ အနောက်ကိုBlindlyလိုက်နေကြတာကို သူကလုံးဝသဘောကျဟန်မတူဘူး။ အဲဒါနဲ့သူက ဘာလုပ်သလဲဆိုတော့ လူတွေ‌ရဲ့အတ္တတွေမြို့ပြတွေနဲ့ ဝေးတဲ့ Waldenဆိုတဲ့ ရေကန်လေးဘေးက တောအုပ်ထဲမှာ ပကာသနမရှိဘဲ တဲလေးတစ်လုံးကို ကိုယ်တိုင်းဆောက်ပြီး တစ်ယောက်ထဲနေရှာတယ်။ "I went to the woods because I wished to live deliberately..." ငါ တောထဲသွားနေတာဟာ ဘဝကို အဓိပ္ပာယ်ရှိရှိ၊ သတိရှိရှိနဲ့ ဖြတ်သန်းချင်လို့ကွ။ -RAIDEN KT Historian #RAIDEN_KT #HenryDavidThoreau #history #Kyawthet