en
Feedback
𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾

𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾

Open in Telegram

𝘠𝘰𝘶’𝘳𝘦 𝘮𝘰𝘴𝘵 𝘸𝘦𝘭𝘤𝘰𝘮𝘦! 𝘚𝘪𝘯𝘤𝘦 -4.7.2023 ꔫ 𐙚₊˚𝘛𝘺𝘴𝘮 𝘧𝘰𝘳 𝘫𝘰𝘪𝘯 𐙚₊˚

Show more
1 154
Subscribers
-324 hours
-57 days
-1530 days

Data loading in progress...

Attracting Subscribers
September '26
September '26
+5
in 0 channels
August '26
+10
in 0 channels
Get PRO
July '26
+14
in 0 channels
Get PRO
June '26
+9
in 0 channels
Get PRO
May '26
+8
in 0 channels
Get PRO
April '26
+10
in 0 channels
Get PRO
March '26
+9
in 0 channels
Get PRO
February '26
+8
in 0 channels
Get PRO
January '26
+13
in 0 channels
Get PRO
December '25
+14
in 0 channels
Get PRO
November '25
+21
in 0 channels
Get PRO
October '25
+18
in 0 channels
Get PRO
September '25
+17
in 2 channels
Get PRO
August '25
+41
in 0 channels
Get PRO
July '25
+26
in 1 channels
Get PRO
June '25
+49
in 0 channels
Get PRO
May '25
+172
in 2 channels
Get PRO
April '25
+48
in 3 channels
Get PRO
March '25
+125
in 5 channels
Get PRO
February '25
+12
in 3 channels
Get PRO
January '25
+29
in 2 channels
Get PRO
December '24
+15
in 2 channels
Get PRO
November '24
+64
in 3 channels
Get PRO
October '24
+134
in 2 channels
Get PRO
September '24
+102
in 0 channels
Get PRO
August '24
+231
in 2 channels
Get PRO
July '24
+167
in 3 channels
Get PRO
June '24
+253
in 1 channels
Get PRO
May '24
+316
in 2 channels
Get PRO
April '24
+175
in 0 channels
Get PRO
March '24
+297
in 0 channels
Get PRO
February '24
+251
in 1 channels
Get PRO
January '24
+153
in 0 channels
Get PRO
December '23
+70
in 0 channels
Get PRO
November '23
+357
in 0 channels
Get PRO
October '23
+671
in 1 channels
Date
Subscriber Growth
Mentions
Channels
09 September0
08 September0
07 September+1
06 September+2
05 September0
04 September0
03 September+1
02 September0
01 September+1
Channel Posts
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။ -Jim Rohn-
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေထဲမှာ သာမန်လူတွေက သူတို့ဘဝကို တိုးတက်ဖို့အတွက်ဆိုရင် သူတို့ရဲ့စိတ်အားထက်သန်တဲ့ခံစားချက်တွေရှိလာတဲ့အချိန်ခဏတာ‌လောက်ဘဲ အလုပ်ကို ကြိုး"စား"လုပ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ထူးချွန်ပြီးပါရမီရှိတဲ့ လူတွေကသာ အလုပ်တစ်ခုကို သူတို့ရဲ့စိတ်အားထက်သန်မှု‌တွေပျောက်‌ဆုံးသွားတဲ့အချိန်ထိ ဆက်ပြီး ကြိုးစားလှုပ်ရှားရုန်းကန်ကြတယ်။ ကျွန်တော်တို့ဟာ မိမိရဲ့တစ်‌နေ့တာအချိန်‌တွေကို အကျိုးမရှိဘဲပျင်းရိနေပြီ မနက်ဖြန်မှာလည်းဒီအတိုင်းဘဲဆက်သွား‌နေမယ်ဆိုရင် ကျွန်တော်တို့မှာ ကိုယ်ဘဝအတွက်မက်ထားတဲ့ အိပ်မက်တွေကို တိုးတက်ဖို့ထက် နေ့ရက်တိုင်းမှာ ပျင်းရိမှုတွေကဘဲအခိုးယူခံဖို့ လမ်းဖွင့်ပေးနေတာသေချာသလောက်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် လူတွေရဲ့ဘဝမှာ အလုပ်တစ်ခုကိုကြိုးစားနေတဲ့အခါ မိမိအတွက်ကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ခဏတာစိတ်အားသန်း‌နေလို့ရတာ မဟုတ်ဘဲ အလုပ်တစ်ခုကိုဘဲ တသမတ်တည်းစိတ်နှစ်ပြီး စည်းကမ်းရှိတဲ့ ရေရှည်ကြိုးစားအားထုတ်မှုတွေကနေသာ ထွက်ပေါ်လာလေ့ရှိပါတယ်။ သို့‌သော် ကျွန်တော်တို့ ဘယ်လောက်ဘဲကြိုးစားကြိုးစား ကိုယ့်ရဲ့ရုန်းကန်မှုတွေကအရာမထင်တဲ့အခါ ငါတို့လုပ်ရပ်‌တွေကမြင်သာတဲ့ပြောင်းလဲမှုမရှိဘူးလို့ စိတ်ဓါတ်မကျလိုက်ပါနဲ့။ ဧကန်မုချ ကျွန်တော်တို့ ကြိုးစားအားထုတ်လိုက်တာတွေက ဘယ်တော့မှအချည်းနှီးဖြစ်နေလိမ့်မယ်လို့ မဆိုလိုပါဘူး။ဘာလိုဆို သစ်ပင်တစ်ခုမှာပင်စည်က မကြီးထွားခင် သူရဲ့အမြစ်တွေက အရင်ကြီးထွားတတ်လို့ပါပဲ။ မင်းအနေနဲ့ မင်းရုန်းကန်နေရတာတွေကို အရမ်းကိုမှ နှေးကွေးတယ်လို့ ခံစားရရင်တောင် ဆက်ပြီးသင်ယူနေပါ။ ဘာလို့လဲဆိုတော့ မင်းစုဆောင်းထားတဲ့ အသိပညာတိုင်းဟာ မင်းရဲ့အနာဂတ်ကို တည်ဆောက်ပေးနေလို့ပါပဲ။ ကမ္ဘာကြီးက မင်းရဲ့ရုန်းကန်မှုကို မမြင်သေးလို့ဆိုပြီးလည်း လုံးဝလက်မလျှော့လိုက်ပါနဲ့ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်က တသမတ်တည်းလုပ်ဆောင်သူတွေကို ဘယ်တော့မှ သစ္စာမဖောက်လို့ပါ။ မင်းအတွက် မင်းလုပ်လိုက်တဲ့အလုပ်တွေကအချည်နှီးဖြစ်ခဲ့တောင် လုံးဝနောင်တမရဘဲ ရှေ့ဆက်သွားဖို့ကိုသာ ရွေးချယ်ပါ။ ဒီလိုကြိုးစားမှုသေးသေးလေးတွေက နေ့စဉ်နဲ့အမျှ မင်းကိုခြေလှမ်းသေးသေးလေးတွေအဖြစ်ထင်ကျန်နေပေမယ့် မင်းခေါင်းထဲမှာပဲ ဒါတွေကရပ်တန့်နေတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို စုဆောင်နိုင်တဲ့ ဒေတာတွေဖြစ်နေလို့ပါပဲ။ အဘယ်ကြောင့်ဆိုရလျှင်နောက်ဆုံးတွင် အောင်မြင်မှုဆိုတဲ့စကားလုံးဟာ အမြဲတမ်း စိတ်အားထက်သန်သူ‌တွေနဲ့မသက်ဆိုင်တော့ဘဲ ပျင်းရိသူ‌တွေနဲ့ ရလဒ်ကောင်းတွေက်ုမမြင်နိုင်သေးတဲ့သူ‌တွေအတွက် စိတ်ကူးယဥ်ဆန်ဆန်ဆက်လက်လုပ်ဆောင်နေရမယ်ဆိုတဲ့ တွန့်အားပေးမှုတစ်ခုဖြစ်သွားနိုင်လို့ပါပဲ။ လက်တွေ့အောင်မြင်မှုဆိုတာ ကြိုးစားရုန်းကန်နေသူတွေအတွက် လက်ရှိကာလအပိုင်အခြားကိုဆိုလိုခြင်းဖြစ်လေ၏။ ဘာလိုဆိုရင်မင်းကြိုးစားတဲ့အချိန်တိုင်းက‌ရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ ဒီရလဒ်တွေကမင်းကို ထောက်ပံ့နေတဲ့ ရင့်ကျပ်မှုဖြစ်နေကြောင်းထုတ်ဖော်ရင်းနိဂုံးချုပ်လို၏။ -RAIDEN KT Historian #RAIDEN_KT #History #KyawThet

2
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီ
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။ -Jim Rohn- #RAIDEN_KT #History #KyawThet
56
3
ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ
ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ့မှ ဆေးကြောလို့ ရတော့မှာ မဟုတ်ဘူးဆိုတာ ငါအခုပိုပြီး ရေရေရာရာ သဘောပေါက်လိုက်ပြီ။ -ဂျွန်ဘရောင်း ကျွန်စနစ်၏ဖျက်သိမ်းရေးဝါဒီ #kyawthet #history #RAIDEN_KT
78
4
ကျွန်တော်တို့ လူသားတွေရဲ့ အတွေးအခေါ်က‌နေ ယိုစိမ့်လာတဲ့စနစ်တစ်ခုမှာ အမှန်တရားဆိုတာ ပထမဦးဆုံး အကျင့်သီလဖြစ်သကဲ့သို့ပင်၊ လူမှုရေ
ကျွန်တော်တို့ လူသားတွေရဲ့ အတွေးအခေါ်က‌နေ ယိုစိမ့်လာတဲ့စနစ်တစ်ခုမှာ အမှန်တရားဆိုတာ ပထမဦးဆုံး အကျင့်သီလဖြစ်သကဲ့သို့ပင်၊ လူမှုရေးဆိုင်ရာအဖွဲ့အစည်းများတွင်လည်း တရားမျှတမှုဆိုတာဟာ ပထမဦးဆုံး ကျင့်ဝတ်သီလဖြစ်ရပါမယ်။ "A Theory of Justice"၏စာအုပ်မှ -John Rawls ကျင့်ဝတ်ဒဿနပညာရှင်
137
5
၁၉၉၂ခုနှစ်နဲ့ ၁၉၉၆ခုနှစ်ရဲ့ နှစ်ကာလတွေမှာအမေရိကန်ရဲ့ နိုင်ငံရေးလောကမှာလွှမ်းမိုးစိုးမိုးနေတဲ့ ပါတီကြီးတွေဖြစ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုပါ လုံးဝတုန်လှုပ်ခဲ့တဲ့ လူတစ်ဦးရှိခဲ့တယ်။ သူက သမ္မတနေရာအတွက် ဘယ်ပါတီထဲမှာမှ ဝင်အရွေးမခံဘဲ တစ်သီးပုဂ္ဂလ အနေနဲ့ ပြိုင်ခဲ့ပြီး သမိုင်းမှာ လူထုထောက်ခံမှုအရှိဆုံး နိုင်ငံရေးသမားအဖြစ် ပါတီကြီးတွေရဲ့စံနှုန်းကို ကျော်တက်ခဲ့သူ.....သူကRoss Perotဆိုတဲ့ တက္ကဆက်သား စီူပွားရေးသမားတစ်ဦးပါပဲ။ Ross Perotဆိုတဲ့သူကနိုင်ငံရေးနယ်ပယ်တစ်ခုထဲအတွက် သူကိုထောက်ခံသူတွေကိုမစည်းရုံးခဲ့ဘဲ စီးပွားရေးဗျူဟာနဲ့ လက်တွေ့ကျကျ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုထဲက ဝါရင့်နိုင်ငံရေးသမားတွေကို ပြတ်ပြတ်သာသာယှဉ်ပြိုင်ပြနိုင်ခဲ့တာပါပဲ။ သူဟာ၁၉၉၂ခုနှစ်သမ္မတရွေးကောက်ပွဲနဲ့ ၁၉၉၆ခုနှစ်ရဲ့ သမ္မတရွေးကောက်ပွဲမှာ နှစ်ကြိမ်းဆက်တိုက်ရှုံးနိမ့်ခဲ့ပေမယ့် သူရဲ့ စီးပွားရေးမဟာဗျူဟာတွေကတော့ ဘယ်တော့မှမကျရှုံးခဲ့ပါဘူး။ လူတွေဟာ ပါတီကြီးတွေရဲ့ မျှော်လင့်မရနိုင်တဲ့ ကတိကဝတ်တွေကို ယုံကြည့်ကာ သူကိုမျက်ကွယ်ပြုပေးမယ့် နိုင်ငံရေးအသိုင်းဝိုင်းထဲက ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန် ပါတီကြီတွေအတွက်တော့ Ross Perotက လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘဲ သူရဲ့ နိုင်ငံရေးနဲ့စီးပွားရေးဗျူဟာတွေက ထိုပါတီတွေအတွက် အမြဲတမ်းခုံလှုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမရိကန်နိုင်ငံရေးလောကမှာ Ross Perotဆိုရင် အခုထိမသိတဲ့သူမရှိလောက်အောင် ကျော်ကြားတုံပါပဲ။ -RAIDEN KT #RAIDEN_KT #kyawthet #History
145
6
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ????? အပိုင်း၁#
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ????? အပိုင်း၁#
101
7
သမိုင်းမှာအဖိုးမဖြတ်နိုင်တဲ့ စာပေလက်ရာကောင်းတွေဆိုတာ ကျွန်တော်တို့အတွက်မျက်စိပသာဒဖြစ်စေရုံသက်သက်တော့မဟုတ်ပါ။ ဒါကလူသားတွေရဲ့ တည်ရှိမှု၊ အသိတရားနဲ့ လွတ်လပ်မှုတွေကို နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်ပေးတဲ့ ဒဿနိကဗေဒဆိုင်ရာ သဘောတရားတွေရဲ့ ပုံရိပ်တစ်ခုလိုပါပဲ။ အဲဒီလို လက်ရာမြောက်လှတဲ့ စာပေတွေနဲ့ပတ်သက်ရင် ၁၃ရာစုအကုန်၁၄ရာစုအစောပိုင်းကာလမှာ အိတလီမြေပေါ်ကပေါက်ဖွားလာတဲ့ကမ္ဘာကျော် ကဗျာဆရာကြီးDante Alighieriရဲ့ စာပေဒဿနဟာဆိုရင်လည်း လုံးဝအထင်ကြီးစရားပါပဲ။ သူနဲ့ပတ်သက်ပြီး ကျွန်တော်Poetry Foundationမှာသူရဲ့အတ္တုပတ္တိ ကိုလေ့လာကြည့်တဲ့အခါ သူကသာမန်ကဗျာဆရာတစ်ဦးထက်ပိုတာသတိထားမိတယ်။ ဒါပေမယ့် သူကကဗျာဆရာနဲ့ ဒဿနိကဗေဒပညာရှင်အဖြစ်လည်း အားလုံးကသိကြမယ်ထင်ပါတယ်။ Dante Alighieriရဲ့ဘဝမှာ စာပေအယူအဆပေါင်းများစွာရှိပြီးအ့ဒီထဲကမှ အထင်ရှားဆုံးအယူအဆတစ်ခုကိုပြောရလျှင် သူဟာလူသားတွေအားလုံးရဲ့ ကံကြမ္မာနဲ့ အဆုံးအဖြတ်တိုင်းဟာ သူတို့အတွက်တန်ပြန်စေတဲ့ပြင်ပအာဏာတွေရယ် မိမိတို့ရဲ့တည်ရှိနေမှုဟာ ကံတရားသက်သက်ပေါ််မှာ မူမတည်နေကြောင်း ထိုတည်ရှိနေမှုဟာ လူသားတစ်ဦးချင်းစီး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် မိမိတို့၏အချုပ်အချာကို မိမိတစ်ဦးထဲသာစိုးမိုးနိုင်သော ဆုံးဖြတ်ချက်ဖြင့် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်မှုတွေပေါ်မှာအပြည့်အဝတည်ရှိနေကြောင်းကို သူကမိန့်ဆိုထားခဲ့ပါတယ်။ Dante Alighieriရဲ့ ရေးသာချက်တွေထဲမှာမှ ကမ္ဘာကျော်ပြီး ဥရောပရဲ့စာပေ‌ကဗျာလောကထဲကမှ အမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ Divine Comedyကဗျာလကာ်ကြီးထဲမှာဆိုရင်သူက ငရဲ၊ သန့်ရှင်းစင်ကြယ်ရာဌာနနဲ့ ကောင်းကင်ဘုံလို့ခေါ်တဲ့ ခရီးစဉ်၃ရပ်ကို သူကဖန်တီးပြသထားတယ်။ ဒီခရီးစဥ်၃ခုရပ်ထဲမှာ လူသားတွေဟာ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ အသိတရားကို အခြေခံချချအသုံးချပြီး ကိုယ်ရဲ့အနာဂတ်အတွက် ကိုယ်ဖောက်ထုတ်မယ့် လမ်းကြောင်းဟူသမျှကို မိမိကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း သူကအလေးအနက်တိုက်တွန်းပြသထားခဲ့တယ်။ ဆိုတော့ လူတစ်ယောက်က မိမိကိုယ်တိုင်မသိနားမလည်မှုတွေ၊ မိမိရဲ့မာန်မာနတွေ၊ အတ္တတွေနဲ့ အမှားထဲမှာ နစ်မွန်းနေမယ်ဆိုရင် သူကငရဲကျနေသလိုပါဘဲ။ ဒီအတွက် ကိုယ့်ရဲ့အပြစ်တွေကို ကိုကိုယ့်တိုင်သိမြင်တတ်ရမယ်...ထိုသိမြင်မှုကနောင်တတရားတွေနဲ့ ကိုယ့်ရဲ့ဝိညာဉ်ကို သန့်စင်လိုက်မယ်ဆိုရင် သူကတိုးတက်မြင့်မားရာ လမ်းကြောင်းမှန်ကို မလွဲရောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Dante Alighieriရဲ့ အတွေးအခေါ်တွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ပိုင်ဆိုင်ရာ လွတ်လပ်မှု၊ တာဝန်ယူလိုစိတ်နဲ့ ကံကိုမိမိရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကသာ လမ်းဖောက်နိုင်ကြောင်း ထုတ်ဖော်ပြပေးတဲ့ ဉာဏ်အလင်းရဲ့Classic era အထွတ်အထိပ်အယူအဆတစ်ခုပါပဲ။ -RAIDEN KT Historian #kyawthet #RAIDEN_KT #History
111
8
No text...
78
9
ဒီသမိုင်းရဲ့ဖြစ်ရပ်အစဟာ ၁၉၂၁ခုနှစ် အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့က Greenwoodဆိုတဲ့ ရပ်ကွက်လေးတစ်ခုကနေအစပြုခဲ့ပါတယ်။ ဒီရပ်ကွက်လေးမှာ လူမည်းတွေအများဆုံးနေတာကြောင့် တချို့က "Black Wall Street"လို့တောင်တင်းစားခေါ်ကြပါတယ်။ အဲဒီရပ်ကွက်နေ လူမည်းတွေဟာ စည်းလုံးကြပြီး မိမိတို့ဘဝအတွက် စီးပွားရေးတွေ၊ ကျန်းမာရေးတွေ၊ ပညာရေးတွေကအစ အချင်းချင်း ကူညိတာကြောင့် ရပ်ကွက်တစ်ခုလုံးဟာ တူလ်ဆာမြို့မှာ အချမ်းသာဆုံး ရပ်ကွက်လေးဖြစ်လာခဲ့တယ်။ နောက်ပြီး Greenwoodရပ်ကွက်နေ လူမည်းတွေဟာ ဘယ်လောက်ထိစည်းလုံးကြသလဲဆိုရရင် သူတို့ကဟာ ငွေကြေးအရ သုံးစွဲသည့် ၁ဒေါ်လာတောင်မှ ရပ်ကွက်ထဲမှာဘဲ လှည့်ပတ်သုံးနေရင်း ပြင်ပတခြားသူတွေဆီမရောက်ဘဲ အချင်းချင်းကြားမှာ လည်ပတ်နေနိုင်လောက်အောင် စီးပွားရေးက အရမ်းအားကောင်းနေခဲ့တယ်။  ဒါပေမယ့် သူတို့တွေရဲ့ ဒီအောင်မြင်မှုတွေက တခြားလူဖြူတွေရဲ့အမြင်ကို မနာလိုမှုတွေအဖြစ် ဖိတ်ခေါ်နေသလိုဖြစ်လာခဲ့တယ်။ Greenwoodရပ်ကွက်နေလူမည်းတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ ၁၉၂၁ဆိုတဲ့ ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေက အထွတ်အထိပ်ကာလရောက်နေတာကြောင့် သူတို့အတွက် လုံခြုံရေးအာမခံဆိုတာ လုံးဝမရှိခဲ့ပါ။ တူလ်ဆာမြို့ကလူဖြူတွေဟာ ဒီလူမည်းတွေက ဘာလို့ငါတို့ထက်ချမ်းသာနေရတာလဲ? အောင်မြင်နေရတာလဲ? စတဲ့မနာလိုမှုတွေနဲ့ လူမည်းတွေပေါ်အငြိုးထားကာ အချိန်မရွေးပြဿနာဖြစ်ဖို့ စောင့်ကြည့်နေခဲ့ကြတယ်။ ဒီလိုနဲ့ တင်းမားနေတဲ့ကြားက ၁၉၂၁ခုနှစ် မေလ၃၁ရက်နေ့မှာ လူဖြူမိန်းကလေးတစ်ဦးနဲ့ လူမည်းလူငယ်တစ်ဦးတို့ ဖြစ်တဲ့ပြဿာနာသေးသေးလေးကို အကြောင်းပြကာ လူဖြူတွေဟာအကြမ်းဖက်သည့် လုပ်ရပ်တွေဘက်သို့ရောက်သွားပါတော့တယ်။ လူဖြူကြီးစိုးရေးသမားတွေဟာ မေလ၃၁ရက်ည‌ဘက်မှာ လက်နက်ကိုယ်စီကိုင်ဆောင်ပြီး Greenwoodရပ်ကွက်တစ်ခုလုံးကို မွှေနှောက်ကာ လူမည်းအိမ်ခြေ၁,၂၀၀ကျော်ကို မီးရှိုးဖျက်ဆီးပစ်လိုက်ကြတယ်။ ပိုဆိုးတာက လူမည်းတွေကိုမြေပြင်ကနေ အကြမါးဖက်ခဲ့ရုံတင်မကဘဲ လေယာဉ်တွေနဲ့ ဗုံးတွေကျဲချပြီး အစုလိုက်အပြုံလိုက် အကြမ်းဖက်လိုက်ကြတယ်။ အဲဒီညမှာ အသက်ရှင်ဖို့ ကြိုးစားနေရင်း လူဖြူတွေလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် လူမည်းဦးရေဟာ ၃၀၀နီးပါးရှိလာတယ်။ လူမည်းတွေဟာ မိမိရဲ့အသက်ကိုလုပြီး ထွက်ပြေးရတာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကာ ထောင်ပေါင်းများစွာသော လူမည်းဒုက္ခသည်တွေအဖြစ် ဆောင်းရာသီမှာအေးခဲသည့်ဒဏ်များနှင့် နေစရာမရှိလောက်အောင် သူတို့ဟာလုံးဝဘဝပျက်သွားခဲ့ကြတယ်။ ဒီလောက်ရက်စက်တဲ့ အစုလိုက်အပြုံလိုက်ယုတ်မာတဲ့ ပြဿနာကြီးဟာ မကြာခင်မှာဘဲ အမေရိကန်သမ္မတအိမ်တော်သို့ ရောက်သွားခဲ့တယ်။ အမေရိကန်အစိုးရဟာ ဒီပြဿနာကိုကိုင်တွယ်ဖို့နေနေသာသာ လုံးဝနှုတ်ဆိတ်နေခဲ့တယ်။ အစိုးရပိုင် သတင်းစာတွေမှာလည် ဒီသတင်းကိုမပျံနှံစေဖို့ ဖုံးကွယ်ခဲ့ကြတယ်။ အဆိုးဆုံးက အမေရိကန်ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ ဒီအကြောင်းကို မျိုးဆက်သစ်တွေနဲ့ ကမ္ဘာကြီးကမသိစေဖို့ အစအနတောင်မပါစေရန် စနစ်တကျဖျက်ဆီးပစ်လိုက်ကြတယ်။ အစိုးရနဲ့ တာဝန်ရှိသူတွေက တူလ်ဆာမြို့ရဲ့ အ့ဒီနေရာကို ခေတ်သစ်မျိုးဆက်တွေသတိမထားမိစေဖို့ မြေလှန်ပြီး ဘယ်သူမှ ဒီနေရာမှာ ဘာမျှမဖြစ်ခဲ့သလို အဆောက်အအုံအသစ်တွေနဲ့ အစားထိုးဖုံးကွယ်လိုက်ကြတယ်။ ဒါပေမယ့် သမိုင်းရဲ့အမှန်တရားဆိုတာ ဘယ်သူဘယ်ဝါကမှဖုံးကွယ်လို့မရနိုင်ပါ။ ဒီပြဿနာအကြောင်းကို ၂၀၀၀ပြည့်နှစ်မှာ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ရေးနှင့် လူအခွင့်အရေးတက်ကြွသူများက ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နိဂုံးချုပ်သုံးသပ်ချက်အရ ကျွန်တော်တို့လူသားတွေရဲ့ သမိုင်းဟာ လူမျိုးရေးခွဲခြားမှု၊ မနာလိုမှုနဲ့ အာဏာရဲ့မာန်မာနတွေနဲ့ပြည်နှက်နေပြီး ယင်းလူသားအချင်းချင်းတို့ဟာ ပဠိပက္ခသံသရာထဲ၌ အင်အားကြီးသူကဗဟိုပြု၍ အားနည်းသော တစ်ဖက်သားအပေါ် ယဉ်ကျေးမှုများ၊ အသက်အိုးအိမ်နှင့် သူတို့ရဲ့ ချွေးနှဲစာတွေကိုပါဘယ်လောက်အထိ ရစရာမရှိအောင် ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို ဒီသမိုင်းက သက်သေပြနေပါတယ်။ သမိုင်းဆိုတာ အနိုင်ရသူတွေရဲ့ အကြောင်းထိုင်ဖတ် ရေးထိုးထားတဲ့ စာရွက်သက်သက်ချည်းဘဲမဟုတ်ပဲ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေ၊ အမှောင်ဖုံးခံခဲ့ရတဲ့ လူတွေရဲ့ ဘဝကို ဖော်ထုတ်ဖို့ လေ့လာရတဲ့နယ်ပယ်တစ်ခုဖြစ်ကြောင်းဆွေးနွေးသုံးသပ်အပ်၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT
164
10
သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူး
သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူးဆိုတိုင်း လက်တွေ့သမိုင်းဖြစ်ရပ်မှန်တစ်ရပ်ကို သတိထားမိမယ့်မထင်ပါဘူး။ လက်ရှိပြဿနာကအနာဂတ်ရဲ့သမိုင်းဖြစ်သွားတတ်တာကြောင့် တချို့လူတွေကမိမိတို့အတွက်ရုပ်ဆိုးအကျဉ်တန်တဲ့ သမိုင်းတွေကိုဖျောက်ခဲ့ကြသည်မှာလည်း များခဲ့လှ၏။ သို့သော်သူတို့ဟာဘယ်လိုဘဲ ဖျောက်ဖျက်နိုင်ကြပါစေ သမိုင်းဆိုတာနောက်ဆုံးပြန်လည်ဖော်ထုတ်ခံရမည်မလွဲပါ။ ဒီလိုအဖျောက်ဖျက်ခံရတဲ့သမိုင်းတွေထဲမှာ အံ့ဩစရာကောင်းအောင် ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အမေရိကန်ရဲ့ သမိုင်းပါပဲ။ ဒီသမိုင်းတစ်ခုဟာလည်း ယနေ့ထိဖျောက်ဖျက်ခံရထားရသလို အမေရိကန်အစိုးရကိုယ်တိုင်းကဖုံးဖိထားမယ်ဆိုလျှင် မယုံနိုင်လောက်ပေ။ အဲဒီသမိုင်းဟာ၁၉၂၁ခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ တူလ်ဆာလူမျိုးရေးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါပဲ။
132
11
တကယ်တော့လေး ကျွန်မ‌တို့ လူသား‌တွေမှာ မှော်ပညာဆိုတာရှိတယ်။ ဒါကိုဘယ်သူက ငြင်းနိုင်မှာလဲ...ချစ်ဖူးသူတိုင်းဟာ မှော်ပညာနဲ့ ထိတွေ့ဖ
တကယ်တော့လေး ကျွန်မ‌တို့ လူသား‌တွေမှာ မှော်ပညာဆိုတာရှိတယ်။ ဒါကိုဘယ်သူက ငြင်းနိုင်မှာလဲ...ချစ်ဖူးသူတိုင်းဟာ မှော်ပညာနဲ့ ထိတွေ့ဖူးကြတာချည်းပါပဲ။ -Nora Roberts #History #RAIDEN_KT #Kyawthet
149
12
လူအများဟာ အမှန်တရားကိုချစ်မြတ်နိုးသည်ဟုဆိုကြ၏။ သို့သော် သူတို့၏ အကြိုက်နှစ်သက်ဆုံးပုဂ္ဂိုလ်တစ်ဦးကို ဝေဖန်လိုက်သည်နှင့် တပြိုင်နက် ၎င်းတို့ဟာ အမှန်တရားမဟုတ်တော့ဘဲ ခုခံကာကွယ်မှုတစ်ခုသာဖြစ်၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT
158
13
သမိုင်းပျောက်ရင်No history, No identityပဲ -RAIDEN KT ယနေ့လို တိုးတက်နေတဲ့ခေတ်ကာလကြီးမှာ လူအများစုက historyနဲ့ပတ်သက်ရင် googleတို့ Wikipediaတို့ Britannicaတို့မှာ အတော်များများလေ့လာနေကြရတာတွေ့ရပါတယ်။ ဒါပေမယ့်သူတို့ Pageကပေးတဲ့ Dataတွေကိုလေ့လာရုံဖြင့်လည် မပြီဆုံးသေးပေ။ ဘာလိုဆိုရင် ကျွန်တော်တို့ဟာ မိမိလေ့လာလိုက်တဲ့Content တစ်ခုကိုပြန်လည်ဝေဖန်တတ်ဖို့လည်းလိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လူသားတွေရဲ့သမိုင်းဟာတစ်နေရာထဲမှာအစုလိုက်ရပ်တန့်နေတာမဟုတ်ဘဲ ကမ္ဘာကြီးနဲ့အတူ သဟဇာဖြစ်တည်ပြီး အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ အသက်ရှိတဲ့ရေစီးကြောင်းတစ်ခုပါပဲ ဒါကို ခေတ်ရေစီးကြောင်းလို့ တစ်မျိုးခေါ်နိုင်ပါသေးတယ်။  သမိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အခါ ထွက်လာတဲ့ ယုတ္တိဆန်တဲ့မေးခွန်းတွေက‌တော့ ငါတို့‌နေထိုင်တဲ့ပတ်ဝန်းကျင်သမိုင်းဟာဘာလဲ? ငါတို့ရပ်တည်နေတဲ့ ဟောဒီမြေပြင်ကြီးရဲ့ သမိုင်းကဘယ်ကစခဲ့လဲ? ငါတို့ရဲ့ rootတွေက ဘယ်ကအစပြုခဲ့တာလဲ? စသဖြင့် မေးခွန်းတွေနဲ့ ဝေဖန်တတ်ဖို့လိုအပ်ပါတယ်။ ဆိုတော့သမိုင်းဆိုတာဟာIt starts with our daily routine ဆိုတဲ့စကားတွေနဲ့ ပြန်လည်ဆန်းစစ်ကြည့်ပြီး သမိုင်းဝါသနားရှင်တွေအတွက်ရော လူငယ်မျိုးဆက်သစ်တွေအတွက်ပါ red flag တစ်ခုဖြစ်လာနိုင်ပါတယ်။ RAIDEN KT Historian #Kyawthet #History #RAIDEN_KT
13
14
သင့်တို့၏ဘဝကို ကံတရားကပုံဖော်ပေးတာမဟုတ်ဘဲ သင့်တို့၏အလေ့အကျင့်တွေကဖန်တီးပေးခြင်းသာဖြစ်ပါတယ်။ လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။ -အရစ္စတိုတယ်  အမြော်အမြင်ကြီးမားသူ အရစ္စတိုတယ်က‌ ဒီလောကကြီးမှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ရပ်အများစုဟာ အလိုအလျောက်ဖြစ်တည်နေကြောင်းကို သူကသတိပေးခဲ့ပါတယ်။ ဒီနေ့ကျွန်‌တော်တို့ ထပ်ခါတလဲလဲလုပ်ဆောင်နေတာတွေက ကျွန်‌တော်တို့ရဲ့ စရိုက်လက္ခဏာတွေကိုတဖြည်းဖြည်းချင်းစီ ပုံသွင်းပေး‌နေတာဖြစ်တယ်။ အဲဒီစရိုက်တွေကနေ ကျွန်တော်တို့တွေဟာမိမိရဲ့ ဆုံးဖြတ်ချက်တွေကို အဆုံးအဖြတ်ပေးနိုင်ပြီး ထိုဆုံးဖြတ်ချက်တွေကဘဲ ကျွန်တော်တို့ဘဝရဲ့ ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ပေး‌သွားမှာဖြစ်တယ်။ အကယ်လို့များကျွန်တော်တို့က နေ့စဉ်နဲ့အမျှကိုယ်လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းနေမယ်၊ ညည်းညူနေမယ် ဒါမှမဟုတ် ဖြတ်လမ်းတွေကိုသုံးဖို့ နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုရင်တော့ ကိုယ်ကိုကိုယ်တိုးတက်မယ့်ရလဒ်တွေက သိပ်ပြီးမပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုတော့ အံ့သြစရာမရှိပါဘူး။ ဒီအတွက် ကျွန်တော်တို့က ဆန့်ကျင်ဘက်အနေနဲ့ စည်းကမ်းရှိရမယ်၊ စာဖတ်ရမယ်၊ သင်ယူလေ့လာမှု‌တွေလုပ်ရမယ်...ဒီအ‌လေ့အထတွေကိုတစိုက်မတ်မတ်လုပ်ခြင်းက ရေတိုကာလမှာတော့ အရေးမပါဘူးလို့ထင်ရပေမယ့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေက ရေရှည်ကာလနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ သိသိသာသာကောင်းကျိုးခံစားရပါလိမ့်မယ်။ ဒါကြောင့် အောင်မြင်တဲ့သူတွေဖြစ်ဖို့ဆိုရင် စိတ်အားထက်သန်မှုဟာ မြင့်မား‌နေဖိုထက် မိမိအတွက်ပိုကောင်းတဲ့ အလေ့အကျင့်တွေ ရှိဖို့လိုအပ်ရုံပါပဲ။ ကျွန်တော်တို့ဟာ မိမိရေးခြယ်တဲ့အနာဂတ်ဆိုတာကို တိုက်ဆိုင်မှုတွေက‌နေတဆင့် ဖြစ်တည်လာတာမျိုး မဟုတ်ဘဲ...မိမိရဲ့အကျင့်စရိုက်တွေကို မိမိကိုယ်ပိုင်တစ်ဦးတစ်ယောက်ကပဲဖာသိဖာသာ ကျင့်ယူပြီး မိမိရဲ့ကံကြမ္မာကို ကိုယ်တိုင်းဘဲအလေ့အထတွေနဲ့‌ ရေးခြယ်‌နေတဲ့‌ လေ့ကျင့်မှုရဲ့ထပ်ခါထပ်ခါ ဖြစ်တည်နေတာသဘောမျိုးဖြစ်၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT
203
15
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။ -အရစ္စတိုတယ် #Kyawthet #History #RAIDEN_KT
164
16
ကျွန်‌တော်ဟာ ဘယ်သူကိုမှအနိုင်ရရန် မကြိုးစားပါ။ ကျွန်တော်ဟာ ကျွန်တော်မှာရှိသော အမှန်တရားရဲ့ အရှိကိုအရှိအတိုင်းနေထိုင်ရန်သာ ကြိ
ကျွန်‌တော်ဟာ ဘယ်သူကိုမှအနိုင်ရရန် မကြိုးစားပါ။ ကျွန်တော်ဟာ ကျွန်တော်မှာရှိသော အမှန်တရားရဲ့ အရှိကိုအရှိအတိုင်းနေထိုင်ရန်သာ ကြိုးစားပါတယ်။ ကျွန်တော်အတွက် ဘဝအခက်အခဲများနဲ့ရှုံးနိမ့်နိုင်သော်လည်း အမှန်တရားနှင့်အတူ ရှိနေပါက စိတ်ပျက်စရာမရှိတဲ့ ရိုးသားတဲ့အရှုံးသမားဘဝကိုပိုနှစ်သက်၏။ -Abraham Lincoln အမေရိကန်သမ္မတ #RAIDEN_KT #History #Kyawthet
169
17
ဘလက်ဘလက်...Ahem ahem ahem!......Sometimes, a war cannot be resolved with weapons.Warlordism is useful for expanding empires. When controlling a territory, only a politician with a good understanding of the civil administration can have a strong advantage.In some systems of government, trust can be won through discussion rather than weapons.There are often problems that cannot be solved with war.In world history, those who built military power and expanded empires like Napoleon will fail.....Civil politicians like Lincoln believed that expanding their country into a union rather than an empire could last forever. အဟမ်း....အဟမ်း...အဟမ်း😮‍💨 တစ်ခါတ‌လေးကြရင် စစ်ပွဲတစ်ခုဆိုတာကို လက်နက်‌‌တွေက အဆုံးအဖြတ်မပေးနိုင်ပါဘူး။ စစ်ဘုရင့်ဝါဒဆိုတာက အင်ပါယာချဲ့ထွင်ရေးအတွက်အသုံးဝင်ပေးမယ့် နယ်မြေတစ်ခုကိုထိန်းချုပ်တဲ့အခါအရပ်ဘက်အုပ်ချုပ်ရေးကိုကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတစ်ဦးထဲသာ အားချက်တစ်ခုရှိနိုင်ပါတယ်။ တချို့သော အစိုးရအုပ်ချုပ်ရေးစနစ်မှာ လက်နက်ထက် ဆွေးနွေးမှုက‌နေတစ်ဆင့်ယုံကြည့်မှုကိုသိမ်းပိုက်နိုင်တယ်။ စစ်ပွဲနဲ့တော့ဖြေရှင်းလို့မရတဲ့ပြဿနာတွေရှိတတ်ပါတယ်။ ကမ္ဘာသမိုင်းထဲမှာ နပိုလီယံတို့လိုစစ်အင်အားတည်ဆောက်ပြီးအင်ပါယာချဲ့ထွင်ရေးသမားတွေကျရှုံးပေးမယ့်....လင်းကွန်တို့လိုအရပ်ဘက်ဆိုင်ရာနိုင်ငံရေးသမားတွေကတော့ သူနိုင်ငံကို အင်ပါယာအစားပြည်ထောင်စုကြီးအနေနဲ့ ချဲ့ထွင်တာက ထာဝရတည်မြဲနေနိုင်ပါတယ်။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT
146
18
Can you accept that this is a satire?
Can you accept that this is a satire?
124
19
အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် ပညာတတ်မြောက်ပ
အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် ပညာတတ်မြောက်ပြီး အသိဉာဏ်ရှိပါက သူမသည် မိမိ၏ သားသမီးများကို ပညာတတ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။ မိခင်တစ်ဦး၏ ပညာဉာဏ်သည် မျိုးဆက်သစ်တို့၏ အနာဂတ်အတွက် အကောင်းဆုံးသော အမွေအနှစ်ပင် ဖြစ်၏။ ကျွန်မတို့၏ အမျိုးသမီးတွေဟာ ပညာရေးမရှိရင် ဘယ်တော့မှ လွတ်လပ်တဲ့ လူသားတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတို့အတွက် ပညာရေးသည်သာ အမျိုးသမီးထုအားလုံးရဲ့ အမှောင်မိုက်‌နေတဲ့အ‌မှောင်ထုမှ လွတ်မြောက်စေမယ့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ ထိုအလင်းရောင်မှတစ်ဆင့်သာ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဘဝကို တည်ဆောက်နိုင်မှာဖြစ်တယ်။ -R.A. Kartini အင်ဒိုနီးရှား သူရဲကောင်း #History #Kyawthet #RAIDEN_KT
134
20
ဆင့်ကဲဖြစ်စဉ်ဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါကို ဘယ်လိုမှ သံသယဖြစ်စရာမလိုတော့ပါဘူး...သူကို အလေးအနက်ထားပြီး ငြင်းခုံစရာလည်း မလိုတေ
ဆင့်ကဲဖြစ်စဉ်ဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါကို ဘယ်လိုမှ သံသယဖြစ်စရာမလိုတော့ပါဘူး...သူကို အလေးအနက်ထားပြီး ငြင်းခုံစရာလည်း မလိုတော့သလို...အသိဉာဏ်ရှိပြီး လေ့လာဖူးတဲ့ ဘယ်သူမဆို ဒါကို သံသယဝင်စရာ အကြောင်း‌တော့မရှိတော့ပါဘူး။ လိုရင်းပြောရရင်တော့ ဒီဆင့်ကဲဖြစ်စဉ်ဆိုတာက တကယ်ဖြစ်ပျက်ခဲ့တာ သေချာပေါက် အမှန်တရားပဲ။ -Richard Dawkins ဗြိတိသျှဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင် #Kyawthet #History #RAIDEN_KT
140