en
Feedback
Scholarships & Trainings for CDMers (MMR)

Scholarships & Trainings for CDMers (MMR)

Open in Telegram
6 797
Subscribers
+224 hours
+207 days
+8430 days
Posts Archive
၁၀ တန်းအောင် (သို့) BECA ပြီးမြောက်ထားပြီး ကြားကာလပညာရေးတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းဆရာ/မလေးများအတွက် ဆရာ့အတတ်ပညာအခ
၁၀ တန်းအောင် (သို့) BECA ပြီးမြောက်ထားပြီး ကြားကာလပညာရေးတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းဆရာ/မလေးများအတွက် ဆရာ့အတတ်ပညာအခွင့်အရေး - ပညာရေးဒီပလိုမာ (အထက်တန်း) သင်တန်း *လျှောက်လွှာကို - သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ တောင်းယူပါ

NTU က full ride scholarship ကို ရဖို့ဘယ်လိုပြင်ဆင်ခဲ့သလဲ Alice ရတဲ့ scholarship က Asean Undergraduate scholarship ဖြစ်ပါတယ်။ benefit လေးတွေကတော့ 1. Full tuition fees for 4 years 2. Allowance for each year 3. Laptop fees Section လေးခုခွဲပြီးရေးပေးပါမယ် 1. NTU ဝင်ခွင့်ရချိန် 2. Scholarship qualifications 3. Scholarship ရဖို့လွယ်လား 4. Scholarship essay နဲ့ interview Section 1 : NTU ဝင်ခွင့် Alice က NTU အတွက် Early Admission Exercise (EAE) နဲ့လျှောက်ခဲ့တာဖြစ်ပါတယ်။ ကျောင်းက gpa မြင့်တဲ့သူတွေကို email ပို့ပြီး EAEကနေ ကြိုလျှောက်ဖို့ပြောတာမလို့ပါ။ ပြောရရင် EAE ရတဲ့သူတွေရဲ့ 90% ကျော်က accept ခံရဖို့ အခွင့်အလမ်းများပါတယ်။ scholarship interview ကိုလဲ EAE ရထားတဲ့သူတွေတွက် အရင်လုပ်ပေးတာဖြစ်လို့ scholarship ရဖို့အခွင့်ရေးလဲပိုများပါတယ်။ ******************** Section 2: Scholarship qualifications Alice က Singapore Poly IT course က GPA 3.96 /4 ရခဲ့ပါတယ်။ Internship မှာတုန်းကလဲ supervisor ကခိုင်းတာတွေတင်မကပဲလုပ်တာပါ။ ကုမ္ပဏီအတွက် အကျိုးရှိနိုင်မယ့်ကောင်းနိုးရာရာ project လေးတွေကိုအမြဲတမ်းတင်ပြတယ်ပေါ့နော် boss ကို။ တကယ်တော့ ဒီဟာက portfolio အတွက် အရမ်းအရမ်းကောင်းပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ leadership/ community service အကြောင်းတွေပေါ့နော်။ Alice အမြဲပြောခဲ့သလို CCA လုပ်ရင် လမ်းကြောင်းတစ်ခုကိုယူပြီးလုပ်ပါ။ CCA က ကျောင်းနဲ့မဆိုင်တဲ့ဟာဆိုလည်းရပါတယ်။ online ကလုပ်တာဘာညာဆိုလည်း အဆင်ပြေပါတယ်။ ******************** Section 3: Scholarship ရဖို့လွယ်လား နံပါတ်တစ်အရေးကြီးဆုံးအရာကတော့ GPA ပါ။ GPA 3.95 အထက်ရရင် scholarship ရဖို့ပိုများပါတယ်။ တစ်ခုရှိတာက ကိုယ်က poly ကျောင်းသားတွေနဲ့အပြင် JC ကသူတွေရော၊ တခြားနိုင်ငံကသူတွေရောနဲ့ ပြိုင်နေရတာပါ။ လူတွေအားလုံးထဲကမှ ဘာလို့ ကိုယ့်ကိုမှ ရွေးပြီး ပေးသင့်လဲဆိုတာကို ရှင်းရှင်းလင်းလင်းပြဖို့လိုအပ်ပါတယ်။ ******************** Section 4: Scholarship essay နဲ့ interview Essay ကိုရေးဖို့ တစ်လခွဲလောက်အချိိန်ယူခဲ့ပါတယ်။ မကြိုက်သေးလို့ တစ်ပတ်အလိုကျမှ ဆရာချမ်းအေးနဲ့ brainstorm ပြီး အစကနေပြန်ရေးရပါသေးတယ်။ interview question တွေကိုလဲ အခါခါလေ့ကျင့်ခဲ့ရပါတယ်။ ဆရာချမ်းအေးကိုလဲ အများကြီးကျေးဇူးတင်ပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေနဲ့ train ပြီး feedback တောင်းတာက အကောင်းဆုံးပါပဲ။ အဓိကကတော့ “ Among hundreds of competitors, Why you?” ဆိုတဲ့မေးခွန်းကို ရအောင်ဖြေနိုင်ဖို့ပါပဲ။ Interview က group interview ဖြစ်ပါတယ်။ ဒီတိုင်း personality ကိုကြည့်တဲ့ပုံစံမျိုးပါပဲ။ ဖြေသူငါးယောက်ရယ် မေးသူနှစ်ယောက်ရယ်ကိုမှ မိနစ်လေးဆယ်ပဲကြာပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သတ်ပြီး အသေးစိတ်ထပ်တင်ပေးဦးမှာမလို့ page လေးကို like and follow လုပ်ပေးခဲ့ကြပါဦးနော်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်☘️ https://www.facebook.com/permalink.php?story_fbid=pfbid02Tg5XdwVJ4tiSTF1p7ZdaBYzAyHt9xLa3ZLaXaFip2MLbVJ7dNWUQSVe5HZAW13qvl&id=61577225981739

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org ၁၃၈၈ ခုနှစ်၊ နယုန်လဆန်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org ၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက်နေ့ (၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်) "၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့် (စနစ်ဟောင်း ဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း" ပညာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #NUG #NUGMOE #BECA #Grade12(New) #Grade11(Old) #MBEH #Myanmar

မြန်မာကျောင်းသားများအတွက် Fulbright ပညာသင်ဆု အမေရိကန်ပြန်စ ဧရာဝတီ၊ မတ် ၁၈၊ ၂၀၂၆ မြန်မာကျောင်းသားများအတွက် Fulbright ပညာတော်သင်ဆုကို ပြန်လည် ခေါ်ယူတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ယနေ့ ထုတ်ပြန်သည်။ ယခုခေါ်ယူမည့် ပညာသင်ဆုမှာ ၂၀၂၇- ၂၀၂၈ ခုနှစ်ပညာသင်နှစ်အတွက် ခေါ်ယူခြင်းဖြစ်ပြီး မေ ၁ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကာ Fulbright ပညာတော်သင်ဆုရရှိသည့် မြန်မာကျောင်းသား/ကျောင်းသူများကို အမေရိကန်အစိုးရက ကျောင်းစရိတ်အပါအဝင် ကုန်ကျစရိတ် အပြည့်အဝ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Fulbright အစီအစဉ်တွင် ပါဝင်သူများကို အရည်အချင်းစစ် ပြိုင်ပွဲမှတဆင့် ရွေးချယ်မည်ဖြစ်ပြီး လျှောက်ထားသူများအား ခေါင်းဆောင်မှုအလားအလာ၊ ပညာရေးထူးချွန်မှု၊ အမေရိကန်နိုင်ငံ၌လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်မှုနှင့် မြန်မာနိုင်ငံသားများကြား အပြန်အလှန်နားလည်မှု မြှင့်တင်နိုင်စွမ်းတို့အပေါ် အခြေခံ၍ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူမှာ အမေရိကန်တက္ကသိုလ်မှ ဘွဲ့ရရှိထားသူ သို့မဟုတ် အမေရိကန်ဘွဲ့အစီအစဉ်တွင် လက်ရှိ တက်ရောက်နေသူ မဖြစ်ရကြောင်း ပါရှိပြီး ပညာသင်ဆုပြီးဆုံးပါက မြန်မာနိုင်ငံသို့ ပြန်လာရန် ကတိပြုရမည်ဖြစ်သည်။ Fulbright ပညာသင်ဆု အစီအစဉ်ကို မြန်မာထူးချွန်ကျောင်းသားများအတွက် ၁၉၄၈ ခုနှစ်ကတည်းက ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၂၀၂၅ ဇွန်လတွင် အမေရိကန်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ခရီးသွားလာခွင့်/ပြည်ဝင်ခွင့်ပိတ်ပင်သည့်အမိန့်ထုတ်ပြီးနောက် ယင်းပညာသင်ဆုအစီအစဉ်မှာလည်း ရပ်နားသွားခဲ့ခြင်း ဖြစ်သည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုထားသော ကြားကာလ အခြေခံပညာကျောင်းများ စာရင်း https://moe.nugmyanmar.org/be/onlineschools-25/

(၃) ရက်တာအတွင်းမှာ ကမ္ဘာကို စစ်မှန်တဲ့ မြန်မာပြည်သူတို့ရဲ့ ရွေးချယ်မှုအစစ်ကို ပြသလိုက်ပါ အရေးကြီးတဲ့အရာဆိုရင်တောင် "ခဏနေမှ လု
(၃) ရက်တာအတွင်းမှာ ကမ္ဘာကို စစ်မှန်တဲ့ မြန်မာပြည်သူတို့ရဲ့ ရွေးချယ်မှုအစစ်ကို ပြသလိုက်ပါ အရေးကြီးတဲ့အရာဆိုရင်တောင် "ခဏနေမှ လုပ်လိုက်မယ်"၊ "မနက်ဖြန်မှ လုပ်မယ်" ဆိုပြီး အချိန်ဆွဲတတ်ကြတဲ့ အလေ့အကျင့်တခု ကျွန်တော်တို့မှာ ရှိပါတယ်။။ ဒါပေမဲ့ True Choice Myanmar ပြည်သူ့ဆန္ဒ သဘောထားစစ်တမ်း အတွက်ကတော့ အချိန်ဆွဲနေဖို့ အချိန်မရှိတော့ပါဘူး။ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အင်တာနက် အခက်အခဲ ဖြစ်နိုင်သလို၊ မမျှော်လင့်တဲ့ ကိစ္စတွေ ပေါ်လာနိုင်ပါတယ်။ အဲ့ဒီအခါကျမှ "ငါ အရင်နေ့ကတည်းက လုပ်ထားလိုက်ရင် ကောင်းသား" ဆိုတဲ့ နောင်တမျိုး မရစေချင်ပါဘူး။ 💡 ဘာကြောင့် အခုချက်ချင်း လုပ်သင့်တာလဲ? မိတ်ဆွေရဲ့ဆန္ဒကို အခုချက်ချင်း ဖော်ပြလိုက်တာဟာ မိတ်ဆွေရဲ့ တာဝန်သိမှုကို ပြသရာရောက် ပါတယ်။ အခုချက်ချင်း ဖြေဆိုလိုက်ခြင်းက စိတ်ကို ပေါ့ပါးသွားစေပါတယ်။ စစ်တမ်းပိတ်သွားရင် မိတ်ဆွေရဲမိတ်ဆွေရဲ့အသံကို ထည့်သွင်းဖို့ နောက်ထပ် အခွင့်အရေး မရတော့ပါဘူး။ 🔥 "မနက်ဖြန်" ဆိုတာ မသေချာပါဘူး။ ဒါကြောင့် အခုပဲ ပါဝင် ဖြေဆိုလိုက်ပါ။ စစ်တမ်းဖြေဆိုရန် ➡️ www.truechoicemyanmar.org

Repost from Online Library
စွဲနေတဲ့ ဗမာ့ နိုင်ငံရေးအကျင့် - Saya Kyaw Win

Repost from N/a
Grade 12 Free Revision Class (February, 2026 တွင် စတင်မည်။) Basic Education Online Federal School (BEOFS) ကျောင်းမှ မိမိတို့၏ ကျောင်းသား-သူများကို Revision ပြန်ပေးရင်း Revision လိုအပ်နေတဲ့ အခြားကျောင်းသား-သူများအတွက်ပါ Revision Class လေးဖွင့်ဖို့ စီစဉ်ထားပါတယ်။ Revision လိုအပ်နေတဲ့ ပြည်သူ့ဘက်တော်သား ကျောင်းသား-သူများ မည်သူမဆို စည်းကမ်းလိုက်နာမည်ဆိုပါက တက်ရောက်လို့ရပါတယ်။ ယခု Free Revision Class ကို ၂၀၂၆ ခုနှစ် February လမှ စတင်သင်ကြားပို့ချပေးပါမည်ဟု လျာထားပါသည်။ အတန်းချိန် - Saturday & Sunday 8 am to 6:50 pm သင်တန်းကာလ - ၂ လခွဲခန့် Telegram ဖြင့်ကျောင်းသားများစုစည်းပြီး Zoom ဖြင့်သင်ကြားမည်ဖြစ်ပါသဖြင့် Telegram account, Gmail account, Zoom app များ အသုံပြုနိုင်အောင် ကြိုတင်ပြင်ဆင်ထားကြပါ။ Zoom class နှင့် Telegram Gp တွင်းသို့ သတ်မှတ်ထားသော Student ID ဖြင့်သာ ဝင်ခွင့်ပြုပါမည်။ မိမိအပါအဝင် သူတပါး၏ လုံခြုံရေးကို အထူးဂရုစိုက်ရမည်။ ချမှတ်ထားသော သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူများကိုသာ လက်ခံမည်။ Zoom က လူ ၃၀၀ ဆန့်ပဲဖြစ်ပြီး လျှောက်ထားသူများများပြားလှသဖြင့် အတန်းကို အမှန်တကယ်တက်ရောက်လိုသူများ၊ အောက်ပါ စည်းကမ်းချက် (၃) ချက်ကို လိုက်နာနိုင်သူများကိုသာ ဦးစားပေးအနေဖြင့် စိစစ်ပြီး လက်ခံပေးသွားမည်ဖြစ်ပါသည်။ ဤသင်တန်းကိုတက်ရောက်သူများ အားလုံး အောက်ပါ စည်းကမ်းချက် (၃) ချက်ကို မဖြစ်မနေ လိုက်နာကြရမည်။ ၁။ လုံခြုံရေးသတိအမြဲရှိရမည်၊ ၂။ သင်တန်းစည်းကမ်းများကိုလိုက်နာရမည်။ ၃။ ယဉ်ကျေးမှုရှိရမည်။ သင်တန်းဘက်က လုံခြုံရေး အထူးဂရုစိုက်ပါမယ်။ သို့သော် တက်ရောက်ကြမည့်သူများထဲက သင်တန်းတက်ရောက်ရန် မိမိတို့ရဲ့ လုံခြုံရေးကို စိတ်ပူပန်မှုရှိပါက လျှောက်ထားခြင်း မပြုကြပါရန်။ လုံခြုံရေး လုံးဝ အထိအခိုက်မခံလိုပါသဖြင့် မိမိတို့၏ပုံကို Telegram တွင် Story/Profile တင်ထားသူများနှင့် ဖုန်းနံပါတ်မဖျောက်ထားသူများကို ဤ Revision class တွင် လုံးဝ လက်မခံပါကြောင်း။ BEOFS က ယခင်စီစဉ်ပေးခဲ့သော Free Revision Class များ 1. G11 (old) 1st Revision Class (Feb-May, 2023) 2. G11 (old) 2nd Revision Class (July-Sept, 2023) 3. G11 (old) 3rd Free Revision Class (May-Oct, 2024) 4. G12 4th Free Revision Class (March-July, 2025) Free Revision Class လျှောက်ထားရန် Form Link >> https://docs.google.com/forms/d/e/1FAIpQLSeFYuvU4kiy_nTq1JeGxxSVzLWqc9-U8SjlLTMMVs0mrOktOA/viewform?usp=header စီစဉ်သူ Dr MZW

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်ဝင်ခွင့်ခေါ်ဆိုပေးနေကြသော တက္ကသိုလ်များ https://moe.nugmyanmar.org/he/uic-list-24/

Repost from Ayeyarwaddy Times
လက်သန်းမှင်စွန်းသူများကိုသာ စားအုန်းဆီရောင်းပေးဟု အကျပ်ကိုင်သော်လည်း မဲလာထည့်သူ နည်းပါး ဧရာဝတီတိုင်းမ် (တောင်ငူ)၊ ဒီဇင်ဘာ ၂၈ ရက် ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲ၌ မဲလာပေးသူ များပြားစေရန်အတွက် လက်သန်းမှင်စွန်းသူများကိုသာ စားအုန်းဆီရောင်းချပေးမည်ဟု အကျပ်ကိုင် လုပ်ဆောင်နေသော်လည်း မဲရုံများတွင် လာရောက်မဲပေးသူ အလွန်နည်းပါးနေကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် တောင်ငူမြို့၌ အခြေခံလူတန်းစားများ အတွက် စားအုန်းဆီရောင်းချပေးခြင်းကို တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပြီး ဆီဝယ်ယူလိုပါက မဲပေးပြီး ကြောင်း သက်သေအဖြစ် လက်သန်းမှင်စွန်းထားသည်ကို ပြသနိုင်မှသာ ရောင်းချပေးခြင်း ဖြစ်သည်။ "ကျွန်မက တောင်ငူမြို့ ရပ်ကွက် (၁၀) မှာ နေပါတယ်။ မဲမထည့်ခင်လေး စားအုန်းဆီ ရောင်းပေး တယ်ဆိုလို့ သွားတန်းစီတာ။ ဆီရောင်းပေးတဲ့သူက လက်သန်းမှင်စွန်းမှ ရောင်းပေးမယ်လို့ ပြောလို့ မဝယ်ရဘဲ ပြန်လှည့်ခဲ့ရတယ်" ဟု ရပ်ကွက် (၁၀) နေ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။ အဆိုပါ စားအုန်းဆီကို တစ်ပိဿာလျှင် ၁၀,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး စစ်ကော်မရှင် သည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပြည်သူများ မဲရုံသို့ မဖြစ်မနေလာစေရန်အတွက် စားဝတ် နေရေး အခက်အခဲကို အသုံးချ၍ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ မဲပေးစေရန် ရည်ရွယ်၍ ထိုသို့လုပ်ဆောင်ခဲ့သော်လည်း တောင်ငူမြို့နယ်အတွင်းရှိ မဲရုံအများစုတွင် မဲလာပေးသူ အလွန်နည်းပါးနေပြီး မဲရုံစောင့်များနှင့် မဲရုံအဖွဲ့ဝင်များမှာ လူမလာသဖြင့် အိပ်ငိုက် နေရသည့် အထိ ခြောက် ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်သည် ရွေးကောက်ပွဲတွင် မဲပေးသူများပြားကြောင်း ပြသနိုင်ရန်အတွက် စားအုန်းဆီကဲ့သို့ အခြေခံစားသောက်ကုန်များကို မဲပေးသူများကိုသာ ဦးစားပေးရောင်းချပေးခြင်း၊ အကျပ်ကိုင်ခြင်းများ ဖြင့် နည်းမျိုးစုံ အသုံးပြု၍ ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ #တောင်ငူ #စားအုန်းဆီ #လက်သန်းမှင် #အကျပ်ကိုင်မှု #စစ်ကော်မရှင် #FakeElection2025 #ရွေးကောက်ပွဲစောင့်ကြည့်မှတ်တမ်း #Ayeyarwaddy_Times

🎯 BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး ၎င်း Complaint Fo
+2
🎯 BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး ၎င်း Complaint Form ကို 🚨 (27.12.2025) မှ (27.1.2026) အထိ နောက်ဆုံးထားပြီး Moodle (LMS - https://lms.moeedu.org) တွင် Technical Support Channel အောက်၏ (https://lms.moeedu.org/mod/quiz/view.php?id=295) နေရာတွင် Complaint Form ဖောင်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။ 🎯 Complaint Form ဖြည့်သွင်းရာတွင်ကျောင်းသား/သူများအနေဖြင့် အောက်ဖော်ပြပါအချက်များကို ပူးတွဲ၍ ‌ထပ်မံလျှောက်ထားနိုင်မည် ဖြစ်ပါသည်- ၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင်  ရေးသားထားသော လျှောက်လွှာ ၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း/ သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်/ ပညာရေးအဖွဲအစည်း/စီဒီအမ်ဝန်ထမ်းတစ်ဦး/ မိဘအုပ်ထိန်းသူ/ ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

Repost from Online Library
မတရားမှုဟာ ဥပဒေဖြစ်လာပြီဆိုရင် ခုခံတော်လှန်ခြင်းဟာလည်း ဝတ္တရားဖြစ်လာတယ်။ - ချေဂွေဗားရား
မတရားမှုဟာ ဥပဒေဖြစ်လာပြီဆိုရင် ခုခံတော်လှန်ခြင်းဟာလည်း ဝတ္တရားဖြစ်လာတယ်။ - ချေဂွေဗားရား