en
Feedback
KT ဇာတ်ညွှန်း 📃

KT ဇာတ်ညွှန်း 📃

Open in Telegram

Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.

Show more
4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
Shooting Heroin (2020) IMDb.....7.2 (Action Drama Thriller) မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ မြင့်တတ်လာပြီး . တစ်နေ့နဲ့တစ်နေ့ လူသေမှုနှုန်းဟာတစ်ဖြည်ဖြည်းမြင့်တတ်လာပြီး . နိုင်ငံအတွင်း တစ်ရက်ကိုလူသေနှုန်းဟာ ၁၀၀ ကျော်ထိရှိလာခဲ့ပါတယ်။ အစိုးရရဲ့ထိန်းချုပ်မှုဟာလည်း မနိုင်လောက်ဖြစ်လာခဲ့ပါတယ်။အဒမ်ဟာ မြို့ငယ်လေးတစ်မြိုက စစ်ပြန်တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ မွေးကင်းစသားလေးရယ်၊ သူ့ မိခင်ရယ် ၊ သူ့ ညီမလေးတစ်ဦးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဆေးဖြတ်ထားတဲ့ သူ့ညီမဖြစ်သူ ရှန်ယန်းတစ်ယောက် ဆေးပြန်သုံးနေတာကို သိလိုက်ရပါတယ်။အဲ့ဒါတင် မကသေးပဲ ရှန်ယန်းဟာ ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါမှာတော့ အဒမ်တစ်ယောက်မူးယစ်ဆေး နဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို စိတ်နာတာကနေ ချေမှုန်းဖို့ဖြစ်လာပါတော့တယ်။အဓိက ဇာတ်ဝင်ခန်းတွေဟာ အဲ့အချိန်မှာစမှာပါ . အကြမ်းအရမ်း အတိုက်အခိုက်လေးတွေလည်းမြင်တွေ့ရမှာ သေချာပါတယ်။ movie request❓ https://t.me/ktmovierequest1290

Heartbreak Hotel (2015) IMDb.....6.8 (Action Romance) ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကိုလိုက်ရှာရင်း အမေရိကကို တရားမဝင်ရောက်လာခဲ့ကြတဲ့ “ဂျွန်” နဲ့ သူ့သူငယ်ချင်း “ချန်း” တို့ဟာ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီလူအတွက် အလုပ်လုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဂျွန်ဟာ အမေရိကကိုရောက်နေတဲ့ ကိုရီးယားသူလေး “ဆာရာ” ကို သဘောကျမိသွားတဲ့အချိန်မှာတော့ အချစ်ရော အိပ်မက်ဟာ ငွေရှိမှဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားပါတော့တယ်။ ဒါ့ကြောင့် ဂျွန်နဲ့ဆာရာတို့ဟာ နှစ်ယောက်သား ပေါင်းဖက်ဖို့ကြိုးစားကြရင် ငွေရဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားကြမလဲ၊ ငွေနောက်ကိုလိုက်ရင်း နှစ်ယောက်သားရဲ့အချစ်တွေက ဆက်လက်တည်မြဲနိုင်ပါ့မလား စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မယ့် Action/Romance ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ movie request❓ https://t.me/ktmovierequest1290

Sniper: G.R.I.T. – Global Response & Intelligence Team (2023) IMDb......5.1 (Action) ယူကီ လို့ခေါ်တဲ့ ဂျပန်မလေးဟာ ဂရစ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူ့ကို မယ်လ်တာ အစိုးရ‌ဆီက အာဏာသိမ်းပြီး နိုင်ငံကိုအုပ်ချူပ်နေ‌တဲ့ လူတစ်စုကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ နောက် ၆လကြာတဲ့အထိ ယူကီဟာ သူ့ရဲ့ မစ်ရှင်ကိုလုပ်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါတော့တယ် တစ်ရက်မှာတော့ သူတို့ရဲ့ ဂရစ်အဖွဲ့အစည်းဆီကို ယူကီဟာ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ် အဲ့ဒီအချိန်မှာ ဂရစ်အဖွဲ့ဟာ ဘရန်ဒန်နဲ့ ဇီးရိုးလို့ခေါ်တဲ့ အေးဂျင့်နှစ်ယောက်ကို ယူကီကို ကယ်ဖို့နဲ့ ယူကီရဲ့ မစ်ရှင်ကို အဆုံးသတ်အောင်လုပ်ပေးဖို့ ထပ်မံစေလွှတ်လိုက်ပါတယ်။ဘရန်ဒန် နဲ့ ဇီးရိုးတို့ရဲ့ Pro ဆန်ဆန် မစ်ရှင်လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပြီး တကားလုံးမှာ Action ခန်းတွေအပြည့်ပါတဲ့အတွက် Action ကြိုက်သူတွေ သဘောကျစေမှာပါ။ movie request❓ https://t.me/ktmovierequest1290

The Boys (2024) IMDb......7 (Comedy) ဒါရိုက်တာရူးရူးနေတဲ့ အာကီရာ။နပန်းရူးရူးနေတဲ့ WWEအမာခံပရိသတ် အိုင်တီပညာရှင် ဂျိမ်းစ်။ ဆိုရှယ်မီဒီယာကို အစွဲကြီးစွဲနေတဲ့ ဘေဘီ။ ဟင်းချက်ဝါသနာပါတဲ့ လူ့ဂလန့် ကိုလာရူ။ ပိုက်ဆံနဲ့ပတ်သက်လာရင် အတွက်အချက်ကြီးတဲ့ ကာသစ်ခ်။ဒီလိုသူငယ်ချင်းငါးယောက် တိုက်ခန်းတစ်ခန်းမှာ အတူပေါင်းနေပြီး မွဲချက်က အရက်သောက်စရာမရှိလို့ အရက်ဆိုင်မှာ အကြွေလိုက်တောင်းပြီး သောက်ရတဲ့ဘ၀။ ဒီလိုဘ၀ကိုမခံချင်တဲ့စိတ်နဲ့ ငှားနေတဲ့တိုက်ခန်းမှာ ဘားဖွင့်တာကြောင့် တိုက်ခန်းကနေ နှင်ချခံရပြန်ပါရော။ ဒီမှာပဲ လွပ်လွပ်လပ်လပ်နေလို့ရမဲ့ လုံးချင်းအိမ်ငှားပြီး ဘားဖွင့်ဖို့ကြံကြပါတော့တယ်။မြို့စွန်မှာ စျေးပေါပေါနဲ့ အိမ်ကြီးတစ်လုံးတွေ့ပြီး ဝမ်းသာအားရငှားလိုက်တဲ့ရက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၁ရက် အိမ်ပြင်မထွက်ကျဖို့ ကြေငြာချက်ကျလာပါတော့တယ်။ သူတို့နေတဲ့အိမ်ကြီးကလည်း ရပ်ကွက်ထဲမှာရှိသမျှလူတိုင်းက ရှောင်သွားကြပြီး အိမ်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့…။ movie request❓ https://t.me/ktmovierequest1290

Aavesham (2024) IMDb......8 (Action Comedy) ကျောင်းသားဇာတ်လမ်းဖြစ်ပေမယ့်လို့ ရိုမန့်တွေ အနုအရွတွေထက်စာရင် ထစ်ကနဲရှိ ချမယ့် အက်ရှင်ဇာတ်ကြမ်းလေးဖြစ်ပြီး ဝေဖန်ရေးဆရာတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်အာဂျူ ဘီဘီ ရှန်သန်တို့က ဘန်ဂလောက အင်ဂျင်နီယာကောလိပ်တစ်ခုမှာ ပညာသင်ဖို့ရောက်လာကြပါတယ်ကျောင်းမှာ ဂျူနီယာတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်လေ့ရှိတဲ့ စီနီယာတစ်စုက သူတို့အဆောင်က ဘော်ဒါတစ်ယောက်ကို ထိုးလွှတ်လိုက်တာကြောင့် ဂျူနီယာအချင်းချင်း လူစုပြီး ဇိုးတစ်သိုက်ကို ပြန်ချဖို့လုပ်ပေမယ့် သူတို့ပါ အရှက်တကွဲ ဝိုင်းရိုက်ခံလိုက်ရပါတယ် ဒါကို တေးထားတဲ့ အာဂျူက လက်တုံ့ပြန်ဖို့အတွက် အရက်ဘားတွေမှာ လူမိုက်လိုက်ရှာရင်း ဘားတစ်ခုမှာ ဆုံတဲ့ လူထူးဆန်းတစ်ယောက်ကို ဆရာတင်လိုက်တဲ့အခါမှာ ဆိုရင်တော့…ကျောင်းမှာ ဗိုလ်ကျနေတဲ့ စီနီယာတွေကို ပြန်လက်စားချေနိုင်မှာလား အရှုပ်အရှင်းတွေထဲ ရောက်သွားမလား ဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် movie request❓ https://t.me/ktmovierequest1290

Mr. Natwarlal (2024) IMDb.....7.5 (Action) Mr. Natwarlalဆိုတာက‌တော့ 1950တစ်ခွင်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ပါလီမန်ထိပါတက်လိမ်ပြီး အတော်လေးမွှေသွားတဲ့ လူလိမ်တစ်ယောက်၊ ရဲဘက်အရာရှိတွေ နာမည်ကြားတာနဲ့ အော့နှလုံးနာရတဲ့သူပေါ့။ဒီကားလေးထဲမှာတော့ မိသားစုပြဿနာတွေကနေ ရှောင်ပြေးဖို့အတွက် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို ရန်ဂါနဲ့သူ့အမေနဲ့ နောက်တစ်ရွာမှာ သွားနေဖို့လုပ်ပါတော့တယ်။ ကံဆိုးချင်တော့ ပြဿနာတွေနောက်ကလိုက်လာပြီး မိခင်ကိုပါဆုံးရှုံးလိုက်ရတဲ့အခါ…ကြီးနိုင်ငယ်ညှင်းလုပ်နေတဲ့ ဓနရှင်တွေကို တွန်းလှန်ချင်စိတ်တွေပေါ်လာတဲ့ရန်ဂါတစ်ယောက် Mr. Natwarlalဆိုတဲ့နာမည်နဲ့ လက်တစ်လုံးခြားလုပ်ဖို့ စီစဉ်ပါတော့တယ်။ နည်းပညာနဲ့အတူ တိုးတက်နေတဲ့လိမ်နည်းအဖြာဖြာနဲ့ ဒီပြဿနာတွေကို ရဲကရော ဘယ်လိုကိုင်တွယ်မလဲ ရှုစားကြပါဦး။ movie request❓ https://t.me/ktmovierequest1290

Ranneeti: Balakot & Beyond (2024) IMDb......7.8 (Action) အနုစိတ်တဲ့ အိန္ဒိယ-ပါကစ္စတန် နိုင်ငံရေးအရေးခင်းတွေကို အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ဇာတ်အလှည့်အပြောင်းတွေ ကို တစ်ထစ်ချင်းစီ အဆုံးထိဆွဲခေါ်တဲ့ intensity အပြည့် တင်ဆက်မှုကို တွေ့မြင်ရမှာပါ ဇာတ်လမ်းအနည်းအကျဥ်းကို ပြောရရင်တော့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်တဲ့ Pulwama တိုက်ခိုက်မှုအပြီး အေးဂျင့် ကတ်ရှ်ယာနဲ့ သူ့အဖွဲ့ဟာ ပါကစ္စတန်တွေဖမ်းထားတဲ့ ပိုင်းလော့တစ်ယေက်ကို ကယ်ရဖို့ ဖြစ်လာပြီး …. အချိန်နဲ့ လောင်းကြေးထပ်ထားရတဲ့အပြင် တစ်ဖက်မှာလည်း မျက်မှောက်ခေတ် ပေါင်းစပ်ထိုးစစ်ဆင်တဲ့ ဗျူဟာဖြစ်တဲ့ သတင်းမီဒီယာက Pakistan အစိုးရရဲ့ အလိမ်အညာတွေကို ဘယ်လိုတုန့်ပြန်သွားမှာလဲ သူယုံကြည်ရင် လုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်ပြီး ဖောက်ထွက်တတ်တဲ့ တစ်ချိန်က သုတေသန ထောက်လှမ်းရေးမှာ အတော်ဆုံးအေးဂျင့်အဖြစ် သတ်မှတ်ခံရသလို လုပ်ထုံးဆန့်ကျင်လို့ အပြစ်ပေးလည်းခံရဖူးတဲ့ ကတ်ရှ်ယာ … နောက်ကွယ်အစည်းအဝေးခန်းက ဆုံးဖြတ်ချက်တွေမှသည် မြေပြင်က အလဲအထပ်ကြီးတဲ့ ညှိနှိုင်းမှုတွေအထိ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်ပါကြောင်း movie request❓ https://t.me/ktmovierequest1290

Locked Down (2021) IMDb......5.0 (Comedy Crime Romance) တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုး‌နေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ချွတ်ချော်နေတဲ့လမ်းတွေကို ပြန်စုံစည်းပေးမဲ့ကိစ္စတစ်ခုပေါ်လာခဲ့ပါတော့တယ်။ မထင်မှတ်ပဲ တကယ်ရင်ထဲရောက်စေတဲ့ကားလေးမို့ အများကြီးဆက်ညွှန်းနေရင် အရသာပေါ့သွားမှာဖြစ်တဲ့အတွက်အခုပဲကြည့်ရှုလိုက်ဖို့ တိုက်တွန်းပါရစေ။ movie request❓ https://t.me/ktmovierequest1290

American Sicario (2021) IMDb......4.3 (Action, Crime, Drama) Storyline ကတော့ သာမန် ဇာတ်ကောင်ကိုပဲ အသားပေးထားတဲ့ ပြည့်စုံမှုတွေနဲ့ လွန်ကဲနေတဲ့ အဓိကဇာတ်ကောင်မျိုးနဲ့တော့ မတူဘူးဗျ..။ ကြမ်းမယ်ရမ်းမယ် အမှားတွေလည်း လုပ်မိတဲ့ လူကြမ်းကြီးပေါ့ဗျာ..။(ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတဲ့စကားလုံးတွေနဲ့ 18+ ဆန်တဲ့ တစ်ခန်း နှစ်ခန်းပါလို့ မိသားစုနဲ့အတူတော့ မကြည့်သင့်ပါ..။)လုပ်ငန်းချဲ့ထွင်ချင်တဲ့ လောဘ..။ လူပေါင်းမှားမိတဲ့ အမှားတစ်ခုနဲ့..။မလုပ်ချင်ပေမဲ့လည်း လုပ်မှဖြစ်မယ့် ရက်စက်တဲ့လုပ်ရပ်တစ်ခုကို လုပ်ခဲ့ရတာကြောင့် ဖြစ်လာရတဲ့ အမုန်းတရားတွေကို ကျေကျေနပ်နပ်ကြီး ပြန်ပေးဆပ်ရဲတဲ့ ဂိုဏ်းသမား ဆေးကုန်သည် ဖက်တီးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီးတော့..။မက္ကဆီကိုဒေသရဲ့ နောက်ခံရှုခင်းတွေ..။ ဆွဲဆောင်မှုပြင်းပြင်းနဲ့ အလန်းစား အညိုစင် မိန်းကလေးတွေ..။ဗီိလိန်ရဲ့ နောက်ကွယ်ဘဝဇာတ်ကြောင်း စုံစုံလင်လင်နဲ့..။မိသားစုအတွက်လို့ တဖွဖွပြောနေခဲ့တဲ့သူတွေ ​ကိုယ်ခက်ခဲချိန်မှာ ဘယ်ရောက်ကုန်ကြသလဲ..။သွေးမတော်ပေမဲ့လည်း နောက်ဆုံးအချိန်ထိ ကျန်နေတဲ့လူက ဘယ်နှယောက်များ ရှိနိုင်ဦးမလဲဆိုတာ ဖန်သားပြင်ထက်မှာ ကြည့်ရှုခံစားနိုင်ဖို့ CM မှ ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ..။ movie request❓ https://t.me/ktmovierequest1290

Eliminators(2016) IMDb......5.5 (Action) ကျွန်တော်တို့ငယ်ငယ်ကတော့ စာရေးဆရာမဟာဆွေစာအုပ်တွေဖတ်ဖြစ်တယ် သူ့ဇာတ်လိုက်တွေလို အလေးတွေမ ကျန်းမာရေးကောင်းအောင်လုပ် ယောင်္ကျားပီရသအောင်နေရမယ် စာရိတ္တကောင်းအောင်နေရမယ် ကိုယ်ခံပညာတတ်ကျွမ်းရမယ် နောက်ပိုင်းရုပ်ရှင်တွေကြည့်တော့လည်း အက်ရှင်ကားတွေအတော်ကြိုက်မိတယ် သူတို့ဆီကမင်းသားတွေအတော်များများက ကိုယ်ခံပညာတွေအတော်တတ်ကြတာကိုးယောက်ျားပီသတယ် အနစ်နာခံကိုယ်ကြိုးစွန့်တယ် ကျွန်တော်တို့သိပ်သဘောကျမိတဲ့ ဇာတ်ကောင်စရိုက်တွေပေါ့ …… ဒီကားရဲ့မင်းသား Scott Adkins ကိုအားလုံးရင်းနှီးကြမှာပါ…Undisputed ကားတွေ Ninja,Ninja: Shadow of a Tear,Holby City, Doctor Strange, The Bourne Ultimatum, Zero Dark Thirty,EastEnders, Hollyoaks, Doctors စတဲ့ကားတွေမှာပါဝင်သရုပ်ဆောင်ထားတယ်….သူတတ်တဲ့ကိုယ်ခံပညာတွေတော့အတော်များတယ်. Taekwondo. Kickboxing Ninjutsu, Karate, Capoeira, Jujutsu, Judo, Jeet Kune Do, Krav Maga, Wushu နဲ့ gymnastics စတဲ့ကိုယ်ခံပညာတွေတတ်ကျွမ်းပါတယ် Judo သင်တန်းလည်းဖွင့်ထားတယ်….သူ့အက်ရှင်ခန်းတွေ ဘာလို့လန်းနေလဲဆိုတာ ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်… ဒီကားထဲမှာတော့ Scltt Adkins ဟာ သိုးမက်စ်အမည်နဲ့သရုပ်ဆောင်ထားပါတယ်… သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်…ဒီသမီးလေးဟာသူ့ဘဝမို့အစစအရာရာဂရုစိုက်တယ် တစ်နေတော့ လူဆိုး ၃ယောက်ဟာ အိမ်မှားပြီး သိုးမက်စ်တို့သားအဖ အိမ်ထဲဝင်လာတယ်…သမီးကိုကယ်ချင်ဇောနဲ့ သူတုန့်ပြန်လိုက်တာ လူဆိုး ၃ယောက် သေဆုံးသွားတယ်… သူလည်းဒဏ်ရာပျင်းထန်စွာရပြီးသတိမေ့သွားတယ် ဆေးရုံမှာသတိရလောတော့လူသတ်မှုကြောင့် လက်ထိပ်ခတ်ခံထားရတယ်…ဒါပေမဲ့ သမီးကိုရှာချင်တဲ့စိတ်ကြောင့် ဆေးရုံကထွက်ပြေး ခဲ့တယ်…သမီးရှာနေတုန်းမှာပဲ သူ့ကိုလုပ်ကြံတဲ့သူတွေကိုရင်ဆိုင်ရတယ်..ကြေးစားလူသတ်သမားတွေဖြစ်လို့ သိုးမက်စ်အတွက်ရင်ဆိုင်ဖြေရှင်းရတာအတော်ခက်ခဲပါတယ်…ကိုင်း ဒီအခဲတွေက ရုန်းထွက်ပြီး သမီးလေးကိုပြန်ရှာတွေ့မလား…..နောက်ကွယ်က ဘယ်သူတွေကြိုးကိုင်နေလဲဆိုတာကိုတော့ ပြိတ်သတ်ကြီးရေ… movie request❓ https://t.me/ktmovierequest1290

1922 (2017) IMDb......6.3 (Crime Drama Thriller) ဇာတ်လမ်းကို ဇာတ်ကောင်အနဲစုနဲ့ တည်ဆောက်ထားပြီးတော့ တစ်ယောက်ချင်းစီရဲ့ မရှိသင့်တဲ့ မာန နဲ့ တစ်ကိုယ်ကောင်းစိတ် တွေကို ရောယှက်ထားပါတယ်။တောသဘာဝကို အခြေခံရိုက်ကူးထားပြီး တောပျော်တွေရဲ့ စိတ်ဓာတ်ကို ပုတ်ခတ်လှုပ်နှိုးထားတာပါပဲ။ဇာတ်လမ်းလေးကို မိသားစုနှစ်စုနဲ့ လှစ်ဟပြထားပါတယ်။ဝစ် တစ်ယောက်သူနဲ့ ခံယူချက်ချင်းမတူတဲ့ သူ့ဇနီး အလက်တီကြောင့် အကြံအိုက်နေပါတယ်။အိမ်ထောင်ဦးစီးဖြစ်နေပေမဲ့ သူ့ရဲ့သြဇာကဘယ်လိုနည်းနဲ့မှ မညောင်းတော့ပါဘူး။သူ့ဇနီးကလည်း ခက်ထန် တစ်ယူသန်သူတစ်ယောက်ဖြစ်နေပါတယ်ပိုဆိုးတာက လက်ရှိလယ်တွေက သူ့အဖိုးကပေးထားတဲ့သူ့နာမည်ပေါက် လယ်တွေကြောင့်ပါပဲ။အလက်တီ အစီစဉ်က တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ ထုံးကိုမူ ရှိသမျှလယ်တွေကို ရောင်းပြီး မြို့တက် စီးပွါးပြောင်း လုပ်ချင်နေတာပါ။ဝစ်ကလည်း လယ်အလုပ်ကို မပစ်နိုင်ပါဘူး။အလက်တီကလည်း လိုက်မပြောင်းနိုင်ရင် ကွာရှင်းပြီး သားကိုခေါ်သွားမယ်တဲ့လေ။အတော်အတ္တကြီးတဲ့မိန်းမပါပဲ။အဲဒီမှာတင် ဝစ် မှာဗလောင်ဆူနေပါပြီ သားကိုလည်းဆုံးရှုံးရမယ် လယ်တွေလည်းဆုံးရှုံးရမယ်တဲ့လေ။အဲဒီမှာတင် ဝစ် ရဲ့ မကောင်းတဲ့စိတ်နဲ့ကောင်းတဲ့စိတ်က လွန်ဆွဲနေပါပြီ။ movie request❓ https://t.me/ktmovierequest1290

The Invisible Guest (2016) IMDb.......8.1 (Crime, Mystery, Thriller) လူသတ်မှုကျူးလွန်သူလို့စွပ်စွဲခံရတဲ့လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်နဲ့ သူငှါးထားတဲ့ အသက်(၅၀)ခန့်အမျိုးသမီးရှေ့နေတစ်ယောက်တို့စကားပြောနေတာကို ခင်ဗျားတို့တွေ့လိမ့်မယ်… သက်သေအထောက်အထားများအရ လူသတ်မှုကျူးလွန်သူလို့ငြင်းလို့မရပေမယ့် ဒီလူကတော့သူလုံးဝမသတ်ကြောင်းကို ရှေ့နေကိုပြောနေတယ်….သူဟာ မိန်းမရှိရက်နဲ့ တခြားမိန်းမနဲ့ငြိစွန်းခဲ့တာကိုသိလို့ ယူရိုတစ်သိန်းပေးရမယ်လို့ချိန်းခြောက်သူရှိတယ်..ငွေတစ်သိန်းယူပြီး ဟော်တယ်တစ်ခုကို သူ့ငြိခဲ့တဲ့ ကောင်မလေးနဲ့အတူလာခဲ့ဖို့အမည်မသိချိန်းခြောက်သူကပြောတယ်…သူနဲ့ အဲ့ဒီမိန်းမ ဟော်တယ်အခန်းတစ်ခုမှာစောင့်နေကြတယ်…အဲ့ဒီမှာ သူ့ကို တစ်ယောက်ယောက်က ခေါင်းကိုရိုက်လိုက်တယ်…၁၅မိနစ်လောက်မေ့သွားပြီးသတိရလာတဲ့အချိန်မှာ သူငြိခဲ့တဲ့မိန်းမက သေနေပြီး ရဲတွေလည်းရောက်လာတဲ့အတွက်ကြောင့်အငြင်းပွားစရာမရှိလူသတ်မှုတရားခံဖြစ်သွားတယ်….ဒီလူ့ရဲ့အပြောကို ရှေ့နေကတော့ ဟာကွက်တွေရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ရင်းထိန်ချိန်ခဲ့တဲ့အကြောင်းတွေကိုပြောဖို့ …အဲ့ဒီလိုပြောမှသာ သူကူညီနိုင်မှာဖြစ်တဲ့အကြောင်းကိုနားချတယ်…အဲ့ဒီနောက်မှာတော့……………ဘယ်သူက သူ့ကို လူတစ်ယောက်လုံးသတ်ပြီးချောက်ချတာလဲ…. လူတစ်ယောက်လုံးသတ်ပြီးချောက်ချရအောင် သူတို့ဘာရန်ငြိုးတွေများရှိလို့လဲ….သူနောက်ဆက်ပြောမယ့် အကြောင်းတွေက ဘာများဖြစ်မလဲ…သူပြောတာတွေကရော တကယ့်အမှန်တရားလား……ဒီကားက နောက်ခံတီးလုံးသံအေးစက်စက်အောက်မှာ flashback ပုံစံနဲ့ တစ်ဆင့်ခြင်းဖြစ်စဉ်တွေပြသွားတယ်….ခင်ဗျားတို့ထင်ထားတာထက် နောက်ဆက်တွဲအရှုတ်တွေရှိတဲ့အပြင်အံ့အားသင့်စရာတွေလည်းအများကြီးပဲ…ဇာတ်အိမ်အုတ်မြစ်ချသွားတာကလည်း တကယ့်ကို ခမ်းနားတယ်…..ကြည့်ရင်းကြည့်ရင်းနဲ့ကို တဖြည်းဖြည်းဘာကိုမှန်းမသိလန့်လာတာလိုလို … ဒီလိုကြီးဖြစ်သွားရတာလားဆိုပြီးတစ်ဆက်ထဲတွေးရင်းငါဆိုရင်ရောဘယ်လိုလုပ်မလဲ …စသည်ဖြင့် စ၊ဆုံး ဆွဲဆောင်မှုရှိစွာနဲ့ ခင်ဗျားဟာ ဆက်ပြီးကြည့်ဖြစ်လိမ့်မယ်….စပွိုင်လာလုပ်ရင် ကြည့်ရတာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်လို့ ဒီလောက်နဲ့ တော်ပါရစေ… movie request❓ https://t.me/ktmovierequest1290

Mindhorn (2016) IMDb.......6.3 (Comedy, Thriller) ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ…။သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ “စက်မျက်စိ စုံထောက်မိုင်းဟွန်း”….ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီးလေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှသူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး…။ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့…ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်…။လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင်စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်…။စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်းကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲအကူအညီလှမ်းတောင်းပါတယ်…ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက်စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်….စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်….။ movie request❓ https://t.me/ktmovierequest1290

Annhi Dea Mazaak Ae (2024) IMDb.....5 (Comedy) ရာဂျာဆိုတာ တာဘန်ပေါင်းတဲ့နေရာမှာ ဆရာတစ်ဆူ။ မင်္ဂလာပွဲတွေမှာပါ ဧည့်ပရိသတ်နဲ့ သတို့သားထိ သူပေါင်းပေးတဲ့တာဘန်ကို သဘောကျနှစ်သက်ကြတာပါ။ တစ်နေ့တော့ ကံတရားက စွဲလန်းသွားစေမဲ့ မိန်းကလေးတစ်ယောက်ကို ဆုံတွေ့ခွင့်ပေးပေမဲ့ ကံတရားကြောင့် အက်စီးဒန့်တစ်ခုနဲ့ကြုံပြီး မြင်နိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။မြင်မြင်ချင်းစွဲလန်းခဲ့ရတဲ့ ကောင်မလေးကို အမြင်အာရုံဆုံးရှုံးသွားတဲ့ ရာဂျာရဲ့ခေါင်းထဲမှာတော့ ကောင်မလေးရဲ့ပုံရိပ်တွေပဲ ရှိနေခဲ့တယ်။ မျက်စိပြန်မြင်ရဖို့အရေး အစ်မဖြစ်သူတို့လင်မယားရှိတဲ့ အင်္ဂလန်နိုင်ငံကို ရာဂျာတစ်ယောက် ထွက်လာခဲ့ပါတော့တယ်။ရာဂျာတစ်ယောက် မျက်စိပြန်မြင်မှာလား…။ မြင်မြင်ချင်းချစ်ရတဲ့ မိန်းကလေးနဲ့ဆုံတွေ့နိုင်ပါ့မလားဆိုတာတော့။ movie request❓ https://t.me/ktmovierequest1290

Geethanjali Malli Vachindi (2024) IMDb....6.5 (Comedy Horror) ကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန် အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်…မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ် တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါတစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု – ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့ ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် …. ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ… ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦး movie request❓ https://t.me/ktmovierequest1290

Celebrity(2023) IMDb......7.7 (Drama Mystery Thriller) ယနေ့မျက်မှောက်ခေတ်မှာ အတော်များများ ဈေးကွက်ကို ထိုးဖောက်ဖို့ဆိုရင် ဆယ်လီတွေရဲ့ အားကိုယူရတယ်…ယုတ်စွ အဆုံး သွားကြားထိုးတံက အစ ဆယ်လီတွေနဲ့ကြော်ငြာရတဲ့ခေတ်ကိုရောက်နေတယ်… ခရစ်စတီယာနိုရော်နယ်ဒိုဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာမသောက်ကြနဲ့ ရေပဲသောက်ကြလို့ပြောလို့ ကိုလာကုမ္ပဏီစတော့ဈေးကွက်ဟာ သိသိသာ ထိုးဆင်းသွားတယ်လို့ ကြားသိလိုက်ရပါတယ်..ဆိုတော့ လူမှုကွန်ယက်မှာ လွှမ်းမိုးမှုရှိတဲ့ ဆယ်လီတွေရဲ့ စွမ်းအားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ ဒါကသက်သေပါပဲ…ဒီစီးရီးထဲမှာလည်း ကိုရီးယားက ဆယ်လီတွေရဲ့ နေမှုထိုင်မှုတွေနဲ့ ဒီဘဝရောက်အောင်ကြိုးစားခဲ့ပုံတွေ…ဒါ့အပြင် ဒီလိုနေထိုင်ရတဲ့ ကာလမှာ ဘယ်လိုတလွဲတွေကြုံခဲ့ရလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားတယ်.. နာမည်ကျော် သရုပ်ဆောင်များစွာပါဝင်ထားသလို လူသတ်မှုတွေ… ကုမ္ပဏီတွေရဲ့ စီးပွားရေးလှုပ်ရှားမှုတွေ….လူထုရဲ့တုန့်ပြန်ပုံတွေကိုလည်း စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုရမှာဖြစ်ပါတယ်….. movie request❓ https://t.me/ktmovierequest1290

Soundtrack #1 (2022) IMDb......7.7 (Drama Music Romance) တက်သစ်စ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Han Sun Woo ကတော့ စကားအများကြီးပြောလေ့မရှိပေမဲ့ နွေးထွေးကြင်နာတဲ့ နှလုံးသားရှိသူလေးဖြစ်ပါတယ်။ သူ့မှာ နှစ်၂၀ကြာ ခင်မင်ရင်းနှီးခဲ့တဲ့ Lee Eun Soo ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက် ရှိပါတယ်။ Lee Eun Soo ကတော့ သီချင်းရေးဆရာမလေးဖြစ်ပြီး ရိုးသားပြီးတော့ တက်ကြွတဲ့အကျင့်စရိုက်ရှိသူလေးပါ။ အကြောင်းရင်းတစ်ခုကြောင့် ငယ်သူငယ်ချင်းနှစ်ယောက်သား တစ်အိမ်ထဲမှာ နှစ်ပတ်အတူနေဖို့ဖြစ်လာတဲ့အခါမှာတော့ နဂိုရှိနေပြီးသား သံယောဇဉ်ကြိုးတွေ တိုးလာပြီး သူငယ်ချင်းအဆင့်က ကျော်လွန်သွားလေမလားဆိုတာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ movie request❓ https://t.me/ktmovierequest1290

XO, Kitty (2023) IMDb.....6.5 (Comedy Drama Romance) To All The Boy I loved Before မှာထဲက အားလုံးချစ်ခဲ့ရတဲ့ အငယ်ဆုံးလေးကစ်တီတောင် အထက်တန်းကျောင်းသူကြီးဖြစ်လာခဲ့ပြီ။ ဒါကတော့ကစ်တီရဲ့ကိုယ်ပိုင်ဇာတ်လမ်းပါ။ အစ်မနှစ်ယောက်ကလဲ ဘဝမှာကိုယ်စီကိုယ်စီလမ်းတွေကိုထွက်သွားကြပြီဆိုတော့ ကစ်တီကလဲလမ်းစခင်းပြီပေါ့။ ကစ်တီကတော့ အစ်မတွေလို တက္ကသိုလ်ကျောင်းသူကြီးဖြစ်ဖို့တောင်မစောင့်ပါဘူး။ သူ ပြောသလိုပဲ ကံကြမ္မာပါလာတော့ သူ့အမေပစ္စည်းတွေကိုရှင်းရင်း သူ့အမေက အထက်တန်းကို ကိုးရီးယားက KISS ဆိုတဲ့ကျောင်းမှာတက်ခဲ့တာသိသွားပါလေရော။ နောက်ထပ်ကြမ္မာပါလာတာက ကစ်တီ့ချစ်သူ ဒေး ကလဲ လက်ရှိအဲ့ဒီကျောင်းမှာတက်နေတာ ဖြစ်နေတယ်။ ထပ်ပြီးကြမ္မာပါပြန်ပြီ။ ကစ်တီကလဲအဲ့ဒီကျောင်းကိုလျှောက်လိုက်တာ အနီးကပ်မှစကောလားရှစ်ရသွားပါလေရော။ အဲ့တော့ကစ်တီက ဒါသူနဲ့ဒေးရဲ့ဖူးစာပဲ။ ပြီးတော့သူ့အမေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုလဲ သိခွင့်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုးရီးယားမှာကျောင်းသွားတက်မယ့် ကစ်တီ့ရဲ့စွန့်စားခန်းမှာ ဘာတွေကြုံရမလဲဆိုတာ လိုက်ကြည့်လိုက်ရအောင်။ movie request❓ https://t.me/ktmovierequest1290

Countdown (2019) IMDb......5.3 (Horror) နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်… တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာသောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က ” Countdown” ပါထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကိုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်…ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူအရင်သေမလဲ ပြိုင်ကြပါတော့တယ်…အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိနေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်းကောင်မလေး တစ်ယောက်ကတော့၃ နာရီ အတွင်း သေမယ်လို့ App ကသတိပေးလာပါတယ်…အားလုံး အတော်လေး ရယ်လိုက်ရပါတယ်အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ်တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP ကချိန်းခြောက်ခံထားရတဲ့ ကောင်မလေးပါပဲ… movie request❓ https://t.me/ktmovierequest1290

The Rookies ( 2019 ) IMDb......5.5 (Action) ဒီကားလေးဟာတရုတ်နိုင်ငံမှာ 2019 julyကမှထွက်ထားတဲ့တရုတ်နဲ့အင်္ဂလိပ်တို့ဖက်စပ်ရိုက်ကူးထားတဲ့ အထူးအေးဂျင့်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. ဒီကားထဲမှာ အမြင့်တက်ပြပြီးလိုင်းပေါ်မှာပရိသတ်အခိုင်အမာရရှိထားတဲ့ ဖျော်ဖြေရေးသမားကျောက်ဖုန်းဟာဇီဝလက်နက်လဲလှယ်ဖို့လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ကြားထဲကိုမတော်တဆဝင်ရောက်မိသွားရကနေ နိုင်ငံတကာအထူးအေးဂျင့်ဖြစ်တဲ့Bruceလက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါ….Budapestမြို့မှာ Bruceအပါအဝင်သူ့ရဲ့သူငယ်ချင်းတီထွင်ပညာရှင်တင်းစန်းနဲ့အလုပ်ကနေနားထားတဲ့ဆရာဝန်မ LVတို့အပြင်တရုတ်ဘက်ကအရာရှိမလေး မြောက်မြောင်တို့နဲ့အတူBudapestမြို့လေးမှါအေးဂျင့်အဖြစ်တါဝန်ထမ်းဆေါင်ဖို့ဖြစ်လာတဲ့အခါကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ သံမဏိလက်သီးကိုနှိမ်နင်းနိုင်ပါ့မလား..Actionကားကြိုက်သူတွေအတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ခုပါပဲ.. movie request❓ https://t.me/ktmovierequest1290