KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Chronicle of a Blood Merchant (2015)
IMDb.....6.3
(Drama)
ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး
တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့
အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ
အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ
ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး
မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Romeo (2024)
IMDb....6.7
(Drama Romance)
အသက် ၃၅နှစ်ရောက်တဲ့ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ချစ်ကံခေလူပျိုကြီးကတော့ အာရီဗူ။
လူကြီးတွေပေးစားဖို့လုပ်တဲ့ ကောင်မလေးတွေကိုတောင်
လက်မထပ်ဘဲ အချစ်စစ်ရှာတွေ့မယ်လို့ မျှော်လင့်နေခဲ့တဲ့သူကြီး။
သူမျှော်လင့်ထားတဲ့အတိုင်း ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လူကြီးချင်းပေးစားလို့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်း သူ့ထက် ဆယ်နှစ်ငယ်တဲ့ အဲဒီမိန်းကလေးကတော့ အာရီဗူကို ခင်ပွန်းသည်တစ်ယောက်အနေနဲ့
ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။ အာရီဗူတစ်ယောက် ချစ်ရသူလည်းဖြစ် ဇနီးသည်လည်းဖြစ်ပြီးတော့
ချစ်ရတဲ့ဇနီးသည်ဆီက အချစ်ကိုရဖို့ကြိုးစားရတာတွေကို မြင်တွေ့ခံစားရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Double Engine (2024)
IMDb....9.2
(Comedy Drama Family)
ဟိုက်ဒရာဘတ်မြို့ကြီးက သုံးဘီးအငှားမောင်းသမားဒန်နီတစ်ယောက်။
၂၁နှစ်ပြည့်မွေးနေ့မှာ ဇာတိကျေးရွာလေးကမိသားစုအတွက် လက်ဆောင်နည်းနည်းနဲ့
ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြသောက်ကြမယ်ဆိုပြီး ပြန်လာခဲ့တာပေါ့မြို့မှာအငှားမောင်းသမားဘဝနဲ့ ကျပ်ကျပ်တည်းတည်းဖြစ်နေပေမဲ့ ရွာပြန်မျက်နှာပန်းလှချင်လို့
ဆိုင်ကယ်အရမ်းနှမြောတဲ့သူငယ်ချင်းဆီက အမိုက်စားဆိုင်ကယ်ကြီး မရမကငှားစီးလာတယ်
ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းကလည်း မြို့ကသူငယ်ချင်းကြီးပြန်လာမှာမို့ အင်္ကျီအသစ်တွေနဲ့အပျံစားစောင့်ကြို…။ငယ်ငယ်လေးတည်းကပေါင်းလာသူတွေ သောက်ရင်းစားရင်းအားလုံးတူတူခက်ခဲနေကြတာပေါ်တာပါပဲ ။
သူတို့အားလုံးပြိုင်တူတောင့်တတာက ချမ်းသာကြွယ်ဝချင်တဲ့အိပ်မက်
“Double Engine” လို့မှောင်ခိုဈေးကွက်အခေါ်မြွေ က သူတို့ဘဝတွေပြောင်းလဲနိုင်မှန်းသိလို့
ထွက်လာခဲ့တဲ့ စွန့်စားခန်းကတစ်ဆင့် သူတို့တွေအချီကြီးရပြီးပွသွားမလား ဘယ်လိုရင်ဆိုင်ရယူကြမလဲဆိုတာ ရှုစားကြည့်ပါဦး
movie request❓
https://t.me/ktmovierequest12904 650
Rani: The Real Story (2023)
IMDb.....8.9
(Crime Mystery Thriller)
နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ
ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်….။
သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို
မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်…။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။
ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ…..။
ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့်
ကျန်အိမ်ရှင်တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်…။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ
ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်
လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို
လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်….။
ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ….။
movie request❓
https://t.me/ktmovierequest12904 650
Battle of the Sexes (2017)
IMDb.....7.0
(Biography Comedy Drama)
ထိုခေတ်ကာလတွင်း အမျိုးသမီးတင်းနစ်ကစားသမားများဟာ အမျိုးသားများနှင့် တန်းတူရပိုင်ခွင့်တွေ ခံစားခွင့်မရကြပါဘူး။ဒါကြောင့် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံးအမျိုးသမီးတင်းနစ်ကစားသမားဖြစ်တဲ့ ဘီလီဂျင်းကင်းဟာ အဲဒီအတွက်ကနေဦး တောင်းဆိုဆန္ဒပြခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်လာပါတယ်။
အဲဒီကနေစပြီး အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူညီမျှအခွင့်အရေးခံစားခွင့်ရှိခြင်း၊ လိင်တူရပိုင်ခွင့်များနှင့် လူ့အခွင့်အရေးဆိုတာတွေ ဆက်လက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဘီလီဂျင်းကင်းကိုပါရမီဖြည့်ပေးရှာသည့်သူကတော့ ဘော်ဘီရစ်ချ်ဆိုတဲ့ နာမည်ကျော်တင်းနစ်ကစားသမားတစ်ယောက်ပါ။သူ့ရဲ့ဝါသနာက လောင်းကစားလုပ်ခြင်းပါပဲ။အခွင့်အရေးတွေကိုချောင်းနေတဲ့ဘော်ဘီတစ်ယောက် ဘီလီကင်းကိုမျက်စိကျသွားပါတော့တယ်။သူ့ရဲ့အတိတ်ကရွှေရောင်နေ့ရက်တွေကိုပြန်လည်ရယူရင်း လောင်းကစားပါလုပ်လို့ရမည့်အကွက်ကို တွေ့သွားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဘီလီဂျင်းကင်းကိုစိန်ခေါ်ပြီး တင်းနစ်ကစားပွဲပြုလုပ်ကာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရသင့်ကြောင်း သက်သေပြရအောင်ဖန်တီးပါတော့တယ်။အဲဒီပြိုင်ပွဲဟာ တင်းနစ်အားကစားသမိုင်းတစ်လျှောက်တွင် လူကြည့်အများဆုံးသော ကစားပွဲဖြစ်ခဲ့တာဖြစ်ပြီး ဘီလီဂျင်းကင်းနဲ့ ဘော်ဘီရစ်ချ်တို့ရဲ့ အပြိုင်အဆိုင် စကားနာထိုးမှုတွေ၊ အားပြိုင်မှုတွေဟာ ကစားကွင်းမတိုင်ခင်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာအရရော၊ အခြားသော ရှုပ်ထွေးသည့်တိုက်ပွဲများနှင့် ပြင်းထန်ကာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ ဘီလီဂျင်းကင်းအနိုင်ရရှိသွားပြီး အမျိုးသမီးများအတွက် ဦးဆောင်လမ်းပြပေးနိုင်ခဲ့ရုံသာမက အခြားသောလူ့အခွင့်အရေးများအတွက် လမ်းစလည်းဖွင့်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာ လူမှုအဖွဲ့အစည်းတွင်းမှာ နောက်ဆက်တွဲပြောင်းလဲမှုတွေများစွာကိုဆောင်ကျဉ်းပေးခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပြိုင်ပွဲကြီးဖြစ်ပြီး ဇာတ်ကားအနေနဲ့လည်း ရသစုံစုံလင်လင်နဲ့ ရိုက်ကူးပြပေးသွားတာဖြစ်တဲ့အတွက် ကြည့်ရှုရတာ စိတ်ကျေနပ်စေမှာပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Tramps (2016)
IMDb......6.5
(Adventure Romance)
Dannyဟာ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပေမဲ့ အစ်ကိုဖြစ်သူက
အချုပ်တစ်ရက်ကျနေတာကြောင့် အစ်ကို့အစား တရားမဝင်အလုပ်တစ်ခုကိုလုပ်ပေးဖို့ဖြစ်လာပါတယ်။ လုပ်ပေးရမယ့်ကိစ္စကတော့ အထဲမှာဘာပါမှန်းမသိတဲ့လက်ဆွဲအိတ်ကို ပို့ဆောင်ပေးရမှာပါ။ ကြောက်တတ်တဲ့Dannyက မလုပ်ချင်ဘူးလို့ငြင်းပေမဲ့ အမေကပါ ဇွတ်လုပ်ခိုင်းတာကြောင့် မတက်နိုင်တော့ပါဘူး။ ဒီလိုမျိုးတွေတစ်ခါမှမလုပ်ဖူးတဲ့Dannyဟာ အိမ်ကစထွက်တည်းက တုန်တုန်ချိချိနဲ့ သူတက်စီးရမယ့်ကားက မိန်းကလေးမောင်းတာဖြစ်နေပါတယ်။ နှစ်ယောက်သားကြောက်ကြောက်လန့်လန့်နဲ့ လက်ဆွဲအိမ်ယူလာရင်း တစ်ဖန်လက်ဆင့်ကမ်းပေးရမယ့်အဆင့်မှာလူလွဲပြီးပေးလိုက်မိပါတယ်။ ဒီလိုကိစ္စတွေနဲ့ မပတ်သတ်ဖူးတဲ့ Dannyအဖို့ အိတ်ထဲကလည်း ဘာပါမှန်းမသိ ပေးလိုက်မိတဲ့လူကလည်းတလွဲဆိုတော့ ခေါင်းမီးတောက်ပါပြီ။ခုနကသူ့ကို ကားမောင်းပို့ပေးတဲ့မိန်းကလေးနဲ့ အိတ်ကိုပြန်ရှာဖို့ လုပ်ရပြန်ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။
movie request❓
https://t.me/ktmovierequest12904 650
London Sweeties (2019)
IMDb....7.6
(Comedy Romance)
လန်ဒန်ဆွိတီ ကို ဖရန့်ဇုံ နဲ့ အပြိုင် ရုံတင်ခဲ့ပေမဲ့ဖရန့်ဇုံလောက် လူမသိခဲ့ပါဘူး…ဘယ်လိုပဲ နေနေ ဖရန့်ဇုံ ထက် ပိုပြီး ဒီရုပ်ရှင်ကချစ်ဖို့ကောင်းပါတယ်…ဇတ်လမ်းပုံစံ ကတော့ ပွန်ဆိုတဲ့ကောင်မလေး ဟာ
လန်ဒန်မှာ ရှိတဲ့ အစ်မ ဆီ သွားလည်ဖို့ အကြောင်းဖန်လာပါတယ်ပွန် ဟာ ချစ်ဖို့အရမ်းကောင်းတဲ့ ကောင်မလေးဖြစ်ပြီးစနောက်လို့ အင်မတန်ကောင်းပါတယ်…သူ့ကို တို့ထိမိရင် ယောင်တက်ပြီး အမြဲတမ်းအူတူတူ အတတ နဲ့ ရိုးသားတဲ့ သူလေးပေါ့သူ့အပြင် အခြားသူတွေ ရဲ့ အချစ်ဇတ်လမ်းတွေဟာလဲဒီရုပ်ရှင်ထဲ ပါသေးတယ်…လန်ဒန်မှာ ကျောင်းတက်နေတဲ့ ချစ်သူကိုတွေ့ချင်လို့ထိုင်းက အိမ်ကိုရောင်းပြီး စွန့်စားလာရှာတဲ့ ကောင်လေးတစ်ယောက်ထိုင်း လူမျိုးပေမဲ့ လန်ဒန်သား တစ်ယောက်ကို ချစ်မိတဲ့ မိန်းကလေးသူတို့ အချစ်ဇတ်လမ်းတွေ အပြင် ပွန် ရဲ့ အချစ်ဇတ်လမ်းကပိုပြီး ရင်ခုန်ဖို့ကောင်း ချစ်ဖို့ကောင်းနေပြန်ပါတယ်…စပွိုင်လာ မလုပ်တော့ပါဘူး ကြည့်လိုက်ပါရုံတင်တုန်းက ဆင်ဆာဖြတ်ထားတဲ့ အခန်းလေးတွေပါလာပါတယ်….သင့် ရဲ့ တစ်ရက်တာ မှာ နောင်တ ရစရာမလိုတဲ့ရုပ်ရှင်ကားလေး ပါ…ဆွိ ဖြစ်ပါစေနော်…
movie request❓
https://t.me/ktmovierequest12904 650
Upon the Magic Roads (2021)
IMDb.....5.7
(Adventure Fantasy)
ဒါကတော့ရုရှားစကားပြောကားလေးပါ။ ရုရှား ရှေးပုံပြင်တစ်ပုဒ်ဖြစ်တဲ့ The Humpbacked Horse ကိုရုပ်ရှင်ရိုက်ထားတာပါ။
ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာက လူစကားတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို လက်ဆောင်ရပြီး တူတူစွန့်စားခန်းထွက်ကြပါတယ်။ရုပ်ရှင်က ရုရှားကားဆိုပေမယ့် ၀တ်စုံတွေ Visual effects တွေကြည့်လို့ကောင်းပြီးမူလပုံပြင်အတိုင်းဖြစ်အောင်ရိုက်ကူးထားပါတယ်။ပေါ့ပေါ့ပါးပါးနဲ့မိသားစုလိုက်ကြည့်နိုင်မယ့်ကားလေးပါ။
movie request❓
https://t.me/ktmovierequest12904 650
ATM: Er Rak Error (2012)
IMDb.....7.2
(Action Comedy Drama)
မင်းသား Chantavit Dhanasevi နဲ့ မင်းသမီးချော Preechaya Pongthananikorn တို့
အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့
Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။
IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို
ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။
မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။
movie request❓
https://t.me/ktmovierequest12904 650
In Hell (2003)
IMDb......6.2
( Action, Drama, Thriller)
မင်းသားကြီး Van Damme က လူရိုးလူအေး စက်ရုံအလုပ်သမားတစ်ယောက်ပါအလုပ်မအားလို့ မိန်းမဆီကို တစ်လတစ်ခါမှ ပြန်လာဖြစ်ပြီး တစ်နေ့မှာတော့ သူပြန်ရောက်ရောက်ချင်း သူ့မိန်းမ အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်လူသတ်သမားကိုဖမ်းမိပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း ကွင်းလုံးကျွတ်လွတ်သွားကို ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ တရားရုံးထဲမှာတင် တရားခံကို ရဲဆီကသေနတ်ယူပြီး ပစ်သတ်လိုက်တာကြောင့် Van Damme က ထောင်တစ်သက်တစ်ကျွန်းကျ သွားတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။သူရောက်တဲ့ထောင်က ထောင်တစ်ကာ့ထောင်တွေထဲ အဆိုးရွားဆုံးထောင်ပါထောင်တွင်း သတ်ကွင်းတွေ ၊ ယောက်ျားချင်း ပြုကျင့်တာတွေ အပြင် အားနည်းတဲ့သူကို ဖိနှိပ် နှိပ်ဆက် သတ်ဖြတ်တာတွေနဲ့ ပြည့်နှက်နေတဲ့ထောင်ပေါ့သူ့လို လူရိုးလူအေးလူပျော့ တစ်ယောက်ကို ဘယ်လို အရာတွေက စိတ်ဓာတ် မာကြောလာစေမလဲဆိုတာကို အလန်းစားကြည့်ရှု့ရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောချင်ပါတယ် ။
movie request❓
https://t.me/ktmovierequest12904 650
Shaandaar (2015)
IMDb......3.6
(Comedy Drama Romance)
အာလီယားလေးက ညမအိပ် နေ့မအိပ်တဲ့ဇီးကွက်လေးလို့ မွေးစားဖခင်ကတင်စားထားရသူလေးပါ။
မိဘမဲ့တစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ သမီးရင်းလိုပြုစုစောင့်ရှောက်ထားပေမဲ့ ဘယ်ကနေခေါ်လာတယ် ဘာလို့ခေါ်လာတယ်ဆိုတာကိုတော့
ဘယ်သူမှမသိကြပါဘူး။ ဒီလိုနဲ့နှစ်တွေကြာပြီး ကြီးပြင်းလာချိန်မှာတော့ မွေးစားဖခင်ဘီပင်ရဲ့သမီး မင်္ဂလာပွဲစီစဉ်ဖို့အကြောင်းဖန်လာခဲ့တယ်။
ပွဲစီစဉ်ဖို့သွားရင်း လမ်းမှာ ရှာဟစ်နဲ့ကားအက်စီးဒင့်ဖြစ်ကြပါလေရော။ ဘီပင်နဲ့ရှာဟစ်တို့ စကားအချေအတင်ဖြစ်ရင်း ကားပေါ်ကဆင်းလာတဲ့
အာလီယားလေးကိုမြင်တော့ နှစ်သက်ရတဲ့ဆေးလိပ်ကိုတောင် ပစ်ချရတဲ့ထိ မြင်မြင်ချင်းသဘောကျသွားလေရဲ့။ကံကြမ္မာဖန်လေတော့ မင်္ဂလာပွဲစီစဉ်သူက ရှာဟစ်ဖြစ်နေပြီး
ရှာဟစ်နဲ့အာလီယားတို့ကြား ဘယ်လိုဇာတ်လမ်းတွေ
ဖြစ်တည်လာမလဲဆိုတာကတော့။
movie request❓
https://t.me/ktmovierequest12904 650
A Choo (2020)
IMDb......5.4
(Asian, Comedy, Romance)
ချစ်ရတဲ့သူကို ကာကွယ်ပေးချင်တယ်စောင့်ရှောက်ချင်တယ်ဒီကမ္ဘာကြီးမှာ ကိုယ်က ဘာကောင်ကြီးမှ မဟုတ်ရင်နေပါစေ
ချစ်ရတဲ့ မိန်းကလေးအတွက်ကတော့အားကိုးစရာ သူရဲကောင်းကြီး ဖြစ်ချင်ကြတဲ့ကျွန်တော့်လို လူမျိုးတွေပေါ့ဗျာဒါဆိုရင်တော့ ဒီကားလေးက ကျွန်တော်တို့နဲ့လုံးဝ တိုက်ဆိုင်နေတာမို့ ကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့မိဘမဲ့ဂေဟာမှာ တူတူကြီးပြင်းလာကြတဲ့ကောင်လေး နှစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်တို့ဟာတစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် သိပ်ကြီးကြတဲ့သူတွေပါအချိန်တန် အရွယ်ရောက်လာတဲ့အခါအဖြူရောင်သံယောဇဉ်ကြိုးက အရောင်တွေပြောင်းလဲ လာခဲ့တာပေါ့ပြောမယ့်သာပြောတာပါ ငတိနှစ်ကောင်ကပိစိဘဝတည်းက ကောင်မလေးကိုကြိတ်ကြွေနေခဲ့တာဗျပြီးတော့ ကောင်မလေး သဘောကျဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းလေးပါအပိုဆောင်းပါတာကတော့ စူပါဟီးရိုးတွေပါစူပါဟီးရိုးတွေက လောကကြီးကို ကယ်တင်ခဲ့တာတွေကောင်မလေးက စူပါဟီးရိုးတွေကို သဘောကျတယ်ဒီလိုနဲ့ စူပါဟီးရိုးတွေနဲ့ ဘယ်လိုပက်သက်မိပြီးကောင်လေးတွေကရော ဘယ်လိုတွေကြိုးစားကြမလဲဆိုတာ
movie request❓
https://t.me/ktmovierequest12904 650
Cry Macho(2021)
IMDb.....6.0
(Drama, Thriller, Western)
မိုက်ကယ် ဟာ ဟိုးအရင်တုန်းက တက္ကဆက်က မြင်းပြိုင်ပွဲတွေမှာ ငါးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံ တစ်ယောက်ပါတစ်နေ့မှာတော့ သူ့မိန်းမနဲ့ သားဟာ ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားပါတယ်အဲဒီနောက်ပိုင်းမှာတော့ သူဘဝဟာ ဦးတည်ရာမရှိတဲ့ လှေတစ်စင်းလိုပဲ ပျက်စီးလာပြီး အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ လမ်းပျောက်နေခဲ့ပါတယ်အဲဒါနဲ့ သူ့ရဲ့အရင်ကသူဌေးဖြစ်တဲ့ ဟောင်းဝဒ် က သူ့ကို နေစရာ စားစရာရယ် အလုပ်ရယ်ပေးပြီးသူ့ဘဝကို ကယ်ဆယ်ပေးခဲ့ပါတယ်
အဲ့လိုလုပ်ပေးခဲ့တာတွေကြောင့် မိုက်ကယ့်မှာ ဟောင်းဝဒ် ကျေးဇူးကြွေးတွေ တင်နေပါတော့တယ်တစ်နေ့ကျတော့ မက္ကဆီကိုမှာနေတဲ့ သူ့ရဲ့သားကို ပြန်ခေါ်ချင်တဲ့ ဟောင်းဝဒ်ဟာ မိုက်ကယ့်အိမ်ကို ရောက်လာပြီး အကူအညီလာတောင်းပါတော့တယ်သူများရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ပြီး ဘဝကိုအေးအေးဆေးဆေး နေချင်နေတဲ့ မိုက်ကယ်ဟာလည်း ဟောင်းဝဒ်ရဲ့တောင်းဆိုမှု ကို လက်ခံပြီး မက္ကဆီကိုက သားဖြစ်သူကို သွားခေါ်ပေးဖို့ လုပ်ပါတော့တယ်မိုက်ကယ်တစ်ယောက် သူဌေးရဲ့ သားဖြစ်သူကို လွယ်လွယ်ကူကူနဲ့ရော ခေါ်ခဲ့နိုင်ပါ့မလားဘာအန္တရာယ် အတားအဆီးတွေ ရှိနေမလဲ ဆိုတာ ကြည့်ရှုရမှာပါ
movie request❓
https://t.me/ktmovierequest12904 650
Earwig (2021)
IMDb.....5.5
(Drama, Fantasy, Horror)
1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူအဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကိုသူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ…တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန်ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig ကအကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ…..
movie request❓
https://t.me/ktmovierequest12904 650
Furie (2019)
IMDb......7.5
(Action, Asian, Martial, Thriller)
ဟိုင်းဖောင် ဟာ အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူဘဝကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။
သူဟာ ဘယ်ဘဝကလာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ ဘာကြောင့်လူတွေနဲ့ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလဲ ဘယ်သူမှ မသိကြပါဘူး။
ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီကကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ ကျောင်းမှာ
အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်အဖြစ်လဲ လှောင်ပြောင်ခံရတယ်။ ဒါကြောင့် ကျောင်းကထွက်ပြီးတော့
အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေးချင်သူပါ။
သူတို့ သားအမိဆက်ဆံရေးဟာလဲ နွေးနွေးထွေးထွေးမရှိလှပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ ဖေးမကြတယ်။
တစ်ခါတစ်လေ ဟိုင်းဖောင်ဟာ တစ်ယောက်တည်း စီးကရက်တစ်လိပ်နဲ့ မှိုင်တွေ ငေးရီနေတတ်တယ်။
တစ်နေ့တော့ သူ့သမီးအိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သူမြတ်မြတ်နိုးနိုးသိမ်းထားတဲ့ နားစွဲလေးတစ်ရံကိုဈေးထဲသွားပေါင်ချိန်မှာ
သူ့သမီးကို သူခိုးအဖြစ် ဝိုင်းဝန်းစွပ်စွဲနေတာကို ဖြေရှင်းရင်း ရုန်းရင်းဆန်ခတ်အခြေအနေအပြီး သူက အပေါင်ဆိုင်ကိုပြန်အသွားမှာ သူ့သမီးလေးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခံရပါတော့တယ်။
အဲ့ဒီပြန်ပေးသမား တစ်စု မသိလိုက်တာကတော့ သူတို့တွေ ပြန်ပေးဆွဲဖို့ လူရွေးတာ အမှားကြီးမှားသွားပြီ ဆိုတာပါပဲ။
သူ့ဘ၀ အသက်သွေးကြောဖြစ်တဲ့ သမီးလေးကို ပြန်ရဖို့ ဟိုင်းဖောင် ဟာ သူတတ်သမျှ ပညာပေါင်းစုံနဲ့ တစ်ဂိုဏ်းလုံးနဲ့ တစ်ယောက်
ရေစုံရေဖျား လိုက်တော့မှာပါ။
Furie ဟာ Trailer စထွက်ကတည်းက စောင့်မျှော်ခဲ့ရတဲ့ကားဖြစ်သလို တကယ်တမ်းထွက်လာတော့လဲ မျှော်ရကျိုးနပ်လောက်အောင်ကို
စိတ်ကျေနပ်စရာကောင်းပါတယ်။ လှပသေသပ်လှတဲ့ ကိုယ်ခံပညာအခြေပြုအက်ရှင်ခန်းတွေ သွက်လက်ပြီး ပျင်းစရာမရှိတဲ့ဇာတ်ကြောင်းတို့ဟာ ဗီယက်နမ်ဟာလဲ ရုပ်ရှင်ပညာမှာ ဘောင်ဝင်တန်းဝင် အဆင့်တစ်ခုမှာ ရောက်ရှိနေပြီဆိုတာပြလိုက်တဲ့သက်သေပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
The Spy Who Dumped Me (2018)
IMDb.....6.4
(Action Comedy Horror)
အွန်ဒရေးဆိုတဲ့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်းမှာသူ့ချစ်သူက စပိုင် သူလျိုတစ်ယောက်ဆိုတာ သိခဲ့ပါတယ်…အဲဒီသူ့ချစ်သူစခဲ့တဲ့ ဇာတ်လမ်းနောက်တွဲကိစ္စတွေဟာချစ်သူဖြစ်တဲ့ သူမဆီကိုပါရောက်လာပါတော့တယ်…သူမဆီကိုရောက်လာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဂန်ပါပါဝင်ပတ်သက်လာရတော့တာပေါ့….ဒီလိုနဲ့ သူမတို့နှစ်ယောက် ဒီအရှုပ်ဇာတ်လမ်းတွေကြားအပစ်အခတ်သတ်ဖြတ်မှု့တွေကြားမှာဘယ်လိုအူကြောင်ကြောင်နဲ့စွန့်စားခန်းတွေ လုပ်ကြမလဲဆိုတာရယ်ရယ်မောမောနဲ့ ကြည့်ရမှာဖြစ်ပါတယ်….Rating 6.3 ရရှိထားပြီးတော့ စပိုင်ဇာတ်လမ်း အက်ရှင်ပုံစံတွေဟာသဆန်ဆန်ရယ်မောရတာကို ကြိုက်တဲ့ လူတွေအတွက်ကတော့ဒီဇာတ်လမ်းလေးထဲက စာသားအများစုကသင်တို့ကို စိတ်ကျေနပ်မှု့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်….အားလုံးပဲကြည့်လိုက်ရအောင်လား….
movie request❓
https://t.me/ktmovierequest12904 650
The Trip(2021)
IMDb......7.2
(Action Comedy Horror)
ကိုယ် ချစ်တဲ့ သူတွေနဲ့ ကိုယ့်ခံစားချက်တွေကိုအမှန်အတိုင်း မဝေမျှကြတဲ့ အခါမျိုးတွေ ရှိကြပါတယ်“တောင်းပန်ပါတယ် ငါ မှားသွားတာပါ” ဆိုတာတွေကို ခဏခဏ ပြောနေရရင်
ပြောဖို့ ခက်လာသလိုပေါ့ ။ လူဆိုတာ ကိုယ့်အမှား ကိုယ်လွယ်လွယ်နဲ့ လက်မခံဘဲ ပတ်ဝန်းကျင်ကိုပဲ လိုက်အပြစ်တင်တတ်တဲ့ သတ္တဝါ ဖြစ်တာကိုး ။အခုဇာတ်လမ်းကလည်း အဲ့လို ကိုယ်မှားတာကို လက်ခံပြီး တောင်းပန်တာမျိုးမလုပ်တတ်တဲ့ ယောက်ျား နဲ့ သူ့မိန်းမကြားက အချစ်စမ်းတာလေးတွေကို အဓိကထား ရိုက်ကူးထားပါတယ်ဇာတ်လမ်းအမျိုးအစားကတော့ Mystery-Thriller ဖြစ်တာနဲ့အညီ ဇာတ်ဝင်ခန်းတိုင်းကိုကသည်းထိတ်ရင်ဖို ဖြစ်ရပြီးတော့ ဘာဆက်ဖြစ်မလဲ သိချင်စိတ်နဲ့ ကြည့်နေရမှာပါ ။မင်းသားနဲ့ မင်းသမီးက နောက်ဆုံးမှာ ရှင်မယ်မှန်း သိကြပေမယ့် ဘယ်လိုရှင်ကြမှာလဲ ဆိုတာမျိုးပေါ့ ။ကဲ ကြည့်ဖို့ကို စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ဇာတ်လမ်းအကျဥ်းကတော့အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ လင်မယား နှစ်ယောက်ဟာ ပိတ်ရက်မှာသစ်သားအိမ်လေး တစ်အိမ်ကိုသွားပြီး အပန်းဖြေအနားယူကြပါတယ်ဒါပေမယ့် နှစ်ယောက်လုံးက အနားယူဖို့ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲတစ်ယောက်ကို တစ်ယောက် အသေသတ်ဖို့ကို ကြိုးစားကြပါတော့တယ်။ဘယ်သူသေသွားမလဲ ပေါ့နော်။ ဒါပေမယ့် ဇာတ်လမ်း က အဲ့ဒီလောက် မရှိရှင်းပါဘူး ။ဘယ်လိုမရိုးရှင်းလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Red Balloon (2022)
IMDb.....5.9
(Comedy Drama Family)
ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမဲ့ အခုချိန်မှာတော့ အေးဆေးတည်ငြိမ်နေတဲ့ ဂျိုအွန်းဂန်ဟာ
သူလိုချင်တာကိုရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်သူမျိုးပါ
ငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြပြီး ဘဝအခြေအနေကွာခြားလွန်းတဲ့ ဟန်ဘာဒါနဲ့
သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတဲ့နောက်မှာတော့ ဂျိုအွန်းဂန်ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်
ဂျိုအွန်းဂန်နဲ့မတူဘဲ စီးပွားရေးကံကောင်းလှတဲ့ ဟန်ဘာဒါဟာ
အိမ်ထောင်ရေးမှာလည်း ဂျိုအွန်းဂန်ထက် တစ်ပန်းသာသွားတဲ့အခါ…
အပြင်ပန်းမှာ တည်ငြိမ်ပေမဲ့ ရင်ထဲမှာတော့ အပူမီးတေက်နေတဲ့
ဂျိုအွန်းဂန်တစ်ယောက် ဘာတွေလုပ်လာမလဲ၊
ဟန်ဘာဒါနဲ့သူ့ရဲ့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာအပြင်
အိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ ဘဝအကြောင်း မိသားစုအကြောင်းတွေကိုပါ
အလောင်တစ်လိုင်းခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်လို့ အခုပဲ ကြည့်ရှုရင်း လောင်လိုက်ကြပါဦးနော်
movie request❓
https://t.me/ktmovierequest12904 650
Flex X Cop (2024)
IMDb......7.9
(Action Comedy Mystery)
လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့
စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun )
အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကို
အရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun )
ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊
မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။
အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့
စုံထောက်မလေး အီဂန်ဟျွန်းအတွက်တော့ မျက်စိဆံပင်မွှေးဆူးစရာဖြစ်နေတော့တာပေါ့။
အဲဒီလိုနဲ့ ဒီနှစ်ယောက်ဟာ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့မှာ အလုပ်အတူတူ လုပ်ကိုင်ဖို့ ဖြစ်လာတဲ့အခါ ~
သူတို့နှစ်ယောက် ဘယ်လိုမျိုး အမှုတွေကို ဖြေရှင်းပြီး တရားခံတွေကို ဖမ်းမလဲ
အလုပ်အတူတွဲလုပ်နေရင်း အီဆူအပေါ်ထားတဲ့ ဂန်ဟျွန်းရဲ့ စိတ်သဘောထားတွေရော
ပြောင်းလဲသွားလောက်လားဆိုတာကို ရသစုံလင် စိတ်ပါဝင်စားစွာ ကြည့်ရှုရမဲ့
ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးပါဦးနော်။
movie request❓
https://t.me/ktmovierequest12904 650
Mary & George (2024)
IMDb......6.9
(Drama History)
တစ်ခါက နုနုထွတ်ထွတ် အမျိုးကောင်းသား ယောက်ျားလေးတွေကိုမှ ဆွဲစားတတ်တယ်လို့ နာမည်ကြီးတဲ့
အင်္ဂလန်ဘုရင် James I နဲ့ Mary နဲ့ George Villiers တို့ သားအမိအကြောင်းပါ။
မိသားစု ရှေ့ရေး မသေချာတော့တဲ့ မယ်ရီဟာ သူ့ရဲ့ ဒုတိယမြောက် သားဖြစ်သူ ဂျော့ဂျ်ရဲ့ ချောမောမှု ဆွဲဆောင်မှုတွေကို အသုံးချပြီး ဘုရင်ဂျိမ်းစ်ကို ချဉ်းကပ်ခိုင်းတယ်။ သူတို့ ဘဝရှေ့ရေး ကောင်းစားဖို့က သူ့သား ဘုရင့်အချစ်တော် ဖြစ်ဖို့ပါပဲ။
ဒီလိုနဲ့ ဂျော့ဂျ်ဟာလည်း အမေဖြစ်သူ ခိုင်းတဲ့အတိုင်း ဘုရင်ကြီးကို နည်းမျိုးစုံနဲ့ မြှူဆွယ်ပြီး နန်းတော်ထဲမှာ နေရာတစ်ခု ရလာအောင် ကြိုးစားခဲ့တယ်။
ဒါပေမဲ့ ရာထူး အာဏာပါဝါတွေဆိုတာလည်း ပင်လယ်ရေလို သောက်လေသောက်လေ ငတ်မပြေဖြစ်တဲ့အခါ မယ်ရီနဲ့ ဂျော့ဂျ်တို့ရဲ့
သားအမိကြား ပဋိပက္ခတွေ၊ သူတို့နဲ့ နန်းတော်ကြား ပဋိပက္ခတွေ ဒုနဲ့ဒေးဖြစ်ပေါ်လာပါတော့တယ်။
သမိုင်းတစ်ခုကို လေ့လာနိုင်မဲ့အပြင် ဂျော့ဂျ်အဖြစ် သရုပ်ဆောင်သူ Purple Hearts၊ Red, White & Royal Blue ဇာတ်ကားတွေထဲက
မင်းသား Nicholas Galitzine ရဲ့ ဖင်တုံးလှလှလေးကိုလည်း မြင်တွေ့ခွင့်ရမှာမလို့ လက်မနှေးဘဲ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်…
movie request❓
https://t.me/ktmovierequest1290