KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Bastar: The Naxal Story (2024)
IMDb.....6
(Action Crime Drama)
နီးရ်ဂျာဆိုတာ ဘက်စတာမှာရှိတဲ့ နာဇယ်အမည်ခံသောင်းကြမ်းသူတွေကို ရှင်းလင်းဖို့တာဝန်ကျနေတဲ့
စစ်သည်တစ်ဦး။
သူ့လုပ်ရပ်နဲ့ ရပ်တည်ချက်တွေကြောင် ဘက်စတာကပြည်သူတွေ သဲသဲလှုပ်ချစ်တာခံရပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် ဘက်စတာမှာရှိတဲ့ပြည်သူတွေကို
ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ နာဇယ်တွေကိုခြေမှုန်းနေတဲ့ နီးရ်ဂျာတစ်ယောက်
တရားစွဲခံရပါတယ်။တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ နီးရ်ဂျာ သူ့တပ်ဖွဲ့တွေကိုဘယ်လိုစီမံပြီး
မခံချင်စိတ်နဲ့ နာဇယ်တွေကိုပြန်တွန်းလှန်နေတဲ့ လူတွေ ဘယ်လိုအောင်နိုင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Hot Spot (2024)
IMDb......7
(Drama)
အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင်
ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက
ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။
ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ပေါက်ဖွားလာတဲ့
လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့အချစ်တစ်ခုရဲ့အဆုံးသတ်က ဘာဖြစ်မလဲ။တတိယဇာတ်လမ်းမှာတော့ အချစ်နဲ့တဏှာဟာ မတူပါဘူးဆိုပြီး တွင်တွင်ပြောနေသူတွေရော
ကိုယ့်အလှည့်ရောက်လာတော့ လက်ခံနိုင်မလား။နောက်ဆုံးအနေနဲ့ Deepအဖြစ်ဆုံး အိမ်ထောင်ရေးပြဿနာလေးဖြစ်တဲ့ အဆင်မပြေတဲ့
အိမ်ထောင်ရေးတစ်ခုရဲ့ဓားစာခံဖြစ်တဲ့ သားသမီးတွေအပေါ်သက်ရောက်မှုတွေကို ကြည့်ရှုရမှာပါ။အကြောင်းအရာကတော့deepဖြစ်ပေမဲ့ ဟာသလေးနှောပြီးတင်ဆက်ထားတာမလို့ ကြည့်ပျော်ရှုပျော်ဖြစ်သလို
ပညာလည်းရမယ့် အတွေးလည်းရမယ့်ဇာတ်လမ်းလေးဖြစ်တာမလို့ ရှုစားဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Kade Dade Diyan Kade Pote Diyan (2024)
IMDb.......6
(Comedy, Drama, Horror)
ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက်
အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊
ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို
သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ
အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။
အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို
ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက
ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။
ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။
ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် သူတို့နှစ်ယောက်ကြားက
အရာရာအားလုံး အဆင်ပြေသွားနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…
movie request❓
https://t.me/ktmovierequest12904 650
Cyber Heist ( 2023 )
IMDb.....6.3
(Action Crime Drama)
နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့
အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း
ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ
ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။
အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊
နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊
ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် – ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ
မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ
ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို
အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။
ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး
ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ကိစ္စတွေတွေရှုပ်ထွေးနေစဥ်မှာပဲ
ထျန်းကျီမှနည်းပညာရှင် ကျိုးကျားကျွင့်ဟာလဲ ကြိုးကိုင်သူရဲ့
ကြော့ကွင်းထဲကို ကျရောက်သွားပြီး ရောဂါသည်သမီးလေးရဲ့
အသက်အန္တရာယ်တွေအထိ ခြိမ်းခြောက်မှုတွေ ခံလာခဲ့ရတဲ့ အခါမှာ?ကျိုးကျားကျွင့်တစ်ယောက် သူတတ်တဲ့ နည်းပညာတွေနဲ့ ဘယ်လိုပြန်လည် တိုက်ခိုက်မှာလဲ ?အထင်လွဲမှားမှူတွေ လှည့်စားမှုတွေကြားကနေပြီး သမီးငယ်လေးကို
ကယ်တင်ကာ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲ ?
ဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။
နည်းပညာတိုးတတ်နေတဲ့ခေတ်ကြီးမှာ AI နည်းပညာတွေကို သုံးပြီး
ဘယ်လိုတွေ မိမိုက်စွာနဲ့ ပဟေဋိပုစ္ဆာတွေကို ဖြေရှင်းသွားမလဲဆိုတာ
သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။
movie request❓
https://t.me/ktmovierequest12904 650
Dangerous Liaisons (2022)
IMDb.....4.5
(Drama Romanc)
ဆီလင်းရီဗာဆိုတဲ့ ကောင်မလေးက လက်ထပ်ဖို့ ရည်ရွယ်ထားသူရှိပြီး
အချစ်နဲ့ ဖူးစာဖက်ကို ယုံကြာည်ထားတဲ့ ပဲရစ်သူလေးပေါ့။ သူစီနီယာတန်း
လာတက်တဲ့ ဗစ်တာဟူဂိုဆိုတဲ့ကျောင်းမှာ ဆိုရှယ်မီဒီယာအင်ဖလူရမ်ဇာ
နာမည်ကြီးတွေလို့ပြောလို့ရတဲ့လူငယ်စုံတွဲတွေ…ဆယ်လီတွေပဲ နေကြတဲ့
ကျောင်းပေါ့။ အဲ့ထဲမှာမှ ထရီစတန်ဘာဒီအိုလာတဲ့ဆိုတဲ့ ကောင်လေးဟာ
တစ်ကျောင်းလုံးမှာ ကင်း(King) လို့ပြောလို့ရတဲ့ ရေပန်းစားသူပေါ့။ရိုးအတဲ့ ဆီလင်းလေးကို ၂ လအတွင်း ရအောင်တွဲပြီး ချစ်လာအောင်လုပ်ဖို့
ကျောင်းရဲ့ ကွင်း ဖြစ်သူ ဗန်နက်ဆာက စိန်ခေါ်လိုက်ပါတယ်။ ဒါကိုလည်း
ထရီစတန်က လက်ခံလိုက်ရင်းနဲ့ ဆီလင်းနဲ့ ထရီစတန်ကကြားက အချစ်ဇာတ်
လမ်းတစ်ခုပေါက်ဖွားလာပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Abang Adik (2023)
IMDb......7.4
(Crime Drama)
မလေးရှားက ခိုးဝင်တွေအကြောင်းကို အဓိကထား ဦးတည်ထားတယ်။ ဒီထဲက ခိုးဝင်ဆိုရာမှာ လူမျိုးပေါင်းစုံပါတယ်။ အိန္ဒိယ , တရုတ်, မြန်မာ အစုံပဲ။ အဓိကကတော့ မလေးရှားမှာမွေးလာခဲ့ရင်းနဲ့ကို မွေးစာရင်းမရှိ ဘာအထောက်အထားမှမရှိလို့ ခိုးဝင်စာရင်းဝင်သွားတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အတွက် တစ်ယောက်ရှိပေးရင်း နေလာတာဆိုတော့ တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတယ်။ သူတို့အိပ်မက်က တရားဝင်နေနိုင်တဲ့လူတွေဖြစ်ဖို့ပေါ့။ ဒီအတွက်လည်း သူတို့ငွေ ငွေတွေရှာပြီး ကြိုးစားလုပ်ကြတယ်။ အဓိကမင်းသားကတော့ ဒီလိုဘဝရောက်နေတဲ့အပြင် နားလည်းမကြား စကားလည်းမပြောတတ်တော့ တော်တော်တော့ ခက်ခဲခဲ့တယ်။ သူကြိုက်နေတဲ့ မြန်မာမလေးကိုတောင် သူရဲရဲဖွင့်မပြောရဲတဲ့အထိ သူ့ဘဝကို သူသိမ်ငယ်နေခဲ့တယ်။ ဒီလိုဘဝကနေ ရုန်းထွက်ဖို့ တရားဝင်နေထိုင်သူဖြစ်လာအောင် သူကြိုးစားခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ အရာတွေကြုံလာရာကနေ သူ့ဘဝကြီး ဇောတ်ထိုးမိုးမျှော်ဖြစ်သွားတာကို သူဘယ်လိုပြန်ကုစားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ဒီလိုကားတွေ တော်တော်တော့ ထွက်ဖူးပေမဲ့ ဒီကားက အရသာကတော့ သူ့ရှေ့က ထွက်ဖူးတဲ့ ဒီလိုခိုးဝင်ကားတွေနဲ့ နည်းနည်းတော့ကွဲထွက်နေပါတယ်။ နောက် ရုပ်ရှင်တစ်ကားမှာ ရှိသင့်တဲ့အချက်အလက်တွေလည်း သူ့မှာ လိုသလောက်တော့ ပါနေတယ်။ ဒါရိုက်တာက လက်သစ်ပေမဲ့ သူပြချင်တာကို ကောင်းကောင်းပြနိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ဒါကြောင့်လည်း ဒီကားဟာ တော်တော်လည်းအောင်မြင်ခဲ့ပုံပါပဲ။ ထူးတာကတော့ ဒီလိုကားတွေကို စိတ်ညစ်စရာနည်းနည်းကောင်းလို ပုံမှန်ဆို ကျွန်တော်တော့ သိပ်သဘောမကျတတ်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီစိတ်ညစ်စရာတွေနဲ့ ဆွဲဆောင်မှုကို အချိုးကျကျသုံးထားတာမို့ ကြည့်လို့တော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ
movie request❓
https://t.me/ktmovierequest12904 650
Kaali (2018)
IMDb.....5.5
(Action Drama Thriller)
အရမ်းတော်တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဘာရတ် ဟာ
အမေရိကား မှာ ဆေးရုံတစ်ခုရဲ့ ဆေးရုံ ဥက္ကဌ ဖြစ်ပြီး ဘာရတ် ရဲ့ ဖခင်ဆရာဝန်ကြီးရဲ့ နေရာကို တာဝန်ယူပြီး ထမ်းဆောင်နေတာဖြစ်ပါတယ်နှလုံးအထူးကု ဆရာဝန်ကြီးဖြစ်ပြီး ကုသမှု တိုင်းမှာ ထူးချွန်သူ တစ်ယောက်ပါဖခင် ရော မိခင် ဖြစ်သူပါ သက်ရှိထင်ရှား ရှိနေပြီး ပြည့်စုံတဲ့ ဘဝ လေးမှာဘာရတ် နေထိုင်နေခဲ့ပါတယ်…ဒါပေမဲ့ ညတိုင်းလိုလို အိပ်မက် တစ်ခုကို မက်နေခဲ့တယ်မြွေ တစ်ကောင် ရယ် နွားရိုင်း တစ်ကောင် ရယ် အမျိုးသမီး တစ်ယောက်ရယ်အဲ့ဒီလိုနဲ့ အိပ်မက်က လန့်လန့်နိုးခဲ့ပြီး ဘာကိုမှ အဖြေရှာမရခဲ့ဘူး…တစ်ရက်မှာတော့ ဘာရတ် ရဲ့ မိခင် ဟာ ရုတ်တရက် နေမကောင်းဖြစ်ခဲ့ပြီးကျောက်ကပ် အစားထိုး ခွဲစိတ်ဖို့ လိုအပ်ခဲ့တယ်အမေကို ချစ်တဲ့ ဘာရတ်ကတော့ သူ့ကျောက်ကပ်ကို လှူမယ်စိတ်ကူးပေမဲ့ဖခင် ဖြစ်သူက သဘောမတူခဲ့ဘူး ဘာရတ် ရဲ့ ဦးလေးဆီက ကျောကပ်ကိုသာရယူလဲလှယ်ခဲ့တယ်…မိခင် ဖြစ်သူဟာ နေကောင်းလာတဲ့အခါ ဘာရတ်ဟာ မွေးစားသားဖြစ်ကြောင်းရှင်းပြခဲ့တဲ့နောက် ၂၈ နှစ် အကြာက သူ့ မွေးဇာတိ India ကို ပြန်လာခဲ့တယ်အဓိက ကတော့ ဘာရတ် ရဲ့ ငယ်ဘဝ ဖြစ်စဉ် နဲ့ သူ့ အိပ်မက်တွေကိုအဖြေရှာဖို့ပေါ့…ဒီလိုနဲ့ ဘာရတ် ကြုံတွေ့ရမယ့် ကိစ္စတွေက ထူးထူးဆန်းဆန်းတွေဖြစ်လာခဲ့သော အခါ….
movie request❓
https://t.me/ktmovierequest12904 650
Krishnamma (2024)
IMDb.....6.4
(Action Drama)
မြေကြီးထဲ ခန္ဓာကိုယ်မြှုပ်ထားခံရပြီး ခေါင်းတစ်ခုတည်းပေါ်နေတဲ့ အလောင်းတစ်လောင်း —
တစ်ခေါင်းလုံး သကာရည်တွေအလောင်းခံထားရပြီး ပုရွက်နီအပြုံလိုက်တက်နေတဲ့ လူသတ်မှုတစ်ခုအစကပြန်ကောက်ရရင် ရွာတစ်ရွာမှာ မိဘမဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ရှီဗာ၊ ကိုတီနဲ့ ဘာဒရာရယ်…
ပေါ့ပေါ့နေ ပေါ့ပေါ့စား တွယ်တာစရာဆိုလို့ ဘာမှမရှိတဲ့ မိဘမဲ့တွေ
သူတို့အလုပ်က အသေးစားဒုစရိုက်လေးတွေ အရောင်းအဝယ်လေးတွေ လိုက်လုပ်မယ်
ပြီးရင် အရက်သောက်မယ် ဒါပဲ… သူများတကာလို မိသားစုဘဝကို လိုချင်ပေမယ့်
သူတို့အချင်းချင်းပဲ ညီအစ်ကိုလို မိသားစုဝင်လို သဘောထားကြတယ်ဒီလိုကနေ ဒုစရိုက်လောကထဲက ရုန်းထွက်ဖို့လုပ်ပေမယ့် ရုန်းမထွက်နိုင်ပဲ ရှုပ်ထွေးတဲ့ အမှုတစ်ခုထဲ တွန်းပို့ခံလိုက်ရချိန်မှာတော့ …
ဘာတွေဆက်ဖြစ်မှာလဲ ပုရွက်ဆိတ်လို သူတို့ဘဝတွေကို တန်ဖိုးမရှိသလို သဘောထားခဲ့တဲ့ လူကို
ပုရွက်တွေကိုက်ပြီး အသက်ဆုံးရအောင် ရက်ရက်စက်စက် လက်စားချေတဲ့ ဇာတ်လမ်းတစ်ပုဒ်
ဘယ်လိုဖြစ်လာလဲဆိုတာ ပရိသတ်ကြီးကပဲ ရှုစားအားပေးကြပါဦး
movie request❓
https://t.me/ktmovierequest12904 650
Zara Hatke Zara Bachke (2023)
IMDb......6
(Comedy, Drama, Family)
ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး
မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို
တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့
ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။
တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့
သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။
ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ
ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့
သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။
ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။
ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။
ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို
အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။
သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို
အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ တကယ့်ဖြစ်ရပ်တွေနဲ့အတူ
ဒီကားလေးမှာ စောင့်ကြည့်ပေကြပါဦး
movie request❓
https://t.me/ktmovierequest12904 650
2037 (2022)
IMDb......6.6
(Drama)
၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်။ ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့် မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်။ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်။ မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် “နစ်နာသူ” ကနေ “လူသတ်သမား” ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။
အကျဥ်းထောင်ထဲမှာ “ယွန်းယောင်း” ဆိုတဲ့နာမည်အစား “၂၀၃၇” ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့ ကောင်မလေးကို ဇာတ်လမ်းကိုယ်စီရှိကြတဲ့ အကျဥ်းခန်းအဖော်တွေက ဘယ်လိုလက်ကမ်းကူညီပေးကြမလဲဆိုတာ ဒီကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Bad Teacher (2011)
IMDb.....5.6
(Adult, Comedy, Romance)
ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ…ဒါနဲ့ဘူနေတုန်းမှာပဲ…သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်…ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ….။
movie request❓
https://t.me/ktmovierequest12904 650
Blast from the Past (1999)
IMDb.....6.7
(Comedy Drama Romance)
သူ့ရဲ့နောက်ခံဝန်းကျင်က ၁၉၆၂ ခုနှစ် ဆိုဗီယက်တွေနဲ့ အမေရိကန်တို့ တင်းမာမှုတွေ ရှိနေတဲ့ အချိန်ကာလပေါ့၊ အဲဒီမှာ ကယ်ဗင်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်က နျူကလီးယား တိုက်ခိုက်မှုတွေ ရှိလာတဲ့အခါ ဘေးရှောင်နိုင်ဖို့ မြေအောက်ဗုံးခိုကျင်းကြီး တစ်ခု တည်ဆောက်ခဲ့တယ်။ နျူကလီးယားကိုတောင် ခံနိုင်ရည်ရှိတယ်ဆိုတော့ တွေးသာကြည့်ပေးတော့ပေါ့။
ဒီလိုနဲ့ သူပြင်ဆင်ထားသလိုပဲ တစ်နေ့မှာ ဒီကိစ္စတွေ ဖြစ်လာပြီး သူ့မိန်းမ ကိုယ်ဝန်သည် ဟယ်လင်နဲ့အတူ နျူကလီးယားနောက်ဆက်တွဲဒဏ်တွေ ကာကွယ်ဖို့ မြေအောက်မှာပဲ ၃၅ နှစ်ကြာနေဖို့ အခြေအနေဖြစ်လာခဲ့တယ် ။ မွေးလာတဲ့ သား အဒမ်ကိုလည်း မြေအောက်ထဲမှာပဲ အကုန်ပျိုးထောင်သင်ကြားပေးခဲ့တာပေါ့။တကယ်တော့ သူတို့ထင်သလို နျူကလီးယား ပေါက်ကွဲခဲ့တာမဟုတ်တဲ့အတွက် ကမ္ဘာကြီးရော လူတွေပါ ပုံမှန်လည်ပတ်နေခဲ့တာပါ။ ဒါကို မသိတဲ့ ကယ်ဗင်တို့ မိသားစုကတော့ မြေအောက်မှာပဲ ဆက်နေခဲ့ကြပါတယ်။ မြေပြင်ပေါ်မှာ ၃၅ နှစ်တာ ခံမယ့် အဆိပ်ငွေ့ ရှိတယ်ဆိုတဲ့ ယုံကြည်မှုကြောင့် တစ်ခါမှလည်း တက်ကြည့်ဖို့ မကြိုးစားခဲ့ကြပါဘူးဒီလိုနဲ့ ၃၅ နှစ်အကြမှာ မြေပြင်ပေါ်ကို တစ်ယောက်တည်း အရင်တက်ကြည့်ပြီး ခေတ်အပြောင်းအလဲတွေကို လိုက်မမီတဲ့ ကယ်ဗင်ကြီးက ကမ္ဘာကြီး အရင်လိုမဟုတ်တော့ဘူး မြေအောက်မှာပဲ ဆက်နေရမယ်တွေ ဖြစ်ပြီး သားဖြစ်သူ အဒမ်ကို မြေပြင်ပေါ်တက် ရိက္ခာရှာခိုင်းတဲ့ အချိန်မှာတော့ ……..
movie request❓
https://t.me/ktmovierequest12904 650
Dark Phoenix (2019)
IMDb......6.0
(Action, Adventure, Sci-Fi, X-men)
ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကိုကယ်တင်ဖို အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့
ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီးထိန်းမရဖြစ်လာပါတော့တယ်။လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်းပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရောဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။
movie request❓
https://t.me/ktmovierequest12904 650
Gentleman (2022)
IMDb.....7.0
(Action Crime Drama Thriller)
အလွတ်စုံထောက်အေဂျင်စီ ပိုင်ရှင်ဖြစ်တဲ့ ဂျီဟျွန်းဆူကို တစ်နေ့မှာ အိမ်မွေးခွေးလေးကူရှာပေးဖို့ ကောင်မလေးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်….
ဂျီဟျွန်းဆူက အဲဒီကောင်မလေးနဲ့အတူ ပိုင်ရှင်မရှိတဲ့
တည်းခိုခန်းမှာ ခွေးလေးကို ရှာဖို့ အတူ လိုက်ပါသွားခဲ့ရာ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တဲ့အတွက်သတိလစ်သွားပါတယ်… နိုးလာတဲ့အခါမှာ အလုပ်အပ်ခဲ့တဲ့ ကောင်မလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အပြင်
အမှုစစ်ကပါ သူ့ကို ပြန်ပေးဆွဲသမားအဖြစ် အထင်မှားပြီး ဖမ်းဆီးခဲ့ပါတယ် …
အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံဆက်ဖြစ်ခဲ့ပါတယ်..ဒီကားက အညွှန်းအများကြီးရေးလို့မကောင်းတဲ့အထဲမှာပါတယ်..ထွက်သမျှကားသစ်တွေထဲမှာ အကောင်းဆုံး စာရင်းထဲထည့်ထားလို့ရတယ်..plot twist တွေလည်းပါသလို အစမှ အဆုံးထိ tempo တစ်ချက်မှမကျဘဲနဲ့ကြည့်နေရတဲ့ကားဖြစ်လို့ပါ..casts တွေတော့ထွေထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး အကုန်နာမည်ကြီးတွေကြီးပဲ..
movie request❓
https://t.me/ktmovierequest12904 650
The Wrath of Becky (2023)
IMDb......6.0
(Action, Horror, Thriller)
2020 တုန်းက ထွက်ထားတဲ့ Becky ကားရဲ့ Sequel ပါ။
2020 ကားထက်လည်း IMDb rating ပိုမြင့်ပါတယ်။ ပထမ
ကားမှာ သူ့အဖေကို သတ်သွားတဲ့ လူလေးယောက်ကို ပြန်သတ်
ခဲ့တဲ့ ဘက်ကီက မိဘမဲ့ဖြစ်သွားတော့ မွေးစားမဲ့သူတွေရှိလာ
ပေမဲ့လည်း ဘက်ကီက သူ့ခွေးလေး ဒီယေးဂိုကိုခေါ်ပြီး တစ်
အိမ်ပြီးတစ်အိမ်ကနေ ထွက်ပြေးပါတယ်။ တစ်နေ့မှာတော့ အယ်
လီနာဆိုတဲ့ အဘွားကြီးတစ်ယောက်က ဘက်ကီ့ကိုလမ်းကြုံခေါ်
တင်ပေးရာကနေ ဘက်ကီတို့နှစ်ယောက် အယ်လီနာနဲ့ပဲ နေဖြစ်
သွားကြပါတယ်။
ဒါပေမဲ့ ကံကြမ္မာကဖန်လာပြန်တော့ ဘက်ကီ့ကြောင့်ပဲ အယ်လီနာ
အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ဘက်ကီ့ရဲ့ လက်စားချေတဲ့ခရီးစဉ်
ကြီး ပြန်လည်စတင်ပါတော့တယ်။ ၁၃နှစ်အရွယ်ဘက်ကီနဲ့ ၁၆နှစ်
အရွယ် ဘက်ကီတို့ ဘယ်လိုကွာခြားသွားမလဲ၊ သစ္စာရှိခွေးလေး
ဒီယေးဂိုကရော ဒီတစ်ခေါက်မှာ ဘက်ကီ့ကိုဘယ်လိုကူညီဦးမလဲ။
ရက်ရက်စက်စက် သွေးထွက်သံယို လူသတ်မှုတွေပါဝင်တဲ့အတွက်
ကြောင့် အသည်းငယ်သူများ ကြည့်ရှုဖို့မသင့်တော်ပါဘူး။
movie request❓
https://t.me/ktmovierequest12904 650
The Last Boy (2019)
IMDb.....6.9
(Drama Sci-Fi)
ကမ္ဘာကြီးပေါ်မှာ ရူပဗေဒဓါတ်ပြုပြောင်းလဲစဉ်တစ်ခုကြောင့်လေလုံးကြီးတွေကလူတွေကိုဝါးမြိုတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ်အဲဒီလေလုံးကြီးတွေကိုရေထုကြီးကြီးမားမားကသာကာကွယ်ပေးနိုင်ပါတယ်ဆိုင်ရာဆိုတဲ့ကောင်လေးဟာမိခင်ဆီကနေ
အဲဒီလေလုံးကြီးတွေကိုတားဆီးနိုင်တဲ့စက်လေးတစ်ခုရခဲ့ပြီးသူ့အမေမှာခဲ့တဲ့အတိုင်းဆုတောင်းတွေဖြည့်ပေးတဲ့နေရာကိုရောက်အောင်သွားဖို့တစ်ယောက်တည်းခရီးဆက်လာခဲ့ပါတယ်ဒါပေမယ့်လမ်းမှာသူ့ကိုဒုက္ခပေးမယ့်လူတွေသူ့ရဲ့စက်ကိုလိုချင်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာသူဘယ်လိုကျော်ဖြတ်မလဲလေလုံးကြီးတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ပြီးတော့ရောသူ့အမေမှာတဲ့နေရာကိုရောက်အောင်သွားနိုင်ပါ့မလားအဲဒီနေရာမှာရောတကယ်ဆုတောင်းတွေပြည့်မလားသူဘာဆုကိုတောင်းမလဲဆိုတာ စွန့်စားခန်းတွေနဲ့အတူကြည့်ရမှာဖြစ်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Dil Dosti Dilemma (2024)
IMDb.....6.5
(Drama)
မိသားစုတိုင်းမှာ လူငယ်နဲ့လူကြီးကြား ဒီဇာတ်လမ်းထဲလို
တစ်ခေါက်လောက်တော့ ဖြစ်ဖူးကြမှာပါ။ အရှက်ရတာမျိုးပေါ့။
ကိုယ်တို့ရဲ့ဘဝမှာ လူကြီးတွေရဲ့တစ်ခုခုကို အရှက်ရပြီး
အပေါင်းအသင်းတွေကို ဖုံးကွယ်ထားတာမျိုး လုပ်ဖူးကြပါတယ်။ အမေစာမတတ်တာ၊
အဖေအရက်သောက်ပြီး ရိုက်တတ်တာ၊ ဆွေမျိုးတွေရဲ့ အတွေးအခေါ်က နိမ့်ကျနေတာ အစရှိသဖြင့်ပါ။
ကိုယ့်စိတ်ထဲ ဒါကအောက်တယ်ထင်ပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာဖုံးကွယ်ထားမျိုး ငယ်ရွယ်တုန်းမှာ လုပ်မိတတ်ကြပါတယ်။
ဒီထဲက အက်စ်မာဆိုတဲ့ကောင်မလေးကလည်း အတူတူပါပဲ။
စီးပွားရေးအဆင်ပြေ၊ ခေတ်မှီ၊ ပွင့်လင်းပြီးအမြင်ရှိတဲ့ မိဘတွေလက်မှာ ချမ်းချမ်းသာသာနေရတဲ့ ကောင်မလေးပါ။
တီနဲ့နွန်းဆိုတဲ့ သူ့လိုrk ကောင်မလေးနှစ်ယောက်နဲ့လည်း အတွေးတူ အမြင်တူ အချစ်ဆုံးသူငယ်ချင်းတွေပါ။
ရှောပင်းလေးထွက်လိုက်၊ ကောင်လေးတွေနဲ့ ဇယားခင်းလိုက်နဲ့ ဘဝကိုပေါ့ပေါ့လေး နေနေရပါတယ်။
အက်စ်မာရာဟာ နွေရာသီမှာ အစ်ကိုဘွဲ့ယူမယ့်ကနေဒါကို မိသားစုလိုက်သွားမယ့်အရေးတွေးပြီး အစီအစဥ်တွေ အပြည့်ဆွဲထားခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့အိမ်ကို နယ်ကအဘွားလာလည်တော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတွေရှိနေတဲ့အခိုက်ဖြစ်နေခဲ့တယ်။
အဲဒီမှာ အဘွားရဲ့ရိုးရိုးအအပုံတွေကြည့်ပြီး အထင်သေးနေတဲ့ သူငယ်ချင်းတွေကြောင့်
သူမျက်နှာပျက်ရမှာကြောက်ပြီး အဘွားသူငယ်ချင်းလို့ လိမ်လိုက်တော့တယ်။
အဘွားခမျာ စိတ်ထိခိုက်ပြီး သမီးအလာတောင်မစောင့်ဘဲ အိမ်ပြန်သွားတော့တယ်။
ဒီအကြောင်းကို အမေနဲ့အဖေသိသွားတဲ့အခါ အက်စ်မာရာကို အပြစ်ပေးတဲ့အနေနဲ့ ကနေဒါကို
ပေးမလိုက်တော့ဘဲ နယ်ကအဘွားအိမ်ကို နွေရာသီနေဖို့ လွှတ်လိုက်ပါတော့တယ်။
အဲဒီမှာ အက်စ်မာရာရဲ့ဘဝဘယ်လို ဆက်ဖြစ်မလဲ။ အတွေးအခေါ်တွေ ပြောင်းလဲသွားမလား။
ကနေဒါမှာလို့ သူငယ်ချင်းတွေကို လိမ်ထားတာလည်း ပေါ်သွားမလားဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ပေးပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Gentleman (2022)
IMDb.....7.0
(Action Crime Drama Thriller)
အလွတ်စုံထောက်အေဂျင်စီ ပိုင်ရှင်ဖြစ်တဲ့ ဂျီဟျွန်းဆူကို တစ်နေ့မှာ အိမ်မွေးခွေးလေးကူရှာပေးဖို့ ကောင်မလေးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်….
ဂျီဟျွန်းဆူက အဲဒီကောင်မလေးနဲ့အတူ ပိုင်ရှင်မရှိတဲ့
တည်းခိုခန်းမှာ ခွေးလေးကို ရှာဖို့ အတူ လိုက်ပါသွားခဲ့ရာ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တဲ့အတွက်သတိလစ်သွားပါတယ်… နိုးလာတဲ့အခါမှာ အလုပ်အပ်ခဲ့တဲ့ ကောင်မလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အပြင်
အမှုစစ်ကပါ သူ့ကို ပြန်ပေးဆွဲသမားအဖြစ် အထင်မှားပြီး ဖမ်းဆီးခဲ့ပါတယ် …
အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံဆက်ဖြစ်ခဲ့ပါတယ်..ဒီကားက အညွှန်းအများကြီးရေးလို့မကောင်းတဲ့အထဲမှာပါတယ်..ထွက်သမျှကားသစ်တွေထဲမှာ အကောင်းဆုံး စာရင်းထဲထည့်ထားလို့ရတယ်..plot twist တွေလည်းပါသလို အစမှ အဆုံးထိ tempo တစ်ချက်မှမကျဘဲနဲ့ကြည့်နေရတဲ့ကားဖြစ်လို့ပါ..casts တွေတော့ထွေထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး အကုန်နာမည်ကြီးတွေကြီးပဲ..ဒေါင်းရကျိုးနပ်စေရမယ့်လို့ ရဲရဲကြီးအာမခံတယ်…
movie request❓
https://t.me/ktmovierequest12904 650
Gangster Land (2017)
IMDb......5.3
(Action)
အခု၂၀၁၇ထွက်ဂိုဏ်းစတားကားလေးတစ်ကားဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့၁၉၂၀ခုနှစ်နောက်ပိုင်း တန်ခိုးထွားခဲ့တဲ့လူမိုက်ဂိုဏ်းတွေကြားကပြိုင်ဆိုင်မှုရက်စက်မှု၊ နယ်မြေချဲ့ထွင်မှု၊ တွေကိုနောက်ခံထားပြီး လူငယ်လေးတစ်ယောက်ရဲ့
ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပုံကိုရိုက်ကူးပြထားတာပါ။ ဇာတ်ကားနာမည်လေးအတိုင်းပဲတကယ်ကိုဂိုဏ်းလောကထဲကိုရောက်သွားတဲ့သူတွေရဲ့အဖြစ်သနစ်တွေကိုရိုက်ကူးပြသွားပါတယ်။ဂျက်ဟာသာမန် မိသားစုလေးတစ်ခုကနေပေါက်ဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပြီးလက်ဝှေ့ကစားတာကိုအရမ်းကြိုက်နှစ်သက်ပါတယ်။ လက်ဝှေ့ပညာမှာပါရမီပါပြီးေ့ရှဆက်ထွန်းတောက်လာမယ့်လမ်းတွေရှိခဲ့ပေမယ့်လည်းကံကြမ္မာရဲ့အလှည့်အပြောင်းနဲ့ အတူ သူတို့မိသားစုလေးလည်းဘဝတစ်ဆစ်ချိုးသွားရပါတယ်။လူငယ်ဆိုတာစိတ်ထင်ရာလုပ်မိပြီး လမ်းမှားရောက်သွား တတ်သလိုပဲ ဂျက်ဟာလည်းလက်ဝှေ့ထိုးကောင်းတဲ့သူဖြစ်တဲ့အတွက် လူမိုက်ဂိုဏ်းတစ်ခုရဲ့ပစားပေးချင်ခံရပါ တော့တယ်။အမှားအမှန်ကိုခွဲခြားနိုင်စဉ်မှာတော့ငြင်းဆန်နိုင်ပေမယ့် တစ်ခုခုကိုရဲ့လွှမ်းမိုးမှုခံလိုက်ရချိန်မှာတော့စိတ်ထင်ရာလုပ်ပြီး လမ်းမှားကိုတစ်ဖြေးဖြေးဝင်ရောက်သွားတဲ့နောက် ဂျက်တစ်ယောက် ရုန်းထွက်နိုင်ပါ့မလား။အမေရိကန်ပြည်ထောင်စုက အီတလီလူမိုက်ဂိုဏ်းတွေ အိုင်းရစ်လူမိုက်ဂိုဏ်းတွေပါရှန်းလူမိုက်ဂိုဏ်းတွေရဲ့ နယ်မြေလုမှု ၊ စီးပွားရေးဈေးကွက်ရှာဖွေမှု ၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ဘယ်လိုချောက်ချလဲဆိုတာတွေကိုလည်းတွေ့ရမှာပါ။American Gangster ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Assassin (2023)
IMDb.......4.0
(Action Crime Thriller)
ခင်ဗျားတို့ရဲ့ ဘဝမှာ တစ်ရက်လောက် တခြားလူတစ်ယောက်ရဲ့
ဘဝနဲ့ ပြောင်းလဲပြီး နေလို့ရမယ်ဆိုရင် ဘာတွေလုပ်ချင်မိကြမလဲ။
အရင်ဆုံးဗျာ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ချင်မိကြမလဲ။ ပြီးရင်
အဲဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဘာတွေကို လုပ်ကြည့်ချင်မိလဲ။ ကျွန်တော်
ကတော့ အေးချမ်းမှုတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဆီက ရိုးရှင်းတဲ့လူ
တစ်ယောက်နဲ့ လဲလှယ်ချင်မိမယ် ထင်တယ်။ ဘဝမှာ ကိုယ်နေ
ပျော်ဖို့က အဓိပဲလေ ဟုတ်တယ်မလား။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကျွန်တော့်စိတ်ကူးနဲ့ လုံးဝဆန့်ကျင်
ဖက်ပဲ။ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူသုံးပြီး လူတွေ
လိုက်သတ်ရတယ်တဲ့ဗျာ။ စစ်ဆင်ရေးတစ်ခုမှာ မတော်တဆမှု
တစ်ခုဖြစ်ပြီး ကိုမာဝင်သွားတဲ့ အမျိုးသားဖြစ်သူ ဒရုန်းတပ်လေ
ယာဉ်မှူးကို ပြန်ခေါ်နိုင်ဖို့ရာအတွက် တခြားခန္ဓာကိုယ်တွေကို
ကူးပြောင်းပြီး လူသတ်၊စစ်ဆင်ရေးတွေလုပ်ရတဲ့ အမျိုးသမီး
တစ်ယောက်ရဲ့ အကြောင်းပေါ့။“ဘယ်အခြေအနေပဲရောက်ရောက် မင်းနဲ့အတူရှိနေပါ့မယ်”
ဆိုတဲ့ သစ္စာစကားတစ်ခွန်းက အန္တရာယ်များလွန်းတဲ့ စစ်ဆင်
ရေးတွေဆီ အကြောက်အလန့်မရှိ တိုးဝင်သွားနိုင်ပုံတွေကို
ရိုက်ပြထားတဲ့ action and crime ဇာတ်လမ်းတစ်ပုဒ်ပဲ
ဖြစ်ပါတယ်။ မင်းသားတွေကတော့ တစ်ခြားသူတွေမဟုတ်ဘူး
ခင်ဗျားတို့အချစ်တော်နှစ်ယောက် Bruce Willis နဲ့ Dominic
Purcell တို့ပေါ့ဗျာ။
movie request❓
https://t.me/ktmovierequest1290