en
Feedback
KT ဇာတ်ညွှန်း 📃

KT ဇာတ်ညွှန်း 📃

Open in Telegram

Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.

Show more
4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
The Fall Guy (2024) IMDb....7.3 (Action, Comedy, Drama) ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတားတွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲRyan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့..ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်…သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီးတစ်နှစ်အကြာမှာ..ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်…ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ရိုက်ကွင်းကနေပျောက်ဆုံးသွားတဲ့အတွက် တွမ်နဲ့သူငယ်ချင်းလို ရင်းနှီးတဲ့ကို့ထ်ကို မင်းသားရှာပုံတော်လွှတ်လိုက်ရင်းနဲ့ နောက်ကွယ်ကအရှုပ်တော်ပုံတွေ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်တဲ့အတွက်လက်မလွှတ်တမ်းစောင့်ကြည့်သင့်ပါတယ်… movie request❓ https://t.me/ktmovierequest1290

Joy (2015) IMDb......5.0 (Biography Drama) Joyက ယောက်ကျားနဲ့ ကွဲထားတဲ့ ကလေးနှစ်ယောက် အမေ ဖြစ်သလို သူရဲ့ အဖေနဲ့ အမေကလဲ ကွာရှင်းထားတာကြောင့် အိမ်စီးပွားရေးက သူရဲ့ ခေါင်းပေါ်ကို ရောက်လာပါတော့တယ်အဲဒီလိုနဲ့ စီးပွားရေး အဆင်ပြေဖို့အတွက် အလုပ်သစ်တစ်ခုကို စတင်တီထွင်ဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားက အလုပ်သစ် စတင်မဲ့ လူတစ်ယောက်အတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရတတ်တယ်၊ မအောင်မြင်ခင် ဘယ်လို ဝေဖန်တိုက်ခိုက်ခံရတယ်ဆိုတာတွေကို တွေ့ရမှာပါ။အဲဒီ အခက်အခဲတွေကို ဘယ်လို အင်အားမျိုးနဲ့ ကျော်ဖြတ်မှာလဲ၊ ကျရံှူးမှူတွေကိုရော လက်မြောက် အရံှူးပေးမှာလား ဒါမှမဟုတ် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကျော်လွှားမှာလားဆိုတာကို ကောင်းကောင်းသင်ယူနိူင်မဲ့ ဇာတ်ကား တစ်ကားမှာပါ။ အလုပ်သစ်တစ်ခု စတင်မဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွန်းပါရစေ movie request❓ https://t.me/ktmovierequest1290

The Craft: Legacy (2020) IMDb.....5.0 (Drama, Fantasy, Horror) ဟောလိုဝင်းကာလမှာ သရဲတွေထက်စာရင် စုန်းမချောချောလေးတွေကို ကြည့်ရတာ ပိုမကောင်းဘူးလားဗျာ။ ဒီတစ်ခါတော့ စုန်းကားကောင်းကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။အထက်တန်းကျောင်းသူလေး လီလီ ဟာ သူ့မိခင်ဖြစ်သူနဲ့ အတူ ကျောင်းပြောင်းလာခဲ့ရပါတယ်။ကျောင်းမှာတော့ စုန်းမ သူငယ်ချင်း ၃ ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။သူတို့ကလည်း စုန်းသိုက် ပြုလုပ်ဖို့ ၄ ယောက်မြောက်စုန်းကို ရှာနေတဲ့အချိန်မှာ လီလီ့ကို တွေ့ခဲ့ရတာပါ။မျိုးရိုးမရှိတဲ့ လီလီတစ်ယောက် ဘာလို့ စုန်းဖြစ်နေခဲ့ရတာလဲ?သူတို့ရဲ့ စုန်းပ့ညာ စွန့်စားခန်းတွေကရော ဘာတွေ ဖြစ်ဦးမှာလဲ?ဟောလိုဝင်းမှာ စုန်းကားကောင်းကောင်းလေး ကြည့်ပြီး အချိန်ဖြုန်းလိုက်ရအောင်ဗျာ။စုန်းမလေးတွေတင် ချောတာ မဟုတ်ဘူးနော်။ ပျိုပျိုမေတို့အတွက် မင်းသားတွေကလည်း ချောတယ်ဆိုတဲ့အကြောင်း လက်တို့ပေးလိုက်ပါတယ်။ movie request❓ https://t.me/ktmovierequest1290

Crushed (2022) IMDb.....8.1 (Comedy Drama Romance) ဖာသာတစ်ယောက် တည်ထောင်ထားတဲ့ကျောင်းမှာ အထက်တန်းကျောင်းသားကျောင်းသူတွေကြားက ပညာရေးပြိုင်ဆိုင်ကြတာနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တည်လာပုံကို လူငယ်ဆန်ဆန် သဘာ၀ကျကျနဲ့တင်ဆက်ပေးထားပါတယ်။ ဆမ်ဗစ်ဒန်ဆိုတာ ဆရာတွေသဘောကျ စာတော်တဲ့ကျောင်းသားထဲမှာမပါဘူး။ နောက်ဆုံးတန်းမှာထိုင်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေထဲမှာလည်းမပါဘူး။ ဒီတိုင်းလူမသိသူမသိနဲ့ ခပ်ကုတ်ကုတ်နေတတ်တဲ့ကျောင်းသားတစ်ယောက်။ ဒါပေမဲ့သူကြိတ်ကြွေမိနေတာကကျ ကျောင်းမှာအလှဆုံးလို့သတ်မှတ်ထားတဲ့ ကျောင်းသူလေးတစ်ယောက်ကို။ ကြိတ်ကြွေရတဲ့ကောင်မလေး သဘောကျဖို့အရေး ဆမ်ဗစ်ဒန်တစ်ယောက် သူငယ်ချင်းဖြစ်သူအကူအညီနဲ့ ဘယ်လိုတွေအကွက်ရွှေ့မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ movie request❓ https://t.me/ktmovierequest1290

The Great Indian Kapil Show (2024) IMDb......6.6 (Comedy) အိန္ဒိယဟာသပညာရှင် ကာပီးလ်ရှာမာနဲ့အတူ နာမည်ကြီး celebrity တွေ ပါဝင်ထားတဲ့ comedy talk show အပိုင်းရှစ်ပိုင်းကို တင်ဆက်ပေးလိုက်ပါတယ် တစ်ပိုင်းချင်းစီမှာ ပရိသတ်ကြီးချစ်တဲ့ နာမည်ကျော်တစ်ယောက်စီကို ခေါ်ပြီး အရွှတ်အနောက်တွေ ဖောက်မယ့် show လေးပါ Guest တွေအနေနဲ့ကတော့ – Animal ရုပ်ရှင်မင်းသား ရန်ဘီးကပူးရ် – british ပေါ့စတား Ed Sheeran – ဝါရင့်မင်းသားကြီး အမီရ်ခမ်း – Sunny Deol နဲ့ Bobby Deol တို့ ညီနောင် – ခရစ်ကတ်ကစားသမား Rohit နဲ့ Shreyas – Vicky Kaushal နဲ့ Sunny Kaushal – Amar Singh Chamkila ရုပ်ရှင်က သရုပ်ဆောင် Diljit Dosanjh လောလောလတ်လတ် အောင်မြင်ထားတဲ့ Heeramandi ဇာတ်လမ်းတွဲမှ cast တစ်ချို့ ပါဝင်ထားပြီး တစ်ပိုင်းချင်းစီမရိုးရမယ့် talk show လေးကို ပရိသတ်ကြီး ရွှေရင်အေးစေဖို့ တင်ဆက်ပေးလိုက်ပါတယ် movie request❓ https://t.me/ktmovierequest1290

A Simple Favor (2018) IMDb......7.1 (Comedy Crime Drama) စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူအမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစခေတ်ရှေ့ပြေးသလောက် သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူ စရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ်တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီး အမ်မလီတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါမှာတော့အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှ… movie request❓ https://t.me/ktmovierequest1290

Maria (2019) IMDb.....8.7 (Action, Adult, Crime, Drama) လီလီဟာ ဘလက်ခ်ရိုစ့်ဆိုတဲ့ ဒုစရိုက်ဂိုဏ်ကြီးရဲ့ ထိပ်တန်းလုပ်ကြံရေးသမား တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ပေးအပ်တဲ့တာဝန်ကို ဖီဆန်ခဲ့မှုနဲ့ ဂိုဏ်းက သူ့ကို သတ်မိန့်ပေးခဲ့ပါတယ်။ အဲ့ဒါတွေအားလုံးဆီကနေ သူ့နည်းသူ့ဟန်နဲ့ ရှောင်ထွက်လွတ်မြောက်နေခဲ့ပြီး ကာလတစ်ခုမှာ သူဟာ ဘဝဟောင်းကိုမေ့ပျောက်ထားပြီး မာရီယာ ဆိုတဲ့ သာမန် အိမ်ထောင်ရှင်မအဖြစ် ဘဝသစ်တစ်ခုကို ထူထောင်လျှောက်လှမ်းနေတဲ့ အချိန် အတိတ်ဟောင်းက မိတ်ဆွေဟောင်းတွေ သူ့ကို ပြန်ခြေရာခံမိသွားတဲ့နောက် သူ ရုန်းထွက်ချင်တဲ့ဘဝဆီက လွတ်မြောက်နိုင်ပါ့မလား။ ဘယ်လိုဖြစ်ရပ်ဆိုးတွေကြုံလာရမလဲဆိုတာ..။ အမျိုးသမီးဗားရှင်းနဲ့ John wick လို့ပြောလို့ရပါတယ်။ မြင်နေကျ ဇာတ်အိမ်မျိုးကိုမှ သွက်သွက်လက်လက်နဲ့ နောက်ခံတေးဂီတ ကောင်းကောင်း အက်ရှင်ခန်း အလန်းစားတွေနဲ့ ဆွဲခေါ်သွားနိုင်ပါတယ်။ အက်ရှင်ခန်း နှိပ်စက်ခန်းတစ်ချို့ကြမ်းလွန်းလို့ကလေးတွေအတွက်တော့ မသင့်တော်ပါဘူး။ movie request❓ https://t.me/ktmovierequest1290

Oh Belinda (2023) IMDb......5.4 (Comedy Drama) ဒီလာရာဟာ အောင်မြင်တဲ့တူရကီသရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်။ တစ်နိုင်ငံလုံးကချစ်ကြတဲ့မင်းသမီးတစ်ယောက်အဖြစ်နဲ့ သူ့ဘဝက အစစအရာရာ ချောမွေ့နေခဲ့တယ်။ ခေါင်းလျှော်ရည်ကြော်ငြာတစ်ခုကို လက်မခံလိုက်ခင် အချိန်ထိပေါ့။ ခေါင်းလျှော်ရိုက်တဲ့ Scene ပြီးလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ဟန်ဒန်ဖြစ်နေတာတွေ့လိုက်ရပါတော့တယ်။ ကြော်ငြာထဲကအတိုင်း ကလေးနှစ်ယောက်အမေ အိမ်ထောင်သည် ဘဏ်ဝန်ထမ်း ဟန်ဒန်ပေါ့။ဒီဘက်ကမ္ဘာမှာလည်း ဒီလာရာရဲ့လောကက သူတွေအကုန်ရှိနေပေမဲ့ ဘယ်သူမှသူ့ကိုမမှတ်မိကြပါဘူး။ ဘယ်သူမှမမှတ်မိ အရူးလိုဝိုင်းကြည့်ခံရပြီး ဟန်ဒန်တို့အိမ်သားတွေကလည်း ဟန်ဒန်စိတ်ဖောက်သွားတယ်အထင်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ပြင်နေပါတယ်။ အဲဒီနောက် ဒါဟာသူ့အတွက် Test တစ်ခုဆိုတာ ဒီလာရာသဘောပေါက်သွားပါတယ်။ သရုပ်ဆောင်လုပ်နေရင်း ဒီလောကထဲရောက်လာတဲ့အတွက် ဒီလောကထဲကပြန်ထွက်ဖို့ သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဒန်အစစ်ရဲ့ ညစ်ပတ်တဲ့အမှန်တရားတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဘဝကြီးကရှုပ်ထွေးလာတဲ့အခါ ဒီလာရာတစ်ယောက်သူ့ကမ္ဘာကိုပြန်သွားနိုင်တော့ပါ့မလား… movie request❓ https://t.me/ktmovierequest1290

Guardians (2017) IMDb.....4.0 (Action Sci-Fi) စစ်အေးခေတ်ကာလမှာ အမေရိကန် နဲ့ ဆိုဗီယက်ယူနီယမ် တို့မှာလက်နက်တွေအပြိုင်အဆိုင် တီထွင်ခဲ့ကျပီးတော့အားပြိုင်နေခဲ့ကျတယ် သူတို့တွေရဲ့စစ်တပ်အသီးသီးကိုအင်အား တိုးပွားလာအောင်ပြုလုပ်ခဲ့ကျတယ် ဆိုဗီယက် က Patriot ဆိုတဲ့ပရောဂျက်တစ်ခုကိုစတင်ခဲ့ပီ လူသားတွေရဲ့မျိုးရိုးဗီဇတွေကိုပြောင်းလဲပီးတော့စွမ်းအားတွေရရှိလာအောင်လုပ်ပေးဖို့ကြိုးစားခဲ့ကျတယ် အော်ဂတ်ကူရာတို နဲ့ ဗစ်တာဂိုဗမ်နော့စ် တို့ကအဲ့ပရောဂျက်ကိုဦးဆောင်လုပ်ခဲ့ကျတာဖြစ်တယ် ဒါပင်မဲ့ ဂိုဗမ်နော့စ် ကအောင်မြင်မှုတွေရရှိခဲ့ပီးလူတွေလဲချီးကျူးမှုခံနေရတဲ့အချိန်မှာ ကူရာတို ကတော့ကျဆုံးမှုတွေနဲ့ကြုံတွေ့နေခဲ့ရတယ် ကူရာတို ဟာသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အတော်ဆုံးသိပ္ပံပညာရှင်ဖြစ်ရေးဆိုတဲ့ဟာက ဂိုဗမ်နော့စ် ဆီရောက်သွားတော့မှာလို့ခံစားလာရတဲ့အချိန်မှာသူသုတေသနအောင်မြင်လာဖို့အတွက် လူသားတွေကိုပါစမ်းသပ်မှုတွေပြလုပ်လာခဲ့တယ် အဲ့ဒါကိုအစိုးရကသိရှိသွားပီးတော့သူ့ရဲ့စမ်းသပ်မှုတွေကိုပိတ်ပင်ခဲ့ပီး သူ့ကိုဖမ်းဆီးစေခဲ့တယ် ဒါပင်မဲ့ကူရာတို ကအဖမ်းမခံခဲ့ဘဲနဲ့သူ့ရဲ့ဓာတ်ခွဲခန်းကိုပါပေါက်ကွဲခဲ့ပီးထွက်ပြေးသွားခဲ့တယ် နစ်ပေါင်းများစွာကြာပီးတဲ့နောက်မှာစစ်တပ်ရဲ့လက်နက်သစ်စမ်းသပ်မှုလုပ်နေတုန်းမှာ ကူရာတို ရောက်လာခဲ့ပီးတော့လက်နက်တွေအကုန်လုံးကိုခိုးယူသွားခဲ့တယ် အဲ့တာမို့ ကူရာတို ကိုတားဆီးဖို့အတွက်အစိုးရအနေနဲ့စူပါဟီးရိုးအဖွဲ့ဖွဲ့ဖို့လိုလာခဲ့တယ် အဲ့တာမလို့ Patriot ဆိုတဲ့ပရောဂျက်ကိုပြန်စခဲ့ပီး ကူရာတို ရဲ့အစမ်းသပ်ခံခဲ့ရပီး စွမ်းအင်တွေရလာခဲ့တဲ့လူတွေကိုပြန်လည်ရှာဖွေပီးတော့ ကူရာတို ကိုတားဆီးဖို့လုပ်ဆောင်ခဲ့ပါတယ် movie request❓ https://t.me/ktmovierequest1290

All Eyez on Me (2017) IMDb....5.8 (Biography Drama Music) လူမဲလူမျိုုးတွေကို အသားရောင်ခွဲခြားခံနေခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စုမှာ တူးပက်ဆိုတဲ့ မြေအောက်ဟစ်ဟော့လောကကတက်လာခဲ့တဲ့ Rapperတစ်ယောက်ဟာ သူ့ရဲ့စာသားတွေနဲ့ လူမဲလူမျိုးတွေအတွက် အမှန်တရားတွေကို သီချင်းလုပ်ပြီးဆိုခဲ့တာကြောင့် အစိုးရဘက်ကလူတွေက အမြင်မကြည်ပါဘူး။ထို့နောက်မှာတော့ သူနဲ့အတူ အလုပ်တွဲလုပ်ခဲ့တဲ့ သူငယ်ချင်းက သူ့ကိုဇာတ်လမ်းဆင်ပြီး ထောင်ထဲရောက်အောင်လုပ်လိုက်ချိန်မှာတော့ တူးပက်တစ်ယောက် ဘာတွေဆက်ဖြစ်သလဲ ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့…… movie request❓ https://t.me/ktmovierequest1290

Left Behind: Rise of the Antichrist (2023) IMDb.....4.6 (Action, Drama, Mystery) ကိုဗစ်ကပ်ဘေးဒုက္ခကို ရင်ဆိုင်အပြီးမှာ တစ်ကမ္ဘာလုံး ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရပြန်ပါပြီ။ တစ်ချိန်တည်းမှာ လူသန်းနဲ့ ချီပြီး ရုတ်တရက်ပျောက်သွားတာ ဖြစ်ပါတယ်။ လူတွေအားလုံး စိုးရိမ်ထိတ် လန့်မှုတွေ ကြောက်လန့်မှုတွေ ခံစားနေရပြီး အကြမ်းဖက်မှုတွေ မကောင်း မှုတွေလည်း ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာပါတယ်။ တစ်ကမ္ဘာလုံး ဒုက္ခ အတိနဲ့ အဆိုးဆုံးနေ့ရက်တွေကို ရင်ဆိုင်နေရပါတယ်။ဒီအချိန်မှာ ကုလသမဂ္ဂခေါင်းဆောင် နစ်ကိုလိုင်း ကာပေသီယန်က ကပ် ဘေးဒုက္ခကနေ ရှင်သန်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ဘေးဒုက္ခတွေ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုလာပါတယ်။ လူအများကတော့ သူ့ကို သဘောကျ ပြီး အားပေးထောက်ခံနေကြပါတယ်။ နစ်ကိုလိုင်း ပုံဖော်ထားတဲ့အတိုင်း ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ကပ်ဘေးကနေ လွတ် မြောက်နိုင်ပါ့မလား။ နစ်ကိုလိုင်းရဲ့ ရည်ရွယ်ချက်တွေကရော စစ်မှန်ရဲ့လား။ ကမ္ဘာကြီးကို နောက်ဆုံးနေ့ရက်တွေဆီ ဆွဲခေါ်သွားမှာလားဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ movie request❓ https://t.me/ktmovierequest1290

Under the Silver Lake (2018) IMDb......6.8 (Comedy, Crime, Drama) လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ movie request❓ https://t.me/ktmovierequest1290

Athomugam (2024) IMDb.......9.6 (Drama, Mystery, Thriller) ‘ တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ‘ ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့ မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက် မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်း အလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရောဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိ န်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီး မိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲ ဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။ movie request❓ https://t.me/ktmovierequest1290

Peanut Butter Falcon (2019) IMDb......8.0 (Adventure, Comedy, Drama) ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်‌ပေးမယ့်မိသားစုမရှိတာကြောင့်အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့‌အကြမ်းဗတမ်းအကုန်ရတဲ့တောသားကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။နောက်တော့ ဇက်ခ်သွားမယ့်နေရာကတိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့်သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)ကလိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာအခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကိုညိမ့်ညိမ့်ညောင်းညောင်း‌ဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ movie request❓ https://t.me/ktmovierequest1290

Ode to My Father ( 2014 ) IMDb......7.8 (Drama) 1950 ခုနှစ် December လ ကိုရီးယားမှာစစ်ပွဲတွေပြင်းထန်နေတဲ့အချိန်ယွန်းဒေါ့ဆူတို့မိသားစုဟာ ပြေးလိုက်လွှားလိုက် အန္တရာယ်ကိုကျော်ဖြတ်လိုက်နဲ့ပါပဲသူတို့မိသားစုရော ဒေါ့ဆူရဲ့ ကံကြမ္မာဟာ ပြောင်းလဲဖို့ဖန်လာတယ်ပဲပြောရမလားစစ်ပွဲအတွင်းမှာ ဒေါ့ဆူဟာသူ့ရဲ့ညီမလေးကို ပျောက်ဆုံးသွားပါတော့တယ်ညီမကိုချစ်တဲ့ဒေါ့ဆူ…သူပါလိုက်ရှာမယ်ပြောတော့ သူ့အဖေကနေခဲ့ဖို့ပြောပြီး တကယ်လို့ သူမရှိခဲ့ရင်ဒေါ့ဆူ က မိသားစုအကြီးအကဲအနေနဲ့ မိသားစုကိုစောင့်ရှောက်ရမယ်လို့မှာခဲ့တယ်စစ်ပွဲအပြီး ဘူဆန်မှာအခြေချပြီးတဲ့အခါမှာတော့ ဒေါ့ဆူဟာသူ့အဖေရဲ့မှာကြားချက်အတိုင်းသားကြီးတစ်ယောက်အနေနဲ့ကျန်ရစ်ခဲ့တဲ့မိသားစုအပေါ်မှာအစစအရာရာအကုန်တာဝန်ယူပြီးတော့ ရှေ့ဆက်ကြိုးစားပါတော့တယ်သူ့ရဲ့အနှစ်နာခံမှုတွေ…စွန့်လွှတ်မှုတွေက ရင်ကိုထိခိုက်စေမှာပါအချစ်ကြောင့်..မိသားစုကြောင့် ဒေါ့ဆူတစ်ယောက်ဘာတွေဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုရင်ဆိုင်မယ်ဆိုတာကို ဆက်လက်စောင့်ကြည့်ရအောင်ကိုရီးယား ထိပ်တန်း Drama ဖြစ်တဲ့အညီ ဘာတွေကများဒီဇာတ်ကားကိုနာမည်ကြီးစေခဲ့တာလဲဆိုတာ..ခံစားကြည့်ရအောင် movie request❓ https://t.me/ktmovierequest1290

Shiddat (2021) IMDb......7.8 (Romance) ဂျာဂီက ပျော်ပျော်နေတတ်တဲ့ အားကစားသမားတစ်ယောက်.တနေ့မှာတော့ ရေကူးနေတဲ့ ကာတီကာကို ကျောင်းမှာတွေ့ရင်းကာတီကာ့ကို ချစ်မိသွားတယ် ဆယ်ကျော်သက်အချစ်ဆိုပေမယ့်ဂျာဂီအချစ်က အတော်လေးလေးနက်ပါတယ်….ကာတီကာနဲ့ဂျာဂီတို့နှစ်ယောက်က သိပ်ကိုလဲ လိုက်ဖက်တဲ့စုံတွဲတွေပေါ့…ဒါပေမယ့် အချစ်စစ်တို့လမ်းဟာမဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း တနေ့မှာ ကာတီကာကလန်ဒန်က မိသားစုပြန်သွားရပြီး မထင်မှတ်ပဲ မိဘတွေရဲ့အိမ်ထောင်ချပေးခြင်ကို ခံလိုက်ရပါတယ်….ဂျာဂီလို အန္ဒိယမှာနေတဲ့လူအတွက် လန်ဒန်ဆိုတာသိပ်ဝေးလွန်းပါတယ်…ဒါပေမယ့် ဂျာဂီရဲ့အချစ်တွေကိုနယ်မြေအကွာအဝေးတွေက ကန့်သတ်မထားနိုင်ပါဘူး…ဂျာဂီက လန်ဒန်နဲ့အနီးဆုံးဖြစ်တဲ့ ပြင်သစ်ကို လမ်းလျှောက်လိုက်ကားကြုံစီးလိုက်နဲ့ ကီလိုမီတာပေါင်းထောင်ချီနေတဲ့ ပြင်သစ်ကို ရောက်အောင်သွားခဲ့ပေမယ့်ဗီဇာမပါတာကြောင့် အဖမ်းခံရပြီး သံရုံးကအရာရှိ ဂေါ်သမ်နဲ့ဆုံခဲ့ပါတယ်…ဂေါ်သမ်ကတော့ ကွာရှင်းမလို့ဖြစ်နေတဲ့ အိမ်ထောင်ရေးနဲ့ သွေးအေးသွားတဲ့အချစ်ရေးကြောင့် အချစ်ရေးကို အယုံအကြည်မရှိတဲ့ လူတစ်ယောက်ဖြစ်ပြီးဂျာဂီဘယ်လိုမှရှင်းပြမရတဲ့ လူစားမျိုးပါ…ဂျာဂီတစ်ယောက် လန်ဒန်ကိုရောက်အောင်သွားနိုင်မှာလား သူကြိုးစားသမျှကိုရော သူ့ကောင်မလေးက အသိမှတ်ပြုရဲ့လားသံအမတ်ဂေါ်သမ်ကရော ဂျာ့ဂီကို ပြည်နှင်ဒဏ်ပေးမှာလားးစတဲ့မေးခွန်းတွေနဲ့လူလေးဦးရဲ့ အချစ်အပေါ်ခံယူချက်တွေ ကြိုးစားပုံတွေ အမြင်တွေကိုချပြဖျော်ဖြေထားတဲ့ဇာတ်လမ်းတပုဒ်ဖြစ်ကြောင်း ညွှန်းချင်ပါတယ် movie request❓ https://t.me/ktmovierequest1290

Sharathulu Varthisthai (2024) IMDb.......7.2 (Drama) ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။ သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။ ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။ သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကို MLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။ သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော။ အဲဒီတော့နေရာတစ်ခုလုံးက လူတွေပါလိုက်ကြတာသောက်သောက်လဲ။ ဒါပေမယ့်ချီရမ်ဂျီဗီကတော့မပါဘူး။ စိတ်မယိုင်ဘူး။ ကျန်လူတွေပါ မပါဖို့ဆွယ်လိုက်သေးတယ်။ ဒီလိုသူမယုံကြည်တဲ့ စီးပွားရေးကို သူ့ရဲ့ချစ်ရသူလေးနဲ့ အမေ ဖြစ်သူက ယုံကြည်ပြီးမန်ဘာဝင်လိုက်တဲ့အခါ….. movie request❓ https://t.me/ktmovierequest1290

Challengers (2024) IMDb......7.6 (Drama Romance Sport) နာမည်ကျော်တင်းနစ်ကစားသမား အာ့ ဒေါ်နယ်ဆင်ဟာ အသက်အရွယ်ရလာပြီး ရှုံးပွဲတွေ များလာရာကနေ ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်လာဖို့ ပြန်ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမ တာရှီဒေါ်နယ်ဆင်ကတော့ အရင်က တင်းနစ်လူငယ်ပါရမီရှင်ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် အနားယူလိုက်ရပြီး အာ့ ရဲ့ နည်းပြအဖြစ်ပဲ လုပ်ပေးနေတော့တာ ဖြစ်ပါတယ်။ သူတို့လင်မယား ကမ်းဘက်ဖို့ ကြိုးစားတဲ့ပြိုင်ပွဲမှာ နောက်ဆုံးဖြတ်ကျော်ရမှာက တာရှီရဲ့ ရည်းစားဟောင်း၊ အာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်း ပက်ထရစ်စဖိုက်ပဲ ဖြစ်နေပါတယ်။ သူတို့သုံးယောက် အတိတ်က ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ တင်းနစ်ကွင်းထဲမှာ ဘယ်လို ဆက်ဖြေရှင်းကြမလဲဆိုတာကို ပြထားတာပါပဲ။ ဒရာမာကောင်းကောင်းကြိုက်တဲ့သူတွေ ကြည့်ထားလိုက်ပါဦး။ movie request❓ https://t.me/ktmovierequest1290

Four Brothers (2005) IMDb......6.9 (Action, Crime, Drama) အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်…သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး..အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ.. တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယဝင်နေကြပါတယ်..သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား..သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား..ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါ movie request❓ https://t.me/ktmovierequest1290

Panfilov’s 28 Men(2016) IMDb......6.8 (Action, Drama, History) ၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်မှာ နာဇီဂျာမန်တွေဟာ ဆိုဗီယက်ရုရှားကို ဘာဘိုရာဆာ စစ်ဆင်ရေးနဲ့ ကျူးကျော်ဝင်ရောက်လာပါတယ်။ နိုင်ငံရေးအေပြာင်းအလဲကြောင့် အတွေ့အကြုံရင့် အရာရှိများစွာ ရှင်းလင်းခံရခြင်းနဲ့ ဟစ်တလာကို လျှော့တွက်မိခြင်းကြောင့် ဆိုဗီယက်ကြီး အငိုက်မိသွားပါတယ်။ ဂျာမန်တွေဟာ ဥရောပတိုက်တစ်ဝက်စာ ဧရိယာပမာဏကို တစ်လအတွင်း သိမ်းပိုက်နိုင်ပြီး ဆိုဗီယက် သုံ့ပန်းပေါင်းများစွာကို သန်းနဲ့ချီပြီး ဖမ်းမိခဲ့ပါတယ်။ ထိုအချိန်မှာ ဂျာမန်တပ်တွေဟာ မော်စကိုမြို့တော်နဲ့ ကီလို ၂၀၀ကျော်ကျော်ထိ ရောက်ရှိနေသလို အနည်းငယ် အားထည့်လိုက်ရုံနဲ့ မော်စကိုမြို့ကို အသာလေးသိမ်းပိုက်နိုင်တဲ့အနေအထားပါပဲ…..ဘာလို့ဆိုမော်စကိုမြို့ကို ခံစစ်ပြုမယ့် ရုရှာစစ်သားတွေဟာ အင်အားနည်းလွန်းနေသလို ကျန်ခဲ့တဲ့သူတွေဟာလည်း အတွေ့အကြုံနုနည်းလွန်းတဲ့စစ်သည်တွေဖြစ်နေတယ်..ရုရှားဘက်က စစ်သည်အရေအတွက်ကလည်း ၂၈ ယောက်သာရှိတယ်…ဂျာမန်တွေဟာ မော်စကိုကိုသိမ်းဖို့ တင့် ၄၅စီးနဲ့အတူ ခြေလျင်စစ်သည်ပေါင်းများစွာနဲ့ ချီတက်ခဲ့တယ်…ဒါပေမယ့် ဘီလူးဝင်စီးသလို ဖြစ်နေတဲ့ စစ်သည်(၂၈)ယောက်နဲ့ တွေ့လိုက်ရချိန်မှာတော့….ဒီစစ်ကားက Battle Scene တွေ တကယ်အမိုက်စားတွေ…တင့်ပစ်ချက်တွေ အသားစတွေပြုတ်တွေ ..ဗုံးစံထိမှန်တာတွေ တကယ်ကိုမိုက်ပါတယ်… ကြည့်ရတာအတော်ကိုအားရပါတယ်… ဒါ့အပြင် တိုက်ပွဲဝင်စစ်သားများနဲ့ ကော်မစ်ဆာ နိုင်ငံရေးအရာရှိရဲ့ အားပြိုင်မှုတွေ၊ ဂျာမန်တင့်တွေ ကို ထင်မထားတဲ့ နည်းလမ်းနဲ့ တားဆီးပုံတွေ၊ ဆိုဗီယက်စစ်တပ်ထဲရှိ ရုရှားနဲ့ တခြားလူမျိုးကွဲများရဲ့ ပဋိပက္ခတွေ ဟာ ဇာတ်လမ်းကို ရုပ်လုံးကြွအောင် ဆွဲခေါ်သွားနိုင်တဲ့လို့ Home Stay ကာလအတွက် အလွန်ကြည့်ကောင်းတဲ့ စစ်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်… movie request❓ https://t.me/ktmovierequest1290