KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Adrift (2018)
IMDb......6.7
(Action, Adventure, Drama)
သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကိုတကယ် အေးချမ်းစေပါတယ်ဇာတ်လမ်းလေးကတော့ဒီလိုရှင့်…ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးကသင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ်နောက်တော့ ကောင်လေးနဲ့တွေ့ပြီမင်းသားကသူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ်အဲ့ညမှာကောင်မလေးက ပင်လယ်ကိုရွက်လွင့်တာကြိုက်မှန်သိလို့ သူတစ်ကမ္ဘာလုံးရွက်လွင့်ပြီကိုလိုက်ပြဖို့ခွင့်တောင်းပါတယ် နောက်နေ့မှတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွင့်ကျပါတော့တယ်ဟာဇက်နာဆိုတဲ့မြို့မှ ခနဈေးဝင်ဝယ်ထွက်ရင်းကောင်လေးသူငယ်ချင်းဟောင်းနှစ်ယောက်နဲ့ပြန်ဆုံပြီးဒေါ်လာတစ်သောင်းရမယ့် ကမ်းလှမ်းချက်တစ်ခုကိုကမ်းလှမ်းခံရပါတယ်ကမ်းလှမ်းချက်က ဟာဇက်နာကနေ ကယ်လီဖိုးနီးယာပြည်စန်ဒီရေးဂိုကိုသူတို့အစားရွက်လွင့်သွားပေးရမယ့်တာဝန်ပါအရမ်းကောင်းတဲ့အခွင့်ရေးဖြစ်လို့ လက်ခံလိုက်ပြီ ချစ်သူနှစ်ဦးခရီးစထွက်ရင်း ပစိဖိတ်သမုဒ္ဒရာမှာ အမေရိကားအလယ်ပိုင်းကိုအားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့လေမုန်တိုင်းတစ်ခုမိသွားခဲ့ပါတယ်ထိုမုန်တိုင်းကြောင့် လှေမှောက်ပြီး ပစိဖိတ်ထဲမှာ ၄၁တစ်ရက်အထိအသက်ရှင်အောင်နေထိုင်ခဲ့တဲ့လူငယ်စုံတွဲနှစ်ယောက်ရဲ့ဖြစ်ရပ်မှန်လေးကိုရိုက်ကူးထားတာပါ
movie request❓
https://t.me/ktmovierequest12904 650
Acts of Violence (2018)
IMDb.....5.0
(Action Drama)
သတို့သမီးလောင်းဖြစ်သူ မာယာ ကို လူကုန်ကူးတဲ့အဖွဲ့တစ်ခုက ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့အခါ ရိုမန်တစ်ယောက် သူရဲ့စစ်ပြန်အစ်ကိုနှစ်ယောက်နဲ့အတူ ချစ်သူကိုကယ်ဆယ်ဖို့ကြိုးစားရင်း လူဆိုးခေါင်းဆောင်ကို လိုက်ဖမ်းနေတဲ့ စုံထောက်အေဗရီနဲ့ပူးပေါင်းမိသွားတဲ့အခါ…ဒုစရိုက်သမားတွေရဲ့လူအင်အားလက်နက်အင်အားနဲ့ပိပိရိရိလှုပ်ရှားမှုတွေ အပြင် FBI နဲ့ပါပူးပေါင်းကြံစည်မှုကြောင့် ဥပဒေအရလှုပ်ရှားဖို့အခွင့်မသာတဲ့အခါ…မိမိရဲ့ မိသားစုအတွက်အသက်ကိုတောင်ပေးဆပ်နိုင်တဲ့ ညီအစ်ကိုတွေရဲ့ သက်စွန့်ဆံဖျားကြိုးပမ်းမှုတွေ…နာမည်ကျော်မင်းသားကြီး ဘရုစ်ဝီလီ ပါဝင်သရုပ်ဆောင်ထားပြီး ဘာတွေများဆက်ဖြစ်လာမလဲလို့ ရင်တထိတ်ထိတ်ကြည့်ရှုနေရတဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့အပြင် မိသားစုကိုချစ်စိတ်နဲ့သံယောဇဉ်ကြီးမားမှုကိုပါထင်ဟပ်နေမဲ့ရသစုံပေးနိုင်တဲ့ဒီဇာတ်လမ်းဟာ ပရိတ်သတ်ကိုဇာတ်လမ်းအစအဆုံး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ခေါ်ဆောင်သွားမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Blackia 2 (2024)
IMDb.....6.3
(Crime Drama)
ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင်
ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် …လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ်
ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး
နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က “ဘလက်ကီရာ” ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါတစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို
တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး
မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲ
မေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦး
movie request❓
https://t.me/ktmovierequest12904 650
Rathnam (2024)
IMDb......8.4
(Action)
ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာ
လက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း
ဇာတ်ကားရဲ့ အစမှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာ
အကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့
ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့
ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီး
နောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့
အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်း
အန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။အဲဒါကြောင့် သူမကို သတ်ပစ်ဖို့ ကြိုးစားကြတဲ့အချိန်မှာ ရာသ်နမ်က
ဝင်ကယ်ရင်း ရာသ်နမ်တစ်ယောက် မာလီဂါရဲ့ သက်တော်စောင့်
သဘောမျိုးဖြစ်လာသလို ကိစ္စမျိုးစုံကြုံတွေ့ရင်း ဇာတ်လမ်းဇာတ်ကွက်တွေ ရှုပ်ထွေးလာတာကို တွေ့မြင်ရမှာပါ။
တကယ်ပဲ ရာသ်နမ်တစ်ယောက် မာလီဂါကို ကြာကြာကာကွယ်နိုင်ပါ့မလား
ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။
movie request❓
https://t.me/ktmovierequest12904 650
Easy Money (2010)
IMDb......6.7
(Action Crime Drama)
ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်ကလူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက်ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူသူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင်ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့…..
movie request❓
https://t.me/ktmovierequest12904 650
578: Magnum (2022)
IMDb.....7.2
(Action, Drama)
ဟုန်က ထရပ်ကားမောင်းတဲ့သူ ဖြစ်ပြီးတော့
အန် ဆိုတဲ့ သိပ်ချစ်ရတဲ့ သမီးလေး တစ်ယောက်ရှိပါတယ်။
ဟုန်က အန့်ကို သွားလေရာ ခေါ်သွားလေ့ရှိပေမဲ့
အန် ကျောင်းတက်ရမယ့်အရွယ် ရောက်လာပြီး
ကျောင်းကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စပါတယ်။တစ်နေ့မှာ ဟုန့်ဆီကို သမီးလေးအန် စိတ်ကစဉ့်ကလျား ရောဂါ
ခံစားနေရတဲ့အကြောင်း ကျောင်းကနေ အကြောင်းကြားလာပါတယ်။
အန်က အကြောက်လွန်ရာကနေ စိတ်ကစဉ့်ကလျားဖြစ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့တဲ့အပြင်
အဖေဖြစ်သူ ဟုန့်ကိုပါ အနားအကပ်မခံတော့တဲ့အထိ အခြေအနေက ဆိုးဝါးနေပါတယ်။
အဲဒီနောက်မှာတော့ အန့်ကို ဒီလိုအခြေအနေဖြစ်အောင်လုပ်သွားတဲ့ တရားခံကို လိုက်ရင်း
ဟုန်တစ်ယောက် ဧရာမ ဒုစရိုက်ဂိုဏ်းကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရပုံကို ရှုစားကြရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Sometimes Always Never (2018)
IMDb.....6.3
(Comedy, Drama, Mystery)
အလန်ဆိုတဲ့အဖေမှာ ပီတာနဲ့ မိုက်ကယ်ဆိုတဲ့သားနှစ်ယောက်ရှိပြီး မိုက်ကယ်ကတော့ ငယ်ငယ်လေးကတည်းကအိမ်ကနေဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတော့ အလန်ကမိုက်ကယ်ပျောက်သွားတဲ့အချိန်ကတည်းကစပြီး လိုက်ရှာနေခဲ့တာအခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။အဲ့ဒီလို ပျောက်သောသားကို လိုက်ရှာနေရင်းနဲ့ အဖေဖြစ်သူရဲ့အနွံတာတွေ အားလုံးကို ခံနေရသူကတော့ ပီတာပဲဖြစ်ပြီးသူ့အဖေပြဿနာရှာသမျှ ဒုက္ခပေးသမျှကို ခါးစည်းခံရင်းနဲ့ပဲသည်းခံနေလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အလန်ကတော့ပီတာ့ကို မမြင်ဘဲပျောက်သောသားကိုပဲ လိုက်ရှာနေရင်းနဲ့နောက်ဆုံးမှာ ကျမ်းစာထဲကလို ပျောက်သောသားအိမ်ပြန်လာပါ့မလားဆိုတာကို ကြည့်နေကျဇာတ်ကားတွေနဲ့ Feelingမတူပဲ တစ်မျိုးလေးကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Brothers(2015)
IMDb......6.4
(Action Drama Sport)
အမေကိုသတ်မှုနဲ့ထောင်ထဲဝင်သွားတဲ့ အဖေကို မုန်းတီးနေတဲ့ အလတ်တန်းစားတိုက်ခိုက်ရေးသမားဟောင်း ကျောင်းဆရာအစ်ကိုကြီးဟာ သူ့မိသားစုအတွက်မဖြစ်မနေငွေရှာရတော့မယ့်အခြေအနေမှာ ဘယ်လိုမှ နိုင်ဖို မျှော်လင့်ချက်မရှိတဲ့ ကြီးကျယ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကြီးကို ဝင်ပြိုင်ပါတော့တယ်။
တချိန်တည်းမှာပဲ ထောင်ကလွတ်လာတဲ့အဖေရဲ့ အကူအညီနဲ့ အဖေတူအမေကွဲ ညီငယ်လေးကပါ ပြိုင်ပွဲထဲမှာ ပါဝင်လာတဲ့အခါ…….
တကယ်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကြားထဲမှာ မေတ္တာတရားကို ပီပြင်အောင်ရိုက်ပြထားတာကိုတော့ တကယ်ချီးကျူးးမိပါတယ်ဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Shakhahaari (2024)
IMDb.....7
(Thriller)
ဆူဘာနာဟာ ရွာမှာ စားသောက်ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်း နေနေတဲ့သူပါ။
တစ်နေ့မှာတော့ လူသဝာ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဗီဂျေးဆိုတဲ့
တရားခံတစ်ယောက်ဟာ ရဲစခန်းကနေ ထွက်ပြေးလာပြီး ဆူဘာနာရဲ့ဆိုင်ထဲမှာ ပုန်းခိုနေခဲ့ပါတယ်။ဗီဂျေးကို ထောင်ထဲထည့်ပြီးရင် နယ်ပြောင်းခွင့်ရမယ့်ရဲမှူးကလည်း နယ်ပြောင်းချင်စိတ်နဲ့
ဗီဂျေးကို အသည်းအသန်လိုက်ရှာပါတယ်။
အဲဒီအချိန်မှာ လူသဝာ်မှုတစ်ခု ဆက်ဖြစ်ပွားခဲ့တာကြောင့် တရားခံဟာ သူလိုလို
ငါလိုလို ယုန်ထင်ကြောင်ထင် ဖြစ်လာပြီး ရဲတွေနဲ့လည်း ဇာတ်လမ်းရှုပ်ကာ
ဆူဘာနာရဲ့ အေးချမ်းတဲ့ဘဝလေးမှာ လှုပ်ခတ်မှုတွေဖြစ်လာခဲ့ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
The Devil Wears Prada (2006)
IMDb......6.9
(Comedy Drama Romance)
The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Pradaဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ “ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား”မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို “မိုးဖွဲလေးကျနေတာပါ”လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် “ဒါပဲ”ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ဖက်ရှင်အယ်ဒီတာ့စိတ်ကြိုက်ဆိုတော့လည်း အဝတ်အစားအပိုင်း အပြင်အဆင်ကအစ ခန္ဓာကိုယ်အချိုးအစားပါ ဖက်ရှင်ကျအောင်နေပေးရရင်းက ကိုယ်ပိုင်ဘဝလေးကိုပါထိခိုက်လာရော။ အလုပ်ကိုအရမ်းကြိုးစားရင် ကိုယ့်ဘဝမှာအချိန်ပေးရမှာတွေကို ပေးသင့်သူတွေကို လျစ်လျူရှုမိတာ ဓမ္မတာပဲလေ၊။ ဒီတော့ အန်ဒီတစ်ယောက် အယ်ဒီတာက ခဏခဏကြပ်တဲ့အလုပ်မှာပဲ ဆက်လုပ်မလား ဘာတွေရွေးချယ်ရင်း ဘယ်လိုခရီးဆက်မယ်ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပျော်ပျော်လေးကြည့်ရှုနိုင်ပါပြီ။ (နာမည်ကြီး Fashion brandတွေ၊ Designer နာမည်တွေ၊ Studioနာမည်တွေအများကြီးပါတာမို့ မြန်မာလိုနာမည်ပြန်မရေးဘဲထားခဲ့တာ မျက်စိရှုပ်မသွားပါနဲ့ဦးဗျ)
movie request❓
https://t.me/ktmovierequest12904 650
Bourek (2015)
IMDb......6.2
(Comedy, Drama)
ကမ္ဘာပျက်ရင် ရှောင်ဖို့ စည်းစိမ်တွေကို စွန့်လွှတ်ပြီးလွတ်မြောက်ရာလို့ ညွှန်းပေးလိုက်တဲ့ဂရိနိုင်ငံက ကျွန်းလေးကို လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းနေတာကြောင့်ဂရိအစိုးရက နိုင်ငံပိုင် ကျွန်းလေးတွေကို ပုဂ္ဂလိကလက်ထဲရောင်းချနေရတဲ့ အချိန်ပါ။ ဂရိနိုင်ငံက ခရိုးနို့စ်ကျွန်းလေးမှာအဖွားရဲ့လက်ငုပ်လက်ရင်းဆိုင်လေးကို ဆက်ပြီးအသက်ဆက်အောင်ကြိုးစားနေတဲ့ အီလီနီဆိုတဲ့ ကောင်မလေးရှိနေပါတယ်။ သူမရဲ့ ဘဝကို အရှုံးမပေးပဲ ရင်ဆိုင်မယ့် တိုက်ပွဲမှာအဖက်ဖက်က ပါဝင်လာကြမယ့်သူတွေရယ်။ကမ္ဘာပျက်ရင် လွတ်မြောက်နယ်မြေဖြစ်မယ်လို့ယုံကြည်ပြီးရောက်လာတဲ့ သူဌေးရယ်။တဏှာကလွဲပြီး ကျန်တာ စိတ်မဝင်စားတဲ့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက်ရယ်နဲ့ ဟာသဇာတ်မြူးတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ ဂရိမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ရိုက်ထားတဲ့ ဒီကားလေးဟာအီဂျစ်ရုပ်ရှင်ပြပွဲနဲ့ အေသင်ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ အရွေးချယ်ခံခဲ့ရပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Bottoms (2023)
IMDb.....7.2
(Comedy)
ဂျိုစီနဲ့ ပီဂျေဆိုတဲ့အထက်တန်းကျောင်းသူ နှစ်ယောက်ကလည်း လိင်တူကြိုက်တဲ့ဂေးသူငယ်ချင်းတွေဖြစ်ကြပြီး ရုပ်လဲဆိုး အရည်အချင်းလည်းမရှိတဲ့အတွက်ကျောင်းကလူတွေက ရှောင်ဖယ်ထားတဲ့အပြင်ပြဿနာအိုးလေးတွေပဲဖြစ်ပါတယ်။
ဒါပေမယ့်သူတို့မှာကိုယ်စီကြိတ် Crush နေရတဲ့ပန်းပွားမယ်တွေတော့ရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာ ကျောင်းရဲ့နာမည်ကြီးဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင်ကျောင်းအုပ်ကြီးက ဖူးဖူးမှုတ်ထားတဲ့ဂျက်ဖ်ဆိုတဲ့ကောင်လေးနဲ့ ကွိုင်သွားတက်ပါတော့တယ်။ဒီလိုနဲ့ ကျောင်းထုတ်ခံရမလိုဖြစ်နေတဲ့အချိန်မှာ ကျောင်းကိုယ်ခံပညာကလပ်ဘာညာနဲ့ လျှောက်ပြောလိုက်ပြီး အဲ့ဒါကြောင့်ပဲ ကျောင်းထုတ်ခံရမဲ့ဘေးကနေကင်းသွားပါတော့တယ်။အဓိကကတော့ တခြားကျောင်းရဲ့ ဘောလုံးသမားတွေကဒီကျောင်းနဲ့ ရန်စရှိပြီး အားနည်းတဲ့မိန်းကလေးတွေကို လာလာအနိုင်ကျင့်နှိပ်စက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ပါးစပ်ထဲရှိတာ လျှောက်ပြောထားတဲ့ ကိုယ်ခံပညာကလပ်ကို တည်ထောင်ပြီးတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ Crush လေးတွေပါ ကလပ်ထဲပါလာတဲ့အခါဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
The Water Flows to the Sea (2023)
IMDb......6.3
(Drama Romance)
နာအိုတာဆုဆိုတဲ့အထက်တန်းကျောင်းသားလေးဟာအိမ်ကနေကျောင်းတက်ရမှာဝေးတာကြောင့် ဦးလေးအိမ်မှာလာနေဖို့ဖြစ်လာခဲ့ပါတယ်။ မိုးသည်းတဲ့နေ့မှာဦးလေးအိမ်နဲ့အနီးဆုံးဘူတာကိုရောက်ရှိလာတဲ့နာအိုတာဆုကိုအရွယ်ရောက်ပြီးအမျိုးသမီးဆာကာကီကလာကြိုရာကနေဇာတ်လမ်းကိုစတင်ထားပါတယ်။ နာအိုတာဆုရဲ့ဦးလေးဟာတကယ်တော့ မျှဝေနေထိုင်ကြရတဲ့အိမ်မှာနေတာဖြစ်တဲ့အတွက် နာအိုတာဆုဟာ တခြားလူတွေနဲ့ပါအတူနေရဖို့ဖြစ်လာပါတယ်။ ဆာကာကီက အသက် ၂၆ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး နာအိုတာဆုရဲ့ဦးလေးရှီဂီမီချီကတော့ကာတွန်းရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ မိဘတွေမသိအောင်ပုံမှန်အလုပ်ကနေထွက်ထားသူဖြစ်ပါတယ်။သူတို့နဲ့အတူတခြားနေထိုင်သူတွေဖြစ်တဲ့နာရူဆဲက ကမ္ဘာပတ်နေတဲ့တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး အီဇူမီယာကတော့အမျိုးသမီးအဝတ်အစားတွေနဲ့ဗေဒင်ဟောသူတစ်ဦးပါ။သူတို့တွေနဲ့အတူနေထိုင်ကြရင်း နာအိုတာဆုဟာ ဆာကာကီကိုချစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးချစ်ကြိုက်လို့မရတဲ့ အတိတ်ကအကြောင်းအရာတွေပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့နာအိုတာဆုနဲ့ဆာကာကီတို့ရဲ့အချစ်က ရှေ့ဆက်နိုင်ဦးမှာလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
The Pope’s Exorcist (2023)
IMDb....6.2
(Horror Thriller)
ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ အဲဒီနတ်ဆိုးရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်သူလဲဆိုတာကို သိအောင်လုပ်ရင်း တန်ပြန်ဖို့ ကြိုးစားရပုံတွေကို တွေ့ရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
My Annoying Brother 2016
IMDb......8.2
(Comedy)
၂၀၁၆ ခုနှစ် ထွက်ရှိထားတဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပါဂိုဒိုယောင်းဟာ နိုင်ငံလက်ရွေးစင်အားကစားသမားတစ်ယောက်ပါတနေ့မှာ သူဟာ အမှတ်မထင်ပဲ ပြိုင်ပွဲယှဉ်ပြိုင်ရင်းနဲ့ ထိခိုက်မိရာက မျက်စိကွယ်သွားခဲ့ပါတယ်သူ့မှာ ဂိုဒိုဆောင်း ဆိုတဲ့ လိမ်လည်မှုတွေနဲ့ ထောင်ကျနေတဲ့အကိုတစ်ယောက်ရှိပါတယ်ဂိုဒိုယောင်းဟာ မျက်စိကွယ်သွားပြီးစောင့်ရှောက်ပေးဖို့ လူလိုလာတဲ့ အတွက်ကြောင့်သူ့အကိုဟာ သူ့ကို အကြောင်းပြပြီးထောင်ကလွတ်လာခဲ့ပါတယ်တဖက်မှာလည်း ဂိုဒိုယောင်း ကို အရင်ကတည်းကလေ့ကျင့်ပေးနေတဲ့ နည်းပြ နမ် ကလည်း သူ့ကို မသန်စွမ်း အားကစား အဖွဲ့ထဲကို ဝင်ပြီး ပြန်ပြီးလေ့ကျင့်ဖို့ကိုတိုက်တွန်းနေပါတယ်တဖြည်းဖြည်း အနေကြာလာတဲ့ အခါမှာတော့ ဂိုဒိုဆောင်းတစ်ယောက် သူ့ညီလေးကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ်ဒါပေမယ့် မထင်မှတ်ထားတဲ့ ကံကြမ္မာတစ်ခု ဝင်လာတဲ့ အခါမှာ အကိုဖြစ်သူဟာမကြာခင်မှာ သေဆုံးဖို့ ဖြစ်လာခဲ့ပါတယ်…အကို ကြီးဟာ သူ့ညီလေးကို သူမရှိရင်လည်း ရဲရဲဝံဝံနေထိုင်ပြီးအောင်မြင်မှု့တွေ ရဖို့အတွက် ဂျူဒိုကို ပြန်ပြီး ကစားခိုင်းခဲ့ပါတယ်ဒါနဲ့ပဲ ဂိုဒယ်ယောင်းတစ်ယောက်ဟာ နည်းပြနမ် နဲ့အတူလက်တွဲပီးမသန်စွမ်း အားကစားအဖွဲ့ထဲကို ဝင်ရောက် လေ့ကျင့်မှု့တွေလုပ်ပြီးတဲ့အခါ ဂျူဒို ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတော့တယ်သူဟာ သူ့အကိုဆီကို ရွှေတံဆိပ်ယူပြီး ပြန်လာခဲ့မယ်ဆိုပြီးလည်းပြောခဲ့ပါသေးတယ်…ဒါပေမယ့် သူ့မသိလိုက်တဲ့ သူ့အကိုကြီးရဲ့ အခြေအနေက …….ညီအကိုနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဝမ်းနည်းစရာလေး ဖြစ်အောင် ရိုက်ကူးထားတဲ့ကားလေးပါ…]
movie request❓
https://t.me/ktmovierequest12904 650
Tiger House (2015)
IMDb......5.1
(Crime Drama)
မမျှော်လင့်ထားတဲ့ နေရာကိုရောက်သွားပြီးတော့မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံတွေ့ရတတ်ပုံကို သည်းထိတ်ရင်ဖိုအသားပေး ရိုက်ကူးထားတာဖြစ်ပါတယ်မြန်မာစကားပုံတစ်ခုတောင် ရှိသေးတာပဲ” အစားမတော် တလုပ် အသွားမတော် တလှမ်းတဲ့ ”ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်လီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာတစ်ညမှာ သူ့ရည်းစားအိမ်ကို သွားရောက်လည်ပတ်ရာမှသူ့ရည်းစားနဲ့ မတွေ့ဘဲ မထင်မှာထားတဲ့ အခြေအနေတစ်ခုကိုကြုံတွေ့လိုက်ရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော….။
movie request❓
https://t.me/ktmovierequest12904 650
One Day (2011)
IMDb.....7
(Drama Romance)
One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ချဉ်းနင်းဝင်သွားခဲ့တယ်။ အိပ်မက်တို့ရဲ့ အတ္ထုပ္ပတ္တိကို ကျွန်တော်ပြန်ကြည့်တဲ့အခါ တစ်ခုတည်းသောအဖြေဟာ မနိုးထချင်သူဟာ မမက်မိဖို့သာပဲ။“အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးတရားလား။ အကြောင်းတရားဆိုရင် အကျိုးသက်ရောက်မှုရှိရမယ်။ အကျိုးတရားဆိုရင်လည်း အကြောင်းဘက်က အရင်းခံရှိရမယ်။ နှစ်ခုလုံးမရှိတဲ့ အချစ်ဟာ အဲဒီနှစ်ခုလုံး မဟုတ်တော့ဘူး…”
ဒါကိုကောင်းကောင်းနားမလည်သေးရင်လည်း အဖြေမရှာမကြည့်ကြနဲ့ပေါ့။ ဇော်ဇော်အောင်ပြောခဲ့သလိုပဲ ရင့်ကျက်လာတဲ့တစ်နေ့တော့ ခင်ဗျားသိလာလိမ့်မှာပဲ။ အဲဒီအချိန်မှာ တစ်ဦးတစ်ယောက်ကို ကျေးဇူးတင်လာရခြင်းတွေကလည်း ချစ်ခြင်းများဖြစ်လာလိမ့်မယ်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွန်တော်တို့ဘဝကို ပုံသွင်းသွားခဲ့တဲ့ သိပ်ချစ်ရသော မနှစ်သက်နိုင်တော့သော ချစ်ခြင်းတွေဟာလည်း ကျေးဇူးတရားများ ဖြစ်လာလိမ့်မှာပဲ။ မှားယွင်းမှုများစွာ… ချစ်ခြင်းများစွာ… ကျေးဇူးများစွာ… အဲဒီအိပ်မက်ထဲမှာ စီးဝင်နေကြတယ်။ မရှိတော့ပြီဖြစ်သော အိပ်မက်များကို အရှိလုပ်တတ်လာခြင်းဟာလည်း ချစ်ခြင်းရဲ့ချစ်ခြင်းများပါပဲ။ မမြင်သာ မခင်သာသူတို့ကြားလည်း မထင်သာ မမြင်သာနိုင်လည်း တစ်နည်းတစ်လမ်းနဲ့တော့ ရှိနေလိမ့်ဦးမယ်။ မဟောင်းတော့ပြီဖြစ်သော ဒဏ္ဍာရီလာ ခွဲခွာခြင်းများစွာမှာ… ဘယ်တော့မှ မနာကျင်နိုင်ခဲ့တဲ့ ဒဏ်ရာတွေကို ချစ်တတ်လာအောင်လည်း အချစ်တို့ကပဲ သင်ပေးသွားလိမ့်မယ်။ ဒီလိုနဲ့ပဲ…
“ငါနဲ့ ငါ့အနာဟောင်းကလည်း ဘဝတစ်ခုဖြစ်ခဲ့တယ်…”
movie request❓
https://t.me/ktmovierequest12904 650
Haseena Parkar (2017)
IMDb......5.0
(Biography Crime Thriller)
လူတွေလက်ခံထားတဲ့ စကားပုံအတိုင်း ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့
အယူအဆတွေနဲ့
ဂိုဏ်းစတား ဒါဝူဒ်ရဲ့ ဒုစရိုက်မှုမှန်သမျှအတွက် ညီမဖြစ်သူ ဟစီနားကို သံသယဝင်ကာ စစ်ဆေးမေးမြန်းဖို့အတွက်
အကြိမ်ကြိမ် ရဲစခန်းက ခေါ်လို့ အသွားအလာလုပ်ခဲ့ရပါတယ်နောက်ဆုံးထွက်သက်အထိ တရားရုံးနဲ့အိမ် ကူးကလန်ခက်ရင်း
သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာကို ပုံဖေါ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ဟစီနားဆိုတာ မွေးချင်းညီကိုမောင်နှမများတဲ့ သာမန်မိသားစုလေးတစ်စုက ကောင်မလေးတစ်ယောက်
အထက်က အစ်ကိုနှစ်ယောက်နဲ့ အသက်ချင်းသိပ်မကွာတော့
ပိုနီးစပ်သလို သံယောဇဉ် ပိုရှိတာပေါ့
အစ်ကိုကြီးဆုံး ဒါဝူဒ်က မှောင်ခိုနဲ့ဒုစရိုက်အလုပ်တွေ လုပ်ပြီး
ဂိုဏ်းစတား ဖြစ်လာခဲ့တယ်အချိန်ကြာလာတာတော့ ရဲတပ်ဖွဲက ပစ်ခတ်ဖမ်းစီးမှုတွေရှိလာတော့ တခြားနိုင်ငံကူးသွားခဲ့တယ်ဒါပေမဲ့ ဟစီနားကတော့ အိမ်ထောင်ကျပြီး သူ့ယောက်ျားနဲ့
အဆင်ပြေပြေဘဝလေးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတယ်ဘာသာရေးအဓိကရုဏ်းတွေဖြစ်ပြီး ဗုံးပေါက်ကွဲမှုတစ်ခုမှာ
ဟစီနားအစ်ကိုကို တရားခံဖြစ်သတ်မှတ်ပြီး ရဲစခန်းက
စစ်ဆေးဖို့ အကြိမ်ကြိမ်ခေါ်ခဲ့တယ်အခက်ခဲပေါင်းများစွာနဲ့ ဟစီနားတစ်ယောက် သူ့ဘဝကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှု့လိုက်ပါဦး ခင်ဗျာ
movie request❓
https://t.me/ktmovierequest12904 650
Bhaag Milkha Bhaag (2013)
IMDb......8.2
(Biography, Drama, Sport)
၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပါတယ်။ အကုန်လုံးပျော်နေကြပေမယ့် မပျော်နိုင်တဲ့ လူမျိုးတစ်မျိုးရှိပါတယ်။ သူတို့ကတော့ ပန်ဂျပ် (Punjab) တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့အခါ ပါကစ္စတန်က ပန်ဂျပ်ပြည်နယ်တစ်ခြမ်းကို တောင်းပါတယ်။ အင်္ဂလိပ်ကခွင့်ပြုလိုက်တဲ့အတွက် ပန်ဂျပ်ပြည်ဟာ နှစ်ခြမ်းကွဲပြီး တစ်ခြမ်းက အိန္ဒိယထဲမှာ၊ နောက်တစ်ခြမ်းကတော့ ပါကစ္စတန်ထဲရောက်သွားပါတယ်။ပါကစ္စတန်ပိုင်နက်ထဲရောက်သွားတဲ့ ပန်ဂျပ်တွေကို မွတ်စလင်ဘာသာ အတင်းပြောင်းခိုင်းပါတယ်။ မပြောင်းနိုင်တဲ့သူတစ်ချို့က ကိုယ့်လယ်ယာ၊ အိုးအိမ်တွေကိုစွန့်ပြီး အိန္ဒိယဘက်ခြမ်းကို ရွှေ့ကြပါတယ်။ ကိုယ့်မြေကိုမစွန့်နိုင်တဲ့သူတစ်ချို့ကတော့ ရရာလက်နက်စွဲပြီး တွန်းလှန်ကြပါတယ်။ အဲဒီလိုတိုက်တဲ့အခါ မေခါဆင်း (Milkha Singh) ဆိုတဲ့ ကောင်လေးရဲ့မိသားစုတစ်စုလုံး အသတ်ခံလိုက်ရပါတယ်။ တွယ်ရာမဲ့ဖြစ်သွားတဲ့ မေခါဆင်းတစ်ယောက် အိန္ဒိယဘက်ခြမ်းကို ပြေးရပြီပေါ့။ သူ့ဘဝဟာ အဲသလိုပဲ အပြေးနဲ့စခဲ့ရရှာပါတယ်။
အရွယ်ရောက်လာတဲ့အခါ ဒီမေခါဆင်းလေးဟာ အိန္ဒိယစစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းပါတယ်။ တစ်နေ့ကျတော့ သူတို့တပ်မှာ အပြေးပြိုင်ပွဲတစ်ခုလုပ်ပါတယ်။ အဲဒီပြိုင်ပွဲဟာ တကယ်တော့ လူသစ်ရှာတဲ့ပွဲပါပဲ။ အခြေအနေကောင်းတဲ့သူတွေကို ရွေးပြီးတော့ လက်ရွေးစင်အပြေးအသင်းအတွက် လေ့ကျင့်ပေးမှာပါ။တပ်သားတွေ ဝင်ပြိုင်ချင်အောင် ဆာဂျင်ကြီးက မက်လုံးပေးပါတယ်။ ပထမဆုံးပန်းဝင်တဲ့သူ ၁၀ ယောက်ကို ကြက်ဥနှစ်လုံးနဲ့ နွားနို့တစ်ခွက်တိုက်ပါမယ်တဲ့။ ပြီးတော့ ဖက်ထိပ် (Fatigue) ၁၄ ရက် မလုပ်ရဘူးတဲ့။ မေခါဆင်းဟာ နွားနို့အရူးအမူးကြိုက်သူပါ။ ဒါကိုမက်ပြီး ဝင်ပြိုင်တာ ပထမရပါတယ်။ ဒီတော့ လက်ရွေးစင်အသင်းအတွက် သူ့ကိုပဲ ရွေးသွားပါတော့တယ်။
movie request❓
https://t.me/ktmovierequest12904 650
Maidaan (2023)
IMDb......8.4
(Biography Drama History)
အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့
အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး
ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့
Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊
နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊
လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့
ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့
ခံစားကြည့်ရှုကြပါဦး။
movie request❓
https://t.me/ktmovierequest1290