KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Room No.7 (2017)
IMDb.....5.8
(Comedy Crime Thriller)
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ
အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။
ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့်
လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။
ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း
လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း
သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့်
DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။
စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် ..
အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် ..
ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် ..
ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ဘာတွေဆက်ဖြစ်ကြဦးမလဲ။
movie request❓
https://t.me/ktmovierequest12904 650
Bikeman (2018)
IMDb.......6.4
(Comedy)
အမေ နဲ့ အဖွားက သူ့အဖေလိုမျိုး ဘဏ်ဝန်ထမ်းကောင်းဖြစ်စေချင်တဲ့ ဆန္ဒကြောင့် နေ့တိုင်းဘန်ကောက်ကို ဘဏ်ဝန်ထမ်းဝတ်စုံဝတ်ဘဏ်မှာအလုပ်လုပ်ချင်ယောင်ဆောင်ပြီးထွက်ထွက်လာရတဲ့ ဆတ်ကရင် (ဆတ်)
သူ့အမေရဲ့ဆန္ဒကို အကောင်အထည်ဖော်ချင်လို့တစ်ဖက်မှာ ဘဏ်တွေမှာအလုပ်လျှောက် တစ်ဖက်မှာတော့သူ့ရဲ့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ်ကိုလုပ်နေရင်းအထက်တန်းတုန်းက ကျိတ်ကြွေခဲ့ရတဲ့အတန်းဖော်သူငယ်ချင်မလေး ဂျိုင်ကတော့သူဟန်ဆောင်ထားတဲ့ဘဏ်ကဝန်ထမ်းလေးတစ်ယောက်အဖြစ်နဲ့ ပြန်တွေ့ခဲ့ရတယ်။ဆတ်တစ်ယောက် သူဆိုင်ကယ်မောင်းတာသူ့အိမ်ကမသိအောင် ဘယ်လိုတွေတိမ်းရှောင်လဲနည်းနည်းပြောပြမယ်နော်သူ့အဖေသူငယ်ချင်း ရဲဝန်ထမ်းဟောင်း ဦးပီချာနဲ့ ဘန်ကောက်သွားတဲ့ ရထားပေါ်မှာတွေ့တော့လည်း ပြေးသူ့အမေနဲ့ ဘန်ကောက်က မီးပွိုင့်တစ်ခုမှာအမှတ်မထင်တွေ့တုန်း သူ့အမေက လမ်းလာမေးလို့ ပြေးဦးပီချာသားရဲ့ဘေးက ဆိုင်ကယ်နဲ့ဖြတ်ရင်းဗွက်ရေစင်သွားလို့ မကျေမနပ် လိုက်ထိုးလို့လည်း ပြေးဂျိုင်နဲ့ ဈေးလမ်းမှာ ဘဏ်ဝတ်စုံကြီးနဲ့ပက်ပင်းတိုးတော့လည်း ပြေးပြေးလေးပြေးမှာလွတ်ခဲ့ပေမယ့် အဖြစ်မှန်ဘယ်ချိန်မှာပေါ်မလဲသူအရမ်းဖြစ်ချင်တဲ့ ဘဏ်ဝန်ထမ်းရောဖြစ်ပါ့မလားဆိုတာလေးကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော်
movie request❓
https://t.me/ktmovierequest12904 650
A Good Year (2006)
IMDb.......7.0
(Comedy Drama Romance)
ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာပြင်သစ်တောင်ပိုင်းက မြို့ငယ်ကလေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့…..။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။
movie request❓
https://t.me/ktmovierequest12904 650
The Brand New Testament (2015)
IMDb.......7.1
(Comedy Fantasy)
ဘုရားသခင်က သူ့ဘဝကိုယ်သူ ငြီးငွေ့နေပြီး စိတ်တိုလွယ်တဲ့အဘိုးကြီးတစ်ယောက်ဖြစ်တဲ့အပြင် လူသားတွေကို ဆင်းရဲဒုက္ခတွေ တစ်ခုပြီးတစ်ခုပေးရင်း သူ့ကိုယ်သူ မပျင်းအောင်လုပ်နေတဲ့ ဘိုးတော်ကြီးတစ်ယောက်အဖြစ် ဒီဇာတ်ကားထဲမှာပုံဖော်ထားတာပါ။ဒီဇာတ်ကားထဲမှာ ဘုရားသခင်က ဘရပ်ဆဲလ်မြို့မှာ သူ့ရဲ့မိန်းမနဲ့ သမီးဖြစ်သူ အီယာနဲ့တူနေတာပါ။ ဇာတ်ကားကဘယ်လိုစပြီး ကြည့်ကောင်းလာသလဲဆိုတော့ သမီးဖြစ်သူအီယာက ဖခင်ဖြစ်သူ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေရဲ့သေဆုံးရက်တွေကို ဖြန့်လိုက်တာကနေ စပြီး ကြည့်ကောင်းလာတာပါပဲ။Brand New Testament က အတွေးအခေါ် အသစ်တွေကိုကြိုက်ပြီး ဟာသကားတွေ ကြည့်တတ်တဲ့သူတွေအတွက်ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲပြောလိုက်ချင်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Mix Up (2024)
IMDb.......4
(Drama)
အိမ်ထောင်ရေးမှာ ဟန်ချက်မျှဖို့က အရေးကြီးဆုံးပါဘဲ။
အိပ်ရာပေါ်က ကိစ္စဖြစ်စေ၊ နေ့ဒဓူဝကိစ္စဖြစ်စေ တစ်ဖက်က
ဘွင်းဘွင်းရှင်းရှင်းပွင့်လင်းပြီး တစ်ဖက်မှာကျ အုံ့တုံ့တုံ့ဖြစ်နေရင်တော့ ပဋိပက္ခတွေပဲ ဖြစ်တော့မှာပေါ့မတူတဲ့ စုံတွဲနှစ်တွဲ…. တစ်တွဲမှာ ယောကျာ်းက အရမ်းပွင့်လင်း၊
မိန်းမက ရှေးရိုးဆန်ပြီး နောက်ထပ်မောင်နှံကျတော့
ယောကျာ်းက မခုတ်တတ်တဲ့ ကြောင်လေးလို၊
မိန်းမက ရဲရဲတင်းတင်းနဲ့ ဘယ်လိုမှ လမိုင်းမကပ်ကြဘူးအိပ်ရာပေါ်မှာလည်း လိုချင်တာ မလိုချင်တာ ညှိမရသလို
နေ့စဥ်ဘဝမှာလဲ တကျက်ကျက်ပေါ့ ။ သူတို့ရဲ့ စိတ်ကုဆရာဝန်က
အပန်းဖြေခရီးထွက်ဖို့ အကြံပေးတဲ့အခါမှာ …
ပွင့်လင်းသူနှစ်ယောက်ဆုံမိပြီး … အုံ့တုံ့တုံ့နှစ်ယောက်လည်း
ညားကြပါလေရော ဖောက်ပြန်တာဆိုပေမယ့် သူတို့လိုချင်သလို
type တူနေတော့ အဆင်ပြေသွားမှာလား
နောက်ထပ်ပြဿနာတွေ ရှုပ်လာဦးမှာလား ဆိုတာကတော့ …
movie request❓
https://t.me/ktmovierequest12904 650
No Strings Attached (2011)
IMDb......6.2
(Comedy Romance)
အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး….
အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး…
တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်….
ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ….။တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့….။
movie request❓
https://t.me/ktmovierequest12904 650
Don’t Breathe (2016)
IMDb......7.1
(Action Crime Horror Thriller)
တစ်ယောက်တည်းနေတဲ့ စစ်ပြန် မျက်မမြင်အဘိုးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ဆယ်ကျော်သက်လေး ၃ ယောက်ရဲ့အကြောင်းပါ။ အလွယ်ဆုံးဖောက်ထွင်းမှုလို့ ထင်ပြီး ဝင်ရောက်သွားခဲ့ပေမယ့် မျက်မမြင်အဘိုးကြီးဟာ သူတို့ထင်သလို အဆိပ်မရှိတဲ့ ရေမြွေမဟုတ်တဲ့အခါ……တံခါးတွေ အားလုံးပိတ် မီးအမှောင်ချပြီး အကုန်လုံးကို သတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါ…. အသက်မရှုလိုက်နဲ့ ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်း အသက်ရှုသံ တစ်ချက် ခြေသံတစ်ချက်က သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးလာပြီဆိုရင်……။
movie request❓
https://t.me/ktmovierequest12904 650
Kingdom III: The Flame of Destiny (2023)
IMDb......6.9
(Action, History, War)
ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်းဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သောစစ်သူကြီးတို့ရဲ့စစ်ဗျူဟာတွေ၊ စစ်ပရိယာယ်တွေ၊ အနိဋ္ဌာရုံတွေကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။
ရှေ့နှစ်ကားအကြောင်းကို မှတ်မိသွားကြပြီဆိုရင် Kingdom III ရဲ့ ဇာတ်ကြောင်းကိုပြောပြပါမယ်။ ဒီတစ်ခါ ချင်ပြည်ထောင်ကိုလာရောက်ကျူးကျော်တာကတော့ ကျောက်ပြည်ထောင် (Zhao State) ကပါ။ ချင်ပြည်ထောင်ကို ချောဟဲလူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာရောက်ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို (Bayo) ဆီသွားပါတော့တယ်။ ဒီတစ်ခါ စစ်ပွဲကနေရော ဘယ်လိုအတွေ့အကြုံတွေရမလဲ၊ ဘာအခက်အခဲတွေတွေ့မလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါခင်ဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Kaliyugam Pattanamlo (2024)
IMDb......6.5
(Crime)
ဗီဂျေးနဲ့ ဆာဂါတဲ့။ ဒီအမွှာလေးတွေ မမွေးခင်မှာ မိခင်ဖြစ်သူဟာ စိတ္တဇစာအုပ်တွေကိုပဲ ဖတ်ချင်စိတ်ပြင်းပြနေပါတယ်။
ဒီလိုနဲ့ ဗီဂျေးနဲ့ ဆာဂါဆို့ အရွယ်နည်းနည်းရလာတော့ သူတို့ရပ်ကွက်ထဲမှာ အိမ်မွေးအကောင်လေးတွေ
နေ့တိုင်းနီးပါး သေဆုံးနေခဲ့ပြီးတော့ ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် အစောင့်တစ်ယောက်ငှားပြီး ရပ်ကွက်ကို ကင်းစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ သိလာရတာကတော့ ဒီကိစ္စတွေက မိုဟန်ရဲ့သားနှစ်ယောက်တည်းက တစ်ယောက်ရဲ့လက်ချက်ဖြစ်နေတယ်ဆိုတာပါပဲ။
ဒီလိုနဲ့ ရပ်ကွက်ကလူကြီးတွေအကြံပေးချက်အရ သားနှစ်ယောက်ကို စိတ်ကျန်းမာရေးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့
ဗီဂျေးဟာ သွေးကြောက်တတ်ပြီးတော့ ဆာဂါဟာ သွေးကို ချစ်မြတ်နိုးနေတာကိုသိလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဆရာဝန်ညွှန်ပေးတဲ့ဆေးကို တိုက်နေပေမယ့်လည်း ဆာဂါရဲ့ စိတ်ကျန်းမာရေးဟာ သက်သာမလာတဲ့အဆုံး စိတ်ကျန်းမာရေးဆေးရုံမှာပဲ
ထားလိုက်ပြီးနောက် သူတို့မိသားစုဟာလည်း လက်ရှိနေတဲ့အိမ်ကိုရောင်းပြီး တခြားနေရာမှာသွားနေထိုင်ပြီး
မိုဟန်ဟာ သားတစ်ယောက်ပဲရှိတဲ့ဖခင်အဖြစ်ပဲ ဆက်လက်နေထိုင်နေပါတယ်။
ဒီလိုနဲ့ ဗီဂျေးတို့ အသက်တွေကြီးလာပြီး ကောလိပ်တက်ရတဲ့အရွယ်ရောက်လာတဲ့နောက်မှာတော့ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ရင်း …….
အဲဒီကောင်မလေးနဲ့ ဗီဂျေးတို့ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ မြင်တွေ့ရမလဲ ….
ဗီဂျေးရဲ့အမွှာ ဆာဂါကရော နောက်ပိုင်းမှာ ဘာတွေလုပ်ဦးမှာလဲ ….
ဗီဂျေးနဲ့ ဆာဂါတို့ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာရော ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကို
စိတ္တဇဆန်ဆန်နဲ့ ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
The Misfits (2021)
IMDb.....4.3
(Action Adventure Thriller)
ရှော့ဇ်ဆိုတဲ့ ဘဲကြီးက ကမ္ဘာအနှံ့မှာထောင်တွေပိုင်တယ်၊
အဲဒီထောင်တွေထဲကနေ ၄ ခါလောက် ဆက်တိုက်ဖောက်ပြေးဖူးတဲ့ နာမည်ကျော် သူခိုးကြီးကတော့ ပေ့စ် ပေါ့။ဒီဘဲကြီးက ခိုးတာအရမ်းတော်ပါတယ်။
ခိုးတာတော်ပေမယ့် ခိုးပြီးတိုင်းအဖမ်းခံရတာလည်း တော်ပါတယ်။
ဖမ်းခံပြီးရင် ထောင်ဖောက်ပြေးတာလည်း တော်ပါတယ်။
အစကတည်းက လွတ်အောင်မပြေးတတ်တာလေးတစ်ခုပါပဲ။သူက ရိုးရိုးပြေးတာမဟုတ်ဘဲ ထောင်ပိုင်ရှင်ရဲ့မိန်းမကို
ဂျိမ်းစ်ဘွန်းဘဝတုန်းက ဇ အတိုင်း အင့် သွားတော့ အသေအကြေ အလိုက်ခံရတာပေါ့။ မိရင် သတ်မှာ။ဒါနဲ့ပဲ သူ့ကို အိုင်ဒေါတင်ထားတဲ့ အခြားသူခိုးလေးတစ်စုက
သူခိုးကြီးကို ဆရာတင်ပြီး အဲဒီထောင်တွေထဲမှာ သိမ်းထားတဲ့ တရားမဝင် ရွှေတွေကို ခိုးဖို့ စီစဉ်ကြတဲ့အခါ….
movie request❓
https://t.me/ktmovierequest12904 650
The Next Three Days(2010)
IMDb.......7.4
( Action, Crime, Drama)
ပြောက်မြောက်တဲ့အမူအရာတွေကို ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်…လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့…သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်
ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ..ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး….ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ…ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ…ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်…ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်….
movie request❓
https://t.me/ktmovierequest12904 650
Father & Soldier (2022)
IMDb.......5.9
( Action, Drama, History)
ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ပြင်သစ်တွေလာတဲ့အချိန်မှာ ဖွက်ထားကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ ဘာကရီတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ သူ့သားလေး သီယာနို ပေါ်တာဆွဲခံလိုက်ရတယ်။ ကိုယ့်သားသမီးအသက် ၆၀ ဖြစ်နေရင်တောင် မိဘဆိုတာ ကလေးလေးလိုပဲ မြင်တတ်ကြတာမဟုတ်လား။ ပေါ်တာဆွဲခံလိုက်ရတဲ့သားကို အဖေဖြစ်တဲ့သူက ဘယ်စိတ်ချပါ့မလဲ။ အဲဒါနဲ့ ဘာကရီတစ်ယောက် သားကိုကယ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဖာသာစစ်ထဲဝင်ဖို့ စာရင်းပေးလိုက်တယ်။ သူ့သားလေး ရှေ့တန်းမထွက်ရအောင် နည်းမျိုးစုံကြံတယ်။ တပ်ထဲဝင်ခါစကနေ သူလွတ်လမ်းရတဲ့အထိ သူ့သားလေးကို စစ်ပွဲထဲက အမြန်ဆုံးခေါ်ထုတ်သွားဖို့ကိုပဲ စိတ်လောခဲ့တယ်။ ဒီလိုနဲ့ သူတို့သားအဖ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုတော့ 2022 ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး 2023 မှာမှ ပြင်သစ်မှာ စတင်ရုံတင်ပြသခဲ့ပါတယ်။ဒါဟာ စစ်ပွဲအနိဋ္ဌာရုံတွေ၊ မိဘမေတ္တာတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဖြစ်ရုံတင်မကပါဘူး။ စစ်ပွဲရဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကိုပါ မီးမောင်းထိုးပြထားပြီး ချစ်ရသူတို့နဲ့ခွဲခွာရခြင်းအပြင် စစ်မြေပြင်မှာ ပြင်သစ်အလံတော်အောက်စတေးခဲ့ရသူ အမေ့လျော့ခံအာဖရိကန်စစ်သည်တို့အတွက် အောက်မေ့သတိရအထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Prasanna Vadanam (2024)
IMDb.....6.5
(Drama Thriller)
ဆူရီယာဟာ အက်ဆီးဒန့်တစ်ခုကြောင့် prosopagnosia လို့ခေါ်တဲ့ ခံစားနေရသူပါ။
Prosopagnosia ဆိုတာကတော့ ပြောရရင် မျက်နှာတွေကို မမှတ်မိနိုင်တဲ့ရောဂါပါ။
အဖေအမေရဲ့ မျက်နှာကိုတောင် မမှတ်မိတာကြောင့် နေ့တဒူဝ တွေ့နေကျလူတွေကို
သူတို့ရဲ့ ထူးခြားတဲ့ဝိသေသတွေနဲ့ ကိုယ့်နည်းကိုယ့်ဟန်မှတ်ထားရတဲ့ ဆူရီယာဟာ
တစ်နေ့မှာ ရာဇဝတ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။သာမန်အချိန်တွေမှာ သူ့ရဲ့ရောဂါက သူ့အတွက် အားနည်းချက်ဖြစ်ပေမဲ့
အဲဒီရာဇဝတ်မှုမှာတော့ မျက်နှာတွေကို မမှတ်မိခြင်းက အားသာချက်ဖြစ်နေတဲ့အခါမှာတော့…။
movie request❓
https://t.me/ktmovierequest12904 650
Paune 9 (2023)
IMDb.....6
(Drama Thriller)
ဂျက်ဖာက အရမ်းကြမ်းတဲ့ ဘဲတစ်ဗွေဖြစ်ပြီး သူတို့မြို့က
ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံကာ လူတိုင်းကြောက်ရတဲ့ ဒုစရိုက်ရာဇာတစ်ယောက် ဖြစ်လာတယ်ညဥ့်နက်သန်းခေါင် ဘာမှစားစရာမကျန်တော့တဲ့ ဆိုင်တစ်ဆိုင်မှာ အသားမှာတာကြောင့်
ဆိုင်ရှင်က သူ့သားလေးအသက်ကို ရန်ရှာမှာစိုးရိမ်ပြီး ကိုယ့်အသားကိုယ်လှီးကာ ချက်ကျွေးရတဲ့အဆင့်ဒီကနေ လူသားကိုခုံမင်သွားတဲ့ ဂျက်ဖာက “လူ့အသား” လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ နောက်မှာ …
ဘယ်လိုတွေ ရက်ရက်စက်စက် ပြကွက်တွေနဲ့အတူ horror တစ်ကားလို
ပရိသတ်ကြီးကို ဖျော်ဖြေသွားမလဲဆိုတာ ကိုယ်တိုင်ဒေါင်းကြည့်လိုက်ပါနော်
movie request❓
https://t.me/ktmovierequest12904 650
Monk Comes Down the Mountain (2015)
IMDb.....5.5
(Action Adventure)
ကဲဝူတန်သိုင်းပြီးတော့ ဒီတစ်ခါကွန်ဖူးကားပါနော်ဒီဇာတ်ကားလေးက တာအိုဘုန်းကြီးကျောင်းက ခဲ့အန်းရှက တောင်အောက်ဆင်းလာရာကနေစတဲ့ဇာတ်လမ်းလေးပါ
တာအိုဘုန်းကြီးကျောင်းက မြို့တွေနဲ့အဝေး တောင်ထိပ်မှာ ဆောက်ထားတာဖြစ်ပြီး ဘုန်းကြီးကျောင်းသားတွေကို ကွန်ဖူးသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ထားတဲ့နေရာပေါ့နောက်ပိုင်း အစားအသောက်ပြသနာကြောင့် တိုက်ခိုက်ပြီး ဘယ်သူဆက်နေရမလဲဆုံးဖြတ်ကြရတယ် ဒီလိုနဲ့ အပြင်လောကကိုခုမှတွေ့ကြုံဖူးတဲ့ခဲ့အန်းရှက တောင်အောက်ဆင်းဆင်းချင်း အစားအသောက်ကိစ္စနဲ့ပက်သက်ပြီးဒုက္ခရောက်ပါတော့တယ်ကြက်သားဟင်းကိုလုယူဖို့ကြိုးစားရာကနေ သနားစိတ်ဖြစ်မိပြီးအိမ်ခေါ်သွားတဲ့ သမားတော်ဆွေ့ခဲ့အန်းရှကလည်း တကယ့်ဆရာအရင်းလိုသဘောထားပြီး ပြုစုလုပ်ကိုင်ပေးပေမဲ့ ကံကြမ္မာကြောင့်ဝေးကွာခဲ့ရပြန်ပါတယ်ဒီလိုနဲ့ သူဟာ အပြင်လောကမှာ ကြုံတွေရတဲ့ ပြသနာတွေ ဘယ်လိုရင်ဆိုင်မလဲသူ့ဆရာအတွက်ရော ဘယ်လိုလက်စားချေမလဲ ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူ့ကြပါ ။
movie request❓
https://t.me/ktmovierequest12904 650
Alice Through the Looking Glass (2016)
IMDb.......6.5
(Adventure, Family, Fantasy)
Alice Through Looking Glass ဟာ ၁၈၆၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Charles Lutwidge Dodgson ရဲ့ နာမည်ကြီးဝတ္ထုအတွဲတွေကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခံရတဲ့ ဒုတိယမြောက် ဇာတ်ကားပဲ ဖြစ်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ ပထမ ဇာတ်ကား Alice In Wonderland ရဲ့ sequel ဖြစ်တာနဲ့ အညီ ပထမကားကို ကြည့်ထားမှ နားလည်နိုင်မှာကြောင့် Alice In Wonderland ကို ကြည့်ကြဖို့ တိုက်တွန်းပါရစေ
ခု ဒုတိယဇာတ်ကားဖြစ်တဲ့ Alice Through Looking Glass ရဲ့ ဇာတ်လမ်း အကျဉ်းချုံးအနေအထားကို ပြောရရင်တော့… Alice တစ်ယောက် အပြင် ကမ္ဘာ့မှာ သဘောၤကပ္ဗတိန်တစ်ယောက်အဖြစ်နဲ့ စွန့်စားခန်းတွေ ဖွင့်နေရင်း သူ့တိုင်းပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ အမေ့က သူ့ကို သင်္ဘောကို ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရတဲ့ Aliceတစ်ယောက် သူ့ အမေနဲ့ စိတ်ဆိုးပြီး ထိုင်နေတုန်း အက်ပလွန်ရဲ့ ခေါ်ဆောင်မှူနဲ့ Underland လို့ ခေါ်တဲ့ မှော်ကမ္ဘာထဲကို ပြန်ရောက် လာပါတော့တဲ့။ အဲဒီအချိန်မှာ သူမတွေ့ရှိလိုက်ရတာကတော့ Hatter ရဲ့ စိတ္တဇရောဂါဖြစ်နေတဲ့ အခြေအနေပါပဲ။ အဲဒီ စိတ်ရောဂါကက ဘာကြောင့် ဖြစ်နေရတာလဲ ????Alice တစ်ယောက် Mad Hatter နဲ့ Underland ရဲ့ ကံကြမ္မာ ကို ကယ်တင်ဖို့အတွက် သူမ သူငယ်ချင်းတွေရဲ့ အကူအညီတွေကို ယူပြီး အချိန်နောက်ပြန် ခရီးသွားရပါတော့မယ် မိစ္ဆာမကြီး Red Queen နဲ့ နာရီ တစ်ဖြစ်လဲ Timeတို့ကို ဘယ်လို အနိုင်ယူ ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။ ဟတ်တာကိုရော ပြန်ကယ်တယ်နိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။
movie request❓
https://t.me/ktmovierequest12904 650
The Last Frontier (2020)
IMDb.....6.5
(Action Drama War)
တကယ်ကို ကောင်းတဲ့ စစ်ကားပါ။ ၁၉၄၁ အောက်တိုဘာမှာ ဂျာမန်တပ်တွေဟာမော်စကိုကို သိမ်းပိုက်ဖို့ ခံစစ်ကြောင်းနှစ်ခုကို ဖောက်ပြီး ချီတက်လာခဲ့ပါတယ်။နောက်ထပ်ခံစစ်တစ်ခုပြင်ဖို့တပ်တွေ စုချိန်မမှီတော့တဲ့အတွက်အနီးဆုံးမှာ ရှိတဲ့ ပါဒို့စ်ဗိုလ်သင်တန်းကျောင်းက ဗိုလ်လောင်း ၃၅၀၀ ဟာ ခြေလျင်တပ်အမြောက်တပ်အဖြစ် ခုခံဖို့ တာဝန်ပေးခံရပါတယ်။ သူတို့ကို ၅ ရက်တိတိမဆုတ်ဘဲ တောင့်ခံဖို့
အမိန့်ပေးခဲ့ပေမယ့် စစ်ကူတွေက နောက်ကျနေတဲ့အခါ ၁၂ ရက်အထိ တောင့်ခံနိုင်ခဲ့ကြပါတယ်။ ဗိုလ်လောင်း ၃၅၀၀ ထဲက၂၅၀၀ ကျဆုံးခဲ့ပေမယ့် မော်စကိုကို ဂျာမန်တွေ မတက်နိုင်ခဲ့လို့ စစ်ပွဲရဲ့အဖြေပြောင်းလဲသွားခဲ့ပါတယ်။ ဒီနှစ်ထဲမှာ စစ်ကားကေငာ်းရှားတာကြောင့် အားလုံးကြိုက်ကြမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
White Rose (2024)
IMDb......6
(Thriller)
တံတားနားမှာ မိန်းကလေးတစ်ယောက်ရဲ့အလောင်းတွေ့ရှိခဲ့တယ်
အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အိတ်ထဲထည့်ပြီးစွန့်ပစ်ထားတာပါ လက်ချောင်းလေးကအစ
ခုတ်ထားပါသေးတယ် အရင်ကလည်း ဒီလိုလူသတ်ပုံတွေရှိခဲ့တာကြောင့် ကွင်းဆက်လူသတ်မှုလို့ရဲတွေက ကောက်ချက်ချထားပါတယ်တစ်ဖက်မှာတော့ပျော်ရွှင်စရာအတိနဲ့မိသားစုလေးတစ်စု ဒီဗယာရယ် ချစ်လွန်းလို့သမီးလေးဖြစ်သူကို ဒီယာလို့တောင်
နာမည်ပေးထားပြီးတော့ ဖခင်ဖြစ်သူအာရှရဖ်ရယ်က သားအမိသားအဖ ၃ယောက်သားရဲ့ ကမ္ဘာကြီးတစ်ခုပေါ့
မိန်းမဖြစ်သူမွေးနေ့မှာ ဆိုင်ကြီး ဆိုင်ကောင်းခေါ်သွားပြီး စပရိုက်စ်တွေလုပ်ပေးရင်းအပြန်
လမ်းမှာ ရဲနဲ့အကြမ်းဖက်သမားတွေရဲ့ အပြတ်ရှင်းပွဲထဲလမ်းမှားဝင်သွားမိရင်း ရှေ့ဆုံးကဒီဗယာ့
အမျိုးသားအာရှရဖ်က သေနတ်ထိမှန်ခဲ့လို့ပွဲချင်းပြီးဆုံးသွားခဲ့တယ် ဒီလိုထရော်မာကနေ
အချိန်အတော်ကြာပြန်ကုစားနေရတဲ့ ဒီဗယာ့အပေါ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို
သမီးလေးဒီယာပါ ပြန်ပေးဆွဲခံလိုက်ရချိန်မှာတော့…သမီးဖြစ်သူကို ပြန်ရအောင်ဘယ်လိုတွေကြိုးပမ်းသွားမလဲ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်မှာလားဆိုတာကိုတော့…
movie request❓
https://t.me/ktmovierequest12904 650
Crew (2024)
IMDb.....6.4
(Comedy Drama)
အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို
လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။
လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး
ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ
ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို
တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို …
ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Kickboxer: Vengeance (2016)
IMDb.....5.0
(Action)
ကယ်လီဖိုးနီးယားပြည်နယ် က ကမ်းခြေမြို့လေးဖြစ်တဲ့ ဗင်း နစ်မှာနေထိုင်တဲ့ အဲရစ်နဲ့ ကက်က လုန်းညီအစ်ကိုဟာ ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီး တစ်ရက် မှာတော့ အဲရစ်က ကရာတေး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်း ဘက်မှာသွားပြိုင်ဖို့ သွေးဆောင်တာကို ကက်က အတန်တန်တားနေတဲ့ကြားက အဲရစ်ကသွားဖို့ လက်ခံခဲ့ပါတယ်။ထိုင်းကိုရောက်တဲ့အခါမှာ အဲရစ်နဲ့ မွေ့ထိုင်းချန်ပီယံတောင် ပိုးတို့ဟာ တရားမဝင် လက်ဝှေ့ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခဲ့ကြရာမှာ တိုက်ခိုက်ကြရင်း အဲရစ်သေဆုံးသွားခဲ့ပါတယ်။ တရားမဝင်လက်ဝှေ့ပွဲတွေရဲ့ ရည်ရွယ်ချက်ကိုက အလောင်းအစားတွေဖြစ်တာမို့ ပြိုင်ပွဲဝင်တွေကို အသေထွက်သဘောမျိုးနဲ့ ကျင်းပကြရာမှာ အဲရစ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အရင်ဇာတ်ကားကို မီတဲ့ပရိသတ်ဆိုရင်တော့ တောင်ပိုးဆိုတဲ့ထိုင်း လက်ဝှေ့သမားကြီးကို မျက်စိထဲပြေးမြင်မိကြမှာဖြစ်ပြီး အမြင်ကတ်စရာ၊ မုန်းစရာကောင်းတဲ့ ပုံရိပ်ကြီးကိုပါ တစ်ခါတည်း သတိရမိဦးမှာပါ။အဲဒါနဲ့ အစ်ကို့အတွက် လက်တုံ့ပြန်ချင်တဲ့ ကက်ဟာ သူ့ အစ်ကိုရဲ့ ဆရာဖြစ်တဲ့ မာစတာဒူ ရန်းကိုသွားရှာခဲ့ပြီး တောင်ပိုးနဲ့ လက်ရည်ယှဉ်နိုင်ဖို့အတွက် ကြိုး စားခဲ့ပါတော့တယ်။ ကက်တစ် ယောက်ရေကုန်ရေခန်း လေ့ကျင့် မှုတွေယူရင်း တောင်ပိုးနဲ့တိုက် ခိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ကက်နေရာမှာ အရင်တုန်း က ဗန်ဒမ်းသရုပ်ဆောင်ထားတာ နဲ့ အခုဇာတ်ကားက သရုပ်ဆောင် နဲ့က ပုံစံမတူပေမယ့်လည်း မတူ ညီတဲ့ ရသတစ်ခုစီနဲ့ ပရိသတ်ကိုဆွဲ ဆောင်နိုင်လိမ့်ဦးမယ်လို့ ထင်ပါ တယ်။ မွေ့ထိုင်းသမားကြီးတောင် ပိုးနဲ့ ကက်နဲ့ ထိပ်တိုက်တွေ့တဲ့ အခါ ကက်က အလဲထိုးသတ်နိုင် မှာလား။ လက်ဝှေ့ကြိုးဝိုင်းတွေ နောက်ကွယ်က အလောင်းအစား တွေကြားမှာ ဘယ်လိုဇာတ်ကွက် တွေနဲ့ အဆုံးသတ်မလဲဆိုတာ တော့ ကိုယ်တိုင်ပဲကြည့်ရှုဖို့ ဖော် ပြလိုက်ပါတယ်။
movie request❓
https://t.me/ktmovierequest1290