en
Feedback
KT ဇာတ်ညွှန်း 📃

KT ဇာတ်ညွှန်း 📃

Open in Telegram

Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.

Show more
4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
Begin Again (2013) IMDb......7.4 (Comedy Drama Music) Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာ ဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။ သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကို လိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့ Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။ နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး . မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ 2013 ခုနှစ်က ထွက်ထားပြီး ဘာသာပြန်ပေးတဲ့ မသက်ဦးမွန်ရဲ့ ညွှန်းဆိုမှုနဲ့ ကြည့်ရှုမိတဲ့ ဇာတ်ကားလေး ဟာ ကြည့်နေရင်းကို မထချင်လောက်အောင်ကောင်းလွန်းနေပါတယ်။ ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင် အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ညဘက်ခပ်မှောင်မှောင်အချိန်လေး မှာဖြစ်ဖြစ် ကော်ဖီလေးတစ်ခွက်နဲ့သာကြည့်လို့ကတော့ အရမ်းကိုပြည့်စုံလွန်းတယ်လို့ကို ပြောချင်ပါတယ်။ movie request❓ https://t.me/ktmovierequest1290

You Should Have Left 2020 IMDb.......5.6 (Horror Mystery) သီအို ဆိုတဲ့ ပိုက်ဆံချမ်းသာတဲ့ ဘဲကြီးကဆူဆန် ဆိုတဲ့ ငယ်ငယ်ချောချော မင်းသမီး တစ်ယောက်ကိုယူထားတယ် သူတို့မှာ အယ်လာ ဆိုတဲ့ သမီးလေးတစ်ယောက်လဲ ရှိတယ် တစ်ရက်မှာတော့ မြို့ပြနဲ့ ဝေးတဲ့အိမ်ကြီးတစ်ခုကို ဝယ်ပြီး မိသားစု ခရီးထွက်လာခဲ့တယ်အတော်လေး စိတ်ငြိမ်တဲ့နေရာ အိမ်ကြီးကလဲ လှပပြီးပြည့်စုံလွန်းတယ်ပေါ့ ဒါပေမဲ့ သီအိုကတော့ အိပ်မက်ဆိုးတွေဆက်တိုက် မက်နေခဲ့သလို အိမ်ထဲမှာလဲ တစ်ခါတစ်ရံ အရိပ်တွေကပြေးနေတက်တယ် ပိုထူးဆန်းတာက အဲ့ဒီအိမ်ပိုင်ရှင်ကိုတစ်ခါမှ မမြင်ဖူးလိုက်ပဲ အီးမေးလ်ကနေအဆက်အသွယ်လုပ်ပြီး အေးဂျင့်တွေကနေတဆင့် ငွေချေ ဆောင်ရွတ်ခဲ့ကြတာပါပဲ အိမ်က ကြီးလေလေ ခြောက်ခြားစရာ ဖြစ်လေလေ ဇတ်ကား တစ်ခုလုံးက ပြီးပြည့်စုံတယ်ပြောမရ ပေမဲ့ ကြည့်မယ်ဆို ကြည့်ပျော် ကြောက်ပျော်ပါတယ် movie request❓ https://t.me/ktmovierequest1290

Centauro (2022) IMDb......5.2 (Action Adventure Crime) Centauro ဆိုတာ စပိန်လို မနုဿမြင်းကို ခေါ်တာပါ။ ရှင်းရှင်း‌ပြောရရင် လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါပေါ့။ မနုဿမြင်းတွေက နာမည်ကြီးတယ်ဗျ။ ရဲစွမ်းသတ္တိနဲ့ပြည့်ဝတယ်။ သန်မာတယ်။ အထူးခြားဆုံးကတော့ သေအောင် အပြေးမြန်တာပါပဲ။မနုဿမြင်းလို လူငယ်လေးတစ်ယောက်ရှိသတဲ့။ သူကတော့ မြင်းခွာတွေအစား ပြိုင်ဘီးတွေရှိတဲ့ ဆိုင်ကယ်သမားတစ်ယောက်ပေါ့။ မွေးကတည်းက ဆိုင်ကယ်ပြိုင်တဲ့နေရာမှာ ပါရမီပါလာတဲ့ လူငယ်လေးမလို တော်တော်များများက တန်းမျက်မှန်းတန်းမိကြတယ်။ဒီ‌ကောင်လေးတစ်ယောက် ချစ်နေဆဲဖြစ်တဲ့ ဇနီးဟောင်းနဲ့ သားလေး ဒုက္ခရောက်တဲ့အခါမှာတော့ သူကိုယ်တိုင် ဝင်ကယ်ဖိုဖြစ်လာပါတော့တယ်။ မူးယစ်ဂိုဏ်းနဲ့မှ သွားပတ်သက်မိတဲ့ကောင်မလေးရဲ့ အရှုပ်ကို ပြိုင်ဘီးတစ်စီးနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆိုင်ကယ်‌မောင်းတဲ့အကွက်တွေနဲ့ ဝှီးဝှီးဆိုပြီး ကြည့်ရမှာပါ။ movie request❓ https://t.me/ktmovierequest1290

Girl in the Basement (2021) IMDb......6.4 (Crime Thriller) ပရိသတ်ကြီးရေ စိတ်ထဲ ကလိကလိနဲ့ မခံသာစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။မပြေလည်တာတွေကို ခဏ ခေါက်ထားပြီး တွေးမယ်ဆို ယေဘုယျအားဖြင့် မိဘဆိုတာ သားသမီးတို့ရဲ့ ကွန်းခိုရာလို့ ကျွန်တော်တို့တွေ လက်ခံထားကြပါတယ်။မိဘ အရိပ်သည်သာ အအေးချမ်းဆုံး မိဘ မေတ္တာသည်သာ အနွေးထွေးဆုံး မိဘ ရင်ခွင်သည်သာ အလုံခြုံဆုံးအဲသည်လိုလေးတွေ ဖော်ပြ ယူဆကြသဗျ။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ အထက်ကပြောခဲ့တာတွေဟာ ဟုတ်မနေခဲ့ပါဘူး၊ ဒုက္ခတွေရဲ့ မြစ်ဖျားခံရာက ကိုယ် ယုံကြည်ထားတဲ့မိဘဖြစ်နေမယ်ဆိုရင်ရော . . . ခင်ဗျားတို့ စိတ်ကူးယဉ်ကြည့်ဗျာ . ကိုယ့်ရဲ့ အဖေအရင်းဖြစ်သူက ကိုယ့်ကို မြေအောက်ခန်းထဲမှာပိတ်ထားပြီး sexual abuse လုပ်တယ်ဆိုပါစို့။ အထူးသဖြင့် မိန်းကလေးတစ်ယောက်အတွက် ဒီလို အဖြစ်ဟာ တွေးကြည့်ရုံနဲ့တင်ရင်နာစရာကောင်းနေပါပြီ။ ဒီကားထဲက ကောင်မလေးလည်း ဒီအဖြစ်နဲ့ တကယ်လက်တွေ့ကြုံရပြီး ဘ၀နာခဲ့ရပါတယ်။ မြေအောက်ခန်းထဲမှာ နှစ်ပေါင်းများစွာ ကူညီရာမဲ့ပြီး အဖေအရင်းဖြစ်သူ ပြုသမျှ ခံရင်း ဒီ ဒုက္ခက လွတ်မြောက်မယ့် အချိန်ကို စောင့်နေခဲ့ရရှာတယ်။ဒီဇာတ်လမ်းဟာ Elizabeth Fritzl ဆိုတဲ့ ဩစီမလေး တစ်ယောက်ရဲ့ အဖြစ်ကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ဒီတော့ ဖြစ်ရပ်မှန်ဆိုတဲ့ အတွေးကို ခေါင်းထဲထားပြီး ကာယကံရှင်ကို တစ်ချက်လောက် ကိုယ်ချင်းစာရင်း ကြည့်မယ်ဆို ဆွေ့ဆွေ့ခုန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ . အားလုံးပဲကြည့်ရှူနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ movie request❓ https://t.me/ktmovierequest1290

So I Married An Anti-Fan(2021) IMDb......7.2 (Comedy Music Romance) လီဂွန်ယောင်း (Choi Soo-young) ဟာ ရည်းစားရဲ့သစ္စာဖောက်ခံခဲ့ရတာကြောင့် အသည်းကွဲခဲ့ရတဲ့ သတင်းထောက်မလေးတစ်ဦးပါ။ တစ်ရက်မှာတော့ လီဂွန်ယောင်းတစ်ယောက် ပါတီပွဲတစ်ခုမှာသတင်းယူရင်း ကမ္ဘာတစ်ဝှမ်းလူကြိုက်များနေတဲ့ နာမည်ကြီးအဆိုတော် ဟူဂျွန် (Choi Tae-joon) နဲ့ မတော်တဆဆုံခဲ့ပြီး စကားများရာကနေ သူတို့ကြားအထင်လွဲမှုကနေ အတူနေဖို့ ကံကြမ္မာဖန်တီးလာတဲ့အခါ သူတို့၂ယောက်ကြား ဘယ်လိုအလွဲလေးတွေကနေ အချစ်တွေဖြစ်လာမလဲ ? သူတို့အချစ်ဇာတ်လမ်းအကြားကို ဟူဂျွန်ကိုကြည့်မရနေတဲ့ အေဂျင်စီဥက္ကဌ ချွဲဂျယ်ဂျွန်းနဲ့ တက်သစ်စ အဆိုတော် အိုအင်ယောင်း အပြင် သတင်းတိုက်ရဲ့ဓာတ်ပုံဆရာလေး ဂိုဆူဟွန်းတို့ ဘယ်လိုပါဝင်လာကြမလဲ ? movie request❓ https://t.me/ktmovierequest1290

R2B: Return to Base (2012) IMDb.......6.0 (Action, Drama, Romance) နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်.. စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်…တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့မိမိမျက်စိရှေ့မှာသေသွားရတာတွေကိုဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်…..စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး….တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ်ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်းစစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်….ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ….ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပါတယ်….လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်….လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာခုန်ဆင်းခွင့်ရှိပါတယ်….ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကိုလူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်….စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်….အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်….တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ…ဒါကြောင့် Return To Base (ဌာနချုပ်)သို့ အပြန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရင်းကမ္ဘာပေါ်မှာရှိတဲ့ စစ်သားတိုင်းအိမ်ပြန်နိုင်ကြပါစေ….အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့လေသူရဲများကိုဂုဏ်ပြုရင်း မကြည့်ရသေးသောပရိတ်သတ်များနဲ့ကြည့်ပြီးသားသူများလည်းမှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်…. movie request❓ https://t.me/ktmovierequest1290

6 Underground (2019) IMDb......6.3 (Action Thriller) ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါတာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ်နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီးဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ်သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ်ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါနာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ movie request❓ https://t.me/ktmovierequest1290

Oru Yamandan Premakadha (2019) IMDb......5.1 (Comedy Drama Romance) မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း သူ့ရဲ့ ဘဝ အလှည့်အပြောင်း ဖြစ်သွားချိန်မှာတော့….. ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားအားပေးကြပါဦးရှင် movie request❓ https://t.me/ktmovierequest1290

Swatantra Veer Savarkar (2024) IMDb....7 (Biography Drama) အဓိကရုဏ်းတွေနဲ့ အင်္ဂလိပ်ဗြိတိသျှတွေက အိန္ဒိယကိုသိမ်းပိုက်တဲ့ခုနှစ်အစမှာပေါ့ တစ်နိုင်ငံလုံး မီးခိုးငွေ့တလူလူနဲ့ အိန္ဒိယသား‌တွေရဲ့အလောင်းထားဖို့တောင် တွင်းကြီးကြီးတူးထားကြတဲ့အထိပါပဲတွင်းပြည့်သွားရင် မီးရှို့ရင်းထပ်သတ်နေတဲ့ဒီသံသရာထဲကရုန်းထွက်ချင်နေကြတဲ့ အိန္ဒိယပြည်သူတွေအတွက် လူအင်အား လက်နက်အင်အားနဲ့ ကံကြမ္မာအင်အားက သူတို့ဘက်မှာမရှိနေခဲ့ ဒီလိုဆင်းရဲဒုက္ခထဲကလွတ်မြောက်ဖို့ သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်က ဗီဒီဆာဗာကာပါ ဉာဏ်ပညာထက်မြက်ပြီး မှတ်နိုင်စွမ်းမြင့်မားသူပီပီ အင်္ဂလိပ်နိုင်ငံသွား အဲ့ဒီကအမြင့်ဆုံးကျောင်းမှာ ကျောင်းတက်ပြီး ထိပ်တန်းကျောင်းသားဖြစ်အောင်လုပ်ခဲ့တယ် ကျောင်းကနှင်ထုတ်ချင်ရင်တောင် နောက်လှည့်ကြည့်ရင် ဘာအပြစ်မှမရှိအောင်နေခဲ့ပြီး နိုင်ငံခြားကလူတွေတောင်ရှိန်ရတဲ့ ထိပ်တန်းကျောင်းသားကြီးတစ်ယောက် ဒီကျောင်းကဘွဲ့ရရင် လန်ဒန်ထိတက်ပြီး ဥပဒေပညာကိုသင်ယူ သူတို့ရဲ့လွတ်လပ်ရေးအတွက် ပညာတွေကိုလေ့လာပြီး အိန္ဒိယကိုပြန်ကယ်တင်မဲ့သူ့အိပ်မက်က ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြား အဆင်ပြေသွားမလားဆိုတာကိုတော့… movie request❓ https://t.me/ktmovierequest1290

Carbone (2017) IMDb.....6.5 (Crime Thriller) စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းကအခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာတွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင် တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါအတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီးအသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူတွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက်လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှုခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက်ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်းCarbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင်တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကိုသူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီးဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီးဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင်ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှသူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကိုပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကိုတွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေလိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှများများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ်အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက်ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေလိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက်အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကိုကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ movie request❓ https://t.me/ktmovierequest1290

The Fault in Our Stars (2014) IMDb.....7.6 (Drama, Romance) ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့ အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ……. တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ movie request❓ https://t.me/ktmovierequest1290

The Book of Henry (2017) IMDb......5.9 (Crime, Drama, Thriller) ဟင်နရီဟာဆိုရင်သူတို့အိမ်ဘေးကကောင်မလေးညှင်းပန်းနှိပ်စက်ခံနေရတာကိုသိရှိသွားပြီးတော့ကယ်တင်မှာဖြစ်ပါတယ်။သူဘယ်လိုတွေကယ်တင်မှာလဲ ကောင်မလေးကရောလွတ်မြောက်သွားမှာလား ဆိုတာကိုဇာတ်ကားထဲမှာစိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။ movie request❓ https://t.me/ktmovierequest1290

Adrishyam – The Invisible Heroes (2024) IMDb.......5.4 (Thriller) ရာဗီနဲ့ ပါဗာတီတို့က ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင်နှစ်ဦး။ အိန္ဒိယမိုးလေဝသဌာနမှာ အလုပ်လုပ်နေပါတယ်ဆိုပြီး သူတို့ချစ်ခင်ရင်းနှီးရတဲ့သူတွေကစလို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကို အသိပေးထားကြသူတွေ။ သူတို့ရဲ့ တကယ်တမ်းအလုပ်က အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းပြည်ကိုဖျက်ဆီးကြတဲ့ ဆိုးရွားလှတဲ့အကြမ်းဖက်သမားတွေကို တားဆီးနှိမ်နှင်းကြရတဲ့ ထောက်လှမ်းရေးအေးဂျင့်တွေ။ မိသားစုကိုယ်စီနဲ့ ဘ၀နှစ်ခုကိုချိန်ညှိရင်း အဆင်ပြေအောင်ရှင်သန်နေကြရသူတွေ။ သူတို့တွေ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးရင်း သူတို့ဘ၀ထဲကလူတွေနဲ့ အဆင်ပြေဖို့ချိန်ညှိနေထိုင်ကြရပုံတွေကို မျက်တောင်မခတ်စတမ်း ခံစားကြည့်ရှုကြရမှာပါ။ movie request❓ https://t.me/ktmovierequest1290

Kimi (2022) IMDb......6 (Crime, Drama, Thriller) Siri လည်းမဟုတ် Alexa လည်းမဟုတ် … နည်းပညာတစ်ခေတ်ဆန်းမယ့် Kimi ခေတ်ကိုရောက်ရှိလာပါပြီ။ဘာတွေကွာလည်းဆိုတော့ Kimi ကလူကိုယ်တိုင်ဖြေကြားတာပါတဲ့။ အဲ့ဒီတော့ နားလည်မှုလွဲတာတွေမဖြစ်နိုင်ဘဲ ကိုယ်လိုချင်တာကို တိတိကျကျ အဖြေပေးနိုင်တဲ့ Kimi ဆိုတဲ့ကုန်ပစ္စည်းလေးက ဒီကားလေးမှာ အဓိကဇာတ်ဆောင်ဖြစ်လို့နေပါတယ်။Kimi လေးကိုဈေးကွက်မှာမိတ်ဆက်ဖို့ တစ်ပတ်အလိုမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး သုံးစွဲသူတောင်းဆိုသမျှကိုပြန်ဖြေနိုင်ဖို့ Kimi လေးက အသံတွေကိုအမြဲတမ်းဖမ်းယူထားရပါတယ်။ အန်ဂျလာက အဲ့ဒီအသံဖိုင်ကိုနားထောင်ပြီး ခွဲခြမ်းစိတ်ဖြာပေးရတဲ့ ဝန်ထမ်းတစ်ဦးပေါ့။တစ်နေ့မှာ အဲ့ဒီအသံဖိုင်ထဲကနေ “ရပ်လိုက်…ရပ်လိုက်…တော်ပါတော့…” ဆိုတဲ့ဖိုင်ကိုနားထောင်ပြီးတဲ့နောက် အန်ဂျလာတစ်ယောက် မသင်္ကာဖြစ်လာခဲ့ပါတယ်။ အန်ဂျလာက အသံဖိုင်ထဲက Kimi ပိုင်ရှင်ကိုဘယ်လိုရှာပြီး ဘယ်လိုတွေဇာတ်လမ်းဆက်မလဲဆိုတာကိုတော့ ဇာတ်ကားကောင်းတွေကြိုက်သူအဖို့ ဆက်ပြီးကြည့်လိုက်ပါတော့ဗျာ… movie request❓ https://t.me/ktmovierequest1290

Precious Cargo (2016) IMDb.....5.5 (Action, Comedy, Thriller) ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Mark-Paul Gosselaar တို့အဖွဲ့ လက်နက်အလှယ်အလဲလုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပုံနဲ့ စတင်ထားပါတယ် အဲ့နောက် ရုတ်တရက် ဂျက်ခ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကာရန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အက်ဒီလိုခေါ်တဲ့ တကယ့် လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက်မိပါတယ် တည်ငြိမ်အေးချမ်းနေတဲ့ ဂျက်ခ်တို့ရဲ့အဖွဲ့လေးဆီကိုကာရန်တစ်ယောက်ရောက်လာတဲ့အချိန်မှာ သူနဲ့အတူမုန်တိုင်းကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ် အကြောင်းကကာရန်က အက်ဒီလို့ခေါ်တဲ့သူခိုးဓားပြဂိုဏ်းခေါင်းဆောင်ကိုအကြွေးပေးစရာသန်းချီရှိနေပါတယ် အဲ့နောက်ကိုယ်ဝန်ရှိချင်ယောင်ဆောင်ထားတဲ့ ကာရန်တစ်ယောက် ကလေးကိုဗန်းပြပြီး စီအိုင်အေရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိန်တွေကိုခိုးယူဖို့ ဂျက်ခ်တို့အဖွဲ့ကိုအကူအညီတောင်းပါတယ်ခိုးမယ့်အဖွဲ့ကဂျက်ခ်တို့ အပြင် တကယ့်နာမည်ကျော်အက်ဒီတို့ကပါ ဒီစိန်တွေကို အပြိုင်အဆိုင်ရယူဖို့ကြိုးစားကြပါတယ် အဲ့ဒီနောက် ဂျက်ခ်တို့ရဲ့သူခိုးဆီကနေသူဝှက်ပြန်လုမယ့်အစီအစဉ်ကရော ဘာတွေဆက်ဖြစ်ကြမလဲကာရန်ဗိုက်ထဲက ကလေးကရောဘယ်သူ့ကလေးဖြစ်မလဲဂျက်ခ်တို့ကရော ဒီစိန်တွေကို အက်ဒီနှောင့်ယှက်နေတဲ့ကြားထဲနေ အောင်အောင်မြင်မြင်ခိုးထုတ်နိုင်ပါ့မလားဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်လိုက်ပါစီးမျောကြည့်လိုက်ပါဦးဒီဇာတ်ကားက Action, Comedy & Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေမလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် movie request❓ https://t.me/ktmovierequest1290

Pyaar Ka Punchnama 2 (2015) IMDb......7.2 (Comedy Drama Romance) တစ်ရံရောအခါက သူငယ်ချင်းသုံးယောက် ညီအစ်ကိုတွေလို ချစ်ခင်စွာနေထိုင်ကြပါတယ်။ တစ်နေ့မှာ… သုံးယောက်သား ဖွန်ကြောင်မိရာမှ အခွန်ဆောင်စရာကိစ္စရပ်များ ပေါ်ပေါက်လာပါတယ်။ (သိတယ်မလား….မိန်းကလေးတွေရဲ့ အကျင့်ကို) ဒီလိုနဲ့ မာတုကာမသုံးယောက်ကို အချစ်စစ်နဲ့ချစ်မိတဲ့ သကောင့်သားသုံးယောက်ခမျာမယ် ထိုင်နေအကောင်း ထမှကျိုးမှန်းသိဆိုသလို ဒုက္ခလှလှကြီးတွေ့ရပုံကို သံဝေဂရဖွယ်ရာ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။ movie request❓ https://t.me/ktmovierequest1290

Cubicles (2019) IMDb......8.2 (Comedy Drama) ပီယုရှ်ဆိုတဲ့ဘဲက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူလတ်တန်းစားမိသားစုကဆင်းသက်လာတဲ့သူ။ လုပ်ချင် ပြောချင်မိပြီဆို ရှေ့နောက်မကြည့်ဘဲ သူထင်ရာဇွတ်လုပ်တတ်တဲ့ ငနဲ။ အတွက်အချက်တော်ပြီး စည်းကမ်းကြီးတဲ့ဖခင်နဲ့ တစ်နေ့ဖုန်းမဆက်ရင် ပွစိပွစိလုပ်တတ်တဲ့မိခင်ဖြစ်သူတို့ရဲ့ သားတော်မောင်။ ပထမဆုံး အလုပ်စဝင်တော့ လစာကို လကုန်တဲ့ည ၁၂နာရီမှာရောက်မလားထိုင်စောင့်ပြီး မရောက်လာလို့ ကုမ္ပဏီလူကြီးဆီဖုန်းဆက်ပြီး ကွန်ပလိန်းတက်တဲ့ ငနှောက်။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းအတူငှားနေရင်း အလုပ်လုပ်နေတဲ့သူ။ ဒီလိုအသိုင်းအဝိုင်းကြားမှာ သူနေထိုင်သွားလာ လုပ်ကိုင်နေပုံကို မပျင်းရအောင် ကြည့်ရမှာပါပဲ။ အိန္ဒိယရုပ်ရှင် နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းမို့ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။ movie request❓ https://t.me/ktmovierequest1290

To the Ends of the Earth (2019) IMDb.......7.8 (Drama) Yokoဟာ Uzbekistanနိုင်ငံမှာကင်မရာအဖွဲ့နဲ့ Uzbekistanနိုင်ငံရဲ့ နာမည်ကြီး ကန်ဖြစ်တဲ့ Ayarကန်ထဲက bramulaငါးအကြောင်းကို သွားရိုက်ကူးရင် စတင်ခဲ့တာပါ.Yokoတို့အဖွဲ့ဟာ ကန်ထဲက ထူးခြားတဲ့ bramulaင့ါးကြီးကိုဖမ်းလို့မရတာကြောင့် တခြားရိုက်ကွင်းတွေကို ပြောင်းရိုက်ခဲ့ပါတယ်.သူတို့ ရိုက်တာတွေက Uzbekistanနိုင်ငံရဲ့ပန်းခြံတွေ ဈေးတွေတခြားနာမည်ကြီးနေရာတွေမှာပါ.သူတို့ရိုက်ကူးရင်လုပ်ရင်းကြုံတွေခဲ့ရတဲ့ uzbekistanနိုင်ငံသားတွေရဲ့ ထူးခြားတဲ့ဓလေ့တွေ လှပ‌တဲ့ နေရာ‌တွေကို တင်ဆက်ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်လေးမလို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.. movie request❓ https://t.me/ktmovierequest1290

Rust Creek (2018) IMDb......5.3 (Drama Thriller) စောရာဆိုတဲ့ကောင်မလေးကမိဘတွေရဲ့အဝေး မြို့တစ်မြို့မှာ ကောလိပ်တက်နေတာပါ။တစ်နေ့ သူကအလုပ်အင်တာဗျူးတစ်ခု ဇြေို့အရွေးခံရတဲ့အတွက် ဝါရှင်တန်ဒီစီကို သွားဖို့အကြောင်းပေါ်လာပါတယ်။ဒါပေမဲ့ အဝေးပြေလမ်းကြီးမှာ ယာဉ်လမ်းအချိန်းအပြောင်းရှိလို့တောလမ်းကသွားဖို့ ရေဒီယိုက သတင်းကိုကြားပြီးသူဟာ တစ်ခုမှမသွားဖူးတဲ့လမ်းကို GPSအားကိုးနဲ့တစ်ယောက်ထဲ ကားမောင်းလာခဲ့ပါတယ်။GPS ထုံးစံအတိုင်း တောထဲလဲရောက်ရော လမ်းပျောက်ပါလေရောပေါ့။အဲဒါနဲ့ ကားရပ်ပြီး မြေပုံထုတ်ကြည့်နေတုန်း အနားကိုလူ ၂ ယောက်ရောက်ရော။ပထမတော့အဲ့လူတွေက ကူညီပေးမလိုနဲ့ နောက်ပိုင်းကျ အကြမ်းဖက်လာပါတော့တယ်။စောရာလဲ သူတို့နဲ့တိုက်ခိုက်ပြီး တောထဲဝင်ပြေးရတော့တာပေါ့။ဒီလူတွေက စောရာကိုဘာအတွက်တိုက်ခိုက်တာလဲ။ဒီတောကြီးထဲမှာ ဒဏ်ရာရနေတဲ့ စောရာတစ်ယောက်အသက်ရှင်အောင်ရုန်းကန်နိုင်မှာလား။စောရာကို ကယ်တင်မဲ့လူရောပေါ်လာမှာလား။နောက်ကွယ်မှာရော ဘယ်လိုကိစ္စတွေရှိနေသလဲဆိုတာကတော့စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ရအောင်….. movie request❓ https://t.me/ktmovierequest1290

Palm Springs (2020) IMDb.......7.4 (Comedy Fancy Mystery) အကယ်၍ ကျွန်တော်တို့သာ ဒီနေ့ကိုပဲနေ့တိုင်းဖြတ်သန်းရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းနေကြမလဲ။မနက်အိပ်ယာကနိုးလာတိုင်း ဒီနေ့ပဲဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီဇာတ်ကားလေးထဲမှာတော့ နိုင်းလ်စ်ဟာ အချိန်ပတ်လမ်းကြောင်းတစ်ခုမှာပိတ်မိနေပြီး တစ်နေ့တည်းကိုပဲနေ့စဉ်ဖြတ်သန်းနေရပါတယ်။ တစ်နေ့တော့ ဆာရာဆိုတဲ့ ကောင်မလေးကိုမထင်မှတ်ပဲ ဆွဲထည့်မိလိုက်တဲ့အခါကျတော့ သူရဲ့ တစ်နေ့တာ ဖြတ်သန်းမှုမှာ ဆာရာပါ ပါဝင်လာပြီး နှစ်ယောက်အတူတူအလွဲပေါင်းစုံနဲ့တစ်နေ့တာကိုပဲနေ့တိုင်းဖြတ်သန်းနေရတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက အချစ်ဟာသဇာတ်ကားလေးဖြစ်လို့ပေါ့ပေါ့ပါးပါးဖြစ်ပြီ….. ဖောင်းဒိုင်းရှူးရှဲချင်ယောင်ဆောင်ထားတဲ့ အခန်းလေးတွေတော့ပါတာမလို့ သတိပြုကြည့်ရှူကြပါလို့တော့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အချစ်တော် စူပါမန်း မင်းသား ကလပ် (Tyler Hoechlin)လည်း ဇာတ်ဝင်ခန်းတစ်ချို့မှာ ပါဝင်ထားတယ်ဆိုတာလည်း ထပ်လောင်းပြောပါရစေ။ movie request❓ https://t.me/ktmovierequest1290