KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Abbabba (2024)
IMDb.....7
(Comedy)
အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို
မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့
ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ်
ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင်
ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့
အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့
ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ
ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။
ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား
စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက
ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို
ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ…….
ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။
အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို
တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Cinderella (2021)
IMDb.....4.0
(Comedy, Family, Fantasy)
ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထင်ပါဘူး။ကဲ အခု သူပြန်လာပြီဗျ။ အားလုံးသိပြီးသားဖြစ်တဲ့ ဇာတ်လမ်းလေးကိုမှ တဖန် ဆန်းသစ်တဲ့ musical film အသွင်လေးနဲ့ပေါ့၊ဆန်းသစ်တဲ့ ဖက်ရှင်တွေ မြိုင်ဆိုင်တဲ့ ဂီတသံစဉ်တွေ ဇာတ်ဆောင်တွေရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်မှာပါ။
ဒီကားလေးထဲမှာ Havana oh na na နဲ့ တစ်ခေတ်ထခဲ့တဲ့ သီချင်းပိုင်ရှင်မလေး Camila Cabello ကို ချစ်စရာကောင်းတဲ့စင်ဒရဲလားလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အရင်က သိခဲ့တဲ့ Fairy Godmother နေရာမှာ Billy Porter က Fab G (fabulousgodmother) ဆိုပြီး ပါ၀င်ကာ LGBT society ကို supporting လုပ်ထားတာလည်း တွေ့ရပါတယ်။ OST တွေကလည်း တကယ်ကိုဘ၀င်တွေ့စရာမလို့ Camila ကို အားပေးချင်လို့ပဲ ဖြစ်စေ၊ အပျင်းပြေပဲဖြစ်စေ၊ ဂီတကို ခုံမင်လို့ပဲဖြစ်စေ ကြည့်ရှုရတာ fun ဖြစ်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Starred Up(2013)
IMDb.....7.3
(Crime, Drama)
ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီးစိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက်ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူJack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင်အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကိုစိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Hotel Mumbai (2019)
IMDb.......7.8
(Drama, History, Thriller)
Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်…
ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး…ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ…ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်…သေဆိုသေ…ရှင်ဆိုရှင်…သေနတ်ဆိုသေနတ်…ဗုံးဆိုဗုံးပါ…
ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ “အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်…
မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်….
movie request❓
https://t.me/ktmovierequest12904 650
Chappie (2015)
IMDb.....6.5
(Action Drama Crime)
ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ မှုခင်းတွေဆိုးဆိုးရွားရွားဖြစ်ပွားတာကိုလျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိက အစိုးရဟာ ရဲတွေနေရာမှာ
စက်ရုပ်ရဲတွေကိုအစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။စက်ရုပ်တီထွင်တဲ့ ဒီဇိုင်နာဒီယွန်ဝီလ်ဆင်ဟာ လူသားတွေလိုပဲအသိဉာဏ်ရှိပြီး ခံစားမှုပါရှိတဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်လိုပေမယ့်အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ဒါပေမဲ့လည်း ဒီယွန်ဟာ သုံးလို့မရတော့လို့ ဖျက်ဆီးပစ်တော့မယ့်စက်ရုပ်တစ်ရုပ်ကို သူ့အိမ်မှာ တီထွင်ဖို့ယူသွားတုန်းလမ်းမှာလူဆိုးတစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။လူဆိုးအဖွဲ့ထဲက နင်ဂျာ၊ ရိုလန်ဒီနဲ့ ရန်ကီတို့ဟာသူတို့ ဓားပြတိုက်ရာမှာသုံးဖို့အ တွက် စက်ရုပ်ကိုပြင်ပေးဖို့ဒီယွန်ကို အတင်းအကျပ်စေခိုင်းပါ တော့တယ်။ဒီလိုနဲ့ ဒီယွန်က စက်ရုပ်ထဲဆော့ဖ်ဝဲသစ်ထည့်လိုက်တဲ့ အခါမှာတော့စက်ရုပ်ဟာကလေး တစ်ယောက်လိုပြုမူခဲ့ပါတယ်။အဲဒီနောက်စကားလည်း စပြောခဲ့ပြီး သူ့ကို ချက်ပီလို့နာမည်ပေးခဲ့ကြပါတယ်။ချက်ပီကို တီထွင်တဲ့ဒီယွန်ကို နင်ဂျာက နှင်ထုတ်ခဲ့ပါတယ်။ရိုလန်ဒီက ချက်ပီရဲ့အမေဖြစ်ရတာကို သဘောကျပေမယ့်နင်ဂျာကတော့ သူတို့ဓားပြမှုမှာ မြန်မြန်ထည့်သုံးချင်နေတာမို့ချက်ပီက ကလေးလိုပဲပြုမူနေသေးတာကို စိတ်မရှည်ပါဘူး။တစ်ရက်မှာတော့ နင်ဂျာဟာ ချက်ပီကို အန္တ ရာယ်ရှိတဲ့ နေရာတစ်ခုမှာစွန့်ပစ်ခဲ့တာကြောင့်ဒီယွန်ကိုနောက် ယောင်ခံလိုက်နေတဲ့သြစတြေးလျ ဒီဇိုင်နာဗင်းဆင့်ကဖမ်းခေါ်သွားပြီးအန္တရာယ်ပြုမှာစိုးလို့ လက်တွေကို ဖြုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက် ချက်ပီကိုယ်ထဲက ဘက်ထရီအလုပ်ပြန်လုပ်ပြီးအသိဉာဏ်လည်းပြန်ဝင်သွားတာကြောင့် ချက်ပီနင်ဂျာတို့ဆီ ပြန်ထွက်ပြေးခဲ့ပါတယ်။ချက်ပီကို လက်ပြန်တပ်ပေးခဲ့ပြီး အတိုက်အခိုက်တွေ၊လက်နက်ကိုင်နည်းတွေကိုပါသင်ပေးခဲ့ကြပြီးသူတို့နဲ့ အတူတူမှုခင်းတွေမှာ ပါဝင်စေခဲ့ပါတော့တယ်။ဒီဇိုင်နာဗင်းဆင့်ဟာ စက်ရုပ်ရဲတွေ အကုန်လုံးကို ဆော့ဖ်ဝဲသစ်ထည့်ခဲ့ပြီးဂျိုဟန်းနက်စ်ဘာ့ဂ်တစ်မြို့လုံးကို ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။အဲဒီအချိန်မှာ ဒီယွန်ဟာ ချက်ပီ ကို စက်ရုပ်ထုတ်တဲ့စက်ရုံကို သယ်လာပြီးဗင်းဆင့်လုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို ရပ်တန့်အောင် ကြိုးပမ်းခဲ့ပါတယ်။အဲဒီအခါမှာ ဗင်းဆင့်တစ်ယောက်ဘယ်လိုတွေ ဆက်ဒုက္ခပေးဦးမှာလဲ။ချက်ပီကကော သူနဲ့ ပတ်သက်သူတွေကိုကယ်ဆယ်နိုင်ပါ့မလားဆိုတာကို တော့ ကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦးနော်။ဒီဇာတ်ကားမှာ ချက်ပီနေရာ ကနေ အသံနဲ့လှုပ်ရှားမှုသရုပ် ဆောင်ပေးသူက ရှာလ်တိုကိုပ လေး၊ဒီယွန်အဖြစ် ဒက်ဗ်ပက် တယ်၊ဗင်းဆင့်အဖြစ် ဟုချ်ဂျက်ခ်မန်းတို့က သရုပ်ဆောင်ထားပါ တယ်။
movie request❓
https://t.me/ktmovierequest12904 650
Vanquish (2021)
IMDb......5.5
(Action Thriller)
Morgan Freeman သရုပ်ဆောင်ထားတဲ့ ဒေမွန်ဆိုတဲ့ဇာတ်ကောင်က အကျင့်ပျက် ရဲဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး ဒုစရိုက်မှုတွေကို ဦးစီးလုပ်ကိုင်နေသူပါ.တစ်ရက်တော့ သူ့ရဲ့ မကောင်းမှုတွေသူ့နောက်လိုက်လာတော့မလို ဖြစ်တဲ့အချိန်မှာ သူ့အိမ်ကသူ့အတွက် အလုပ်လုပ်ပေးတဲ့ ကောင်မလေးနဲ့သူ့သမီးကိုသူ ဘယ်လို အသုံးချမလဲ.အဲ့ကောင်မလေးကရော အတိတ်သမိုင်းတွေ ဘယ်လိုရှိပြီးဒေမွန်ကို ဘယ်လို ဆက်ဆံမှာလဲ စတာတွေကိုတစ်ကားလုံး အပစ်အခတ်တွေ လှည့်ကွက်တွေကြားမှာကြည့်ရှုခံစားရမဲ့ အက်ရှင်ကားကောင်းလေးဖြစ်လို့ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျ..
movie request❓
https://t.me/ktmovierequest12904 650
Rich in Love (2020)
IMDb.....7.3
(Comedy Romance)
ဘရာဇီးနိုင်ငံ ရီယို မြို့ ရဲ့ နောက်ခံ အလှ နဲ့အရမ်းလှပတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုအကြောင်းပေါ့…
အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုတာ ယုံလား ?တက်ကို ဆိုတဲ့ သူဌေးလေးဟာသူ့အဖေက အရမ်းချမ်းသာလွန်းလို့ဘော့ကျော့နေပြီး တစ်မြို့လုံးကကောင်မလေးတွေ နဲ့ ပတ်ပြီး အိပ်နေတာပေါ့ရီယို နဲ့ နီးတဲ့ တောင်ယာစိုက်ခင်းတွေ ရှိတဲ့ဘက်ကခရမ်းချဉ်သီးမင်းသားလေး လို့နာမည် တွင်တယ် တစ်မြို့လုံးကအရွယ်ရောက်ပြီး ကောင်မလေးတိုင်း ဟာတက်ကို လို နာမည်ကြီး ရုပ်ချောသူဌေးသားလေး နဲ့ စုံတွဲခုတ်ချင်ကြတာပါအဲ့ဒီ တစ်ဖက်က ရီယိုမြို့မှာတော့ဆေးကျောင်းသူလေး ပေါ်လာ ဟာဆရာဝန်ဖြစ်ခွင့်ရဖို့ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရင်း နဲ့တစ်ရက်မှာ ပေါ်လာ ရဲ့ သူငယ်ချင်းမင်္ဂလာဆောင်အတွက်ခရမ်းချဉ်သီးမြို့ကို ရောက်လာပါတယ်…ကံဆိုးစွာပဲ အဲ့ဒီနေ့မှာ မတော်တဆ မှု တစ်ခုဖြစ်ပြီးသူဌေးသားလေး တက်ကို နဲ့ ဆရာဝန်လောင်းမလေးပေါ်လာ တို့ ဆုံမိကြတာပဲ…ပေါ်လာ ကို မြင်မြင်ချင်း ချစ်သွားတဲ့ တက်ကို ကတော့သူ့ပိုက်ဆံတွေကြောင့် ပေါ်လာ ရဲ့ အချစ် စစ်ပါ့မလားဆိုပြီးဆင်းရဲချင်ယောင် ဆောင်ပြီး လိမ်ထားလိုက်ပါသတဲ့…လူငယ်တွေ ရဲ့ နှလုံးသားရေးရာ ဟာ ထူးဆန်းတယ်တက်ကို လို ဘော့ကျော့သူဌေးသားဟာ ပေါ်လာအတွက်အိမ်သာလဲ ဆေးနိုင် အောက်ခြေသိမ်း အလုပ်တွေအကုန် လုပ်ပေးနိုင်တဲ့ ဆင်းရဲသားလေး အဖြစ်ပြောင်းလဲ သွားနိုင်တယ်….ဒါပေမဲ့ ပေါ်လာ မသိအောင် သူဌေးသား ဘဝကိုရေရှည် ထိန်းထားနိုင်မလားဆိုတာကိုတော့…..
movie request❓
https://t.me/ktmovierequest12904 650
Poojai (2014)
IMDb......5.3
(Action Drama)
ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။
သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့်
နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့
လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင်
တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။
movie request❓
https://t.me/ktmovierequest12904 650
Nede Vidudala (2023)
IMDb......3.7
(Comedy Drama)
ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊
သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့
စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူက
သူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်းပေးလိုက်ပါတယ်။အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ ရောက်လာတဲ့ဆစ်ဒူ၊
အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့
မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့….
ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာ
ရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
You Are the Apple of My Eye (2011)
IMDb.....7.7
(Asian, Comedy, Drama, Romance)
အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်…ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်…ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ တရားကျဖူးခဲ့ကြမယ်…အံ့သြစရာကတော့ ကြားဖူးသမျှနဲ့ ခံစားရတာက တခြားစီ ဖြစ်နေမယ်ဆိုတာပဲ….တကယ်တော့ အချစ်မှာ ရိုးသားဖြူစင်တာကလွဲလို့ ကျန်တဲ့ဘယ်ကဏ္ဍမှ မပါဘူးလို့ ဒီဇာတ်ကားလေးက သက်သေပြနေမယ်…တချို့ငြိမ်းချမ်းရေးတွေက ဆွေးနွေးစရာမလိုတဲ့အချိန်မှာ ရလိမ့်မယ်….ချစ်ခြင်းလဲအတူတူပါပဲ…သူ့အလိုလို နေရင်းထိုင်ရင်း တဖြေးဖြေးကျွံကျ နစ်ဝင်သွားတာမျိုး….သတိထားမိတဲ့အချိန်မှာ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်စရာမလိုအောင် ကိုယ်တိုင်က ချစ်ခြင်းဖြစ်နေလိမ့်မယ်…အပိုတွေကို သိပ်တော့လဲ အံ့သြစရာမရှိပါဘူး…စကားလုံးတွေကြား လူသားတွေညှပ်နေတာ ကြာခဲ့ပြီကော…ဒါပေမယ့် ဖြေသိမ့်စရာက ချစ်ခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခံစားဖို့ ဒီလိုဇာတ်ကားလေးတွေ ကျန်နေသေးတယ်။ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ မိတ်ဆွေ… ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်ရဖို့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ထားပါ။
movie request❓
https://t.me/ktmovierequest12904 650
Fall (2022)
IMDb.....6.4
(Thriller)
အသည်းတအေးအေးနဲ့ကြည့်ရမယ့် ရုပ်ရှင်အသစ်တစ်ကားလာပါပြီ။ ပိုစတာကြည့်ရုံနဲ့တင် ဘယ်လိုကားလဲသိမလားတောင်မသိဘူး။ အမြင့်တက်တဲ့စွန့်စားခန်းကားပါပဲ။ တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီး ဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။ဒီတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။ သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီး ပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။ သူက အစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့ လှေကားအလွတ်ကြီးပဲ ရှိပါတယ်။ သူတို့တွေ အဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။
အဲဒီတော့ တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာ ကြည့်ရမှာပါပဲ။ အက်မင်ကတော့ အမြင့်ကြောက်တတ်လို့ ဒီကားကြည့်ရတာ ဟော်ရာကားကြီးတွေထက်တောင် ရင်တုန်ပါသေးတယ်။ အတော်လေးခံစားလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
Equals (2015)
IMDb.....6.0
(Drama, Romance, Sci-Fi)
ကမ္ဘာ့ပျက်ကပ်ကြီးအပြီးခေတ်လွန်ကာလတစ်ခုမှာ လူတွေဟာ စိတ်ခံစားချက်ကိုဦးစားမပေးတော့ဘဲ အရာရာကို စနစ်တကျ စက်ရုပ်လိုသာနေထိုင်ကြပါတော့တယ်…။တစ်ယောက်နဲ့တစ်ယောက် ခံစားချက်၊ အထိအတွေ့ဆိုတာမရှိသလိုစိတ်ခံစားချက်ကို ရောဂါတစ်ခုလိုလက်ခံကျင့်သုံးနေကြတာပါ…။ခံစားချက်ပေါ်လာရင်၊ စွဲလမ်းသွားရင် ဒီစိတ်ကို ကုသဆေးတွေနဲ့ချုပ်တည်းပြီးနေရပါတယ်…။ဒီလိုအခြေအနေမျိုးမှာ အချစ်ဆိုတဲ့ ခံစားချက်ကို ဖိနှိပ်ချုပ်တည်းဖို့ကဖြစ်နိုင်ပါ့မလားဆိုတာကို….ဒီဇာတ်လမ်းလေးကြည့်ရင်း sci-fi ရိုမီယို၊ဂျူးလိယက်ပုံပြင်လေးတစ်ပုဒ်အဖြစ် ရှုစားလိုက်ပါတော့ဗျာ…။
movie request❓
https://t.me/ktmovierequest12904 650
Kahi De Ne Prem Chhe (2023)
IMDb......8.5
(Romance)
အန်ဂျလီဆိုတဲ့ အမျိုးသမီးလေးက ရွာငယ်လေးကနေ မြို့ကြီးကိုတက်လို့ အလုပ်သွားလုပ်ဖို့ရာ
စိတ်အားထက်သန်တဲ့သူလေး။ အဒေါ်ဖြစ်သူက DDLJထဲက ဆင်မရန်ဘ၀ထဲကို ရာ့ဂျ်ပါလာခဲ့သလို
ပါလာပါလိမ့်မယ်တော်လို့ ပြောပေမဲ့ အဖေဖြစ်သူက သမီးဖြစ်သူဆန္ဒအတိုင်း မြို့ကြီးကို စေလွှတ်ခဲ့ပါတယ်။အာဒီတယာဆိုတာ မြို့က ကုမ္ပဏီပိုင်ရှင်သူဌေးလေးတစ်ဦး။မိသားစုဆိုလို့ စိတ်သိပ်မပြည့်တဲ့ အစ်ကိုတစ်ယောက်ပဲရှိပြီး
အစ်ကိုဖြစ်သူကိုပဲ ဂရုစိုက်ရင်း အချစ်တွေ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားတဲ့သူ။အာဒီတယာတို့ ညီအစ်ကိုနှစ်ယောက်တည်းရှိတဲ့ ဘ၀ထဲကို အန်ဂျလီလေး ဝင်လာတဲ့အခါမှာတော့။
အချစ်ကို အယုံအကြည်မရှိတဲ့ အာဒီတယာတစ်ယောက် ချစ်တတ်သွားမှာလား။
အန်ဂျလီကရော အာဒီတယာကို ချစ်တတ်အောင် သင်ပေးသွားမှာလားဆိုတာအပြင်
ကြည်နူးစရာ ရင်နင့်စရာဇာတ်ကွက်များရယ်နဲ့ ခံစားကြည့်ရှုကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Alibaba Ani Chalishitale Chor (2024)
IMDb......6.6
(Comedy)
စုံတွဲသုံးတွဲနဲ့ ယောက်ျားလေးတစ်ယောက် ပါတီလုပ်ရကနေ အစပြုပါတယ်။
ပါတီမှာပျော်ပါးကြရင်း မီးရုတ်တရက်ပျက်သွားတဲ့အခါ အနမ်းပေးတဲ့အသံနဲ့
ပါးရိုက်ခံရတဲအသံကို တစ်ပြိုင်နက်ကြားလိုက်ကြရတယ်။
မီးပြန်ရလာတော့လည်း လက်သည်မပေါ်ဘဲ အီလည်လည်နဲ့ပါတီပြီးသွားတော့တယ်။ပါတီရဲ့ အဖြစ်အပျက်ကိုမကျေနပ်နိုင်သူက ဝက်ဘ်ဆိုက်ထောင်ပြီး မိမိသံသယရှိသူကို အမည်မဖော်ဘဲ ရေးလို့ရတယ် ဆိုလာတဲ့အခါ……..
ပါဝင်သူတွေက မကျေနပ်နိုင်ဘဲ စုံစမ်းဖို့ ကြိုးစားကြတဲ့အခါ လင်နဲ့မယားကြား အချစ်ဆုံးသူငယ်ချင်းတွေကြား
အထင်အမြင်လွဲမှုတွေ အရင်ကဖုံးကွယ်ထားခဲ့တဲ့ သံသယတွေ ပိုပြီးရှုပ်ထွေးလာတော့တယ်။
ဒီလိုအရာတွေကြားမှာ ကာယကံရှင်တွေကို ရှာတွေ့နိုင်ပါ့မလား အချင်းချင်း
အရင်လိုပြန်ဖြစ်ကြပါ့ဦးမလားဆိုတာ ဒီကားလေးမှာ စီးမျောကြည့်ရှုပေးကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Child 44 (2015)
IMDb......6.3
(Crime, Drama, History)
ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။
ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။
movie request❓
https://t.me/ktmovierequest12904 650
Rush (2013)
IMDb......8.1
(Action, Biography, Drama)
ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ်
ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။သူတို့ကပြိုင်ဘက်တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။Nikiကတော့ ပုံရိုးပြီး စတိုင်လည်း သိပ်မထုတ်တတ်တဲ့သူ၊ ဘဝကို တသမတ်တည်းနေတတ်ပြီး တစ်ခုခုဆို စဉ်းစားချင့်ချိန်တွက်ချက်ပြီးမှ လုပ်တဲ့သူ။အဲ့လိုမျိုး ဘဝခံယူချက်သဘောထားတွေ မတူကြပေမယ့် ကားပြိုင်ပွဲမှာတော့ သူတို့ရဲ့လယ်ဗယ်ကလာတူနေတဲ့အခါ ပြိုင်ပွဲတိုင်းမှာ အကြိတ်အနယ်ဖြစ်နေပြီး ထိပ်တိုက်တွေ့ရတဲ့အခါမှာ သူတို့တွေအဆင်ပြေကြပါ့မလား လူတွေယူဆထားတဲ့အတိုင်း သူတို့ကတကယ်ပဲ ရန်သူတွေလား?ကားပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း အသက်ကိုပါလောင်းကြေးထပ်ပြီး ပြိုင်ရတာဖြစ်တဲ့အတွက် သူတို့တွေ ဘေးကင်းကြပါ့မလား နောက်ဆုံးမှာ ဘယ်သူကအောင်နိုင်သူလဲ ဘယ်သူကအရှုံးသမားလဲ ဘယ်သူ့အယူအဆကမှန်ပြီး ဘယ်သူကမှားနေခဲ့တာလဲ စသဖြင့် drama၊အဓိကဇာတ်ကောင်နှစ်ယောက်က ပြိုင်ကားသမားတွေဖြစ်လို့ သူတို့ယှဉ်ပြိုင်တဲ့ ကားပြိုင်ပွဲတွေ အတွေ့အကြုံတွေကို ပီပီပြင်ပြင် ရိုက်ကူးထားလို့ action, sports စသဖြင့် genreအမျိုးအစားစုံလင်စွာနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Siddharth Roy (2024)
IMDb.......8.8
(Drama Romance)
ဆစ်ဒါးသ်ဆိုတာ ကောလိပ်ကျောင်းသားတစ်ယောက်။ စာသင်ခန်းတွေကို ဝင်ချင်တဲ့အချိန်ဝင်
ထွက်ချိန်တဲ့အချိန် ထွက်သွားတတ်တဲ့ကျောင်းသား။
ကျောင်းသုံးကိရိယာဘာတစ်ခုမှ မပါဘဲ စာသင်ခန်းထဲဝင်လာပြီး သူငယ်ချင်းဆီက စက္ကူဖြဲ ဘောပင်ငှား
လက်ချာလိုက်ရေးပြီး သင်သမျှ နားလည်တတ်ကျွမ်းသွားတတ်တဲ့ အိုင်းစတိုင်းထက်တောင် ဉာဏ်ရည်မြင့်မားတယ်လို့
ကောလိပ်မှာ ထင်ရှားတဲ့သူ။ ဝမ်းနည်းမှု၊ အကြောက်တရား၊ ဒေါသနဲ့ ချစ်ခြင်းမေတ္တာကင်းပြီး
ယုတ္တိဗေဒနဲ့ပဲ ရှင်သန်နေတဲ့သူလို့ ကျောင်းသူကျောင်းသားတွေ သိထားကြတဲ့သူပေါ့။အင်ဒူဆိုတာ ကောလိပ်နောက်ဆုံးနှစ်မှ ဆစ်ဒါးသ်တို့ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ်။
အခိုက်အတန့်သေးသေးလေးတွေကနေတောင် ပျော်ရွှင်မှုကို ရှာဖွေစုဆောင်းတတ်တဲ့ လှပပျိုမြစ်တဲ့ကောင်မလေး။
ကျောင်းပြောင်းလာတဲ့နေ့မှာပဲ ဆစ်ဒါးသ်နဲ့တွေ့ပြီး ပဟေဠိဆန်တဲ့လူတစ်ယောက်အနေနဲ့ အင်ဒူ့စိတ်ထဲမှာနေရာယူခဲ့တယ်။
သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုမှာ ဆုံတွေ့ကြချိန်မှာတော့…။ခံစားမှုကင်းတဲ့ ဆစ်ဒါးသ်တစ်ယောက် အင်ဒူနဲ့ပတ်သက်မိချိန်မှာတော့ အချစ်ဇာတ်လမ်းဖြစ်မလား
အလွမ်းဇာတ်လမ်းဖြစ်မလားဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Fabricated City (2017)
IMDb.....6.9
( Action, Asian, Crime, Thriller)
Ji Chang Wook က နိုင်ငံံလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်းတစ်ဦး
ရန်ငြိုးရန်စ မရှိတဲ့ အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ဦးပါ။ဂိမ်းထဲမှာတော့ သူက ကွန်မိုဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့အမှုမှာ သူ တရားခံဖြစ်သွားတယ်။မှုခင်းဆေးပညာအရ စစ်ဆေးထားတဲ့ရလဒ်တွေအရ DNAရော လက်ဗွေရာ အားလုံးဟာသူဘာမှမလုပ်ရဘဲနဲ့ကို မငြင်းနိုင်လောက်အောင်ကို သက်သေတွေက ပြည့်စုံနေလေရဲ့။“အစားမတော်တစ်လုတ် အသွားမတော် တစ်လှမ်း” ဆိုသလိုလဲ မင်းသားလေး ရေတိမ်နစ်ပြီးထောင်နန်းတစ်သက်တစ်ကျွန်း ကျခံဖို့ အပြစ်ပေးခံရလိုက်ရတယ်။မင်းသားလေး အမေကလည်း ဒီအမှုကနေလွတ်အောင် အပြင်ကနေ အမျိုးမျိုးကြိုုးစားပေးနေရှာတယ်။ဒီအမှုကို သူ့အမေ အယူခံဝင်နိုင်တဲ့အခါ သူ မကျူးလွန်ထားတဲ့အမှုကနေလွတ်ဖို့ထောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရင်းက သူ့အမေလည်း ရုတ်တရက် ကွယ်လွန်သွားတာကိုထောင်ထဲကနေ သိလိုက်ရတဲ့အခါမှာတော့…………….. • ဘယ်လိုလူတွေကများ ဘာကြောင့် ရန်ငြိုးရန်စမရှိဘဲဒီလို အကွက်ကျကျ အမှုဆင်ပြီး သက်သေအပြည့်အစုံနဲ့ ထောင်ကျအောင် လုပ်ခဲ့ရတာလဲ……. မှုခင်းဆေးပညာဆိုင်ရာစစ်ဆေးချက် ဆိုတာ နိုင်ငံ့တကာမှာသိပ္ပံနည်းကျ မှုခင်းဖော်ထုတ်တဲ့နေရာမှာ မရှိမဖြစ်ကို အရေးပါအရာရောက်တဲ့ ပညာရပ်ပါ။ဒီပညာရပ်မှာ အငြင်းပွါးစရာကိစ္စရပ်တွေရှိနေပေမယ့် အားကိုးယုံကြည်နေရတဲ့ပညာရပ်ပါ။ဒီဇာတ်ကားမှာ ဒီမှုခင်းဆေးပညာရပ်ကိုဘယ်လိုနည်းပညာတွေနဲ့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်ထားလည်းဆိုတာကိုလည်း တွေ့မြင်ရမှာပါ။ဒီလို စိန်ခေါ်နိုင်ဖို့ဆိုတာကလည်း Computer Hacking နည်းပညာနဲ့Computer နည်းပညာရပ်တွေဟာလည်း မပါမဖြစ်ပါဘဲ။ဘယ်လို Hacker သမားတွေ ဘယ်လိုနည်းပညာနဲ့များ အကွက်ဆင်နိုင်တာလဲ………… မင်းသားလေးကရော ထောင်ကျနေပြီး ဘယ်သူကမှန်းမသိ ဘာကြောင့်မှန်းမသိတဲ့ဒီလောက်သက်သေတွေ ပြည့်စုံနေတဲ့ အမှုက ထောင်ထဲရောက်နေပြီးတဲ့အချိန်မှာကောရုန်းထွက်လို့ ရနိုင်ပါဦးမလား။ ဒီလို အချက်ကျကျ အကွက်ဆင်တဲ့သူတွေကို ဘယ်လိုများ ဖော်ထုတ်ကြရမှာလဲဆိုတာကိုဇာတ်ကားကိုကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားလိုက်ကြရအောင်……….
movie request❓
https://t.me/ktmovierequest12904 650
Innocence ( 2020 )
IMDb.....6.5
(Crime Drama)
ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Upon Entry (2022)
IMDb.....7.0
(Drama)
စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ဘယ်လိုမေးခွန်းတွေနဲ့ စိတ်ကျဉ်းကျပ်အောင် ဘယ်လိုစေ့စပ်သေချာတဲ့ မေးခွန်းတွေနဲ့ အမေးခံရမှာလဲ။ အထူးသဖြင့် ဒီလိုတွေလိုက်မေးနေတာက ဘာကြောင့်များ မေးနေတာလဲ။ စာရွက်စာတမ်းတွေ စုံလျက်သားနဲ့ ဘာလို့ဆက်တိုက် နာရီနဲ့ချီအောင် မေးမြန်းခံနေရတာလဲ။ ဘယ်တော့များမှ ကိုယ်နေထိုင်မယ့် နိုင်ငံထဲကို ဝင်ခွင့်ရမှာလဲ ….
ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုမျိုးပဲ ဖြစ်ပါတယ်။
“ဟာနက်ဒက်ဇ်”ဆိုသူဟာ ဗင်နီဇွဲလားနိုင်ငံသား မြို့ပြစီမံကိန်းရေးဆွဲသူတစ်ယောက် ဖြစ်ပါတယ်။ ဟာနက်ဒက်ဇ်ဟာ ပမ်မီးစ်လို့ခေါ်တဲ့ ခေတ်ပြိုင်အကသမား စပိန်သူလေးနဲ့ တွဲနေပါတယ်။ စပိန်သူလေး ပမ်မီးစ်က DV ထီ ပေါက်လို့ အမေရိကန်နိုင်ငံသား green card ရရှိထားလို့ အမေရိကန်နိုင်ငံဆီကို ရည်းစားလေး ဟာနက်ဒက်ဇ်ရဲ့လက်ကိုတွဲကာ ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်ပါတယ်။
ဇာတ်လမ်း အစမှာ အမေရိကန်နိုင်ငံဆီကို ၂ယောက်သား ထွက်ခွာသွားတာနဲ့ အစပြုထားပြီး အဘက်ဘက်ကနေ စာရွက်စာတမ်းအပြည့်အစုံနဲ့ အမေရိကန် လေဆိပ်ဆီ ချောချောမွေ့မွေ့ရောက်ရှိလာပါတော့တယ်။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးဆီ ရောက်တဲ့အခါမှာတော့ စစ်ဆေးမေးမြန်းမယ်ဆိုပြီး ခေါ်ဆောင်ခြင်းခံလာရပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဘာလို့ခေါ်တာလဲလည်း မသိ၊ ဘာကြောင့်အမေးခံနေရတာလည်း မသိနဲ့ တစ်ကားလုံးကို မေးခွန်းတွေကြားထဲမှာ လိုက်ပါစီးမြောခံစားခွင့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရှု့နေသူကို ဆောင်ခေါ်သွားနိုင်တာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ တစ်ပါတည်း တွေးတောချင်သူတွေအတွက် သိပ်ကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ အချစ်၊ ယုံကြည်မှု၊ ရိုးသားခြင်းရဲ့ ရှုပ်ထွေးမှုတွေကို လှလှပပရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ပြသွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ဆိုရင်း နိဂုံးချုပ်အပ်ပါတယ်။
movie request❓
https://t.me/ktmovierequest1290