KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Slate ( 2020 )
IMDb.....5.6
(Action)
. ယွန်းဟီးဆိုတဲ့ ကောင်မလေးဟာ မိဘမဲ့ တစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက
အဓိကဇာတ်ကောင် ဖြစ်ချင်စိတ်ပြင်းပြတဲ့လူတစ်ယောက်ပါဒါပေမဲ့လည်း သူဟာ အဓိက ဇာတ်ဆောင်ဖြစ်ဖို့ကံတော့ပါမလာဘဲဇာတ်ကားတစ်ကားရဲ့ အက်ရှင်အစားထိုးစတန့်သမားလုပ်ဖို့
ကမ်းလှမ်းခံရကာ ရိုက်ကွင်းကိုသွားတဲ့အချိန်မှာ မထင်မှတ်ထားဘဲနဲ့အပြိုင်ကမ္ဘာကိုရောက်ရှိသွားပါတော့တယ် အဲ့ဒီကမ္ဘာမှာယွန်းဟီးကို ရွာသားတွေက ရွာကိုကာကွယ်ပေးမဲ့ ဝိညာဉ်သတ်ဖြတ်သူသူရဲကောင်းလို့ထင်မှတ်ပြီး တစ်ရွာလုံးက သူ့ကိုပစားထားကြပါတယ်ဒီလိုနဲ့ အဓိက ဇာတ်ကောင်ဖြစ်ချင်တဲ့ ယွန်းဟီးတစ်ယောက်အဓိကဇာတ်ကောင်ဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့အခွင့်အရေးကို လက်လွှတ်မခံဘဲ ဘယ်လိုအလွဲတွေနဲ့ရွာကိုကယ်တင်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်
movie request❓
https://t.me/ktmovierequest12904 650
The Princess (2022)
IMDb......6.0
(Action, Drama, Fantasy)
လှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ချောလေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်…အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။
movie request❓
https://t.me/ktmovierequest12904 650
The Sandman (2022)
IMDb......8.4
(Drama Fantasy Horror)
ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေ
နေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီ
ကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို
လိုက်ဖမ်းနေခဲ့ပါတယ်။ ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကို
လူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။
ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။
ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။
နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇)
ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။ အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ အိပ်မက်၊
ဖျက်ဆီးခြင်း၊ ရမက်၊ သောက၊ ထင်ယောင်ထင်မှား ဆိုတဲ့ ဘုရား(၇)ပါးပါပဲ။
သူတို့က သာမန်နတ်ဘုရားတော်တော်များများထက် စွမ်းအားကြီးကြပါတယ်။
ဒီစီးရီးမှာတော့ အိပ်မက်နတ်ဘုရား အဖမ်းခံရချိန်မှာ အိပ်မက်ဆိုးတွေ သောင်းကျန်းပြီး
ကမ္ဘာကြီးကို ဒုက္ခပေးနေကြတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ အိပ်မက်နတ်ဘုရား လွတ်မြောက်
လာချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်လိုက်ပါဦး…..
movie request❓
https://t.me/ktmovierequest12904 650
Jackson Bazaar Youth (2023)
IMDb......6
(Comedy Drama)
ဂျက်ဆန်ဘက်ဇာဆိုတာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ပေမဲ့
မြေကွက်နာမည်ပေါက် မရကြသေးတဲ့ ရပ်ကွက်လေးတစ်ခု။
အဲဒီရပ်ကွက်မှာပဲ ဂျက်ဆန်ဘက်ဇာဆိုတဲ့ ယူကျုချန်နယ်ဖွင့်ထားပြီး
ဘုရားကျောင်းပွဲတော်တွေမှာ ထရမ်းပတ်တီးမှုတ်ဖျော်ဖြေတဲ့ အဖွဲ့လေးလည်းရှိတယ်။ရပ်ကွက်ထဲမှာ ဖြစ်သမျှကို ဒိုင်ခံဖြေရှင်းပေးနေကြတဲ့သူတွေဆိုလည်းဟုတ်ပေါ့။
ရပ်ကွက်ကိုပေးနေတဲ့ရေက လာလိုက်မလာလိုက်ဖြစ်နေလို့ သောကများနေကြရတဲ့အထဲမှာ
ဟိုက်ဝေးလမ်းမကြီးဖောက်ဖို့ ရပ်ကွက်ဖယ်ပေးရမယ်လို့ သတင်းရာကစ
ရဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းရဖို့ ပြဿနာကြီးပေါ်လာခဲ့ချိန်မှာတော့…။
movie request❓
https://t.me/ktmovierequest12904 650
Hanu-Man (2024)
IMDb......8.4
(Action Adventure Fantasy)
အထူးပြုလုပ်ချက်ဘာညာကလည်း ရိုးရာလဲမပျက်
ခေတ်လဲမှီတဲ့ပုံစံလေးမို့ မဆိုးဘူးလို့ပဲ မှတ်ချက်ပေးရမှာပါ
တစ်ခုပြောပြရမှာကတော့ ဗီလိန်ကတော့ ဆရာဘတ်နဲ့အဲဖရက်ကို
Ref ယူထားတာပါ ဆရာဘတ်လိုမိဘတွေသေမှ စူပါဟီးရိုးဖြစ်မှာဆိုပြီး
ကိုယ့်မိဘကိုယ်ပြန်သတ်တဲ့ ဆရာဘတ်အဇာတသတ် ဗားရှင်းကဗီလိန်ကြီးပါ
အဲ့ချိန်မှာ မင်းသားတို့ရဲ့ရွာလေးမှာလည်း ရွာကိုအနိုင်ကျင့်စားနေတဲ့
လူမိုက်ခေါင်းဆောင်နဲ့ သူ့တပည့်တွေရှိပါတယ်
အဲ့ကောင်တွေက မင်းသားရဲ့ကောင်မလေးနဲ့ ပြသနာဖြစ်လို့
အဲ့ကောင်မလေးကို သတ်ဖို့လုပ်တာကို မင်းသားကအချစ်စွမ်းအားနဲ့
ကြားကဝင်တားတာ ဟိုကောင်တွေက ချောက်ထဲကိုကန်ချလိုက်ပါတယ်
ချောက်ထဲပြုတ်ကျပြီး သိုင်းကျမ်းမရပဲ အစွမ်းရသွားတဲ့
စူပါဟာနုမန်နဲ့ စူပါဟီးရိုးဖြစ်ချင်လှတဲ့ ဆရာဘတ်အတုတို့
ရင်ဆိုင်ကြရတဲ့အခါမှာတော့…..
ပရိသတ်ကြီးပဲ အာရှစူပါဟီးရိုးကားလေးကို အားပေးကြပါဦး
အခြေအနေကောင်းရင် စူပါဒဿဂီရိတွေ ထပ်ထွက်လာနိုင်ပါသေးတယ်…
movie request❓
https://t.me/ktmovierequest12904 650
A.X.L (2018)
IMDb......5.1
(Action, Adventure, Family)
A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) ,X = Exploration (ရှာဖွေစွမ်းရည်) ,L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်…စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်…ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?ဘာတွေဆက်ဖြစ်ကြမလဲ?စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကိုဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Balkan Line(2019)
IMDb.....6.6
(Action War)
စစ်ကားကောင်းမို့ BLU-RAY 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်…
ဒီဇာတ်လမ်းက ၁၉၉၉ ခုနှစ် ဆားဘီးယား ကို ဗုံးကျဲခံရတဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ၊
ဗုံးကျဲမှု ဖြစ်ပွားအပြီးမှာ အယ်လ်ဘေးနီးယန်း သူပုန်တွေက ဆလာတီနာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်၊
ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဒေသကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဆာဘီးယားကို လာကြဖို့ ရှိနေတဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ အဆိုပါလေဆိပ်ကို ပြန်ပြီး ခြေကုပ်ယူနိုင်ဖို့အတွက် ရုရှားအထူးတပ်ဖွဲ့ တာဝန်ပေးခံရတဲ့အခါ …..
ပြောရရင်ဒီလိုထိန်းသိမ်းထားဖို့က ပြန်လမ်းမဲ့စစ်ဆင်ရေးလို့တောင် နာမည်ပေးလို့ရပါတယ်… ဒီလေဆိပ်ကိုကာကွယ်ဖို့ကလည်း လူနည်းစုသာ တာဝန်ပေးခံရတဲ့အပြင် အရေးပေါ် စစ်ကူပေးဖို့လည်း မလွယ်ကူပါဘူး….
လူနည်းစုဖြစ်တဲ့ အထူးတပ်ဖွဲ့လေးက ဒီလျှို့ဝှက်စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲ မှာ ဆက်လက် ကြည့်ရှုကြရအောင်ပါ ….
စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ…..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..
movie request❓
https://t.me/ktmovierequest12904 650
Master(2016)
IMDb.....7.0
(Action, Crime)
BO လည်း ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးမွှမ်းခြင်းတွေလည်း ရရှိခဲ့ပါတယ်..
ဂျင်ယောင်းဖီဆိုတဲ့သူဟာ ပိရမစ်စနစ်ဆိုတဲ့ ငွေစုစနစ်တစ်ခုကိုတည်ထောင်ပြီးတော့တစ်နိုင်ငံလုံးကပြည်သူတွေဆီကနေ ငွေသန်းပေါင်းများစွာလိမ်ယူနေတာပါ။
ဒါကို စုံထောက်ဂင်ဂျယ်မြောင်းဆိုတဲ့သူကသိပြီးတော့ ဖမ်းဖို့သက်သေရှာနေပါတယ်။သက်သေရပြီး ဖမ်းမိခါနီးမှာပဲ ဂျင်ယောင်းဖီက ပိုက်ဆံတွေယူပြီး ကိုးရီးယားနိုင်ငံကနေထွက်ပြေးသွားတာမလို့ စုံထောက်အဖွဲ့အရေးနိမ့်သွားရပါတယ်။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ စုံထောက်ဂင်ဂျယ်မြောင်းက လက်မလျော့ဘဲ ဂျင်ယောင်းဖီကိုဖမ်းဖို့အတွက် သူ့ကိုယ်ပိုင်အထူးအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။သူ့ရဲ့အဖွဲ့နဲ့အတူ ဖိလစ်ပိုင်မှာနောက်ထပ်လိမ်လည်မှုကျူးလွန်ဖို့ကြံစည်နေတဲ့ ဂျင်ယောင်းဖီကို ဘယ်လိုမိအောင်ဖမ်းမလဲ။ဉာဏ်အရမ်းထက်တဲ့ လူလိမ်ဂျင်ယောင်းဖီကရော ဘယ်လိုအကွက်တွေနဲ့လှည့်ထွက်ဦးမလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Oru Nodi (2024)
IMDb......7
(Crime)
လူပျောက်လာတိုင်တဲ့ရှာကူဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့
အစပျိုးထားပြီး ပျောက်ဆုံးနေသူကတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ။ရှာကူတို့လင်မယားနှစ်ယောက်က သမီးလေးကိုတင့်တောင့်တင့်တယ် လက်ထပ်ပေးနိုင်ဖို့
စီရီကန်နူဆိုတဲ့လူဆီက ငွေချေးခဲ့ပေမဲ့ ကိုဗစ်ဖြစ်တာနဲ့ဘာနဲ့ အချိန်မီအပြည့်ပြန်မဆပ်နိုင်ပါဘူး။
ဒီလိုနဲ့ အကြွေးလာတောင်းတော့မှပဲ သူတို့ငွေချေးမိတာ မြေကွက်ကို
မတရားသိမ်းတဲ့နေရာမှာနာမည်ကြီးတဲ့ သယာဂူဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ မြေကွက်ကိုပါထပ်အပေါင်ထားပြီး အချိန် ၆ လထပ်တိုးတောင်းလို့
အကြွေးဆပ်ရမယ့်နေ့မှာ ငွေသွားထုတ်တဲ့ရှာကူယောက်ျားဆဲကရန်တစ်ယောက်
အစအနရှာမရအောင် ပျောက်သွားတဲ့အခါ….
သယာဂူမကောင်းမှန်း မာဒူရိုင်တစ်ခုလုံးသတင်းလှိုင်နေပေမဲ့ နိုင်ငံရေးနောက်ခံတောင့်တဲ့သယာဂူကို
ဘယ်သူမှမထိပါးရဲကြပါဘူး။ ဒီလိုနဲ့ ရှာကူတိုင်ချက်ဖွင့်တာကို စခန်းက အင်စပက်တာက
ကြားပြီး အမှုကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့….ဆဲကရန်ကရော ဘယ်ရောက်သွားတာလဲ။ ဆဲကရန်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့
အင်စပက်တာနဲ့သယာဂူတို့ရဲ့ အားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
San Andreas (2015)
IMDb.....6.1
(Action Adventure Thriller)
ရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး
အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့်
တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး
သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။
သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။
တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။
ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။
ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။
တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။
ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ…ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး
အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့
အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Nice View (2022)
IMDb.....6.7
(Comedy Drama)
“ဘာလုပ်လုပ် တင့်တယ်”ဆိုတဲ့စကားက ဂျင်ဟောင်ဆိုတဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။
အထက်တန်းကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်ဟောင်ကို အဖေဖြစ်သူပါ ပစ်ထားခဲ့တာကြောင့် ကျောင်းထွက်ကာ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမနဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။ရောဂါသည် ညီမလေးက မွေးရာပါနှလုံးရောဂါကြောင့် ခွဲစိတ်မှုကို မဖြစ်မနေလုပ်ရမယ့်အချိန်
ငွေအင်မတန်လိုလာတဲ့ ဂျင်ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်ရင်း လိုအပ်နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာဖွေမလဲ။
လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျတွေက ဘယ်လိုပုံစံမျိုးပေါ်လာကြမလဲ၊ ဒါတွေကို မောင်နှမ၂ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Noryang: Deadly Sea(2023)
IMDb......7.0
(Action Drama History)
စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ….
ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ…ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ…အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်….ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး…
movie request❓
https://t.me/ktmovierequest12904 650
Arranged Love (2023)
IMDb.....6.0
(Drama Romance)
အင်္ဂလိပ်စကားပြော အိန္ဒိယ ရိုမန့်တစ် ရုပ်ရှင်လေးတစ်ကားဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ဆန်းတာမို့ အတော်လေးကြည့်ပျော်မှာပါမင်္ဂလာဆောင်က ထွက်ပြေးသွားသော သတို့သမီး မီရာဟာ ဦးလေးအဒေါ်နှစ်ယောက်နဲ့ နေထိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ မိန်းမငယ်လေးပါ
မင်္ဂလာဆောင်မှာ သတို့သားကို ငုတ်တုတ်မေ့ကျန်နေစေခဲ့ပြီး အရာအားလုံးကို စွန့်ပယ်လို့ အမေရိကားကို ထွက်လာခဲ့တဲ့ ၈ နှစ်ကြာမှာတော့ နည်းပညာစွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်လို့နေပြီ ဒါပေမဲ့ ကုမ္ပဏီဒေဝါလီခံမယ့်အရေး ပြဿနာတစ်ခုပေါ်လာတော့ကား ငွေကြေးလိုအပ်လာလို့ အိန္ဒိယက အဒေါ်တို့ထံ သူ့အမေရဲ့အမွေကို တောင်းရဖို့ဖြစ်လာတယ်သို့ပေမယ့်လည်း အိန္ဒိယလူမျိုးနဲ့ လက်ထပ်ရမယ်ဆိုတဲ့အချက် သေတမ်းစာမှာပါနေတာကြောင့် “ဟန်ဆောင်ယောကျာ်း” ရှာဖို့ အလုပ်မှာတော့ …
movie request❓
https://t.me/ktmovierequest12904 650
Sriranga Neethulu (2024)
IMDb.....7
(Drama)
ခေတ်နဲ့အမျှ လူ့အဖွဲ့အစည်း ဘယ်လောက်ပဲ တိုးတက်ပြောင်းလဲလာပါစေ လူတန်းစား/ကျားမ
ခွဲခြားမှုတို့က ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လူငယ်တွေ
အလုပ်လက်မဲ့ဖြစ်မှုတို့ကလည်း မကွယ်ပျောက်ဘဲ ရှိနေဦးမှာပါအက်ရှ်ဝါရီယာ ဆိုတဲ့ ကောင်မလေးဟာလည်း ဒီလိုပြဿနာတွေကို စင်ပေါ်တက်ဟောပြောဖို့
သတ္တိရှိပေမယ့် သူကိုယ်တိုင်ကျ လူတန်းစားမတူတဲ့ ရည်းစားကောင်လေးအကြောင်း မိဘကို ဖွင့်ပြောဖို့ကျ မဝံ့ရဲဘူးလေ
ရှီဗာကတော့ အလုပ်လက်မဲ့ တေလေဂျပိုး ဖခင်ကို အရွဲ့တိုက်ပြီး မူးရူးနေရုံသာမက
ဆေးခြောက်ပါ ကိုယ်တိုင်စိုက်လို့ ကွိုင်တက်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက် …အောင်မြင်ကျော်ကြားဖို့ လူအာရုံစိုက်ခံရဖို့ကို ကိုယ့်အလုပ်ထက် အလေးပေးတဲ့
ခေတ်လူငယ်တွေရဲ့ လက်ရှိအခြေအနေတွေ အပါအဝင် မတူညီတဲ့ နောက်ခံအမျိုးမျိုးက
ခေတ်လူငယ်တွေရဲ့ ဘဝပြဿနာအဖုံဖုံကို လက်တွေ့ကျကျ တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပါ
movie request❓
https://t.me/ktmovierequest12904 650
Concussion (2015)
IMDb......7.1
(Biography, Drama, Sport)
အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက်
စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။
ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန်
ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက်
သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့
ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။
ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက
ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး
အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ
ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။
movie request❓
https://t.me/ktmovierequest12904 650
Fengshui (2018)
IMDb......6.1
(Asian, Drama, History)
ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့….
ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ?ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်…..
movie request❓
https://t.me/ktmovierequest12904 650
Monday (2020)
IMDb.....5.7
(Drama Romance)
အေသင်ကို ခဏတာ လာရောက်တဲ့ ခလိုဝီနဲ့ ဂရိမြေမှာကုန်ဆုံးတာ
ခုနစ်နှစ်ကြာပြီ ဖြစ်တဲ့ မစ်ကီ တို့ အမေရိကန် နှစ်ယောက် ဖူးစာဆုံကြတယ်။
နှစ်ယောက်ချင်း ရေမြေသင့်ပြီး အပျော်ကြီး ပျော်လိုက်ကြတာကနေ
တကယ် ချစ်မိသွားရော ဇာတ်လမ်းလေးက စလာရော။
မစ်ကီကတော့ ပေါ့ပေါ့ပါးပါး အလေးအနက် မထားချင်တဲ့ သူမျိုး။
တစ်ဖက်မှာတော့ ထိုအရာတွေကို ညှိပေးနိုင်ပေမဲ့ အရက်ကလေးဝင်လာရင်
ဂြိုဟ်ကြွလာတတ်တဲ့ ခလိုဝီ နှစ်ယောက်ပေါင်း ရည်းစားဘဝကို တက်လှမ်းကြပါလေရော။နှစ်ယောက်သား ဘဝတည်ထောင်တော့ အခြေအနေတွေက မတူတော့ဘူး။
မစ်ကီမှာက ၆ နှစ်သား ကလေးလေး ရှိနေတယ်။ သူ့ဟာနဲ့သူ အလေးအနက်
မနေတတ်တဲ့သူက ကလေးအဖေဘဝနဲ့လည်း အဆင်မပြေပါ။
ဒါတွေကို အသက်ကြီးတဲ့ ခလိုဝီက လိုက်စီမံ ပေးပြန်တော့ သူ့ဘက်က
ရည်းစားဟောင်း ပြဿနာက ဝင် သရုပ်ဆောင်ပြန်လေရော။ဒီလိုနဲ့ နှစ်ယောက်သား ကိုယ်ဖောက်တစ်လှည့် သူဖောက်တစ်လှည့်
သမီးရည်းစား ဘဝကို ထူထောင်ကြတာကို မြင်တွေ့ရမှာပါ။
အမေရိကန်တွေရဲ့ နေထိုင်မှု ပုံစံနဲ့ စိတ်သဘောထား စတာတွေကို မြင်ရမှာပါ။
Body Positivity လို့ဆိုရမလား လိင်မှုပွင့်လင်းတဲ့ သဘောကိုလည်း
သေချာရိုက်ပြထားတာကို တွေ့ရပါတယ်။ ကလေးကြည့်ဖို့တော့ မသင့်တော်ပါဘူး။
MONDAY ဆိုတဲ့ ဇာတ်လမ်းနာမည်နဲ့ ပတ်သက်ရင်တော့ စဉ်းစားရရင်
ဇာတ်ကားထဲမှာ တောက်လျှောက်ပြသမျှက FRIDAY ပဲ ဖြစ်နေပြီး
နှစ်ယောက်သား ပျော်ပါး လွတ်လပ်ချိန် ဘာမှ ပူပင်မှု မရှိတဲ့ ကာလကို ပြချင်တယ်။
အတည်တကျ ရည်းစားဘဝ ကိုလည်းရောက်ရော အရင်လို
ဟေးလားဝါးလား လုပ်မနေနိုင်တော့ဘူး။တနင်္လာမှာ တာဝန်ယူမှုတွေရှိလာပြီ။
FRIDAY လို Carefree မနေနိုင်တော့တဲ့ သဘောကို ဆောင်တယ်။
ဒါကို တော့ MONDAY အဖြစ် တင်စားပြီး ဆက်ဆံရေးဘဝ အပြောင်းအလဲကို
ရက်သတ္တပတ်တွေအမည်နဲ့ ဥပမာကြွယ်ထားတယ်လို့ အတွေး ပေါက်မိပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
P Se Pyaar F Se Faraar (2019)
IMDb......7
(Crime Drama Romance)
ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် …
သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို
ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါအမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး
ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ …သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို
မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း …
ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ …အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း
တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Gaddi Jaandi Ae Chalaangaan Maardi (2024)
IMDb......6
(Comedy Drama)
ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့်
ကပ်စေးနည်းဖေဖေကြီးနဲ့ ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။
ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူး
ခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကို
အိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင်
ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာ
သတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့်
ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကို
ကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။
သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့်
လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့…
movie request❓
https://t.me/ktmovierequest12904 650
Archir Gallery (2023)
IMDb......6
(Drama)
ငယ်ငယ်လေးကတည်းက အမေဆုံးသွားလို့ အဖေနဲ့ပဲအတူတူကြီးပြင်းလာခဲ့ရတဲ့
မိတဆိုးလေးအာချီဟာ သူ့အဖေကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ဂရုစိုက်ပါတယ်။
အင်ဂျင်နီယာကျောင်းဆင်းဖြစ်တဲ့သူဟာ ဘန်ဂလိုမှာ အလုပ်ရခဲ့ပေမယ့်
အဖေနဲ့ဝေးရာမှာဖြစ်နေတဲ့အတွက် အဖေ့ကိုစိတ်မချဘဲ အလုပ်ကနေ ၂ပတ်နဲ့ထွက်ခဲ့ပါတော့တယ်။အဖေဖြစ်သူဟာလည်း သူ့မိန်းမရဲ့ အမှတ်တရတွေပြည့်နေတဲ့အိမ်ကနေ ဘယ်ကိုမှ မသွားဘူးဆိုတာကိုသိနေတဲ့
အာချီတစ်ယောက်ဟာ သူ့အဖေရှိရာမြို့မှာပဲ ပြန်လာနေထိုင်ရင်း အလုပ်ရှာခဲ့ပါတော့တယ်။ဒီလိုနဲ့ အလုပ်ရပြီးနောက်မှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေးကို
မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူချစ်မိသွားတဲ့ကောင်မလေးဟာ
သူနဲ့တစ်ရုံးတည်းဖြစ်နေတာကို သိလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့
ကောင်မလေးကို နည်းအမျိုးမျိုးသုံးပြီးတော့ လိုက်ပါတော့တယ်။
အာချီနဲ့ အဲဒီကောင်မလေးတို့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ရိုရမလဲ …….
အဖေတစ်ခု သားတစ်ခုဘဝလေးထဲကိုရော အဲဒီကောင်မလေးက ဘယ်လိုတွေ ဝင်ရောက်လာမလဲ ….
အာချီနဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလေးလှမလား ….. ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest1290