SexမိSexရာ
Open in Telegram
3 501
Subscribers
-624 hours
-187 days
-6830 days
Posts Archive
3 501
HIV က အလွယ်တကူကူးစက်နိုင်လား ?
မဟုတ်ပါဘူး ။ HIV ပိုးက လေထဲကဖြစ်ဖြစ် ၊ သာမန်ထိတွေ့ရုံနဲ့ ဖြစ်ဖြစ် အလွယ်တကူ ကူးစက်နိုင်တဲ့ ပိုးမဟုတ်ပါဘူး ။
ဘယ်လိုအခြေအနေတွေမှာ ကူးစက်နိုင်လဲ
ပိုးရှိသူနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံခြင်း
ပိုးရှိသူရဲ့ သွေးကို သွင်းမိခြင်း
ပိုးရှိသူနဲ့ ဆေးထိုးအပ်၊ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း
ပိုးရှိသူမိခင်မှတစ်ဆင့် ရင်သွေးဆီသို့ ကူးစက်ခြင်း (ကိုယ်ဝန်ဆောင်စဉ်၊မွေးဖွားစဉ်နှင့် မိခင်နို့တိုက်ကျွေးစဉ်)
ဒါတွေကြောင့်တော့ မကူးစက်နိုင်ပါဘူး
လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်လှဲတကင်း နေထိုင်ခြင်း
အစားအစာ သို့မဟုတ် ပန်းကန်ခွက်ယောက် အတူသုံးခြင်း
ခြင် (သို့မဟုတ်) ပိုးမွှားကိုက်ခံရခြင်း
တံတွေး၊ ချွေး သို့မဟုတ် မျက်ရည် စသည်တို့နှင့် ထိတွေ့ခြင်း
အကယ်၍ ကူးစက်နိုင်ခြေရှိတဲ့ အပြုအမူမျိုး ရှိခဲ့ဖူးရင်တော့ အကောင်းဆုံးနည်းလမ်းက သွေးစစ်ဆေးကြည့်ခြင်းပဲ ဖြစ်ပါတယ်။
အမုန်းတရားတွေ၊ ခွဲခြားဆက်ဆံမှုတွေထက် မှန်ကန်တဲ့ အသိပညာတွေကို အတူတူ မျှဝေဖို့ ကိုယ့်ရဲ့ မိတ်ဆွေတွေ သိအောင် ဒီ Post လေးကို Share ပေးသွားပါဦးနော်။
HIV အခမဲ့စစ်ဆေးမယ်ဆို အောက်ပါ Link ကနေ ရက်ချိန်းယူပြီး လာရောက်နိုင်ပါတယ် ။
ဘိုကင်တင်ရန် Link : https://forms.cloud
3 501
HIV ကြိုတင်ကာကွယ်လို့ရတဲ့ ဆေးရှိပါတယ် 💊
PrEP အခမဲ့ရယူချင်တယ်ဆိုရင် အောက်ပါ Link ကနေ ဘိုကင်တင်ပြီး လာရောက်နိုင်ပါတယ် ။
🔗 ဘိုကင်ယူရန်: https://forms.cloud.microsoft/r/6RUyZZMnTs
📞 ဆက်သွယ်ရန်: 099 790 204 65 | 098 800 059 23 | 099 777 734 28
#PrEP #HIVPrevention #LanPyaKyel #PrettyGirlLanPyaKyel
3 501
ART ဆေးသောက်နေသူတွေ "မှက္ခရု" ဖြစ်ရင် ဘာလုပ်မလဲ? 👅
ART ဆေးသောက်ခါစ ကိုယ်ခံအား မပြည့်ဝသေးချိန် ဒါမှမဟုတ် ကိုယ်ခံအားပြန်ကျချိန်မှာ ခံတွင်းနဲ့ လျှာပေါ်မှာ မှက္ခရု (မှိုပိုး) ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် အောက်ပါအချက်တွေကို အထူးဂရုစိုက်ပေးပါ။
၁။ ဆရာဝန်နဲ့ ချက်ချင်းပြပါ 🩺: မိမိသဘောနဲ့ မှိုသတ်ဆေး ဝယ်မသောက်ပါနဲ့။ လက်ရှိသောက်နေတဲ့ ART ဆေးအတွဲနဲ့ အဆင်ပြေစေဖို့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
၂။ ART ဆေး လုံးဝမရပ်ပါနဲ့ 💊: ဆေးရပ်လိုက်ရင် HIV ပိုးတွေ ပိုပွားလာပြီး ကိုယ်ခံအား ပိုကျသွားနိုင်ပါတယ်။
၃။ ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ : အမွေးနုတဲ့ သွားပွတ်တံသုံးပါ။ ဆားရည်နွေးနွေးနဲ့ ပလုတ်ကျင်းပေးပါ။ (လျှာက အဖြူဖတ်တွေကို အတင်းခြစ်မထုတ်ရပါ)။
အသေးစိတ်ကိုအောက်ပါ Link ကနေ လေ့လနိုင်ပါတယ် https://www.facebook.com/share/p/1Dtm7eJneY/
3 501
အမျိုးသမီးကွန်ဒုံးကို အမျိုးသားတွေလည်း သုံးလို့ရပါတယ်။
အဖြေကို ကောမန့်မှာ ဖြေပေးကြအုန်းနော် သူငယ်ချင်းတို့
#Condom #FemaleCondom #Quiz #ကွန်ဒုံး #LanPyaKyel #PrettyGirlLanPyaKyel
3 501
အတွင်းခံမျှဝေဝတ်ဆင်ခြင်းက ဘာတွေဖြစ်နိုင်လဲ ?
သူငယ်ချင်းချင်းမို့၊ ခရီးသွားရင်း အရေးကြုံလို့ဆိုပြီး အတွင်းခံကို မျှဝေဝတ်မိနေလား? အဲ့ဒီလိုမျိုး လုပ်မိရင်တော့... ခန္ဓာကိုယ်ရဲ့ အနုနယ်ဆုံးနေရာမှာ အလည်လာမယ့် ပိုးမွှားတွေကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်နော်!
အတွင်းခံ လဲဝတ်မိရင် ဘာတွေ ဖြစ်နိုင်လဲဆိုတော့ -
• မှိုပိုးဝင်ခြင်း : ယားယံခြင်းနဲ့ အနီကွက်တွေ ဖြစ်စေနိုင်ပါတယ်။
• ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ် ပိုးဝင်ခြင်း : အနံ့ဆိုးထွက်ခြင်း၊ အဖြူဆင်းခြင်းနဲ့ ပူစပ်ပူလောင် ဖြစ်တတ်ပါတယ်။
• ကပ်ပါးကောင်များ : ဝဲရောဂါနဲ့ သန်းကောင်တို့ အလွယ်တကူ ကူးစက်နိုင်ပါတယ်။
သတိပြုရန် : အဝတ်အစားတော့ မျှဝေလို့ရပေမယ့် "အတွင်းခံ" ကိုတော့ လုံးဝမမျှဝေပါနဲ့ ။အရေးပေါ်အခြေအနေမို့ မဖြစ်မနေ ဝတ်ဆင်ရမယ်ဆိုရင်လည်း ရေနွေးပူပူဖြင့် ပြုတ်လျှော်ကာ နေပူထဲတွင် ကောင်းစွာ အခြောက်ခံပြီးမှသာ ဝတ်ဆင်ပေးပါ။
ကိုယ်တိုင်လည်း သတိထား၊ သူငယ်ချင်းတွေအတွက်လည်း Share ပြီး သတိပေးလိုက်ရအောင်!
အမျိုးသမီးကျန်းမာရေးနဲ့ပတ်သတ်ပြီး Messenger မှာ လုံခြုံစိတ်ချစွာ အခမဲ့လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။
#LanPyaKyel #PrettyGirlLanPyaKyel
3 501
ART ဆေးကို ဘာကြောင့် အချိန်မှန်သောက်ဖို့ လိုတာလဲ
ART ဆေးက HIV ပိုးကို ဆက်လက်မပွားနိုင်အောင် ထိန်းချုပ်ပေးတဲ့ ဆေးဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ဆေးအာနိသင် တောက်လျှောက်ရှိနေဖို့ "အချိန်မှန်မှန် သောက်ရခြင်း" ဖြစ်ပါတယ်။
"အချိန်မှန်" သောက်မယ်ဆိုရင် -
• ပိုးကောင်ရေကို ထိန်းချုပ်နိုင်ခြင်း : အချိန်မှန်သောက်မှ သွေးထဲမှာ ဆေးအာနိသင်အပြည့်ရှိပြီး HIV ပိုးတွေ မပွားနိုင်မှာပါ။
• ဆေးယဉ်ပါးမှုကို တားဆီးနိုင်ခြင်း : ဆေးသောက်ချိန် ပုံမှန်မရှိရင် ပိုးက ဆေးကို ယဉ်ပါးသွားတတ်ပါတယ်။
• ကိုယ်ခံအား (CD4) ကောင်းလာနိုင်ခြင်း : ဆေးသောက်ချိန်မှန်မှ ကိုယ်ခံအားစနစ် ပြန်ကောင်းလာပြီး အခြားရောဂါတွေ မဝင်နိုင်မှာပါ။
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo?fbid=1406347644855605&set=a.478883444268701
3 501
ဖိနပ်ဝယ်ရင် ကိုယ့်ခြေထောက်နဲ့ ကွက်တိဖြစ်မယ့် ဆိုဒ်ကို သေချာရွေးစီးကြတယ်ဟုတ်?
"ကွန်ဒုံး" ကလည်း ထိုနည်းလည်းကောင်းပါပဲ။
ဝယ်တဲ့အခါ အနံ့၊ တံဆိပ်နဲ့ ဈေးကိုပဲ ကြည့်ဝယ်ပြီး ဆိုဒ်မတော်တာတွေ သုံးမိရင် -
ကြီးလွန်းရင်: ဆက်ဆံနေတုန်း ခဏခဏ ကျွတ်ထွက်တတ်ပါတယ်။
သေးလွန်းရင်: တင်းကျပ်ပြီး နာကျင်ရုံတင်မကဘဲ ကွန်ဒုံးပေါက်ပြဲတတ်ပါတယ်။
ကွန်ဒုံးဘူးတွေမှာ ရေးထားတဲ့ 49 mm၊ 52 mm၊ 54 mm ဆိုတာ "လုံးပတ်တစ်ဝက်အကျယ် (Nominal Width)" ကို ပြောတာပါ။ အလျား (အရှည်) ကတော့ ဘယ်ဆိုဒ်မဆို အားလုံးအတွက် တော်အောင် ပြုလုပ်ထားပြီးသားမို့ စိတ်ပူစရာမလိုပါဘူး။
📏 တိုင်းတာနည်း (လက်မနဲ့ တိုင်းရအောင်)
အမျိုးသားအင်္ဂါ အပြည့်အဝ ထောင်မတ်နေချိန်မှာ ပေကြိုး သို့မဟုတ် ကြိုးတစ်ချောင်းကို သုံးပြီး လုံးပတ်အကြီးဆုံးနေရာ ကို ပတ်ကာ သေချာ တိုင်းတာပါ။
🟢လုံးပတ် ၄.၃ လက်မ အောက် - 49 mm ဝန်းကျင် (Snug Fit)
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1428712289290532&set=a.548160150679088&locale=en_GB
3 501
လိင်ဆက်ဆံမှု အရေအတွက်က မိန်းမကိုယ် အရွယ်အစားကို ပြောင်းလဲစေနိုင်လား?
ဒီမေးခွန်းက လူတော်တော်များများကြားမှာ အလွဲအမှားအဖြစ်ဆုံး အယူအဆတစ်ခုပါ။ အဖြေကတော့ "မပြောင်းလဲစေပါဘူး"
ဘာကြောင့်လဲဆိုတော့...
မိန်းမကိုယ်ရဲ့ သဘာဝ : မိန်းမကိုယ်ဟာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီး အလွန်ကောင်းမွန်တဲ့ ပျော့ပြောင်းမှု (Elasticity) ရှိပါတယ်။ လိင်ဆက်ဆံချိန်မှာ ခေတ္တချဲ့ကားနိုင်ပေမဲ့ ကိစ္စပြီးသွားတဲ့အခါ သူ့ရဲ့ မူလအရွယ်အစားအတိုင်း ပြန်လည်ကျုံ့ဝင်သွားပါတယ်။
အသက်အရွယ်နဲ့ ကျန်းမာရေး : မိန်းမကိုယ်ရဲ့ ကြွက်သားတွေ ပျော့လာတာ သို့မဟုတ် ပြောင်းလဲသွားတာဟာ လိင်ဆက်ဆံမှုကြောင့် မဟုတ်ဘဲ အသက်အရွယ်ကြီးရင့်လာခြင်း၊ သဘာဝအတိုင်း သားသမီးမီးဖွားခြင်း (သို့) ဟော်မုန်းအပြောင်းအလဲတွေကြောင့်သာ ဖြစ်ပါတယ်။
ဒါကြောင့် လိင်ဆက်ဆံမှု အရေအတွက် များခြင်း/နည်းခြင်းဟာ မိန်းမကိုယ်ရဲ့ ပုံစံ၊ အရွယ်အစားကို ဘယ်တော့မှ မပြောင်းလဲစေပါဘူး။ ဒါဟာ ခန္ဓာဗေဒအရ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။
ဒီအချက်လေးကို သိထားခြင်းက မှားယွင်းတဲ့ အယူအဆတွေကို ဖယ်ရှားပြီး ကိုယ့်ခန္ဓာကိုယ်အပေါ် ပိုပြီး ယုံကြည်မှုရှိစေမှာပါ။
3 501
ART ဆေးသောက်နေရင် ကော်လဂျင်သောက်လို့ရလား?
ART ဆေးသောက်နေရသူတွေအနေနဲ့ အသားအရေအတွက် ကော်လဂျင်သောက်ဖို့ စဉ်းစားနေတယ်ဆိုရင် အောက်ပါအချက် (၃) ချက်ကို မဖြစ်မနေ သိထားဖို့လိုပါတယ် -
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1402666505223719&set=a.478883447602034&locale=en_GB
3 501
PEP ဆေးကို မကြာခဏ သောက်နေမိသလား?
PEP ဆိုတာ HIV ပိုးကူးစက်နိုင်ခြေရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့ပြီး (၇၂) နာရီအတွင်း အမြန်ဆုံးသောက်ရမယ့် "အရေးပေါ်" ကာကွယ်ဆေးပါ။ ဒါပေမဲ့ ဒါကို ရေရှည်အတွက် စိတ်ချရတယ်ဆိုပြီး မကြာခဏ သောက်သုံးနေမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
မကြာခဏသောက်ရင် ဘာတွေဖြစ်လာနိုင်လဲ?
အသည်းနဲ့ ကျောက်ကပ်ကို ဝန်ပိစေခြင်း - ပြင်းထန်တဲ့ အရေးပေါ်ဆေးဝါးများဖြစ်လို့ ရေရှည်မှာ ကိုယ်တွင်းအင်္ဂါတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo?fbid=1401714201985616&set=a.478883444268701&locale=en_GB
3 501
လုပ်ငန်းခွင် လုံခြုံစိတ်ချဖို့ PrEP နဲ့ ကြိုတင်ကာကွယ်ပါ
လိင်လုပ်ငန်းလုပ်ကိုင်သူများအနေနဲ့ ကိုယ်ပိုင်ကျန်းမာရေးကို ထိန်းသိမ်းရင်း ပိုမိုလုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ကို ဖန်တီးနိုင်ဖို့ "PrEP" က ဘယ်လိုကူညီပေးမလဲဆိုတာ ကြည့်လိုက်ရအောင်။
PrEP ဆိုတာ ဘာလဲ?
HIV ပိုးမကူးစက်သေးသူများ ပိုးမကူးစက်အောင် ကြိုတင်ကာကွယ်ဖို့အတွက် နေ့စဉ်သောက်သုံးရတဲ့ ဆေးဝါးဖြစ်ပါတယ်။
ဘာကြောင့် PrEP သောက်သင့်တာလဲ?
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု : HIV ကူးစက်မှာကို စိုးရိမ်ပူပန်နေစရာမလိုဘဲ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်မယ်။
ထိရောက်မှု အားကောင်းခြင်း : ညွှန်ကြားချက်အတိုင်း စနစ်တကျ သောက်သုံးရင် လိင်ဆက်ဆံရာမှတစ်ဆင့် HIV ကူးစက်နိုင်ခြေကို ၉၉% နီးပါးအထိ ကာကွယ်ပေးနိုင်ပါတယ်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1399819192175117&set=a.478883447602034&locale=en_GB
3 501
အရေပြားယားနာတွေက HIV လက္ခဏာလား?
အရေပြားယားယံတာ၊ အနီကွက်ထွက်တာ တစ်ခုတည်းနဲ့ HIV ရှိနေပြီလို့ ပြောလို့မရပါဘူး။
ဘာကြောင့်လဲ? သာမန် ဓာတ်မတည့်တာ၊ မှိုပိုးဝင်တာနဲ့ စိတ်ဖိစီးမှုကြောင့်လည်း ဒီလိုဖြစ်တတ်လို့ပါ။
တိကျသေချာဖို့ ဘာလုပ်ရမလဲ?
• တစ်ခုတည်းသောနည်းလမ်း : သွေးစစ်ရပါမယ်။
• ဘယ်အချိန်စစ်မလဲ : သံသယရှိတဲ့အခြေအနေနဲ့ ထိတွေ့ပြီး အနည်းဆုံး ၃ လပြည့်မှ သွေးစစ်ရင် တိကျတဲ့အဖြေရနိုင်ပါတယ်။
အရေးကြီးဆုံးသတိပြုရန်: သွေးမစစ်ခင် ၃ လအတွင်းမှာ ကူးစက်နိုင်ခြေရှိတဲ့ အပြုအမူတွေ (ထပ်မံ) မလုပ်မိဖို့ အထူးလိုအပ်ပါတယ်ရှင်။
လမ်းပြကြယ်ဆေးခန်းမှာ HIV အခမဲ့စစ်ဆေးမယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းယူပြီးလာရောက်နိုင်ပါတယ် ။
ရက်ချိန်းရယူရန် : https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန် : ၀၉၉ ၇၉၀ ၂၀၄ ၆၅ ၀၉၈ ၈၀၀ ၀၅၉ ၂၃ ၀၉၉ ၇၇၇ ၇၃၄ ၂၈
#HIV #HIVTesting #Free #အခမဲ့ #LanPyaKyel #PrettyGirlLanPyaKyel
3 501
ARTဆေးနှင့် တွဲမသောက်သင့်သည့် အရည်များ
ART ဆေးကို ရေသန့်သန့်နဲ့သောက်ဖို့က အလွန်အရေးကြီးပါတယ် ။
ART ဆေးသောက်သည့်အခါ အောက်ပါအချက်တွေကို အထူးသတိပြုသင့်ပါတယ် ။
တွဲဖက်၍ မသောက်ရမည့်အရာများ
· နွားနို့ ၊ ဒိန်ချဉ် (ဆေးအာနိသင်ကို ကျဆင်းစေနိုင်ပါတယ်)
· လက်ဖက်ရည် ၊ ကော်ဖီ (ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်)
· အုန်းရည် (ဆေး၏ တုံ့ပြန်မှုကို ပြောင်းလဲစေနိုင်ပါတယ်)
· အရက် ၊ ဘီယာ (အသည်းကို ထိခိုက်စေပြီး ဘေးထွက်ဆိုးကျိုး ပိုပြင်းထန်စေပါတယ်)
ဆေးသောက်ရန် အကောင်းဆုံးနည်းလမ်း
· ရေကျက်အေး သို့မဟုတ် ရေသန့် ဖြင့်သာ သောက်ပါ။
· ဆေးကို လုံလောက်သော ရေပမာဏဖြင့် မျိုချပါ။
· ဆေးကို အချိန်မှန် ၊ပုံမှန် သောက်ပါ။
ART ဆေးနဲ့ပတ်သတ်ပြီး လုံခြုံစိတ်ချစွာ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် messenger မှာ အခမဲ့လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။
HIV အခမဲ့စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းရယူနိုင်ပါတယ် ။
ရက်ချိန်းရယူရန် : https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန် : ၀၉၉ ၇၉၀ ၂၀၄ ၆၅ ၀၉၈ ၈၀၀ ၀၅၉ ၂၃ ၀၉၉ ၇၇၇ ၇၃၄ ၂၈
#ART #HIV #PositiveLifeStyle #LanPyaKyel #PrettyGirlLanPyaKyel
3 501
မမှန်းဆပါနဲ့၊ သွေးစစ်ပါ
HIV ရှိ၊ မရှိဆိုတာ မျက်စိနဲ့ကြည့်ရုံ၊ ခန့်မှန်းရုံ ဒါမှမဟုတ် လက္ခဏာကြည့်ရုံနဲ့ ဘယ်လိုမှ မသိနိုင်ပါဘူး။ မိမိမှာ စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိခဲ့ဖူးရင် မဝေခွဲနေဘဲ သွေးစစ်ဆေးကြည့်တာ အကောင်းဆုံးပါ။
လမ်းပြကြယ်ဆေးခန်းမှာ HIV ပိုး ရှိ၊ မရှိကို အခမဲ့ လုံခြုံစိတ်ချစွာ စစ်ဆေးနိုင်ဖို့ အောက်ပါ Link ကနေ ရက်ချိန်းရယူလိုက်ပါ။
ရက်ချိန်းရယူရန် အွန်လိုင်းဖောင်: https://forms.cloud.microsoft/r/6RUyZZMnTs
တိုက်ရိုက်ဆက်သွယ်ရန် ဖုန်းနံပါတ်များ: ၀၉၉ ၇၉၀ ၂၀၄ ၆၅ ၊ ၀၉၈ ၈၀၀ ၀၅၉ ၂၃ ၊ ၀၉၉ ၇၇၇ ၇၃၄ ၂၈
#HIV #HIVTesting #Free #အခမဲ့ #LanPyaKyel #PrettyGirlLanPyaKyel
3 501
HIV ပိုး ကူးစက်ခံထားရသူတွေ U=U ဖြစ်ပြီးမှ ပြန်ပျက်သွားနိုင်လား
ဟုတ်ကဲ့၊ ပြန်ပျက်သွားနိုင်ပါတယ်။
U=U (Undetectable = Untransmittable) ဆိုတာ သွေးထဲမှာ HIV ပိုးကောင်ရေ အလွန်နည်းသွားလို စက်နဲ့ တိုင်းတာလိုမရတဲ့ အခြေအနေကို ပြောတာဖြစ်ပြီး၊ ပိုးလုံးဝ ပျောက်ကင်းသွားတာ မဟုတ်ပါဘူး။
အောက်ပါ အကြောင်းရင်းတွေကြောင့် U=U အခြေအနေ ပြန်ပျက်ပြီး အခြားသူကို ပိုးပြန်ကူးစက်နိုင်ခြေ ရှိပါတယ်
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo?fbid=1389450529878650&set=a.478883444268701
3 501
📌 HIVကူးစက်ပုံ နှင့် လူသိများတဲ့ အယူအဆအမှားများ
HIV ပိုးနဲ့ ပတ်သက်ပြီး အခုထိ အထင်လွဲနေကြတဲ့ အချက် (၃) ချက်ကို လေ့လာကြည့်ရအောင်👇
✖️ ၁။ သာမန်ထိတွေ့ရုံနဲ့ မကူးစက်နိုင်ပါ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ အတူတူစားသောက်ခြင်း၊ နှာချေ/ချောင်းဆိုးခြင်းနဲ့ အိမ်သာအတူသုံးခြင်းတို့ကြောင့် HIV ပိုး မကူးစက်နိုင်ပါ။
✖️ ၂။ ခြင်ကိုက်ခြင်းဖြင့် မကူးစက်နိုင်ပါ။ ခြင် ဒါမှမဟုတ် အခြားအင်းဆက်ပိုးမွှားများ ကိုက်ခြင်းကြောင့် HIV ပိုး လုံးဝ မပြန့်ပွားနိုင်ပါ။
✖️ ၃။ HIV ရှိတိုင်း AIDS ဖြစ်ပြီလို့ ပြောလို့မရပါ ။ HIV က ပိုးရှိနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ HIV ပိုးရှိသူတစ်ဦးဟာ ART ဆေးကို စနစ်တကျနဲ့ မှန်မှန်သောက်သုံးမယ်ဆိုရင် ကိုယ်ခံအားကောင်းမွန်ပြီး AIDS သို့ ရောက်ရှိမှာမဟုတ်ပါဘူး ။
💡 တကယ်တော့ HIV ပိုးဟာ...
• ပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
• ဆေးထိုးအပ်နှင့် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း
• ပိုးရှိသူ၏ သွေးကို သွင်းမိခြင်း
• ပိုးရှိသူ မိခင်မှတစ်ဆင့် သန္ဓေသားဆီသို့ကူးစက်ခြင်း... စတာတွေကနေပဲ အဓိက ကူးစက်နိုင်တာ ဖြစ်ပါတယ်။
3 501
လ-ိင်အင်္ဂါကြွက်နို့ နဲ့ သာမန်ကြွက်နို့ ဘာကွာလဲ❓
နှစ်မျိုးလုံးက HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တာချင်း တူပေမယ့် အမျိုးအစားနဲ့ ကူးစက်ပုံ လုံးဝမတူပါဘူး။
• လ-ိင်အင်္ဂါကြွက်နို့ (Genital Warts)
- အမျိုးအစား: HPV Virus အမျိုးအစား (6) နဲ့ (11) ကြောင့် အဓိက ဖြစ်ပါတယ်။
- ကူးစက်ပုံ : အကာအကွယ်မဲ့ လ-ိင်ဆက်ဆံခြင်းနဲ့ လ-ိင်အင်္ဂါချင်း တိုက်ရိုက်ထိတွေ့ခြင်းကနေ ကူးစက်ပါတယ်။
- ပုံသဏ္ဍန် : လ-ိင်အင်္ဂါတဝိုက်၊ စအို၊ နှုတ်ခမ်းတို့မှာ အသားရောင်/မီးခိုးရောင် "ပန်းဂေါ်ဖီပွင့်ပုံစံ" အစုလိုက် ပေါက်တတ်ပါတယ်။
အသေးစိတ်ကိုအောက်ပါ Link ကနေဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1387617153395321&set=a.478883444268701&locale=en_GB
3 501
ယ်။
- ကူးစက်ပုံ : အကာအကွယ်မဲ့ လ-ိင်ဆက်ဆံခြင်းနဲ့ လ-ိင်အင်္ဂါချင်း တိုက်ရိုက်ထိတွေ့ခြင်းကနေ ကူးစက်ပါတယ်။
- ပုံသဏ္ဍန် : လ-ိင်အင်္ဂါတဝိုက်၊ စအို၊ နှုတ်ခမ်းတို့မှာ အသားရောင်/မီးခိုးရောင် "ပန်းဂေါ်ဖီပွင့်ပုံစံ" အစုလိုက် ပေါက်တတ်ပါတယ်။
• သာမန်ကြွက်နို့ (Common Warts)
- အမျိုးအစား: HPV Virus အမျိုးအစား (1, 2, 4, 7) ကြောင့် အဖြစ်များပါတယ်။
- ကူးစက်ပုံ: လက်ဆွဲနှုတ်ဆက်ခြင်း၊ ပစ္စည်းအတူသုံးခြင်းနဲ့ အရေပြားဒဏ်ရာကနေ ကူးစက်ပါတယ်။
- ပုံသဏ္ဍန်: လက်၊ ခြေဖဝါး၊ ဒူးခေါင်းတို့မှာ အဖုအထစ်မာမာ "အရေပြားကြမ်းကြမ်း" ပုံစံ ပေါက်တတ်ပါတယ်။
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1387617153395321&set=a.478883444268701&locale=en_GB
3 501
HIV ပိုးရှိသူတွေ AIDS အဆင့်မရောက်အောင် ဘယ်လိုကာကွယ်မလဲ?
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1384233150400388&set=a.478883447602034
3 501
လက္ခဏာမပြလည်း ကူးစက်နိုင်တဲ့ ဆစ်ဖလစ်
ဆစ်ဖလစ်ရောဂါဟာ အကာအကွယ်မဲ့ လ-ိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သလို၊ ရောဂါရှိသူရဲ့ ဆစ်ဖလစ် အနာတွေကို တိုက်ရိုက်ထိတွေ့မိရာကလည်း ကူးစက်ခံရနိုင်ပါတယ်။
ဆစ်ဖလစ်ပိုး ကူးစက်ခံရပါက ပုံမှန်အားဖြင့် (၃) ပတ်ဝန်းကျင်မှာ လက္ခဏာစပြတတ်သော်လည်း၊ လူအချို့တွင် လက္ခဏာ လုံးဝမပြဘဲ ရောဂါပိုးရှိနေတတ်ပါတယ်။ ထိုသို့ လက္ခဏာမပြခြင်းကြောင့် မိမိတွင် ရောဂါရှိနေသည်ကို မသိဘဲ အခြားသူများထံ မရည်ရွယ်ဘဲ ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။
ဆစ်ဖလစ်ဟာ စနစ်တကျ ကုသမှုခံယူပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်တာကြောင့် စောစောစီးစီး စစ်ဆေးကုသမှု ခံယူဖို့ အထူးအရေးကြီးပါတယ်။
ကာကွယ်ရန်နည်းလမ်းများ:
အသေးစိတ်ကိုအောက်ပါ Link ကနေ လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1383359423821094&set=a.478883447602034
Available now! Telegram Research 2025 — the year's key insights 
