ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

SexမိSexရာ

SexမိSexရာ

Открыть в Telegram

လိင်မှုကျန်းမာရေးအကြောင်းအရာများလေ့လာရန်

Больше
3 301
Подписчики
Нет данных24 часа
-27 дней
-4430 дней
Архив постов
HIV၊ ကာလသား နဲ့ပတ်သက်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ရယူဖို့ စိတ်ချရတဲ့ ဆေးခန်းတစ်ခုခုကို ရွေးချယ်တဲ့အခါ ဝန်ဆောင်မှုရရှိနိုင်တာ တစ်
HIV၊ ကာလသား နဲ့ပတ်သက်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ရယူဖို့ စိတ်ချရတဲ့ ဆေးခန်းတစ်ခုခုကို ရွေးချယ်တဲ့အခါ ဝန်ဆောင်မှုရရှိနိုင်တာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လုံခြုံစွာ ထိန်းသိမ်းပေးနိုင်မလား၊ မခွဲခြားဘဲ လေးစားစွာ ဆက်ဆံပေးမလား၊ လိုအပ်တဲ့အခါ မှန်ကန်တဲ့ ကျန်းမာရေး အကြံဉာဏ်တွေ ရနိုင်မလားဆိုတာကိုပါ ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒီလို စိတ်ချလက်ချ ဆွေးနွေးတိုင်ပင်နိုင်တဲ့ နေရာမျိုးကို ရှာနေတယ်ဆိုရင် လမ်းပြကြယ်ဆေးခန်းက အသင့်ရှိနေပါတယ်။ လမ်းပြကြယ်ဆေးခန်းမှာ ရနိုင်တဲ့ အခမဲ့ ဝန်ဆောင်မှုတွေကတော့ HIV ပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်း ကာလသားရောဂါ အခမဲ့စစ်ဆေးကုသပေးခြင်း ART ဆေးရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း PrEP ဝန်ဆောင်မှုရယူနိုင်ခြင်း ကွန်ဒုံးနှင့် ချောဆီအခမဲ့ဖြန့်ဝေပေးခြင်း Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs အခြားဆွေးနွေးတိုင်ပင်လိုတဲ့ ကျန်းမာရေးအကြောင်းအရာတွေရှိရင်လည်း 09-979020465 ၊ 09-8800059234၊ 09-880005925 ၊ 09-977773428 ကို ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းလို့ရပါတယ်။ #LanPyaKyel #PrettyGirlLanPyaKyel #လမ်းပြကြယ် #HIVServices #STI #Booking#PrEP
25 нояб., 21:59

https://www.facebook.com/share/v/1CJJEy2xC7/ လမ်းပြကြယ်က ဝင်ပြိုင်ထားတာမို့ လင့်ထဲဝင်ပြီး Like & Share လေး ကူညီပေးပါအုန်းရှင်
21 нояб., 03:37

ဆေးခန်းပိတ်ရက် အသိပေးကြေညာခြင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက် (တနင်္လာနေ့) နှင့် ၂၄ ရက် (အင်္ဂါနေ့) သည် တန်ဆောင်တိုင်ရုံးပိတ
ဆေးခန်းပိတ်ရက် အသိပေးကြေညာခြင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက် (တနင်္လာနေ့) နှင့် ၂၄ ရက် (အင်္ဂါနေ့) သည် တန်ဆောင်တိုင်ရုံးပိတ်ရက်များ ဖြစ်သောကြောင့် လမ်းပြကြယ်ဆေးခန်းများအားလုံး ပိတ်ပါသည်။ ဆေးခန်းဝန်ဆောင်မှုများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ (ဗုဒ္ဓဟူး)နေ့တွင် ပြန်လည်ရယူနိုင်မည်ဖြစ်ပါသည်။ ( ဆေးခန်းဝန်ဆောင်မှုများအတွက် အောက်ပါ Link မှတဆင့် Booking ကြိုတင်ရယူထားနိုင်ပြီး Booking များကို (၂၅.၁၁.၂၀၂၆) တွင် အတည်ပြုကြောင်း ပြန်လည်ဆက်သွယ်ပေးသွားပါမည် ) Booking တင်ရန် - https://forms.cloud.microsoft/r/6RUyZZMnTs
21 нояб., 00:56

CD4 ဆိုတာဘာလဲ ? #CD4 #HIV #ART #LanPyaKyel #PrettyGirlLanPyaKyel
18 нояб., 23:31

အမျိုးသမီးတွေက အမျိုးသားတွေထက် သွေးစစ်ဖို့ ဘာကြောင့် တွေဝေရတာလဲ ? #သွေးစစ် #HIV #ကာလသား #အခမဲ့ #လမ်းပြကြယ် #LanPyaKyel #PrettyGirlLanPyaKyel
17 нояб., 21:26

အမျိုးသမီးတွေအတွက် PrEP ဆေးက HIV ကို ဘယ်လောက် ကာကွယ်ပေးနိုင်လဲ ? 🤔💊 အဖြေမှန်ကို Comment မှာ ဖြေခဲ့ကြဦးနော် 💬👇 ✨ လမ်းပြကြယ
အမျိုးသမီးတွေအတွက် PrEP ဆေးက HIV ကို ဘယ်လောက် ကာကွယ်ပေးနိုင်လဲ ? 🤔💊 အဖြေမှန်ကို Comment မှာ ဖြေခဲ့ကြဦးနော် 💬👇 ✨ လမ်းပြကြယ်ဆေးခန်း မှာ PrEP အခမဲ့ ရယူချင်တယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းယူပြီး လာရောက်နိုင်ပါတယ် ။ 🔗 ဘိုကင် Link : https://forms.cloud.microsoft/r/6RUyZZMnTs 📞 ဖုန်းနံပါတ်များ : 099 790 204 65 / 098 800 059 23 / 099 777 734 28 #PrEP #HIVPrevention #ကြိုတင်ကာကွယ်ဆေး #Free #LanPyaKyel #PrettyGirlLanPyaKyel
16 нояб., 22:01

HIV စစ်ဆေးဖို့ ဘယ်အချိန်က အသင့်တော်ဆုံးလဲ? HIV ကူးစက်နိုင်ခြေရှိတဲ့ အဖြစ်အပျက်တစ်ခုခု ကြုံခဲ့ရရင် HIV ပိုး ရှိ၊ မရှိ တိကျမှန်
HIV စစ်ဆေးဖို့ ဘယ်အချိန်က အသင့်တော်ဆုံးလဲ? HIV ကူးစက်နိုင်ခြေရှိတဲ့ အဖြစ်အပျက်တစ်ခုခု ကြုံခဲ့ရရင် HIV ပိုး ရှိ၊ မရှိ တိကျမှန်ကန်တဲ့ အဖြေကို သိရဖို့အတွက် စစ်ဆေးတဲ့အချိန်က အရမ်းကို အရေးကြီးပါတယ်။ HIV ပိုးက ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက်ပိုင်း စစ်ဆေးတဲ့အခါ ရှာတွေ့နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု (Window Period) စောင့်ရပါတယ်။ ပုံမှန်စစ်ဆေးမှုတွေက ခန္ဓာကိုယ်ကထုတ်တဲ့ ပဋိပစ္စည်း (Antibody) ကို ရှာတာဖြစ်လို့ အဲဒီပမာဏ လုံလောက်အောင် ထွက်လာဖို့ အချိန်ယူရတာပါ။ အစောကြီးသွားစစ်မိရင် ပိုးရှိနေရက်နဲ့ Negative (ပိုးမရှိ) လို့ မှားပြနိုင်သလို၊ အဲဒီစောင့်နေတဲ့ကာလအတွင်းမှာလည်း တခြားသူဆီ ပိုးကူးစက်နိုင်ခြေ ရှိနေပါတယ်။ ဒါဆို ဘယ်အချိန်မှာ စစ်တာ အကောင်းဆုံးလဲဆိုရင်... ပုံမှန် Rapid Test တွေအတွက်တော့ သံသယဖြစ်စရာ ထိတွေ့မှုဖြစ်ပြီး ၃ လ (ရက် ၉၀) ပြည့်တဲ့အချိန်မှာ စစ်ဆေးတာက အတိကျဆုံးနဲ့ အစိတ်ချရဆုံးပါပဲ။ ထိတွေ့မှုတစ်ခုခု ဖြစ်မှမဟုတ်ဘဲ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ ပုံမှန် ၆ လတစ်ကြိမ် လောက် စစ်ဆေးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အသေးစိတ်ကို အောက်ပါ Link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် http://facebook.com/photo?fbid=155465786669124
15 нояб., 21:40

လမ်းပြကြယ်မှာ ဘာတွေအခမဲ့ရနိုင်မလဲ ? 🔗 ဘိုကင် Link: https://forms.cloud.microsoft/r/6RUyZZMnTs 📞 ဖုန်းနံပါတ်များ 099 790 204 65 / 098 800 059 23 / 099 777 734 28 #HIV #Condom #PrEP #Free #LanPyaKyel #PrettyGirlLanPyaKyel
10 нояб., 20:20

💉 HIV ကို ၆ လတစ်ကြိမ် ထိုးဆေးနဲ့ ကာကွယ်နိုင်ပြီလား? HIV ကိုကြိုတင်ကာကွယ်လိုသူတွေအတွက် HIV ကာကွယ်ရေးနည်းလမ်း ရွေးချယ်စရာနောက်
💉 HIV ကို ၆ လတစ်ကြိမ် ထိုးဆေးနဲ့ ကာကွယ်နိုင်ပြီလား? HIV ကိုကြိုတင်ကာကွယ်လိုသူတွေအတွက် HIV ကာကွယ်ရေးနည်းလမ်း ရွေးချယ်စရာနောက်တစ်ခု ရှိလာပါပြီ။ ✨ ❤️ Lenacapavir (LEN) ဆိုတာ ဘာလဲ? Lenacapavir ဆိုတာ HIV မကူးစက်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ထိုးဆေး (PrEP Injection) တစ်မျိုး ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်ပါလင့်ကနေလေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1EpQrjXwRC/
04 нояб., 19:34

Oral Sex (ပါးစပ်နဲ့ ဆက်ဆံခြင်း) ပြုလုပ်တဲ့အခါ သိထားသင့်တဲ့ အချက် (၅) ချက် Oral Sex လုပ်တာကလည်း တခြားလိင်ဆက်ဆံမှုတွေလိုပဲ ကျန်
Oral Sex (ပါးစပ်နဲ့ ဆက်ဆံခြင်း) ပြုလုပ်တဲ့အခါ သိထားသင့်တဲ့ အချက် (၅) ချက် Oral Sex လုပ်တာကလည်း တခြားလိင်ဆက်ဆံမှုတွေလိုပဲ ကျန်းမာရေးအတွက် သတိထားစရာလေးတွေ ရှိတာမို့ ကိုယ်တိုင်ရော ကိုယ့်လက်တွဲဖော်အတွက်ပါ ဘေးကင်းလုံခြုံစေဖို့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။ ၁။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်တယ်ဆိုတာ သိထားပါ Oral Sex လုပ်ရင်း HIV၊ ဂနိုရီးယား၊ ဆစ်ဖလစ်နဲ့ HPV လိုမျိုး ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေပေမယ့် ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိနိုင်လို့ သတိထားဖို့ လိုပါတယ်နော်။ ၂။ အကာအကွယ်တွေ အသုံးပြုပါ အမျိုးသားအင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ကွန်ဒုံး အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက် လေ့လာနိုင်ပါတယ် https://www.facebook.com/photo?fbid=1536863861803982&set=a.478883447602034
02 нояб., 23:33

လမ်းပြကြယ်ဆေးခန်းမှာ Clients ရဲ့ Privacy ကိုအဓိကထားပေးပါတယ် #လမ်းပြကြယ် #PrettyGirlLanPyaKyel #HIV #ကာလသား #အခမဲ့
28 окт., 21:54

၂၀၂၆ ခုနှစ်အောက်တိုဘာလ၊ ၂၆ရက်(တနင်္လာနေ့) နှင့် ၂၇ရက် (အင်္ဂါနေ့) သည် သီတင်းကျွတ်ပိတ်ရက်ဖြစ်သောကြောင့် လမ်းပြကြယ်ဆေးခန်းများ
၂၀၂၆ ခုနှစ်အောက်တိုဘာလ၊ ၂၆ရက်(တနင်္လာနေ့) နှင့် ၂၇ရက် (အင်္ဂါနေ့) သည် သီတင်းကျွတ်ပိတ်ရက်ဖြစ်သောကြောင့် လမ်းပြကြယ်ဆေးခန်းများ အားလုံးပိတ်ပါသည်။ ဆေးခန်းဝန်ဆောင်မှုများကို (၂၈.၁၀.၂၀၂၆) ဗုဒ္ဓဟူးနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ရယူနိုင်မည် ဖြစ်ပါသည်။ Booking ကြိုတင်ရယူရန် - 09-979020465 ၊ 09-880005923 ၊ 09-977773428 #LanPyaKyel #PrettyGirlLanPyaKyel #Holiday
22 окт., 23:49

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါများ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ အပြင်ပန်းမှာ လက္ခဏာမ
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါများ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ အပြင်ပန်းမှာ လက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ မသိဘဲ လစ်လျူရှုထားရင် ကျန်းမာရေး ထိခိုက်နိုင်တာမို့ သတိထားရအောင် မျှဝေပေးလိုက်ပါတယ် 👇 ကလိုင်မိုင်ဒီးယား (Chlamydia) လက္ခဏာ - အများစုက လက္ခဏာမပြတတ်ပါ။ တစ်ချို့က မိန်းမကိုယ်မှ အရည်ဆင်းခြင်းနှင့် ဆီးသွားတဲ့အခါ ပူစပ်ခြင်း ဖြစ်တတ်ပါတယ်။ သတိပြုရန် - မကုသဘဲထားပါက မျိုးပွားအင်္ဂါ ထိခိုက်ပြီး ကိုယ်ဝန်ရရန် ခက်ခဲနိုင်ပါတယ်။ ဆီးပူညောင်းကျရောဂါ (Gonorrhea) လက္ခဏာ - အများအားဖြင့် လက္ခဏာမပြတတ်ပါဘူး ၊ တစ်ချို့တွေက မိန်းမကိုယ်မှ အရည်ဆင်းပြီး ဆီးသွားစဉ် နာကျင်ခြင်း ဖြစ်တတ်ပါတယ် ။ သတိပြုရန် - မကုသပဲထားရင် နာတာရှည် နာကျင်မှုနှင့် မျိုးပွားမှုဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ HPV (လိင်အင်္ဂါကြွက်နို့ရောဂါ) လက္ခဏာ - လိင်အင်္ဂါတစ်ဝိုက်မှာ ကြွက်နို့များ ပေါ်လာတတ်ပါတယ် ။ အသေးစိတ်ကိုအောက်ပါ link ကနေ ဝင်ရောက်လေ့လာနိူင်ပါတယ် https://m.facebook.com/story.php?story_fbid=pfbid057PYrV24UamiaXvEUxUpRL2r91bX56YMEkZx5MqgMpH5ijQkqkF5pXX6K53xR6zsl&id=100064411493486&mibextid=ZbWKwL
21 окт., 22:42

ကွန်ဒုံးသုံးဖို့ ညှိနှိုင်းမရရင် HIV ကို ဘယ်လိုကာကွယ်မလဲ? တစ်ဖက်လူက ကွန်ဒုံးသုံးဖို့ ငြင်းဆိုတာမျိုးတွေကြုံတဲ့အခါ ကိုယ့်ကျန်း
ကွန်ဒုံးသုံးဖို့ ညှိနှိုင်းမရရင် HIV ကို ဘယ်လိုကာကွယ်မလဲ? တစ်ဖက်လူက ကွန်ဒုံးသုံးဖို့ ငြင်းဆိုတာမျိုးတွေကြုံတဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ် - PrEP (HIV ကြိုတင်ကာကွယ်ဆေး): ပုံမှန်သောက်သုံးခြင်းဖြင့် HIV ကူးစက်မှုကို ၉၀% ကျော် ကာကွယ်နိုင်ပါတယ်။ (အခြား လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါများကို မကာကွယ်နိုင်ပါ) PEP (အရေးပေါ်ကာကွယ်ဆေး): ကွန်ဒုံးမသုံးဖြစ်တာ၊ ကွန်ဒုံးပေါက်တာမျိုး ဖြစ်ခဲ့ရင် ၇၂ နာရီအတွင်း ဆရာဝန်နဲ့ပြသပြီး အမြန်ဆုံး သောက်သုံးသင့်ပါတယ်။ စောနိုင်သမျှ စောစောသောက်တာ ပိုကောင်းပါတယ် ။ HIV စစ်ဆေးမှုကာလ: HIV ကူးစက်ခံရနိုင်ခြေရှိပြီးနောက် တိကျတဲ့အဖြေသိရဖို့ အနည်းဆုံး ၃ လပြည့်မှသာ စစ်ဆေးသင့်ပါတယ်။ ကိုယ့်လုံခြုံရေးကို ဦးစားပေးပါ: တစ်ဖက်လူရဲ့ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုတွေကြုံလာရင် မိမိအဆင်မပြေတာကို လက်ခံစရာမလိုဘဲ ယုံကြည်ရသူဆီက အကူအညီတောင်းပါ။ ကိုယ့်ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ရွေးချယ်စရာတွေ အမြဲရှိနေတယ်ဆိုတာမမေ့ပါနဲ့ရှင်။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1525664929590542&set=a.47888
19 окт., 22:26

မန္တလေးလမ်းပြကြယ်ဆေးခန်းမှာ • HIV ပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်း • ကာလသားရောဂါ အခမဲ့စစ်ဆေးကုသပေးခြင်း • PrEP ဝန်ဆောင်မှုပေး
မန္တလေးလမ်းပြကြယ်ဆေးခန်းမှာ • HIV ပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်း • ကာလသားရောဂါ အခမဲ့စစ်ဆေးကုသပေးခြင်း • PrEP ဝန်ဆောင်မှုပေးခြင်း • ART ဆေးရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း • ကွန်ဒုံးနဲ့ချောဆီ အခမဲ့ရရှိနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေကို တစ်နေရာထဲမှာပဲ အလွယ်တကူရနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သေချာထိန်းသိမ်းပေးထားတဲ့အပြင် သွေးအဖြေကလည်း ချက်ချင်းစစ်၊ ချက်ချင်းသိနိုင်တာမို့ ကြိုတင်ရက်ချိန်းလေးပဲ ယူထားဖို့ လိုပါတယ်နော်။ Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs ဖုန်းနံပါတ်များ: 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428 #LanPyaKyel #လမ်းပြကြယ် #HIVServices #PrEP #ART #MandalayClinic #PrettyGirlLanPyaKyel
18 окт., 22:56

📍HIV နဲ့အတူ ကျန်းမာစွာနေထိုင်နိုင်ဖို့ 🏥 လမ်းပြကြယ်ဆေးခန်းမှာ HIV ပိုးအခမဲ့စစ်ဆေးဖို့ အောက်ပါ Link ကနေ ဘိုကင်တင်ပြီး လာရောက်နိုင်ပါတယ် ။ 🔗 ဘိုကင် Link: https://forms.cloud.microsoft/r/6RUyZZMnTs 📞 099 790 204 65 / 098 800 059 23 / 099 777 734 28 #HIV #ART #LanPyaKyel #PrettyGirlLanPyaKyel
15 окт., 23:18

HIV မကူးစက်အောင် ဒါတွေရှောင်!" မိမိကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ကာကွယ်ဖို့ HIV မကူးစက်အောင် ရှောင်ကြဉ်သင့်တဲ့ အဓိက (၅) ချက်ကို
HIV မကူးစက်အောင် ဒါတွေရှောင်!" မိမိကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ကာကွယ်ဖို့ HIV မကူးစက်အောင် ရှောင်ကြဉ်သင့်တဲ့ အဓိက (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။ 👇 ၁။ အကာအကွယ်မဲ့ ဆက်ဆံတာ ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံး (Condom) ကို အစမှအဆုံး စနစ်တကျ အသုံးပြုတာက မိမိရော အဖော်ကိုပါ အကောင်းဆုံး ကာကွယ်ပေးတာပါ။ ၂။ အပ်နဲ့ ဆေးထိုးပြွန် မျှဝေသုံးတာ ဆေးထိုးအပ်၊ တက်တူးအပ်နဲ့ နားဖောက်အပ်တွေကို အခြားသူတွေနဲ့ မမျှသုံးပါနဲ့။ ပိုးသတ်ထားတဲ့ အသစ်စက်စက်ကိုပဲ သုံးပါ။ ၃။ စစ်ဆေးမထားတဲ့ သွေးသွင်းမိတာ သွင်းယူမယ့် သွေးဟာ ပိုးစစ်ပြီးသား စိတ်ချရတဲ့ သွေးဘဏ် သို့မဟုတ် ဆေးရုံ/ဆေးခန်းတွေက ဟုတ်မဟုတ် သေချာ ဂရုစိုက်ပါ။ ၄။ ကာကွယ်ဆေးသောက်ဖို့ လစ်ဟင်းတာ မတော်တဆ HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုခုကြုံခဲ့ရင် ၇၂ နာရီအတွင်း PEP (အရေးပေါ်ဆေး) သောက်ဖို့ မမေ့ပါနဲ့။ ကူးစက်နိုင်ခြေများသူတွေအနေနဲ့လည်း PrEP (ကြိုတင်ကာကွယ်ဆေး) ကို သောက်သုံးနိုင်ပါတယ်။ ၅။ ကိုယ်ဝန်ဆောင်ချိန် မစစ်ဆေးမိတာ အသေးစိတ်ကိုအောက်ပါ Link ကနေဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1VsdSgeyz7/
13 окт., 23:00

⚠️ HIV ပိုးရှိပြီး ဆေးကုဖို့ တွေဝေနေရင် ဘာတွေဖြစ်နိုင်လဲ ? ကိုယ့်မှာ HIV ပိုးရှိနေတာ သိရချိန်မှာ စိုးရိမ်စိတ်တွေနဲ့ တွေဝေတတ်က
⚠️ HIV ပိုးရှိပြီး ဆေးကုဖို့ တွေဝေနေရင် ဘာတွေဖြစ်နိုင်လဲ ? ကိုယ့်မှာ HIV ပိုးရှိနေတာ သိရချိန်မှာ စိုးရိမ်စိတ်တွေနဲ့ တွေဝေတတ်ကြပါတယ် ။ ဒါပေမယ့် စိုးရိမ်စိတ်ကြောင့် ဆေးကုသမှု ခံယူဖို့ တွေဝေနှောင့်နှေးနေမယ်ဆိုရင် အောက်ပါအချက်တွေ ဖြစ်နိုင်ပါတယ်နော် 💛 🛡️ ကိုယ်ခံအားစနစ် ပျက်စီးမယ် HIV ပိုး က ကိုယ်ခံအား(CD4) တွေကို တစ်ရက်ထက်တစ်ရက် ဖျက်ဆီးပစ်လို့ ပိုးကောင်ရေတွေ ပိုတက်လာပါလိမ့်မယ် ။ 🦠 နောက်ဆက်တွဲ ရောဂါတွေ အလွယ်တကူဝင်မယ် ကိုယ်ခံအား ကျဆင်းသွားတဲ့အခါ တီဘီ ၊ အဆုတ်ရောင် စတဲ့ ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ် ။ ⚠️ AIDS ရောဂါ အဆင့်ကို ရောက်ရှိသွားနိုင်တယ် ဆေးကုသမှုမခံယူပဲ ထားရင် HIV ပိုး ကူးစက်ခြင်းကနေ ရေရှည်မှာ AIDS ရောဂါအဆင့်ထိရောက်သွားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ် ။ အသေးစိတ်ကို အောက်ပါလင့်ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/19NdWB45WW/
12 окт., 22:38

ART ဆေးသောက်နေသူတွေ သတိထားရမယ့် အစားအစာများ ART ဆေးသောက်နေရလို့ လုံးဝမစားရဘူးဆိုတဲ့ အစားအစာမျိုး မရှိပေမယ့် ဆေးအာနိသင်မပျက်စေ
ART ဆေးသောက်နေသူတွေ သတိထားရမယ့် အစားအစာများ ART ဆေးသောက်နေရလို့ လုံးဝမစားရဘူးဆိုတဲ့ အစားအစာမျိုး မရှိပေမယ့် ဆေးအာနိသင်မပျက်စေဖို့နဲ့ ကျန်းမာရေးအတွက် အောက်ပါတို့ကို သတိထားရှောင်ကြဉ်သင့်ပါတယ် - Grapefruit – ART ဆေးအချို့နဲ့ အပြန်အလှန်သက်ရောက်မှုရှိနိုင်တာကြောင့် မိမိသောက်နေတဲ့ဆေး အဆင်ပြေမပြေကို ဆရာဝန်နဲ့တိုင်ပင်ပါ ။ Calcium / Iron ပါတဲ့ အားဆေး – ART ဆေးအချို့နဲ့ အချိန်ခွဲပြီး သောက်ဖို့လိုပါတယ် ။ တိုင်းရင်းဆေး / ဆေးမြီးတိုများ – ART ဆေးနဲ့ အပြန်အလှန်သက်ရောက်မှုရှိနိုင်လို့ မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ ။ အသား၊ ငါး၊ ဥ အစိမ်း/မကျက်တကျက် – အစာအဆိပ်သင့်ခြင်းနဲ့ ဝမ်းပျက်ခြင်းကို ကာကွယ်ဖို့ ကျက်အောင်ချက်စားပါ ။ အရက်၊ ဆေးလိပ်နဲ့ ကွမ်းယာ _ ART ဆေးကို တိုက်ရိုက်သက်ရောက်မှုမရှိပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အလွန်အကျွံ စားသောက်တာ မျိုးရှောင်သင့်ပါတယ် ။ အရေးကြီးဆုံးက မိမိသောက်နေတဲ့ ART ဆေးအမျိုးအစားပေါ်မူတည်ပြီး ရှောင်ရမယ့်အရာတွေ မတူနိုင်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ ဘိုကင် Link: https://forms.cloud.microsoft/r/6RUyZZMnTs 099 790 204 65 / 098 800 059 23 / 099 777 734 28 #ART
08 окт., 23:02

HIV ကာကွယ်ဖို့ တစ်ခုပဲရွေးရမယ်ဆိုရင် ဘာကိုရွေးရမလဲ၊ ဘာကြောင့်လဲ? နှစ်ဦးစလုံး မဆက်ဆံမီ သွေးစစ်ခြင်း ကွန်ဒုံးကို စနစ်တကျ ပုံမှန
HIV ကာကွယ်ဖို့ တစ်ခုပဲရွေးရမယ်ဆိုရင် ဘာကိုရွေးရမလဲ၊ ဘာကြောင့်လဲ? နှစ်ဦးစလုံး မဆက်ဆံမီ သွေးစစ်ခြင်း ကွန်ဒုံးကို စနစ်တကျ ပုံမှန်အသုံးပြုခြင်း ကြိုတင်ကာကွယ်ဆေး PrEP သောက်ခြင်း အရေးပေါ်ကာကွယ်ဆေး PEP သောက်ခြင်း https://forms.cloud.microsoft/r/6RUyZZMnTs ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428 #HIV #Prevention#PEP#PrEP #LanPyaKyel#PrettyGirlLanPyaKyel
04 окт., 22:58