m.CDM
Open in Telegram
451
Subscribers
No data24 hours
-37 days
-2330 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '260
in 0 channels
August '26
+5
in 0 channels
Get PRO
July '26
+4
in 0 channels
Get PRO
June '26
+2
in 0 channels
Get PRO
May '26
+1
in 0 channels
Get PRO
April '26
+4
in 0 channels
Get PRO
March '26
+4
in 0 channels
Get PRO
February '26
+7
in 0 channels
Get PRO
January '26
+4
in 0 channels
Get PRO
December '25
+1
in 0 channels
Get PRO
November '25
+6
in 0 channels
Get PRO
October '25
+17
in 0 channels
Get PRO
September '25
+12
in 0 channels
Get PRO
August '25
+18
in 0 channels
Get PRO
July '25
+16
in 0 channels
Get PRO
June '25
+15
in 0 channels
Get PRO
May '25
+26
in 0 channels
Get PRO
April '25
+24
in 0 channels
Get PRO
March '25
+25
in 0 channels
Get PRO
February '25
+22
in 0 channels
Get PRO
January '25
+23
in 0 channels
Get PRO
December '24
+23
in 1 channels
Get PRO
November '24
+15
in 0 channels
Get PRO
October '24
+18
in 0 channels
Get PRO
September '24
+61
in 0 channels
Get PRO
August '24
+82
in 1 channels
Get PRO
July '24
+56
in 0 channels
Get PRO
June '24
+34
in 4 channels
Get PRO
May '24
+22
in 0 channels
Get PRO
April '24
+37
in 1 channels
Get PRO
March '24
+66
in 1 channels
Get PRO
February '24
+84
in 1 channels
Get PRO
January '24
+93
in 1 channels
Get PRO
December '23
+82
in 2 channels
Get PRO
November '23
+83
in 4 channels
Get PRO
October '23
+337
in 3 channels
| Date | Subscriber Growth | Mentions | Channels | |
| 09 September | 0 | |||
| 08 September | 0 | |||
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | 0 | |||
| 02 September | 0 | |||
| 01 September | 0 |
Channel Posts
Follow us on Telegram
https://ift.tt/4NjUTWo
ရန်ကုန်မြို့တွင်းမှာ အကြမ်းဖက် စစ်အုပ်စုက နေ့ခင်းဘက်ပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေ၊
ယခုရက်ပိုင်းအတွင်း ရန်ကုန်မှာ အမျိုးသား ၇၀ ကျော် ဖမ်းဆီးခံခဲ့ရ
====================
m.CDM စက်တင်ဘာ ၉ ရက်။
ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေက နေ့ခင်းဘက် တွေမှာပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ Rangoon Scout Network -RSN ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်း ကနေ စက်တင်ဘာ ပထမပတ်အတွင်း ရန်ကုန်မြို့နယ် အနှံအပြားမှာ အမျိုးသား ၇၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ပြန်ရွေးဖို့အတွက် ငွေကျပ် သိန်း ၄၀ ကနေ သိန်း ၁၀၀ ကျော်အထိ တောင်းခံနေတယ်လို့ ဆိုပါတယ်။
အဆိုပါအရေအတွက်ဟာ Rangoon Scout Network က အတည်ပြုထားနိုင်တဲ့ ဖြစ်စဉ်တွေဖြစ်ပြီး၊ မြေပြင်မှာ ဒီထက် ပိုမို ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ အသက် ၂၀ ကနေ ၃၅ ကြား ဖြစ်ကြပြီး၊ အထက်တန်း ကျောင်းသားအရွယ်နဲ့ အသက် ၄၀ အထက် အကြီးပိုင်းတွေလည်း ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်၊ ညနေပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ကားမှတ်တိုင် မှာ ကားစောင့်နေတဲ့ လူငယ် ၇ ဦးကို ပျူစောထီး(လူမိုက်)အဖွဲ့တွေက အတင်းအဓမ္မ ဝင်ရောက်ရိုက်နှက် ဖမ်းဆီး ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၇ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆီ ခေါ်ဆောင်သွားခဲ့ပြီး ရန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ လူငယ် ၂ ဦး ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ လူငယ် ၅ ဦးကိုတော့ စက်တင်ဘာ ၇ ရက်၊ မနက် ၄ နာရီခန့်မှာ စစ်ကော်မရှင်တပ်က DC ကားဖြင့် လာရောက်ခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးတွေနဲ့ လူမိုက်အဖွဲ့တွေဟာ လူငယ်တွေကို ဖမ်းဆီး ငွေညှစ်နေပြီး၊ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ ရောင်းစားနေသလို ရလာတဲ့ငွေတွေနဲ့ ဘီယာဆိုင်ထိုင်ကာ အောင်ပွဲခံလေ့ရှိတယ်လို့ ဆိုပါတယ်။
အလားတူ မန္တလေးတိုင်း သာစည်မြို့နယ်မှာလည်း စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ အမျိုးသားမှန်သမျှ စစ်မှုထမ်းကြေး ပေးလို့မရတော့ဘဲ မဖြစ်မနေ တပ်ထဲဝင်ရမယ်လို့ ဖိအားပေးတာတွေ ရှိတယ်တယ်လို့ သိရှိရပါတယ်။
သတင်း - လူလေး
#mcdm #SpringRevolutionMyanmar
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
-------------------------Photos from m.CDM's post801885433_122153215599116009_67488561779801807583_122153215641116009_16652860792
| 2 | Follow us on Telegram
https://ift.tt/IZuOK0W
ကျောက်ပန်းတောင်းမှာ စစ်ကော်မရှင်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် သက်တော် ၉၀ကျော်အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊
ကလေးမှာ ၈ တန်း ကျောင်းသား ၁ ဦး မိုင်းနင်းမိပြီး သေဆုံး၊
စစ်တွေ အထက (၄) ကျောင်းမှာ လက်နက်ကြီး ကျရောက်ခဲ့ပြီး ကလေး ၃ ဦးနဲ့ ဆရာ ၁ ဦး ဒဏ်ရာရ၊
===================
m.CDM စက်တင်ဘာ ၉ ရက်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ်၊ ကမ္ဘာတဲရွာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ စစ်ကော်မရှင် တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်းမှာရှိတဲ့ သက်တော် ၉၀ ကျော်အရွယ် ဆရာတော် ၁ ပါး ထိတ်လန့်ပြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်ရဲ့ ရုပ်အလောင်းကို လာရောက်သင်္ဂြိုလ်ကြဖို့ အသံချဲ့စက်နဲ့ခေါ်နေပေမယ့် စစ်ကော်မရှင်တပ်တွေဟာ ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာကြောင့် ပြည်သူတွေအနေနဲ့ ပြန်မဝင်ရဲကြဘူးလို့ သိရပါတယ်။
၎င်းစစ်ကြောင်းဟာ ကမ္ဘာတဲရွာက ဆေးရုံနဲ့ ဖုန်းတာဝါတိုင်တို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသတွင်းမှာ ဖုန်းလိုင်တွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့စက်တင်ဘာလ ၅ ရက်နေ့ကလည်း သုံးအိမ်ကုန်းရွာနဲ့ သီးကုန်းရွာတွေကိုပါ ၎င်းစစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ၂၀ ကျော် ပြာကျခဲ့ရပြီး၊ ပြည်သူတွေဆီက ရွှေ၊ ငွေ၊ ဖုန်း နဲ့ ဆိုင်ကယ်တွေကိုပါ လုယက်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း ငါးရွာထွက်တဲ့ ၁၆ နှစ်အရွယ် ၈ တန်း ကျောင်းသား ၁ ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေ နဲ့အတူ ရွာအနီးက အိုင်နဲ့ ကန် ရှိရာကို သွားနေရင်း မိုင်းနင်းမိခဲ့တာ ဖြစ်ပြီး၊ မိုင်းထိပြီး ၂ နာရီကြာမှ ဆေးရုံကို ရောက်လာတာကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာမှာ စစ်ကော်မရှင်စစ်ကြောင်းက မိုင်းတွေချခဲ့ဖူးပြီး၊ တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးမှုရပြီး- ချိန်မှာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ပေမယ့် အကြွင်းအကျန်တွေ ရှိနိုင်သေးတယ်လို့ သတိပေးထားပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ထဲကို စက်တင်ဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
၎င်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆရာ ဦးကျော်ဝင်းနဲ့ ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် နေ့လယ် ၁၂ နာရီခန့်မှာလည်း အနောက်စံပြရပ်ကွက်ထဲကို လက်နက်ကြီး ၂ လုံး ထပ်မံ ကျရောက်ခဲ့ပြီး ပေါက်ကွဲခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က စတင်ပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
သတင်း - လူလေး
ဓါတ်ပုံ - ပုံဟောင်း
#mcdm
#SpringRevolutionMyanmar
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
----------------------------Photos from m.CDM's post801807588_122153215179116009_10471954503801885390_122153215221116009_55848488838800993858_122153215263116009_54571623111 | 1 |
| 3 | Follow us on Telegram
https://ift.tt/9TBXbZL
m.CDM & MoeMaKa - 9th September, 2026 Evening 8:30 PM
📌 m.CDM တစ်ပတ်အတွင်းသတင်းများ (ကချင်ဘာသာ)
📌 ဘယ်တော့မှပြန်မလာတော့တဲ့ ကျောင်းပြေးလေးတွေ - ခရမ်းပြာထက်လူ
📌 သံလွင်ရိုးဘေးက ကလောင်သူပုန် (တော်လှန်ဆောင်းပါး) ~ (ရေး) တာပလု၊ (ဖတ်) ရန်နိုင်
#mCDM
#မိုးမခမီဒီယာ
#ပြည်တွင်းသတင်း
#စစ်ရေးသတင်း
#MoeMaKa
#SpringRevolutionMyanmar
#WhatsHappeningInMyanmar
#myanmar
Internet Radio on TuneIN - https://tunein.com/radio/mCDM-Radio-s351488/
Internet Live Radio - Moemaka.net/radio
Facebook - facebook.com/m.CDMUnite
YouTube - https://www.youtube.com/@m.CDMMyanmar
Telegram - https://t.me/RadioNUGMyanmar
TikTok - https://www.tiktok.com/@m_cdm_myanmar
Email - admin@radionug.orgSeptember 9, 2026, 8:30 PM - m.CDM ညနေ အစီအစဉ်Watch video on Facebook.com | 4 |
| 4 | Follow us on Telegram
https://ift.tt/bJBSGp5
သီအိုဇော် - (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credentials Committee အကြောင်း - (၁)
မိုးမခ ၊ စက်တင်ဘာ ၉ ၊ ၂၀၂၆
အခုဆိုရင် အထွေထွေညီလာခံ လုပ်ငန်းစဉ်စည်းမျဉ်း-၂၈ အရ ညီလာခံဥက္ကဋ္ဌက အဆိုပြုတင်သွင်းတဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ကိုယ်စားလှယ် စိစစ်အသိအမှတ်ပြုရေးကော်မတီ (Credentials Committee) နိုင်ငံတွေကို ရွေးချယ်အတည်ပြုပြီးသွားပါပြီ။
အမြဲတမ်း ပါဝင်နေကျ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့နဲ့အတူ ဘဟားမား (The Bahamas)၊ ဘယ်လ်ဂျီယံ (Belgium)၊ ဘီနင် (Benin)၊ ဂျမေကာ (Jamaica)၊ ယူဂန်ဒါ (Uganda) နဲ့ ဗင်နူအာတူး (Vanuatu) တို့ အဖွဲ့ဝင်အဖြစ် ပါဝင်လာပါတယ်။
ယေဘုယျအားဖြင့် Credentials Committee ရဲ့ အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံအပြင် ကျန်တဲ့ အလှည့်ကျအဖွဲ့ဝင် ၆ နေရာအတွက် အာရှ-ပစိဖိတ်၊ ဥရောပ၊ အာဖရိက၊ လက်တင်အမေရိက၊ ကာရစ်ဘီယံ အုပ်စုကြီး ၅ စုက ရွေးချယ်ခန့်အပ်ခံရလေ့ရှိတယ်လို့ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုနေရာနဲ့ ပတ်သက်တဲ့ အရင်ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။
အာရှ-ပစိဖိတ် ကိုယ်စားပြုပြီး ဗင်နူအာတူး၊ ကာရစ်ဘီယံအတွက် ဂျမေကာနဲ့ ဘဟားမား (ဘဟားမားက ပထဝီဝင်တည်ရှိမှုအရ ကာရစ်ဘီယံလို့ မပြောနိုင်ပေမဲ့ ကာရစ်ဘီယံအုပ်စုအနေနဲ့ပဲ သတ်မှတ်ထားကြပါတယ်)၊ အာဖရိကအတွက် ယူဂန်ဒါနဲ့ ဘီနင်၊ ဥရောပအတွက် ဘယ်လ်ဂျီယံတို့ ဖြစ်ပါတယ်။
ကြိုတင်ခန့်မှန်းဖို့ ခက်တယ်ဆိုတာကို ဒီတစ်ကြိမ်မှာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ (၇၉) ကြိမ်နဲ့ (၈၀) ကြိမ်တွေမှာ လက်တင်အမေရိကနိုင်ငံတွေက မပါခဲ့သလို အခု (၈၁) ကြိမ်မှာလည်း ပါမလာပြန်ပါဘူး။ (၈၀) ကြိမ်မှာ ကာရစ်ဘီယံ ၂ နိုင်ငံ ပါခဲ့သလို အခုလည်း ၂ နိုင်ငံ ပါလာပါတယ်။ ဒါပေမဲ့ အခု အလှည့်ကျအဖွဲ့ဝင် ၆ နိုင်ငံက အရင်နှစ် ၆ နိုင်ငံနဲ့ လုံးဝခြားနားပါတယ်။ ဥရုဂွေးလို (၇၄) ကြိမ်နဲ့ (၇၅) ကြိမ်မှာ ဆက်တိုက် အရွေးခံရပြီး နောက် ၂ နှစ်ခြား (၇၇) ကြိမ်မှာ အဖွဲ့ဝင် ထပ်ဖြစ်တာမျိုး ရှိတတ်တဲ့အတွက် စာရင်းထွက်မလာခင် ဘယ်နိုင်ငံ ပါလာလောက်တယ်လို့ မစဉ်းစားဖြစ်ခဲ့ပါဘူး။
အမြဲတမ်း ၃ နိုင်ငံရဲ့ သဘောထားကတော့ ရှင်းလင်းပြီး ဖြစ်ပါတယ်။ ဒါကြောင့် အလှည့်ကျအဖွဲ့ဝင် ၆ နိုင်ငံအကြောင်းကိုပဲ ပိုစဉ်းစားကြည့်လိုပါတယ်။ (၇၅) ကြိမ်မြောက် အထွေထွေညီလာခံက ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့ ဆုံးဖြတ်ချက် (A/RES/75/287) ကို ထောက်ခံမဲ ၁၁၉၊ ကန့်ကွက် ၁၊ ကြားနေ ၃၆၊ မဲမပေး/ပျက်ကွက် ၃၇ တို့နဲ့ အတည်ပြုချမှတ်ခဲ့ပါတယ်။
အခု ၆ နိုင်ငံထဲက ယူဂန်ဒါက ကြားနေ၊ ဘဟားမား၊ ဘီနင်၊ ဗင်နူအာတူးတို့ ၃ နိုင်ငံက မဲမပေး/ပျက်ကွက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ ဂျမေကာတို့က အဆိုကို ထောက်ခံခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ထောက်ခံခဲ့ပြီး တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့က ကြားနေခဲ့တဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ပါ။
ဒီကော်မတီထဲမှာ ပါတဲ့ ‘အိုအိုင်စီ’ (The Organisation of Islamic Cooperation - OIC) ၂ နိုင်ငံက ထူးခြားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ‘ခါလီလူရာ ရာမန်’ (Khalilur Rahman) ညီလာခံဥက္ကဋ္ဌအနေနဲ့ အဆိုပြုဖွဲ့စည်းထားတဲ့ ကော်မတီဖြစ်တာနဲ့ မဆိုင်ပါဘူး။ မနှစ်ကလည်း မလေးရှား၊ ဆီနီဂေါ OIC ၂ နိုင်ငံ ပါခဲ့တာပါပဲ။ ထူးခြားတယ်လို့ ပြောရတာက ဘီနင်နဲ့ ယူဂန်ဒါတို့က OIC အဖွဲ့ဝင် ဖြစ်ပေမဲ့ ဒီ ၂ နိုင်ငံက အစ္စလာမ်ဘာသာဝင် လူများစုရှိတဲ့နိုင်ငံ မဟုတ်တာပါ။ ယူဂန်ဒါရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်က ခရစ်ယာန်ဘာသာဝင်၊ ဘီနင်ရဲ့ လူဦးရေ ထက်ဝက်ဝန်းကျင်က ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
သီအိုဇော်
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar14126009469276664728?_nc_oc=AdqaG-kas1msသီအိုဇော် - (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credentials Committee အကြောင်း - (၁)www.moemaka.comMoeMaKa Burmese Community News, Media & Literature Site, Burma Myanmar | 10 |
| 5 | Follow us on Telegram
https://ift.tt/2wUW0EC
Art- KT#
လမ်းရဲ့နေ့စဉ်
မင်းညွန့်လှိုင်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၆
လူတွေစာမဖတ်ကြဘူးဗျာ
လူငယ်တွေစာမဖတ်ကြဘူးဗျာ
နေ့စဉ်သတင်းစာပို့သမားကြီးက
လမ်းထိပ်ကပင်စင်စားကြီးကို
နှုတ်ဆက်ရင်းညည်းတွားတယ်။
နိုင်ငံတော်ရွှေသီးဖို့
ကုန်ထုတ်လုပ်မှုအားပေးစို့
ချွေးဒီးဒီးကျလို့
စက်ဘီးအိုလေးအားစိုက်နင်းလို့
နေ့စဉ်သတင်းစာပို့သမားကြီးက
နေ့စဉ်သတင်းစာပို့တယ်။
လူအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏
သတ္တဝါတို့၏အသက်ရှင်ခြင်းသည် ခဲယဉ်း၏
လျှောကျလာတဲ့ပါဝါမျက်မှန်ကိုပင့်တင်လို့
ဘဝတူဂီလာနစက်ဘီးလေးကိုစီးနင်းလို့
လမျက်နှာကျောက်ပေါက်မာတွေကိုရှောင်လို့
ပလုံကောက်သူလေးတွေကိုရှားလို့
အလှူခံပုဂ္ဂိုလ်တွေကိုကွင်းလို့
သတင်းစာပို့သမားကြီးကသတင်းစာပို့တယ်။
ခေတ်မီစာသင်ခန်းများ စာကြည့်တိုက်များ
သိပ္ပံဓာတ်ခွဲခန်းများ ဒစ်ဂျစ်တယ်သင်ယူမှုအထောက်အကူပြုစနစ်များ
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအခြေခံအဆောက်အအုံများ
ဆရာများ၏အသက်မွေးဝမ်းကျောင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ နှင့်
ကျောင်းသားများ၏သင်ယူမှုအရည်အသွေးကို တိုက်ရိုက်အထောက်အကူပြုမည့်လုပ်ငန်းများ
ကော်လန်စားက
ကော်လန်ကိုစားတယ်
သတင်းစာပို့သမားက
သတင်းစာကိုပို့တယ်။
စာလုံးအမည်းကြီးများ နိုင်ငံတော်များ
တဟုန်ထိုးခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းများ
ကွယ်လွန်အနိစ္စရောက်ခြင်းများ
ခရစ်တော်၌အိပ်ပျော်ခြင်းများ
အလ္လာအရှင်မြတ်အမိန့်တော်ခံယူခြင်းများ
ဘဝနတ်ထံပျံလွန်တော်မူခြင်းများ
စာမျက်နှာ(၃၂)မျက်နှာပါရှိတဲ့
စာရွက်ရေ(၁၆)ရွက်တိတိပါရှိတဲ့
စိုဖတ်ဖတ်သတင်းစာကို
စိုဖတ်ဖတ်သတင်းစာပို့သမားကြီးကပို့ပါတယ်။
သတင်းစာပို့သမားကြီးက သတင်းစာမဖတ်အားဘူး
သတင်းစာပို့သမားကြီးက သူမဖတ်တဲ့သတင်းစာကို နေ့စဉ်ပို့တယ်
လမ်းကလည်းသတင်းစာမဖတ်ပါဘူး
သတင်းစာပို့သမားကြီးကိုသာဖတ်နေရတော့တယ်
နေ့စဉ်။။
၅ စက်တင်္ဘာ ၂၀၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar2385431405220630209?_nc_oc=Adrqs1cHRDlIcမင်းညွန့်လှိုင် - လမ်းရဲ့နေ့စဉ်www.moemaka.comMoeMaKa Burmese Community News, Media & Literature Site, Burma Myanmar | 6 |
| 6 | Follow us on Telegram
https://ift.tt/XO5mh1n
ကသာမြို့ကနေ ရွှေကူမြို့ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်ကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်မှု သင်္ဘော (၂) စင်း မီးလောင်ပျက်စီး
m.CDM၊ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့ကို ဆန်တက်ရောက်ရှိလာတဲ့ သင်္ဘော (၆) စင်းပါ စစ်ရေယာဉ်အုပ်ကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ သင်္ဘော (၂) စင်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ (၈) ရက်၊ ညပိုင်းမှာ သင်္ဘော (၄) စင်းနဲ့ တွန်းသင်္ဘော (၂) စင်းပါတဲ့ စစ်ရေယာဉ်အုပ်စု ရွှေကူမြို့မှာ ဆိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်သင်္ဘော (၆) စင်းထဲက (၂) စင်းကို စက်တင်ဘာလ (၉) ရက်၊ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးသွားတာလို့ သိရပါတယ်။
ဒေသသတင်းရင်းမြစ်တွေအဆိုအရ ပျက်စီးသွားတဲ့ သင်္ဘော (၂) စင်းဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင်ထားပြီး ရွှေကူမှာ ကမ်းကပ်ထားချိန် ထိထိမိမိတိုက်ခိုက်နိုင်ခဲ့တာကြောင့် မီးလောင်ပျက်စီးသွားတာလို့လည်း သိရပါတယ်။
စက်တင်ဘာလဆန်းပိုင်းကလည်း မန္တလေးကနေ ဗန်းမော်မြို့အထိ ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဧရာ၀တီမြစ်ကြောင်းတလျှောက် တိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘော (၈) စင်းထက်မနည်း ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၁၉၀) ကျော် ဖမ်းဆီးရရှိခဲ့ပါတယ်။
ရုပ်သံ - Lung Jung LA N- Fb
ဓာတ်ပုံ - Naw Tu Awng- Fb
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
#mCDM
#SpringRevolutionMyanmarPhotos from m.CDM's post801465501_122153170647116009_43260319817801275190_27852769007756450_749771152132 | 7 |
| 7 | Follow us on Telegram
https://ift.tt/GkCIvf6
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၈ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၉ ၊ ၂၀၂၆
စစ်မျက်နှာအများအပြားနဲ့ စစ်တပ်ရဲ့ လူအင်အားအကျပ်အတည်း
မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့
လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် စစ်ကော်မရှင်တပ်အတွက် အရေးကြီးဆုံး
စိန်ခေါ်မှုတွေထဲမှာ စစ်မျက်နှာအများအပြားကို တပြိုင်နက်တည်း ထိန်းထားရင်း
ဆုံးရှုံးနေတဲ့ လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ထောက်ပို့အင်အားတွေကို
ဘယ်လိုပြန်ဖြည့်မလဲဆိုတဲ့ ပြဿနာက ပိုပြီး ထင်ရှားလာနေပါတယ်။
တဖက်မှာ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး
တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူနေသလို မြို့ကြီးတွေမှာ လူငယ်တွေ ဖမ်းဆီးခံရတာ၊
ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်တိုက်ပေါ်ထွက်နေပါတယ်။
ဒါပေမဲ့ စစ်သားအရေအတွက်ကို အလျင်အမြန်
ပြန်ဖြည့်နိုင်ရုံနဲ့ စစ်တပ်တခုရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို
ပြန်ဖြည့်နိုင်မလားဆိုတာကတော့ သီးခြားမေးခွန်းတခု ဖြစ်ပါတယ်။
မကြာသေးခင်က ကချင်ပြည်နယ်
ဗန်းမော်စစ်မျက်နှာနဲ့ အခုရက်ပိုင်း ပိုမိုပြင်းထန်လာတဲ့ ရခိုင်စစ်မျက်နှာတို့ကို
ယှဉ်ကြည့်မယ်ဆိုရင် ဒီမေးခွန်းဟာ ပိုပြီး ထင်ရှားလာပါတယ်။
ဧရာဝတီမြစ်ကြောင်းက စစ်ကူပို့ရေး
ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဟာ
နှစ်နှစ်နီးပါး ရှိလာပေမယ့် KIA ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့အကြား
အဆုံးအဖြတ် မပေါ်သေးဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဗန်းမော်ဟာ
ဧရာဝတီမြစ်ကြောင်းပေါ်မှာ တည်ရှိသလို မံစီဘက်ကနေ တရုတ်နယ်စပ်ကို ဆက်သွယ်နိုင်တဲ့
လမ်းကြောင်းနဲ့ မြစ်ကြီးနား-ဗန်းမော်-မန္တလေး မြောက်တောင်ဆက်သွယ်ရေးလမ်းကြောင်းတွေအတွက်ပါ
အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
ဒီလိုအရေးပါတဲ့ ဗန်းမော်စစ်မျက်နှာကို
စစ်ကူ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ဖို့ စစ်တပ်ဟာ မိုးရာသီ
ဧရာဝတီမြစ်ရေတက်ချိန်ကို အသုံးပြုပြီး မန္တလေးကနေ စစ်သင်္ဘောအုပ်စုကို
ဆန်တက်စေခဲ့ပါတယ်။
ဩဂုတ် ၂၁ ရက်က မန္တလေးကနေ ထွက်ခွာခဲ့တဲ့
သင်္ဘော ၁၅ စီးပါ အုပ်စုဟာ ရွှေကူနဲ့ ဗန်းမော်အကြားမှာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
စက်တင်ဘာ ၂ ရက် တိုက်ခိုက်မှုမှာ သင်္ဘောအချို့ နစ်မြုပ်၊ မီးလောင်ပျက်စီးခဲ့ပြီး
စစ်သားအများအပြား လက်နက်ချခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့
အရေးကြီးတဲ့အချက်က သင်္ဘောအချို့ ဆုံးရှုံးခဲ့တာတင် မဟုတ်ပါဘူး။
စစ်တပ်အနေနဲ့ စစ်မျက်နှာတခုကို
ဆက်လက်ထိန်းထားနိုင်ဖို့ လူအင်အားနဲ့ ရိက္ခာပို့ဆောင်ရာမှာ အရင်းအမြစ်အများအပြား
သုံးစွဲနေရပြီး အဲဒီထောက်ပို့လမ်းကြောင်းကိုယ်တိုင် တိုက်ခိုက်ခံနေရတဲ့ အခြေအနေ
ဖြစ်လာတာပါ။
စစ်တပ်ဟာ စစ်သင်္ဘောအုပ်စုကို
အကာအကွယ်ပေးဖို့ လေကြောင်းအင်အားကိုပါ အများအပြား အသုံးပြုခဲ့ရပါတယ်။ ဩဂုတ် ၃၀
တရက်တည်းမှာ ရွှေကူအနီး လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ရှိခဲ့တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး The Irrawaddy က ဖော်ပြထားပါတယ်။
ဒါဟာ ရိက္ခာနဲ့ စစ်ကူပို့တဲ့
လုပ်ငန်းတခုအတွက်တောင် မြေပြင်၊ ရေကြောင်းနဲ့ လေကြောင်းအင်အားတွေကို တပြိုင်နက်
အသုံးပြုနေရတဲ့ အခြေအနေကို ပြသနေပါတယ်။
ရခိုင်စစ်မျက်နှာမှာလည်း စစ်အင်အား
ထပ်ဖြည့်
တချိန်တည်းမှာ ရခိုင်စစ်မျက်နှာကလည်း
ပြန်လည်ပြင်းထန်လာပါတယ်။ AA ဟာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄
မြို့နယ်ကို ထိန်းချုပ်ထားပြီး စစ်တပ်ဘက်မှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့သာ
ကျန်ရှိနေတယ်လို့ စက်တင်ဘာ ၈ ရက် DVB သတင်းက
ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ဩဂုတ်လလယ်ပိုင်းက စစ်တွေကို
တပ်သား ၁,၀၀၀ ကျော် ထပ်မံပို့ဆောင်ခဲ့ပြီးနောက်
စက်တင်ဘာ ၄ ရက်ကစပြီး ပုဏ္ဏားကျွန်းဘက်ကို မြေပြင်ထိုးစစ်
ပြန်လည်စတင်ခဲ့တယ်လို့လည်း DVB က ဖော်ပြပါတယ်။
စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်
မင်းချောင်းတံတားဘက်မှာ စစ်တပ်က သံချပ်ကာယာဉ်၊ စစ်သင်္ဘောတွေရဲ့ ပစ်ကူနဲ့
မြေပြင်ထိုးစစ်ဆင်နေပြီး AA ကလည်း အင်အားဖြည့်တင်းကာ
ပြန်လည်တိုက်ခိုက်နေတာကြောင့် စက်တင်ဘာ ၄ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကျောက်ဖြူဘက်မှာလည်း တိုက်ပွဲတွေ
ပြင်းထန်နေသလို သံတွဲ၊ ဂွဘက်တွေမှာလည်း လေကြောင်းနဲ့ ရေကြောင်းအင်အားတွေ
အသုံးပြုနေတယ်လို့ လက်ရှိသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေက စစ်တပ်အတွက် ရခိုင်မှာ
ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်ရယူဖို့သာမက လက်ရှိထိန်းချုပ်ထားဆဲ စစ်တွေ၊
ကျောက်ဖြူလို အရေးကြီးတဲ့ နေရာတွေကိုပါ မဆုံးရှုံးအောင် အင်အားအများအပြား
အသုံးပြုရမယ့် အခြေအနေဖြစ်ပါတယ်။
စစ်မျက်နှာတခုကို အင်အားဖြည့်ရင်
အခြားတခုက ဘယ်လိုဖြစ်မလဲ။ ဒီနေရာမှာ စစ်တပ်အတွက် အရေးကြီးတဲ့ ပြဿနာတခု
ပေါ်လာပါတယ်။
ဗန်းမော်ကို ထိန်းထားဖို့ စစ်ကူလိုတယ်။
ရခိုင်မှာ စစ်တွေ၊ ကျောက်ဖြူကို ထိန်းထားရင်း ပုဏ္ဏားကျွန်းဘက်ကို
ပြန်လည်ထိုးစစ်ဆင်ဖို့လည်း အင်အားလိုတယ်။ တချိန်တည်းမှာ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊
ကရင်နဲ့ တခြားဒေသတွေမှာလည်း တိုက်ပွဲတွေ ရပ်တန့်နေတာ မဟုတ်ပါဘူး။
ဒီလို စစ်မျက်နှာအများအပြား… | 5 |
| 8 | Follow us on Telegram
https://ift.tt/53bnN7M
စက်တင်ဘာ ၉၊ ၂၀၂၆ နေ့ခင်း ၁၂ခွဲ - သတင်းဆောင်းပါး နိုင်ငံတကာရေးရာ m.CDM & MoeMaKa
ပန်းရောင် ဂျာနယ်လစ်ဇင်ရဲ့ အချက်ပေးသံ (အတွေးအမြင်ဆောင်းပါး)
~ (ရေး) - တာပလု၊(ဖတ်) - ရန်နိုင်
အမျိုးသမီးဝန်ထမ်းများ ခွဲခြားခံရလို့ အီဖယ်မျှော်စင်ပိတ် -(ဖတ်) ပိုပို
အီဂျစ်ရုပ်သံတင်ဆက်သူ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချမှတ်ခံရ -(ဖတ်) ပိုပို
ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား ပထမဆုံးကားလမ်းတံတားဖွင့်လှစ်-(ဖတ်) ပိုပို
ဖိလစ်ပိုင်သမတရဲ့ ညီဝမ်းကွဲ လွှတ်တော်အမတ် အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံရ-(ဖတ်) ပိုပို
#mCDM
#မိုးမခမီဒီယာ
#ပြည်တွင်းသတင်း
#စစ်ရေးသတင်း
#MoeMaKa
#SpringRevolutionMyanmar
#WhatsHappeningInMyanmar
#myanmar
Our Internet Presence - https://m.CDM.moemaka.com
Internet Radio on TuneIN - https://tunein.com/radio/mCDM-Radio-s351488/
Internet Live Radio - Moemaka.net/radio
Radio Garden App - https://radio.garden/listen/radio-nug-sw-17-79/xB7y6ljB
Facebook - facebook.com/m.CDMUnite
YouTube - https://www.youtube.com/@m.CDMMyanmar
Telegram - https://t.me/RadioNUGMyanmar
TikTok - https://www.tiktok.com/@m_cdm_myanmar
Email - admin@radionug.orgစက်တင်ဘာ ၉၊ ၂၀၂၆ နေ့ခင်း ၁၂ခွဲ - သတင်းဆောင်းပါး နိုင်ငံတကာရေးရာ m.CDM & MoeMaKaWatch video on Facebook.com | 4 |
| 9 | Follow us on Telegram
https://ift.tt/6ZDiqYN
ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်းက သင်တန်းသား တပ်ဖွဲ့ဝင်အသစ်တွေ ဖိတ်ခေါ်
m.CDM၊ စက်တင်ဘာ ၉
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် - ၂ စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် - ၃ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တောင်ညိုစစ်ကြောင်းက သင်တန်းသား ရဲဘော်သစ်တွေကို စက်တင်ဘာ (၉) ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် တည်ထောင်ဖို့အတွက် ယခုနွေဦးတော်လှန်ရေး ပြီးဆုံးချိန်အထိ အတူတကွ တိုက်ပွဲဝင်နိုင်မယ့် ရဲဘော်သစ်တွေကို နွေးထွေးစွာကြိုဆိုနေပါတယ်လို့ ဆိုထားပါတယ်။
သင်တန်းသား ရဲဘော်သစ်တွေဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးမှာပါဝင်မယ်လို့ ဆုံးဖြတ်ထားသူဖြစ်ရမယ်လို့ဆိုထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ ဥပဒေတွေ၊ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာနိုင်သူဖြစ်ရယ်လို့ အသိပေးထားပါတယ်။
အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ဖို့လိုသလို လိုအပ်ချက်အရ ဝန်ကြီးဌာန သို့မဟုတ် အထက်ကွပ်ကဲမှု အဆင့်ဆင့်ကပေးအပ်တဲ့ သီးခြားတာဝန်တွေကိုလည်း ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဖိတ်ခေါ် ချက်မှာ ဖော်ပြထားပါတယ်။
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
#mCDM
#SpringRevolutionMyanmarPhotos from m.CDM's post801397269_122153162097116009_81397771127800965897_122153162103116009_22395984576 | 4 |
| 10 | Follow us on Telegram
https://ift.tt/uf6j0C4
ချင်းပြည်နယ်တောင်ပိုင်း စစ်ကူပို့မယ့် စစ်ကားတွေ ကပစ - ၂၅ ရောက်နေ
m.CDM၊ စက်တင်ဘာ ၉
ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ် - ၂၅ ကာကွယ်ရေးပစ္စည်း စက်ရုံ ကပစ - ၂၅ ကိုရောက်ရှိနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆောမြို့နယ်နဲ့ လောင်းရှည်မြို့မှာရှိတဲ့ ကပစ - ၂၅ က စစ်ယာဉ်တန်းတွေ အတိုက်မခံရအောင် ဆော - လောင်းရှည်လမ်းပိုင်းမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဆိပ်ဖြူ ကပစ - ၂၂ ကနေ အင်အား (၂၀၀) ၀န်းကျင်လောက်နဲ့ထွက်လာတဲ့ စစ်ကား (၄) စီးဟာ စက်တင်ဘာ (၇) ရက်မှာ ကပစ - ၂၅ ကို ရောက်လာတာလို့ ဆောမြို့နယ်က စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
ဒေသတွင်းသတင်းတွေအရ ဆိပ်ဖြူမြို့က ကပစ - ၂၁ နဲ့ ၂၂ တို့မှာ စစ်ကား အစီး (၆၀) ခန့်နဲ့ အင်အား (၅၀၀) ခန့် ရောက်ရှိနေတယ်လို့ သိရပါတယ်။
ကပစ - ၂၅ ကို ရောက်ရှိနေတဲ့ စစ်သားတွေနဲ့ ဖောကား (၄) စီးဟာ လောင်းရှည်မြို့ကိုဝင်ပြီး ဆောမှာရှိတဲ့ စစ်ကြောင်းနဲ့ အချိန်းအပြောင်းပြုလုပ်ကာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ဘက် ထိုးစစ်ဆင်နိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ခန်းမှန်းထားပါတယ်။
ဆော - လောင်းရှည်လမ်းပိုင်း အလယ်ဗဟိုချက်မှာရှိတဲ့ သီးကုန်းရွာက စစ်ကြောင်းဟာလည်း လောင်းရှည်မြို့ကို စက်တင်ဘာ (၈) ရက်၊ ညနေပိုင်းမှာ ရောက်ရှိလာတယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း စက်တင်ဘာ (၉) ရက်မှာ အသိပေးပါတယ်။
လမ်းကြောပေါ်က ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်တလျှောက်မှာ စစ်တပ်ဘက်က အင်အားအချို့ ချန်ထားခဲ့တာမျိုး ရှိ/ မရှိ ဆက်ပြီးစုံစမ်းနေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ၊ ဆော-ဆိပ်ဖြူနဲ့ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ ဆောမြို့ကတဆင့် ကန်ပက်လက်၊ ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်က ချင်းတောင်ပိုင်း နယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်နိုင်ဖို့ တပ်မ - ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ တို့က ထုတ်နှုတ်တပ်ရင်းတွေကနေ အင်အား (၂) ထောင်လောက်နဲ့ စစ်ကြောင်းထိုးနေတာတွေရှိနေတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုတွေအရ သိရပါတယ်။
ဓာတ်ပုံ - ယောအလင်းတန်း Fb
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
#mCDM
#SpringRevolutionMyanmarPhotos from m.CDM's post801465507_122153161659116009_15924025729800826456_122153161677116009_20876133350801670023_122153161683116009_21908173185 | 3 |
| 11 | Follow us on Telegram
https://ift.tt/CeEnJXx
သံလွင်ရိုးဘေးက ကလောင်သူပုန် (တော်လှန်ဆောင်းပါး)
(ရေး) - တာပလု
(ဖတ်) - ရန်နိုင်Watch video on Facebook.com | 4 |
| 12 | Follow us on Telegram
https://ift.tt/XgSo7mR
"စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး" စာအုပ်
စက်တင်ဘာလကုန်ပိုင်း၊ ထိုင်းနိုင်ငံမှာ စတင်ဖြန့်ချီမယ်
တော်လှန်နယ်မြေအတွင်းက ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ၊ နောက်ခံမိသားစုတွေ၊ တိုက်ပွဲဝင်နေဆဲရဲဘော်တွေနဲ့ နောက်ခံမိသားစုတွေ၊ စစ်ဘေးရှောင်တွေရဲ့ ဘဝ၊ စစ်ဘေးရှောင်တွေရဲ့ခံစားချက်၊ မျှော်လင့်ချက်တွေ၊ တော်လှန်နယ်မြေက ပညာရေး၊ ကျန်းမာရေး၊ လူမူဘဝရှုခင်းတွေ၊ စစ်တပ်ရဲ့ လေယာဥ်တွေကြောင့် ထိခိုက်မှုတွေ ..စတဲ့..စတဲ့.. အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်း ဖတ်ရှုရမယ့် စာအုပ်ဖြစ်ပါတယ်။
" မောင်လူမွှေးတို့ရဲဘော်တွေတိုက်နေတာက အာဏာရှင်စစ်တပ်။ ရဲဘော်တွေအပါအဝင် တော်လှန်ရေးခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင်၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား၊ ပြည်သူအားလုံး ဝိုင်းတိုက်ဖျက်ကြရမှာက အာဏာရှင်စနစ်ဖြစ်တယ်။ အာဏာရှင်စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး။ ပညာနဲ့ဖျက်မှ ရမယ်။" လို့ စာရေးဆရာ မောင်လူမွှေးက ဆိုပါတယ်။
စာအုပ်မှာပါဝင်တဲ့ စာမူတိုင်းမှာ စိတ်ကူးယဥ်ထားတဲ့ဇာတ်လမ်း၊ အကြောင်းအရာတစ်ခုမှ မပါဘူး ဆိုတဲ့ တကြောင်းတည်းသော အမှာစာနဲ့အတူ ထွက်လာမယ့်စာအုပ်မှာ တကယ့်အဖြစ်အပျက်တွေကို ဖတ်ရှုရမှာပါ။
မိုးမခမီဒီယာမှာ တောက်လျှောက် ရေးသားခဲ့တဲ့ အက်ဆေး၊ ဆောင်းပါးတွေထဲကနေ အပုဒ်တစ်ရာကို စုစည်းထားတာဖြစ်ပြီး စာမျက်နှာသုံးရာကျော်ရှိတဲ့ စာအုပ် တစ်အုပ်ကို ဘတ်ငါးရာနဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ဝယ်ယူနိုင်တဲ့ လိပ်စာကို စာအုပ်ထွက်ပြီးတာနဲ့ အသိပေးသွားမယ်လို့ သိရပါတယ်။
* သူ့စာမူတွေကို စတင်ဖတ်ရှုမိချိန်ကစပြီး ကျနော်တော့ သူ့စာတွေကို စောင့်မျှော်ဖတ်ရှုသူတယောက် ဖြစ်သွားခဲ့ပါတယ်။ စာတပိုဒ်ချင်းစီကို ဖတ်ရင်းနဲ့ပဲ ဘာကြောင့် ဒီလောက်တောင် အရေးအသားတွေက ဆွဲဆောင်မှုရှိနေရတာလဲဆိုတာကို တွေးမိရင်းနဲ့ပဲ ကျနော်တို့ဟာ သူ့ရဲ့ အတွေးကမ္ဘာထဲကို တဖြည်းဖြည်းနဲ့ နစ်ဝင်သွားရတော့တာပါပဲ။
စာရေးသက်ရင့်ရင့်နဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ရေးဖွဲ့ထားတဲ့ စာမူတွေဟာ အခု စာအုပ်အဖြစ်နဲ့ ထွက်လာတော့မှာကို ဝမ်းသာဂုဏ်ယူမိသလို စာအုပ်စင်မှာ ရှိနေသင့်တဲ့ လက်ရာတခုလို့လည်း မှတ်ချက် ပေးချင်ပါတယ်။ ဖတ်ရင်းနဲ့ပဲ စဉ်းစားမယ်၊ စဉ်းစားရင်းနဲ့ပဲ ခံစားမယ်။
စာရေးသူရဲ့ အတွေးအဆတွေဟာ စာဖတ်ပြီးတဲ့အချိန်အထိ စာဖတ်သူရဲ့ စိတ်ထဲမှာ မွှေးပျံ့နေဦးမယ်လို့ ယုံကြည်ပါတယ်။
မွှေးပျံ့ခြင်းဆိုတာ ပန်းပွင့်တွေမှာပဲ ရှိတာမဟုတ်ပါဘူး။ ခံစားမှုအမှန်တရားတွေကို သယ်ဆောင်လာတဲ့ စာသားတွေမှာလည်း ရှိပါတယ်။
စာသားတွေက စာရွက်ပေါ်မှာ ရှိပေမဲ့ သူဖော်ကျူးထားတဲ့ အတွေးအမျှင်တွေကတော့ ကျနော်တို့ရဲ့ အသိစိတ်ထဲမှာ ဆက်လက်ရှင်သန်နေပါလိမ့်မယ်။"
* ဆရာတာပလုရဲ့ မှတ်ချက်
(သတင်း - မင်းနွေဦး)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
#mCDM
#SpringRevolutionMyanmar799949544_122153160657116009_55488180909 | 4 |
| 13 | Follow us on Telegram
https://ift.tt/S5u01Xv
ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ ရဲတပ်ဖွဲ့ဖြစ်လာစေဖို့နဲ့ ကျရာတာဝန်တွေ ပူးပေါင်းဆောင်ရွက်ဖို့ KNU တိုက်တွန်း
m.CDM၊ စက်တင်ဘာ ၉
ကရင်အမျိုးသားရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင်လုပ်ဖို့နဲ့ ကျရာတာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တိုက်တွန်းလိုက်ပါတယ်။
စက်တင်ဘာ (၉) ရက်မှာ ကျရောက်တဲ့ (၃၅) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာကနေ KNU ဗဟိုက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့ကို တည်ထောင်ခဲ့ တာဖြစ်တဲ့အတွက် ကရင်လူထုနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ဖို့လိုပြီး ကရင်တမျိုးသားလုံးရဲ့ နိုင်ငံရေးဆန္ဒနဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဖြည့်စွက်ပေးရမယ့်တာဝန်ရှိတယ်လို့ သဝဏ်လွှာက ဆိုထားပါတယ်။
ဒါကြောင့် ကရင်အမျိုးသားရဲတပ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေအားလုံး ကရင်အမျိုးသားအစည်းအရုံးက ကြိုးစားလုပ်ဆောင်ခဲ့တဲ့အတိုင်း ကျရာတာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ကရင်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေ အေးချမ်းစွာနေထိုင်နိုင်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကရင်အမျိုးသားအစည်းအရုံးက ကရင်အမျိုးသားရဲတပ်ဖွဲ့ - KNPF ကို (၁၉၉၁) ခုနှစ်၊ စက်တင်ဘာ (၉) ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။
KNPF မဖွဲ့ခင်ကာလက လူထုလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO က တာဝန်ယူဆောင်ရွက်ခဲ့ရာမှာ KNDO အနေနဲ့ စစ်ရေးဆိုင်ရာနဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ တာဝန်နှစ်ရပ်စလုံးကို ထမ်းဆောင်နေရတဲ့အတွက် တာဝန်မထပ်စေဖို့နဲ့ တရားဥပဒေစိုးမိုးရေး၊ လူထုလုံခြုံရေးဆိုင်ရာတာဝန်တွေကို သီးခြားထမ်းဆောင်နိုင်အောင် KNPF ကို ဖွဲ့စည်းတည်ထောင်ခဲ့တာလို့ သိရပါတယ်။
KNPF ဖွဲ့စည်းတည်ထောင်ပြီးတဲ့နောက် ခေါင်းဆောင်တွေရဲ့ တာဝန်ပေးချက်အရ တာဝန်ရှိသူတွေက ကရင်အမျိုးသား ရဲတပ်ဖွဲ့ကို ခေတ်အဆက်ဆက် စုစည်းဖွဲ့စည်းခဲ့ကြရာမှာ ဗဟိုအဆင့်ကနေ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူလူထု လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်တွေ ထမ်းဆောင်လာခဲ့ကြတာလို့လည်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNPF စတင်ဖွဲ့စည်းချိန်ကနေ လက်ရှိအချိန်အထိ ဗဟိုအဆင့် ရဲမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ကြသူ (၇) ဦး ရှိလာပြီး ပြည်သူလူထုကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်အင်အား၊ အရည်အသွေး၊ စွမ်းရည်နဲ့ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။
ရုပ်သံ - KNU
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
#mCDM
#SpringRevolutionMyanmarWatch video on Facebook.com | 4 |
| 14 | Follow us on Telegram
https://ift.tt/7bF638R
SCEF မှာ စစ်ကိုင်း၊ မကွေးဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ အဖွဲ့ဝင်အသစ်တွေအဖြစ် ပါဝင်လာ
m.CDM၊ စက်တင်ဘာ ၉
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ ပါဝင်လာပြီလို့ SCEF က စက်တင်ဘာလ (၈) ရက်နေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အစည်းအဝေး (၂/၂၀၂၆) ကို စက်တင်ဘာ (၈) ရက်၊ ညနေ (၅) နာရီမှာ ပြုလုပ်ခဲ့ပြီး SCEF မှာ အဖွဲဝင်များအဖြစ် ပါဝင်ကြဖို့ သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEF ရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အလှည့်ကျ သဘာပတိ ခူဦးရယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုတွေကို ဆွေးနွေး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဖက်ဒရယ်ယူနစ်အသီးသီးက ကိုယ်စားလှယ်တွေက နှုတ်ခွန်းဆက်စကားတွေ ပြောကြားခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီက ကောင်စီဝင်စာရင်းကို အတည်ပြုကြေညာကာ သဘာပတိက နိဂုံးချုပ်စကားပြောခဲ့တယ်လို့ SCEF ထုတ်ပြန်ထားပါတယ်။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH, ကရင်အမျိုးသား အစည်းအရုံး KNU, ကချင်လွတ်လပ်ရေးအဖွဲ KIO, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP, ချင်းအမျိုးသားတပ်ဦး CNF တို့နဲ့ ကနဦး ဖွဲစည်းထားတာပါ။
SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမဏ္ဍိုင်၊ ပြည်သူလူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ်နဲ့ ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး လုပ်ဆောင်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပြီးဖြစ်ပါတယ်။
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
#mCDM
#SpringRevolutionMyanmar801010405_122153159151116009_60895816659 | 5 |
| 15 | Follow us on Telegram
https://ift.tt/cCLAYq6
m.CDM တစ်ပတ်အတွင်းသတင်းများ (ကချင်ဘာသာ)- ပဒန်ရှရီWatch video on Facebook.com | 4 |
| 16 | Follow us on Telegram
https://ift.tt/PbBJfCg
ဖာပွန်ခရိုင်က အကြမ်းဖက်စစ်တပ်ရဲ့ ထော်မူပလဲမဲ (လယ်မူပလော) စခန်းကို KNU သိမ်းပိုက်Watch video on Facebook.com | 4 |
| 17 | Follow us on Telegram
https://ift.tt/j2BL8hU
မြန်မာစစ်တပ်ဟာ ဒဏ်ရာရသူတွေနဲ့ ကူညီပေးနေသူတွေကိုပါတိုက်ခိုက်တဲ့ ၂ ကြိမ်ဆင့်တိုက်ခိုက်မှုတွေ လုပ်လာတယ် လို့ IIMM အကြီးအကဲ ဆိုWatch video on Facebook.com | 6 |
| 18 | Follow us on Telegram
https://ift.tt/uXRIqtN
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
m.CDM၊ စက်တင်ဘာ ၉
နယူးယောက်မြို့ ကုသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက စက်တင်ဘာ (၉) ရက်မှာ ထုတ်ပြန်လာပါတယ်။
အကြိမ် (၈၀) မြောက် အထွေထွေညီလာခံ ပိတ်ပွဲအခမ်းအနားကို ဒေစံတော်ချိန် စက်တင်ဘာ (၈) ရက်၊ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနဲ့ ဖွင့်ပွဲကို အဲဒီနေ့ နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလ (၂၀၂၅) ခုနှစ်၊ စက်တင်ဘာကနေ ဒီဇင်ဘာလအကုန်အထိကျင်းပခဲ့တဲ့ Main Part of the Session ကာလနဲ့ (၂၀၂၆) ခုနှစ် ဇန်နဝါရီလဆန်းကနေ စက်တင်ဘာ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ Second Part of the Session ကာလတွေမှာ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွေနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ (၆) ခုရဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့ပြီး မိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး မြန်မာပြည်သူလူထုတရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ချိုးဖောက်ခဲ့တဲ့ကြီးလေးသော ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကနေ ရှောင်တိမ်းနေတာတွေနဲ့ ပြည်သူအများ ကြုံတွေ့ ခံစားနေရတာတွေ အလေးထား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မိတ်ဖက် ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်ကနေ ညှိနှိုင်းဆောင်ရွက်နေမှုတွေကိုလည်း သံအမတ်ကြီးက ကုလအစည်းအဝေးတွေမှာ တင်ပြပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ - ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
#mCDM
#SpringRevolutionMyanmarPhotos from m.CDM's post801585091_122153150721116009_48312328618801585100_122153150739116009_64030338060800994959_122153150775116009_29402382841 | 7 |
| 19 | Follow us on Telegram
https://ift.tt/oaVBzIu
၉ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ ) - AERI
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကချီးမြင့်တဲ့ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ အပ်နှင်းခံရသူတွေထဲမှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် ၃၂၄ ဦးပါဝင်
၂။မြန်မာစစ်တပ်ဟာ ဒဏ်ရာရသူတွေနဲ့ ကူညီပေးနေသူတွေကိုပါတိုက်ခိုက်တဲ့ ၂ ကြိမ်ဆင့်တိုက်ခိုက်မှုတွေ လုပ်လာတယ် လို့ IIMM အကြီးအကဲ ဆို
၃။ရေဦးမြို့နယ် တင်းတိန်ရံရွာကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၇ ဦး သေဆုံး
၄။ပေါက်မြို့နယ်မှာ ပလဖ တာဝန်ခံက ဖမ်းဆီးသွားသူ တစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံး၊တော်လှန်ရေးအပေါ် အထင်အမြင်မလွဲအောင် ထိထိရောက်ရောက် အရေးယူပေးဖို့ မိသားစု တောင်းဆို စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။Watch video on Facebook.com | 6 |
| 20 | Follow us on Telegram
https://ift.tt/Sib1gJy
၉ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းခေါင်းစဉ်များ)
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကချီးမြင့်တဲ့ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ အပ်နှင်းခံရသူတွေထဲမှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် ၃၂၄ ဦးပါဝင်
၂။KIA ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်း အမှတ် ၁ စစ်ဒေသ ကြေညာ
၃။မြန်မာစစ်တပ်ဟာ ဒဏ်ရာရသူတွေနဲ့ ကူညီပေးနေသူတွေကိုပါတိုက်ခိုက်တဲ့ ၂ ကြိမ်ဆင့်တိုက်ခိုက်မှုတွေ လုပ်လာတယ် လို့ IIMM အကြီးအကဲ ဆို
၄။ရေဦးမြို့နယ် တင်းတိန်ရံရွာကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၇ ဦး သေဆုံး
၅။ရခိုင်ဒေသမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ိခုက်မှုကြောင့် အဖွားအို တစ်ဦး သေဆုံး၊မြဝတီနဲ့ ငါန်းဇွန်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနဲ့ သံဃာတော် ၁ ပါး အပါအဝင် ၅ ဦး သေဆုံး၊ဧရာဝတီ မြစ်ကမ်းဘေးက ကျေးရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ
၆။သရက်ချောင်းမှာ စစ်ကော်မရှင်စစ်ကြောင်းရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး၊သိန္နီက MMDAA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု တရုတ်လုပ်ငန်းရှင် ၂ ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံး၊
၇။ ဖာပွန်ခရိုင်က အကြမ်းဖက်စစ်တပ်ရဲ့ ထော်မူပလဲမဲ (လယ်မူပလော) စခန်းကို KNU သိမ်းပိုက်
၈။ ပေါက်မြို့နယ်မှာ ပလဖ တာဝန်ခံက ဖမ်းဆီးသွားသူ တစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံး၊တော်လှန်ရေးအပေါ် အထင်အမြင်မလွဲအောင် ထိထိရောက်ရောက် အရေးယူပေးဖို့ မိသားစု တောင်းဆို၊
၉။အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဒုရဲအုပ်က ယာဉ်မောင်းတစ်ဦးကို အမြန်လမ်းမှာ ပစ်သတ်ပြီး ကားလုယူ၊
၁၀။ကြံဖွံပါတီရဲ့ ကန့်ကွက်မှုကြောင့် ပြည်သူ့ပါတီ ကိုယ်စားလှယ် ၂ ဦး ရွေးတုလွတ်တော်ကနေ ပယ်ဖျက်ခံရWatch video on Facebook.com | 5 |
