en
Feedback
အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

Open in Telegram

လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ် ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်

Show more
9 732
Subscribers
+3724 hours
+1977 days
+46430 days
Posts Archive
ဖြစ်ပြန်ပြီ..... ထပ်ဖြစ်ပြန်ပြီလို့....... ရေရွတ်ရုံကလွဲပြီး..... ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ပြန်ဘူး.....။ #crd #Nafisah@Feelitsadly

-သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်က လေ သူ တန်ဖိုးထားရတဲ့ဆက်ဆံရေးတစ်ခုကို အဆင်မပြေလို့ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ လွယ်လွယ်ကူကူလေး မစွန့်ခွါတတ်ဘူး ။ ပထမ အဆင်မပြေဘူးဆိုတဲ့အရာတွေကို ညှိယူဖို့ ကြိုးစားလိမ့်မယ် ပြောပြလိမ့်မယ် အဲ့လို ပြောပြနေခြင်းတွေက အဆင်မပြေတာတွေ ပိုဖြစ်လာရင် မြိုသိပ်ဖို့ တွေးမိလိမ့်မယ် တကယ် သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကလေ သူ မကြိုက်ဘူးဆိုတဲ့အရာတွေကို သူသိပ်ချစ်တဲ့ လူတစ်ယောက်က လုပ်နေခဲ့ရင် အဲ့ဒီအရာကို သဘောကျတတ်ဖို့ တစ်ခါတော့ ကြိုးစားကြဖူးတယ်တဲ့ ။ ထားပါတော့ အဆင်မပြေတဲ့အရာတွေကို မြိုသိပ်ထားရင်းက နာကျင်လာရတဲ့ နေ့ရက်တွေမှာ အရင်လို ပြန်ဖြစ်လာရင်ဆိုတဲ့ မျှော်လင့်ချက်လေး ထားတတ်ကြသလို အဲ့ဒီနေ့ရက်တွေထိ သူ တန်ဖိုးထားရတဲ့ ရပ်ဝန်းကနေ လှည့်ထွက်ဖို့ တွေးတောင် မတွေးရဲသေးပါဘူး ကျွန်မ သိပ် နာကျင်နေရတယ်ဆိုတဲ့ စကားလုံးလေးနဲ့ ဂရုစိုက်ဖို့ သတိပေးခဲ့လိမ့်မယ် ကျွန်မ လှည့်ထွက်မိသွားလိမ့်မယ်ဆိုတဲ့ စကားလုံးလေး သုံးလာတဲ့ ရက်တွေကျရင်တော့ သူက တကယ်ပဲ မျှော်လင့်ချက် မဲ့နေခဲ့တာ သေချာပါတယ် လမ်းခွဲရအောင်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ် ကျွန်မ နေခဲ့လိုက်တော့မယ်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ်သုံးပြီး လွယ်လွယ်လေးနဲ့ဆိုပြီး လူတွေက နောက်ဆုံးကျတော့မှ သူ သိပ်ချစ်တဲ့ လူတစ်ယောက်အနားက လှည့်ထွက်ခဲ့ဖို့ ရွေးတာပါ မြင်ကြပေမယ့် တကယ်တမ်းကျတော့ လွယ်လွယ်ကူကူလေး မဟုတ်ခဲ့သလို လှည့်ထွက်နိုင်ဖို့ဆိုတာ တော်ရုံနာကျင်မှုမျိုးနဲ့တော့ မဟုတ်ဘူး ။ တစ်ယောက်တည်းငို ပြီး ညတွေအများကြီးကို ဖြတ်သန်းခဲ့ဖူးပြီဖြစ်သလို လမင်းကြီးနဲ့ကော ကြယ်တွေနဲ့ကော စကားပြောဖူးတဲ့အထိ အထီးကျန်ခဲ့ဖူးပြီမို့ အဲ့ဒီမိန်းကလေးက တစ်ယောက်တည်းလည်း ရှေ့ဆက်လျှောက်နိုင်တဲ့အထိ သန်မာလာအောင် ဒဏ်ရာတွေကပဲ သင်ပေးခဲ့တာပါ ။ #crd #ကျေးကို #Nafisah@Feelitsadly

တောင်းဆိုနေရတယ်ဆိုရင်..... သေချာပေါက် ကိုယ့်အတွက် မဟုတ်လို့ပေါ့.......။ #crd #Nafisah@Feelitsadly

ဆက်ဆံရေးတွေ၊ ပတ်သက်မှုတွေ အချိန်ကြာမြင့်စွာ တည်မြဲနေဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ။ လူနှစ်ယောက် ဆက်သွယ်ထားတဲ့ Relationship တွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အကျင့်စရိုက်တွေ၊ အတွေးအခေါ် ကွာခြားမှုတွေ၊ ခံယူချက်ချင်း သဟဇာတမဖြစ်မှုတွေကို အများကြီး ညှိနှိုင်းခဲ့ကြရမှာ။ အပြန်အလှန် သည်းခံရတာတွေလည်း ရှိမှာပါပဲ။ အများကြီးလည်း ခွင့်လွှတ်ခဲ့ကြရမှာပဲ။ ကိုယ့်စိတ်နဲ့ကိုယ်တောင် တစ်သားတည်းမဖြစ်တဲ့ လူ့သဘာဝကြားထဲ လူနှစ်ယောက် စိတ်သဘောထားချင်းညှိဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ တစ်ယောက်က အရေးမကြီးဘူးလို့ တွေးတဲ့ ကိစ္စတွေကို တခြားတစ်ယောက်က အရေးကြီးလို့ ခံစားရတာလည်း ရှိခဲ့ကြမယ်။ တစ်ဖက်ရဲ့ ရိုးရိုးသားသားနားမလည်တဲ့ အမှားသေးသေးတွေက တစ်ဖက်အတွက် ကြီးမားတဲ့ ထိခိုက်မှုမျိုးဖြစ်သွားတာတွေလည်း ရှိမယ်။ ပျော်စရာတွေ ရှိသလို စိတ်ပျက်ရတာတွေ စိတ်တိုရတာတွေလည်း ရှိကြမှာပဲ။ တစ်ယောက်ကိုတစ်ယောက် အလိုမကျတိုင်းသာ လက်လွတ်ခဲ့ကြမယ်ဆိုရင် သက်ဆုံးတိုင်ဆိုတဲ့စကားတွေ ရိုးမြေကျဆိုတာတွေလည်း ရှိလာတော့မှာမဟုတ်ဘူး။ လူနှစ်ယောက် နှစ်တွေအကြာကြီး အတူရှိသွားကြတယ်ဆိုတာ မျိုးကလေ အရာရာထပ်တူညီပြီး တစ်သဘောထားတည်း ဖြစ်နေလို့မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ခွင့်လွှတ်ခဲ့ကြလို့ပဲ။ ဘယ်နှကြိမ်လဲ မမှတ်မိနိုင်တော့တဲ့အထိအကြိမ်ပေါင်းများစွာပေါ့။ တစ်ယောက်ကို တစ်ယောက် ခွင့်မလွှတ်နိုင်ရင် ကျွန်တော်တို့ ဘယ်လိုမှ ရှေ့ဆက်လို့မရဘူး မဟုတ်လား။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က နားထောင်ပြီး အလေးထား ပြင်ဆင်ပေးဖို့လိုအပ်သလို တစ်ယောက်ရဲ့ အပြစ်တွေကို တစ်ယောက်က ခွင့်လွှတ်ပေးတတ်ဖို့လည်း အမှန်တကယ် လိုအပ်ပါသေးတယ်။ ဒါကြောင့် အချိန်ကြာကြီး တူတူရှိသွားချင်ကြတဲ့အခါ တချို့မသိတတ်မှုတွေ အမှားလေးတွေကို သက်ပြင်းချရင်း ခေါင်းလေးယမ်းရင်း ခွင့်လွှတ်လိုက်ကြတာပါပဲ။ ခွင့်မလွှတ်နိုင်တော့အောင် စုထားမိတဲ့ စိတ်အနာလေးတွေ အရမ်းများလာပြီဆိုရင်တော့ သက်ဆုံးတိုင်ဆိုတဲ့ ဇာတ်လမ်းလေးကို ကျွန်တော်တို့ ရပ်တန့်လိုက်ကြရမှာပဲ။ #crd #Nafisah@Feelitsadly

တချို့ယောကျာ်းလေးတွေဟာ ကိုယ့်ကိုအရမ်းချစ်တဲ့မိန်းမတ ယောက်ကို ဘာကြောင့်များ စိတ်ဆင်းရဲအောင် ပြုမူဆက်ဆံသလဲ ၊ တန်ဖိုးမထားသလဲ ၊ မလိုအပ်သလဲ ဆိုတာကို။ ကိုယ့်အတွက်ဆို ဘာမဆို ရင်ဆိုင်ဖို့အသင့်ရှိတဲ့ မိန်းမ. ကိုယ်နဲ့ဆို ဘယ်ဘဝရောက်ရောက် လက်တွဲမဖြုတ်ဘူးဆို တာသေခြာနေပြီးသား မိန်းမ. ။ စားဖို့ထမင်းတစ်ပန်ကန်တည်းရှိရင်တောင် အဲ့ဒီတစ်ပန်ကန်ကို ကိုယ့်ကိုပဲကျွေးမယ့်အထိ ချစ်တတ်တဲ့ မိန်းမ. ။ ကိုယ့်အတွက်ဘယ်လောက်ထိ ပေးဆပ်ရဲ၊ ချစ်ပြရဲမှန်း သိနေတဲ့ မိန်းမကို ဘာလို့များ တန်ဖိုးမထားတာ ပါလိမ့်ပေါ့။ ဒီမိန်းမအပြင် တစ်ခြားမိန်းမတွေလည်း အဲ့ဒီလိုအချစ်မျိုးနဲ့ ကိုယ့်ကိုချစ်အုန်းမှာ ပါ ဆိုတဲ့ အတွေးမျိုးကြောင့်လား။ ပေးဆပ်လွန်းတဲ့အခါ တန်ဖိုးထားစရာလို့မမြင်တော့ပဲ ပိုပိုပြီး အောက်ကျစေချင်တာလား။ ငါမရှိရင်မဖြစ်ဘူးဆိုတဲ့အသိစိတ်နဲ့ ငါလုပ်ချင်တာငါလုပ်မယ်ဆို ပြီး တွေးပြီး လုပ်နေတာလား . . . အမှန်တကယ် ဆို မိန်းကလေးဘက်က အတင်းကြီးလိုက်ကပ်လို့ ချစ်သူရည်းစားဖြစ်သွားတယ်ဆိုတာ ရှားပါ ။ ယောကျာ်းလေးတွေကပဲ မရခင်က. အသည်းအသန် ချစ်ပြ ကြင်နာပြနဲ့ မိန်းမတွေ တကယ်ချစ်ပြီး ကိုယ့်ဘဝထဲ ပစ်ဝင်လာမ ယ့် အချိန်ကျတော့မှ ရှောင်ဖယ်ပြေးရတာ ပျော်ကြရဲ့လား။ အဲ့လိုမျိုး တစ်ဘဝလုံး စာအတွက် မရည်ရွယ်ခဲ့ဘူး ဆိုရင် သူ့မာန်နဲ့ သူ သူအလှနဲ့သူ သူ့ အသိုင်းအဝိုင်းနဲ့သူ တင့်တယ်နေပြီးသား မိန်းမ တယောက်ကို မလှည့်ဖြားသင့်ဘူး ထင်တာပဲ။ ကိုယ့်ကိုအရမ်းချစ်မှန်း သိနေရက်နဲ့ တဖက်မိန်းကလေးကို မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင် အနိုင်ကျင့်ပြီး စိတ်ဆင်းရဲအောင် ထားတဲ့ ယောကျာ်းလေးတွေကိုတော့ ဆုတောင်းပေးချင် တယ်။ အကယ်၍၊ သူမနဲ့လွဲခဲ့သော်၊ သူမဆီကရခဲ့သလို ချစ်ခြင်း မေတ္တာ မျိုး နောက်ထပ် ဘယ်သူ့ဘယ် သူဆီကမှ ထပ်မရပါစေနဲ့ပေါ့ #crd #Nafisah@Feelitsadly

ဘာမဟုတ်တာလေးနဲ့ အဲ့လောက်ထိဖြစ်စရာ လိုလို့လားတဲ့ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့တဲ့ ဟုတ်ပါတယ် တကယ်ဘာမဟုတ်တဲ့ကိစ္စလေးပါ ဒီတိုင်း ကိုယ့်ဘက်က အလျှော့ပေးပြီး ဘာမှမဖြစ်သလို နေ ပေးလိုက်ရင် အရာရာ အဆင်ပြေသွားမှာပါ ဒါဆို မင်းဘက်ကရော အလျှော့ပေးဖို့ မရှိဘူးလားဟင် ..အဲ့ညက ကိုယ်စိတ်ကောက်နေတဲ့အချိန်မှာ မင်းဘက်က နှစ်နာရီလောက် ပျောက်မသွားပဲ ကိုယ့်ကိုသာ သေချာစကားပြောပေးရင် ပြီးသွားမယ့်ကိစ္စပါ ။ မင်းချော့တာပဲ ဘာလို့မပြေလဲတဲ့ ? ဘယ်လောက်များ အချိန်ယူပြီးချော့ခဲ့လဲ တကယ်ဆိုကိုယ်ဘာ လိုချင်လဲ မင်းလည်းသိနေတာပဲမလား မင်းတွေးကြည့် ကိုယ့်ဘက်ကသာ မလျှော့ရင် မင်းဘက်ကလည်း လျှော့ဖို့ အစီအစဉ်မရှိဘူးမလားဟင်.... ကိုယ်က သိပ်မာနကြီးတယ်တဲ့ သိပ်ဝမ်းနည်းလွန်းလို့ ကိုယ်တိတ်ဆိတ်နေတာပါ......။ #crd #Nafisah@Feelitsadly

ကွယ်ရာမှာ အတင်းပြောတာဟာ..... ကိုယ့်ခြေထောက်ကို သူရှိခိုးတာပေါ့...... #crd #Nafisah@Feelitsadly

တရားလိုက်ကြတာ လူတွေကလေ....... ပြီးဆုံးသွားတဲ့ အတိတ်တုန်းက သူမက...... အခု လက်ရှိ ‌တူတူရှိနေတဲ့ သူမကို မြင်ရင်...... သူတို့ကိုပါ အလိုတူ အလိုပါလို့ တွေးပြီး စိတ်မကောင်းဖြစ် စိတ်ကွက်သွားမှာစိုးရိမ်လို့တဲ့...... လက်ရှိ တူတူရှိနေတဲ့သူမကိုကျတော့ အားမနာတတ်တော့ပြန်ဘူး...... အရင်တုန်းကသူမရှေ့မှာ လက်ရှိသူမ ပေါ်လာမှာဆိုးလို့ လက်ရှိသူမကို ပုန်းခိုင်းထားသတဲ့......။ #Nafisah@Feelitsadly

တစ်ချို့က ကျန်ခဲ့တယ်..... တစ်ချို့က ချန်ခဲ့တယ်...... ဝေးတာက ဝေးတာပါပဲ.......။ #crd #Nafisah@Feelitsadly

စွန့်ပစ်လိုက်ကြတာများ ...... ကိုယ့်ကြောင့် တစ်ခါမှ...... မပြုံးမရယ်ခဲ့ရဖူးသလိုပဲ......။ #crd #Nafisah@Feelitsadly

ချစ်ခြင်းမေတ္တာဆိုတာ...... မနက် အိပ်ရာက ထတာနဲ့ သူကြိုက်တတ်တဲ့ မနက်စာလေးစီစဉ်ပေးတာမျိုး...... နေ့လည်ဘက် အလုပ်သွားတဲ့သူကို ထမင်းစားပြီးပြီလား အအေးလေး ကောက်ဖီလေးသောက် နားနားနေနေ လုပ် ဆိုပြီး သတိတရ ဖုန်းဆက်ပြီး မေးပေးတာမျိုး...... အလုပ်သွားတဲ့သူကလည်း အိမ်မှာ ကျန်ခဲ့တဲ့သူကို သူ ဘယ်သွားနေကြောင်း ဘယ်အချိန် ပြန်လာမယ်ဆိုတဲ့အကြောင်း ဘယ်သူတွေရှိကြောင်း အသိပေးပြောပြတာမျိုး....... အိမ်ပြန်လာမယ့်သူကို ထမင်းမစားသေးပဲ စောင့်နေတာမျိုး..... အိမ်ပြန်လာတဲ့သူကလည်း အိမ်မှာ ထမင်းစားဖို့ စောင့်နေမှန်းသိလို့ မြန်မြန်ပြန်လာတာမျိုး..... တစ်နေကုန် ကြုံတွေ့တာတွေကို ရင်ဖွင့်ကြတာမျိုး...... နှစ်သိမ့်ကြတာမျိုး...... အခုလို အသေးမွှားဆုံးအရာလေးကနေ စပြီး ကြီးကျယ်တဲ့အ‌ရာတွေအထိ ဘယ်လိုအခက်အခဲ ကြုံကြုံ တူတူရင်ဆိုင်ဖြေရှင်းကြတာတွေပါ ထည့်ပေါင်းမှ ပိုပြီးခိုင်မာတဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်ပေါ်လာမှာပါ...... #Nafisah@Feelitsadly

ကျွန်တော့်ရဲ့ စွန့်လွှတ်နိုင်စွမ်းကို မသိပဲ...... ကျွန်တော့်ရဲ့ စွန့်လွှတ်ရမှာ ကြောက်တတ်တဲ့စိတ်ကိုပဲ သိပြီး...... ကျွန်တော့်ကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့...... ပုံစံမျိုးနဲ့ လူတွေကိုပဲ..... ကျွန်တော် တကယ်ကြီး စွန့်လွှတ်ပစ်ခဲ့တာမျိုး ဆိုပါတော့.......။ #crd #ThetNaingOo #Nafisah@Feelitsadly

ငါ့ညီရေ ဒီတစ်ခေါက်တော့ ကော်ဖီတခွက်ပဲချကွာ ..... မင်းအစ်မက အစ်ကို့ကို စိတ်ဆိုးနေပုံရတယ်...... "တစ်သက်လုံး ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး''တဲ့ ။ #crd #အလင်းသင် #Nafisah@Feelitsadly

ကျွန်မကိုလေ Editing လေး သင်ပေးချင်တဲ့သူများရှိကြလားရှင့် #Nafisah

အပေါ်က ကျွန်မယောက်ျားရဲ့ဆိုင်နော် အဲ့ချန်နယ်ကို ဝင်ပေးကြပါအုံး

https://t.me/AungFamilyChannel ကြေညာလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါ‌ရစေ လူကြီးမင်းတို့ရဲ့ မော်တော်ကားများအတွက် ဂျပန်ကားအပိုပစ္စည်း အစိတ်အပိုင်းများကို Second, Brand new များကို ဈေးနှုန်းသက်သာစွာနဲ့ တစ်နေရာတည်းမှာ အစုံအလင် ရတဲ့ Aung Family ဆိုတဲ့ ဆိုင်လေးကို မိတ်ဆက်ပေးချင်လို့ပါ

တကယ်တော့ ဒီဆက်ဆံရေးဟာ အခွံပဲ။ မင်းလည်း မမှားသလို ကိုယ်လဲ မလွန်ဘူး။ ကိုယ်တို့မှားသွားတာက မတူညီတဲ့ အကျင့်စရိုက်တွေကို ဆွဲညှိနိုင်မယ်လို့ ထင်ခဲ့ကြတာ။ ဒီတော့ မင်းလဲ မပျော်ရွှင်ရ၊ ကိုယ်လဲ စိတ်တိုင်း မကျ၊ We failed to see how f**king wrong things had gone where we loved! #crd #tarmhyuunge #Nafisah@Feelitsadly

ငါ သူ့ ကို စတင်ရွေးချယ်ခဲ့တုန်းကလေ လောကကြီးတစ်ခုလုံးကို ကျောခိုင်းပြီးတော့တောင် "ငါ့ရွေးချယ်မှု ဘယ်တော့မှ မမှားစေရဘူး" ဆိုပြီး ယုံကြည်ချက်တွေနဲ့ ရဲရဲကြီး သက်သေပြချင်ခဲ့ တာပါ......။ သူကတော့ တခြားလူတွေနဲ့ မတူလောက်ဘူး.......။ သူကတော့ ငါ့တန်ဖိုးကို နားလည်ပေးမယ့်သူ....... ငါ့အချစ်ကို တန်ဖိုးထားမယ့် လူကောင်းတစ်ယောက်လို့..... ငါ့ဘက်က အထင်ကြီး လေးစားခဲ့မိတာပေါ့......။ ဒါပေမဲ့ အခုတော့ကွာ..... ငါ့မာနတွေလည်း ကျိုးပဲ့ကြေမွသွားခဲ့ပါပြီ......။ အခု ငါရပ်နေတဲ့ နေရာမှာ..... အားလုံးက ငါ့ကို ဝိုင်းကြည့်နေကြတယ်.......။ ငါ့မျက်လုံးအိမ်ထဲက စီးကျလာမယ့် မျက်ရည်တွေကို ဘယ်သူမှ မမြင်စေချင်လို့ အတင်းအဓမ္မ မနည်းကို ထိန်းချုပ်ထားရတယ်.......။ ရင်နာစရာအကောင်းဆုံးက ဘာလဲသိလား.......။ ငါ အမြတ်တနိုး တန်ဖိုးထားခဲ့တဲ့သူက ငါ ထင်သလို ထူးခြားမနေခဲ့ဘူးဆိုတာပါပဲ.....။ သူများတွေ ပြောပြောနေကြတဲ့သစ္စာမရှိတဲ့လူ၊ တာဝန်မဲ့တဲ့လူ၊ ခံစားချက်ကို နင်းချေတတ်တဲ့ လူ.......။ သူလည်း အဲဒီလို "လူစားမျိုး" ထဲက တစ်ယောက်ပါပဲလားဆိုတာကို ငါ့မှာ အရှက်တရား တွေနဲ့အတူ ခါးခါးသီးသီး လက်ခံလိုက်ရပြီလေ။ #crd #Nafisah@Feelitsadly

ငါ ချစ်တဲ့သူက အဲ့လိုလူမျိုးပါ့လားဆိုပြီး...... ရှက်ရှက်နဲ့ လက်ခံလိုက်ရတယ်.......။ #crd #Nafisah@Feelitsadly

ဆိုးခဲ့ဖူးသမျှတွေ‌ကို...... ကောင်းခဲ့ဖူးတာတွေနဲ့ ကျေအေးပေးလိုက်တာမို့...... စိတ်နာတာလည်း မရှိတော့ဘူး......။ ခွင့်မလွှတ်နိုင်တာလည်း မရှိတော့ဘူး......။ #crd #Depayy #Nafisah@Feelitsadly