en
Feedback
အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

Open in Telegram

လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ် ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်

Show more
9 732
Subscribers
+3724 hours
+1977 days
+46430 days
Posts Archive
ချစ်ခြင်းမေတ္တာမှာ...... အေးချမ်းမှုတွေ ပိုပိုသာသာ ပျော်ဝင်နေတယ်......။ ပူလောင်မှုနဲ့ စိုးရိမ်စရာတွေ..... ပိုနေခဲ့ရင်တော့...... အချစ်မဟုတ်တဲ့ ဝဋ်ဖြစ်ပါလိမ့်မယ်......။ #crd #ငြိမ်းရိပ် #Nafisah@Feelitsadly

သံယောဇဉ်တဲ့.... တစ်ကြိုးဆို တစ်ကြိုး...... တော်တော် ဖြတ်ဖို့ ခက်တာပဲ...... #Nafisah@Feelitsadly

အမြဲ မခွဲခွာတာကမှ အချစ်မဟုတ်ဘူး...... ခွဲခွာသင့်လို့ ခွဲခွာတာဟာလည်း အချစ်ပဲ......။ #crd #ပုညခင်//တောင်တန်းတွေရဲ့အလွန် #Nafisah@Feelitsadly

ငါစခဲ့မိတဲ့ ဇာတ်လမ်းဖြစ်နေလို့...... ရပ်တန့်ဖို့ ခက်ခဲနေတာပါ...... ငါ တောင်းပန်ပါတယ်....... #crd #Nafisah@Feelitsadly

ငါ ချစ်နေတုန်းမို့ ဆုံးရှုံးမှာစိုးရိမ်နေလို့သာ...... မင်း ငါ့ရဲ့ စကားသံတွေကို ကြားနေရသေးတာပါ...... #crd #Nafisah@Feelitsadly

ခင်ဗျားတို့ရဲ့ ဝတ်‌ကျေတန်းကျေ ဆကိဆံရေးတွေကို...... ကျွန်တော် ဘယ်နှခါ စောဒက တက်ခဲ့ဖူးလို့လဲ......။ #crd #Nafisah@Feelitsadly

အဆင်ပြေမယ်ဆိုရင်ပေါ့လေ...... ခလုတ်မထိ ဆူးမငြိပဲ...... သေချင်ပါတယ်.......။ #crd #အောင်ချိမ့် #Nafisah@Feelitsadly

တွယ်တာလှပေမယ့်..... ကွယ်ရာကပဲ ချစ်တော့မယ်......။ #crd #မောင်စိန်ဝင်း//စွယ်တော်တန်းကအလွမ်းခြေရာ #Nafisah@Feelitsadly

တစ်ချို့လူတွေက..... ကျွန်တော်တို့ကို ချစ်တာ မဟုတ်ဘူး......။ ကျွန်တော်တို့ ချစ်ပေးတာကို ချစ်တာ......။ #crd #ငြိမ်းရိပ် #Nafisah@Feelitsadly

နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်...... တစ်ခါလောက် ဆုံကြရအောင်......။ လက်ကျန်သံယောဇဉ်နဲ့...... လာမယ်လို့ ယုံကြည်ပါတယ်......။ #crd #ပါပီယွန်//ဇီးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး #Nafisah@Feelitsadly

တစ်ခါတစ်လေ..... ကျွန်မနဲ့ ပတ်သတ်ပြီး..... တိုက်ဆိုင်မှု အမှတ်တရတွေများရှိရင်...... တကယ်သတိမရတာလား...... မေ့ထားတာလား မောင်ရယ်......။ #crd #ဂျူး//အမှတ်တရ #Nafisah@Feelitsadly

ကိုယ်သန်တာ..... ကိုယ် ပြိုင်ရတာပဲပေါ့လေ......။ မု‌သားတွေ..... ပြိုင်ကောင်းမလား......။ #crd #အောင်ချိမ့်//ငါ့စုဗူး - ၉၀ #Nafisah@Feelitsadly

ရှင် ကိုးကွယ်တဲ့ လွတ်လပ်မှုက..... ရှင့်ကို ကောင်းကောင်းစောင့်ရှောက်ပါရဲ့လား .......။ ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတဲ့ ကုထုံးက...... ရှင့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်ရဲ့လား......။ #crd #မြကျေး #Nafisah@Feelitsadly

လိုလိုလားလား မရှိတော့ရင်...... ကျွန်တော်လည်း ရှိပေးချင်မှ ရှိပေးနိုင်တော့မယ်...... #crd #Nafisah@Feelitsadly

မေတ္တာနဲ့ ထွေးတိုင်းလည်း..... မနွေးပါ့လား ကိုကိုရယ်..... #crd #မိုးမိုး(အင်းလျား)//ပျောက်သောလမ်းမှာစမ်းတဝါး #Nafisah@Feelitsadly

TikTok ‌မှာ Cele ဖြစ်ရုံနဲ့ ရွှေကြိုမဖြစ်နိုင်ဘူးဆိုတဲ့ လူကြီးမင်းတွေက...... အကယ်ဒမီပွဲနေ့မှာ TikTok Cele (ငွေကြေးအင်အားကြီးသူ) တွေကိုပဲ ရွေးဖိတ်ထားပါတယ်ရှင့်..... #Nafisah@Feelitsadly

ပြန်လိုချင်တဲ့ စိတ်ကို..... ဘယ်သူမှ မသိအောင် ဖွက်ထားပြီး...... တံခါးကို ပိတ်ထားဖို့....... ကိုယ် ဘယ်လောက်တောင်...... သန်မာချင်ယောင်ဆောင်ခဲ့ရလဲ........။ #crd #မာဂရက် #Nafisah@Feelitsadly

ဘူတာရုံကို မြင်မိတော့..... ဆတ်ခနဲ မျက်နှာလွှဲထားမိတယ်.....။ တစ်စုံတစ်ယောက်ကို အကြိမ်ကြိမ်လာကြိုခဲ့ဖူးသလို..... အကြိမ်ကြိမ် ပြန်လိုက်ပို့ခဲ့ဖူးတဲ့ မြင်ကွင်းတွေ..... ပြန်ပေါ်လာမှာ ကျွန်တော်ကြောက်တယ်......။ #crd #ပါပီယွန် #Nafisah@Feelitsadly

အငိုသန်တဲ့ ကောင်လေးလည်း...... ခုဆို လူကြီးဆန်ရော့မယ်.....။ ဒါပေမယ့်...... သူ့ရဲ့ တမ်းတတတ်တဲ့ အကျင့်လေးကတော့...... ပြောင်းလဲမည် မဟုတ်ပါ.....။ #crd #ကြည်အေး #Nafisah@Feelitsadly

ခွဲရမှာပဲ.....။ တစ်နေ့ကျရင်တော့...... အားလုံး ခွဲကြရမှာပဲ......။ မွေးလာကတည်းက..... တစ်ယောက်တည်း မွေးလာရတာ......။ နောက်ဆုံး မပြန်လမ်းကိုတောင် လျှောက်ပြီး...... အပြီးအပိုင် ခွဲကြရမှာပဲ.......။ #crd #မစန္ဒာ #Nafisah@Feelitsadly