en
Feedback
အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

Open in Telegram

လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ် ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်

Show more
9 732
Subscribers
+3724 hours
+1977 days
+46430 days
Posts Archive
ရှိုက်သံ မကျယ်လို့...... မငိုဘူး ထင်ခဲ့တာမလား.......။ #crd #Nafisah@Feelitsadly

ချစ်တာကို ကိုယ်သိပါတယ်။ ဒီအတိုင်းလေး အလိုမကျရုံပါ။ ကိုယ့်ကို အချိန်ပေးစေချင်တယ်။ ဂရုစိုက်စေချင်တယ်။ မင်းရဲ့တစ်ဘဝလုံးကို ကိုယ်နဲ့ပဲ သက်ဆိုင်စေချင်တယ်။ ကိုယ့်အကြောင်းတွေကို တွေးစေချင်တယ်။ ကိုယ့်နံဘေးမှာပဲ ရှိနေစေချင်တယ်။ စားရတဲ့ကလေး ပိုငတ်သတဲ့။ မင်းဆီက ရပြီးရင်းရနေတဲ့ မေတ္တာတွေကိုတောင်မှ ကိုယ့်မှာ မတင်းတိမ်နိုင်တယ်။ လောဘကြီးစွာ ခပ်တင်းတင်းပါပဲ ကိုယ်မင်းကို ချစ်ပါတယ်။ #crd #tarmhunge #Nafisah@Feelitsadly

အထက်တန်းစား မိန်းမဖြစ်ချင်ရင် အခုလို အိမ်အလုပ်တွေ လုပ်တတ်လို့ မိန်းမပီသလှပြီရယ်လို့ အထက်တန်းစားဖြစ်မယ် မထင်နဲ့။ ဆိုတာ ကြောက်သင့်မှ ကြောက်ရမယ်၊ ရှက်သင့်မှ ရှက်ရမယ်။ တကယ့် မိန်းမဖြစ်ချင်ရင် မိန်းမအမူအရာနဲ့ ယောက်ျားစိတ် ရှိရမယ်၊ နားလည်ရဲ့ လား။ ယောက်ျားအမူအရာနဲ့လည်း မိန်းမစိတ် ရှိရမယ်။ အဲဒီလိုမှ မရှိရင် အဲဒီမိန်းမဟာ သေရောပဲ၊ အရှင်လတ်လတ်နဲ့ အသုံးမဝင်ဘဲ သေတာကို ပြောတာ ဘာအဖိုးတန်သလဲ၊ မိန်းမကလည်း ဖြစ်ရပြန် ကိုယ့်ကိုယ်ကိုယ် လည်း နောက်ပြန်ဆွဲနေပြန်ဆိုရင် ခပ်လည်လည် ခပ်ပွေပွေ ယောက်ျား မျိုးရရင် နင်တော့ ဒူးနဲ့မျက်ရည်သုတ်နေရပြီပဲ #crd #ဂျာနယ်ကျော်မမလေး//သူ့လိုမိန်းမ #Nafisah@Feelitsadly

စိတ်အနာတရဖြစ်အောင် လုပ်တဲ့ လူတွေအကုန်လုံးကို ဘယ်တုန်းကမှ ခွင့်မလွှတ်သလို ဘယ်တော့မှလည်း ခွင့်မလွှတ်ဘူး......။ ဘဝထဲကနေ အဲ့ဒီလူတွေကို ထုတ်ပ၊စ်လိုက်ပေမယ့် အဲ့ဒီလူတွေ လုပ်တဲ့ လုပ်ရပ်တွေကိုတော့ ဘယ်တော့မှ မမေ့ဘူး.....။ မဖြစ်မနေ ပြောဆိုဆက်ဆံရမယ့် အနေအထားဆိုရင်တောင် အပေါ်ယံကလွဲပြီး ဘာမှ မရှိတဲ့အပြင်.... စကားပြောမိတဲ့အချိန်တွေ..... အသံကြားရတဲ့အချိန်တွေ..... မျက်နှာမြင်ရတဲ့ အချိန်မှာဆို မုန်းတယ်......။ #crd #Nafisah@Feelitsadly

ခဏလေး တွေ့ခွင့်ရခဲ့တဲ့ ရေစက်တွေက...... နှလုံးသားကို အလုပ်ရှုပ်စေခဲ့တာပဲ......။ #crd #Nafisah@Feelitsadly

ကိုယ့်ဘာသာ ပြုတ်ကျပြီး..... ကိုယ့်ဘာသာ ပြန်ထရတဲ့ ကလေးလိုပါပဲ......။ ချစ်ခြင်းမေတ္တာဟာ..... ဘာအပြစ်မှ မရှိပါဘူး......။ ကိုယ့်မရင့်ကျက်ခြင်းနဲ့ ကိုယ်ပါပဲ......။ #crd #Nafisah@Feelitsadly

အဆုံးရဲ့ အစလား..... အစရဲ့ အဆုံးလား......။ #crd #Nafisah@Feelitsadly

အဲ့နေ့တုန်းက..... ငါသာ သည်းခံခဲ့ရင် ဝေးရမှာ မဟုတ်ဘူး..... မဟုတ်ဘူး..... ငါကချည်းပဲ အမြဲသည်းခံခဲ့တာ...... ဒီလို တုံ့ပြန်မှသာ ငါ့အပေါ် ထပ်မလုပ်ရဲမှာ......။ #crd #Nafisah@Feelitsadly

ပြည့်ပြီးသား အိုးတွေကိုပဲ..... ထပ်ဖြည့်ချင်တာ...... လူတွေရဲ့ သဘာဝလား......။ #crd #Nafisah@Feelitsadly

မေတ္တာမှန်ရင် အသွားအပြန်ရှိတယ်တဲ့...... အဲ့တာ xီးစကား...... ကိုယ့်ဘာသာ သွားပြီး..... ကိုယ့်ဘာသာ ပြန်ခဲ့ရတယ်....... ဖိနပ်တောင် ပြန်ပါမလာဘူး......။ #crd #Nafisah@Feelitsadly

မင်းဒဏ်ရာလည်း ငါမနှစ်သိမ့်နိုင်….. ငါ့ဒဏ်ရာလည်း ငါ မကြေငြာနိုင်….. #crd #မယ်ညို #Nafisah

ကောင်မလေး တစ်ယောက်တော့...... တိတ်ဆိတ်သွားပြန်ပြီ......။ #crd #Nafisah@Feelitsadly

အားလုံးနဲ့ လဲပြီးရွေးခဲ့တာမလား...... ဒီစကားဟာ..... အရွေးခံခဲ့ရတဲ့သူအဖို့..... သိပ်ကြည်နူးဖို့ကောင်းပေမယ့်..... အရာအားလုံးနဲ့ လဲခဲ့ပြီးမှ..... မပြောင်းလဲသွားတာမျိုး..... အရာအားလုံးနဲ့ လဲခဲ့ပြီးမှ..... သတ္တိမရှိတော့တာမျိုး...... အရာအားလုံးနဲ့ လဲခဲ့ပြီးမှ..... ဆုံးရှုံးရတာမျိုးဆိုရင်...... အားလုံးကို ကျောခိုင်းပြီး.... ရွေးခဲ့တဲ့သူအဖို့...... သိပ်ကြေကွဲဖို့ကောင်းတယ်.....။ သူ့မှာ သူပဲ ရှိတော့တာကို......။ #crd #Nafisah@Feelitsadly

ဇာတ်သိမ်းတွေက အတူတူပါပဲ......။ ဘယ်လောက်ပဲ ညှိနှိုင်းပြီး...... ပြန်တွဲပါစေ...... ဒီဇာတ်သိမ်းပါပဲ......။ ကိုယ်လည်း အရမ်းပင်ပန်းခဲ့သလို...... မင်းလည်း အရမ်းပင်ပန်းခဲ့ရတယ်.......။ ဒါကြောင့်..... ဒီဇာတ်လမ်းကို မဆက်တော့ပဲ...... ဝေးသွားတာက အကောင်းဆုံးပါပဲ အချစ်ရယ်......။ #crd #Nafisah@Feelitsadly

မင်းကို ရွေးချယ်ခဲ့တာ..... မမှားဘူးလို့...... သက်သေပြချင်ခဲ့တာ......။ အခုတော့..... အားလုံးရဲ့ အရှေ့မှာ...... မျက်ရည် မကျလာအောင် ထိန်းရင်း..... မင်းလည်း ဒီလို လူစားမျိုးပါဆိုတာ...... ရှက်ရှက်နဲ့ လက်ခံလိုက်ရတယ်......။ #crd #Nafisah@Feelitsadly

မတွယ်တာနဲ့..... လူတွေဟာ ကိုယ်ထင်ထားတာထက် အပြောင်းအလဲ မြန်တယ်....... #crd #Nafisah@Feelitsadly

ပြဿနာတွေ တက်ပြီး..... ငါတို့ မဟုတ်သလို..... ပြန်အဆင်ပြေသွားတာတွေက..... အကန့်အသတ်နဲ့ ထုတ်တဲ့..... ထုတ်ကုန်တွေ အချစ်ရဲ့......။ ခြွေတာခဲ့သင့်တယ် အချစ်ရယ်......။ #crd #သွယ်မြိတ် #Nafisah@Feelitsadly

နေသားကျတဲ့ နေ့ရက်တွေ..... ရှိကောင်း ရှိနိုင်ပါတယ်......။ သို့သော်..... ကိုယ်သတိရတယ်.......။ #crd #Nafisah@Feelitsadly

နေနိုင်သွားတာ မဟုတ်ဘူးနော်..... နေပြလိုက်တာ သိပ်တော့ မခက်ပါဘူး..... လွမ်းလာတဲ့အခါတိုင်း.... မျက်စိကိုမှိတ်...... လက်ကို ကျစ်ကျစ်ပါအောင်..... တင်းထားတယ်.....။ ဒီတစ်ခါတော့..... မင်း ကြေညာတဲ့ စစ်ပွဲကို..... ကိုယ်လက်ခံတယ်......။ #crd #Nafisah@Feelitsadly

လူတွေကို စည်းကျော်ခွင့်မပေးနဲ့။ လူအများစု abuseလုပ်ကြတာက် သူတို့ ဒီလိုလုပ်လို့ရတဲ့လူ ကိုပဲ လုပ်ကြတာ။ လူပါးဝလို့ရတဲ့လူ၊ပြောချင်တဲ့စကားကို ပါးစပ်စည်းကမ်းမ ရှိပ်ပြောတာကိုခံပေးတဲ့လူ၊ အမြဲသည်းခံပေးနေတဲ့လူအ ပေါ်မှာပဲ လူပါးဝကြတယ် ။ mentally abuser physically, abuse ဒါတွေဟာ ကိုယ်တိုင်က လက်ခံပေးလိုက်တာနဲ့ သူတို့ဘက်က ကျော်လာမဲ့ စည်းတွေ ပဲ။ မာနထားဖို့၊ တုံ့ပြန်သွင့်တာတုံ့ပြန်ဖို့၊ မကောင်းတဲ့လူတွေကို ဘဝထဲက ဆွဲထုတ်လိုက်ဖို့ မတွေဝေနဲ့ မကြောက်နဲ့ ။ Trauma တွေနဲ့မရှင်သန်နဲ့Dramaမမျိူးနဲ့။ ငါ့မို့လို့ငါကိုမှဘာလို့လဲ ဆိုတဲ့နောင်တတွေနဲ့မရှင်သွန်နဲ့။ ဘဝက် တိုတိုလေး လူတွေအမြင်ကိုဂရုမစိုက်ပဲ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်။ #crd #Eleanor #Nafisah@Feelitsadly