အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်
Open in Telegram
လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ် ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်
Show more9 732
Subscribers
+3724 hours
+1977 days
+46430 days
Posts Archive
ကိုယ်မရှိပဲ မင်းဖြစ်ပါ့မလားလို့.....
တွေးကြည့်ခဲ့ဖူးတယ်.....။
ဒါပေမယ့်.....
တကယ်တမ်းကျ.....
မင်းမရှိပဲ ဖြစ်အောင်နေထိုင်ရသူဟာ.....
ကိုယ်ဖြစ်နေခဲ့တယ်.....။
#crd
#Nafisah@Feelitsadly
အခြားသူကို.....
ရင်ထဲထည့်ထားတဲ့ တစ်စုံတစ်ယောက်အား.....
သဘောကျခြင်းဖြင့်.....
ကျွန်တော်တို့ဟာ.....
ကျွန်တော်တို့ရဲ့ အသည်းကို.....
ပြန်ခွဲလေ့ရှိကြတယ်.....။
#crd
#Nafisah@Feelitsadly
ကိုယ့်ကိုလည်း.....
နည်းနည်းလောက် ကြည့်ပေးပါ့လား......
အချစ်ရယ်.....
ဒီလူလည်း အသည်းနဲ့ပါကွာ.....။
#crd
#Nafisah@Feelitsadly
ငါတို့ဟာ.....
ကိုယ်မှကိုယ် ဖြစ်တဲ့လူကို ရှာရင်း.....
ကိုယ်မရှိလည်း ဖြစ်တဲ့လူတွေကိုပဲ......
တွေ့ဆုံခဲ့ရတယ်......။
#crd
#Nafisah@Feelitsadly
မတတ်သာလို့သာ.....
လက်လွှတ်လိုက်ရတာ.....။
ချစ်တာမှ နင့်နေတာပဲ.....။
#crd
#Nafisah@Feelitsadly
နင်နဲ့ဝေးရင် သေမှာ.......
အဲ့တာ အလကားပြောတာ......။
၁၀နှစ်သာကြာတယ် ......။
အခုထိငါအသက်ရှင်နေတုန်း.....။
တစ်ခါတစ်ခါတော့ လွမ်းတဲ့စိတ်နဲ့......
အသက်ရှူကြပ်တာကလွဲရင်
ငါ့ကျန်းမာရေး အကောင်းတိုင်းပဲ......။
#crd
#ဆန်းကျော်စွာဝင်း
+1
တောသူမဖြစ်ခဲ့ကြတဲ့အခိုက်အတန့်ပေါ့နော် ကော်ဖီဆိုင်ထဲ ဝင်ပေါက်ရှာမတွေ့ခဲ့ဘူး🥲🥲
#Nafisah@Feelitsadly
ဒီနေ့ April 22 မှာ ဒီချန်နယ်ရဲ့ အုန်နာ ကျွန်မယောက်ျား ဦးစိုးမိုးအောင်ဟာဖြင့် အသက်တစ်နှစ်ပိုကြီးသွားပြီး ၂၇နှစ်တောင် ရှိနေပြီ ဖြစ်ပါတယ်။ ယောက်ျားရေ အရမ်းချစ်တယ်ဆိုတာကို ပြောကြားချင်တယ်။ ပြီးတော့ ဒီထက်ပိုပြီး ကျွန်မရဲ့ ချစ်စရာကောင်းတဲ့ ရုပ်လေးနဲ့ ချစ်စရာကောင်းတဲ့ ဒုက္ခတွေ ထပ်ပေးအုံးမှာမို့ မငြိုငြင်ပဲ ချစ်ပေးပါအုံး.....။ ငြိုငြင်လည်း ချစ်ရမယ် 🙄။ ကြားလား ဟိုဦးလေးကြီး။
#Nafisah@Feelitsadly
တစ်နေ့မှာ......
ငါမွေးတဲ့ ငါ့သားလေးက.....
သူ့ ဇနီးမယားကို.....
ငါ့ထက်ပိုပြီး ဦးစားပေးလာခဲ့ရင်.....
အဲ့တာက.....
ငါ့အတွက် အရှုံးမဟုတ်ဘူး......။
ငါရဲ့ အောင်မြင်မှုပါ......။
#crd
#Nafisah@Feelitsadly
မင်းက မင်းဘဝနဲ့ မင်း ဖြစ်သွားတဲ့အခါ......
ကိုယ့်ကရော.....
ကိုယ့်ဘဝနဲ့ ကိုယ်ဖြစ်နိုင်ပါ့မလား.......။
#crd
#Nafisah@Feelitsadly
အတ္တဆန်တဲ့ နယ်မြေမှာ ကိုယ်ချင်းစာပန်းတွေ မပွင့်လန်းဘူး။
လူ့ပြည်လို့သာပြောတာ တိရစ္ဆာန်လောက်တောင် အကြင်နာတရားမရှိတဲ့လူတွေမှ အများကြီး။
ကိုယ့်အပေါ် ကောင်းတဲ့လူအတွက်ပဲ လူကောင်းဖြစ်ရင် ရပါပြီ.....။
#crd
#Nafisah@Feelitsadly
မချစ်တော့ဘူးလားလို့ မမေးရဲခဲ့ဘူး......
ဘာကြောင့် ပြောင်းလဲသွားရတာလဲလို့ မမေးရဲခဲ့ဘူး.....။
ပစ်ထားတာ ဘာကြောင့်လဲလို့ စောဒက မတက်ရဲခဲ့ဘူး......။
အလိုက်တသိလေး လုပ်ပေးဖို့ မမျှော်လင့်ရဲခဲ့ဘူး.......။
နောက်ဆုံး မတောင်းဆိုရဲခဲ့ဘူး......။
ဒီလိုပါဘဲ.....
ချစ်ခြင်းမေတ္တာဟာ.....
ချိုမြိန်တယ်လို့ အမည်ခံပြီး.....
ပိုချစ်မိတဲ့သူက ဒဏ်ရာဗလပွနဲ့......
#crd
#နှောင်းငယ်
#Nafisah@Feelitsadly
သူများဒုက္ခကို ငါ မိသားစုဆန်ခဲ့ပြီး......
ငါ့ဒုက္ခကိုကျ ငါ တစ်ကိုယ်ကောင်းဆန်ခဲ့၏.....။
#crd
#ရွှေစွန်ညို
#Nafisah@Feelitsadly
ဘဝတွေ.....
ဘဝတွေ......
ဘဝတွေကို စာနာပေးရင်း......
ကိုယ့်ဘဝကိုယ် ပြန်ကယ်ဖို့ မေ့......။
#crd
#ရွှေစွန်ညို
#Nafisah@Feelitsadly
သူ့ သမီး သရဲကြောက်တတ်တာကို......
အသည်းစွဲ မှတ်ထားလို့လား မသိဘူး......။
အဖေတစ်ယောက် အိပ်မက်ထဲတောင်......
ပေါ်မလာဘူး......။
ဘာအရိပ်အယောင်မှတောင်......
မမြင်ရ မတွေ့ရဘူး.......။
ဖေဖေ မလွန်ဘူးလားဟင်.....။
#crd
#Nafisah@Feelitsadly
အကြီးဆုံး အမှားကို ပြပါဆိုရင်.....
အကြိမ်ကြိမ် အပြန်အလှန်.....
ခွင့်လွှတ်ပေးနေကြတဲ့.....
ကိုယ်တို့ နှစ်ယောက် ထင်ပါရဲ့......။
#crd
#chi
#Nafisah@Feelitsadly
"တကယ်တော့ ယောက်ျားတွေ အလိုရှိတာဟာ ရိုးသားဖြူစင်မှု မဟုတ်ဘူး၊ ကောက်ကွေ့လိမ်ညာမှုတွေပဲ။ ကူဋေသိက္ခာမဟုတ်ဘူး၊ လျှပ်ပေါ်လော်လီတဲ့ မြှူဆွယ်မှုတွေပဲ။ အေးမြနူးညံ့တဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ဘူး၊ ပူပြင်းလောင်မြိုက်တဲ့ ရမ္မက်တွေပဲ။"
#crd
#ဂျူး//ဆုံလေရက်နဲ့လွမ်းလေခြင်း
#Nafisah@Feelitsadly
မောင်က မေ့နိုင်ပေမယ့်.....
မမေ့နိုင်တဲ့သူတွေကတော့ မေးကုန်ကြပြီ မောင်ရေ......။
#crd
#ဂျူး//အမှတ်တရ
#Nafisah@Feelitsadly
အမေ ကိုးကွယ်တဲ့ ဘုရားတွေဟာ......
အောက်ခြေလူတန်းစားတွေရဲ့......
ထမင်းပန်းကန်ကို မကြည့်ဘူး အမေ......
ဘာသာရေးဟာအဆိပ်အတောက်ပဲ ဗုဒ္ဓကိုအသုံးချလိုက် ယေရှုကိုအသုံးချလိုက် မိုဟာမက်ကိုအသုံးချလိုက် ခရစ်သျှနားကိုအသုံးချလိုက် စီးပွါးရေးဆန်ဆန်လည်ပတ်နေတယ်ဆိုတာ အမေ့ကိုကျွန်တော်ပြောပြချင်တယ်။
ဗုဒ္ဓဟာ မေတ္တာသုတ်ကိုဟောတော်မူတယ်တဲ့ အမေရွတ်ဖတ်နေတဲ့မေတ္တာသုတ်ထက် ကျွန်တော်တို့ထားတဲ့မေတ္တာတရားဟာ ပိုပြီးလက်တွေ့ဆန်တယ်။
ပဋာစာရီကိုအမေကြားဖူးလား ကျွန်တော်ကတော့ အမျိုးသမီးမတက်ရဆိုတဲ့ဘုရားတွေမြင်ဖူးတယ်။ ထဘီတန်းအောက်မဖြတ်ခိုင်းတဲ့အမေ့ကို သင်္ကန်းတွေဘယ်လိုချုပ်ရတယ်ဆိုတာ ပြောပြချင်တယ်။ ဘုန်းတန်ခိုးဟာ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာစိတ်အပေါ်မှာပဲမူတည်တာပါအမေ။
ပဌာန်းပါဠိတော်မှာ စိတ္တာအဓိပတိလို့ဟောတယ်။ အမေကတော့ဘုရားမရှိခိုးရင်ငရဲကြီးတယ်တဲ့။ ဗုဒ္ဓပဲမှားသလား အမေပဲမှားသလား ကျွန်တော်ဝေခွဲမရဘူးအမေ။
သံသရာဆိုတာတကယ်ရှိပါသတဲ့။ ကောင်းမှုမကောင်းမှုဟာလည်း တကယ်ရှိပါသတဲ့။ ဒီလိုပဲအမေ ကိုးကွယ်ယုံကြည်မှု ထုံးတမ်းဓလေ့အမှားတွေဟာလည်း တကယ်ရှိပါတယ်။
ဗုဒ္ဓဟာအစွဲတွေကိုချွတ်ဖို့ဟောတယ်။ အမေကတော့ဗုဒ္ဓကိုပြန်စွဲတယ်။
တရားဟာနာယူဖို့မဟုတ်ဘူးအမေ ရွတ်ဖတ်သရဖျာယ်ဖို့လည်းမဟုတ်ဘူး။
ဘုရားစင်ပေါ်တင်ထားပြီး သိဒ္ဓိတိုးအောင်လုပ်ဖို့လည်းမဟုတ်ဘူး။ တရားဆိုတာ ကျင့်ကြံအားထုတ်ပြီး သံသရာတစ်ဖက်ကမ်းကိုကူးဖို့ဆိုတာ
အမေသိအောင် ကျွန်တော်ပြောပြချင်သေးတယ်။
#crd
#ချောသွင်
#Nafisah@Feelitsadly
