en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
Chemistry ပြန်ကြည့်သောအခါ မိမိအခြေအနေ...🥹🤌🏼 #Chan #just_for_fun #knowledge_nexus
Chemistry ပြန်ကြည့်သောအခါ မိမိအခြေအနေ...🥹🤌🏼 #Chan #just_for_fun #knowledge_nexus

အထင်ဆိုတာ တကယ်မဟုတ်ပါဘူး တခြားသူက ကိုယ့်ကိုယ်အထင်သေးခြင်း၊အထင်ကြီးခြင်းဟာ သူတို့ရဲ့ စိတ်အထင်ပါပဲ အမှန်ဟုတ် မဟုတ် သူတို့တကယ်သိကြတာမှမဟုတ်ပဲ အဓိက က ကိုယ့်ရဲ့လုပ်ရပ် က လမ်းမှန်ရောက်နေဖို့ပဲလိုတာပါ #Chan #knowledge_nexus

ကောင်းလွန်းလို့ဖတ်ကြည့်နော် "အမွေ သားကြီး ဘွဲ့ယူပြီး ပြန်လာတဲ့နေ့ကပေါ့ "သား ညကျရင် သားနဲ့ ဖေဖေ စကားပြောဖို့ရှိတယ်။ ကျနော်ရယ် ကျနော့်ဇနီးရယ် ကျနော့်သားကြီးရယ် ဆွေးနွေးမှုလေးတစ်ခု လုပ်ဖြစ်ခဲ့သည်။ "အခု သား ဝါသနာပါတဲ့ တက္ကသိုလ်တစ်ခု အောင်မြင်ပြီးမြောက်ခဲ့ပြီ။သားလိုချင်တဲ့ ဘွဲ့ တစ်ခုရ ခဲ့ပြီ။ ဖေဖေ့ဘက်က သားအပေါ် တာဝန်မကျေတာ ဘာရှိခဲ့လားသား။ ကျနော့်ရဲ့အမေးကို သားက ထူးဆန်းသလို ကြည့်သည်။ပြီးမှ "မရှိပါဘူးဖေဖေ။ "အေးကွာ သားအဖချင်း ဖေဖေအားမနာတော့ဘူး။ပြောချင်တာလေး ပြတ်ပြတ်သားသားပြောမယ်။သား ဖေဖေ့ဆီက ဥစ္စာအမွေ မတောင်းမိစေနဲ့သား။မတောင်းဘဲနေရင်တော့ ဖေဖေပေးကောင်းပေးမယ်။ပေးချင်မှလည်း ပေးမယ်။သားဘက်က တောင်းဆိုလာခဲ့ရင်တော့ ဖေဖေလုံးဝပေးမှာမဟုတ်ဘူး။ "ဗျာ သားကြီး အံ့သြသွားပုံရသည်။ "သားပြောကြည့်။ မိဘက သားသမီးကို အမွေ ပေးကို ပေးရမှာလား။သားကရော အမွေဆိုတာကို သားသမီးရဲ့ ရပိုင်ခွင့်လို့ထင်လား။ သားကြီးနှုတ်ဆိတ်နေသည်။ သူတစ်ခါမှ တွေးခဲ့ဖူးပုံမရ။ "ပြောချင်တာတော့ ကွာ အခု သားဘဝ စတင်ပြီ။သားအလုပ်ရှာတော့။ သားက အခုအိမ်ထောင်မကျသေးဘူး။ ဒီအိမ်မှာပဲ နေဦးမှာမလား။ နေပါ။သားရဲ့ နေစရိတ်စားစရိတ်ကို ဖေဖေနှမြောလို့ ပြောနေတာမဟုတ်ဘူး။ မင်းအချိန်တန်ရင် အိမ်ထောင်ပြုမှာပဲ။ အခု သားမှာ ချစ်သူရှိနေပြီမဟုတ်လား။ ဘယ်မှာနေမလဲ။ဘာလုပ်စားမလဲဆိုတာ သားပြင်ဆင်ပြီးပြီလား။အနည်းဆုံး စိတ်ကူးနဲ့ပေါ့။ "ဖေဖေ ပြောချင်တာကို သားနားမလည်ဘူးဖေဖေ "ဒီစကားပြောဖို့ ဖေဖေတော်တော် သတ္တိမွေးခဲ့ရတာကွ။ အခုသားဘွဲ့ရခဲ့ပြီ။သားရဲ့ စိတ်အားထက်သန်တဲ့ အလုပ်တစ်ခုကို သားစတင်တော့မယ်။ သားကိုယ်ပိုင်ငွေ ကိုင်သုံးတော့မယ်။ ရှာသမျှကို သုံးပစ်တော့မှာလား။ တစ်အိုးတစ်အိမ်ထူထောင်တဲ့အခါ လိုအပ်မယ့် ငွေကြေးတွေ သားပြင်ဆင်ထားတော့။ ဖေဖေတို့ကို ရှာကျွေးဖို့ ဖေဖေမတောင်းဆိုဘူး။ သားက အခုမှ ဘဝစမှာ။ သားငွေကိုသားရှာ။ လောက်ငှအောင်သုံး။ အရံငွေစုဆောင်းမှုလုပ်ထားတော့။ အဓိကပြောချင်တာက မိဘအမွေကို ရပိုင်ခွင့်လို သားထင်နေမှာကို ဖေဖေစိုးရိမ်တာ။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာ သူများပေးမှ ရမယ်ဆိုတဲ့ တောင့်တမှုမျိုးကို မထားသင့်ဘူး။ သားကိုယ်တိုင် ကြိုးစားရယူရမယ်။သားကိုယ်တိုင်မဟုတ်တဲ့သူဟာ တပါးသူပဲသား။ ဖေဖေတို့ မေမေတို့ကလည်း တပါးသူပဲ။ သားကိုအခု hotနေတဲ့ issue လေးနဲ့ ဥပမာပေးမယ်ကွာ။ ဥပါယ်တံမျဉ်၊ မုဒြာခေါ်သံ၊မီ စတဲ့ ရုပ်ရှင်တွေ သားကြည့်ခဲ့တယ်။သားကြိုက်ခဲ့တယ်။ ဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာတွေ ၊သရုပ်ဆောင်တွေ အကောင်းဆုံး အားထုတ်ခဲ့တယ်။သူတို့ လုပ်ရမယ့်အလုပ်က ဒီအထိပဲ။ သူများပေးမှ ရမယ့် အကယ်ဒမီကို မျှော်လင့်နေလို့ အကြောင်းမထူးဘူး။ ရရ မရရ ခံနိုင်ရည်ရှိရမယ်။ အခုသားလည်း သားဘဝကို အကောင်းဆုံးပုံဖော်ရမယ်။ကြိုးစားရမယ်။ ဖေဖေပေးမယ့် အမွေ ကို ရရ မရရ ၊သားခံနိုင်ရည်ရှိရမယ်။ ဖေဖေ့မှာ သားသမီး သုံးယောက်ရှိတယ်။ ဖေဖေက သားတို့ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သည်အထိ supportလုပ်ပေးမယ်။ ပြီးရင်တော့ ကိုယ့်ဘဝကို ကိုယ်လျှောက်တော့။အကူအညီ အရမ်းလိုလာရင် ဖေဖေ့ဆီ အားမနာတမ်းလာခဲ့။ ကိုယ်နိုင်တဲ့ဝန်ဖြစ်ရဲ့သားနဲ့ ပျင်းလို့ ဖျင်းလို့ မထမ်းချင်တာမျိုးကိုတော့ ဖေဖေ့ကို လာမထမ်းခိုင်းနဲ့။ဖေဖေမကြိုက်ဘူး။ သားတို့ မွေးလာကတည်းက သားတို့ အတွက်ပဲ ဖေဖေတို့ မေမေတို့ အချိန်တွေကို ပုံပေးခဲ့တာ။ တစ်သက်လုံးတော့ မိဘဝတ္တရားဆိုတာကြီးနဲ့ ဖေဖေတို့ကို မချည်နဲ့ပေါ့။ ဖေဖေတို့မှာလည်း ဖေဖေတို့ဘဝရှိသေးတယ်။ လမ်းလျှောက်နိုင်တဲ့ကလေးကို မိဘတွေ ဘယ်ချီချင်ပါတော့မလဲ။ သားကြီးကို ဖေဖေက ယုံတယ်။ လွတ်လွတ်လပ်လပ်ပျံပါ။ ဘဝကို ဘဝချင်းချည်နှောင်လိုက်ရင် နှစ်ဖက်စလုံး မလွတ်လပ်တော့ဘူးသား။ အချစ်ရေး၊အိမ်ထောင်ရေး သားကြိုက်သလိုစီမံ။ လိုအပ်ရင် အကြံဥာဏ်လာတောင်း။ ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတော့။ ဘဝလမ်းပေါ် သားလျှောက်ဖို့ အချိန်ကျပြီ။ ဖေဖေတို့ ချီမထားချင်တော့ဘူး။ အချိန်တန်လို့ လမ်းမလျှောက်ရင် ခြေထောက်တွေ မသန်ဘဲနေလိမ့်မယ်သား။ သားဘာပြောချင်သေးလဲ။ "ရပြီဖေဖေ။သားနားလည်တယ်။ credit#Sithu(Error) 1.4.2019 ___________________________________ ကော်ပီယူလာတာ၊ မှုရင်းအတိုင်းပဲ ကျွန် တော်မှ ပြင်ထားတာ ဖျက်ထားတာ ဘာ မှမရှိပါဘူး။ မှုရင်းပို့စ်ပိုင်ရှင်းအား လေးစားစွာ Credit ပေးပါတယ်။
မူရင်းဆရာကိုရော ၊ Creditပေးပြီး ပြန်မျှဝေထားတဲ့ ဆရာကိုပါ credit ပေးပါတယ်။🍀
#Hatsuki

ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း (၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။ (၂) အကြွေးနဲ့ကင်းအောင်နေပါ။ (၃) လိုအပ်တာထက် ပိုမပြောပါနှင့်။ (၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။ (၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။ (၆) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော် အောင်ထားပါ။ (၇) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်း ကို ရပ်တန့်ပါ။ (၈) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်း ပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။ (၉) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များ နှင့် အလုပ်ရှုပ်ပါစေ။ (၁၀) အချိန်ကိုလေးစားပါ။ (၁၁) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေး မှာ မနေပါနဲ့ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။ (၁၂) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူ ပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။ (၁၃) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည် ချင်းတွေမြင့်တင်ပါ။ (၁၄) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။ (၁၅) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါ နှင့်။ (၁၆) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံ ပါ။ (၁၇) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြား သူ တွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ (၁၈) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။ Credit to Original writer with respect #Hatsuki

စိတ်ဓာတ်ကြံ့ခိုင်မှု အားကောင်းစေသောအရာများ💌 -Sir Hein KoKo #Chan #knowledge_nexus
+5
စိတ်ဓာတ်ကြံ့ခိုင်မှု အားကောင်းစေသောအရာများ💌 -Sir Hein KoKo #Chan #knowledge_nexus

မိသားစုပြီးရင် အချစ်ဆုံးက သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဖြစ်နေတာက အကြောင်းပြချက်မဲ့မှ မဟုတ်တာ 🤍🍀 #Hatsuki
မိသားစုပြီးရင် အချစ်ဆုံးက သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဖြစ်နေတာက အကြောင်းပြချက်မဲ့မှ မဟုတ်တာ 🤍🍀 #Hatsuki

ပျော်ရွှင်မှုမှာ expired date ရှိတယ်ဆိုတာ တကယ်နော် တူညီတဲ့ပျော်ရွှင်စရာ အဖြစ်အပျက်တွေတောင်မှ အချိန်‌တွေ မတူတော့ သာမှန် ကိစ္စတွေလိုဖြစ်သွားရော .... #Hatsuki

ညည်းညူခြင်းမှာ တရားရှိသင့်တယ်..!!! ဘဝမှာ အဆင်မပြေမှု ဒုက္ခနဲ့တွေ့ခဲ့ရင် ကိုယ့်ထက်နိမ့်ပါးသူတွေမှာ ကိုယ့်ထက်များတဲ့ဒုက္ခတွေ ရှိနိုင်ပါလားလို့ ယူဆခြင်းဟာ... တစ်ပါးသူပေါ် စာနာရာကျသလို ကိုယ့်ဒုက္ခကိုလည်း ဒုက္ခလို့မထင်တော့ဘူးပေါ့..!! "ဦးစိုင်းထီးဆိုင် သီချင်းထဲကလို မလွယ်တာတွေ့ရင် ပိုခက်တဲ့တစ်ခြားဘဝတွေကို ငဲ့ကြည့်ပါအုံး " ဆိုတဲ့ သဘောတရားပါပဲ..။
-ရိုးတံ ~12.3.2024 #Chan #knowledge_nexus

အရေးတစ်ကြီး အရာနှစ်ခု ဒါမဟုတ် ပိုတဲ့အရေအတွက် ကိစ္စတွေကို ယှဉ်ပြီး တစ်ခုပဲ ရွှေးရမယ်ဆိုရင် ခက်ခဲရင်တောင် ကိုယ့်အတွက် ဘာအန္တရယ်မှ မရှိတဲ့ ကိုယ်တကယ်နှစ်သက်စိတ်ဝင်စားတဲ့အရာတစ်ခုကိုပဲ ရွေးချယ်နိုင်ရမယ် ❤️‍🔥 #Hatsuki

ပြောင်းလဲတတ်တဲ့ လူတွေကို ပြုံးပြုံးကလေး ကြည့်နေနိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိတာ သိနေဖို့လိုအပ်တယ်။ မျက်ရည်တွေကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိတာ သိနေဖို့လိုအပ်တယ်။ ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါ ထပ်ကြိုးစား ရုန်းကန်နိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိတာ သိနေဖို့လိုအပ်တယ်။ ဘယ်သူမှ အနားမရှိတော့တဲ့အခါ ကိုယ့်ဘာသာ ရှင်သန်ဖြစ်တည်ဖို့ ကိုယ့်အတွက် ကိုယ်ရှိတာ သိနေဖို့လို အပ်တယ်။ ပြိုလဲမှုတွေ အခါခါကြုံရတဲ့အခါ ထပ်ခါ ထပ်ခါ ပြန်ထနိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိတာ သိနေဖို့လိုအပ်တယ်။ -လင်းရောင်စင် #Chan #knowledge_nexus

တစ်နေ့တာ ပြီးဆုံးခြင်းရဲ့ ညတစ်ည ဖြစ်တယ်... ပျော်ခဲ့တာရှိမယ် စိတ်မကောင်းဖြစ်ခဲ့မိတာရှိမယ် ဒါတွေအားလုံးက ပြီးဆုံးခဲ့ပါပြီ ဘယ်သူ့အပေါ်မှာမှ မတရားလုပ်ခဲ့တာမရှိတဲ့နေ့အတွက် ဂုဏ်ယူလိုက်ပါ... ကိုယ့်ကိုယ်ကို ချီးကျူးလိုက်ပါ... အိပ်မက်လှလှမက်ပါစေ ကလေးငယ် ✨ Maple_Khin #crd #Mai

ပထမဆုံး ရေးဆွဲတဲ့ပုံ... ကြိုးစား‌‌ နေဆဲမို့ သိပ်တော့ မပြည့်စုံသေးဘူး‌ ကိုယ့်စိတ်ဆန္ဒအ‌ရ လုပ်ဆောင်နေတာဆိုတော့ ခက်ခဲနေလည်း ပျော
ပထမဆုံး ရေးဆွဲတဲ့ပုံ... ကြိုးစား‌‌ နေဆဲမို့ သိပ်တော့ မပြည့်စုံသေးဘူး‌ ကိုယ့်စိတ်ဆန္ဒအ‌ရ လုပ်ဆောင်နေတာဆိုတော့ ခက်ခဲနေလည်း ပျော်နေတာပဲ ဆရာကြီးပီမိုးနင်းပြောတဲ့ "ဘဝမှာပျော်ချင်တယ်ဆိုရင် ကိုယ်ဝါသနာပါတဲ့အရာကိုပဲ လုပ်ပါ" ဆိုတဲ့စကားဟာ သိပ်မှန်တာပေါ့ကွယ် #Chan #knowledge_nexus

ပုလင်းနဲပုလင်းအဖုံးလို တစ်ယောက်ကိုတစ်ယောက် မုချလိုအပ်သူတွေ ရှိတယ် သတိရကြ... -အောင်ချိမ့် #Chan #knowledge_nexus

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ၁။ အချိန်မဖြုန်းပါနဲ့ ၂။ အပျော်ပါးလျော့ပါ ၃။ ငွေကိုအလွယ်တကူမသုံးပါနဲ့ (စုပါ) ၄။ အားလပ်တဲ့အခါစာဖတ်ပါ ၅။ ခံပြင်းစိတ်ထားပါ ၆။ အပြောအဆိုသိမ်မွေ့ပါ ၇။ အလုပ်တစ်ခုကိုအကြွေးမထား ပါနဲ့ ၈။ လက်ရှိအလုပ်ကိုသစ္စာရှိပါ ၉။ အိပ်ယာထမပျင်းပါနဲ့ ၁၀။ ရည်မှန်းချက်ထားပါ ၁၁။ ကျန်းမားရေးဂရုစိုက်ပါ #Chan #crd_for_source #knowledge_nexus

သင့်ရည်:စားက မနက်ဖြန်ကို အရေးမကြီးတဲ့နေ့ပါသာမန်ပါပဲဘာညာဆိုပြီး ဘာမှမပေးပဲရှော်သွားရင် သိလိုက်ပါတော့ ၊ နေ့ကအရေးမကြီးတာမဟုတ်ပဲ သင်ကအရေးမကြီးတာပါ ၊ တခြားသူနဲ့ အရေးကြီးရင်ကြီးနေမှာပါ အတွဲတွေမှမဟုတ်ဘူးနော် သင့်ကိုကြိုက်တယ်ခိုက်တယ်ဆိုပြီး တော်ကီတွေလာထည့်နေပြီး flirt ရတာအဆင်ပြေနေပေမဲ့ မနက်ဖြန်ဘာမှမဖော်ပြရင်လည်း စဉ်းစားသင့်ပါပြီ ၊ သင့်ကိုအတည်မကြံပေမဲ့ နောက်တစ်ယောက်ကို အတည်သွားကြံနေမှာပါ Happy Valentine’s day Everyone. #crd Btw jk"😆 #Mai

ချစ်သူများနေ့ဖြစ်ပေါ်လာပုံ
ခရစ်နှစ် သုံးရာစုလောက်က ရောမအင်ပါယာမှာ Cladius ll ဆိုတဲ့ ဘုရင်တစ်ပါးအုပ်ချုပ်‌နေပါတယ်တဲ့။ အဲဒီဘုရင်ကြီးက တိုင်းပြည်နဲ့ လူမျိုးကို သိပ်ချစ်ပြီး သူရဲ့ နိုင်ငံနယ်နိမိတ် အမြဲတည်တံ့ဖို့ သူ့နိုင်ငံမှာ စစ်သည်တော်တွေကို နေ့တိုင်းလေ့ကျင့်ပေးနေပါတယ်တဲ့။ အဲဒီတုန်းက တိုင်းပြည်ဆိုတာ ဒီနေ့ခေတ်လို မြေပုံတွေ၊နယ်နိမိတ်တွေ တိတိကျကျမရှိတော့ ကိုယ့်အင်ပါယာတည်မြဲဖို့ နဲ့ ကိုယ့်လူမျိုးအရှည်တည်တံ့ဖို့ စစ်တိုက်ကြရတာပေါ့ Cladius ll ဘုရင်မှာ စစ်ရေးအတွေ့အကြုံတွေအများကြီးရှိပြီး စစ်တိုက်ကြတဲ့စစ်သည်တော်တွေဟာ အိမ်ထောင်ရှိသူ၊ချစ်သူရည်းစားရှိသူတွေ ဖြစ်ခဲ့ရင် စစ်မှုထမ်းတဲ့အခါ ချစ်သူကိုပဲ တမ်းတနေလို့ စစ်တိုက်တဲ့အခါ တိုက်ခိုက်စွမ်းရည်ကျတတ်တာကို သူသတိထားမိသတဲ့.. ဒါ့ကြောင့် စစ်မှုထမ်းရမဲ့စစ်သည်တော်တွေဟာ လူပျိူလူလွတ်တွေပဲ ဖြစ်ရမယ်၊ တိုင်းပြည်ကိုချစ်တဲ့အချစ်နဲ့ လူကိုချစ်တဲ့အချစ်ယှဉ်လာတဲ့အခါ တိုင်းပြည်ကိုပိုပြီးချစ်ရမယ်လို့ ခံယူထားပါသတဲ့ ဘုရင်ကြီးဟာ လူတွေရဲ့နှလုံးသားကိုတန်ဖိုးမထားပဲ သူ့အင်ပါယာကြီးသထက်ကြီးလာဖို့ပဲ တွေးနေတာပါ။ လူတွေမှာက အသည်းနှလုံးရှိတယ်လေ အဲတော့ ကိုယ့်ချစ်သူရည်းစားသာမက မိတ်ဆွေသူငယ်ချင်းကအစ သစ်ပင်လေးတွေအဆုံး ချစ်တတ်ကြတာ မဟုတ်လား? စစ်တိုက်တယ်ဆိုတာ စစ်မြေပြင်မှာ ဟိုဘက်သည်ဘက် စစ်သည်တော်တွေ အကျအဆုံးရှိကြတာဆိုတော့ စစ်သည်တော်တွေဟာ သူတို့စစ်မထွက်ခင်မှာ ချစ်ရသူနဲ့ တွေ့ဆုံလိုကြတယ် အဲဒီအခါ ချစ်ရသူတွေအကြားဆုံဆည်းဖို့ အာဏာရှင်ဘုရင်ကြီးမသိ‌ အောင် ကူညီသူတစ်ယောက် ရှိလာခဲ့တယ် အဲဒီသူကတော့ ယနေ့အထိ လူသိများကျော်ကြားတဲ့ St. Valentine ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ ပဲ။ St. Valentine ကချစ်သူတွေမဝေးကြစေဖို့ စစ်မထွက်မီမှာ တိတ်တဆိတ်‌တွေ့ဆုံပေးတဲ့ အပြစ်ကိုကျူးလွန်ပါတော့တယ် အဲဒီအပြစ်နဲ့ပဲ St. Valentine ဟာ ဖေဖော်ဝါရီ (၁၄) မှာအဆုံးစီရင်ခံခဲ့ရတယ်
▪️အဲဒီနေ့ကို အစွဲပြုပြီး "ချစ်သူများနေ့" ဆိုတာ ဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်
#Chan #valentine #knowledge_nexus

ဖေဖော်ဝါရီ (၁၄) ရက်နေ့ရောက်တိုင်း ချစ်သူတွေရင်ခုန်ကြရတယ်။ ကမ္ဘာပေါ်မှာ ချစ်သူမရှိတဲ့သူရယ်လို့မရှိပါဘူး။
*ကိုယ့်ရဲ့ ချစ်သူရည်းစားကလည်း ချစ်သူပါပဲ * ကိုယ့်ရဲ့အဖေအမေကလည်း ချစ်သူပါပဲ *ကိုယ့်ရဲ့သူငယ်ချင်းကလည်း ချစ်သူပါပဲ *ကိုယ့်ရဲ့သားသမီးကလည်းချစ်သူပါပဲ *ကိုယ့်ရဲ့ဆရာတွေကလည်း ချစ်သူပါပဲ *ကိုယ့်ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားကလည်း ချစ်သူပါပဲ
ကိုယ့်ရဲ့ ချစ်သူရည်းစားကိုမှ ချစ်သူလို့မထင်စေချင်ဘူး ချစ်တတ်ခြင်းဆိုတာ လူရဲ့အမှတ်တံဆိပ်ပါပဲ ချစ်သူမရှ်ိဘူးဆိုပြီး ဘာလို့အားငယ်နေမှာလဲ မင်းမှာလည်း ချစ်သူရှိပါတယ် တွေးကြည့်ပေါ့ကွယ်.... -ဦးဘုန်း(ဓာတု)
အချစ်ဆိုတာ တန်ဖိုးကြီးလှတဲ့ စိတ်ရဲ့တန်ခိုးတစ်ခုပါပဲ ချစ်သူများနေ့မှာ အချစ်ကို တန်ဖိုးထားပါ အမုန်းနေရာမှာ အချစ်နဲ့အစားထိုးပါ အာဃာတနေရာမှာ အချစ်နဲ့အစားထိုးပါ မနာလို၊ဝန်တိုခြင်းနေရာမှာ အချစ်နဲ့အစားထိုးပါ "ချစ်သူများနေ့"ဆိုတာ သွေးသားအလိုဆန္ဒကို ရှေ့တန်းတင်ဖို့ဖြစ်လာတာမဟုတ်ဘူးဆိုတာ သိစေချင်တယ်
#Chan #knowledge_nexus