en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
"You can't go back and change the beginning, but you can start where you are and change the ending." -C.S. Lewis "အစကို ပြန်သွားပြီးပြောင်းလဲလို့တော့မရဘူးလေ ဒါပေမဲ့ ရောက်တဲ့နေရာကနေစတင်ပြီးအဆုံးသတ်ကိုတော့ ပြောင်းလဲနိုင်ပါတယ်" -စီ အက်စ် လူးဝစ် #Chan #knowledge_nexus

"ငါနှင့် ငါသာ နှိုင်းစရာ"
မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "အကျင့်" ကောင်းရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "စိတ်ထား" ကောင်းရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "အလုပ်" ကောင်းရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး ”ကုသိုလ်” တိုးရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "ပညာ” တိုးရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "သည်းခံ” နိုင်ရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "ခွင့်လွှတ်" နိုင်ရမယ်။ #Chan #crd_for_source #knowledge_nexus

"ငါနှင့် ငါသာ နှိုင်းစရာ"
မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "အကျင့်" ကောင်းရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "စိတ်ထား" ကောင်းရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "အလုပ်" ကောင်းရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး ”ကုသိုလ်” တိုးရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "ပညာ” တိုးရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "သည်းခံ” နိုင်ရမယ်။ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး "ခွင့်လွှတ်" နိုင်ရမယ်။ #Chan #knowledge_nexus

“၁၃” ၁၃ရက်မှာမွေးတယ် နာမည်က ၁ နဲ့ ၃ နိုင်ငံရေးလုပ်သက် ၁၃နှစ်ပြည့်ချိန်မှာ ကျည်ဆန် ၁၃ချက်ကို ရင်ဘတ်နဲ့ခံသွားတယ် ရေမကူးတတ်ဘူး ဂ
“၁၃” ၁၃ရက်မှာမွေးတယ် နာမည်က ၁ နဲ့ ၃ နိုင်ငံရေးလုပ်သက် ၁၃နှစ်ပြည့်ချိန်မှာ ကျည်ဆန် ၁၃ချက်ကို ရင်ဘတ်နဲ့ခံသွားတယ် ရေမကူးတတ်ဘူး ဂေါက်မရိုက်တတ်ဘူး ရည်းစားစကားလည်း မပြောတတ်ဘူး သွေးတောင်းတဲ့အရာက လွတ်လပ်ရေးနဲ့ နံပြားတစ်ချပ်ပဲ ခင်ဗျား အဆဲမခံချင်ရင် အဲ့ဒီလူရှေ့က ဖောက်ပြန်ရေးကင်းတဲ့ မနက်စာစားပွဲခုံပေါ် ကုမ္ပဏီရှယ်ယာလက်မှတ်တွေအစား ပဲပြုတ်ပူပူလေးတစ်ခွက်သာ ချပေးလိုက်ကြ။ - ဆန်းကျော်စွာဝင်း
ယနေ့ 13.2.2025 မှာကျရောက်သောလွတ်‌လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ "110" နှစ် ပြည့် မွေးနေ့အား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
#Chan #crd #knowledge_nexus

သာမန် နေ့လေးတစ်နေ့ပါပဲ လုပ်စရာရှိတဲ့ အလုပ်တွေလုပ်တယ် စာအုပ် ဖတ်တယ် သီချင်းတွေ နားထောင်တယ် တစ်ရေးလောက် အိပ်တယ် ဘယ်သူ့ကို မှလည်း မနာကျင်စေသလို ဘယ်သူ့အတွက် မှလည်း မနာကျင်ရပါဘူး တစ်ယောက်ထဲဆိုပေမဲ့ ဘဝဟာ နေပျော်ပါတယ်လေ🌷 #Mai

မှတ်ဥာဏ်ထဲမှာ ဒဏ်ရာတွေပြည့်နေပြီလား? မှတ်ဥာဏ်ကို ဘဝအတွက်ဆက်မသုံးနဲ့တော့ 'မေ့ဥာဏ်' ကိုပဲ သုံးပါ... အဝေးကြီး သွားရမယ့် ခရီးမှာ အရာရာကို သတိရနေရတာ ပင်ပန်းတယ်..
-မင်းခိုက်စိုးစန်
#Chan #knowledge_nexus

ဘာမှလုပ်စရာ မရှိရင် စာဖတ်နေခြင်းဟာ အကောင်းဆုံး အလုပ်ပါပဲ..🤎📔 #Chan

❝ Leadership ဆိုတာ ဘာလဲ ❞
ပထမဆုံး မေးချင်တာက Leader ဆိုတာ ဘာလဲ? ဘယ်လိုလူ၊ ဘယ်လိုအရည်အချင်းရှိမှခေါင်းဆောင်ကောင်းလို့ ခေါ်ထိုက်သလဲ?။ တကယ်တမ်း Leader ဆိုတာ Leadership လို့ ခေါ်တဲ့ ခေါင်းဆောင်မှုကို နိုင်နိုင်နင်းနင်း တတ်မြောက်နေမှသာ Leader (ခေါင်းဆောင်) ဆိုတာ ဖြစ်တာပါ ဒါဖြင့် ခေါင်းဆောင်မှုပညာ (Leadership) ဆိုတာ ဘာလဲ? ဘယ်လို ဖွဲ့စည်းထားသလဲ?မေးချင်ရင် မေးစရာ ရှိလာတယ်။ Leadership ဆိုတဲ့ စကားလုံးတွေကို ခွဲထုတ်ရင် တစ်လုံးချင်းစီမှာ အဓိပ္ပါယ်တွေ ရှိတယ်။ အဲဒီ တစ်လုံးချင်း အဓိပ္ပါယ်တွေနဲ့ ညီမျှမှသာလျှင် ခေါင်းဆောင်ဆိုတာ ဖြစ်တာ။ အပြည့်အစုံက LEADERSHIP တဲ့။ တစ်လုံးချင်း ပြန်ခွဲထုတ်လိုက်ရင်....
◾ L (Loyalty) သစ္စာရှိတာ
ကိုယ့်အလုပ်ပေါ် သစ္စာရှိရမယ်၊ အလုပ်ကို သေချာကိုင်တွယ်ဖြေရှင်းရမယ်။ ကိုယ့်အလုပ်အပေါ် သစ္စာမရှိဘူးဆိုရင်တာဝန်မဲ့တာ၊ ခေါင်းရှောင်တာ၊ အလုပ်ထဲမှာ အဆင်မပြေတာတွေနဲ့ပဲရှေ့ဆက်တိုးနေရလိမ့်မယ်။ ဆိုလိုတာ ခေါင်းဆောင်ဆိုတာ ကိုယ့်အလုပ်အပေါ် သစ္စာရှိ၊ တန်ဖိုးထားဖို့ရာအင်မတန် အရေးကြီးတယ်။
◾ E (Enthusiasm) စိတ်အားထက်သန်တာ
ကိုယ်က ခေါင်းဆောင်တာဝန်ယူထားပြီးသူများထက် နောက်ကျနေလို့ ဘယ်ဖြစ်မလဲ၊ ကိုယ့်ငယ်သားတွေက ကိုယ့်ထက် စိတ်ပါနေရင်ကိုယ့်ထက် အလုပ်အပေါ်မှာ အာရုံစိုက်နေရင် ခေါင်းဆောင်နေရာမှာနေပြီး ခေါင်းရှောင်တဲ့အတုယောင် ခေါင်းဆောင်ပဲ ဖြစ်နေလိမ့်မယ်။ဒီ့အတွက် အလုပ်အပေါ် စိတ်နှစ်ဖို့ လိုတယ်၊စိတ်အားထက်သန်မှု ပြင်းပြနေဖို့ လိုတယ်၊ကိုယ့်ငယ်သားတွေအတွက် အားအင်ဖြစ်နေဖို့သူတို့အတွက် ဒေါက်တိုင်တစ်ခု အားကိုးရာတစ်ခုဖြစ်နေဖို့ လို ကို လိုပါတယ်။
◾A (Attitude) စိတ်သဘောထားပြည့်ဝတာ။
အလုပ်,လုပ်တတ်ရုံ၊ အလုပ်မှာ တော်ရုံနဲ့ခေါင်းဆောင်ကောင်း မဖြစ်သေးဘူးလို့ ဆိုရမယ်။ဒါဆို ဘာလိုအပ်လဲ မေးရင် စိတ်သဘောထားပြည့်ပြည့်ဝဝရှိဖို့ လိုတယ်။ Attitude ဆိုတာ လိုတာထက် ပိုမဆူတာ၊အပြစ်သေးသေးကို ချဲ့ကားပုံကြီးမချဲ့တာ၊ခေါင်းဆောင်ရာထူးကို ယူပြီးအာဏာပါဝါ မပြတာ၊ ဒါတွေပါ။
◾D (Discipline) စည်ကမ်းရှိတာ။
ကိုယ့်အောက်က ငယ်သားတွေကိုတော့စည်းကမ်းတွေ တင်းကြပ်တယ်၊ သို့သော်ကိုယ့်အလှည့်ကျ နေချင်သလိုနေမယ်၊ပြောချင်ရာ ပြောမယ်၊ ဝန်ထမ်းကြောင့် ရတဲ့အခွင့်အလမ်းတွေကို ခေါင်းပုံဖြတ်တယ်၊ရလဒ်ဆိုးနေရင် ဝန်ထမ်းကို အပြစ်ပုံချတယ်၊ဒါတွေဟာ Self-Discipline မရှိတာတွေပဲ။ ဒီလို လူမျိုးကို ဘယ်တော့မှ ခေါင်းဆောင် မတင်သင့်သလို ဘယ်တော့မှ ခေါင်းဆောင်လို့လဲ မခေါ်ထိုက်ဘူး။
◾E (Example) - စံနမူနာပြ ဖြစ်တာ။
ကိုယ်က သူများရဲ့ စံနမူနာပြ ဖြစ်နေပါစေ။ ကိုယ့်ရဲ့ ပုံရိပ်ဟာ ကိုယ့်ဝန်ထမ်းတွေမှာရောင်ပြန်ဟပ်နိုင်တာမလို့ ကိုယ်လုပ်တဲ့အလုပ်က သူများအပေါ် လွှမ်းမိုးနိုင်တယ်၊ သက်ရောက်မှု (Impact) တွေ ရှိတယ်။ မှားသွားရင် ခေါင်းခံဖြေရှင်းတတ်တဲ့စိတ်၊ကိုယ့်အမှားကို ရဲရဲကြီး တာဝန်ယူစိတ်၊သင်ခန်းစာ ယူလိုတဲ့စိတ်တွေ ရှိဖို့ လိုတယ်။ အဲလို ဖြစ်နေမှသာ ကိုယ့်ငယ်သားတွေကကိုယ့်ကို စံနမူနာ ယူတတ်မှာပါ။ကောင်းမွေတွေ လက်ဆင့်ကမ်း ယူမှာပါ။
◾R (Respect) လေးစားတာ။
ကိုယ့်ထက် လစာဟာ ဆယ်ဆလောက် နည်းပါးနေသူ ဖြစ်နေပါစေ၊သူ့အပေါ်မှာ လေးစားဖို့လိုတယ်။နှိမ်တာ၊ ကဲ့ရဲ့တာ၊ ချိုးဖဲ့တာတွေဟာခေါင်းဆောင်ကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ အသက်အရ ငယ်သည်ဖြစ်စေ ဂုဏ်သိက္ခာအရ နည်းပါးသူဖြစ်စေ ပညာဉာဏ် အားနည်းသည်ဖြစ်စေ လူတိုင်းအပေါ် လေးစားသင့်တယ်။ လူတိုင်း လေးစားခြင်းနဲ့ ထိုက်တန်တယ်။
◾S (Skillful) ပညာရှင်ပီသတာ။
ကိုယ့်အလုပ်ပဲ လုပ်လုပ်၊ သူများ အလုပ်ပဲလုပ်လုပ်၊ အဓိက,က ကိုယ့်အလုပ်လို သဘောထားပြီးတော့ လုပ်ဖို့လိုတယ်။ ခေါင်းဆောင်နေရာပဲ ယူထားပြီး အလုပ်နဲ့ သက်ဆိုင်တဲ့အရည်အချင်းဘာဆိုဘာတစ်ခုမှ မရှိနေဘူးဆိုရင်ဘာအဓိပ္ပါယ်မှ မရှိဘူး။
◾H (Hard working) ကြိုးစားမှု ရှိတာ။
ဘယ်အရာမှ လွယ်လွယ်ကူကူနဲ့ မရဘူး။ ကိုယ်ဖြစ်ချင်တာကို လုပ်ချင်ရင်၊ ခက်ခဲနေတဲ့အလုပ်ကို လုပ်ငန်းခွင်မှာ လုပ်မယ်ဆိုရင် သူများနဲ့မတူဘဲနဲ့ ပိုကြိုးစားရတယ်။ပိုလုပ်ရတယ်။ ဒါကြောင့်မို့ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရဘူး။ အမြဲကြိုးစားရတယ်။
◾I (Integrity) အကျင့်စာရိတ္တ ကောင်းတာ။
ရှိတ်စပီးယာ ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်၊ “ မင်းဆီမှာ ကမ္ဘာတစ်ခြမ်းလုံးကို ဝယ်လို့ရတဲ့ စည်းစိမ်ဥစ္စာတွေ ဘယ်လောက်ပဲ ရှိရှိ၊မင်းမှာ အကျင့်စာရိတ္တကောင်းတစ်ခုသာမရှိနေဘူး ဆိုရင်တော့ မင်းဟာ လူမွဲပဲ ” တဲ့။ ပြောချင်တာ Morality မကောင်းရင်လူဆိုတာ ရှင်သန်ရတာ အဓိပ္ပါယ် မရှိဘူး။ခေါင်းဆောင်ဆိုတာလဲ အဲလိုပဲ၊ ကိုယ်က အကျင့်တစ်စက်မှ မကောင်းရင်နောက်လိုက်တွေပါ အကျင့်ကောင်းဖို့ကဝေးပါသေးတယ်။
◾Pride (ဂုဏ်ယူတတ်တာ)
ကိုယ်က အလုပ်မှာ Team တစ်ခုကို ဦးဆောင်နေတဲ့သူဆိုရင် ကိုယ် Team က အချိန်တိုအတွင်းမှာအလုပ်တွေ ပြီးစီးရင် လုပ်ဖော်ကိုင်ဖက်တွေကို ဂုဏ်ပြုပေးပါ။ ချီးမွမ်းစကား ဆိုပါ။
💬အပေါ်မှာ ပြောသွားတဲ့ ခေါင်းဆောင်မှုပညာရပ်နဲ့ ပြည့်ဝရင် ခေါင်းဆောင်ကောင်းလို့ ခေါ်ထိုက်ပြီပဲ ဖြစ်သလို ဒီအရည်အချင်းတွေ ပြည့်ဝနေမှသာလျှင် ခေါင်းဆောင်နေရာကို ပေးအပ်သင့်တယ်။
#Chan #crd_for_source #knowledge_nexus

ယနေ့ ၁၂.၂.၂၀၂၅ တွင် ကျရောက်သော "၇၈" နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆို ဂုဏ်ပြုအပ်ပါသည်။ #Chan
ယနေ့ ၁၂.၂.၂၀၂၅ တွင် ကျရောက်သော "၇၈" နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆို ဂုဏ်ပြုအပ်ပါသည်။ #Chan

"မိန်းကလေးဆိုတာ.. ချောတာ လှတာခြင်း တူရင်တောင် "ကျက်သရေ"က စကားပြောတယ်။ အဆင်မပြေတာခြင်း တူရင်တောင် "ရောင့်ရဲနိုင်စိတ်" တွေက စကားပြောတယ်။ အသိတရားခြင်း တူရင်တောင် "သတိတရား" တွေက စကားပြောတယ်။ လျှောက်တဲ့လမ်းခြင်း တူရင်တောင် "ခံယူချက်" တွေက စကားပြောတယ်။ ကြိုးစားနေတာခြင်း တူရင်တောင် "ရိုးသားမှု" ားမှု" တွေက စကားပြောတယ်။ နောက်ဆုံးတစ်နေ့ ပန်းတိုင်ရောက်တာခြင်း တူရင်တောင်မှ "သိက္ခာ" တွေက စကားပြောသွားပါလိမ့်မယ်။ #Hatsuki #crd_to_owner_with_respect

Repost from Ads Burma 📢
ဟယို  သတင်းကောင်းလေးလာပါပြီဗျာ့ လူကြီးလေးတို့ရဲ့ 𝐂ɦα𐓣𐓣𝖾ᥣ မှာ 𝐀𝖼𝗍𝗂𝗏𝖾 ဖြစ်တဲ့ sub လေးတွေ၊ VIEW တွေတဟုန်ထိုး တိုးလာစေချင်ပါသလား ဒါဆိုရင်တော့ ❝ @DayA2TeamBot ❞ လေးကို အမြန်ဆုံးဆက်သွယ်လိုက်တော့နော်
𝐕𝐈𝐏 𝐂𝐡𝐚𝐧𝐧𝐞𝐥
Handmade ပစ္စည်းမျိုးစုံလေးတွေကိုဈေးနှုန်းသင့်တင့်စွာမှာယူလိုပါက မင်မင်တို့ Glitzy Girl Creations ✿⁠ â â™Ąâ â€żâ â™ĄChလေးမှာ ယုံကြည်စွာမှာယူအားပေးလို့ရပါပြီနော်။❤️
Tlg Ch- https://t.me/Glitzy_Girl_Creations28 Tt Ch- https://www.tiktok.com/@glitzy.girl.creca?_t=ZS-8tV8fdC7L3S&_r=1
Knowledge + Songs
N𝐞w𝐬B𝐞s𝐭
ဗဟုသုတ ဉာဏ်စမ်း အမေးအဖြေချန်နယ်
Knowledge Quizzes
Grow up tips and Knowledge
𝐁𝐞𝐚𝐮𝐭𝐲 𝐰𝐢𝐭𝐡 𝐁𝐫𝐚𝐢𝐧 𝙹𝚊𝚗'𝚜 𝚁𝚒𝚋𝚋𝚘𝚗 𝚅𝚒𝚋𝚎
For Education
Champion Education
10 pages Reading Challenge
Reading Challenge (2025)
Learning Language
Learn English with me 🇬🇧
ဆောင်းပါး Channel
❝မြ (စံကားဝါမြေ)❞ရဲ့ ဆောင်းပါးများ
Studying & Knowledge
۰  Start Smart ۰໋࣭
Subliminal Channel
  Aera's fairyland   𝐈𝐯𝐲'𝐬 𝐀𝐧𝐠𝐞𝐥 𝐖𝐨𝐫𝐥𝐝.˚౨ৎ ˚ Irine's Care
သင့်ဖုန်းထဲမှ စာကြည့်တိုက်
●○ 𝙗𝙡𝙖𝙘𝙠 𝙬𝙝𝙞𝙩𝙚 ●○🌼ပန်းပျိုးသူ🌼   IdeaHub Ebooks and Media Library   E-books Library
Knowledge Sharing
  𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔   𝐿𝒾𝓉𝑒𝓇𝒶𝓉𝓊𝓇𝑒 𝓁𝒾𝒻𝑒 𝓀𝓃𝑜𝓌𝓁𝑒𝒹𝑔𝑒   Knowledge Sharing by Hein My Collections
Moti Quote & Poem
စာတို - Collection Akari Poetophile Talk About Our Future The Poems of in your heart ☞ ဘဝအတွက်စာပေ     ကဗျာ၊စာပေ လောက
𝗠𝗟𝗕𝗕 𝗗𝗶𝗮 𝗦𝘁𝗼𝗿𝗲
OMC Game Shop
Theme Channel
𝐌𝐇𝐙|•𝐉𝐘 𝐁𝐲 𝐓𝐡𝐞𝐦𝐞
Music Channel
Music Crazy New Channel =❤️
အစုံတင် Channel owner လေးတွေအတွက်
အစုံသုပ် Ch လေးတွေအတွက်ကတော့ သီးသန့်တင်ပေးတာမို့ @MixDayTeamBotor@MixDay2TeamBotမှာပါဝင်ပေးကြပါဗျာ @TheAdsBurma//Up3.0 DayA2 10 #DayA2

ဖြစ်ချင်တဲ့ စိတ်ဆန္ဒသာ ပြင်းပြနေရင် မင်းရဲ့ရည်မှန်းချက်တွေ တကယ်ဖြစ်လာနိုင်ပါတယ် အဓိက က မင်းရဲ့စိတ်ဆန္ဒပဲ မိဘတွေကလည်း တိုက်တွန်းဖို့မလိုဘူး ဘယ်သူကမှ ထိန်းကျောင်းပေးဖို့မလိုပဲ ကိုယ့်ဆန္ဒရှိလို့လုပ်တဲ့အရာဟာ ငြီးငွေ့ခြင်းလည်းမရှိဘူး ပင်ပန်းလည်းပျော်နေမှာပဲ မင်းရဲ့ရည်မှန်းချက်တွေ၊ဖြစ်ချင်တာတွေ ဖြစ်နိုင်ဖို့ မင်းရဲ့စိတ်ဆန္ဒလေးပဲ လိုပါတယ် //CHAN// #Chan #knowledge_nexus

ခေါင်း ပါသော်လည်း ဦးနှောက် မပါသူတွေ အများကြီး တွေ့နေရတယ်။ ရင်ဘတ် ပါသော်လည်း နှလုံးသား မပါသူတွေ အများကြီး တွေ့နေရတယ်။ အလင်းရောင်ထဲ နေပြီး အမှောင်ကျ နေသူတွေ အများကြီး တွေ့နေရတယ်။ မျက်လုံး ပါသော်လည်း အမှန်ကို မမြင်တဲ့သူတွေ အများကြီး တွေ့နေရတယ်။ တရားတွေ ကျင့်နေ ပါသော်လည်း တရားမျှတမှုကို ကျောပေး နေသူတွေ အများကြီး တွေ့နေရတယ်။ မေးတော့ မေးရမယ် ... ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့...။ #crd_to_owner_with_respect #Hatsuki

အရှုံးဆိုတာ ကိုယ်ပေးမှ သူနိုင်တာ အမေပေးထားတဲ့ ခြေထောက်နှစ်ချောင်းက ဒူးထောက်ဖို့မဟုတ်ဘူး ၊ ရှေ့ဆက်လျှောက်ဖို့ ။ #Chan #crd #knowledge_nexus

အရှုံးဆိုတာ ကိုယ်ပေးမှ သူနိုင်တာ အမေပေးထားတဲ့ ခြေထောက်နှစ်ချောင်းက ဒူးထောက်ဖို့မဟုတ်ဘူး ၊ ရှေ့ဆက်လျှောက်ဖို့ ။ #Chan #knowledge_nexus

Good morning 🧚 တစ်နေ့တာလုံး အဆင်ပြေစွာ ဖြတ်သန်းနိုင်ပါစေနော်✨✨✨ #Mai

လူသားတိုင်းလိုလို ကိုယ်ချစ်ရတဲ့သူကို‌တော့ ကောင်းတဲ့အရာတွေပဲ ဖြစ်စေချင်ကြတာဟာ သဘာဝပါပဲ ပန်းလေးလို လှနေစေချင်ပေမဲ့ ပန်းလေးလို ညှိုးနွမ်းသွားမှာကို‌တော့ စိုးရိမ်ကြတာမျိုးပေါ့ {၁၅၀၀/၅၂၈ ဘယ်လိုချစ်ခြင်းမေတ္တာမျိုးနဲ့မဆို} //Chan// #Chan #knowledge_nexus

ဒီရက်ပိုင်း ကိုယ်တိုင်စာတွေရေးပြီး သိပ်မတင်ဖြစ်တာက ပန်းချီဘက် ရောက်နေလို့ပါ... ခုမှ အခြေခံကစလေ့လာနေဆဲမို့ ဘာပုံမှတော့ မဆွဲတတ်
ဒီရက်ပိုင်း ကိုယ်တိုင်စာတွေရေးပြီး သိပ်မတင်ဖြစ်တာက ပန်းချီဘက် ရောက်နေလို့ပါ... ခုမှ အခြေခံကစလေ့လာနေဆဲမို့ ဘာပုံမှတော့ မဆွဲတတ်သေးပါဘူး😅 Channel မှာပစ်ထားသလိုဖြစ်နေရင် ခွင့်လွှတ်ကြပါလို့စ်နော်❤️ အချိန်ရရင်ရသလို စာတေရေးပြီတင်ပေးပါ့မယ် 🥺👉👈 #Chan

"ပေါင်းဖက်လို့ မဖြစ်နိုင်တဲ့ဘဝကို ပေါင်းဖက်ဖို့အတင်းကြိုးစားတာကလည်း အပြစ်ပဲ" -ပါချုပ်ဆရာတော် ဘုရားကြီး #Chan #knowledge_nexus